book

Index 3

( ၃ )

     ကျွန်မ မျက်မှန်ကိုအသာချွတ်ပြီး အင်္ကျီအနားစနဲ့ပွတ်သုတ်လိုက်တယ်။ဒီမျက်မှန်ကအဖေရှိစဥ်ကတည်းကလုပ်ပေထားတာဆိုတော့ မရှိဘူးဆိုရင်တောင်သုံးလေးငါးနစ်လောက်ရှိပြီမို့ မှန်ကမှုန်တိမှုန်ဝါးဖြစ်ရုံမကအစင်းကြောင်းတွေခြစ်ရာတွေဗရပွနဲ့ကြည့်မကောင်းလှတော့ဘူး။ပြီးတော့ ကျိုးနေတဲ့ကိုင်းနှစ်ဘက်ကိုလည်း သစ်သားချောင်းအသေးလေးခံပြီး သာရေကွင်းနဲ့တုပ်ချည်ထားရတယ်။မျက်မှန်ကိုဒီလိုတပ်ရတာရှက်တာပေါ့ရှင်။ဒါပေမဲ့ မျက်မှန်အသစ်တစ်လက်ကို လေးသောင်းလောက်ကုန်မယ်ဆိုတော့ အသစ်ဘယ်ဝယ်နိုင်မလဲ။ဟိုတလောက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံမှာ မျက်စိအခမဲ့စမ်းသပ်ပေးပြီး မျက်မှန်တစ်လက်ငါးထောင်နဲ့လာလုပ်ပေးနေတယ် ဆိုလို့ကျွန်မသွားခဲ့သေးတယ်။မျက်စိတော့အခမဲ့စမ်းပေးလိုက်ပါတယ်။မျက်မှန်ကတော့ ပါဝါငါးဆယ်၊တစ်ရာတွေပဲငါးထောင်နဲ့ရတာလေ။ကျွန်မလိုပါဝါနှစ်ထောင်ကျော်အတွက်က စျေးအနည်းဆုံးကိုင်းနဲ့မှန်ဆိုရင်တောင်လေးသောင်းလောက်ကျမယ်တဲ့။အဲ့ဒီနေ့ကတည်းက ကျွန်မမှာ မျက်မှန်အသစ်လေးလိုချင်လွန်းလို့ စျေးထဲ ကန်စွန်းရွက်သွားရောင်းပါတယ် တစ်စည်းဝယ်ပြီးနှစ်စည်းယူသွားတဲ့သူနဲ့ပိုက်ဆံအစုတ်တွေပေးသွားတဲ့သူနဲ့အရင်းတောင်အနိုင်နိုင်ပြန်ရခဲ့တာ။တကယ်လို့များ မျက်မှန်အသစ်လေးသာရခဲ့ရင်တော့ အလုပ်တစ်ခုလောက်တော့ကျွန််မလုပ်နိုင်မယ်ထင်ပါတယ်။

    ကျွန်မလေအများကြီး မမျှော်လင့်ပါဘူး။

ဆယ်ပေခြံလေး ဝယ်ပြီးတဲလေးထိုး သစ်ပင်တွေစိုက်ပြီး ကျွန်မတစ်ယောက်တည်း အေးအေးချမ်းချမ်းနေချင်ရုံလေးပါ။

**************


rate now: