book

Index 6

( ၆ )

     ပင်ပန်းလိုက်တာရှင်။အလုပ်ကထင်ထားတာထက်ပိုပြီးပင်ပန်းလွန်းလှပါတယ်။စစလုပ်တဲ့တစ်ရက်နှစ်ရက်ကဆို ကျွန်မမှာအန်လိုက်တဲ့ဖြစ်ခြင်း။ကလေးတွေကလည်းပိုက်ဆံရှိတဲ့သားသမီးတွေဆိုပေမယ့် သုံးလေးငါးနှစ်အရွယ်တွေဆိုတော့ညစ်ပက်ကြတာပေါ့ရှင်။လာပို့လာကြိုတဲ့မိဘတွေလည်း ဘာထူးလို့လဲ။တစ်ရှူးစတွေပစ်ချင်တဲ့နေရာကိုပစ်၊အိမ်သာတက်ပြီးရင်လည်းရေဆွဲမချတဲ့သူတွေရော၊တစ်ခါတလေ မိန်းမသုံးတစ်ရှူးတွေကို အိမ်သာခွက်ထဲထိုးထည့်သွားတာရှိသေးတယ်။ဒီကြားထဲ ကျွန်မတို့ဆီမှာကလည်း ဝန်ထမ်းတွေကများတယ်လေ။အဲ့ဒါတွေကို ကျွန်မတို့မှာ မရွံမရှာသန့်ရှင်းရေးလုပ်ရတာလေ။ကျွန်မတို့ဆိုပေမယ့်လည်း ကျွန်မတစ်ယောက်တည်းလုပ်ရတာများပါတယ်။အတူလုပ်တဲ့ အန်တီကြီး​တွေကအသက်ကြီးတော့သိပ်မလုပ်နိုင်​ကြဘူးလေ။မနက်ခြောက်နာရီလောက်ကစလုပ်လိုက်ရတဲ့အလုပ် ၊ညနေခြောက်နာရီထိုး အတန်းချိန်တွေပြီးလို့ ကလေးတွေရောဆရာမတွေရောပြန်သွားကြလို့ နားရမယ်မထင်နဲ့ စာသင်ခန်းတွေနဲ့နှစ်ထပ်တိုတ်ကြီးတစ်တိုတ်လုံးကိုပြောင်လက်နေအောင်သန့်ရှင်းရေးလုပ်ရတော့တာ။သန့်ရှင်းရေးက ကျွန်မအပါအဝင်သုံးယောက်ရှိတယ်။သုံးယောက်ထဲမှာ ကျွန်မတစ်ယောက်တည်းအသက်ငယ်တာပါတာ။ကျန်တာအသက်ကြီးကြီးတွေပဲဆိုတော့ ကျွန်မပဲအနစ်နာခံရတာပေါ့။ပြီးတော့ ကျွန််မကလူသစ်မဟုတ်လား။ဒါပေမဲ့ သေလောက်အောင်ပင်ပန်းပါစေ ကျွန်မပျော်ပါတယ်။ကျွန်မတစ်ဝမ်းတစ်ခါးကို ကိုယ့်ဘာသာရှာစားနိုင်ပြီလေ။

**************


rate now: