book

Index 9

အပိုင်း<<၉>>

#နတ်ဆေးဆရာနှင့်ငရဲမင်း၏သမီးတော်..

____________________________________________

          .     ``အင်း...ဒီမိန်းကလေး...တော်တော်လှသလောက်...စကားပြောတာဆိုတာလည်း.တော်တော်သွက်လက်တယ်...ဘယ်သူ့ကိုကယ်တင်စေချင်လို့...သူ့အသက်တောင်ပေးမယ်...အာမခံ နေတာလဲမသိဘူး....´´ 


 ကျိကျွေ ထိုသို့တွေးနေတုန်းရှိသေး....အနောက်မှ အစောင့်များ၏..အတင်းခေါ်ဆောင်တာခံလိုက်ရ၍...ယက်ကန်ယက်ကန်နှင့်..ပါသွားလေတော့သည်။ 


အပြင်ဘက်ခြမ်းမှကြည့်လျှင်သာ..ရဲတိုက်ကြီးမှာ..မဲနက်၍ခြောက်ခြားဖွယ်ရာဖြစ်နေသော်လည်း....ရဲတိုက်ထဲတွင်တော့..တန်ဖိုးကြီးမားသော..အဆောင်အယောင်များဖြင့်...လွန်စွာခန်းနားထည်ဝါးလွန်းပေသည်။


ပုံစံတူအခန်းများမှာ ..အမြောက်အမြားရှိပြီး. ..နံရံတလျောက်...ရှေးဟောင်းပန်းချီကားများ၊.ဒိုင်းကာများ၊ရှေးဟောင်းချပ်ဝတ်တန်ဆာများ၊ဓား၊လှံများ...ချိတ်ဆွဲထားသောကြောင့်...ကျိကျွေတစ်ယောက်.ခန်းနားလွန်းလှ

သော ရဲတိုက်ကြီးထဲမှာပင်နေချင်

စိတ်ပေါက်သွားလေသည်။


တစ်ဖြည်းဖြည်း လျောက်လှမ်းလာရင်း..

.အခန်းတစ်ခန်းရှေ့ရောက်သောအခါ..


``.တံခါးစောင့်တွေ...ကိုယ့်နေရာကိုယ်ပြန်သွားကြတော့..´´


ကျူးအော် မိန်းကလေး၏စကားအဆုံး၌ အစောင့်များ..ဦးညွတ်၍ ပြန်ထွက်သွားလေတော့သည်။


ကျူးအော်မှာ..သခင်ကြီးကျင်းဝေ..နှင့်သခင်မလေး..ခြူးနက်နွယ်ပြီးလျှင်...အာဏာအရှိဆုံးမဟုတ်ပါလော။.


ကျူးအော်၏...အသံကြောင့်အခန်းထဲမှ..သခင်ကြီးကျင်းဝေ...အပြင်သို့ထွက်လာပြီး...ကျိကျွေကိုမြင်သောအခါ


``သူကဘယ်သူလည်း  .ကျူးအော်...´´  


``ရဲတိုက်အရှေ့ကို လမ်းပျောက်ပြီး

ရောက်လာခဲ့တဲ့ သူပါသခင်ကြီး...သူက...ဆေးဆရာတစ်ယောက်ပါဆိုလို့...သခင်မလေးအတွက် ...အခြေအနေတစ်မျုိးမျိုး...ထူးခြားလာမလားလို့...ခေါ်လာခဲ့တာပါသခင်ကြီး...´´


ကျူးအော်၏ စကားကြောင့် သခင်ကြီးကျင်းဝေ

အနည်းငယ်...စိတ်ပျက်မိသွားလေသည်။


အဘယ်ကြောင့်ဆိုသော်...နန်းတွင်းဆေးဆရာကြီးများနှင့်.နာမ်မည်ကျော်ဆေးဆရာကြီးများပင်..လက်လျော့ထားရသည့်အဆိပ်ကို....ဒီလူငယ်လေးက မကု့ပေးနိုင်လောက်ဘူးဟု့တွေးလိုက်မိသောကြောင့်ပင်။


သို့သော်...မျှော်လင့်ချက်များရှိလေမလား.ဟူသော..မျက်လုံးများဖြင့်...ကျိကျွေ..အားထပ်မံကြည့်လိုက်မိ၏။


ပထမကအမှု့မဲ့အမှတ်မဲ့...ကြည့်လိုက်၍...လူငယ်တစ်ယောက်ဟု့သာမြင်လိုက်ရသော်လည်း...ယခု့အခါ..မျက်လုံးအားအဝတ်စီးထားသော.မျက်မမြင်တစ်ယောက်မှန်းသိလိုက်ရသောအခါ...ကျင်းဝေ..သူ၏မျှော်လင့်ချက်လေးများပင်..ပျောက်ကွယ်သွားခဲ့၍..ကျူးအော်အား.

အလွန်ဒေါသထွက်သွားမိလေသည်။


``..ကျူးအော်...နင်ခေါ်လာတဲ့သူကိုလည်းနင်ပြန်ကြည့်ဦး...မျက်မမြင်ဒုက္ခသည်ကြီး....သူ့မျက်လုံးတောင်မမြင်နိုင်တာ..ဘယ်လိုလို့...ခြူးခြူးရောဂါကို...ကု့သပေးနိုင်မှာလဲ..နင်ဒါလေးတောင်မစဉ်းစားတက်ဘူးလား.ဟင်..´´


 ကျင်းဝေ၏ဒေါသနှင့်ပြောလိုက်သောစကားကြားလိုက်ရသောအခါ...ကျူးအော်မှာ...ပြာပြာသလဲ...ချက်ချင်းဒူးထောက်၍.


.``.ကျွန်မမှားမှန်းသိပါတယ်...သခင်ကြီး...သခင်မလေးအဆိပ်များဖြေပေးနိုင်မလားလို့. .ခေါ်လာခဲ့မိတာပါ..သခင်ကြီး...ကျွန်မကိုအပြစ်ပေးပါသခင်ကြီး...´´


ကျူးအော်၏စကားကြောင့့်..သခင်ကြီးကျင်းဝေမှာ..သက်ပြင်းတစ်ချက်ရှိုက်ထုပ်လိုက်လေတော့သည်။


ထိုအခိုက်...ကျိကျွေ..မှာလွန်စွာဒေါသထွက်နေလေသည်။


မိမိအား.မျက်မမြင်ဟု့ပြောပြီး..ရောဂါမကု့သပေးနိုင်လောက်ဘူး..ဟု့ပြောသည်မှာ...မိမိပညာအားစော်ကားလိုက်သည်မဟုတ်ပါလား။ထို့ကြောင့်


``ဒီမှာ..သခင်ကြီး...ကျွန်တော်က..မျက်လုံးမြင်ချင်မှမြင်မယ်...ဒါပေမယ့်..ကျွန်တော့ရဲ့ပညာကိုတော့

မစော်ကားနဲ့...တကယ်လို့လူနာရဲ့..အဆိပ်ဆိုတာကို.

.ဖြေပေးနိုင်ရင်...သခင်ကြီး

ကျွန်တော်တောင်းဆိုတာပေးန်ိုင်မလား

၊တကယ်လို့ကျွန်တော်...အဆိပ်ကိုမဖြေပေးနိုင်ရင်...ကျွန်တော့်ကိုကျွန်တော်သတ်သေမယ်...ဘယ်လိုလဲ..´´


 ကျိကျွေဒေါသထွက်ပြီး..စိန်ခေါ်လိုက်လေတော့သည်။


 မိမိ၏ဆေးပညာ၊ရူရှိုက်နည်းဖြင့်စိတ်တန်ခိုးကျင့်၍ဆေးကု့နည်းပညာနှင့်.ဆေးလုံးများအစွမ်းကိုယုံကြည်၍.ထိုကဲ့သို့စိန်ခေါ်လိုက်မိခြင်းလည်းဖြစ်၏။


ရုတ်တရက်...ဒေါသထွက်နေတဲ့ပုံစံနှင့်ပြောသော...မျက်မမြင်ကောင်လေးကြောင့်...ကျင်းဝေဒေါသထွက်သွားသလို..ထိုကောင်လေး၏

ယုံကြည်ချက်ပြည့်ဝနေသော..ပုံသဏ္ဍာန်ကြောင့်..ကျင်းဝေ...အနည်းငယ်  .လေးစားချင်သလိုလိုဖြစ်သွားလေသည်။ 


ဘာပဲဖြစ်ဖြစ် မိမိအတွက်အရှုံးမရှိနိုင်ဟု့ တွေးလိုက်မိပြီး.


.``ကောင်းပြီ...ပျောက်အောင်ကု့သပေးနိုင်ခဲ့ရင်  ..ဟော့ဒီရဲတိုက်ကြီးကိုတောင်းရင်တောင်. ကျုပ်ပေးမယ်....မပျောက်ခဲ့လို့ကတော့..မောင်ရင်...တစ်သက်လုံးကျုပ်ရဲ့ကျွန်လုပ်ရမယ်..ဘယ်လိုလဲ.´´


``..သခင်ကြီးဘက်ကကတိတည်ပါစေ..´´


 ကျိကျွေ၏စကားအား ကျင်းဝေ...ခေါင်းတစ်ချက်ညိမ့်ပြ၍....ခြူးခြူး၏အခန်းတံခါးအားဖွင့်ဝင်သွားသည်။


..ကျိကျွေ..လည်းအနောက်ကလိုက်ဝင်လိုက်သည်။..

ထိုအခါ..ကျိကျွေ....ပါးစပ်မှ.


.``ဟင်..´´.ဟု့..အံသြသံထွက်လာလေသည်။.


အဘယ်ကြောင့်ဆိုသော်...ကျိကျွေ..တွေ့လိုက်ရသည်က..နတ်သမီး တမျှချောမောနေသောမိန်းကလေးဖြစ်သောကြောင့်ပင်။


မိမိတသက်သာတွင်..ဤ.မျှ...လှပမှု့အပေါင်းနှင့်ပြည့်စုံသောမိန်းကလေးမတွေ့ဖူးသောကြောင့် .ရုတ်တရက် တွေ့လိုက်၍..အံ့သြသွားခြင်းပင်။


``ဪ..ဒီလိုချစ်စရာကောင်းတဲ့မိန်းကလေးက...အဆိပ်ဒဏ်ကြောင့်မကြာခင်သေရတော့မယ်ဆိုပါလား..နှမြောစရာ.´´ .


ကျိကျွေ..စိတ်ထဲမှတွေးနေမိခြင်းဖြစ်သည်။


သူမ၏မျက်နှာလေးမှာ..အဆိပ်ဒဏ်ကြောင့်အားပျက်နေသော်လည်း...နဂိုလှသည့်မျက်နှာလေးမှာ...ပျောက်ကွယ်မသွားချေ။


``အိပ်နေတဲ့ပုံလေးကိုကြည့်ပါဥိး..ချစ်စရာကောင်းလွန်းလို့...အရမ်းပဲအသည်းယားမိတယ်...ကျူးအော်ဆိုတဲ့မိန်းကလေးလှတယ်ဆိုတာ....သူမနဲ့ယှဉ်မိတော့.လားလားမှ

မဆိုင်ပါလား´´.


.......အိပ်စက်နေသောသူမ၏မျက်နှာလေးအား ကျိကျွေ ကြည့်ပြီး.ရင်တွေခုန်လာလေသည်။


*မင်း..ကိုယ့်ကို..ညှို့လိုက်တာလား...။

*မင်းနဲ့တွေ့မှ ရင်ခုန်တက်ခဲ့တာပါ..။

*မင်းကိုဘယ်တော့မှ အဆုံးရှုံးမခံနိုင်ဘူး..။


ကျိကျွေ.မျက်မမြင်တစ်ယောက်လိုစမ်းတစ်ဝါးဝါးဟန်ပန်ဖြင့်..ခြူးခြူးအနားအားသွားပြီး...ပိုးသားလေးလိုနူးညံနေသောလက်ကလေးအား...ဆေးဆရာတို့၏သဘာဝ..စမ်းသပ်ကြည့်လိုက်၏။


..``ဟင်..´´..ကျိကျွေထပ်မံအံသြ.သွားရပြန်လေသည်။


အဆိပ်ကတော်တော်ထူးဆန်းတယ်.အပြင်းဆုံးအဆိပ်ပေါင်းများစွာကိုအချိုးကျကျဖော်စပ်ထားတယ်

....အဆိပ်ကနှလုံးထိရောက်နေပြီ..ဒီထူးဆန်းတဲ့အဆိပ်..အဆိပ်.က.လူကိုတဖြည်းဖြည်းအားလျော့နည်းပြီးသေဆုံးသွားအောင်...ဖော်စပ်ထားတာပဲ..´´  


ကျိကျွေ၏စကားကြောင့် ကျင်းဝေဒေါသထွက်သွားပြန်သည်။


``ဒီမှာမောင်ရင်...အဆိပ်ဖြေပေးနိုင်လားပဲမေးတာ...မောင်ရင်ပြောတာလောက်တော့ကျုပ်လဲသိတယ်....ဒါကြောင့်..မောင်ရင်အဆိပ်ဖြေနိုင်မလား...မဖြေနိုင်ဘူးလား...နှစ်ခွန်းထဲတစ်ခွန်းဖြေပါ..´´


``..ကျွန်တော်အဆိပ်ကို...ဖြေပေးနိုင်လောက်မယ်ထင်တယ်..မတက်နိုင်ဘူးစမ်းသပ်ကြည့်ရမှာပဲ. ကျွန်တော်ဖော်စပ်ထားတဲ့ဆေး...ရှိတယ် ...အရမ်းစွမ်းလွန်းလို့..ဒီအဆိပ်ကိုဖယ်ပေးနိုင်မယ်ထင်တာပဲ...´´


ကျိကျွေ သူ၏..သားရေအိတ်ထဲမှ  ဆေးတစ်လုံးအားထုပ်လိုက်လေသည်။


 ပြီးနောက်...ခြူးခြူးပါးစပ်လေးထဲထည့်ခါနီးမှ...


``ဒီက.သခင်ကြီးခဗျာ..ဒီလိုနုနုဖတ်ဖတ်မိန်းကလေးက..ဘာ့ကြောင့်..ဒီလိုအဆိပ်မိတာလဲဆိုတာ..အရင်ပြောပြပေးနိုင်မလား..ကျွန်တော်သိချင်လို့ပါ.. ´´ 


ကျိကျွေ၏အမေးအား ကျင်းဝေ ..မဖြေပါ။

.ကျိကျွေ...ကိုမယုံကြည်နိုင်သေး၍လည်းဖြစ်၏။


``မောင်ရင်...အဆိပ်ဖြေနိုင်ရင်...ကျုပ်အကုန်ပြောပြပါ့မယ်..´´


ကျင်းဝေ၏ပြန်ဖြေသံကြောင့် ...ကျိကျွေ....

.ဘာစကားမှထပ်တွန့်၍ ..မပြောတော့ပါ။


ုခြူးခြူး၏ပါးစပ်လေးထဲအား...ဆေးလုံးလေးထည့်လိုက်တော့သည်။  


အချိန်အနည်းငယ်အကြာ...ခြူးခြူး၏ ..သွေးဆုပ်သလိုဖြူစက်စက်ဖြစ်နေသော...အသားအရေမှာ..တဖြည်းဖြည်းပန်းရောင်သန်းလာလေတော့သည်။


   ပန်းရောင်သန်းလာမှု့ကြောင့်   သူမ၏...ပါးလေးနှစ်ဖက်မှာ...ရဲတဲတဲလေးနှင့်အလွန်ချစ်ဖို့ကောင်းနေလေသည်။


 ထ်ိုအဖြစ်အပျက်အား...သခင်ကြီးကျင်းဝေ...ကြည့်နေ့ရင်းမှ...အံသြဟန်၊မယုံကြည်ဟန်တို့..သူ၏မျက်နှာ၌အတိုင်းသားပေါ်လာလေသည်။


ချက်ချင်း...ကျိကျွေအား..ဘေးသို့တွန်းဖယ်၍...ခြူးခြူး၏လက်ကလေးအား...လှမ်းဆွဲလိုက်ပြီး ...စမ်းသပ်ကြည့်လိုက်လေသည်။  


``ဟင်....´´  ကျင်းဝေ၏မျက်နှာမှာလွန်စွာအံသြဟန်ဖြင့်...မျက်ရည်များဝဲလာပြီး


..`` ..သမီး..သမီးလေး...သမီးလေး...မှာ..အဆိပ်မရှိတော့ဘူး...သမီးလေးမှာအဆိပ်မရှိတော့ဘူး...ဝမ်းသာလိုက်တာသမီးလေး.ရယ်..´´  


ကျင်းဝေ၏စကားကြောင့်...နံဘေးတွင်တချိန်လုံး  ရပ်၍ငြိမ်နေသော ကျူးအော်..မှာ...ကျိကျွေအား ကြည့်၍. အံသြဟန်၊မယုံကြည်နိုင်ဟန်၊..အထင်ကြီးဟန်၊လေးစားဟန်တို့အပြည့်ဖြင့်..မျက်ဝန်းရွဲရွဲကြီးနှင့်စိုက်ကြည့်နေသည်။ပြီးမှ..သူ၏သခင်မလေးအနားကပ်သွားပြီး.


``..သခင်မလေး...မသေတော့ဘူး....ကျူးအော် ပျော်လွန်းလို့..မျက်ရည်တွေကျနေမိတယ်သခင်မလေး..´´.ဟု

ပြောပြီး...တစ်ရှုံရှုံ့ငိုနေလေတော့သည်။


 ကျင်းဝေနှင့်ကျူးအော်...တစ်ခဏငိုပြီးသောအခါ...ကျိကျွေဘက်သို့လှည့်လာ၏။..


ထိုအခါ...ကျိကျွေမှာ..ဝါရင့်.ဆေးဆရာကြီးဟန်ပန်ဖြင့်..


 ``အင်း...မိန်းကလေး ..ရဲ့အဆိပ်တွေပြယ်သွားပါပြီလေ...ခု့တော့..ဆေးရဲ့အစွမ်းကြောင့် မိန်းကလေးဟာ..

.အားအင်တွေပိုများပြီး...ဆေးအရှိန်ကြောင့်သတိလစ်နေသေးတာပါ..နောက်တစ်ရက်လောက်ကြာရင်...ပြန်သတိရလာပါလိမ့်မယ်..´´ 


ကျိကျွေ၏ဟန်ပန်အမူအယာနှင့်ပြောဆိုပုံမှာ...မြင်မိသူအလွန်လေးစားသွားကြမှာအသေအချာပင်။


သခင်ကြီးကျင်းဝေမှာ...ကျိကျွေအား..မျက်ရည်များဝဲလျှက်ကြည့်ကာ...ရုတ်တရက်ဦးညွတ်လိုက်လေသည်။  


``ဟင်..သခင်ကြီး..အဲ့လိုမလုပ်ပါနဲ့...´´


 ကျိကျွေသခင်ကြီးကျင်းဝေအားပြန်လည် ဂါဝရပြု့လိုက်လေသည်။(အပျော်လွန်နေ၍ သခင်ကြီးကျင်းဝေမှာ ကျိကျွေ၏ မျက်မမြင်ဟန်ဆောင်မှု့ သတိလက်လွတ်ဖြစ်၍ပေါ်သွားခဲ့သည်ကိုမသိလိုက်ခြင်းဖြစ်သည်။)


ထိုအခါသခင်ကြီးကျင်းဝေမှ


..`` ဆရာလေးဟာ..ငယ်ရွယ်သလောက်တကယ့်ကိုအစွမ်းထက်လွန်းလို့ မလေးမစားပဲဂါဝရပြု့မိတာပါ  ..ကျွန်တော့သမီးလေးအသက်က ..သခင်လေးပေးတဲ့အသက်ပဲရှိပါတော့တယ်..ဒါကြောင့်..သခင်လေးလိုတာပြောပါ...ကျွန်တော်မျိုးပိုင်ဆိုင်သမျှအကုန်ပေးနိုင်ပါတယ်...´´  


ကျင်းဝေလို..ရဲတိုက်သခင်ကြီးမှ.သခင်လေးဟုနာမ်မည်တပ်ခေါ်ပြီး.ဂါဝရပြု့သဖြင့်..ကျိကျွေအနည်းငယ်..မာန်တက်မိသွားသော်လည်း..နေရထိုင်ရတာစိတ်ထဲမသက်သာဖြစ်နေမိလေသည်။


