book

Index 5

အပိုင်း < ၅ >

#နတ်ဆေးဆရာနှင့်ငရဲမင်း၏သမီးတော်#


       ``ရွှေကိုယ်ပွားခြေလှမ်းသိုင်းနှင့်ဓားအက္ခရာ၆ချက် 

ဆိုပါလား ဘယ်လိုအစွမ်းမျိုးတွေရှိဥိးမလဲမသိဘူး လေ့လာကြည့်ရမယ်´´ 


ပြောပြောဆိုဆိုနှင်ကျိကျွေ ရွှေကိုယ်ပွားခြေလှမ်းသိုင်း စတင်အာရုံစူးစိုက်ကာဖတ်လေတော့သည်။


 စာထဲတွင်ရေးထားသည်ကတော့ 


  ~ရွှေကိုယ်ပွား  ခြေလှမ်းသိုင်းမှာမူ  အလွန်အဆင့်မြင့်သောပညာရပ်ဖြစ်ပြီး ရန်သူနှင့်တိုက်ခိုက်သည့်အခါ ရှောင်ရတိမ်းရ လွယ်ကူအောင်အဆင့်မြင့့်မြင့်တီထွင်ထားသော ခြေလှမ်းသိုင်းကွက် ဖြစ်သည်။


ထို့အပြင် အတွင်းအားထည့်၍ အသုံးပြု့ပါက ကိုယ်ဖော့ပညာကဲ့သို  သို့မဟုတ် ကိုယ်ဖော့ပညာထက်ပင် အစွမ်းမြင့်မားသော အဆင့်မြင့်လျှို့ဝှက် ပညာရပ်ပင်ဖြစ်သည်။


 ခြေလှမ်းသိုင်းကွက်၏ပို၍ထူးခြားသော အစွမ်းမှာ ခြေလှမ်းသိုင်းကွက်အဆင့်မြင့်မြင့်တက်ကျွမ်းလာလေလေ ကိုယ်ပွားအရိပ်များ ထွက်ပေါ်လာပြီး တစ်ဖက်ရန်သူအား အာရုံထွေပါးအောင်ပြု့လုပ်နိုင်ခြင်း၊ ထိုကိုယ်ပွားအရိပ်များနှင့်ပင် တိုက်ခိုက်နိုင်သည်အထိ ကျင့်ကြံနိုင်သော အဆင့်မြင့်ပညာရပ်ပင်ဖြစ်သည်။~


`` မဖြစ်နိုင်တာ ခန္ဓာကိုယ်ကကိုယ်ပွားအရိပ်တွေထွက်လာဦးမယ်တဲ့ ငါလေ့ကျင့်ကြည့်ရမယ် ´´


ကျိကျွေ ကြေးပြားထဲမှစာသားများအတိုင်း သူ၏ခြေလှမ်းများအားတစ်ထပ်ထဲကျအောင် ပြေးလွှားလေ့ကျင့်လေတော့သည်။


 ခြေလှမ်းကွက်များမှာ အလွန်ရှုပ်ထွေးလွန်းလှ၍ သူပင်မနည်းမှတ်ယူနေရ၏။


 ခြေလှမ်းကွက်များအတိုင်းကြိုးစားလေ့ကျင့်နေသောကျိကျွေ၏ပုံသဏ္ဍာန်မှာ  ခြေထောက်ခွင်နေသော အရူးတစ်ယောက် ပတ်ပြေးနေသည့်ပုံစံပင်ဖြစ်နေလေသည်။


ကျိကျွေအချိန်အတော်ကြာလေ့ကျင့်ယူမှ ထိုခြေလှမ်းကွက်များအား တစ်ဖြည်းဖြည်း ကျက်မှတ်မိလာသလို ခြေလှမ်းကွက်များ၏သဘောတရားများလည်းနားလည်လာလေတော့သည်။


ခြေလှမ်းကွက်များမှာအလွန်ရှုပ်ထွေးလွန်းသောကြောင့် ကျိကျွေ တစ်ယောက် တစ်ခါတစ်ရံ မိမိ၏လှုပ်ရှားနေသောခြေထောက်များအား သဲကွဲစွာပင်မမြင်မိတော့ပေ။


 အတန်ငယ် ကျယ်ဝန်းရှည်လျားသော ဂူလေးအတွင်းတွင် ဟိုဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်နှင့် အခေါက်ပေါင်းမရေတွက်နိုင်တော့ပေ။


ကပေါက်တိကပေါက်ချာနှင့် ပုံမှန်ပြေးလွှားနေသည့်ပုံစံမဟုတ်ပဲ သေရည်သောက်ပြီးမူးရူးကာပြေးလွှားနေသောအရူးတစ်ယောက်ကဲ့သို့ဖြစ်နေသော သူ၏ပုံစံအား အခြားတစ်ယောက်ယောက်မျှသာ တွေ့မြင်ခဲ့မည်ဆိုလျှင် မရယ်ပဲနေနိုင်မည်မဟုတ်ပေ။


ကျိကျွေ အခေါက်ပေါင်းမရေတွက်နိုင်အောင်ပြေးရင်းမှ ကျွမ်းကျင်လာသောအခါ အတွင်းအားထည့်၍ ပြေးကြည့်လေရာ ခြေထောက်နှင့်မြေကြီးမထိသကဲ့သို့ လွန်စွာမှ မြန်ဆန်လွန်းနေလေတော့သည်။


 စက္ကန့်ပိုင်းမျှနှင့် လျှင်မြန်စွာတစ်နေရာနှင့်တစ်နေရာ မြန်ဆန်စွာရောက်ရှိလာလေရာ ကျိကျွေ ပို၍စိတ်လှုပ်ရှားလာလေမိတော့သည်။ 


အတွင်းအားပို၍သုံးပြီး ခြေလှမ်းကွက်များအား ကျွမ်းကျင်စွာ ပြေးလွှားကစားလိုက်သောအခါ သူ၏နံဘေး၌ သူ၏ပုံသဏ္ဍာန်အရိပ်တစ်ခု့ ရိုးတိုးရိပ်တိတ်နှင့် ထပ်မံပေါ်လာလေသည်။ ကျိကျွေ ပို၍အံသြသွားရလေသည်။


 ထို့ကြောင့် ပို၍အာရုံစိုက်၍ ခြေလှမ်းကွက်များအား တိကျသေသပ်စွာကစားလိုက်သောအခါ ရုပ်လုံးပီပြင်လှသောသူ၏ပုံစံတူအရိပ်ခွဲများ တစ်ယောက်ပြိးတစ်ယောက် ၊တစ်ယောက်ပြီးတစ်ယောက်၃ယောက်အထိထပ်မံပေါ်လာပြီး  သူနှင့်အပြိုင်ပြေးနေလေတော့သည်။


 ထ်ိုအရိပ်များသည် သူလှုပ်ရှားသကဲ့သို့လိုက်လှုပ်ရှားနေသောကြောင့် ကျိကျွေမှာ  အံသြစွာဖြင့် ရွှေကိုယ်ပွားခြေလှမ်းသိုင်းအား လွန်စွာနှစ်ခြိုက်သဘောကျမိလေတော့သည်။


ကျိကျွေ ရွှေကိုယ်ပွားခြေလှမ်းသိုင်းအား ကျွမ်းကျင်ပိုင်နိုင်သည်အထိ အလွတ်ကျက်မှတ်လေ့ကျင့်ပြီးသောအခါ ဓားအက္ခရာ၆ ချက်ကိုထပ်မံလေ့လာတော့သည်၊။


 ဓားအက္ခရာ၆ချက်  ဟူသည်ကား အက္ခရာနှင့်ဓားကွက်ပေါင်းစပ်ထားသော အစွမ်းထက်သည့်ဓားသိုင်းကွက်၆ကွက်ပင်ဖြစ်သည်။


ထို့ကြောင့် ကျိကျွေ သူ၏ခါးမှပတ်ထားသော နတ်ဓားအားသတိရသွားပြီး 

`` နတ်ဓားလေ ထွက်ခဲ့ပြီးဓားပုံစံအဖြစ်ပြောင်းလိုက်ပါ´´ ကျိကျွေထို့သို့စိတ်ထဲမှအမိန်ပေးလိုက်သည်နှင့် ကျိကျွေ၏ အစိမ်းရောင်တောက်နေသောမျက်လုံးမှာ လက်ကနဲ အရောင်ပိုတောက်ပသွားပြီး ခါးတွင်ပတ်နေသော နတ်မြွေဓားမှာ ခါးမှလျောခနဲ့ ဖြေချလိုက်ပြီး အဆစ်အဆစ်တွေဖြစ်သွားကာ အလွန်လှပကာ သတ္တု့ရောင်တောက်ပနေသောဓားအဖြစ် မြေပြင်တွင်စိုက်ဝင်နေလေတော့သည်


ကျိကျွေ သတ္တု့ရောင်တောက်ပနေသောနတ်ဓားအား ဆွဲနုတ်ယူလိုက်ပြီး 

ဓားအက္ခရာ၆ချက်အား လေ့ကျင့်လေတော့သည်။


ဓားအား သူ၏ပတ်ပတ်လည်သ်ို့ဝှေ့ယမ်းပြီး စုတ်တံနှင့်စာရေးသကဲ့သို့ စက္ကန့်ပိုင်းအတွင်း သူ၏ပတ်ပတ်လည်၌ အက္ခရာသိုင်းကွက်များထုပ်ဖော်လိုက်၏။


ထိုအခါ သူ၏နံဘေးပတ်ပတ်လည်တွင် အလင်းရောင်ထွက်နေသော လွန်စွာရှုပ်ထွေးလွန်းလှသည့်  စာသား အလင်းတန်းများနေရာလပ်မကျန်အောင်ပင်ပြည့်နှက်နေလေတော့သည်။


စက္ကန့်ပိုင်းအတွင်းထိုအက္ခရာဓားချက်များပြု့လုပ်သွားသည်မှာ လွန်စွာမြန်ဆန်လွန်းလှပေသည်။


ပြီးနောက် ကျိကျွေ သူ၏လက်ထဲမှဓားအား ဝှေ့ ယမ်းလိုက်သောအခါ ထိုအက္ခရာစာအလင်းတန်းများသည် အရှိန်အဟုန်ဖြင့့်နံဘေးပတ်ပတ်လည်သို့ ပြေးထွက်သွားပြီး 


``  ဝုန်း ...ဝုန်း .´´


ကျောက်  နံရံထက်၌ စာသားများ ရေးထွင်းထားသလို နစ်ဝင်နေလေတော့သည်။


ဤ ကား ပထမဆုံး အက္ခရာဓားကွက်တစ်ကွက်မျှပင်ရှိသေး၏။


ထို့နောက် သူ၏ ဓားအား အစောကကဲ့သို့ပင် ဓားကွက်များထုတ်လိုက်ပြီး သူ၏ခေါင်းအထက်ဝန်းကျင်သို့  စာသားသိုင်းကွက်များရေးထိုးပြီး ဓားအား ခေါင်းအပေါ်သို့ ပစ်တင်လ်ိုက်၏။


ထို ဓားမှာပြန်လည် ပြုတ်ကျလာသောအခါ ဓားအရိပ်ပေါင်းများစွာထွက်လာပြီး ကျိကျွေ ၏နံဘေးပတ်ပတ်လည်သို့ နေရာလပ်မကျန်အောင် ဓားအရိပ်များစိုက်ဝင်ကာ မြေပြင်တွင် ဓားများစိုက်ဝင်သကဲ့သို့ အရာများ ကျန်ရစ်ခဲ့လေတော့သည်။ 


ဤကား ဓားအက္ခရာဒု့တိယအကွက်ပင်ဖြစ်သည်။


ထို့နောက် ကျိကျွေမှာ တစ်ဆက်တည်း သူ၏ ဓားလက်ကိုင်အား အတွင်းအားထည့်၍ သိုင်းကွက်တစ်ကွက်ဖော်ပြီး  ပစ်လွှတ်လိုက်သောအခါ ဓားမှာလည်ထွက်သွားပြီးကျိကျွေ ၏  ဘေးပတ်ပတ်လည်တွင့်စင်္ကြာကဲ့သို့ လှည့်ပတ်နေတော့သည်။


ဤကား တတိယအကွက်ပင်ဖြစ်သည်။ 


ကျိကျွေ သူ၏ ဓားအားပြန်ဖမ်းလိုက်ပြိး နောက်ထပ်သိုင်းကွက်တစ်ကွက်ထပ်မံဖော်ထုပ်လိုက်ပြန်လေသည်။


ထိုသိုင်းကွက်မှာကား ကမ္ဘာဖြိုလက်ဝါးသိုင်းကျမ်းထဲမှ လေပွေလက်ဝါးသိုင်းကွက်နှင့်ပင်တူညီလှ၏။


ကျိကျွေ သူ၏ လက်တစ်ဖက်ကဓားအားကိုင်ထားပြီးလေပွေကဲ့သို့ မွတ်နေအောင်လှည့်ခြင်းပင်။


လေပွေလက်ဝါးသိုင်းကွက်နှင့်မတူသောအချက်မှာကား လှည့်နေရင်းနှင့်ပင် စာလုံးအက္ခရာများ ဖော်ထုပ်သွားသဖြင့်  မည်သည့့်လက်နက်မှတိုးမပေါက်သည့်ပုံစံပင်၊ အကာအကွယ်သဘောမျိုးဆောင်နေပြီး တိုက်ခိုက်သည့်သိုင်းကွက်ပင်ဖြစ်သည်။


ဤကား ၄ချက်မြောက်အကွက်ပင်ဖြစ်သည်။


၅ချက်မြောက် အက္ခရာဓားကွက်မှာကား ဓားနှင့်လက်နှင့်ပင် မထိရပေ ဓားအားအတွင်းအားနှင့်ထိန်းချုပ်၍ ဓားအား ဂျင်ကဲ့သို့မွှတ်နေအောင်လည်စေပြီး အတွင်းအားထည့်၍ ပစ်လွှတ်ရသောသိုင်းကွက်ပင်ဖြစ်သည်။ 


ထိုအကွက်မှာ လေ၏လျှင်မြန်မှု့မျိုးဖြင့် ပြင်းထန်မြန်ဆန်သဖြင့် ကျိကျွေလို နတ်မြွေမျက်လုံးအစွမ်းပိုင်ဆ်ိုင်ထားသည့် သူမျိုးအတွက်လွန်စွာမှအသုံးဝင်လှပေသည်။


အဘယ်ကြောင့်ဆိုသော် ကျိကျွေမှာ သာမာန်သူတွေထက် မျက်လုံးမြင်အားကောင်းသည့်အပြင် လေးကျွန်းစင်္ကြာအတွင်းအားသိုင်းကျင့်ပြီးကတည်းက ပို၍ပို၍ လွန်စွာဝေးကွာလှသည့် နေရာများကိုပင် အာရုံစူးစိုက်၍ အနီးကပ်မြင်နေရလေသောကြောင့်ပင်။ 


ကျိကျွေ နောက်ဆုံး ဓားအက္ခရာ၆ချက်မြောက်သိုင်းကွက်ကိုဖော်ထုပ်လိုက်သောအခါ 


``ရွှမ်း ´´


  ကျိကျွေမှာ ကိုယ်ပျောက်သွားသကဲ့သို့ ပျောက်ကွယ်သွားပြီး အလင်းတန်းလေးတစ်ချက်မျှသာ ထွက်ပေါ်လာပြီးပြန်ပေါ်လာတော့သည်။


စက္ကန့်ပိုင်းမျှပင်ကြာသည် ကိုယ်ပျောက်သွားပြီးအလင်းတန်းတစ်ခု့၊အသံတစ်ချက်မျှသာပေါ်လာသော်လည်း ထိုစက္ကန့်ပိုင်းအတွင်း ဓားအက္ခရာအကွက်၅ကွက်စလုံးအား အသုံးပြု့လိုက်ပြီး ဓားကွက်များမှာလွန်စွာမြန်ဆန်သောကြောင့် အသံတစ်သံထဲပင်ထွင်လာခြင်းပင်။ 


ဤကားနောက်ဆုံးအက္ခရာဓား၆ချက်မြောက်ပင်။


အက္ခရာဓားကွက်နာမ်ပတ်၆ကား အက္ခရာဓားကွက်၅ကွက်စလုံးပေါင်းစည်းထားသောအကွက်ပင်ဖြစ်သည်။


ထိုသိုင်းကွက်မှာအတွင်းအားအကုန်သုံး၍ အသုံးပြု့ရသောကြောင့် လျှပ်စစ်ပမာမြန်ဆန်လွန်းလှပြီး လွန်စွာအားကုန်ရသော အကွက်ပင်ဖြစ်သည်။


 လူ ရာပေါင်းများစွာကိုစက္ကန့်ပိုင်းအတွင်း သတ်နိုင်သောသိုင်းကွက်ဖြစ်ပြီး အတွင်းအားလွန်စွာကုန်သော သိုင်းကွက်ဖြစ်သောကြောင့် ကျိကျွေ. ထို အက္ခရာဓားကွက်နာမ်ပတ်၆အား ဘယ်တော့မှထုပ်မသုံးဘူးဟု့ဆုံးဖြတ်ထားလိုက်လေတော့သည်။


ထို့နောက် အားပျက်သွားသဖြင့် သူ၏ခါးမှသားရေအိပ်လေးထဲမှဆေးတစ်လုံးဝါးစားလိုက်ပြီး


 ``အားပါး ခု့ချက်ချင်းအားတွေအပြည့်ပြန်ရလိုက်သလိုပဲခံစားရတယ် တော်တော်စွမ်းတဲ့ငါ့ရဲ့ဆေး ´´ 


ကျိကျွေတစ်ယောက်ထဲထိုသို့ရေရွတ်ပြီး မိမိဖော်စပ်ထားသောဆေးအစွမ်းကိုလွန်စွာပီတိဖြစ်မိပြီး ကိုယ့်ငားချဉ်ကိုယ်ချဉ်နေခြင်းပင်ဖြစ်သည်။ 


ကျိကျွေ သည်စစ်မှန်ပြီးသန့်ရှင်းစင်ကြယ်တဲ့ လေးကျွန်းစင်္ကြာအတွင်းအားပညာ တက်မြောက်ကတည်းက သူ၏ ညဏ်ရည်မှတ်မိနိုင်စွမ်းမှာ ပို၍ကောင်းလာလေသည်။


ထို့ကြောင့် ဓားအက္ခရာခြောက်ချက်အား တခဏ အတွင်းပင် ကျွမ်းကျင်စွာကစားလာနိုင်လေသည်။ 


ရွှေကိုယ်ပွား ခြေလှမ်းသိုင်းမှာမူအလွန်ရှုပ်ထွေးသော ကြောင့်သာ စကျင့်စဉ်က ခဏတာကျင့်ရခက်နေခြင်းဖြစ်သည်။


သို့သော် အချိန်အတိုင်းအတာတစ်ခု့ အထိလေ့ကျင့်ပြီးသောအခါ ကျွမ်းကျင်လာသောကြောင့် ကိုယ်ပွားတွေပါ  ထွက်လာသည်အထိ ခဏအတွင်းတက်ကျွမ်းလာလေခြင်းပင်ဖြစ်သည်။


 ယခု့ဆိုလျှင် ကျိကျွေတွင်  သူဖော်စပ်ထားသော ဆေးလုံးပေါင်း အလုံး၁၀၀၀ကျော်ခန့် ရှိနေပြီး


သိုင်းပညာတွင်တော့ ကမ္ဘာဖြိုသိုင်း ၁၅ကွက်ထဲမှ


လေပွေလက်ဝါးသိုင်းကွက်


လက်ဝါးတစ်ထောင်သိုင်းကွက်


မိုးမုန်တိုင်းလက်ဝါး(လေပေါ်သို့ခုန်တက်ပြီး မြေပြင်သို့ အတွင်းအားသုံး၍ရိုက်ချသောလက်ဝါးကွက်)


အတု့အစစ်မဲ့ လက်ဝါး(ထောင်ပေါင်းများစွာသောအယောင်ပြလက်ဝါးကွက်ဖြစ်ပြီး ရန်သူကိုလှည့်စားသောသိုင်းကွက်)


ဝင်္ကဘာလက်ဝါး(မည်သည့်ကိုတိုက်ခိုက်မည်မှန်းမသိရလောက်အောင် ရှုပ်ထွေးလွန်းလှသည် ဝင်္ကဘာလက်ဝါးကွက်ပင်)


သွေးလက်ဝါး (မိမိ၏သွေးထွက်မှ ပို၍အစွမ်းထက်လာသည့်သိုင်းကွက်)


လျှပ်စစ်လက်ဝါး(လွန်စွာမြန်ဆန်လွန်းလှသည့်လက်ဝါးကွက်) 


စသည့်လက်ဝါးကွက်၇ကွက်အထိတက်မြောက်နေပြီး ဓားအက္ခရာခြောက်ချက်ပါထပ်မံလေ့ကျင့်နေပြီဖြစ်သည်။


ထို့အပြင်လေးကျွန်းစင်္ကြာအတွင်းအားပညာအဆင့် ၆ အထိမြင့်မားနေပြီး ကျိကျွေ၏ ပြိုင်ဘက်မှာသိုင်းလောကတွင်လက်ချိုးရေလို့ပင်ရသည်ကို ကျိကျွေတစ်ယောက်ယခု့အချိန်ထိမသိရှိသေးပေ။


ထိုသို့ဖြင့် ကျိကျွေတစ်ယောက် ဆေးကြိတ်လိုက် နတ်ပန်းသီးစား၍သိုင်းကျင့်လိုက်နှင့် အချိန်၇ရက်ခန့်ကြာမြင့်လေသောအခါ ရွှေကိုယ်ပွားခြေလှမ်းကိုယ်ဖော့သိုင်းနှင့်ဓားအက္ခရာ၆ချက်အား လွန်စွာကျွမ်းကျင်တက်မြောက်သွားလေတော့သည်။


ကျိကျွေ၏ သိုင်းလေ့ကျင့်မှာ့များကြောင့် ကျောက်ဂူနရံမှာ စာထွင်းထားသည့်အရာများနေရာလပ်မကျန်အောင်ပင်ဖြစ်နေလေတော့သည်။


ထို့နောက် ကျိကျွေနောက်ထပ်ကြေးပြားတစ်ခု့အား ထပ်မံဖတ်လိုက်မိသောအခါ 


``ရှူရှိုက်နည်းဖြင့်စိတ်တန်ခိုးကျင့်၍ ဆေးကု့နည်းမှတ်တမ်းကျမ်းနှင့် လင်းဆွဲကိုယ်ဖော့ပညာ´´ဟူ၍


 ကျိကျွေဖတ်ရင်း ပျော်ရွှင်သွားရသလိုအနည်းငယ်လည်း တွေဝေသွားလေသည်။


``လူတွေကိုကယ်တင်လို့ရတဲ့ ဆေးကု့နည်းကျမ်းကိုငါသဘောတော့ကျပါရဲ့ ဒါပေမယ့် ဟိုလင်းဆွဲကိုယ်ဖော့ပညာဆိုတာကကောဘာပါလိမ့် ရွှေကိုယ်ပွားခြေလှမ်းသိုင်းလိုကိုယ်ဖော့ပညာထက်အဆင့်မြင့်တဲ့ပညာရပ်ငါတက်ကျွမ်းနေတာ ဒီလင်းဆွဲကိုယ်ဖော့ပညာက လေ့လာသင်ယူစရာလိုသေးလို့လာ ´´ 


ကျိကျွေ တော်တော်တွေးရခက်သွားလေသည်။


 ကြေးပြားပေါ်တွင် အရိုးခြောက်ဖြစ်နေသည့်လူကြီးရေးထိုးသွားသည်ဆိုကတည်းက တော်ရုံပညာမဟုတ်မှန်းတော့ နားလည်နေသောကြောင့်  လေ့လာသင့်မလေ့လာသင့်ဆုံးဖြတ်နေခြင်းပင်ဖြစ်သည်။


(အရိုးခြောက်ဖြစ်နေသည့်လူကြီးအရှေ့မှ

ကြေးပြားများရခြင်းကြောင့်အရိုးခြောက်နှင့်လူကြီးရေးထိုးသွားသည်ဟု့တွေးထင်မိခြင်းဖြစ်သည်။)


လင်းဆွဲကိုယ်ဖော့ပညာအကြောင်းသိချင်၍ ကျော်ဖတ်လိုက်မိသောအခါ ....


**************

တစ်ဖက်ချင်နိုင်ငံ ၏ရွှေနန်းတော်အတွင်းတွင် 


  ``   ဖခမည်းတော်ဘု့ရား သမီးတော် ရွှေနန်းတော်ရဲ့အပြင်ဘက်တောတောင်ရေမြေသဘာဝအလှတွေကိုကြည့်ချင်တယ် ဖခမည်းတော်ခွင့်ပြု့ပေးပါနော်...

နော်လို့ ခမည်းတော်´´  


ကလေးလေးသဖွယ်ချစ်စရာကောင်းသောအမူအရာဖြင့်ချွဲနွဲ့၍ ပြောနေသော သမီးတော်လေးကြောင့်  ချင်နိုင်ငံ ဘု့ရင်ကြီး ကောင်းဝူ တစ်ယောက်ခေါင်းစားလျက်ရှိ၏။


 သမီးတော်အား ငယ်စဉ်ကတည်းက ရွှေနန်းတော်ထဲတွင် လိုလေသေးမရှိအောင်ထားသော်လည်း အနှစ်၂၀ ခန့်အထိရွှေနန်းတော်ထဲတွင် နေလာရသောကြောင့် သမီးတော်လေးခဗျာ လွန်စွာပျင်းရိနေလေမှန်း ဖခင်တစ်ယောက်အနေဖြင့်စာနာနားလည်မိ၏။


သို့သော် ရွှေလင်ဗန်းနှင့်အချင်းဆေး၍ ရွှေယမင်းလေးကဲ့သို့ ချစ်စရာကောင်းလှသော သူ၏သမီးတော်အားသူ မလွှတ်ရက်နိုင်ဖြစ်ကာ လွန်စွာစိတ်မချဖြစ်မိနေခြင်းပင်ဖြစ်သည်။


`` ဟာ မဖြစ်ပါဘူး သမီးတော်ရယ် အပြင်မှာက အန္တာရယ်အရမ်းများလွန်းတယ်သမီးတော် လူဆိုး၊သူခိုး၊ဓားပြတွေလက်ထဲငါ့သမီးကျရောက်သွားလို့ကတော့ ဖခမည်းတော့ရင်ကျိုးရချည်သေးရဲ့။ မဖြစ်ဘူးမဖြစ်ဘူးလုံးဝမသွားရဘူး။ဒါအမိန့်ပဲ´´


စိုးရိမ်ပူပန်လွန်းသံနှင့်အမိန့်ပေးသံ အာဏာကြောင့် 

အခြားသူတစ်ယောက်ဆိုလျှင် လွန်စွာကြောက်ရွံ၍ ဒူးထောက်ကာပြားပြားဝတ် ခစားကြမယ်ဖြစ်သော်လည်း  သမီးတော်ဆိုသူကတော့ တစ်စိုးတစ်စိမျှပင်  ကြောက်ရွံဟန်မပေါ် ၊ငယ်စဉ်ကတည်းကအလိုလိုက်ထားသောကြောင့်လည်းဖြစ်၏။


`` ဟာ ခမည်းတော်ကလည်း သမီးတော် ပူပန်စရာမရှိပူပန်နေပြန်ပြီ ဖခမည်းတော်သင်ယူရမယ်ဆိုလို့ နန်းတွင်းသိုင်းဆရာကြိးတွေဆီကနေ သမီးတော် သိုင်းပညာတွေအကုန်သင်ယူတက်မြောက်ထားပြီးပြီပဲကို ဘယ် လူဆိုး၊သူခိုး၊ဓားပြတွေကို ကြောက်စရာလိုလို့လဲ ပြီးတော့သမီးတော်လို ဘု့ရင်သမီးတော်ကို ဘယ်လိုလူကများရန်စထိပါးရဲပါ့မလဲ ဖခမည်းတော်ကလည်း´´


သူ၏သမီးတော်ဖြစ်သူ၏စကားကြောင့် ဘု့ရင်ကြီး သက်ပြင်းရှိုက်မိလေသည်။


``ဟူး ကောင်းပြီ  သမီးတော်ဒီလောက်တောင်သွားချင်ရင် ငွေဓားကိုင်ကိုယ်ရံတော်နဲ့ရံရွှေတော်အပါအဝင် အယောက်၈၀နဲ့ ခရီးထွက်ရမယ်´´


``ဟာ ဖခမည်းတော်ကလည်း လွတ်လွတ်လပ်လပ်ခရီးသွားချင်လို့ပါဆို အဲ့လိုစစ်သားတွေနဲ့သွားရတော့သမီးတော် ဘယ်ပျော်နိုင်တော့မလဲ ဖခမည်းတော်ရဲ့´´


`` ကောင်းပြီ အာ့ဆိုလဲမသွားနဲ့တော့ ဒါတစ်ချက်လွတ်အမိန့်ပဲ  ဟေ့ အပြင်က မောင်းမတွေ အိမ်ရှေ့မင်းသမီးကိုပြန်ခေါ်သွားကြစမ်း  အမြန်လာကြ´´


``ဖခမည်းတော်ဘု့ရား သမီးတော်ကို ဒီလောက်မွန်းကြပ်စရာကောင်းလွန်းတဲ့ ရွှေနန်းတော်ကြီးထဲမှာပဲအကျဉ်းကျနေသလို ပိတ်လှောင်ထားတော့မှာလား ဖခမည်းတော်အရမ်းရက်စက်တာပဲ အီး ဟီး  ရွှတ် ´´ 


ပြောရင်းဆိုရင်း ရွှေမင်းသမီးခဗျာ တရှုံရှုံ ငိုကြွေးလေတော့သည်။


သို့သော် ထိုသို့ငိုနေရင်း မသိမသာပြုံးလိုက်သည်ကိုတော့ ချင်ဘု့ရင်ကြီးကောင်းဝူ တစ်ယောက်မသိလိုက်ချေ။


 သူ၏သမီးတော်ငိုနေသောကြောင့် သနားမိသော်လည်း အလျော့ပေး၍လွှတ်လိုက်မိလျှင် သမီးတော်တစ်ခု့ခု့ဖြစ်မှာတော့အလွန်စိုးရိမ်မိသောကြောင့် မျက်နှာထားအားခပ်တင်းတင်းလုပ်ထားလိုက်မိလေတော့သည်။


 မိဖု့ရားများစွာရှိသည့်အနက်မှ ထူးထူးခြားခြားသားတော်တစ်ပါး၊သမိးတော်တစ်ပါးသာလျှင် ဖွားမြင်သောကြောင့် သားတော်နှင့်သမီးတော်အားသူအလွန်ချစ်ခင်မိ၏။


သားတော်နှင့်သမိးတော်အားမွေးကတည်းကအိမ်ရှေ့စံမင်းသား နှင့်အိမ်ရှေ့စံမင်းသမိး ရာထူးပေးထားပြီး ငယ်စဉ်ကတည်းက မရှိဟူသမျှမကြားရလေအောင် အလိုလိုက်ထားလေသည်။


သားတော်နာမ်မည်အား ကောင်းလူ ဟု့အမည်ပေးပြီး သမီးတော်အား လု့မေ ဟု့အမည်ပေးထားသည်။


ကောင်းလူမှာငယ်စဉ်ကတည်းက အနု့ပညာကိုသာ တမ်းတမ်းစွဲလေ့လာပြီး လု့မေမှာမူ ညဏ်အလွန်ကောင်းပြီးငယ်စဉ်ကတည်းက အလွန်ဂျစ်ကန်ကန်နိုင်လွန်းလှပေသည်။


လု့မေ တစ်ယောက် သူ၏ဖခမည်းတော်အရှေ့တွင် ငိုပြနေသော်လည်း သူ၏စိတ်ထဲတွင်တော့


.``မလွှတ်ရင်နေပေါ့  အပြင်ကိုခိုးထွက်မှာပေါ့ ငါလည်းသိုင်းပညာတစ်ဖက်ကမ်းခက်ကျွမ်းကျင်နေတာ ဘယ်သူ့ကိုမှကြောက်စရာမလိုဘူး တစ်ယောက်ထဲလျောက်လည်ပစ်မယ် ဟွင်းဟွင်း ....´´ 


ထိုသို့အတွေးဖြင့်ကြိတ်၍ပြုံးလိုက်မိခြင်းဖြစ်သည်ဆိုတာကိုတော့ ချင်ဘု့ရင်ကြီး ကောင်းဝူ မသိလိုက်ခြင်းမှာ နောင်တစ်ချိန်တွင် အလွန်ကြောက်ဖို့ကောင်းသောစစ်ပွဲကြီးဖြစ်မည်ဆိုတာကိုပါ မသိလိုက်ခြင်းနှင့်ပင် အတူတူပင်။


တကယ်ပဲ ရွှေမင်းသမီးလေး နန်းတော်အပြင်ဘက်ရောက်လျှင်  သာယာပျော်ရွှင်နိုင်ပါ့ဦးမယ်မလား။


သူတက်မြောက်ထားသော သိုင်းပညာတွေနဲ့ကော ဘာတွေလျောက်မွှေဦးမည်လဲ။


အဘယ်သို့သောကိစ္စများကြောင့် ငြိမ်သက်နေသောတိုင်းပြည်မှာစစ်ပွဲတွေဖြစ်လာဦးမည်လဲ ကံကြမ္မာ သာသိပေလိမ့်မည်။


~ကံကြမ္မာ ဆိုတာ လူကလုပ်တာပါ~


************

 ရှောင်လင်ကျောင်း၏ အပြင်၌ သိုင်းသမားတစ်စု့ရောက်ရှိနေ၏။သူတို့ပုံစံမှာ အလွန်အလောတကြီးမရက်မနားလာခဲ့ရသည့်ပုံစံဖြစ်၍ လွန်စွာမောဟိုက်နေသည့်အသွင်သဏ္ဍာန်ပေါ်လွင်နေလေတော့သည်။


 သူတို့မှာအခြားမဟုတ် တိမ်မုန်တိုင်းသိုင်းသမားကြီး လီဂျိုစူး ခြိမ်းခြောက်၍လွှတ်လိုက်သော သိုင်းသမားတစ်စု့ပင်ဖြစ်သည်။


ထို့ကြောင့် လီဂျိုစူး ခိုင်းသောတာဝန်အားမကျေပွန်ပါက အသားများတစ်စစီဖြစ်၍ အသက်မသေချင်သောကြောင့်

၁၀ရက်ခန့်လာရသောခရီးအား ၇ရက်ဖြင့်ပင်အမြန်ရောက်အောင် ခရီးဆက်လာ၍ ရှောင်လင်ကျောင်းသို့ တာဝန်ကျေပွန်အောင်သတင်း လာပေးခြင်းပင်။


လွန်စွာမောဟိုက်နေသဖြင့်ကျောင်းတွင်းသို့မဝင်သေးပဲ ခဏမျှအနားယူနေခြင်းပင်ဖြစ်သည်။ 


ထိုအခါ ကျောင်းအတွင်းမှ တံခါးစောင့်ကိုယ်တော်များထွက်လာပြီး


``ဒကာကြိးတို့ ဘာအရေးကိစ္စများရှိလို့လဲကျောင်းထဲကို ဝင်ပြီးအနားယူ၊ ရေအေးလေးဘာလေးဝင်သောက်ပေါ့ ဒကာကြီးတို့ရဲ့´´


`` တင်ပါ့ ကိုယ်တော် တပည့်တော်တို့အလွန်အရေးကြီးတဲ့ကိစ္စပြောစရာရှိတာမို့ ဆရာတော်နှင့်ပြောချင်ပါတယ်ဘု့ရား...´´


``အင်း လာလာ ဒကာကြိးတို့လောလောဆယ်တော့ ဆရာတော်ဝတ်ပြု့နေလို့. ခဏကြာရင်တော့ဝတ်ပြ့ပြိးတော့မှာပါ ဒကာကြီးတို့က ခဏစောင့်ရင်း ရေအေးလေးဘာလေးသောက်ပေါ့´´


``တင်ပါ့  ကိုယ်တော်´´


ထိုကဲ့သို့ ကောင်းမှု့ကု့သိုလ်လုပ်၍ 

တရား၊ဓမ္မ အလုပ်၌သာပျော်မွှေ့နေကြသော ရှောင်လင်ကိုယ်တော်တို့အား  လီဂျိုစူး အဘယ်ကိစ္စကြောင့့်သတ်ဖြတ်ချင်နေသလဲဆိုတာ သိုင်းသမားတစ်စု့ လုံးဝစဉ်းစားမရဖြစ်နေလေတေ့ာသည်။


ထိုအရေးကိစ္စအား ဆရာတော်ကြီးလာမှသာအကျိုးအကြောင်းဃဃနန သိမည်မှန်း သိ၍ ဆရာတော်လိထင်းဝတ်ပြု့၍အပြီးအားစောင့်မျှော်နေလေတော့သည်၊


 ခဏအကြာဆရာတော်လိထင်း ဝတ်ပြု့ဆောင်မှ တည်ငြိမ်သောခြေလှမ်းဖြင့်ငြင်သာစွာထွက်လာလေတော့သည်။ 


ထိုအခါ ဆရာတော်လိထက်းရောက်ရှိလာမည့်အချိန်ကိုပင်မစောင့်နိုင်တော့သော သိုင်းသမားတစ်စု့မှာ ဆရာတော်လိထင်း အနားပြေး၍ လျောက်တင်လေတော့သည်။


``ဆရာတော် လိထင်းကို ဂါဝရပြု့ပါတယ် .....

 ဆရာတော် ဘု့ရား တိမ်မုန်တိုင်းသိုင်းသမားကြီး လီဂျိုစူးက ရှောင်လင်ဘုန်းတော်ကြီးတွေအကုန်လုံးကို မကြာခင်လာသတ်ပါမယ်လို့ ပြောခိုင်းလိုက်လို့တပည့်တော်တို့လာပြောရခြင်းဖြစ်ပါတယ်ဘူု့ရား´´


``ဟင်...လီဂျိုစူး....´´


သိုင်းလောက၏ထိပ်ခေါင်ရှောင်လင်ကျောင်းတော်မှနာမ်မည်ကြီး၍

အလွန်တည်ငြိမ်လှသော ဆရာတော်လိထင်းလိုပုဂ္ဂိုလ်ကြီးမှာ လီဂျိုစူး  ဟူသောအမည်အားကြားလိုက်ရသောအခါအကြီးအကျယ်မျက်နှာပျက်သွားသဖြင့် နံဘေးမှ ကိုရင်များသာမက သိုင်းသမားတစ်စု့ပါ လွန်စွာထိပ်လန့်သွားမိလေတော့သည်။


__________________________အပိုင်း < ၆ >မျှော်



^ⓐⓣⓞ^

Crd.Aung Thet Oo


rate now: