book

Index 3

ကာကွယ်ရန်နည်းလမ်းများ

  • Author : Lucifer
  • Genres : Science, Self-help
  • Original Author : Lan-Bridge

၁။ အိမ်၌နေထိုင်ချိန်တွင် မည်ကဲ့သို့ကာကွယ်ရမည်နည်း။ 


(၁) မကြာခဏလက်ဆေးပါ

 အပြင်မှအိမ်သို့ပြန်လာသည့်အချိန်တွင်လည်းကောင်း ထမင်းမစားခင်သို့မဟုတ် စားပြီးချိန်တွင်လည်းကောင်း ချောင်းဆိုးနှင့်နှာချေပြီးချိန်တွင်လည်းကောင်း သန့်စင်ခန်းသုံးပြီးချိန်တွင်လည်းကောင်း တိရစ္ဆာန်နှင့်ထိတွေ့ပြီးချိန်တွင်လည်းကောင်း အချိန်မီလက်ဆေးပိုးသတ်ရပါမည်။


လက်ဆေးနည်းအဆင့်ဆင့်

(က) ဖဝါးနှင့် လက်ချောင်းများစုပြီး လက်ဖဝါးနှစ်ဖက်အပြန်အလှန်ပွတ်တိုက်ဆေးပါ။

(ခ) ဖမိုး လက်ဖဝါးပူးကပ်ကာ လက်ဖမိုးများအပြန်အလှန်ပွတ်တိုက်ဆေးပါ။

(ဂ)လက်ကြား လက်ချောင်းများ ကြက်ခြေခတ်ပြီးအပြန်အလှန်ပွတ်တိုက်ဆေးကြောပါ။

(ဃ)လက်ခေါက်ချိုးပြီး အပြန်အလှန်ပွတ်တိုက်ဆေးကြောပါ။

(င) လက်မ လက်တစ်ဖက်သည်နောက်တစ်ဖက်ကိုကိုင်ထားပြီး လက်မကိုလှည့်ပတ်ခြင်းဖြင့်ပွတ်တိုက်ဆေးကြောပါ။

(စ)လက်ဖဝါးနှစ်ဖက်ကိုသေချာစွာကုတ်ခြစ်ပါ။

(ဆ)လက်ကောက်ဝတ်ကို ဝက်အူရစ်ပုံဖြင့် ပွတ်တိုက်ဆေးကြောပါ။ (www.bookcubicle.com စာရေးဝါသနာရှင်များအတွက် ခြေလှမ်းစတင်ရာတဖြစ်လဲ စာဖတ်ဝါသနာရှင်များအတွက် နားခိုရာ BookCubicle)




(၂) လေဝင်လေထွက်အဆင်ပြေအောင်မကြာခဏဆောင်ရွက်ပါ။


လေဝင်လေထွက်အဆင်ပြေစေရန် နေ့စဉ်နေ့တိုင်းပြတင်းပေါက်ဖွင့်ထားပါ။




(၃) ပိုးသတ်ဆေးဖြန်းခြင်းကိုမကြာခဏဆောင်ရွက်ပါ။


စားပွဲနှင့်ထိုင်ခုံများစသည့်အိမ်သုံးပစ္စည်းများကို နေ့စဉ်နေ့တိုင်းသန့်ရှင်းပြီး သတ်မှတ်ထားသည့်အချိန်အလိုက် ပိုးသတ်ဆေးဖြန်းပါ။ အိမ်တွင် ဧည့်သည်ရှိလျှင် အိမ်ရှိပစ္စည်းများကိုပိုးသတ်ဆေးဖြန်းပါ။


(၄) ယဉ်ကျေးသောနှာချေခြင်း ချောင်းဆိုးခြင်းဆိုင်ရာအပြုအမူများကို လိုက်နာခြင်း။




နှာချေ ချောင်းဆိုးသည့်အခါ ရောဂါပိုးကိုအပြင်မထွက်စေရန် ပါးစပ်နှင့်နှာခေါင်းကို တံတောင် တစ်ရှူးသို့မဟုတ် နှာခေါင်းစည်းဖြင့်ဖုံးအုပ်ပါ။ မိမိကိုယ်ကိုရောဂါမရှိဆိုသော်လည်း နှာချေသည့်အခါ ပါးစပ်နှင့်နှာခေါင်းကို လုံခြုံစွာဖုံးအုပ်ရန် သတိပြုသင့်သည်။


(www.bookcubicle.com စာရေးဝါသနာရှင်များအတွက် ခြေလှမ်းစတင်ရာတဖြစ်လဲ စာဖတ်ဝါသနာရှင်များအတွက် နားခိုရာ BookCubicle)


(၅) အနားယူချိန်ပုံမှန်ဖြစ်စေသင့်သည်။ အိမ်နီးချင်းများကို ထိခိုက်စရာမရှိခြင်းဆိုပါက အိမ်၌ အားကစားလေ့ကျင့်ရေးကိုအတန်အသင့် လုပ်သင့်သည်။


(၆) မိမိနှင့် မိသားစု၏နေ့စဉ်ကျန်းမာရေးအခြေအနေကို စစ်ဆေးရသည်။


မိမိကိုယ်ကိုသို့မဟုတ် မိသားစုဝင်များသည် အောက်ပါသံသယရှိရောဂါလက္ခဏာများ ပေါ်ထွက်လာလျှင် သေချာစွာသီးသန့်နေထိုင်ရမည်။ ရောဂါအခြေအနေအရ ဆေးရုံသို့အချိန်မီသွား၍ ဆရာဝန်ထံသို့ အကူအညီတောင်းဆိုသင့်သည်။


သံသယရှိရောဂါလက္ခဏာများမှာ အောက်ပါအတိုင်းရှိကျသည်။ 

အပူတက်ခြင်း ချောင်းဆိုးခြင်း လည်ချောင်းနာခြင်း ရင်ကျက်ခြင်း အသက်ရှူကျပ်ခြင်း ခံတွင်းပျက်ခြင်း အားပျော့ခြင်း စိတ်လက်မကြည်လင်ခြင်း အော့အန်ခြင်း ဝမ်းလျှောခြင်း ခေါင်းကိုက်ခြင်း ရင်တုန်ခြင်း မျက်ဆက်မြှေးရောင်နာခြင်း လေးဖက်နာ သို့မဟုတ် ခါးနှင့်နောက်ကျောကြွက်သားကိုက်ခဲခြင်းစသည်တို့ဖြစ်သည်။


(၇) မိသားစုကာကွယ်ရေးကိုသေချာစွာပြုလုပ်ရမည်။




(က) မိမိသို့မဟုတ် မိသားစုဝင်များသည် အပြင်ထွက်လျှင် နှာခေါင်းစည်းကိုမှန်ကန်စွာတပ်ဆင်ရမည်။ နှာခေါင်းစည်းကိုသေချာစွာ တပ်ဆင်ပြီးမှ Virus ပါသောတံတွေးထွေးမှုန်ကို တားဆီးနိုင်ပြီး လူတို့၏ပါးစပ်နှင့်နှာခေါင်းသို့မဝင်နိုင်ချေ။

(ခ)မိသားစုဝင်များသည် တံတွေးလျှောက်ထွေးခြင်း စသည့်မသန့်ရှင်းသောအမူအရာပြုလုပ်လျှင် မြန်မြန်တားဆီးပေးပါ။

(ဂ) မိမိ၏မိသားစုဝင်များထဲမှ ဆရာဝန်နှင့်သူနာပြုရှိလျှင် သူတို့၏လုံခြုံရေးနှင့် ကာကွယ်ရေးများကို သေချာစွာမှာကြားပေးသင့်ပါသည်။



(www.bookcubicle.com စာရေးဝါသနာရှင်များအတွက် ခြေလှမ်းစတင်ရာတဖြစ်လဲ စာဖတ်ဝါသနာရှင်များအတွက် နားခိုရာ BookCubicle)



၂။ အများပြည်သူဆိုင်ရာနေရာများ၌ မည်သို့ကာကွယ်ရမည်နည်း။


* အပြင်ထွက်လျှင် Virus အမြစ်များ၏ထိတွေ့ခြင်းကို လျော့ကျစေရန် နှာခေါင်းစည်းတပ်ဆင်ရမည်။ အိမ်ပြန်ပြီး အချိန်မီလက်ဆေးရမည်။ အပူတက်ခြင်းသို့မဟုတ် အခြားသောအသက်ရှူရောဂါလက္ခဏာများကို ပေါ်ထွက်လာလျှင် အထူးသဖြင့် အပူတက်ခြင်းကြာရှည်စွာမပျောက်လျှင် အချိန်မီ ဆေးရုံသို့သွား၍ ဆရာဝန်ကိုပြသသင့်သည်။

* လူစုလူဝေးနေရာများ (စူပါမားကတ် ဈေးဆိုင် ကစားကွင်း အင်တာနက်ဆိုင် ဂိမ်းဆိုင် စားသောက်ဆိုင်သို့သွားရန် ရှောင်ကြဉ်ရမည်။ လူသွားလူလာများသောနေရာသို့ မသွားပါနှင့်။

* တံတွေးလျှောက်မထွေးပါနှင့်။ နှာရည်နှင့်တွံတွေးများကို တစ်ရှူးစက္ကူဖြင့် ဖုံးပြီး အဖုံးပါသောအမှိုက်ပုံးထဲသို့စွန့်ပစ်ရမည်။ မိမိသည် ချောင်းဆိုး သို့မဟုတ် နှာချေလျှင် ပါးစပ်နှင့်နှာခေါင်းကို တစ်ရှူးဖြင့်လုံခြုံအောင်ဖုံးအုပ်ရမည်။ Virus ကူးစက်မှုတားဆီးရန်အတွက် အသုံးပြုသောတစ်ရှူးများကို အန္တရာယ်ရှိအမှိုက်များ အမှိုက်ပုံးထဲသို့ ချက်ချင်းစွန့်ပစ်သင့်သည်။ ချောင်းဆိုးသို့မဟုတ် နှာချေပြီးလက်ဆေးရမည်။ မျက်စိ နှာခေါင်းနှင့် ပါးစပ်တို့ကို လက်နှင့်မထိတွေ့ပါနှင့်။

* အချိန်မှီပိုးသတ်ခြင်း အများပြည်သူဆိုင်ရာနေရာများ၌ အများပြည်သူဆိုင်ရာပစ္စည်းများ (စာအုပ် ထိုင်ခုံ စားပွဲစသည့်ပစ္စည်းများ) ကို ထိလိုက်ပြီး လက်ကိုအချိန်မီဆေးကြောသင့်သည်။ သို့မဟုတ် အရက်ပျံပါသောပိုးသတ်ရန်သုံးပစ္စည်းများဖြင့် လက်ကိုသန့်ရှင်းအောင်သုတ်သင့်သည်။ 

* အများပြည်သူဆိုင်ရာနေရာများ၌ စကားပြောလျှင် သူတစ်ပါးနှင့်တစ်မီတာ (လက်ကိုဆန့်အောင်) ဝေးဝေးနေသင့်ပါသည်။

* အပြင်၌ထမင်းစားရန်ရှောင်ကြဉ်ရမည်။


၃။ အပြင်ထွက်သည့်အခါ ကားကိုစီးလျှင် မည်သို့ကာကွယ်ရမည်နည်း။


ဘတ်စ်ကားစီးရန်သတိပြုချက်များ

(က) ဘတ်စ်ကားစီးလျှင် နှာခေါင်းစည်းတပ်ဆင်ရမည်။ တစ်ခါသုံးနှာခေါင်းစည်းကို အတတ်နိုင်ဆုံးအသုံးပြုပါ။

(ခ) ချောင်းဆိုး သို့မဟုတ် နှာချေလျှင် လူအသိုက်အဝန်းကိုရှောင်ကြဉ်ဖြစ်ရုံသာမက ပါးစပ်နှင့်နှာခေါင်းကို တံတောင်ဆစ်အတွင်းဘက် သို့မဟုတ် တစ်ရှူးဖြင့်လုံခြုံအောင်ဖုံးအုပ်ပါ။

(ဂ) ဘတ်စ်ကားပေါ်တွင်အအေးမိခံစားသည့်လူကို ကြုံတွေ့လျှင် ထိတွေ့ရန်ရှောင်ကြဉ်ပါ။ လေဝင်လေထွက်ကောင်းရန် ပြတင်းပေါက်ကိုဖွင့်လိုက်သင့်သည်။

(ဃ) ကားပေါ်မှဆင်းပြီးသည့်အခါ လက်ကို ဆပ်ပြာသို့မဟုတ် လက်သန့်ဆေးရည်ဖြင့်ချက်ချင်း ဆေးကြောပေးပါ။


အိမ်ပိုင်ကားများကိုစီးရန်သတိပြုချက်များ

(က) ပုံမှန်အားဖြင့်အိမ်ပိုင်ကားများကိုပိုးသတ်ရန်မလိုပါ။ လေဝင်လေထွက်ကောင်းအောင် အမြဲသတိထားသင့်သည်။

(ခ) ကားမောင်းဆရာသည် အများပြည်သူဆိုင်ရာနေရာများမှပြန်လာလျှင် ပိုးသတ်ဆေးဖြင့်လက်ကိုအရင်ပိုးသတ်ရမည်ဟု အကြံပေးသည်။ လိုအပ်လျှင် ကလိုရင်းပါသောပိုးသတ်ဆေး သို့မဟုတ် ၇၅% ရှိသော အရက်ပျံဖြင့် ကားအတွင်းရှိပစ္စည်းများ၏အပေါ်ယံကိုသုတ်ရမည်။

(ဂ) သံသယရှိရောဂါလက္ခဏာများ (အပူတက်ခြင်း ချောင်းဆိုးခြင်း လည်ချောင်းနာခြင်းစသည်များ) ရှိသော လူတို့နှင့်အတူ ကားအတူစီးလျှင် အတန်အသင့်ကွာဝေးသောနေရာတွင်ထိုင်ပါ။ ကားအဲကွန်းကိုမဖွင့်ပါနှင့်။ လေဝင်ရန်ပြတင်းပေါက်ဖွင့်ရမည်။ သံသယရှိရောဂါလက္ခဏာရှိသည့်သူများ ကားပေါ်မှဆင်းပြီးသည့်အခါ လေဝင်လေထွက်ကောင်းစေရန် ပြတင်းပေါက်များဖွင့်ထားရမည်။ ၎င်းတို့ထိတွေ့ခဲ့သော ပစ္စည်းများအားပိုးသတ်ရမည်။ COVID-19 လူနာသည် မိမိကားကိုစီးခဲ့လျှင် အချိန်မီပိုးသတ်ပြီး သက်ဆိုင်ရာဌာနသို့ စီမံခန့်ခွဲရန်အကြောင်းကြားပေးသင့်သည်။


(www.bookcubicle.com စာရေးဝါသနာရှင်များအတွက် ခြေလှမ်းစတင်ရာတဖြစ်လဲ စာဖတ်ဝါသနာရှင်များအတွက် နားခိုရာ BookCubicle)



rate now: