"ကိုစိုး...ရှင့်ညီမမိမှုန်ကိုခေါ်လာပြန်ပြီပေါ့လေ...ရှင့်ညီက...ကျုပ်တို့ထက်စီးပွါးရေးကောင်းရဲ့သားနဲ့ဒီတစ်ယောက်ကိုတောင် မကျွေးထားနိုင်ဘူးတဲ့လား၊ဘာမှသုံးစားမရတဲ့ဟာကျ ရှင့်ဆီကိုပို့လိုက်တယ် ၊ရှင်တို့အဖေကျန်ခဲ့တဲ့သုံးစားလို့ရတဲ့ဟာလေးတွေကျတော့ အကုန်ယူလိုက်တယ််မဟုတ်လား"
"ဟာကွာ...မင်းကတစ်မှောင့်၊ပါးစိပ်ပိတ်ထား....ဘာမှထပ်မပြောနဲ့စိတ်ညစ်ရတဲ့ကြား"
" မပိတ်နိုင်ဘူးတော်ရေ...ငွေကရှင်တစ်ယောက်တည်းရှာနေရတာမဟုတ်ဘူး၊ကျုပ်လည်းရှာနေရတာ၊ကျုပ်တို့မှာက ကလေးကသုံးယောက်ရှိသေးတယ်၊လူပိုတစ်ယောက်စရိတ်ဆိုတာနည်းတာမဟုတ်ဘူး"
"ဟာ...ဒီမိန်းမ...ပြောလေကဲလေ၊တော်တော်လျှာရှည်တဲ့ မိန်းမ၊ကဲဟာ...လျှာရှည်ချင်ဦး
၊အငယ်မနင်လည်းကိုယ့်ဟာကိုယ်ရှာစားနိုင်အောင်လုပ်...အစ်ကိုတွေကိုဒုက္ခမပေးနဲ့ ကြားလား "
"သေနာကြီး...နင်ကငါ့ကိုရိုက်တယ်ပေါ့လေ၊
ကဲဟာ...ရိုက်ဦး...."
"ဒုန်း "
."ဂွမ်း "
အစ်ကိုကြီးနဲ့ယောင်းမဖြစ်သူတို့ရဲ့ ရန်ပွဲကိုကြည့်ရင်း ကျွန်မပါးပြင်ပေါ်ကို မျက်ရည်တွေအလိုအလျောက်စီးကျလာတယ်။ဟုတ်ပါတယ်လေ ကျွန်မကလည်းသူတို့ပြောသလို ဘာမှအသုံးမဝင်ဘူးလေ။ဒါပေမဲ့ ကျွန်မနိုင်သလောက် အိမ်သန့်ရှင်းရေးလုပ်တာ၊အဝတ်လျှော်တာတွေကို နေ့စဥ်နေ့တိုင်းအမြဲလုပ်ပေးခဲ့တာပါ။
တကယ်ဆိုကျွန်မလည်းသူများတွေလိုအလုပ်လုပ်ချင် လူရာဝင်ချင်တာပါပဲ။
******************