book

နတ်ဆေးဆရာနှင့်ငရဲမင်း၏သမီးတော်

Action

Read Book
  • Author : Thet Aung
  • Genres : Action
  • Release : 11 Nov 2021
  • Language : Burmese
  • Type : Original
  • Total chapter : 61
  • Total subscriber : 0
  • Rating :
  • Status : Ongoing

            ရေစီးသံတစ်ဝေါဝေါကြားနေရ၏။ကျေးငှက်လေးများကလည်း သာယာနာပျော်ဖွယ်ကောင်းလောက်အောင် သီဆိုနေကြလေသည်။ထိုနေရာကား လူသူအရောက်အပေါက်အလွန်နည်းလွန်းသော တောနက်ကြီးရဲ့တစ်နေရာဖြစ်သည်။

ထိုစဉ်


  `` ဝုန်း ...အုန်း ..   အုန်း...´´


                ရေတံခွန် အောက်ခြေမှ လူတစ်ယောက် ကျောက်သားကျောက်ဖဲ့တွေကို ရိုက်ခွဲကာ ခုန်ထွက်လာသည်။ အသက်အရွယ်၄၀ကျော် ၅၀ခန့် လူကြီးတစ်ယောက်၊ ရုပ်ရည်ကအလွန်ကြည့်ကောင်း၍ ရုတ်တရက်ကြည့့်လျှင်အသက်၃၀ မျှသာရှိသေးသည်ဟု ထင်ကြမည်မှာမြေကြီးလက်ခတ်မလွဲပေ။ထိုလူကြီးမှာ ရေတံခွန်ထဲမှခုန်ထွက်လာပြီး  တစ်ဆက်ထဲ


  ``ဟားဟား  အောင်ပြီကွ  အောင်ပြီ  ငါ့ရဲ့. တိမ်မုန်တိုင်း သိုင်းကျမ်းကို နောက်ဆုံးအဆင့်အောင်ရုံမက အဆင့်လွန်အထိပါ ပေါက်ရောက်အောင်ငါကျင့်နိုင်ခဲ့ပြီ ။ ဟား ဒီလောကမှာ ငါ့ကိုယှဉ်နိုင်တဲ့သူဘယ်သူမှမရှိတော့ဘူးကွ ။ ငါအနှစ်၂၀လောက် လူသူမရှိတဲ့နေရာမှာအပင်ပန်းခံပြီး ကျင့်ကြံခဲ့ရတာ  ၊ ခု့ငါ အစွမ်းဆုံးဖြစ်ပြီဆိုတော့ သိုင်းလောကတစ်ခု့လုံးကိုမြေလှန်ပစ်မယ် သိုင်းသမားမှန်သမျှကို ရက်ရက်စက်စက်သတ်ပြီး နိဂုံးချူပ် ပစ်မယ်။ ငါ့ရဲ့ နာကြည်းခြင်းတွေ ၊ကလဲ့စားတွေ၊ အမုန်း.အာဃာတ တွေကို သွေးနဲ့ပြန်ဆေးကြောပစ်မယ်ကွ ။  လီဂျိုစူး   ဆိုတဲ့ငါ ခု့ချိန်ထိမသေပဲပြန်ပေါ်လာပြီဆိုတာသိုင်းသမားတွေသိလို့ကတော့ အိမ်ထဲကအိမ်ပြင်မထွက်တော့မှာတော့မြင်ယောင်သေးတယ်ဟေး၊ အရင်ဆုံး သိုင်းလောကရဲ့ ထိပ်ခေါင်ဆိုပြီး မာနကြီးနေတဲ့ဟိုဘုန်ကြီးစုတ်တွေကိ အရင်ဆုံးသွားသတ်ရမယ်        ဟေဟေး ဟား....ဟား....ဟား...ဟား..ဟား............´´

 


    ထိုလူကြီး ဝမ်းခေါင်းအသံနှင့် နောက်ဆုံးအော်ရယ်လိုက်သော  


  `ဝုန်း    အုန်း  ..အုန်း...´ ဘေးပတ်ပတ်လည် နေရာမှ ရေပြင်တွေဟာ  လက်ပစ်ဗုန်းအလုံးတစ်ရာနဲ့ ပစ်လိုက်သလိုပေါက်ကွဲထွက်ကုန်သည်။ ထို့ပြင် ကိုက်၅၀လောက်အကွာအဝေးမှာရှိနေတဲ့သစ်ပင်တွေပါ အတွင်းအားရိုက်ခတ်လှိုင်းကြောင့် တစ်စစီဖစ်သွားရလေသည်။

  


   မြင့်မားတဲ့တောင်တစ်တောင်ထက် ပို၍ပို၍ မြင့်တဲ့တောင်ဆိုတာရှိစမြဲ။သို့သော် ထိုလူကြီး ထက်မြင့်မားတဲ့သိုင်းပညာနဲ့အတွင်းအား ပိုင်ရှင် ဒီလောကမှာရှိပါဦးမည်လော။သိုင်းလောကရဲ့ ထိပ်ခေါင် ရှောင်လင်ကျောင်းတော်ကြီးကကော သူ့ကိုအနိုင်ယူနိုင်ပါ့မလား။ ထိုလူကြီးမှာကော ဘာရန်ငြှိုးတွေ ၊ အာဃာတတွေ ရှိနေလဲဆိုတာ သူသာလျှင်သိပေလိမ့်မည်။ 


     လူငယ်လေးတစ်ယောက် ။ ဟုတ်ပါသည်  အသက် ၂၀အရွယ်ခန့်လူငယ်လေးတစ်ယောက် ကျောကုန်းမှာ ခြင်းတောင်း အကြီးကြီးလွယ်ပြီး  မြင့်မားတဲ့တောင်စောင်းပေါ်မှာ ခက်ခက်ခဲခဲ ကပ်တွယ်ကာ နေ၏။ 

  


    ``ကျိကျွေ ´´   ဆေးပင်များဒီထက်ရှာနိုင်မှဖြစ်မည်။ ရွာတွင် အခမဲ့ဆေးခန်းလေးဖွင့်ကာ စေတနာသန့်သန့်ဖြင့် လူနာတွေကိုကယ်ဆယ်ရတဲ့ ဒီဆေးဆရာအလုပ်လေးကိုအလွန်နှစ်ခြိုက်မိ၏။ လူနာရှင်များ၏ မေတ္တာဖြင့်ပေးသော အခကြေးငွေအနည်းငယ်လေးကပင် သူ့အတွက် လွန်စွာပီတိဖြစ်ရသည်မဟုတ်ပါလော။ ယခု့လည်း  လိုအပ်သည့်ဆေးပင်များကို ပိုလိုချင်၍ လူသူအရောက်အပေါက်နည်းလွန်းလှသော တောနက်ထဲသို့ဝင်ကာ ဆေးပင်ရှာမိခြင်းဖြစ်၏။ သူလိုချင်သောဆေးပင်များအားတောင်စောင်းမှာ တွေ့သောအခါ အပျော်လွန်ပြီးတောင်စောင်းပေါ် အလောတကြီးတက်လာမ်ိသည်မှာ သူ၏အကြီးမားဆုံးအမှားပင်  ..ဖြစ်လေမလား၊


 `` ကျိကျွေ ´´ သူ၏ လက်တစ်ကမ်းတွင်ရှိသောဆေးပင်အား ခက်ခက်ခဲခဲ လှမ်းခူးနေမိသည်။ မမှီတစ်မှီဖြစ်နေ၍  နည်းနည်းအားပိုစိုက်လိုက်မိသောအခါ ..


  ``ဂျွတ်     ဟင်........ငါတော့သွားပြီ.´´  


      သူမျက်လုံးအစုံမှိတ်ထားလိုက်မိလေသည်။ သူခြေနင်းထားတဲ့ ကျောက်ချပ်ကွာကျပြီး ချောက်ထဲသို့ ပြု့တ်ကျပြီဟု သိလိုက်မိကတည်းက. သူ့စိတ်ထဲတွင်  သေလူသတ်မှတ်ပြီးဖြစ်၍ မျက်လုံးမှတ်ထားလိုက်ခြင်းပင်။ 

`` ဝုန်း      ´´

   ကျိကျွေ လောကကြီးနှင့်လုံးဝအဆက်အသွယ်ပျက်သွားလေတော့သည်။


 သူသတိရလာတော့   ချောက်ထဲမကျပဲ  လမ်းတစ်ဝက် တွင်ပေါ်ထွက်နေသော  ကျောက်ဂူအစွန်းတွင်တင်နေခြင်းဖြစ်ကြောင်းသိလိုက်ရသည်။  


   ``ဟင် ဂူတစ်ဂူပါလား  အပေါ်လည်းပြန်တက်လို့မရတော့်ဘူး ဂူထဲဝင်ကြည့်မှပါ ဒါမှအပေါ်ပြန်ရောက်မဲ့လမ်းတွေ့ချင်တွေ့မှာ   ´´


    ``ဟာ   ရှားပါး  ဆေးပင်တွေ  ဒီလောကမှာတောင်မရှိတော့ဘူးလို့ ငါထင်ထားတဲ့ဆေးပင်တွေအများကြီး ဒီဂူထဲမှာလာပေါက်နေပါလား´´


  ကျိကျွေ လွန်စွာပျော်ရွှင်သွားမိသည်။ ငါသာဒိအပင်တွေကို အပြင်ယူသွားနိုင်ရင် ရွာသူရွာသားနဲ့ဒုက္ခသည်တွေအတွက်လွန်စွာအကျိုးရှိမှာပဲ။ ဒီတော့် ငါအပြင်မရောက်ရောက်အောင်ငါပြန်ထွက်နိုင်အောင် ကြိုးစာ း ရမယ်´´


   `` ဟာ  အမလေး   အ ..အ ..အရိုးခြောက်ကြီး´´


   သူလွန်စွာထိပ်လန့်သွားမိလေသည်၊ အားလည်းငယ်သွားမိ၏၊ သူ့လိုမျိုးလူတစ်ယောက်ဂူထဲရောက်လာပြီးအပြင်ပြန်မထွက်နိုင်ပဲ ဂုထဲမှာပင်အရိုးခြောက်ဖြစ်သွားသည် ထင်လေ၏။ သို့သော်ထူးဆန်းသည်မှာ ထိုအရိုးခြောက်သည်  တရားထိုင်နေတဲ့ပုံစံမျို့းဖြစ်နေလေသည်။ သူ၏ အရှေ့တွင်လည်း  ထူးဆန်းလှသည့်ကြေးပြား ၅ ချပ်ကိုလည်း တွေ့မြင်ရ၏။ .....


______________________________။___________________

  Crd Aυռg ፐჩeե Oo

Back