book

Index 6

အပိုင်း< ၆ >

#နတ်ဆေးဆရာနှင့်ငရဲမင်း၏သမီးတော်#

             ``ဆရာတော်ဘု့ရား လီဂျိုစူး က ဆရာတော်တိုရှောင်လင်ကိုယ်တော်တွေကို ဘာ့ကြောင့်အငြိုးတစ်ကြီး သတ်ဖြတ်ချင်နေရတာပါလဲ ဘု့ရား´´  


   သိုင်းသမားတစ်စု့့မှာ အလွန်သိချင်လွန်းသောကြောင့်မေးလိုက်လေတော့သည်။


လီဂျိုစူးအကြောင်းနှင့်ပတ်သတ်၍ သူတို့ ဃဃနန မသိပေ။

.သူတို့သိထားသည်မှာ လီဂျိုစူး  သည်သိုင်းပညာထက်မြက်သလောက် အလွန်ရက်စက်သည် ဟူ၍ မျှသာ၊


 လီဂျိုစူးသည် ပု့ရွက်ဆိတ်လေးသတ်သကဲ့သို့ လူ့အသက်အားရက်ရက်စက်စက်သတ်ပြီး ရုတ်တရက်သိုင်းလောကမှပျောက်ကွယ်သွားသည်ဟူ၍သာ သူတို့၏ဆရာသမားများထံမှ ပြန်လည်ထပ်ဆင့်ကြား၍ သိရှိရုံမျှသာလျှင်ဖြစ်သည်။


ထို့ကြောင့် ရှောင်လင်ဆရာတော် လိထင်း အား မိမိတို့မသိသေးသည် အကြောင်းတစ်စုံတစ်ရာရှိမည်ထင်၍ မေးမိလိုက်ခြင်းပင်ဖြစ်သည်။


ဆရာတော်လိထင်းမှာ ပျက်ယွင်းသွားသောမျက်နှာအား ပြန်လည်တည်ငြိမ်လိုက်ပြီး 


`` အင်း ..လီဂျိုစူး   ကိစ္စနဲ့ ပတ်သတ်ရင် 

ဒကာလေးတို့ကို သိုင်းလောကထဲရောက်တာ

မကြာသေးတော့ အတိအကျဘယ်သိပါ့မလဲ၊ 

အဲ့ဒီတော့ လူဂျိုစူး ရဲ့ အကြောင်းသေချာရှင်းပြပါ့မယ်လေ၊ ဒီလိုကွဲ့ လီဂျိုစူး ဘဝကသိပ်ကြေကွဲဖို့ကောင်းပါတယ်လေ၊ လီဂျိုစူး မှာ မိန်းမနဲ ၅ နှစ်အရွယ်သမီးလေးတစ်ယောက်ရှိတယ် ၊သူတို့က နယ်မြို့လေးတစ်မြို့မှာ 

ထမင်းဆိုင်လေးဖွင့်ပြီးအသက်မွေးဝမ်းကြောင်းပြု့တယ် ၊လီဂျိုစူးက တောလိုက်မု့ဆိုးအလုပ်လုပ်တာပေါ့၊

သူတောလိုက်လို့ရလာတဲ့သားကောင်ကိုမှ

 သူ့မိန်းမက ပြန်အမဲဖျက်ပြီး ထမင်း၊ဟင်းဆိုင်လေးဖွင့်ရောင်းရတာပေါ့၊တစ်နေ့ လီဂျိုစူးက 

အခန့်မသင့်ပဲ တောနက်ထဲကရှေးဟောင်းသိုင်းကျမ်းပုရပိုက် ကိုရခဲ့တယ်၊အဲ့သိုင်းကြောင့်ပဲသူ့ဘဝဟာ .ကံဆိုးမှု့တွေဆက်တိုက်ကြုံတွေခဲ့ရတယ်၊ 

သိုင်းကျမ်းဟာ သိုင်းပညာနဲ့အတွင်းအားပောင်းစပ်ထားတဲ့ အတွင်းအားသိုင်းကျမ်းပေါ့၊ 

သူအဲ့သိုင်းကိုကြိတ်ကျင့်ရင်း အဆင့်၅လောက်အရောက်မှာကံဆိုးမှု့တွေစလာခဲ့တာပဲ၊

သူတို့ထမင်းဆိုင်မှာလာစားတဲ့သ်ိုင်းသမားအချင်းချင်းရန်ဖြစ်လို့ လီဂျိုစူး ဟာဝင်ရောက်ဖြန့်ဖြေပေးရင်း

 သူ့ရဲ့သိုင်းပညာကိုထုပ်သုံးလိုက်မိတယ်၊

အဲ့ဒီအခါ နံဘေးစားပွဲဝိုင်းကသိုင်းသမားတွေက 

လီဂျိုစူးရဲ့ ထူးဆန်းတဲ့သိုင်းပညာအစွမ်းကိုတွေ့သွားပြီး သိုင်းသမားတို့ရဲ့သဘာဝ သိုင်းလောဘကြောင့် လီဂျိုစူးရဲ့သိုင်းကိုလိုချင်လာကြတော့တယ်၊

 အဲ့အချိန်ကစပြီး လီဂျိုစူးဆီမှာထူးဆန်းတဲ့သိုင်းကျမ်းရှိတယ်ဆိုပြီးသိုင်းလောကမှာပျံနှံသွားပြီး လီဂျိုစူးဆီကသိုင်းကြမ်းကိုအနု့နည်းနဲ့တောင်းလိုက်၊အကြမ်းနည်းနဲ့တောင်းလိုက်၊

ခြမ်းခြောက်လိုက်နဲ့ လီဂျိုစူးကို 

အကဲစမ်းကြတော့တာပေါ့၊ 

ဒီလိုနဲ့အကြိမ်ပေါင်းများစွာအနှောက်ယှက်ခံရတော့ လီဂျိုစူးလည်းသူ့ရဲ့ဇနီးနဲ့သမီးကိုခေါ်ပြီး 

ထွက်ပြေးတိမ်းရှောင်ရတာပေါ့၊

အဲ့ဒီအချိန်ထိလီဂျိုစူးဟာ လူကောင်းတစ်ယောက်ပါ၊သူဟာ မတိုက်ခိုက်ချင်လို့သာရှောင်တိမ်းနေခဲ့တယ်၊

 တစ်နေ့မှာ အနက်ရောင်သိုင်းလောကသားအချိ်ု့ဟာ လီဂျိုစူးအလစ်မှာ သူ့ရဲ့ဇနီးနဲ့ကလေးကိုဖမ်းခေါ်သွားပြီး သိုင်းကျမ်းပေးဖို့ခြိမ်းခြောက်ပါလေကော၊

လီဂျိုစူး ဟာလူကောင်းတစ်ယောက်မို့ 

မသမာသူလက်ထဲကိုသိုင်းကျမ်းတွေမပေးနိုင်ဘူး 

့ငြင်းတော့ လီဂျိုစူးရဲ့ ဇနီးကို ခြိမ်းခြောက်တဲ့သူတွေက လည်ပင်းဖြတ်သတ်ပစ်လိုက်တယ်၊

နောက်အလှည့်ကျ ကလေးကို သတ်ပစ်မယ်ပေါ့၊

အဲ့အခါ သူ့ရဲ့ဇနီးကိုသူ့အရှေ့မှာလည်ပင်းဖြတ်သတ်လိုက်လို့ အရမ်းခံစားသွားရနဲ့လီဂျိုစူးဟာ

 ခြိမ်းခြောက်လာတဲ့သူတွေကိုနာကျည်းပြီး

 ဝင်ရောက်တိုက်ခိုက်တော့တယ်၊

တိုက်ခိုက်နေတဲ့အချိန်မှာ လီဂျိုစူးရဲ့သမီးလေးကကံကောင်းထောက်မပြီး လွတ်သွားတာပေါ့၊

ဒါပေမယ့်ခု့ချိန်ထိ အဲ့ကလေးကိုပြန်ရှာမတွေ့တော့ဘူးလေ၊ လီဂျိူစူးလည်းသူ့ဇနီးအလောင်းကိုသဂြိုလ်ပြီးသူ့သမီးကိုလိုက်ရှာတော့တယ်၊

ဒါပေမယ့်ဘယ်လောက်ရှာရှာသူ့သမီးကိုလည်းမတွေ့၊သူ့ဇနီးကလည်းသေ တယ်ဆိုတော့ 

အမုန်းတရားတွေများလာပြီး သိုင်းလောကသားမှန်သမျှသူ့ရန်သူလို့သတ်မှတ်ပြီး တွေ့ရာသင်္ချီုင်း

 ဓါးမဆိုင်းပဲ သတ်ဖြတ်တော့တာပါပဲ၊

လီဂျိုစူးရဲ့သိုင်းစွမ်းကြောင့် သိုင်းလောကရဲ့ထိပ်သီးပုဂ္ဂိုလ်တွေတောင် ယှဉ်ပြိုင်မတိုက်ခိုက်ရဲကြဘူးကွဲ့၊

တဖြည်းဖြည်း လီဂျိုစူးရဲ့သိုင်းစွမ်းကြောင့် 

သူနဲ့တွေ့တဲ့သူတိုင်းက အသေခံရပြီး ဘဝပျက်ကြရတဲ့အတွက် သိုင်းလောကသားတွေကသူ့ကိုကြောက်ရွံလာကြပြီး နောက်ဆုံး သိုင်းလောကရဲ့ထိပ်ခေါင်ရှောင်လင်ကျောင်းကိုအားကိုးတကြီးနဲ့ဦးတိုက်လျောက်တင်ကြတာပေါ့၊အဲ့အခါ အရင်ဆရာတော်ကြီးက 

လက်မရှောင်ပဲ လီဂျိုစူးနဲ့ တွေ့ဆုံတိုက်ခိုက်တော့တာပါပဲ၊ ပထမတော့အရင်ဆရာတော်ကြီးကအပြစ်တွေကိုဆေးကြောဖို့ ၊ကလဲ့စားချေတာတွေ၊အငြိုးတွေဟာ 

ပူလောင်ကြောင်း၊လောကရဲ့အအေးချမ်းဆုံးက လူတစ်ဖတ်သားကိုမေတ္တာ ထားပြီးစိတ်ကိုအတည်ငြိမ်ဆုံးနဲ့အအေးချမ်းဆုံး ကျင့့်ကြံရတဲ့ တရားဓမ္မဖြစ်ကြောင်း  

ဟောပြောခဲ့တယ်၊ဒါပေမယ့်  

လီဂျိုစူးရဲ့ အတွင်းစိတ်ပူလောင်မှု့ကို

အရင်ဆရာတော်ကြီးရဲ့ဆုံးမဟောပြောမှု့တွေဟာ

မချေဖျက်နိုင်ခဲ့ဘူး၊အဲ့လိုနဲ့နောက်ဆုံး

 လီဂျိုစူးနဲ့ဆရာတော်တို့တ်ိုက်ခိုက်ကြရတော့တာပေါ့၊လီဂျိုစူးကလည်း သိုင်းလောကရဲ့ထိပ်ခေါင်တွေတောင် မရင်ဆိုင်ရဲလောက်အောင်အစွမ်းထက်တဲ့အဆင့်မြင့်တိမ်မုန်တိုင်းအတွင်းအားသိုင်းကျမ်းကိုအဆင့်၅အထိပေါက်ရောက်ထားတဲ့သူ၊

တစ်ဖတ်ကအရင်ဆရာတော်ကြီးကလည်း လူအများကြည်ညိုလေးစားကြပြီးသိုင်းပညာနက်နဲလွန်းလှသူ၊

သူတို့နှစ်ယောက်တိုက်ခိုက်မှု့ဟာအလွန်ပြင်းထန်လွန်းခဲ့တယ်၊အတိုချုပ်ပြောရရင်အရင်ဆရာတော်ကြီးရဲ့ သိုင်းကွက်ပေါင်း ၅၀၀ကျော်လောက်မှာ

 လီဂျိုစူးရှုံးနိမ့်သွားပြီးချောက်ထဲပြုတ်ကျသေဆုံးသွားခဲ့တယ်၊

လီဂျိုစူးရဲ့အကြောင်းကတော့ဒါပါပဲ ဒကာတို့၊

အခု့တော့ နှစ်၂၀နီးပါးကြာမှလီဂျိုစူးက ပြန်ပေါ်လာခဲ့တယ်၊ကြည့်ရတာ တိမ်မုန်တိုင်းသိုင်းကျမ်းကိုအဆင့်ကုန်ပေါက်ရောက်ခဲ့ပြီနဲ့တူတယ်၊ 

သိုင်းပညာအဆင့်၅လောက်တုန်းကတောင် 

အရင်ဆရာတော်ကြီးမှာသူသေကိုယ်သေတိုက်ခိုက်ခဲ့မှအနိုင်ရတာ၊ခု့တော့အရင်ဆရာတော်ကြီးလည်းပျံလွန်တော်မူသွားခဲ့ပြီ၊လီဂျိုစူးလည်း 

သိုင်းပညာအဆင့်ကုန်တက်မြောက်နေပြီး  

အနှေးနဲ့အမြန်ရှောင်လင်ကျောင်းကိုရောက်လာတော့မယ်ဆိုတော့ ဟူး......ရှောင်လင်ကျောင်းတော့

 ငါကိုယ်တော်လက်ထက်ရောက်မှပဲ သွေးချောင်းစီးရတော့မှာပာလား......အော.မီတောဖု့.  ´´ 


 ဆရာတော်ရဲ့သက်ပြင်းချမှု့နဲ့ ငြီးတွားမှု့အဆုံးမှာတော့ 

နံဘေးမှအာရုံစိုက်နားထောင်နေသော့ သိုင်းသမားတစ်စု့နဲ့ကိုယ်ရင်အချို့မှာ ဆရာတော်ဘာ့ကြောင့်မျက်နှာပျက်သွားလည်းဆိုတာ အကြောင်းစုံသိရှ်ိသွားပြီး ပို၍

သွေးပျက်မတက်ခြောက်ခြားသွားလေတော့သည်။ 


ဆရာတော်မှာမောသွားဟန်ဖြင့် ခဏအနားယူပြီးမှစကားဆက်ပြောလေသည်....


``ကိုယ်တော်လည်း  လီဂျိုစူးကို ဟန့်တားနိုင်မှာမဟုတ်ဘူး  ..ဒကာတို့. ...ဒါကြောင့်...ကိုရင်တွေ ´´


``တင်ပါ့ဆရာတော်´´


``ခု့ချက်ချင်း   ဝူတန်၊ငိုမီ၊ခွန်းလွန် ၊သူတောင်းစားဂိုဏ်း ကဂိုဏ်းချုပ်တို့ကို လီဂျိုစူးရှောင်လင်ကိုလာတိုက်ခိုက်မှာမို့ ဝိုင်းဝန်းတားဆီးပေးကြပါလို့ ဆရာတော်ကမေတ္တာရပ်ခံ လိုက်ပါတယ်လို့ သွားအကြောင်းကြားပေးပါ....´´


``တင့်ပါ့ဆရာတော်ဘု့ရား´´


ဆရာတော်ရဲ့စကားအဆုံး၌ကိုရင်များ ပြေးထွက်သွားလေတော့သည်။


``ဟူး...ရှောင်လင်ကျောင်းလည်းငါ့လက်ထက်ရောက်မှနောက်ထပ်တစ်ခါမက ဂုဏ်သိက္ခာကျဆင်းရပြန်ပြီ အရင်ဆရာတော်တွေကိုမျက်နှာတောင်မပြဝံတော့ပါဘူး.....အောမီတော့ဖု့´´


``ဆရာတော်ဘု့ရား တပည့်တော်တို့ကိုသွားခွင့်ပြု့ပါဦးဘု့ရား´´    

ဆရာတော်မှာပြန်လည်မဖြေကြားနိုင်တော့ပါ။

ခေါင်းအသာအယာငြိမ့်ပြလိုက်မှ

သိုင်းသမားတစ်စု့လည်းရှောင်လင်ကျောင်းမှထွက်ခွာသွားလေတောသည်။ 


################################


 ကျောက်ဂူထဲမှ လူငယ်တစ်ယောက် ထူးဆန်းသောကိုယ်နေဟန်ထားဖြင့် လှုပ်ရှားနေလေသည်။


သူသည်အခြားတော့မဟုတ် လင်းဆွဲကိုယ်ဖော့ပညာအားလေ့ကျင့်နေသော ကျိကျွေပင်ဖြစ်သည်။


လင်းဆွဲကိုယ်ဖော့ပညာကျမ်းတွင်ရေးထားသည်မှာတော့


~~လင်းဆွဲကိုယ်ဖော့ပညာသည် အထက်လမ်းကိုယ်ဖော့ပညာတစ်မျိုးပင်ဖြစ်ပြီး..သိုင်းဝိဇ္ဇာ ဆရာကြီးများ ဂူအောင်းသိုင်းကျင့်ရာမှ တီထွင်ခဲ့သောအဆင့်မြင့်ကိုယ်ဖော့ပညာရပ်တစ်မျိုးပင်သည်။


လင်းဆွဲက်ိုယ်ဖော့ပညာမှာ အတွင်းအားနက်နဲမှကျင့်၍ရသောပညာရပ်ဖြစ်ပြီး ကိုယ်ဖော့ပညာ၏အစွမ်းမှာ ညအချိန်တွင်နေ့ကဲ့သို့မြင်ရခြင်း၊တောင်၊ချောက်ကမ်းပါး၊နရံ တို့တွင်လည်း လင်းဆွဲတစ်ကောင်ကဲ့သို့ကပ်တွယ်သွားလာ၍ ရခြင်း ၊သက်လုံပ်ို၍ကောင်းမွန်ခြင်း တို့ပင်ဖြစ်သည်။  ~~


ထိုစာသားကြောင့် ကျိကျွေအတင်းဖိ၍ကျင့်နေခြင်းပင်ဖြစ်သည်။


အဘယ်ကြောင့်ဆိုသော် ထိုလင်းဆွဲကိုယ်ဖေ့ပညာသိုင်းတက်မြောက်သွားပါက သူရောက်ရှိနေသောဂူထဲကလွတ်မြောက်မည်မဟုတ်ပါလော။


ကျိကျွေမှာသူ၏ နတ်ဓားမြွေ အစွမ်းကြောင့် မျက်စိမှိတ်ထားသည်ပင်ဖွင့်ထားသကဲ့သို့မြင်နေရသောကြောင့် လင်းဆွဲကိုယ်ဖော့ပညာသိုင်းကျမ်းထဲမှ ညအချိန်တွင်နေ့ကဲ့သို့မြင်ရသောအချက်ကိုကားခေါင်းထဲပင်မထည့်ပေ။


အဓိကက မိမိဒီဂူထဲကလွတ်မြောက်ဖို့အရေးကြီးသည်မဟုတ်လား။


ထို့ကြောင့်ကျိကျွေတစ်ယောက် အသည်းအသန် ကြိုးစားကျင့်နေခြင်းပင်။

.

ပထမတွင်စစကျင်ခြင်းတွင် ဂူနရံအားတွယ်ကပ်ပြီးကြိုးစားကျင့်သော်လည်း အမြင့်တစ်နေရာသို့ရောက်လျှင်ပြန်ပြန်ပြုတ်ကျလာလေသည်။


သို့သော်

ကျိကျွေမှာ လေးကျွန်းစင်္ကြာအတွင်းအားပညာအဆင့့်၆အထိပေါက်ရောက်ထားကာ အတွင်းအားနက်ရှိုင်းနေသဖြင့် အချိန်အတော်ကြာကြိုးစားကျင့်လိုက်သောအခါ လင်းဆွဲကိုယ်ဖော့ပညာအား ကျွမ်းကျင်စွာတက်မြောက်သွားလေတော့သည်။


ထိုအခါ ဂူနရံများအား အလွယ်တကူပင်ကပ်တွယ်သွားလာတက်သွားလေတော့သည်။


ကျိကျွေ ဂူနရံပေါ်တွက်ကပ်တွယ်နေရင်းမှအောက်သို့ခုန်ချပြီး 


.``ဟား...ဟား...ငါလွတ်မြောက်ပြီကွ...ဒီဂူထဲက.ငါလွတ်မြောက်ပြီကွ ဟားဟားဟား.´´ 


ကျိကျွေပျော်လွန်းလို့အော်ဟစ်မိပြိးမျက်ရည်များပင်ဝဲသွားလေတော့သည်။


ထို့နောက်တစ်ဆက်တည်း  ရှူရှိုက်နည်းဖြင့်စိတ်တန်ခိုးကျင့်၍ဆေးကု့နည့်းအား ဆက်လက်လေ့လာလေတော့သည်။ 


ကျိကျွေသည်ဆေးဆရာတစ်ယောက်မို့ဤ ကျင့်စဉ်အားလွန်စွာစိတ်ဝင်စားလျက်လေသည်။


အဘယ်ကြောင့်ဆိုသော် ကြေးပြားပေါ်တွင်ရေးထားသည်မှာ


~~~ရှူရှိုက်နည်းဖြင့်စိတ်တန်ခိုးကျင့်၍ဆေးကု့နည်းကျမ်းသည် အလွန့်အလွန့်ကိုကျင့်ရခက်ပြီးနက်နဲ့လွန်းသောပညာရပ်လမ်းစဉ်ပင်ဖြစ်သည်။


   မိမိ၏ဝင်လေထွက်လေအားအသုံးပြု၍မိမိ၏စိတ်အားအစွမ်းထက်အောင်ပြူ့လုပ်ပြီး မေတ္တာအရင်းခံ၍ စိတ်ဝိညာဉ်အားအသုံးချပြီးတစ်ပါးသူ၏ဝေဒနာအား ကု့သရသောပညာရပ်ပင်ဖြစ်သည်။


မမြင်နိုင်သောခန္ဓာကိုယ်ထဲမှ ဝေဒနာအား စိတ်နှင့်ပင် ပြု့ပြင်ပြောင်းလဲ၍ ကောင်းမွန်စေနိုင်သောပညာရပ်ပင်ဖြစ်သည်။


ဦးစွာ မိမိစိတ်အားသန့်စင်ကောင်းမွန်တည်ငြိမ်အာင် ကျင့်ကြံရပြီး ရှူရှိုက်နည်းအား ကျွမ်းကျင်စွာကျင့်ကြံရပေမည်။


ဤပညာရပ်မှာအဆုံးအစမရှိကျယ်ပြန့်သောကြောင့် စိတ်အစွမ်းထက်ရင်ထက်သလိုကု့သ၍ရနိုင်ပေလိမ့်မည်။~~ဟူ၍

(<အပြင်တွင်တကယ်ရှိသောပညာရပ်ဖြစ်ပြီးလွန်စွာကျင့်ရခက်ခဲလွန်းသောကြောင့် ကျွန်တော်အသေးစိတ်မဖော်ပြတော့ပါ>)


ကျိကျွေမှာထိုစာအားဖတ်ပြီး


``အင်း လေးကျွန်းစင်္ကြာအတွင်းအားပညာကျင့်ကြံနိုင်ကတည်းက ငါ့ရဲ့စိတ်ဟာအလွန်သန့်စင်ခဲ့တယ်...ဒါကြောင့် လူတွေက်ိုကယ်နိုင်တဲ့ဒီပညာရပ်ကိုငါတက်ကိုတက်ကျွမ်းနိုင်ရမယ်´´


 ကျိကျွေ ထိုသို့ကြုံးဝါးလိုက်ပြီး  နောက်ဆုံးကြေးပြားအား ထပ်မံဖတ်ရှူ့လိုက်လေတော့သည်။............<>


 ###############


 ထိုအချိန်ကာလတွင် လီဂျိုစူးမှာသိုင်းလောကတွင် မထင်လျင်မထင်သလိုလူသတ်ဖြတ်နေလေသောကာလဖြစ်သည်။


ထို့အပြင် ချင်နိုင်ငံမှ ဘု့ရင့်သမီးတော် ရွေမင်းသမိးလေးလု့မေ ရွှေနန်းတော်မှထွက်ပြေးသွားသည့်သတင်း သဲ့သဲ့မျှ ကြားနေရသောကာလလည်းဖြစ်သည်။ 


###############


တောနက်ထဲမှရဲတိုက်သခင်ကြီး ကျင်းဝေတစ်ယောက် အိပ်မောကြနေသောသူ၏သမီးလေးအား အခန်းဝမှလှမ်းကြည့်နေပြီး မျက်ရည်တွေကျနေလေသည်။


ယခု့ဆိုလျှင် ၁၀ရက်ခန့်ကြာခဲ့ပြီမဟုတ်လား။


သမီးလေးလူ့လောကထဲကထွက်ခွာသွားဖို့ရက်၂၀မျှသာကျန်ရှိနေလေတော့သည်။


ဒီရက်ပိုင်းကြားထဲတွင် သမီးလေးအားမည်သည့်အဆိပ်ဖြေဆေးတိုက်တိုက် အဆိပ်အားမချေဖျက်နိုင်ပေ။


ထို့ကြောင့် သမီးလေးအိပ်နေသည့်အချိန်တွင် နာမ်မည်ကြိးဆေးဆရာများအားလျှို့ဝှက်ခေါ်ယူ၍ ကု့သခိုင်းသော်လည်း မည်သူမျှအဆိပ်မဖြေပေးနိုင်၍ လက်လျော့ခဲ့ရသည်မဟုတ်ပါလား။


ထို့ကြောင့်ကျင်ဝေတစ်ယောက် မရှူနိုင်မကယ်နိုင်ဖြစ်နေပြီး လွန်စွာဝမ်းနည်းကြေကွဲရနေလေသည်။


ထိုသူကဲ့သို့ပင် လူတစ်ယောက်လည်းအခန်းအတွင်းတွင်ကြိတ်၍ငိုကြွေးနေလေသည်၊ထိုသူမှာ အစေခံမလေးကျူးအော်ပင်ဖြစ်ပေသည်။ 

___________________________အပိုင်း<၇>မျှော်


Aung ThetOo


rate now: