ဧကြည်ဖြူ
"ဘီနာ "
**********************
"ဝုတ် ဝုတ် ဝုတ် "
" တွေ့ပြီဟေ့ ...တွေ့ပြီ ...ဟိုကောင်ဒီဘက်မှာ...ဒီဘက်ကိုလာကြ ...."
ထွက်ပြေးဖို့ကြံရွယ်သည့် ဘီနာကပဲ နောက်ကျသွားလေသည်လား။သို့မဟုတ်လျှင် ခွေးများကပင် ကံကောင်းနေသည်လား မသိပါချေ။ဘီနာ သစ်ပုံထဲမှထွက်လိုက်သည်နှင့် တစ်ပြိုင်နက် ကျားဟိန်းသံများသဖွယ်စူးရှကျယ်လောင်လှသော ခွေးဟောင်သံများ ထွက်ပေါ်လာပြီးလျှင် ခွေးများနှင့်အတူလူတစ်စုက ဘီနာ့အနားသို့ အပြေးအလွှားရောက်ရှိလာကြလေသည်။ အများနှင့်တစ်ယောက် ကြားတွင် ဘိနာ့အတွက် လွတ်လမ်းမမြင်ပါလေ။ဘီနာ့အတွက် အားမတန်၍မာန်လျှော့လိုက်ရလေသည်။သို့မဟုတ်လျှင်လည်း ထိုးမယ့်ဆင်နောက်သို့ ခြေတစ်လှမ်းဆုတ်ခြင်းသာ ဖြစ်လေသည်။
" ဗုန်း ...ဗုန်း ...ဗုန်း "
"ဖြောင်း...ဖြောင်း ..."
" ဒုက်..ဒုက် ... ခွပ် ... ခွပ် "
အင်အားချင်းလည်းမမျှ။ခနွာကိုယ်ချင်းလည်းမမျှ။ရန်ပြုဟန်လည်းမပြ။ပြေးရန်လည်း ဟန်ပြင်ခြင်းမပြုလုပ်ရပါဘဲနှင့် လူယုတ်မာများသည် ဘီနာ့ကိုဝိုင်း၍ ထိုးကြိတ်ကန်ကျောက်ရိုက်နှက်ကြလေသည်။စစ်စစ် ဘီနာသည် မည်သို့အပြစ်ကိုကျူးလွန်ထားသည်၊ မထားသည်ကို သူတို့စိတ်မ၀င်းစားကြပေ။သူတို့ ခံခဲ့ရသမျှအငုံစိတ်ဖြင့် စိတ်ရိုလက်ရှိ ဝိုင်းဝန်းထိုးကြိတ်နေကြခြင်းဖြစ်လေသည်။
"ဟေ့ ...ဟေ့ ...တော်ကြစမ်း ... ရပ်ကြတော့ ... တော်ကြာ သေသွားအုံးမယ် .. သူဌေးက သူ့ကို ...
မေးစရာတွေရှိတယ်တဲ့ သူ့ကိုခေါ်လာခဲ့ကြစမ်း "
~~~~~~~~~~~~~~~~~~~~~
" မော်စီကို သတ်တာ ဒီကောင်လား
မေရီ ... ဟုတ်လား "
မက်ဂန်းက ဘီနာ့ မျက်နှာကို လက်တစ်ဖက်နှင့် ခပ်ကြမ်းကြမ်းဆွဲမော့လိုက်ပြီးလျှင် မေရီ့ကိုမေးလိုက်လေသည်။မေရီသည် သွေးပျက်လုမတတ် ထိတ်လန့ ကြောက်ရွံ့နေသော မျက်နှာဖြင့် မော့၍ကြည့်လာပြီးလျှင် တုန်တုန်ယင်ယင်ဖြင့် ခေါင်းကို ငြိမ့်ပြလေသည်။
ဘီနာက သွေးအလိမ်းလိမ်းကြားမှနေ၍ မေရီ့ကို ပြုံးပြလိုက်ပြီလျှင် ကွဲပြဲနေသော နှုတ်ခမ်းအစုံဖြင့် မေရီကို စကားလှမ်းပြောလိုက်သည်။
" တစ်နေ့မှာ လူတိုင်း သေဆုံးရမှာပဲ မေရီ...ဒါပေမဲ့ သေမှာကိုကြောက်တဲ့စိတ်တွေနဲ့ အခါခါသေဆုံးရင် ရှင်သန်နေရတာမျိုးက လူဖြစ်ရှုံးတယ်လို့ခေါ်တယ် မေရီ ... မင်းသိရဲ့လား "
"အောင်မယ် ...မင်းလိုကောင်ကများ ...ဘာစကားကြီးစကားကျယ်တွေပြောနေတာလဲ ... မော်စီကို ဘာလို့ သတ်လိုက်တာလဲ ပြောစမ်း ... မင်းကိုဘယ်သူလွှတ်လိုက်တာလဲ ... ပြောစမ်း မြန်မြန် "
ဘီနာ့က အံကိုကြိတ်၍ သူဋ္ဌေး၏မျက်နှာကိုမော့ကြည့်လိုက်ပြီး
"သူ့ကို ကျုပ်သတ်တာမဟုတ်ဘူး ...သူက အရင်ရန်လာစလို့ ရှောင်ရင်း တိမ်းရင်းကနေ ဒီအခြေအနေထိဖြစ်သွားရတာ ''
" ဖြောင်း ...ဖြောင်း "
"မင်းကများ သူဋ္ဌေးကို လေသံမာမာနဲ့ ပြန်ပြောနေရလား ...မင်းဒီကို ဘာအကြံအစည်နဲ့လာခဲ့တာလဲ မှန်မှန်ပြောစမ်း "
မက်ဂန်းသည် သူဌေးကို မျက်နှာလိုမျက်နှာရလုပ်ရန်အတွက် ဒဏ်ရာဒဏ်ချက်များစာရရှိထားပြီဖြစ်သော ဘီနာ့ကို ထိုးကြိတ်ကန်ကျောက်ပြန်လေသည်။
အရိုးထိအောင်ပင်နာလှသော နာကျင်မှုများကို ခါးစည်းခံရင်း ဘီနာဘူးကွယ်၍ ငြင်းသည်။ ခန္တာကိုယ်အနှံ့သို့ ကျရောက်လာသော ရိုက်ချက်များကြားတွင် အမှန်တကယ်၌လည်း ဘီနာ့တွင် ဖြေစရာ စကားမရှိပါချေ။
"ရပ်ကြအုံး ... ဘယ်လိုမေးမေး ဒီကောင့်ပုံစံက ဖြေယ့်ပုံ မဟုတ်ဘူး ...အဲ့ဒီတော့ သူ့ကို အစား ငတ်ရေငတ်ထားပြီး အနုနည်းမေး....လူတွေက ငတ်လာပြီဆိုရင် ဘာမဆိုမငြင်းဆန်ဘဲ လုပ်လိမ့်မယ် "
"ဟုတ် ... ဟုတ်ကဲ့ပါ သူဌေး "
"အေး ...ပြီးတော့ စက်ရုံထဲက ပုန်ကန်ချင်တဲ့ကောင်တွေရယ် ... လူသိများတဲ့ ကောင်တွေရယ်ကို ဖမ်းပြီး တောထဲက အိမ်မှာ ခဏပို့ထားလိုက် ... ဒီနေရာမှာ ငါ့စကားကို နာခံမယ့်သူတွေပဲ ရှိနေတာကို လိုချင်တယ် မက်ဂန်း ...ကြားလား "
သူဋ္ဌေးက ဆေးတံကို အားပါးတရ ဖွာရှိုက်လိုက်ရင်းမှ မက်ဂန်းကို ပြောလိုက်သည်။မက်ဂန်းသည် သူဌေးမင်း၏ရှေ့တွင် ဒူထောက်ချလုမတက် ခါးကို ညွှတ်ကိုင်းရင်းမှ ရို့ကျိုးစွာ ပြန်၍ဖြေလေသည်။
~~~~~~~~~~~~~~~~~~~~~~
" ကျွန် ...ကျွန်တော်ကို ...ရေ...ရေ ...နည်းနည်းလောက် တိုက် .. တိုက်ပါဗျာ ...ရေငတ်လွန်းလို့ပါ "
ဘီနာသည် ခြောက်သွေ့ကွဲအက်နေသော နှုတ်ခမ်းအစုံဖြင့် အားယူပြောလိုက်ပြီး အစောင့်ထံမှ သောက်ရေအနည်းငယ်များကို တောင်းယူလိုက်လေည်။
"ဘာကွ ...မင်းကများ ...ရာရာစစရေ တောင်းရဲတယ်ပေါ့လေ ...မင်းကိုယ်မင်း ဘာများထင်နေလဲကွ .. ဒီနေရာက အချုပ်တောင်ဆိုတာ သိရဲ့လား ..."
သူဌေးမရှိလျှင် သူတို့ကိုယ်သူတို့ ဘုရင်ခံ ထက်ပင် ရာထူးအာဏာ ပိုကြီးသကဲ့သို့ အထင်ရောက်နေသော အစောင့်ဘီနာ့ကို ခပ်ကြမ်းကြမ်းပေါက်ငမ်းလိုက်လေသည်။
ရေငတ်လွန်းလှသဖြင့် သတီပင်လစ်လုမတတ် ဖြစ်နေသော ဘီနာသည် ခြောက်သွေ့အက်ကွဲနေသည့် နှုတ်ခမ်းအစုံကို အားယူ၍ မရှိသည့် တံတွေးကို အားယူ၍ မျိုချလိုက်ရလေသည်။
~~~~~~~~~~~~~~~~~~~~~~~
"ဒီမြို့မှာ မင်းတို့ မြေးအဘွားသုံးယောက်အပြင် ကျန်တဲ့ဆွေမျိုးရင်းချာတွေရော ရှိသေးလား မေရီ ... သူဋ္ဌေးက မင်းကို ကျေးဇူးတင်လို့တဲ့ ...မင်းတို့ အမျိုးတွေကို ထောက်ပံ့စရိတ်ပေးချင်နေတာ "
မက်ဂန်း၏စကားကြောင့် မေရီ့ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ယင်သွားသော် မေရီသည် ဟန်မပျက်ပြုံလိုက်ပြီး စိတ်ဆိုးနေသော လေသံခပ်မာမာဖြင့် မက်ဂန်းကို ပြန်၍ဖြေလိုက်လေသည်။
"အို .. ဘယ်က မြေအဘွား သုံးယောက်မှာလဲ အစ်ကိုကြီး ....သူ့တို့ မြေးအဘွားနှစ်ယောက်က မေရီ့ကို လူရာမသွင်းဘူးလေ ...အဲ့ဒါကြောင့် အဆက်အသွယ် မလုပ် ... မခေါ်မပြောတာ ကြာလှပေါ့ ... ပြီးတော့ မေရီ.ကံနဲ့ မေရီရတဲ့ငွေကြေးကို ဘယ်သူ့ကိုမှ မပေးနိုင်ဘူး "
"ဪ ...မေရိက အဲ့ဒီလိုလား ...အစ်ကိုကြီးက မေရီ့ကို မိသားစုအတွက် ငွေရှာနေတယ်လို့ထင်နေတာ "
" အို ...မရှာပါဘူး ... မေရီဘာသာ အဝတ်အစားဖိုးတောင် မလောက်တဲ့ဟာ "
မေရီက နှုတ်ခမ်းကို မဲ့၍ ဖြေလိုက်သည်။မက်ဂန်းက မေရီ့မျက်နှာကို တစ်ချက်မျှကြည်ပြီးလျှင် မှာစရာရှိသည်ကို မှာကြားပြီးနောက် အခန်းပြင်သို့ထွက်ရန် ပြင်လိုက်လေသည်။လေသည်။
" အေး ...အေး ... မင်းဒီနေ့ သေချာ အလှပြင်ထားအုံး ... မနက်ဖြန် စက်ရုံကို ဧည့်သည်တွေ လာမှာမို့ သူဋ္ဌေးဒီည ဒီမှာ အိပ်အုံးမှာ ...အဲ့ဒါ မင်းသေချာ ပြုစုပေးလိုက်အုံး "
"အို ...အစ်ကိုကြီးက မေရီကို ဘာလို့သူဋ္ဌေးဆီပဲ အတင်းဇွတ်ပို့နေရတာလဲ ...မေရီက အစ်ကိုကြီးကို တွေ့ချင်လို့ ရောက်လာခဲ့တာ သိရံလား ...ဘာလဲ အစ်ကိုကြီး မိန်းမသိသွားမှာကြောက်လို့လားဟင် ... ပြောပါအုံး ... မေရီ သိုသိုသိပ်သိပ်နေတတ်ပါတယ် အစ်ကိုကြီးရဲ့ ...ခစ် ... ခစ် "
မေရီသည် ညုတုတုလေသံဖြင့် ပြောလိုက်ရင်းမှ မက်ဂန်း၏ လည်ပင်းဆီသို့ သူမ၏ လက်အစုံဖြင့်သိုင်း၍ဖက်လိုက်လေသည်။မက်ဂန်းသည် တစ်ခဏအတွင်း၌ ငြိမ်သက်၍ သွားပြီးလျှင် မေရီ၏ကိုယ်လုံးလေးကို သူ၏လက်ကြမ်းကြီးများဖြင့် ပြန်၍ ဖက်တွယ်လိုက်လေသည်။မေရီသည် သူမ၏လက်ဖဝါးနုနုလေးများဖြင့် မက်ဂန်း၏ အဆီရစ်နေသော ခန္ဓာကိုယ်အနှံ့သို့ ပွတ်သတ်ကိုင်တွယ်လိုက်ပြီး မက်ဂန်း၏ ဘောင်းဘီအိတ်ထဲမှ ကျောက်မီးခြစ်လေးကို အသာအယာ ထုတ်ယူထားလိုက်လေသည်။
" ဒါနဲ့လေ အစ်ကိုကြီး ... ဘီနာ့ကို ဘာလုပ်မှာလဲဟင် .... မတော် သူ့က မေရီကိုများ ရန်ပြုနေမလားဟင် ...မေရီအရမ်း ကြောက်နေလို့ပါ "
"သူ မင်းကို အန္တရာယ်မပြုနိုင်ပါဘူး မေရီလေးရယ် ...အစားငတ် ရေငတ်ထားလိုက်တော့ သူ့ဘာသာ အသက်တောင်ခပ်ယဲ့ယဲ့ပဲကျန်တော့တာ "
" အမယ်လေး တော်ပါသေးရဲ့ အစ်ကိုကြီးရယ် ... မေရီဖြင့် သူ့မျက်နှာကို ကြည့်ပြီး လန့်နေတာ ...ဒါနဲ့ သူ့ကို မေရီ ခဏလောက်ကြည့်ချင်တယ် အစ်ကိုကြီး ...သူ့လို သူတောင်းစားသာသာကောင်က မေရီ့ကို ကြိုက်တယ်ဆိုပြီး ပြောဖူးလို့ လက်စာချေချင်လို့ "
" ဟုတ်ပါပြီကွာ ...မေရီတွေ့ချင်တယ်ဆိုရင် တွေ့ရမှာပေါ့ ...အခုတော့ သူဋ္ဌေးမလာခင် အစ်ကိုကြီးတို့နှစ်ယောက် ခဏလောက် အနားယူကြရအောင်ကွာ "
မက်ဂန်းသည် သွားကြီး ဖြဲလျက် တဟဲဟဲ ရယ်ပြီးလျှင် မေရီ့ ကိုယ်လေးကို ခပ်တင်းတင်းပွေ့ဖက်လိုက်လေသည်။
~~~~~~~~~~~~~~~~~
"သူ့ကို အစားမကျွေးရ ရေမတိုက်ရဘူးဆို ဆရာ "
ဘီနာ့ကို ချုပ်ထားသော အခန်းရှေ့တွင်စောင့်နေသော သူက မက်ဂန်း၏ဘေးတွင် ရပ်နေသော မေရီ့က်ထဲမှ ရေဘူးကိုကြည့်၍ပြောလိုက်လေသည်။ထိုအခါ မေရီသည် ခပ်ဆတ်ဆတ်လေသံဖြင့်
" အို ... ဒီရေဘူးက သူ့ကိုတိုက်ဖို့ မဟုတ်ပါဘူး ... သူ့ရှေ့မှာ သောက်ပြချင်လို့ တမင်ယူလာတာ "
"ကဲပါကွာ ... မေရီ သူ့ကို လှောင်ချင်တာမဟုတ်လား ....မြန်မြန်ဝင်သွားလိုက် မေရီ ... အစ်ကိုကြီး ဒီမှာတိုင်ပင်စရာလေးရှိလို့ "
~~~~~~~~~~~~~~~~~~~~
"ကျွီ "
သံတံခါးပွင့်သံနှင့်အတူ သွေးညှီနံ့များက မေရီ့နားခေါင်းဝသို့ လှိုက်ခနဲရောက်လာသည်။
အလင်းရောင် ခပ်မှုန်မှုန်သာ ရှိ ဘော မြေအောက်ခန်းထဲတွင် တံခါးဖွင့်သံကြောင့် ဘီနာ ခေါင်းကို အားယူ၍ ထောင်ကြည့်လိုက်သည်။
"ဘယ်လိုလဲ ...ထင်းသယ်တဲ့ကောင်ရဲ့ ...နင်လိုကောင်ကများ ရာရာစစ ငါ့ကို ကြိုက်သတဲ့လား ... ခုတော့ ဘယ်လိုလဲ ငါ့အကြောင်း သိသွားပြီမဟုတ်ဟင်း ... ဟင်း ... ဟင်း...ဘာလဲ ရေသိပ်သောက်ချင်နေတာပေါ့လေ .. ဟုတ်လား ... နင့်ကို ရေတိုက်မယ့်အစား ဒီတိုင်း သွန်ပစ်လိုက်မှာပေါ့ ဟဲ့ကောင်ရဲ့ ... ဟုတ်တယ်မလား အစ်ကိုကြီး "
မေရီက ပြောရင်းမှ မက်ဂန်းကို လှမ်းကြည့်လိုက်ပြီးနောက် ဘီနာ့၏ခေါင်းထက်မှနေ၍ ရေများကို ခပ်ဖြည်းဖြည်းလောင်းချလိုက်လေသည်။
" တောက် ..ခွေးမ ... ထွက်သွားစမ်း ... ခုချက်ချင်းထွက်သွား .. နင့်မျက်နှာကို မမြင်ချင်ဘူး "
"သွားမှာပါ ... လူသတ်သမားကောင်လေးရဲ့ ....နင်ဆီကို လာချင်လွန်းလို့ လာတယ်များထင်နေလား ...နင် ဒုက္ခရောက်တာကို ကြည့့်ချင်လွန်းလို့ လာတာ သိရဲ့လား ... ဟင်း ....ဟင်း "
မေရီသည် လှောင်ပြောင်သံဖြင့် ပြောပြီးလျှင် ဘီနာ၏ နားသို့ တို့ကပ်လိုက်ပြီး လေသံမျှဖြင့် ပြောလိုက်လေသည်။"နင်လွတ်ခဲ့ရင် ငါ့အဘွားနဲ့ ငါ့မောင်လေးကို ကယ်ပေးပါ ...နင်တို့ ထွက်ပြေးလို့ရအောင် ငါလုပ်ပေးမယ် " ပြောပြီးသည်နှင့် မေရီသည် ဘီနာ့ ကိုယ်ပေါ်မှ အင်္ကျီစုတ်ကြီးက ကိုဆွဲကိုင်လိုက်ပြီးလျှင် "ဘယ်လိုလဲ နင် ရေအရမ်းသောက်ချင်နေတာမဟုတ်လား ... ကြမ်းပြင်ပေါ်က ရေတွေကို လျှာနဲ့လျှက်လေ ... ဪ ...ကြိုးနဲ့တုတ်ခံထားရလို့ သောက်လို့မရဘူးပေါ့လေ ဟုတ်လား ...ကျွတ် ... ကျွတ် သနားလိုက်တာ "
" ကဲ သွားရအောင် မေရီ ...တော်ကြာ သူဋ္ဌေးရောက်လာရင် ပြဿနာတွေတက်ကုန်မယ် ''
"ဟုတ်ကဲ့ ...လာပါပြီ အစ်ကိုကြီး "
~~~~~~~~~~~~~~~~~~~~~~~~~
မေရီသည် သူမ၏ မျက်နှာကို ခပ်မြန်မြန်ချယ်သလိုက်ပြီးလျှင် အခန်းထဲတွင် ပြင်ဆင်သင့်သည်များကို ပြင်ဆင်ထားလိုက်သည် ပါးလွှာသော ဇာခန်းဆီးများ အိပ်ရာခင်းများနှင့် စောင်များ၊ ပြီးလျှင် ကြက်မွှေး၊ ငှက်မွှေးများအပြည့်ထည့်ထားသော ခေါင်းအုံးကြီးများနှင့် အခန်းထောင်ရှိ မီးလင်းဖိုသည်လည်း အရှိန်တလူလူဖြင့် တောက်လောင်လျက်ရှိလေသည်။မေရီ၏သည် နာနာကြည်းကြည်းဖြင့် နှုတ်ခမ်းကိုပေါက်ထွက် လုမတတ်သွားဖြင့်ဖိ၍ ကိုက်လိုက်သည် ။ယနေ့ မှောင်စပျိုးချိန်တွင် အဘွားဖြစ်သူနှင့်မောင်ဖြစ်သူကို မက်ဂန်း၏ တပည့်များ ဖမ်းခေါ်လာကြသည်ကို မေရီသိနေသည်။မေရီတို့ မြေးအဘွားသုံးယောက်လုံး အလွန်းဆုံး အသက်ရှင်နိုင်မှ တစ်ရက်သာဖြစ်သည်။မေရီကို သတ်ဖို့ရန်အတွက် အားလုံး စီစဉ်ထားသည်ကို မေရီ သိနေသည်။သို့သော်လည်း မေရီသည် ကြောက်ရွံ့မှုများကို မျိုသိပ်လျက် ဘာကိုမျှမသိသော သိုးငယ်လေးကဲ့သို့ ပြုံးပျော်ရွှင်ဟန်ဆောင်၍နေလိုက်သည်။မေရီ၏ ဟန်ဆောင်မှုများသည် ပိရိ လွန်းလှသောကြောင့် တိုက်ကြီး၏အပေါ်ထပ်တစ်ထပ်လုံးကို မေရီ စိတ်တိုင်းကျသွားလာနေထိုင်ခွင့်ရခဲ့သည်လေ။ ဒါသည် မသေခင် ပျော်ပျော်နေဆိုသော သဘောမျိုးဖြင့် ပေးထားသော အခွင့်အရေး ဖြစ်သည်ကိုလည်း မေရီကောင်းကောင်း သိလေသည်။သတ်ခါးနီး သားကောင်ကို ဆော့ကစားချင်သေးသော တိရစ္ဆာန်လောက်တောင် သနားကြင်နာစိတ်မရှိသည့်ကမ်းကုန်အောင် မိုက်သည့် လူယုတ်မာ သူဋ္ဌေးကြောင့် မေရီသည် ရတောင့်ရခဲအခွင့်အရေးကို အသုံးချနိုင်ရန် ကြိုးစားရပါလေတော့သည်။
~~~~~~~~~~~~~~~~~~~~~~~~
ဇာတ်သိမ်းပိုင်းဆက်ရန်
(ဇာတ်သိမ်းကိုဒီညပဲထပ်တင်မှာပါ)
ဧကြည်ဖြူ