``..ကျွန်တော်ဘာကိုမှမလိုချင်သေးပါဘူး..အရင်ဆုံး    ဒီလိုမျိုးနုနယ်တဲ့မိန်းကလေး.က.ဘာ့ကြောင့် ဒီလိုဖြစ်တာလဲပဲသိချင်မိတယ်ဗျာ..´´

ကျိကျွေ၏အမေးအား

``အင်း..သခင်လေးသိချင်ရင်ပြောပြပါ့မယ်..´´


သခင်ကြီးကျင်းဝေ သူရှောင်လင်ကျောင်းကိုသစ္စာဖောက်မိသည်ကစ၍...ခြူးနတ်နွယ်...အဆိပ်မိလာသည်အထိ...မချွင်းမချန်...ကျိကျွေအားပြောပြလိုက်လေတော့သည်။


.သူ၏သမီးလေးအသက်သခင်မို့..မချွင်းမချန်ပြောပြနေမိခြင်လည်းးဖြစ်သည်။


``.အင်း..ဒီလိုဆိုတော့လည်း..ဒီငရဲမင်းအာဏာသိုင်းကျမ်းက..အရမ်းအန္တာရယ်ရှိတာပဲ..ဖြစ်နိုင်မယ်ဆို...ဒီငရဲမင်းအာဏာသိုင်းကျမ်းကိုကျွန်တော့ကိုပေးပါလား..ကျွန်တော်ရှောင်လင်ကျောင်းမှာပြန်သွားထားချင်တယ်...သခင်ကြီးကျင်းဝေနဲ့မိန်းကလေးခြူးခြူး..အကြောင်းကျွန်တော်ရှောင်လင်ကျောင်းကိုမပြောပြပါဘူး..ကျွန်တော့ကိုယုံကြည်ပါ..´´


``သခင်လေးကိုယုံကြည်ပါတယ်.ပြီးတော့..ဒီသိုင်းကျမ်းကို..ကျွန်တော်လည်းမမက်မောတော့ပါဘူးသခင်လေး..ဒါပေမယ့်...ရှောင်လင်ကျောင်းကသခင်လေးကို...သူခိုးဆိုပြီးဝိုင်းအန္တာရာယ်ပြု့မှာစိုးရိမ်မိတယ်´´ 

သခင်ကြီးကျင်းဝေစိတ်ထဲတွင်..ကျိကျွေအား...အစွမ်းထက်သောဆေးဆရာတစ်ဦးဖြစ်သော်လည်း..မျက်စိမမြင်သော၊သိုင်းမတက်သောသူ..ဟု့ထင်သော့ကြောင့်...ထိုသို့ပြောလိုက်မိခြင်းပင်ဖြစ်သည်။


ကျိကျွေမှာ..ချက်ဆိုနားရွက်ကမီးတောက်...၍. ..သခင်ကြီးကျင်းဝေ၏စိုးရိမ်မှု့အားနားလည်၍.


 ``..ကျွန်တော့ကို..မစိုးရိမ်ပါနဲ့...သခင်ကြီး..ကျွန်တော့ကို..ရှောင်လင်ကိုယ်တော်တွေအန္တာရာယ်မပြု့နိုင်ပါဘူး...´´


 ``..အင်း..သခင်လေးက..လိုချင်တယ်ဆိုမှတော့ ..ကျွန်တော်သွားယူပေးပါ့မယ်...ခဏစောင့်ပါသခင်လေး..´´ 


 သခင်ကြီးကျင်းဝေထွက်သွားလေသည်။


နဘေးမှ..ကျူးအော်မှာ..မျက်ဝန်းရွဲကြီးများဖြင့်စိုက်ကြည့်နေ၍..မျက်စိမမြင်ရသလိုဟန်ဆောင်ထားသော်လည်းမြင်နေရသောကျိကျွေမှာ...နေရထိုင်ရခက်ပြီးချွေးများပင်ကျလာလေတော့သည်။


ခဏအကြာ..သခင်ကြီးကျင်းဝေ.လက်ထဲတွင်..သားရေအိတ်..တစ်အိတ်ကိုင်ကာပြန်ဝင်လာတော့သည်။


``..ဒီမှာပါသခင်လေး...သခင်လေးလည်းပင်ပန်းသွားပြီ..ညလည်းနက်ပြီဆိုတော့...

.ကျူးအော်...သခင်လေးအတွက်..အခန်းခု့ချက်ချင်းသွားပြင်စမ်း..´´  


သခင်ကြီးကျင်းဝေ၏စကားကြော့င့်..ကျူးအော်..မှာ.ငြင်သာစွာ ...ကျိကျွေအား..တွဲ၍..ခေါ်သွားမည်ပြု့လေရာ...ကျိကျွေမှာ..မနေတက်တော့ပဲ..


.`` ..ရပါတယ်.မိန်ကလေး...ကျွန်တော်က...မျက်မမြင် ဟန်ဆောင်ထားတာပါ...သခင်ကြီးကိုတောင်းပန်ပါတယ်...အကြောင်းကိစ္စတစ်ခု့ခု့ကြောင့်...ကျွန်တော်မျက်မမြင်ဟန်ဆောင်ထားမိတာကိုနားလည်ပေးပါ...´.

´  

`` ဟင်..´´ ကျိကျွေ၏စကားကြောင့်...သခင်ကြီးကျင်းဝေနှင့်ကျူးအော်မှာ..လွန်စွာအံသြသွာလေသည်။


အဘယ်ကြောင့်ဆိုသော်..ကျိကျွေ၏မျက်လုံးတွင်..အဝတ်စ.ပတ်ထားပြီးမြင်ရသည်ဟု့ဆိုသောကြောင့့်ပင်။ 


အဝတ်စမှာပါးလွှာသောအဝတ်စမဟုတ်၊ ထူထဲသောဖျင်ကြမ်းစပင်ဖြစ်သည်။ထို့ကြောင့်


``သခင်လေးက..မျက်လုံးမြင်ရတယ်ပေါ့လေ..မဖြစ်နိုင်တာ ..အဝတ်စကြီးပတ်ထားပြီး..ဘယ်လိုလို့မြင်ရမှာလဲ..သခင်လေးနောက်နေတာတော့မဟုတ်ပါဘူးနော်..´´


သခင်ကြီး ကျင်းဝေ၏စကားအား..ကျိကျွေမှာ..ရယ်မိပြီး


 ``ဟဲဟဲ..နောက်နေတာမဟုတ်ရပါဘူးဗျာ....ခု့သခင်ကြီး...ခါးမှာ.ရဲတိုက်ပုံစံ.ကျောက်စိမ်းဆွဲပြားလေးဆွဲထားတယ်မဟုတ်လား... ဒီကမိန်းကလေးက..ခေါင်းမှာပန်းအဝါလေးပန်ထားတယ်...လေ´´


``ဟင်..´´ သခင်ကြီး ကျင်းဝေနှင့်ကျူးအော်..ထပ်မံ၍အံသြသွားရပြန်လေသည်။


သူတို့စိတ်ထဲတွင်...ကျိကျွေအား....လူလော

၊နတ်လော....ခွဲခြားရခက်နေလေသည်။

မိမိတို့အား...လာရောက်ကယ်တင်သော..နတ်တပါးများဖြစ်လေမလားဟု့လည်းတွေးနေမိလေသည်။


 ``.သခင်လေးက...အဝတ်ပိတ်ထားတာတောင်ဘယ်လိုလို့ မြင်ရတာလဲဟင်..´´ 


 တစ်ချိန်လုံးစကားမပြောသော ကျူးအော်မှ...ဝင်မေးလိုက်ခြင်းပင်ဖြစ်သည်။ 


စစတွေ့ခြင်းတွင်...ရှင်...ဟု့နာမ်စားသုံးမိသော်လည်း..ယခု့အခါတွင်မူ.ကျိကျွေအား များစွာအထင်ကြီးစိတ်များဝင်နေမိ၍..သခင်လေး...ဟု့ခေါ်လိုက်မိခြင်းပင်ဖြစ်သည်။


ကျူးအော်၏အမေးအား..


`` ဒါတော့..မပြောပြန်ိုင်တာခွင့်လွှတ်ပါဗျာ...ဟဲဟဲ..ကဲ..မိန်းကလေး...အရှေ့ကလမ်းပြပါ..ကျွန်တော်အိပ်ချင်ပြီမို့.....ခွင့်ပြု့ပါဦးသခင်ကြီး..´´


 . ..သခင်ကြီးကျင်းဝေ..ခေါင်းအသာအယာငြိမ့်လိုက်သဖြင့်.ကျူးအော်လည်း လမ်းပြရန်အခန်းအပြင်သို့ထွက်သွားလေတော့သည်။


ကျိကျွေလည်းအနောက်ကလိုက်သွားပြီး

ဒုတိယအကြိမ်...ကျူးအော်၏လှသွေးကြွယ်မှု့အား..မမြင်ချင်ပဲမြင်ရပြန်လေတော့သည်။


နောက်တစ်နေ့မနက်ရောက်သော်...ကျိကျွေအား...သခင်ကြီးကျင်းဝေမှ.


 ``သခင်လေး...တစ်မျိုးတော့မထင်ပါနဲ့ ..ဒီရတနာပစ္စည်းအချို့ကိုယူသွားလိုက်ပါ..သခင်လေးအတွက်လမ်းစရိတ်...သုံးလို့ရအောင်ပါ...တောစပ်အထိ ....ကျူးအော်ကလိုက်ပို့ပေးပါလိမ့်မယ်...သမီးလေးနိုးလာမှသခင်လေးကိုသွားစေချင်တာ...´´..


ကျင်းဝေ၏စကားကြောင့်ကျိကျွေ...ရင်ထဲဆွေးကနဲဖြစ်သွားကာ ...ခဏတာမြင်ခဲ့ရတဲ့...ခြူးခြူး၏မျက်နှာလေးအားလွမ်းသွားမိသည်။


``..အင်း..မတွေ့တော့ပါဘူးသခင်ကြီး..တစ်နေ့ကျွန်တော်ဒီကိုအလည်ပြန်လာခဲ့ပါမယ်.ဗျာ..´´


ထိုမျှသာ.ပြောပြီး .ကျိကျွေသခင်ကြီးအရှေ့မှထွက်လာခဲ့သည်။အနောက်မှကျူးအော်ပြေးလိုက်လာသည်။


ရဲတိုက်နှင့်ခပ်ဝေးဝေးအရောက်တွင် ကျိကျွေ ခဏရပ်ပြီးပတ်ဝန်းကျင်ရှု့ခင်းအားကြည့်ကာ 


`` အင်း...ဒီပတ်ဝန်းကျင်က...ပန်းလေးတွေအရမ်းလှတာပဲဗျာ....ဒါပေမယ့်..ဒီပတ်ဝန်းကျင်းမှာ.သူတို့ထက်လှတဲ့မိန်းကလေး.ရှိနေတော့..သူတို့ခဗျာသိမ်ငယ်နေရှာမှာပဲ..´´


ကျိကျွေ...စိတ်ထဲတွင်ခြူးခြူးမျက်နှာလေးအားမြင်ယောင်ရင်း..နုတ်မှလွှတ်ခနဲ .ပြောလိုက်မိခြင်းပင်။ ကျူးအော်မှာ.. သူမကိုပြောသည်ထင်ပြီး...ရှက်နေလေသည်။


``.ကံမကုန်ရင်တော့..ပြန်ဆုံရမှာပေါ့မိန်းကလေးရယ်..´´


  ကျိကျွေနုတ်မှ ခပ်တိုးတိုးလေးရေရွတ်လိုက်မိလေသည်။ကျိကျွေ၏စကားအား..ကျူးအော်မှာ..သိုင်းသမားတစ်ယောက်မို့ ရှင်းလင်စွာကြားနေရပြီး..ရှက်နေမိ၏။


သူမစိတ်ထဲတွင်..ကျိကျွေအား..အထင်ကြီးလေးစားမိ၍ မခြွေခင်ကပင်ကြွေချင်နေသယောင်ယောင်။


``.ကျွန်တော့ကိုခွင့်ပြု့ပါဦး...မကျုးအော်ရေး...သွားပြီဗျို့.´´ 


ရုတ်တရက်.ထိုသို့ပြောပြီး.ကိုယ်ဖော့ပညာသုံးကာ..ပြေးထွက်သွားသည်မှာလွန်စွာလျှင်မြန်လွန်းသောကြောင့်..ရိပ်ကနဲ..အသံပဲကြားရပြီးလူပျောက်သွားသဖြင့်...ကျူးအော်....ထပ်မံအံသြပြီးရင်းအံသြရပြန်လေသည်။


လူဆိုလျှင်..ပြိုင်ဘက်ကင်းအဆင့်တွေရှိသောကြောင့်..ကျိကျွေအား.ပို၍အထင်ကြီးလေးစားပြီးရင်းလေးစားမိနေတော့သည်။နတ်ဆိုလျှင်ကော......သို့လောသို့လော..အတွေးများနှင့်...ကျူးအော်တစ်ယောက်..ရင်ခုန်ခြင်း၊အံသြခြင်း.၊.မယုံကြည်နိုင်ခြင်း..အတွေးပေါင်းများစွာဖြင့်ကျန်ခဲ့လေတော့သည်။

*..ရှင်က..ဘယ်လ်ိုလူမျိုးလဲသိချင်မိတယ်..ကကျိကျွေ


〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰


              

                  နန်ကျင်း..မြို့၏တောစပ်တစ်နေရာတွေ  လူနှစ်ယောက် ဝါးတစ်ပြန်စာလောက်အကွာတွင်ရပ်နေကြသည်။တစ်ဦးမှာမိန်းကလေးဖြစ်ပြီး...သူမ၏ရှိုက်ကြီးရင်ဖိုအသွယ်သွယ်တို့နှင့်ပြည့်စုံကျစ်လစ်သော.ခန္ဓာကိုယ်အချိုးအစားအရ...မြင်သူတကာ ပု့ရသအပေါင်းအား ..ပြင်းထန်သောရာဂ စိတ်အားမဖြစ်ဖြစ်အောင် ဆွဲဆောင်နေသယောင်ယောင်။


သူမ၏ခန္ဓာက်ိုယ်အချိုးအစားအားပိုမိုလှပပေါ်လွင်အောင်..အသားကပ်ကတ္တီပါပိတ်စအသားဖြင့်ပြု့လုပ်ထားသောအင်္ကျီကိုဝတ်ဆင်ထားသည်။


နတ်သမီးတမျှ မချောမောလှသော်လည်း..ခန္ဓာကိုယ်အချိုးအစားလှပမှု့နှင့်ရုပ်ရည်ဆိုင်ရာမှာ...မိန်းမလှ စာရင်းဝင်ပေသည်။သူမမှာအခြားတော့မဟုတ်  လွန်ခဲ့သည့်တစ်နှစ်က..ဆုံးသွားခဲ့သည့်အဆိပ်မယ်တော်ကြီး၏တပည့်မ ကျူးရင် ပင်ဖြစ်သည်။


နောက်တစ်ဦးမှာမူ...ယောက်ျားလေးဖြစ်ပြီး..သူ၏ပုံစံမှာ  ယောက်ျားပီသသောခန္ဓာက်ိုယ်အချိုးအစားနှင့် ကြည့်ကောင်းသော ရုပ်လက္ခဏာပင်။


သူ၏မျက်လုံးနှစ်လုံးမှာအလွန်စူးရှပြီး..ခါးတွင်ချိတ်ထားသော..ဓား၏ဓားအိမ်တွင်.ပန်းကနုတ်များရေးထ်ိုိးုးထား၍..ဓားကောင်းတစ်လတ်ဖြစ်ပြီး...သိုင်းသမားတစ်ယောက်ဆိုတာ..ဖော်ပြနေသယောင်ယောင်။


``..အဟင်းဟင်း...သွေးမိစ္ဆာသိုင်းသမား လု့ဖန်ဆိုပြီးနာမ်မည်ကြီးနေတာ...အသက်ကြီးကြီးထဲကထင်နေတာ...ခု့မှတွေ့ရတော့လည်း...ရှင်က...ယောက်ျားပီသတဲ့ခန္ဓာကိုယ်နဲ့လူချောလေးပဲ...ခ်ခ်´´


အဆိပ်မယ်ကျူးရင်...သူ၏..ခန္ဓာကိုယ်အလှအပများအား..မလှုပ်လှုပ်အောင်လှုပ်ခါ၍...စကားစပြောလိုက်ခြင်းပင်။ထိုအခါ.


``အဟက်ဟက်...မြှောက်ပြောလွန်းနေပါပြီဗျာ..အဆိပ်မယ်ကျူးရင်ရဲ့.. အလှအပနဲ့သိုင်းပညာတော်လွန်းတယ်ဆိုပြီးကျော်ကြားတာ...အခု့မှပဲ..ပိုယုံသွားမိပြီ..´´


နှစ်ဦးစလုံးတစ်ယောက်နှင့်တစ်ယောက်အပြန်အလှန်ချီးမွန်းနေသလိုနှင့်...စိတ်ထဲတွင်တော့သတ်ဖျက်ရန်

ရန်လိုနေလေသည်။


ထိုလူနှစ်ယောက်လုံးမှာ..စိတ်ထားယုတ်ညံ၍..တစ်ဦးကျော်ကြားမှု့ကိုတစ်ဦးမနာလိုဖြစ်နေကြသောသူများပင်ဖြစ်သည်။.


သိုင်းပညာတော်သောသူများကို...စိန်ခေါ်ပြီးယဉ်ပြိုင်အနိုင်ရလေလေ..နာမ်မည်ပိုကြီးလေဖြစ်သောကြောင်..ယခု့လည်း...သူတို့နှစ်ယောက်ယှဉ်ပြိုင်ရန်ချိန်းဆိုထားခြင်းပင်ဖြစ်သည်။


``.အဲ့လောက်မမြှောက်ပါနဲ့ရှင်...ကျွန်မလည်းရှင့်ရဲ့သိုင်းပညာကိုလေ့လာဆည်းပူးချင်နေတာ...ကြာပြီ ကဲ...လက်တွေ့သိရအောင်.သိုင်းကွက်ကြည့်..´´


.ထို့သို့ပြောပြီး..အဆိပ်မယ်.ကျူးရင်မှ...စတင်ကာ..လက်နက်ပုန်းများဖြင့်ပစ်ခတ်လေတော့သည်။ 


သွေးမိစ္ဆာသိုင်းသမားလု့ဖန် လည်း..မခေပါချေ။ရုတ်တရက်သူ၏...ဦးခေါင်း၊လည်ပင်း၊နှလုံးနေရာသို့ပြေးဝင်လာသော..လက်နက်ပုန်းများအား...လျှင်မြန်စွာ..ခန္ဓာကိ်ုယ်တစ်ပတ်လှည့်ကာရှောင်လိုက်ပြီး...သွေးမိစ္ဆာသိုင်းကွက်တစ်ကွက်အားဖော်လိုက်ရာ


`` ယား....ဝှစ်.....´´


သူ၏ သိုင်းကွက်မှာပြင်းထန်လွန်းပြီး..ချက်ချင်းဆိုသလို..အဆိပ်မယ်ကျူးရင်ဆီသို့ပြေးဝင်သွားလေသည်..။


လွန်စွာမြန်ဆန်လွန်းသောကြောင့်..ကျူးရင်..ထိပ်ကနဲဖြစ်သွားပြီး...နောက်ကျွန်းတစ်ချက်ပစ်ကာ..ရှောင်၍ပြေးဝင်လာသော...လု့ဖန်ဆီသို့အဆိပ်မှုန့်များဖြင့်ပတ်ဖြန်းလိုက်လေသည်။


ထိုအခါ...လု့ဖန်မှာ.ချက်ချင်းပင်..အဆိပ်မှုန့်များ၏ဝေးရာသို့..ပြန်လည်ခုန်ရှောင်ထွက်လိုက်ပြိး...


``.ကဲ..မညှာတော့ဘူး ........တကယ့်တိုက်ကွက်လာပြီ...ကြည်..´´ 


▶▶▶▶▶▶အပိုင်း<၁၀>မျှော်◀◀◀◀◀◀◀

 

____________________________________________


rate now: