#နတ်ဆေးဆရာနှင့်ငရဲမင်း၏သမီးတော်#
ဟန်နိုင်ငံ၏နယ်စပ်မြို့လေးအတွင်းတွင် ချစ်စရာကောင်းသောမိန်းမလှလေးတစ်ဦး သန်စွမ်းလွန်းလှသောမြင်းကြီးအား ကျကျနနစီးနင်း လာရင်း လမ်းတလျောက်ရှု့ခင်းများကြည့်ရှူ့နေ၏။
သူမ၏ခါးတွင် ကျောက်မျက်ရတနာစီခြယ်ထားသော
အလွန်အဖိုးထိုက်တန်သည့် ဓားတစ်ချောင်းအားလည်းလွယ်ထား၏။
သူမ၏မျက်နှာ၌ ရဲဝံ့ခြင်း၊ပြတ်သားခြင်း၊တည်ကြည်ခြင်း စသည့်ဂုဏ်သတ္တိများ ထင်ဟပ်လျက်ရှိနေသည်။
။သူမ၏ ခရီးလမ်းအားတားဆီးသူမှန်သမျှအား ရှင်းလင်းပစ်မည်ဟူသော
ပုံစံပေါ်လွင်နေ၏။
သူမမှာအခြားတော့မဟုတ် ညဏ်နီညဏ်နက်များပြီး လုပ်ချင်တာရှိလျင်တစ်စွတ်ထိုးလုပ်တက်သော
ရွှေမင်းသမိးလေး လု့မေပင်ဖြစ်သည်။
မကြာသေးခင်အချိန်ကာလက မျှ
လူတစ်ကာအပေါ်မတရားအမြတ်ထုတ်၊လစ်ရင်လစ်သလို ခိုးဆိုးလု့ယက်နေသော ဓားမြ၊မု့ဒိန်းကောင် မြေကြွက်လေးဖော်အား အပိုင်းပိုင်း လုပ်ပြီးအနိုင်ယူခဲ့သည်ဖြစ်၍့. မိမိကိုယ်ကိုယုံကြည်ချက်မြင့်မားနေသောပုံစံပေါ်လွင်နေသည်။
သို့သော် သူ၏ချစ်စရာကောင်းသော မျက်နှာတော်လေးအား မဖုံးဖိထားနိုင်ချေ။
လု့မေ. ၏အလှအပနှင့် တင်းမာသောမျက်နှာထားကြောင့်
မြင်သူတကာ ပု့ရိသ ယောက်ျားသားအပေါင်းမှာ လု့မေ၏အလှအပအား အချိန်အတော်ကြာမျက်စိအညောင်းခံကြည့်ချင်ပါသော်ငြှားလည်း လု့မေ ၏တော်ဝင်မျိုးရိုးမာန်အရှိန်အဝါ တို့က ပု့ရိသယောက်ျားသားအပေါင်းအား သိမ်ငယ်သွားစေသည်။
မည်သည့်မိန်းကလေးမဆို မိမိ၏အလှအပ၌ ယောက်ျားသားများ ယစ်မူးသွားသည်ကိုမြင်ရသော် လွန်စွာကျေနပ်ပီတိဖြစ်ကြသည်မဟုတ်ပါလော။
ထို့ကြောင့် နန်းတွင်းသိုင်းဆရာကြီးသင်ကြားပေးထားသောပညာရပ်များတွင် ရုပ်ဖျက်ပညာပါသော်လည်း ထိုပညာအားထုပ်မသုံးပေ။့
အဘယ်ကြောင့်ဆိုသော် မိမိ၏အလှအပအောက်၌ ယောက်ျားသားများ ဝတ်ဆင်းသွားသည်ကို မြင်တွေ့ရသောကြောင့် ပီတိဖြစ်မိ၍ ရုပ်ဖျက်ပညာအားထုပ်မသုံးသေးခြင်းပင်ဖြစ်သည်။
သို့သော် လု့မေ သည်သာမာန်မိန်းကလေးမဟုတ်ပါ ညဏ်ရည်ညဏ်သွေးအလွန်ထက်မြတ်သောမိန်းကလေးဖြစ်သောကြောင့် အလှအပခုံမင်သော စိတ်အား ပြန်လည်သုံးသပ်နေလေသည်။
``အင်း ..ငါရဲ့အလှအပကြောင့် လူယုတ်မာလေးယောက်လက်ထဲမှာ ရေတိမ်နစ်တော့မလို့တော်သေးတယ် ၊ ဘာပဲဖစ်ဖစ် အန္တာရာယ်ကင်းအောင် ရုပ်ဖျက်ပြီးတော့သွားလာမှဖြစ်တော့မယ်...
...ငါအခု့ရောက်နေတာ ချင်နိုင်ငံ..မဟုတ်တော့ဘူး...ဟန်နိုင်ငံထဲရောက်နေပြီ....ဘာလုပ်လုပ်အစစအရာရာသတိထားရတော့မယ်..´´
လု့မေသူ၏စိတ်ထဲမှထိုသို့တွေးပြီး...တည်းခိုခန်းအရှေ့ မြင်းကိုရပ်ကာ တည်းခ်ိုခန်းပိုင်ရှင်ဆီမှ ယောက်ျားလေးအဝတ်အစားများတောင်းဝယ်လိုက်ပြီး အခန်းအတွင်းသို့အဝတ်များဝင်လဲလိုက်သည်။
ခဏအကြာ ထိုအခန်းအတွင်းမှ ၁၇နှစ်ခန့်မျှသာရှိပြီးအလွန်ချောမောသော လု့လင်ပျိုလေးတစ်ဦး ပြန်ထွက်လာလေတော့သည်။
ထိုလု့လင်ပျိုမှာအခြားတော့မဟုတ် ရူပ်ဖျက်ထားသောလု့မေ ပင်ဖြစ်သည်။
သူမ၏နု့ပျိုလှပမှု့ကြောင့် ရုပ်ဖျက်ထားသော်လည်း ၁၇နှစ်ခန့်လူငယ်လေးတစ်ဦးကဲ့သို့နု့ပျိုနေပြီး ချောမောနေခြင်းပင်။
တည်းခိုခန်းပိုင်ရှင်လူကြီးသည် လု့မေ ၏ ရုပ်ဖျက်ပညာအား အံသြ၍ ချီးမွန်းမဆုံးဖြစ်နေလေတော့သည်။
လု့မေ တည်ခိုးခန်းအတွင်းမှ ပြန်ထွက်လာပြီးမြင်းပေါ်တက်ကာ သူ၏ခရီးအားပြန်လည်စတင်လိုက်တော့သည်။
သူမသည်အလွန်ညဏ်များလွန်းလှသည်။ချင်နိုင်ငံအတွင်းဆက်နေမည်ဆိုပါက သူမ၏ဖခင် လိုက်ဖမ်းပါက အမိခံရမည်ဆိုး၍ ဟန်နိုင်ငံအတွင်းသို့ သဘာဝ့ ရှု့ခင်းများကြည့်ရှု့ရင်း ဗဟု့သုတပိုရအောင်
ဝင်ရောက်လာခြင်းပင်ဖြစ်သည်။
တစ်ချက်ခုတ်နှစ်ချက်ပြတ်အောင် ညဏ်နီညဏ်နက်များ ထုပ်သုံးလိုက်သည်ဟု့ဆိုလျင်လည်းမမှားပေ။
လု့မေတစ်ယောက်
မည်သည်ကို ခရီးဆက်မည်မလဲဆိုတာကတော့...တစ်ချိန်ကသူမ ၏နန်းတွင်းသိုင်း ဆရာကြီးရဲ့စကားအတိုင်း
`` ..အင်း...ဟန်နိုင်ငံမှာ အလှပဆုံး၊အအေးချမ်းဆုံး၊အသာယာဆုံး.နေရာကတော့...ရှောင်လင်ကျောင်းတော်ကြီးပဲ.ချစ်တပည့်ရဲ့...ရှောင်လင်ကျောင်းပတ်ဝန်းကျင်ဟာ ...တရား၊ဓမ္မတွေရဲ့ လွှမ်းခြံမှု့ကြောင့် . အစဉ်အေးချမ်းနေတယ် ....ကျောင်းပေါ်တက်တဲ့လှေကားထစ်တွေဟာ အလွန်များပြားလွန်းတာကြောင့် မရေတွက်နိုင်ဘူး .သိုင်းလောကကြီးစတင်ဖြစ်ထွန်းလာရာ နေရာမို့ သိုင်းသမားတစ်ယောက်ဖြစ်ရဲ့သားနဲ့ ရှောင်လင်ကျောင်းမရောက်ခဲ့ပဲ သေခဲ့ရင် သေရကျိုးမနပ်ဘူးလို့ ဆိုကြတယ်ကွဲ့.´´ ...နန်းတွင်းဆရာကြီး၏ ထိုစကားအတိုင်း..လု့မေ၏ဦးတည်ချက်ခရီးမှာကား....ရှောင်လင်းကျော်တော်ကြီးဆီသို့သာ............
⏩⏩⏩⏩⏩⏩⏩⏩⏩⏩⏩⏩⏩⏩⏩⏩⏩⏩⏩⏩
ချင်နိုင်ငံ၏ ရွှေနန်းတော်အတွင်း၌ ချင်ဘု့ရင်မင်းမြတ်ဖြစ်သော ..ကောင်းဝေ ..တစ်ယောက် ..ရွှေနန်းဆောင်အတွင်း၌ ..ခေါက်တုံ့ခေါက်ပြန်လျောက်နေသည်။
သူ၏မျက်နှာတွင် စိုးရိမ်ခြင်း၊ပူပင်ခြင်း၊ဒေါသထွက်ခြင်း.၊အလိုမကျခြင်းများ..အတိုင်းသားပေါ်လွင်နေ၏။
..အဘယ်ကြောင့်ဆိုသော်...သူ၏ချစ်လှစွာသော...သမီးတော် လု့မေတစ်ယောက် ထွက်ပြေးသွားသောကြောင့်ပင်။
ချစ်လှစွာသောသမီးမှ
စာတစ်စောင်ပင်..ချန်ခဲ့၍...အနည်းငယ်. စိတ်သက်သာရာရသွားသော်လည်း....ဖတ်ကြည့်မိမှပို၍ ပူပင်သောကရောက်သွားရလေသည်။
စာထဲတွင်ရေးထားသည်ကား...
`` ဖခမည်းတော်...ဖခမည်းတော်ကို ..စိုးရိမ်ပူပန်စေခဲ့မိလို့...တောင်းပန်ပါတယ်ဖခမည်းတော် ..သမီးတော်.အပြင်လောကကဗဟု့သုတတွေ.ရှာဖွေချင်သေးပါသဖြင့်. ရက်အကန့်အသက်မရှိ...ဒီရွှေနန်းတော်ကြီးမှထွက်သွားပါသည်။သမီးတော်ကို လိုက်လံဖမ်းဆီးခိုင်းတယ်ဆိုရင်တော့ဖြင့် သမီးတော်၏အသက်မရှိတဲ့ခန္ဓာကိုယ်သာ...ပြန်ထည့်ပေးလိုက်မှာမို့....သမီးတော်ကိုခွင့်လွှတ်တော်မူပါ.ဖခမည်းတော်ဘု့ရား..´´ ဟူ၍ သူမ၏အသက်နှင့်ပင် ခြိမ်းခြောက် ရေးသားထားသောကြောင့် .ရှင်ဘုရင်ကြီးကောင်းဝေ လွန်စွာအခက်ကြုံနေလေသည်။
လု့မေ၏.တစွတ်ထိုးအကျင့်စရိုက်ကို သူသာအသိဆုံးမို့ ..ဦးနှောက်ရှိသောဘု့ရင်ကောင်းပီသစွာပင် ဆုံးဖြတ်ချက်တစ်ခု့ကို အချိန်အတိုအတွင်းချမှတ်လိုက်သည်။
``ရွှေဓားကိုင်လျှို့ဝှက် ကိုယ်ရံတော် အမှတ်၁၊အမှတ်၂၊အမှတ်၃ ..ကိုဆင့်ခေါ်လိုက်စမ်း ..ဝမ်ကုန်းကုန်း´´
နံဘေးတွင်တစ်ချိန်လုံးဒူးထောက်နေသော ဝမ်ကုန်းကုန်းအား ထိုသို့ပြောလိုက်သောအခါ
``အမိန်တော်မြတ်အတိုင်းပါ အရှင်မင်းကြီး ´´
ဝမ်ကုန်းကုန်း အပြင်သို့ထွက်သွားပြီး ခဏအကြာ တစ်ကိုယ်လုံးအနက်ရောင်ဝတ်ဆင်ထားပြီး ရွှေရောင်တောက်ပနေသောဓားကြီးများအား ခါးတွင်ချိတ်ထားသော လူသုံးယောက်နှင့်ဝမ်ကုန်းကုန်းပြန်လည်ဝင်ရောက်လာလေတော့သည်။
``အမိန့်နာခံမယ် အမှတ်၁၂၃ ငါကိုယ်တော်၏သမီးတော်အိမ်ရှေ့စံမင်းသမီးလေးကို
လိုက်လံရှာပြီး တွေ့ရှိပါက အဝေးကပင်
အိမ်ရှေ့စံမင်းသမီးလေး အန္တာရာယ်မှကင်းဝေးအောင် လျှို့ဝှက်၍စောင့်ရှောက်စေ...တစ်ချက်လွှတ်အမိန်တော်´´
`` အမိန့်နာခံလျက်ရှိကြောင်းပါ...အရှင်မင်းကြီးဘု့ရား .
..မင်းသမီးတော်ကိုအသက်လဲ၍. ကာကွယ်ပြီးစောင့်ရှောက်မှာမို့ ..အရှင်မင်းကြီး..ကြောင်ကြစိုးရိမ်တော်မမူပါနှင့်တော့ဘုရား....´´
``ကိုင်း..မောင်မင်းတို့ ....တစ်ယောက်ကိုရွှေသားတစ်ထောက်စီ..ဆု့ချလိုက်မယ်...ဟုတ်ပြီလား..´´
``ကျေးဇူးကြီးမြန်လှကြောင်းပါအရှင်မင်းကြီးဘု့ရား´´
ထ်ိုသို့ပြောပြီး
ရွှေဓားကိုင်ကိုယ်ရံတော် ၃ ယောက် အပြင်သို့ပြေးထွက်သွားတော့မှ...ဘုရင်ကြီး ကောင်းဝေ. အနည်းငယ်စိတ်သက်သာရာ ရသွားလေတော့သည်။
▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶
အလွန်လှပသောမိန်းကလေးတစ်ဦးကု့တင်ပေါ်၌ နှစ်ခြက်စွာအိပ်စက်နေသည်။
ထိုကုတင်၏နံဘေးတွင် လူကြီးတစ်ဦး အိပ်စက်နေသောမိန်းကလေးကို ယူကြုံးမရဖြစ်နေသောမျက်ဝန်းများဖြင့်ကြည့်ကာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ တွေဝေနေလေသည်။
မိန်းကလေးမှာ ခြူးနတ်နွယ်ဖြစ်၍ ထိုလူကြီးမှာတော့ ကျင်းဝေပင်ဖြစ်သည်။
ကျင်းဝေတစ်ယောက် သမိးလေခြူးခြူးအကြောင်းတွေးနေခြင်းဖြစ်သည်။
ခြူးခြူးမှာ ဒီရက်ပိုင်း သူမသေရတော့မည်ကိုသိသဖြင့် အိပ်ယာမှနိုးလာတိုင်း ပျော်ရွှင်စွာဟန်ဆောင်
နေ၍ အားလုံးနှင့်ပျော်ပျော်ရွှင်ရွှင်ပင်ရယ်မောနေတက်သည်။
သူတို့သည်ပင် သမီးလေးခြူးခြူးနိုးလာတိုင်း သမီးလေးအရှေ့တွင် ဘာမှမဖြစ်သလို ဟန်ဆောင်ပျော်ရွှင်နေပြ၍ သမီးလေးခြူးခြူးအိပ်သွားသောအခါ..မထိန်းနိုင်မသိမ်းနိုင်ပင် ငိုခဲ့ရသည့်ရက်ပေါင်းမှာမနည်းတော့ပေ။
သမီးလေးခြူးခြူးမှာ တိုက်သမျှအားဆေးတိုင်း သောက်၍နေသော်လည်း ထူးဆန်းသည့်အဆိပ်ကြောင့် သူမ၏အားအင်များတခဏအတွင်း ပြန်လည်ဆုတ်ယုတ်သွားသဖြင့် အားမရှိသောသူတစ်ယောက်ကဲ့သို့ တစ်ခါအိပ်စက်သွားလျင် အနည်းဆုံး၁၂နာရီမျှပင်ကြာလေသည်။
ဒီနောက်ပိုင်းတွင် အိပ်စက်သည့်အချိန်မှာ ပိုပိုများလာပြီး ၁၆နာရီခန့်အထိပင် အိပ်စက်လာသောကြောင့်
ကျင်းဝေတစ်ယောက် ဘာဆက်လုပ်ရမလဲမသိ ခေါင်းစားလျက်ရှိ၏။
ထိုအခြင်းအရာအား တံခါးပေါက်၌လူတစ်ယောက်ချောင်းကြည့်နေရင်း မျက်ရည်ကျနေလေသည်။
ထိုသူမှာ ကျူးအော် ပင်ဖြစ်သည်။
ကျူးအော်.ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ
ငိုင်ထွေနေသော သခင်ကြီးနှင့် မောပန်းလွန်းလို့ နှစ်ခြိုက်စွာအိပ်ပျော်နေသည့်ပုံသဏ္ဍာန်ရှိသော သခင်မလေး တို့နှစ်ဦးသားအား ဆက်ကြည့်န်ိုင်သည့်အင်အားမျိုးမရှိတော့သဖြင့် ...ရဲတိုက်အပြင်ဘက်သို့ ထွက်လာလိုက်မိလေသည်။
ထိုအခါ ရဲတိုက်အပြင်၌ မျက်လုံးအားအဝတ်နှင့်စည်းထားသော လူငယ်တစ်ယောက်နှင့် အစောင့်များစကားများနေသဖြင့် ထူးဆန်းလွန်းသောကြောင့် အနီးကပ်သွား၍ နားထောင်လိုက်မိသည်။
အဘယ်ကြောင့်ဆိုသော် ဤရဲတိုက်ရှိသောတောအုပ်အတွင်းသ်ို့ လူမပြောနှင့်တောကောင်သတ္တဝါ
များပင်မရောက်လာခဲ့တာ အတော်ကြာခဲ့ပြီလေ။
ထ်ိုကြောင့် အနီးကပ်နားထောင်လိုက်သောအခါ
`` ဒီမှာဟေ့လူ ဘယ်ကဘယ်လို ဒီတောအုပ်ထဲရောက်လာတာလဲသေချင်လို့လား....´´
ကျိကျွေ တစ်ယောက်ထိုလူ၏အမေးအား
``ကျွန်တော် မျက်မမြင်ဒုက္ခသည်တစ်ယောက်ပါဗျာ ဘယ်ကနေဘယ်လို..ဒီကိုရောက်နေတာလဲဆိုတာ ကျွန်တော်လည်းမသိတော့ပါဘူးအကိုတို့ရယ်..ဖြစ်နိုင်မယ်ဆိုရင် ဒီညဒီမှာတည်းခိုပါရစေလားဗျာ...´´
``ဒီမှာ ဒီတောအုပ်နာမ်မည်က ပြန်လမ်းမရှိတောအုပ် တဲ့ စိတ်တော့မကောင်းဘူး ...ကျုပ်တို့ မင်းကိုသတ်ရလိမ်မယ်ပြန်ထွက်သွားခွင့်မပေးနိုင်ဘူး..´´
ကျိကျွေ စိတ်ထဲမှ ထိုလူတို့၏စကားအားရယ်ချင်မိသလိုဖြစ်သွားသော်လည်း ထိုလူများအားသေချာစူးစိုက်ကြည့်မိသော် .ဝမ်းနည်းပူဆွေးနေသောပုံသဏ္ဍာန်ပေါ်လွင်နေ၏။
လူမမာ(သို့မဟုတ်) မိသားစု့ဝင်ထဲမှ လူတစ်ယောက်သေသွားမှသာလျှင် ဤကဲ့သိုသာ့. ပူဆွေးနေမှု့ဖြစ်ပေါ်တက်သည်။
ထိုအချက်အား ဆေးဆရာတစ်ယောက်မို့ကျိကျွေ နားလည်သွား၍ သေချာပြန်လည်သုံးသပ်ပြီး ကြောက့်ရွံထိပ်လန့်သောပုံစံဖြင့်
`` ကျွန်တော့်ကို မသတ်ပါနဲ့ဗျာ ..ကျွန်တော်ကလူတွေကိုကယ်တင်တဲ့ဆေးဆရာအလုပ်ကိုလုပ်ပါတယ်..
ကျွန်တော်မကု့နိုင်တဲ့ရောဂါဆိုတာ မရှိပါဘူး...အကိုတို့ဆီမှာ လူမမာတွေဘာတွေမရှိဘူးလား ..ကျွန်တော်ကယ်တင်ပေးပါရစေ´´
``ဟင်..´´
ခပ်လှမ်းလှမ်းတံခါးနံဘေးမှချောင်းနားထောင်နေသော ကျူးအော် ၏ အံသြသံနှင့် တံခါးစောင့်များ၏ အံသြသံတစ်ပြိုင်နက်ထဲထွက်ပေါ်လာခြင်းပင်ဖြစ်သည်။
ကျူးအော် မျက်လုံးအားအဝတ်စည်းထားသော လူအရှေ့(ကျိကျွေဆီ)့သို့. ခုန်ဝင်လိုက်ပြီး...အံသြသောမျက်နှာနှင့်
``ကျွန်မတို့ဆီမှာ လူမမာရှိတာရှင်ဘယ်လိုလို့သိလဲ...ကျွန်မတို့ရဲတိုက်ထဲကလူတွေကလွဲလို့ အပြင်လောကကလူ တစ်ဥိးတစ်ယောက်မှဒီကိစ္စကိုမသိဘူး...ဒါကိုရှင်ကသိနေတယ်ဆိုတော့...ရှင်ကတော်ရုံလူတော့မဟုတ်လောက်ဘူး...ဒီတော့ ကျွန်မနဲ့လိုက်ခဲ့ပါ.ဘာပဲဖြစ်ဖြစ်ပျောက်အောင်
ွှကု့ပေးနိူင်ခဲ့တယ်ဆိုရင် ...ကျွန်မရဲ့အသက်နဲ့အသွေးအသားတွေပါ ရှင့်ကတောင်းဆိုရင်တောင် ကျွန်မပေးနိုင်ပါတယ် ..တကယ်လို့ရှင်မကု့သပေးနိုင်ဘူးဆိုရင်တော့...ရှင့်ရဲ့အသက်မရှိတဲ့ခန္ဓာကိုယ်သာလျှင် ဒီရဲတိုက်ထဲကထွက်ခွာသွားရမယ်လို့သာမှတ်လိုက်ပါ....တံခါးစောင့်တွေ...အဲ့ဒီမျက်မမြင်ဆေးဆရာကိုတွဲခေါ်ပြီးလိုက်ခဲ့ကြစမ်း..သခင်မလေးအခန်းကို........´´
ရုတ်တရက်ဝင်ရောက်လာပြီး ..စကားများအားတစ်ဆက်ထဲပြောဆိုညွှန်ကြားသွားသော ..မိန်းမလှလေးကြောင့်.ကျိကျွေ...အနည်းငယ်အံသြသွားရလေသည်။
ထိုသို့တဆက်ထဲပြောဆိုပြီး..ရှေ့မှလမ်းလျောက်ထွက်သွားသော .ကျူးအော် ၏...လှသွေးကြွယ်မှု့အား...မျက်မမြင်ဟန်ဆောင်ထားသော.ကျိကျွေ.ကြည့်မိပြီး....စိတ်ထဲမှ...................................................
_____________________________အပိုင်း<၉>မျှော်
Aung Thet Oo