ယခုလက်ရှိ COVID-19 ဟာကမ္ဘာအနှံ့ဖြစ်ပွားလျက်ရှိသော ကူးစက်ရောဂါတစ်မျိုးဖြစ်တာကြောင့် မြန်မာနိုင်ငံတွင်း၌နေထိုင်ကျသော ပြည်သူများ Bookcubicle ၏စာဖတ်ပရိသတ်များအားလုံး ၎င်း COVID-19 အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ ဗဟုသုတရရှိစေရန် ရှောင်သင့်တာကိုရှောင်၍ ဆင်ခြင်သင့်တာကိုဆင်ခြင်နိုင်ကျစေရန်အတွက် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကျန်းမာရေးကော်မတီ ကူမင်းဆေးတက္ကသိုလ် ယူနန်ပြည်နယ်ပညာရေးနှင့်သိပ္ပံနည်းပညာသုတေသနအကယ်ဒမီနှင့် ယူနန်ပြည်နယ်ပညာရေးပုံနှိပ်ထုတ်ဝေရေးဌာနတို့မှ ပြုစုတည်းဖြတ်သော Lan-bridge ဘာသာပြန်ဆိုသည့် COVID-19 အဆုတ်ရောင်ရောဂါကာကွယ်ရေးလက်စွဲမှ ပြန်လည်ကူးယူဖော်ပြလိုက်ရပါတယ်။
အားလုံးကျန်းမာချမ်းသာကျပါစေ။🙏