ကျွန်မ ခုံတန်းလျားလေးမှာထိုင်ရင်း ရင်တွေတထိတ်ထိတ်ခုန်နေပြီး ခြေဖျားလက်ဖျားတွေပါ အေးစက်လာတယ်။အန်တီကြီးကတော့ပြောတယ် "စိတ်မပူနဲ့မေးရင် သူ့သမီးလို့သာပြော အလုပ်ကျိန်းသေရတယ်"တဲ့။အလုပ်က ပုဂ္ဂလိကကလေးထိန်းကျောင်းမှာ သန့်ရှင်းရေးလုပ်ရမှာ။ကလေးထိန်းကျောင်းဆိုပေမယ့် ကလေးလည်းဝိုင်းထိန်းပေးစရာမလိုသလိုကျန်တာဘာမှလုပ်စရာမလိုဘဲ ရေချိုးခန်းအိမ်သာတွေကို ပြောင်လက်နေအောင်တိုတ်ချွတ်ပေးရုံပဲတဲ့။ကလေးထိန်းကျောင်းက ပိုက်ဆံရှိတဲ့ ကလေးတွေပဲတက်တဲ့ကျောင်းမို့ သန့်ရှင်းရေးကိုအဓိကထားတာတဲ့။ရေချိုခန်းပဲတိုတ်ရ ရ၊အိမ်သာပဲဆေးရပါစေ ကျွန်မကျေနပ်တယ်။ကျွန်မလိုလူမျိုးကိုအလုပ်ခန့်ရင်ပဲ ကျွန််မကျေးဇူးတွေတင်လှပါပြီ။
"ကဲ....သမီးသူသူရေ...သမီးအလုပ်ရပြီသိလား၊ တစ်နေ့ထမင်းသုံနပ်ကျွေးတယ်၊နေဖို့အဆောင်လည်းရှိတယ်၊လခကရှစ်သောင်းပေးမယ်တဲ့... သမီးလုပ်နိုင်မလား "
အန်တီကြီးက တိုတ်ကြီးထဲမှာ အလုပ်ရှင်နဲ့စကားသွားပြောပြီး ပြန်ထွက်လာတော့ ဝမ်းသာစရာသတင်းကိုပြောတယ်။ဝမ်းသာလိုက်တာဆိုတာများ ကျွန်မဘယ်လိုတောင်ပြောပြရမလဲမသိပါဘူး။အန်တီကြီးရဲ့ ကျေးဇူးတွေကကျွန်မအပေါ်သိပ်ကိုများလွန်းနေပါပြီ။အန်တီကြီးက ကျွန်မကိုမျက်မှန်အသစ်လေးလည်းလုပ်ပေးထာတယ်လေ။ ကျွန်မ ကျေးဇူးရှင်အန်တီကြီးကို ထိုင်ပြီးအကြိမ်ကြိမ်ဦးချကန်တော့လိုက်မိတယ်။
*****************