#နတ်ဆေးဆရာနှင့်ငရဲမင်း၏သမီးတော်#
ကျိကျွေ နောက်ဆုံးကြေးပြားအားဖတ်လိုက်သောအခါ ကြေးပြားပေါ်တွင်ရေးထားသည်ခေါင်စဉ်ကား
◀ ``ကျွန်ုပ် ကျင်းဟူ ၏ အတ္ထုပတ္တိ ´´▶
~~ ကျွန်ုပ်ကျင်းဟူသည် ငယ်စဉ်အချိန်ကမိဘနှစ်ပါးမရှိတော့၍ သိုင်းဝိဇ္ဇာဆရာကြီးတစ်ဦးမှ မွေးစားခြင်းမှ ခံခဲ့ရ၏။
ဆရာကြီးမှာကျွန်ုပ်အား ငယ်စဉ်ကတည်းကကျွေးမွေးစောင့်ရှောက်၍သိုင်းပညာနှင့်စာပေကျမ်း၊ဆေးကျမ်း၊စစ်ဗျူဟာကျမ်း၊အဆိပ်ကျမ်း၊လောကနီတိကျမ်း စသဖြင့် ကျမ်းပေါင်း မြောက်မြားစွာအားသင်ယူစေခဲ့သည်။
ကျွန်ုပ်အရွယ်ရောက်သော် ဆရာကြီးမှ ကျွန်ုပ်တက်မြောက်ထားတဲ့သိုင်း၊ပညာများနှင့်လောကကောင်းကျိုးသယ်ပိုးနိုင်စေရန် သိုင်းလောကထဲစေလွှတ်ခဲ့လေသည်။
ထိုအချိန်မှစ၍ကျွန်ုပ်မှာ တက်စွမ်းနိုင်သမျှ သိုင်းလောကအကျိုး၊အများပြည်သူအကျိုးအားသယ်ပိုးခဲ့သည်။
ထ်ို့ကြောင့် လူအများ၏ချစ်ခင်လေးစားမှု့ကို ရရှိခဲ့ရသည်။
သို့သော် မိန်းကလေးတစ်ယောက်၏မာယာ၌ ကျဆင်ူးခဲ့ရသည့့်အချိန်မှစ၍
ကံကြမ္မာဆိုးကဝင်ရောက်ခဲ့လေသည်။
ထိုမိန်းမပျိုလေးသည် အနက်ရောင်သိုင်းလောကရဲ့ သခင်မလေး ကျိုးမေ. ပင်ဖြစ်သည်။
ကျွန်ုပ်သည် ငယ်ရွယ်စဉ်အချိန်မို့ သူမနှင့်ပတ်သတ်လျှင်အဆိုး၊အကောင်းမခွဲခြားတက်တော့ပဲ သူမ၏့အလှမှာနစ်မျောခဲ့ရသည်။
ထိုအချိန်၌ ကျွန်ုပ်၏ကမ္ဘာဖြိုလက်ဝါးသိုင်းနှင့်လေးကျွန်းစင်္ကြာအတွင်းအားမှာ ပြိုင်စံရှားမို့ သိုင်းလောက၌ ပြိုင်ဘက်ကင်းဖြစ်ခဲ့သည်။
သို့သော် ကျွန်ုပ်စွဲလမ်းမိသော သူမမှာ သိုင်းလောကတစ်ခု့လုံးအားချုပ်ကိုင်လိုသော ဆန္ဒရှိ၍ ကျွန်ုပ်အား အသုံးချခဲ့မှန်းကျွန်ုပ်မသိခံပေ။
ထို့ကြောင့် သူမအတွက်နှင့် သိုင်းလောကသားအမြောက်အများအား သတ်ဖြတ်ခဲ့မိလေသည်။
သူမအကြံအောင်မြင်ခါနီးမှာ ကျွန်ုပ်၏ဆရာရောက်ရှိလာပြီး အကျွန်ုပ်အား ဆုံးမဟောပြောမှု့ကြောင့် ကျွန်ုပ်၏အမှားကိုကျွန်ုပ်သိမြင်ပြီး ကျိုးမေ ၏အသုံးချခံမှု့မှလွတ်မြောက်ခဲ့သည်။
ကျွန်ုပ်၏ဆရာမှာလည်း သူမအားနောင်ကျဉ်အောင်ဆုံးမ ၍ထာဝရပျောက်ကွယ်သွားခဲ့လေသည်။
ကျွန်ုပ်သည် တပည့်မိုက်မို့ ဆရာ့အားလည်းမျက်နှာမပြဝံတော့ပေ။
လူအများအားသတ်ဖြတ်မိခဲ့၍ သိုင်းလောကနှင့်လူအများကြားတွင်လည်း မနေလိုတော့ပေ။
ထို့ကြောင့် လူသူအရောက်အပေါက်နည်းလွန်းသောဤ ကျောက်ဂူထဲတွင်အေးချမ်းစွာနေ၍ သေဆုံးသည့်အချိန်ထိတရားအားထုတ် ၍နေမည်ဟု့ဆုံးဖြတ်ခဲ့လေသည်။
:သို့သော် ကျွန်ုပ်၏သိုင်းပညာအမွေဆက်ခံသင့်သူတစ်ယောက် သို့မဟုတ် လောကကောင်းကျိုးသယ်ပိုးနိုင်သောမိတ်ဆွေ တစ်ယောက် ဤဂူထဲသို့ရောက်ရှိခဲ့ပါက တက်မြောက်နိုင်စေရန် ကျွန်ုပ်တက်ကျွမ်းသောပညာရပ်များမှ တန်ဖိုးထားသော ပညာတို့အား
ဤ ကြေးပြားများပေါ်တွင် ရေးသားခဲ့ပါသည်။
ဤကြေးပြားများသည် ဓားမတိုး၊လှံမတိုး၊အဆိပ်မိလျှင်တောင် အဆိပ်အားစုပ်ယူပေးသော ကျွန်ုပ်၏အစွမ်းထက်သည့်ကိုယ်ကြပ်အင်္ကျီအား ၅ ပိုင်းခွဲ၍ ကြေးပြားပုံစံပြုလုပ်ထားခြင်းပင်ဖြစ်သည်။
လေးကျွန်းစင်္ကြာအတွင်းအားပညာဖြင့် ကြေးပြားများကိုပေါင်းစည်း၍ က်ိုယ်ကြပ်အင်္ကျီအဖြစ်အသုံးပြု့နိုင်ပါစေ။
စိတ်ကောင်းနှလုံးကောင်းရှိသူမှကျင့်၍ရသော လေးကျွန်းစင်္ကြာအတွင်းအားကိုတက်ကျွမ်းမှသာ ကမ္ဘာဖြိုလက်ဝါးသိုင်းကျင့်၍ရပေမည်။
ထို့အတူ နောက်ဆက်တွဲ ရွှေကိုယ်ပွားခြေလှမ်းသိုင်းနှင့်ဓားအက္ခရာ၆ချက်မှာလည်း လေးကျွန်းစင်္ကြာအတွင်းအားပညာနှင့်မှသာ ပို၍အစွမ်းထက်ပေလ်ိမ့်မည်။ထို့ကြောင့်လေးကျွန်းစင်္ကြာအတွင်းအားပညာအားတက်ကျွမ်းအသုံးပြု့နိုင်သောမိတ်ဆွေမှာ လူကောင်းတစ်ယောက်ဖြစ်မည်ဟု့ကျွန်ုပ်ယုံကြည်၏။
ကျွန်ုပ်ရေးထိုးထားခဲ့သည့်ပညာများဖြင့် လောကကောင်းကျိုးအားသယ်ပိုး၍ ကျွန်ုပ်၏အပြစ်ကြွေးများအား ဆပ်ပေးပါရန်အနူးအညွတ်တောင်းပန်ရင်း..........
နောင်တများစွာနှင့် ကျင်းဟူ~~
ဟူ၍ ရေးသားထားလေသည်။ကျိကျွေ သည်ထိုစာအားဖတ်ရင်း..
``အင်း...ဘယ်လောက်ပဲသိုင်းပညာထက်ထက်..၊ဘယ်လောက်ပဲ အသိပညာတွေများများ. ၊ဘယ်လောက်ပဲ စိတ်ထားကောင်းကောင်း... နောက်ဆုံး
မိန်းမဆိုသည့် မာယာနွံထဲကျဆင်းရတော့လည်း ...တောရိုင်းတိရစ္ဆာန် နဲ့မှမခြား.... တွေးတောဆင်ခြင်နိုင်စွမ်းတွေပျောက်ဆုံးကုန်ပါပကောလား.... ဒါ့ကြောင့် မိန်းမဖျက် ပြည်ပျက်တယ် ဆိုတဲ့စကားဟာ သိပ်မှန်လေစွ ...၊ဘာပဲဖြစ်ဖြစ်လေ.. သင်ဆရာမဟုတ်ရင်တောင်သူကကိုယ့်ရဲ့ဆရာပဲ... ၊ဆရာဟာ နောင်တတရားတွေနဲ့တသက်လုံး ဒီပျင်းစရာကောင်းတဲ့ဂူထဲမှာအထီးကျန်စွာနေထိုင်ခဲ့ရတယ်... သိပ်သနားဖို့ကောင်းတာပဲ ...၊ဘာပဲဖြစ်ဖြစ်တပည့့်ဆရာ့ကိုဂါဝရပြု့ပါတယ် ....၊
ဆရာကောင်းရာမွန်ရာရောက်ပါစေ...ဆရာဖြစ်စေချင်တဲ့အတ်ိုင်း တပည့် အများအကျိုးကိုတက်စွမ်းသမျှသယ်ပိုးပါမယ်လို့ကတိပေးပါတယ် ..ခဗျာ......´´
ကျိကျွေ သံဝေဂများစွာရမ်ိပြီး...ဆရာဖြစ်သူအားလည်း လွန်စွာသနားမိသွားလေသည်။
ဘာပဲဖြစ်နေဖြစ်နေ. ဆရာဟာဆရာပဲဟူသော ဆိုရိုစကားကြောင့် ဒူးထောက်၍သုံးကြိမ်တိတ်ိဂါဝရပြု့လိုက်မိ၏။
ထိုအခါ ထူးဆန်းစွာပင် အရိုးခြောက်ကြီးမှာ ပြာမှုန့်များအဖြစ်သို့ တဖြည်းဖြည်းခေါင်းမှစ၍ ပြောင်းလဲသွားပြီး ထိုပြာမှုန့်များမှာ
ဂူအပြင်ဘက်သို့..လွင့်ပျယ်သွားလေတော့သည်။
ကျိကျွေ ကြက်သီး အနည်းငယ်မျှထသွားမိပြီး
``အင်း ဆရာပြောသလိုကြေးပြားတွေက်ိုအတွင်းအားနဲ့.ပေါင်းစပ်ကြည့်ရမယ်...´´
ကျိကျွေ ထိုသို့တီးတိုးရေရွတ်လိုက်ကာ ကြေးပြား၅ချပ်အား ထပ်လိုက်ပြီး လေးကျွန်းစင်္ကြာအတွင်းအားပညာဖြင့်ထိန်းချုပ်လိုက်လေသည်။
ထိုအခါ သူ၏လက်အတွင်းမှ ကြေးပြား၅ချပ်မှာ စင်္ကြာကဲ့သို့ မြန်ဆန်စွာလည်နေပြီး ခဏမျှအကြာ
.
``ချပ်´´
ဟူသောအသံဖြင့် ကြေးပြားများမှာပေါင်းစည်းသွားပြီး..အလွန်ပေါ့ပါးပြီးရွှေရောင်တောက်ပနေသော ချပ်ဝတ်တန်ဆာအဖြစ်သို့ပြောင်းလဲသွားလေသည်။
ကျိကျွေလည်း အင်္ကျီအတွင်း၌ ထည့်ဝတ်လိုက်ပြီး
``အင်း ဘာလိုလိုနဲ့ငါသေကံမရောက်ပဲဒီဂူထဲရောက်ပြီး သိုင်းပညာနဲ့ဆေးပညာအပြင် လူအများကိုကယ်တင်နိုင်မဲ့တန်ဖိုးကြီးဆေးလုံးတွေအများကြီးရခဲ့တယ် ဒါဟာငါ့ရဲ့ကံကောင်းမှု့လို့ဆိုရမယ် ကံဆိုးမှု့ကတော့ဘယ်အချိန်ကြုံရမလဲမသိသေးဘူး၊ဂူထဲမှာ ဆေးပင်တွေကလည်ူအများကြီးကျန်ရှိနေသေးတော့ နှမျောစရာတော့ကောင်းသား....၊ဘာပဲဖြစ်ဖြစ်ဆေးတွေ လိုအပ်ရင် ဒီဂူထဲပြန်
လာခူးပြီး ထပ်ကြိတ်ရမယ် ....အင်း...ခု့လိုပြန်ထွက်သွားရမယ်ဆိုတော့ရင်ထဲတစ်မျိုးပဲ အထီးကျန်တယ်ဆိုပေမယ့်..အေးချမ့်းတိတ်ဆ်ိတ်တဲ့ဒီဂူလေးထဲမှာပဲ နေချင်မိတာတော့အမှန်ပဲ .ဆရာ့ကိုကတိပေးထားသလို လောကကောင်းကျိုးတက်စွမ်းသမျှ ကူညီပြီးရင်တော့ဒီဂူလေးထဲမှာပဲ အေးဆေးလာနေတော့မယ်....´´
ကျိကျွေ ထိုသို့တစ်ယောက်ထဲရေရွတ်လိုက်လေတော့သည်။
*ကျိကျွေတစ်ယောက်ဒီဂူထဲနောက်တစ်ကြိမ်ပြန်လာနိုင်မလားဆိုတာကတော့ ကံကြမ္မာ သာသိပေလိမ့်မည်....။
*အသက်မသေပဲကံကောင်းမှု့တွေကြုံတွေ့ခဲ့ရတဲ့ကျိကျွေတစ်ယောက် ဆက်လက်ကံကောင်းနိုင်ပါ့ဦးမလား......။
*အင်မတန်ရှုပ်ထွေးလွန်းလှ၍ လူကောင်း၊လူဆိုး ရောထွေးနေသော သိုင်းလောကထဲ၌ ကျိကျွေတစ်ယောက်
မည်ကဲ့သို့ကံဆိုးမှု့တွေကံကောင်းမှု့တွေကြုံတွေ့ရပေဦးမည်နည်း.....။
ကျိကျွေ ထိုဂူထဲတွင် နောက်ထပ်လေးရက်မျှဆေးကြိတ်လိုက်၊ရှူရှိုက်နည်းဖြင့်စိတ်တန်ခ်ိုးကျင့်၍ဆေးကု့နည်း ထဲကအတိုင်း စိတ်ကိုပို၍အစွမ်းထက်တည်ငြိမ်စေရန်
ကမ္မဌာန်းဖြန်လ်ိုက်၊ နတ်ပန်းသီးစား၍ သိုင်းများအားပြန်လေ့ကျင့်လိုက်ဖြင့် အချိန်ကုန်လွန်လေပြီးသောအခါ လမ်းတွင်စားဖို့နတ်သစ်သီး ၃ လုံးခူး၍ ဂူအထဲမှာထွက်ခွာပြီး ချောက်ကမ်းပါးပေါ်သို့ လင်းဆွဲကိုယ်ဖော့ပညာဖြင့် လျှင်မြန်စွာကပ်တွယ်တက်လာလိုက်တော့သည်။
လေးကျွန်းစင်္ကြာအတွင်းအတွင်းအားပညာအစွမ်းကြောင့် လင်းဆွဲကိုယ်ဖော့ပညာအား အဆင့်မြင်မြင့်ပေါက်ရောက်သည်အထိကျင့်နိုင်ခဲ့ပြီး စိတ်နှင့်ဆေးကု့ရာတွင်လည်း အစာအိမ်၊နှလုံး၊ခန္ဓာက်ိုယ်အတွင်းမှ လေအောင့်လေထိုး၊သွေးကြော စသဖြင့် ခန္ဓာကိုယ်အတွင်းမှရောဂါများလည်း ပျောက်ကင်းသည်အထိ ကျင့်ကြံနိုင်ခဲ့ပေသည်။
ကျိကျွေ ချောက်ကမ်းပါးအပေါ်မှ သဘာဝ၏လေအပြည့်အားလွတ်လပ်းစွာအားရပါးရ ရှူရှိုက် လိုက်ပြီး ညနေခင်း၏ ရှူခင်းအလှအား ခဏမျှကြည့်ရှု့နေမိ၏။
ဒီလိုရှု့ခင်းမျိုးမမြင်တွေ့ခဲ့ရတာ ရက်ပေါင်းအတော်ကြာခဲ့ပြီမဟုတ်လား။
ထို့နောက်ချောက်ကမ်းပါးမှဆင်းလာပြီး မိမိ၏နေ့ရပ်သို့ပြန်ရန်လမ်း တွက်ဆလိုက်၏။
မိမိတွင်ယခု့ကိုယ်ဖော့ပညာများလည်းတက်ထားသည်မို့ အရင်လိုလူလျောက်လမ်းများမှ သွားစရာလိုသည်ဟု့မထင်တော့၍ ဖြတ်လမ်းဟု့ထင်ရသော တောအုပ်ထဲသို့ ကိုယ်ဖော့ပညာဖြင့်ပြေးဝင်လိုက်လေတော့သည်။
ခဏမျှ တောအုပ်ထဲပြေးလွှားသွားရင်းမှ သူ၏နတ်မြွေမျက်လုံးအစွမ်းကြောင့်
ခပ်ဝေးဝေးတွင်အချွန်အတက်ခေါင်မိုးများထွက်နေသော ရဲတိုက်ကြီးအားတွေ့လိုက်ရလေတော့သည်။
`` ဟာ တောနက်ထဲမှာဘယ်ကရဲတိုက်ကြီးရှိနေတာပါလိမ့် အရင်ကဒီဘက်ခြမ်းကတောကောင်တွေပေါတယ်ဆိုလို့ ဒီတောအုပ်ကို
တစ်ကွေ့တစ်ပတ် ပတ်ပြီးဆေးလာခူးနေရတာ၊ခု့တော့ ရဲတိုက်တွေဘာတွေရှိတယ်ဆိုတော့
လူနေတာကကျိန်းသေပြီ...ဘာပဲဖစ်ဖစ် ညအိပ်ဖို့ခွင့်တောင်းကြည့်ရမယ် ..နေပါဦး ငါ့မျက်လုံးက အစိမ်းရောင်ဖြစ်နေတာ ဆိုတော့ မျက်လုံးကိုအဝတ်နဲ့စည်းသွားရမယ် ဒါမှ တောအုပ်ထဲ ရောက်မှန်းမသိရောက်လာတဲ့
မျက်မမြင်ပါဆိုပြီး အကူအညီတောင်းရမယ် ဟုတ်ပြီ´
ကျိကျွေ သူ၏အဝတ်စတစ်စအားဖြဲ ၍ မျက်လုံးတွင်စည်းလိုက်သည်။
မျက်လုံးတွင်အဝတ်စ စည်းထားလိုက်တော့မှ သူ၏မျက်လုံးမှာ သာမာန်မျက်စိမြင်ရသလို ပုံမှန်မျက်လုံးအမြင်အတိုင်းပြန်ဖြစ်သွားလေတော့သည်။
အဝတ်စစည်းထားသော်လည်း ပုံမှန်မျက်လုံးကဲ့သို့ အကုန်ရှင်းလင်းစွာမြင်နေရခြင်းမှာ နတ်မြွေမျက်လုံး၏ ထူးခြားသည့်အစွမ်းတစ်မျိုးပင်။
ထို့ကြောင့် ကျိကျွေ အမြဲတမ်းပိတ်စ စည်းထားပြီးမျက်မမြင်ဆေးဆရာပုံစံမျိုးနဲ့ပဲနေတော့မယ်ဟု့ တစ်ဆက်တည်းဆူံးဖြတ်ချက်ချလိုက်မိသည်။
ပြီးနောက် လျှင်မြန်တဲ့နေရာမှာလွန်စွာအသုံးဝင်သော ရွှေကိုယ်ပွားကိုယ်ဖော့ခြေလှမ်းသိုင်းဖြင့် ရဲတိုက်ကြီးရှိရာသိုပြေးလွှာလိုက်၏။
လွန်စွာမြန်ဆန်သောကြောင့် တခဏအတွင်း ရဲတိုက်အရှေ့ရောက်ရှိသွားလေသည်။သူ၏ အတွင်းအားနှင့်ကိုယ်ဖော့ပညာများကိုလည်းစိတ်ထဲမှချိးကျူးနေမိလေသည်။
ရဲတိုက်အနားအရောက် ...မျက်မမြင်ကဲ့သို့ လမ်းလျောက်ပြီး ရဲတ်ိုက်အရှေ့မှ အပေါက်စောင့်များဖြစ်ဟန်တူသူနှစ်ယောက်အနား တိုးကပ်သွားလေသည်။
ဧကန်စစ်စစ် ကျိကျွေရောက်ရှိနေသောရဲတိုက်မှာ သခင်ကြီးကျင်းဝေနှင့်မကြာခင်ထာဝရအိပ်စက်တော့မည်ဖြစ်သောရဲတိုက်မင်းသမီးလေး. ..ခြူးနက်နွယ် ရှိနေသော ရဲတိုက်ကြီးပင်ဖြစ်လေသည်။
``ဟေ့လူ ဘယ်သူလဲ ဘယ်ကဘယ်လို ဒီတောအုပ်ထဲရောက်လာတာလဲသေချင်လို့လား....´´
▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶
ချင်နိုင်ငံသည် ဘု့ရင်ကောင်းလူလက်ထက်တွင် လွန်စွာစည်ကားသာယာလွန်းလှသည်။
ဘု့ရင်ကောင်းလူ၏ အမျှော်အမြင်ကြီးမှု့ကြောင့် ချင်နိုင်ငံနှင်ဟန်နိုင်ငံမှာ ချစ်ကြည်ရေးယူထားကြလေသည်။
ထို့ကြောင့် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်နားလည်မှု့ရှိသဖြင့် လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခွင့် ၊နယ်စပ်ဖြတ်ကျော်ခွင့် လွယ်ကူအဆင်ပြေ၍ ကုန်သွယ်စီးပွားရေးသမားများလွန်စွာ သဘောတွေ့နေကြသည်။
ကုန်သွယ်ရေးအလွန်စည်ကားလွန်းသော ခေတ်ကာလမို့ ချင်နိုုင်ငံ၏ နယ်စပ်မြို့လေးမှာလွန်စွာစည်ကားလျက်ရှိ၏။
ကုန်သည်များ အတွက် စားကျက်နယ်မြေဟု့ပြောလျှင်လည်းမမှားပေ။
ထိုသို့ ကူးသန်းရောင်းဝယ်ခွင့် ၊နယ်စပ်ဖြတ်ကျော်ခွင့် တို့က်ိုအသုံးချ၍ ကောင်းရောင်းကောင်းဝယ်လုပ်စားကြသူများ ဒု့နဲ့ဒေး ရှ်ိသလို ထိုအခွင့်အရေးအား အသုံးချ၍ မကောင်းမှု့လုပ်သူများလည်း လွန်စွာပေါများလှ၏။
ထိုမကောင်းမှု့လုပ်သူများထဲတွင် မြေကြွက်လေးဖော် ဟု့ဆိုသော သ်ိုင်းသမား၄ဖော်လည်းအပါအဝင်ဖြစ်သည်။
မြေကြွက်လေးဖော်သည် ဒီဘက်နိုင်ငံက ဓားပြလုပ်၍ရလာသောပစ္စည်းအားဟိုဘက်နိုင်ငံတွင်သွားရောင်း ၊ဟိုဘက်ကရလာသောပစ္စည်းအားဒီဘက်တွင်းရောင်းနှင့် လစ်ရင်လစ်သလို ဖျံကျနေသော ညီအကိုများလည်းဖြစ်သည်။
ခုလက်ရှိမြေကြွက်လေးဖော် စားကျက်ချနေတာကတော့ ချင်နိုင်ငံကနယ်စပ်မြို့လေးတွင်ဖြစ်၏
ယခုလည့်း မြေကြွက်လေးဖော် ၏မျက်လုံးများက. မငြိမ်မသက်ဖြင့် တစ်နေရာအားစူးစိုက်ကြည့်နေကြ၏။
အခြားသော မဟုတ် ၊သူဌေးသမီးတစ်ဦးကဲ့သို့ဝတ်ဆင်ထားပြီး
လွန်စွာ လှပသောကောင်မလေးတစ်ဦးအားကြည့်နေကြခြင်းပင်။
ကောင်မလေးမှာဆိုင်တစ်ဆိုင်အတွင်းသို့ဝင်၍ ရွှေတုံးများပေးပြီး သူလိုချင်သောပစ္စည်းများအား ဝယ်ယူနေလေသည်။
သူမမှာသူဌေးသမီးတစ်ဦးကဲ့သို့ဝတ်ထားသော်လည်း ခါးတွင်ဓားရှည်အားလွယ်ထား၏။
သိုင်းသမားဖြစ်ဟန်တူ၏။
ခဏအကြာထိုမိန်းကလေး ထွက်သွားသောအခါ မြေကြွက်လေးဖော်နောက်မှလိုက်သွားလေတော့သည်။
မိန်းကလေးနောက်မှမသိမသာလိုက်သွားရင်း လူပြတ်တဲ့တစ်နေရာရောက်သောအခါ .
``အကိုကြီး ၁ရေ. ရှေ့ကကောင်မလေးရဲ့အလှက နောက်ကကြည့်မှပိုပြီး ပေါ်လွင်နေသလိုပဲနော် ဂလု့.. .´´
ပြောပြောဆိုဆိုပင် တံတွေးမြိုချသံကြီးကထွက်ပေါ်လာလေသည်။
သူတို့ညီအကိုလေးယောက်သည်နာမ်မည်မခေါ် အမှတ်၁၂၃၄ တပ်၍ခေါ်ကြခြင်းဖြစ်သည်။
ယခု့လည်း အမှတ်၃မှ ကောင်မလေးအားသွေးတိုးစမ်းသည့်သဘောဖြင့်ကြားအောင် ပြောလိုက်ခြင်းဖြစ်သည်။
အကိုကြီးဆိုသူအမှတ်၁ မှလည်း အားကျမခံ
`` ဟုတ်ပ ညီ၃ရေ.....အားရိုးရိုး....အကိုကြီးတို့တော့ ..ခွေးကန်းချီးအိုးတိုး ...အဲ့လေ....ကြက်ကန်းဆန်အိုးတိုးပြီး ..နတ်မိမယ်လေးနဲ့ပျော်ပါးရတော့မယ်...ဟေဟေး..´´
``.အကိုကြီးတို့ကလည်း ..ဟ်ိုမှာ ..ကောင်မလေး.ရှက်နေပြီလားမသိဘူး...တော်ကြာစိတ်ဆိုးသွားမှဒုက္ခ..´´
အမှတ်၄ကဝင်ပြောလိုက်ခြင်းပင်ဖြစ်သည်။
ထိုအခါ အမှတ်၂ကလည်း အားကျမခံ
``ဟာ ..ငါ့ညီတို့ကတော့တယ်ခက်သကိုး....မိန်းကလေးတစ်ယောက်ကိုဘယ်လိုချဉ်းကပ်ရမလဲ ..ပြမယ်....အကိုပြောတာ၊ဆိုတာ၊လုပ်တာ၊ကိုင်တာ ကြည့်...အတုယူထားဟုတ်ပြီလား..´´
ပြောပြောဆိုဆိုနှင့် အမှတ်၂ဆိုသူ မြေကြွက်မှာ သူ၏အဆီပြန်နေသော နှာခေါင်းကြီးအား လက်တစ်ဖတ်ဖြင့်ပွတ်သပ်က
မိန်းမလှလေးအနားတိုးကပ်လိုက်ပြီး.
.`` ..ဒီမှာ...ညယ်မယေး......ယေး..ယေး..´´
သူ၏စကားပြောသံပင်မဆုံးသေး..တစ်ချိန်လုံး ဘာစကားမှပြန်မပြောသောမိန်းကလေးထံမှ စကားတစ်ခွန်းထွက်လာ၏။
``..ရှင်တို့မသေချင်ရင် ခု့ထွက်သွား..ပါ´´
အာဏာသံပါသောထိုမိန်းကလေး၏စကားကြောင့် မြေကြွက်လေးဖော် ရုတ်တရက်လန့်သွားသော်လည်းမိန်းကလေးတစ်ယောက်နှင်ယောက်ျားလေး၄ယောက်မို့
``ကဲ...ငါညီတို့ မျက်နှာပြောင်မနေကြနဲ့တော့...ဒီကောင်မကအနု့နည်းနဲ့မရဘူး...ကြမ်းပေးမှနဲ့တူတယ်...လာထားကောင်မ´´
ပြောပြောဆိုဆိုမိန်းမလှလေးအားပွေ့ဖက်၍ နမ်းရှိုက်မလို့ကြံရွယ်ပြီး လှမ်းဖမ်းလိုက်၏။
သို့သော် လေကိုသာဖမ်းမိလိုက်လေသည်။မိန်းကလေးမှာသူ့ထက်မြန်၏ ။အလွန်လှပစွာငြင်ငြင်သာသာလေး ရှောင်ထွက်သွား၏။ထို့ကြောင့်
`` တောက်စ်...ကောင်မကသိုင်းပညာ မတောက်တစ်ခေါက်နဲ့ ရှောင်တယ်ပေါ့လေ နင့်ပညာဘယ်လောက်တော်လည်းကြည့်ရသေးတာပေါ့...ပြီးမှ....+×÷+±-+××$××$×××$´´
ပါးစပ်က နားမရှက်သာစရာအညစ်အတွစကားလုံးများဖြင့်ဆဲဆိုပြီး မိန်းမလှလေးအားသူ၏ခါးကြားမှ ဧရာမဓားကောက်ကြီးဆွဲဖြုတ်၍ ဝင်ခုတ်လေသည်။
ထိုအခါနဘေးမှမြေကြွက်၃ဖော်ပါ ကြည့်မနေကြတော့ပဲ သူတို့ပါ ပြေး၍ဝင်ခုတ်လေတော့သည်။
သူတို့၏ဓားများမှာလေကိုသာခုတ်မိနေ၏။
မိန်းမလှလေးမှာ ငြင်သာစွာပင်ရှောင်နေ၍ မြေကြွက်လေးဖော်လွန်စွာဒေါကန်ပေါက်ကွဲနေသည်။
မြေကြွက်လေးဖော်မှာ အဆင့်မြင့်သိုင်းသမားများမဟုတ်သော်လည်း တော်ရုံသိုင်းပညာရှင်လောက်ကတော့ မြေကြွက်လေးဖော်ကမမူ့ပေ။
သို့သော် ယခု့သူတို့ဝိုင်းတိုက်ခိုက်နေသောမ်ိန်းကလေးမှာ အသက်၂၀ပင်မပြည့်ရှာသေးဘူးထင်ရသောမိန်းမလှလေးပင်ဖြစ်သည်။
ထိုမိန်းကလေးကိုမှထိအောင်မတိုက်ခိုက်နိုင်သဖြင့်လွန်စွာဒေါသထွက်နေကြလေသည်။
``ယား....သေပေတော့ ..ကောင်မစုတ်လေး..´´
ညီနောင်လေးဖော်လုံးရှိသမျှအတွင်းအားအကုန်သုံး၍ မိန်းမလှလေးအားပြေး၍ခုတ်လေတော့သည်။
ထိုအခါ မိန်မလှလေး နှုတ်ခမ်း ကတစ်ချက်မျှ လှောင်ပြုံးပြုံး၍
``ကျွန်မက ရှင်တို့နဲ့အပျင်းပြေတိုက်ခိုက်ကြည့်တာကို.. ရှင်တို့ကအသေခံချင်နေတယ်ပေါ့လေ...ဟွန့်.´´
သူမ၏စကားပြော၍လည်းအဆုံး ဓားကောက်လေးလက်မှာ သူမ၏ခန္ဓာကိုယ်အားပိုင်းဖြတ်ချလိုက်လေတော့သည်။
သူမအား ဓားကောက်လေးလက် ထိရန်တစ်ထွာခန့်အလိုတွင်
``နေမင်းတစ်ထောင်ဝင်္ကဘာဓားကွက်´´
စူးရှသောသူမ၏အော်သံနှင့်အတူ.
ဓားရောင်များ လက်ခနဲ့လက်ခနဲ့နေရောင်အောက်တွင်တောက်ပသွားလေ၏။
မြေကြွက်၄ဖော်လုံး အရုပ်တစ်ရုပ်ကဲ့သို့ငြိမ်သက်နေလေ၏။ မိန်းမလှလေး သူမ၏ဓားအားဓားအိမ်ထဲသို့ပြန်ထည့်လိုက်သောအခါ
``ရွမ်......ဝုန်း...ဝုန်း...´´
မြေကြွက်လေးဖော်၏ ခန္ဓာကိုယ်များမှာ အပိုင်းပိုင်းအပြတ်ပြတ်ဖြစ်ကာ ပြိုလဲကျသွားလေတော့သည်။
နေရောင်အောက်တွင်ပတ္တမြားအရောင်ကဲ့သို့
..သွေးတွေနှင့်အသားစများဟာ မကြာမှီထွက်ပေါ်လာမည့်ညနေဆည်းဆာ
ကိုလှောင်ပြောင်နေသယောင်ယောင်။
``.နန်းတွင်းသိုင်းဆရာကြီးရဲ့အစွမ်းဆုံးသိုင်း မို့ ထုပ်မသုံးခိုင်းတဲ့ ဒီ နေမင်းတစ်ထောင်ဝင်္ကဘာဓားသိုင်းက တော်တော်အစွမ်းထက်လွန်းပြီးရက်စက်လွန်းတာပဲ ...ဒီလိုလူယုတ်မာတွေရှိနေလို့ ..ဖခမည်းတော်ကငါ့ကိုမထွက်ခိုင်းတာဖြစ်မယ်..
.ဒီလိုလူယုတ်မာတွေမှန်သမျှတွေ့ရာသင်္ချီုင်းဓားမဆိုင်းပဲသတ်ပစ်ရမယ်...ဟွန်း....´´
လွန်စွာချစ်စရာကောင်းအောင် ပါးလေးဆူပြီးတစ်ယောက်တည်းငြီးတွားနေသည်မှာ စောစောက တိုက်ခိုက်ပွဲအားသူနှင့်မဆိုင်သည့်အလားပင်။
ဟုတ်ပါသည် သူမကတစ်ခြားမိန်းကလေးတော့မဟုတ်ပါဘူး...။ရွှေနန်းတော်ကထွက်ပြေးလာတဲ့..ရွှေယမင်းလေး လု့မေ ပင်ဖြစ်လေသည်။
*သူမမည်သည်ခရီးကိုဆက်သွားဦးမည်နည်း။
*မည်သည့်အန္တာရယ်တွေနှင်ကြုံတွေ့ရပေဦးမည်နည်း။
*နောက်တစ်ခါ အန္တာရယ်တွေနဲ့ကြုံတွေရင်ကော
ယခု့လိုမျိုး အနိုင်ရပါပေဦးမလားဆိုတာကတော့..........
__________________________အပိုင်း< ၈ >မျှော်
▶▶▶▶▶▶▶▶▶◀◀◀◀◀◀◀◀◀◀
Aung Thet Oo