" ဟို...ဟို...ဆရာမ ၊ကျွန်မလစာမရသေးဘူးရှင့် "
အထစ်ထစ်အငေါ့ငေါ့ထွက်သွားတဲ့ ကျွန်မရဲ့စကားအဆုံးမှာ စာရေးမက စာအုပ်ကိုလှန်ကြည့်လိုက်ပြီး
"နာမည်ဘယ်သူလဲ..."လို့မေးလာတယ်။
" ဟို...ဟို...သန့်ရှင်းရေးကသူသူအောင်ပါရှင် "
ကျွန်မနာမည်ပြောလိုက်တော့ စာရေးမက စာအုပ်ကြည့်နေရင်းက သူဌေးဘက်ကိုလှမ်းကြည့်လိုက်သေးတယ်။ပြီးတော့မှ ကျွန်မဘက်လှည့်လာပြီး
"သန့်ရှင်းရေးက သူသူအောင်ရဲ့လစာကို ...သူသူအောင်အမေက တစ်နှစ်စာကိုးသိန်းခြောက်သောင်းကြိုထုတ်သွားပြီလေ၊ဒီတစ်နှစ်အတွင်း သူသူအောင်ကအိမ်လည်းမပြန်ရဘူး၊အပြင်လည်းမထွက်ရဘူးဆိုတာ အမေကမပြောခဲ့ဘူးလား"
"ရှင် "