book

Thet Aung

Author

  • Name : Thet Aung
  • Total Books : 1
  • Rating :

#နတ်ဆေးဆရာနှင့်ငရဲမင်း၏သမီးတော် ရေစီးသံတစ်ဝေါဝေါကြားနေရ၏။ကျေးငှက်လေးများကလည်း သာယာနာပျော်ဖွယ်ကောင်းလောက်အောင် သီဆိုနေကြလေသည်။ထိုနေရာကား လူသူအရောက်အပေါက်အလွန်နည်းလွန်းသော တောနက်ကြီးရဲ့တစ်နေရာဖြစ်သည်။ ထိုစဉ် `` ဝုန်း ...အုန်း .. အုန်း...´´ ရေတံခွန် အောက်ခြေမှ လူတစ်ယောက် ကျောက်သားကျောက်ဖဲ့တွေကို ရိုက်ခွဲကာ ခုန်ထွက်လာသည်။ အသက်အရွယ်၄၀ကျော် ၅၀ခန့် လူကြီးတစ်ယောက်၊ ရုပ်ရည်ကအလွန်ကြည့်ကောင်း၍ ရုတ်တရက်ကြည့့်လျှင်အသက်၃၀ မျှသာရှိသေးသည်ဟု ထင်ကြမည်မှာမြေကြီးလက်ခတ်မလွဲပေ။ထိုလူကြီးမှာ ရေတံခွန်ထဲမှခုန်ထွက်လာပြီး တစ်ဆက်ထဲ ``ဟားဟား အောင်ပြီကွ အောင်ပြီ ငါ့ရဲ့. တိမ်မုန်တိုင်း သိုင်းကျမ်းကို နောက်ဆုံးအဆင့်အောင်ရုံမက အဆင့်လွန်အထိပါ ပေါက်ရောက်အောင်ငါကျင့်နိုင်ခဲ့ပြီ ။ ဟား ဒီလောကမှာ ငါ့ကိုယှဉ်နိုင်တဲ့သူဘယ်သူမှမရှိတော့ဘူးကွ ။ ငါအနှစ်၂၀လောက် လူသူမရှိတဲ့နေရာမှာအပင်ပန်းခံပြီး ကျင့်ကြံခဲ့ရတာ ၊ ခု့ငါ အစွမ်းဆုံးဖြစ်ပြီဆိုတော့ သိုင်းလောကတစ်ခု့လုံးကိုမြေလှန်ပစ်မယ် သိုင်းသမားမှန်သမျှကို ရက်ရက်စက်စက်သတ်ပြီး နိဂုံးချူပ် ပစ်မယ်။ ငါ့ရဲ့ နာကြည်းခြင်းတွေ ၊ကလဲ့စားတွေ၊ အမုန်း.အာဃာတ တွေကို သွေးနဲ့ပြန်ဆေးကြောပစ်မယ်ကွ ။ လီဂျိုစူး ဆိုတဲ့ငါ ခု့ချိန်ထိမသေပဲပြန်ပေါ်လာပြီဆိုတာသိုင်းသမားတွေသိလို့ကတော့ အိမ်ထဲကအိမ်ပြင်မထွက်တော့မှာတော့မြင်ယောင်သေးတယ်ဟေး၊ အရင်ဆုံး သိုင်းလောကရဲ့ ထိပ်ခေါင်ဆိုပြီး မာနကြီးနေတဲ့ဟိုဘုန်ကြီးစုတ်တွေကိ အရင်ဆုံးသွားသတ်ရမယ် ဟေဟေး ဟား....ဟား....ဟား...ဟား..ဟား............´´ ထိုလူကြီး ဝမ်းခေါင်းအသံနှင့် နောက်ဆုံးအော်ရယ်လိုက်သော `ဝုန်း အုန်း ..အုန်း...´ ဘေးပတ်ပတ်လည် နေရာမှ ရေပြင်တွေဟာ လက်ပစ်ဗုန်းအလုံးတစ်ရာနဲ့ ပစ်လိုက်သလိုပေါက်ကွဲထွက်ကုန်သည်။ ထို့ပြင် ကိုက်၅၀လောက်အကွာအဝေးမှာရှိနေတဲ့သစ်ပင်တွေပါ အတွင်းအားရိုက်ခတ်လှိုင်းကြောင့် တစ်စစီဖစ်သွားရလေသည်။ မြင့်မားတဲ့တောင်တစ်တောင်ထက် ပို၍ပို၍ မြင့်တဲ့တောင်ဆိုတာရှိစမြဲ။သို့သော် ထိုလူကြီး ထက်မြင့်မားတဲ့သိုင်းပညာနဲ့အတွင်းအား ပိုင်ရှင် ဒီလောကမှာရှိပါဦးမည်လော။သိုင်းလောကရဲ့ ထိပ်ခေါင် ရှောင်လင်ကျောင်းတော်ကြီးကကော သူ့ကိုအနိုင်ယူနိုင်ပါ့မလား။ ထိုလူကြီးမှာကော ဘာရန်ငြှိုးတွေ ၊ အာဃာတတွေ ရှိနေလဲဆိုတာ သူသာလျှင်သိပေလိမ့်မည်။ လူငယ်လေးတစ်ယောက် ။ ဟုတ်ပါသည် အသက် ၂၀အရွယ်ခန့်လူငယ်လေးတစ်ယောက် ကျောကုန်းမှာ ခြင်းတောင်း အကြီးကြီးလွယ်ပြီး မြင့်မားတဲ့တောင်စောင်းပေါ်မှာ ခက်ခက်ခဲခဲ ကပ်တွယ်ကာ နေ၏။ ``ကျိကျွေ ´´ ဆေးပင်များဒီထက်ရှာနိုင်မှဖြစ်မည်။ ရွာတွင် အခမဲ့ဆေးခန်းလေးဖွင့်ကာ စေတနာသန့်သန့်ဖြင့် လူနာတွေကိုကယ်ဆယ်ရတဲ့ ဒီဆေးဆရာအလုပ်လေးကိုအလွန်နှစ်ခြိုက်မိ၏။ လူနာရှင်များ၏ မေတ္တာဖြင့်ပေးသော အခကြေးငွေအနည်းငယ်လေးကပင် သူ့အတွက် လွန်စွာပီတိဖြစ်ရသည်မဟုတ်ပါလော။ ယခု့လည်း လိုအပ်သည့်ဆေးပင်များကို ပိုလိုချင်၍ လူသူအရောက်အပေါက်နည်းလွန်းလှသော တောနက်ထဲသို့ဝင်ကာ ဆေးပင်ရှာမိခြင်းဖြစ်၏။ သူလိုချင်သောဆေးပင်များအားတောင်စောင်းမှာ တွေ့သောအခါ အပျော်လွန်ပြီးတောင်စောင်းပေါ် အလောတကြီးတက်လာမ်ိသည်မှာ သူ၏အကြီးမားဆုံးအမှားပင် ..ဖြစ်လေမလား၊ `` ကျိကျွေ ´´ သူ၏ လက်တစ်ကမ်းတွင်ရှိသောဆေးပင်အား ခက်ခက်ခဲခဲ လှမ်းခူးနေမိသည်။ မမှီတစ်မှီဖြစ်နေ၍ နည်းနည်းအားပိုစိုက်လိုက်မိသောအခါ .. ``ဂျွတ် ဟင်........ငါတော့သွားပြီ.´´ သူမျက်လုံးအစုံမှိတ်ထားလိုက်မိလေသည်။ သူခြေနင်းထားတဲ့ ကျောက်ချပ်ကွာကျပြီး ချောက်ထဲသို့ ပြု့တ်ကျပြီဟု သိလိုက်မိကတည်းက. သူ့စိတ်ထဲတွင် သေလူသတ်မှတ်ပြီးဖြစ်၍ မျက်လုံးမှတ်ထားလိုက်ခြင်းပင်။ `` ဝုန်း ´´ ကျိကျွေ လောကကြီးနှင့်လုံးဝအဆက်အသွယ်ပျက်သွားလေတော့သည်။ သူသတိရလာတော့ ချောက်ထဲမကျပဲ လမ်းတစ်ဝက် တွင်ပေါ်ထွက်နေသော ကျောက်ဂူအစွန်းတွင်တင်နေခြင်းဖြစ်ကြောင်းသိလိုက်ရသည်။ ``ဟင် ဂူတစ်ဂူပါလား အပေါ်လည်းပြန်တက်လို့မရတော့်ဘူး ဂူထဲဝင်ကြည့်မှပါ ဒါမှအပေါ်ပြန်ရောက်မဲ့လမ်းတွေ့ချင်တွေ့မှာ ´´ ``ဟာ ရှားပါး ဆေးပင်တွေ ဒီလောကမှာတောင်မရှိတော့ဘူးလို့ ငါထင်ထားတဲ့ဆေးပင်တွေအများကြီး ဒီဂူထဲမှာလာပေါက်နေပါလား´´ ကျိကျွေ လွန်စွာပျော်ရွှင်သွားမိသည်။ ငါသာဒိအပင်တွေကို အပြင်ယူသွားနိုင်ရင် ရွာသူရွာသားနဲ့ဒုက္ခသည်တွေအတွက်လွန်စွာအကျိုးရှိမှာပဲ။ ဒီတော့် ငါအပြင်မရောက်ရောက်အောင်ငါပြန်ထွက်နိုင်အောင် ကြိုးစာ း ရမယ်´´ `` ဟာ အမလေး အ ..အ ..အရိုးခြောက်ကြီး´´ သူလွန်စွာထိပ်လန့်သွားမိလေသည်၊ အားလည်းငယ်သွားမိ၏၊ သူ့လိုမျိုးလူတစ်ယောက်ဂူထဲရောက်လာပြီးအပြင်ပြန်မထွက်နိုင်ပဲ ဂုထဲမှာပင်အရိုးခြောက်ဖြစ်သွားသည် ထင်လေ၏။ သို့သော်ထူးဆန်းသည်မှာ ထိုအရိုးခြောက်သည် တရားထိုင်နေတဲ့ပုံစံမျို့းဖြစ်နေလေသည်။ သူ၏ အရှေ့တွင်လည်း ထူးဆန်းလှသည့်ကြေးပြား ၅ ချပ်ကိုလည်း တွေ့မြင်ရ၏။ ..... ______________________________။___________________ Crd Aυռg ፐჩeե Oo

Book Thumb Book Details Status Rating Release Date

Name    : နတ်ဆေးဆရာနှင့်ငရဲမင်း၏သမီးတော်

Language : Burmese

61 Chapters

Action

09 Nov 2021

Page 1 of 1