#နတ်ဆေးဆရာနှင့်ငရဲမင်း၏သမီးတော်#
အင်မတန်မှ ခန်းနားပြီးကျက်သရေရှိသော အခန်းတစ်ခန်းတွင် အလွန်လှပသောမိန်းမပျိုလေးတစ်ဦး လှဲလျောင်းနေသည်။
ရုတ်တရက်ကြည့်လျှင် သူ၏ပုံစံမှာ လွန်စွာမှမောပန်းနွမ်းနယ်၍ နှစ်ခြိုက်စွာအိပ်ပျော်နေသော နတ်သမီးလေး တစ်ပါးနှင့်ပင်တူလှ၏။
သို့သော် သေချာစွာအနီးကပ်ကြည့်ပါက ထိုမိန်းကလေးမှာ အသက်ငွေ့ငွေ့မျှသာရှူ နေသည်ကို တွေ့ရပေမည်။
သူမ၏ ဖြောင့်စင်းသော နှာတံ၊ ထူထဲနက်မှောင်လွန်းသော မျက်ခုံးမွှေး၊ ချစ်စရာကောင်းလောက်အောင် မို့နေသောပါးလေးထက်မှ ပါးချိုင့်လေးနှစ်ခု့နှင့် နှင်းဆီဖူးကဲ့သ်ို့လှပသောသူ၏နှုတ်ခမ်းလေး၊ နက်မှောင်သောဆံနွယ်တွေမှာ အိပ်စက်နေသည့်တိုင်အောင် သူ၏အလှကိုပို၍ ပေါ်လွင်လွန်းလှ၏။
သူမမှာ အခြားတော့်မဟုတ် တောအုပ်နက်ထဲမှရဲတိုက်ကြီး၏ပိုင်ရှင် ကျင်းဝေ၏ မွေးစားသမီး ခြူးနက်နွယ် ပင်ဖြစ်သည်။
သတိမေ့၍မေ့မျောနေသော်လည်းအိပ်စက်နေသည်နှင့်ပင်တူနေသည့် ခြူးခြူး ရုတ်တရက်သူမ၏ လက်ချောင်းလေးများ လှုပ်ရှားလာသည်။
ပြီးနောက် သူမ၏ နှုတ်ခမ်းသားလေးများ လှုပ်လာပြီး
``ရေ ..ရေ ..ပေး...ပါ´´
ထိုစဉ် ထိုအဖြစ်အပျက်အား အခန်းထဲသို့ ဝင်လာသော အစေခံမလေး ကျူးအော် တွေ့မြင်သွားပြီး ဝမ်းသာသော အသံဖြင့်
`` ဟာ သခင်မလေး သတိရလာပြီ သခင်ကြီးရေလာပါဦး ဒီမှာသခင်မလေးသတိရလာပြီ ´´
ကျူးအော်တစ်ယောက် သူ၏သခင်မလေးသတိရလာသောအခါ လွန်စွာဝမ်းသာလွန်းသဖြင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ပြာယာခတ်စွာဖြင့် သူ၏သခင်ကြီးဆိုသူအား အော်ဟစ်အကူအညီတောင်းလေတော့သည်၊
`` ရေ. ..ရေ.ဆာတယ်.ရေပေးပါ´´
ဒုတိယအကြိမ် ခြူးခြူးဆီမှ အသံထွက်လာမှ ကျူးအော်တစ်ယောက် သူ၏သခင်မလေး ရေအလွန်ဆာနေမှန်းသိလေတော့သည်၊
ထို့ကြောင့်
``သခင်မလေး ရေဆာလို့လား ကျူးအော်သွားယူပေးမယ်နော် ခဏစောင့် ´´
ထိုမျှသာပြောပြီးကျူးအော်တစ်ယောက် အပြင်သို့လှစ်ကနဲပြေးထွက်သွားလေတော့သည်၊
သူ၏်တွေး၌ သခင်မလေးနောက်တစ်ကြိမ်မေ့မျောသွားမှာကိုအလွန်စိုးရိမ်နေမိသည်၊
ငယ်စဉ်ကတည်းက ညီအမလိုမျိုး ၊သူငယ်ချင်းလိုမျိုး အမြဲတမ်းအတူတူ သွားအတူ၊လာအတူရှိခဲ့သည်မို့ ခြူးခြူးအပော် လွန်စွာသံယောဇဉ်တွယ်မိပြီး ကိုယ့်ညီမအရင်းလေးတစ်ယောက်ပမာစောင့်ရှောင့်ခဲ့ရသည်။
ခု့လို သခင်မလေး အဆိပ်မိနေခြင်းကိုမိမိသာဖြစ်လျှင် ကောင်းမည်ဟု့လည်းတွေးနေမိသည်။
သူမရေခပ်၍ပြန်လာသောအခါ အခန်းထဲ၌ ရဲတိုက်သခင်ကြီး ကျင်းဝေလည်း ရောက်ရှိနေသည်၊
``ရေခွက် ဒီကိူအမြန်ပေး ကျူးအော်´´
ကျင်းဝေခပ်မြန်မြန်ပင် ရေခွက်ဆွဲယူ၍ ခြူးခြူးနှုတ်ခမ်းအားတေ့ပြီး ဖြေးညှင်းစွာ ရေတိုက်နေ၏။
ရေအနည်းငယ်သောက်ပြီးမှ ခြူးခြူးမျက်နှာမှာ ချွေးစက်လေးများ အနည်းငယ်ထွက်လာပြီး ယခု့မှသေမင်းနှုတ်ခမ်းမှ လွတ်မြောက်လာသည့်သဏ္ဍာန့်ဖြင့် စကားသံတိုးညှင်းစွာထွက်ပေါ်လာသည်၊
``အဖေ သမီးရဲ့ ကတီပါရွံအိပ်လေးထဲမှာ ငရဲမင်းအာဏာသိုင်းကျမ်းရှိတယ် ဒါပေမဲ့သိုင်းကျမ်းအဖုံးမှာ အနံ၊အရသာ၊အရောင်မရှိတဲ့ ထူးဆန်းတဲ့အဆိပ်တစ်မျိုးရှိတယ် ၊ဒါကြောင့် အဖေအလောတကြီးနဲ့မကိုင်လိုက်ပါနဲနော် ´´
ထိုအခါ သခင်ကြီးကျင်းဝေမှာ မျက်ရည်များဝဲတက်လာပြီး
``အဖေတွေ့ပါတယ်သမီး အဖေအရမ်းမက်မောလွန်းပါတယ်ဆိုတဲ့သိုင်းကျမ်းကို အဖေခု့ချိန်ထိမထိရသေးပါဘူး အဖေသမီးလေးကိုသာအရမ်းစိုးရိမ်နေတာ မိုက်လိုက်တာ သမီးလေးရယ် ခု့ချိန်ထိ ကိုယ့်အတွက်ကိုယ်မပူပန်ဘူးအဖေ့အတွက်စိုးရိမ်နေသေးတယ်´´
ကျင်းဝေတစ်ယောက် သမီးလေးအရှေ့တွေမငိုမိအောင်ထိန်းရင်း ပြန်ပြောနေမိ၏၊နံဘေးတွင်တော့ ကျူးအော်မှာ တစ်ရှုံရှုံနှင့်ကြိတ်ငိုနေလေသည်။
သူ၏သခင်ကြီးနှင်သခင်မလေးတို့စကားပြောတာ နှောက်ယှက်မိသလိုဖြစ်မှာစိုး၍ ကြိတ်ငိုနေခြင်းဖြစ်၏။
ကျင်းဝေ သူ့သမီး၏လက်ကလေးအားဆွဲယူ၍ သွေးကြောတွေအား စမ်းလိုက်၏။
မျက်နှာတစ်ချက်ပျက်သွားသော်လည်း ပြန်လည်၍ ပြုံးလိုက်ပြီး
``သမီးလေ ဘာမှစိတ်မပူနဲ့မကြာခင်ပြန်ကောင်းသွားမှာပါ ပြန်အိပ်တော့နော် အားရှိအောင်´´
သူ၏စကားကြောင့် ခြူးခြူးမှာ သူမ၏ခေါင်းလေးအား အားယူ၍လှုပ်ရုံမျှသာခေါင်းငြိမ့်လိုက်ပြီး မျက်လုံးအားမှိတ်လိုက်လေသည်။
သို့သော်သူမ၏ပါးပြင်၌ မျက်ရည်စများစီးကျလာလေသည်။ပြိးနောက် တစ်ဆက်တည်း
``သမီးကို ခွင့်လွှတ်ပါ ဖေဖေရယ်´´
``သမီးလေးကိုဖေဖေခွင့်လွှတ်ပြိးသားပါသမီးလေးရယ်´
ကျင်းဝေတစ်ယောက်တီးတိုးရေရွတ်ပြီး အခန်းပြင်သို့ထွက်လာလိုက်လေသည်။
သူ၏အနောက်၌ ကျူးအော်လည်းလိုက်ပါလာ၏။
အခန်းအပြင်ရောက်မှ ထိန်ထားတဲ့မျက့်ရည်တွေအား လွှတ်ချလိုက်ပြီးအားရပါးရငိုကြွေးလေတော့သည်။
သူငိုတော့ နံဘေးသို့ရောက်လာသောကျူးအော်မှာလည်း ပို၍ငိုကြွေးလေတော့သည်၊
ပြိးနောက်
``သခင်မလေး အခြေအနေ ဘယ်လိုရှိလို့လဲပြောပြပါဦး သခင်ကြီးရယ်´´
ငိုသံဖြင့်မေးလိုက်လေရာ
ထိုအခါ ငိုကြွေးနေရင်းမှကျင်းဝေ၏ ပြန်ပြောသည့်စကားကြောင့် ကျူးအော်တစ်ယောက်မေ့လဲမလိုဖြစ်သွားမိလေတော့သည်။
``ခြူးခြူး ရဲ့အဆိပ်ဟာဖြေလို့မရတော့ဘူး နောက်တစ်လဆို သမီးလေးခြူးခြုး ဒီလောကထဲကထာဝရပျောက်ကွယ်သွားတော့မယ်ကျူးအော်´´
တကယ်ပဲ ခြူးနတ်နွယ်ဆိုတဲ့မိန်းမချောလေး သေဆုံးသွားတော့မှာလား ။
ထိုထူးဆန်းတဲ့အဆိပ်ကိုဖြေနိုင်တဲ့ဆေးလောကမှာကောရှိသေးရဲ့လားဆိုတာကတော့ ကံကြမ္မာ ကသာလျှင်သိပေလိမ့်မည်။
*************
ထိုအချိန်ကာလ၌ သိုင်းလောက သိုင်းပညာအစွမ်းထက်သည့်လူငယ်အများအပြားပေါ်ထွက်လာ၏။
ထိုသို့ ပေါ်ထွက်လာခြင်းမှာ အေးချမ်းနေသောသိုင်းလောကက်ို လှုပ်ခတ်လိုက်သည့် သဘောဆောင်နေလေသည်။
နတ်လက်ဝါး ကျောက်ထို ၊
သွေးမိစ္ဆာသိုင်းသမား လု့ဖန်၊
သွေးကြောဖြတ် ဓားသိုင်းသမား ရန်အော် ၊
ဝူဒူ မြို့မှ သူဌေး ပန်းလိပ်ပြာဇနီးမောင်နှံ၏ သမီးလေးပန်းဒေဝီသခင်မလေး စူးအော် ၊
ပီကျင်းမြို့မှ ကျောက်ကုန်သည်သူဌေးကြီး၏ သမီး ရှင်းစု့ ၊
အဆိပ်မယ်တော်ကြီး၏ တပည့်မ ကျူးရင် နှင့်
သမာဓိဓားသမား ရှောင်းလီ
စသည့် သိုင်းသမားလူငယ်တို့သည် အခြားသူများထက်ပို၍ တစ်ရှိန်ထိုးနာမ်မည်ကျော်ကြားလာလေသည်။
နတ်လက်ဝါး ကျောက်ထို ၏ နတ်လက်ဝါး သိုင်း ၂၈ ကွက် မှာ ပြင်းထန်ရက်စက်၍ နာမ်မည်ကြိးလေသည်။
သွေးမိစ္ဆာသိုင်းသမား လု့ဖန်မှာလည်း သွေးစုပ်အတွင်းအားနှင့် မိစ္ဆာဓာတ်ပြင်းထန်သောသူ၏ သိုင်းကွက်များကြောင့် လူအများထိပ်လန့်ကြောက်ရွံကြ၏။
သွေးကြောဖြတ် ဓားသိုင်းသမား ရန်အော်၏ သွေးကြောဖြတ် ဓားသိုင်း ၄၂ကွက်မှာ လွန်စွာတိကျသေသပ်၍ သိုင်းလောကထိပ်သီးပညာရှင်များပင်ချီးမွန်းရလေသည်၊
ပန်းလိပ်ပြာဇနီးမောင်နှံ၏ သမီးလေးပန်းဒေဝီသခင်မလေး စူးအော်မှာမူ နာမ်မည်နှင့်ပင်လိုက်ဖက်အောင်နတ်သမိးတမျှချောသည်ဟု့ကျော်ကြားပြီး သူမ၏ လိပ်ပြာအရိပ်ဓားကွက် ၃၉မှာ လည်း အရိပ်ကဲ့သို့ပင် မြန်ဆန်၍နာမ်မည်ကြိးလေသည်၊
ပီကျင်းမြို့မှ ကျောက်ကုန်သည်သူဌေးကြီး၏ သမီး ရှင်းစု့ မှာတော့မူ ထူးဆန်းလှသည့်ဓားသိုင်းနှင့် သူ၏မျက်နှာအားအမြဲတမ်းပုဝါအုပ်ထားသဖြင့် လူအများ၏စိတ်ဝင်စားမှု့အရာ၌ နာမ်ပတ်၁ဖြစ်နေခြင်းပင်။
အဆိပ်မယ်တော်ကြီး၏ တပည့်မ ကျူးရင် ကတော့ အဆိပ်မယ်တော်ကြိး၏အဆိပ်ပညာကို အိပ်သွန်ဖာမောက်ရထား၍ လူအများကြောက်ရွံကြသလို သူမ၏ သေမင်းတမန်အဆိပ်သုတ်လိမ်းထားသော အဆိပ်လက်နက်ပစ် ပညာကိုမည်သူမှအကဲမစမ်းလိုလှပေ။
သမာဓိဓားသမား ရှောင်းလီ ကတော့မူ မတရားတွေ့တွေ့လျှင်ဝင်ကူညီတက်ခြင်း၊ သူ၏တစ်ကိုယ်တော်ဓားသိုင်းမှာလည်း အဆင့်မြင့်ဓားသိုင်းပညာဖြစ်ပြီး လူဆိုးဓားပြများကို နှိပ်ကွပ်ကာ တရားမျှတစွာပြည်သူများဘက်မှရပ်တည်ပေးခြင်းတို့ကြောင့်ကျော်ကြားနေလေသည်။
ထိုသို့ သိုင်းပညာအစွမ်းထက်သည့် လူငယ်အများအပြားပေါ်ထွက်လာခြင်းကြောင့် ဝူတန်၊ငိုမီ၊ခွန်းလွန် ၊သူတောင်းစားဂိုဏ်း စတဲ့ ဂိုဏ်ချုပ်ကြီးများနှင့် သိုင်းလောကရဲ့ထိပ်သီးပုဂ္ဂိုလ်များကတော့ `သိုင်းလောကကြီး ဆူပူလာခဲ့ရင်ဒုက္ခ ´ ဆိုသည့့်စိတ်နှင့် ရင်တစ်ထိပ်ထိပ်ဖြစ်နေရှာလေသည်။
ယခု့ပင် အနက်ရောင်သိုင်းဂိုဏ်းများနှင့် အနက်ရောင်သိုင်းလောကသားများမှာအုံကြွ၍ ဆူပူချင်နေသည်မှာ တာဆူနေသည့်သဏ္ဍာန်။
သို့သော် ဟိုတကွက် ဒီတစ်ကွက် ဓားပြတိုက်ရုံမျှသာလွဲ၍ ထိုထက်ပိုပြီး မဆူပူကြွရဲပေ။
အဘယ်ကြောင့်ဆိုသော် အဖြူရောင်သိုင်းလောကသားများနှင် ရှောင်လင်၊ဝူတန်၊ငိုမီ၊ခွန်းလွန် ၊သူတောင်းစားဂိုဏ်း စသည့်အင်အားကြီးသည့်ဂိုဏ်းကြီးများကို မတွန်းလှန်ရဲ၍ပင်ဖြစ်သည်။
ထို့ကြောင့် ခိုးကြောင်ခိုးဝှက်ဖြင့် သူခိုး၊ဓားပြ၊လုယက်တာလောက်လေးပင် ပြစ်မှု့ကျူးလွန်ကြခြင်းပင်။
အစွမ်းထက်မြက်သည့်အနက်ရောင် သိုင်းသမားများလည်း ပျောက်ကွယ်နေပြီး သိုင်းလောကကြီးမှာ သိုင်းပညာအစွမ်းထက်သည့်သိုင်းသမားအချို့ ပေါ်ထွန်းလာရုံမျှလွဲ၍ နဂိုအတိုင်းပကတိ အေးချမ်းငြိမ်သက်နေခြင်းပင်။
ထိုအခြေအနေမှာ လေမုန်တိုင်းမလာခင် ငြိမ်သက်နေသော ကောင်းကင်ကြီးနှင့်ပင်တူညီလှပေသည်။
မကြာခင် တိမ်မုန်တိုင်းသိုင်းသမားကြီးလီဂျိုစူး ပေါ်ထွက်လာခဲ့ပြန်ပြီဆိုတာသာ အနက်ရောင်သိုင်းသမားတို့သိခဲ့လျှင် အရင်လိုပဲ တည်ငြိမ်ပါဦးမည်လော ဆိုတာကတော့ ကံကြမ္မာ သာသိပေလိမ့်မည်။
******************
နက်ရှိုင်းလှသည့်ချောက်ကမ်းပါးထဲက. ကျောက်ဂူလေးအတွင်းတွင် လူငယ်တစ်ယောက်ဆေးပင်းများနုတ်၍၄င်း၊ဆေးမြစ်များ တူး၍၄င်း ထိုလူငယ်တစ်ယောက်ထဲအလုပ်ရှုပ်နေလေသည်၊
တဖန် ထိုဆေးမြစ်၊ဆေးပင်များ၊ဆေးရွက်များ ၊ဆေးပင်များအား ကျောက်တုံးတစ်တုံးဖြင့်ကြိတ်၍၄င်း၊ထု့၍၄င်း ထပ်မံအလုပ်ရှုပ်နေပြန်၏။
ထိုသူမှာအခြားတော့မဟုတ် ကျောက်ဂူထဲမှပြန်ထွက်မရသော ကျိကျွေ ပင်ဖြစ်သည်။
သူသည်တစ်နေ့ကျောက်ဂူထဲကပြန်ထွက်နိုင်မည်ဟု့ ယုံကြည်ထားသဖြင့် မိမိအပြင်သို့ရောက်ခဲ့လျှင် ဒုက္ခသည်များအား အစွမ်းထက်လှသည့်ဤဆေးပင်များဖြင့်ကူညီနိုင်ရမည်ဟု့တွေးထားခြင်းပင်၊
ထို့ကြောင့် ဆေးပင်များ၏အစွမ်းပို၍ ထိရောက်အောင် သူတက်ထားသည့်ဆေးပညာဖြင့် ကျောက်ဂူထဲမှ ရှားပါးဆေးပင်များကိုပေါင်းစပ်၍ ဆေးလုံး ကြိတ်နေခြင်းပင်။
သူ၏နှဖူးမှချွေးတွေတစ်တောက်တောက်ကျနေသော်လည်း သူမမှု့၊ကြိတ်မြဲတိုင်းကြိတ်နေ၏။
ပြီးနောက်ဆေးအမှုန့်တွေအား အလုံးသေးသေးလေးတွေပြု့လုပ်ထားပြီး ဂူအဝ၌နေလှမ်း၊လှမ်းထားလေတော့သည်။
သူ၏ လူတစ်ဖက်သားကိုကူညီလိုသောစိတ်၊မလျော့သောဇွဲလုံ့လ၊ကျောက်ဂူထဲမှအစွမ်းထက်သည့်ဆေးပင်ဆေးမြစ်များ၊သူ၏တက်မြောက်ထားသောဆေးပညာတို့ကြောင့် ဖြစ်ပေါ်လာသောဤဆေးလုံးကလေးများသည် နောင်နှစ်ပေါင်းများစွာတွင် လွန်စွာရှားပါးပြီးတန်ဖိုးကြိးလှသဖြင့် လူအများတစ်ယောက်နှင့်တစ်ယောက် သတ်ဖြတ်၍လု့ယူရလောက်အောင် အစွမ်းရှိသော သေရွာပြန်နတ်ဆေးဟူ၍ ရာဇဝင်တွင်မည်ဆိုတာ ကျိကျွေ တစ်ယောက်ခု့ချိန်ထိမသိရှိသေးပေ။
ထိုဆေးလုံးများ၏အစွမ်းကြောင့်ပင်
သူ၏ အမည်မှာလည်း ကျိကျွေ ဆိုသည့်နာမ်မည်မှ နတ်ဆေးသမားတော် ဟူ၍ နာမ်မည်တွင်၍ နောင်အချိန်၌ သူ့အကြောင်းကိုဒဏ္ဍာရီသဖွယ်ပြောဆိုကြပေဦးတော့မယ်၊
``ဟူး .ဆေးတွေလည်းကြိတ်ပြီးပြီ လေးကျွန်းစင်္ကြာအတွင်းအားပညာကိုဆက်လေ့ကျင့်ဦးမှပါ ´´
ပြောပြောဆိုဆိုနှင့်ကျိကျွေ နံဘေးမှ နတ်ပန်းသီးအား တစ်ကိုက်ကိုက်စားလိုက်ပြီး တပလ္လင်ခွေထိုင်ကာ မျက်လုံးအစုံအားမှိတ်၍ လက်နှစ်ဖက်ကိုပေါ်ပေါ်တင်ပြီးအတွင်းအားကျင့်နေလေတော့သည်။
ထိုအခါ သူ၏နံဘေးပတ်ပတ်လည်၌ ကျောက်သားကျောက်ခဲတို့မှာ လေမရှိသည့်အာကာသပြင်ထဲရောက်နေ သကဲ့သို့ လေပေါ်၌ ပျံသန်းလာပြီး ငြိမ်သက်နေလေတော့သည်။
အတန်ကြာသော် ထိုကျောက်ခဲတို့သည် ကျိကျွေ၏ နံဘေး၌ စတင်လည်ပတ်လာတော့သည်။
တစ်ဖြည်းဖြည်း နှင့်လှည့်ပတ်နှုန်းမှာ မြန်ဆန်လာပြီး ကျိကျွေမှာမူ လေပွေကြီးတစ်ခု့ထဲရောက်နေသကဲ့သို့ဖြစ်နေလေသည်၊
အတန်ကြာထို့မျှလည်နေပြိးနောက် ကျောက်ခဲ့တို့မှာရုတ်တရက်ပြန်ရပ်တန့်သွားခဲ့လေသည်၊
ပြီးနောက် ထိုကျောက်သားကျောက်ခဲတို့မှာ တစ်ဖြည်းဖြည်းရေခဲအမှုန်များကပ်တွယ်လာပြီး နောက်တစ်ခဏအကြာ မီးထတောက်လာလေပြန်တော့သည်။
ပြီးနောက် ``ဝုန်း ..ဝုန်း ...ဝုန်း ´´
ကျိကျွေ၏ လက်ဝါးနှစ်ဖက်မှာ လှိုင်းဂယက်များထလာပြီး လွင့်ထွက်သွားသော ရာချီသောမီးကျာက်ခဲလေးများအား ထောင်ချီသောလက်ဝါးရိပ်ကြီးများဖြင့် ထိုင်နေရင်းပင်လှမ်းရိုက်လေတော့သည်။
ထိုမီးကျောက်ခဲလေးများသည် မြေသို့ပင်မကျ လေပေါ်မှာပင် အမှုန်အဖြစ်သို့ပြောင်းလဲသွားလေတော့သည်။
ဤသည်မှာ ကမ္ဘာဖြိုလက်ဝါးသိုင်းကွက်၁၅မှ ဒုတိယမြောက် သိုင်းကွက်ဖြစ်သော လက်ဝါးတစ်ထောင် သိုင်းကွက်ပင်ဖြစ်သည်။
သူဂူအတွင်းတွင် လေးကျွန်းစကြာင်္အတွင်းအားပညာကျင့်ရင်းနှင့်ပင်ထပ်မံကျင့်ကြံလိုက်သော ဒု့တိယမြောက်သိုင်းကွက်ပင်ဖြစ်သည်။
နတ်သစ်သီးအား လိုသလောက်သာစား၍ သိုင်းကျင့်ခြင်းအကျိုးကျေးဇူးကြောင့်.
သူ၏ အတွင်းအားပညာမှာလည်း အဆင့်ခြောက်အထိပင်မြင့်မားခဲ့လေပြီဖြစ်သည်။
ကျိကျွေ အတွင်းအားကျင့်ပြီးသော အခါ သူနေလှန်းထားသော ဆေးလုံးကလေးများအား သူ၏ခါး၌ပါလာသောကတီပါရွံအိပ်လေးထဲလိုက်လံကောက်ထည့်နေလေတော့သည်။
ထို့နောက် ဆေးတစ်လုံးအား ဝါးစားကြည့်လိုက်ပြီး
``အားပါး တစ်ကိုယ်လုံး ဘာရောဂါမှမရှိတော့သလိုခံစားရပြီး နဂိုထက်ပိုပြီး အဆပေါင်းများစွာလန်းဆန်းလာသလိုခံစားရပါလား ၊အတွင်းအားတွေလည်းဒီရေလိုမျိုး ပိုပြီးတိုးလာသလိုခံစားရတယ်၊ ဒီဆေးသာအပြင်ကိုယူသွားနိုင်ခဲ့ရင် ဒုက္ခသည် တွေတော်တော်များများရဲ့အသက်ကိုကယ်ပေးနိုင်လောက်တယ်လို့ငါထင်တယ် ဘာပဲဖစ်ဖစ် ငါဒီဂူထဲကထွက်နိုင်အောင်အရင်ကြိုးစားရမယ် အဲ့တော့ ဟိုကျန်တဲ့ကြေးပြားတွေကိုဖတ်ရမယ် ဟုတ်ပြီ´´
ကျိကျွေ ထို့သိုရေရွတ်မိပြီး ကြေးပြားတွေထားရှိရာ တပ္ပလ္လင် ခွေထိုင်နေသောအရိုးခြောက်ကြီး၏အရှေ့သို သွားလိုက်လေသည်။
ထို့နောက် တတိယမြောက် ကြေးပြားကြီးအား သေချာအာရုံစူးစိုက်၍ဖတ်လိုက်မိသောအခါ
`` ရွှေကိုယ်ပွား ခြေလှမ်းသိုင်းနှင့် ဓားအက္ခရာ ၆ချက်´´ ဟူ၍
____________________________အပိုင်း<<၅>>မျှော်
Crd .Aung Thet Oo