book

Index 31

<<အပိုင်း ၃၁>>

#နတ်ဆေးဆရာနှင့်ငရဲမင်း၏သမီးတော်#


လူသုံးဦး..ခေါင်းချင်းဆိုင်ဆွေးနွေးနေကြ၏။

သူတို့၏အမူအယာမှာတစ်စုံတစ်ခု့အားစိုးရွံနေပုံ။.ထိုသူတို့မည်သူတို့နည်း။

ဘယ်အရာအားစိုးရွံနေသနည်း။

မှန်၏.ထိုလူသုံးဦးမှာ..ရွှေဓားကိုင်ကိုယ်ရံတော်သုံးဦးပင်ဖြစ်သည်။


.ဘုရင်ကြီးကောင်ဝေ၏တာဝန်ပေးမှု့ကြောင့်..မင်းသမီးလေးလု့မေအားလျှို့ဝှက်စောင့်ရှောက်ခဲ့သော်လည်း..ယခု့မူ..မင်းသမီးလေးလု့မေမှာ.အသက်မသေရုံတမယ်ဒဏ်ရာရရှိနေသောကြောင့်..သူတို့သုံးဦး..ခေါင်းက်ျိန်းနေမိ၏။


``.ဘယ်လိုလုပ်မလဲနောင်ကြီး..မင်းသမီးလေးကသေမလိုဖြစ်နေပြီ..ဒီကိစ္စဘု့ရင်ကြီးကိုအကြောင်းကြားလိုက်ရင်ကောင်းမလား..´´


ရွှေဓားကိုယ်ရံတော်တစ်ယောက်မှအကြံအိုက်စွာဖြင့်မေးလိုက်ခြင်းဖြစ်သည်။.


``ဟာ.အကြောင်းကြားလို့ဘယ်ဖြစ်မလဲ..မင်းသမီးလေးကိုငါတို့စောင့်ရှောက်တာပေါ့လျော့လို့ဖြစ်တာဆိုပြီး.ဒေါသပိုထွက်သွားရင်..ငါတို့ပဲခေါင်းဖြတ်သတ်ခံရမှာ´´..


နောက်တစ်ဦးမှကမန်းကတန်းဝင်ရောက်ဖြေ၏။


``အင်းအဲ့တာလည်းဟုတ်တယ်..ဟိုကောင်လေးကဆေးသွားရှာတယ်လို့ကြားတယ်.မင်းသမိးလေးကလည်း.မသေသေးပါဘူး..ဒီတော့ .အခြေအနေကိုဆက်စောင့့်ကြည့်ရမယ်..ဘု့ရင်ကြီးကိုအကြောင်းမကြားသေးဘူး..ဘယ်လိုလဲ.´´.


ကျန်သောတစ်ယောက်မှသေချာတွေး၍ဝင်ဖြေလေသည်။


``.အကြောင်းလည်းမကြားရဲသေးပါဘူးဗျာ..ဒီတော့နောင်ကြီးပြောသလိုပဲ.အခြေအနေဆက်စောင့်ကြည့်ကြတာပေါ့..´´.


သူတို့သုံးဦး..ရောက်ရှိနေသည့်နေရာကား..ငိုမီဂိုဏ်းအနီးအနားတွင်ဖြစ်သည်။


.လု့မေအားဆက်လက်စောင့်ကြည့်နေကြခြင်းဖြစ်သည်။

.သူတို့သုံးဦး၏အသက်တည်ရှိရာကားလု့မေထံတွင်သာ။ထို့ကြောင့်.မင်းသမိးလေးလု့မေ.ပြန်လည်၍ဒဏ်ရာသက်သာလာပါစေဟု့သာဆု့တောင်းနေကြရလေတော့သည်။

@@@@@@@@@@@


ထိုအချိန်တွင်..ဆရာတော်ဘိုးဘိုးကြီးတို့၏ခေါ်ဆောင်မှု့ကြောင့်..ကိုယ်တော်ရှောင်းလီ(သမာဓိဓားသမားရှောင်လီ).တစ်ယောက်..ဆရာတော်ဘိုးဘိုးကြီးများသွားရာနောက်သို့လိုက်နေရ၏။.


မကြာသေးခင်ကမှခေါင်းတုံးတုံး၍သင်္ကန်းဝတ်လိုက်ရသောကြောင့်..နေရခက်နေသော်လည်း..ရင်ထဲဝယ်အေးချမ်းနေသည်ဟု့ခံစားနေရ၏။


°.ဆရာတော်ဘိုးဘိုးကြီးတွေကဘာ့ကြောင့်..ငါ့ကိုမှရွေးခေါ်ရတာပါလိမ့်°


ကိုယ်တော်ရှောင်းလီတွေးလျက်..ဆရာတော်ကြီးများသွားရာ..နောက်သို့လိုက်နေရင်းမှ..သွားနေသောဆရာတော်ကြိးများရပ်တန့်သွားသောကြောင့်..သူပါတုန်ကနဲ့ရပ်လိုက်ပြီး.ဘေးဘီအားကြည့်လိုက်မိ၏။


.ထိုအခါ.မိမိသည်.ဂူကြီးတစ်ဂူအရှေ့သို့ရောက်နေမှန်းသိလိုက်ရသည်။.ရှောင်လင်ကျောင်းဧရိယာသည်ကားလွန်စွာကျယ်ဝန်း၏။ထို့ကြောင့်..ရှောင်းလီအနေနှင့်.ပတ်ဝန်းကျင်အားစိမ်းနေခြင်းပင်ဖြစ်သည်။.


``.ဆရာတော်ဘိုးဘိုးကြီးတွေဂူအောင်းတာဒီဂူပဲဖြစ်ရမယ်´´


သူ၏အတွေးမဆုံးခင်ပင်.ဂူထဲသို့ဆရာတော်ကြီးများဝင်သွားသောကြောင့်..သူပါလိုက်ဝင်လိုက်သည်။.


``ဟင်´´


ကိုယ်တော်ရှောင်းလီသူ့မျက်လုံးများပင်မယုံနိုင်ပေ။.ဂူထဲသို့ဝင်ဝင်လိုက်ခြင်း..ရင်ထဲသို့အေးချမ်းမှု့များတိုးဝင်လာသောကြောင့်တစ်ကိုယ်လုံးလန်းဆန်းသွားသလိုခံစားလိုက်ရ၏။


ထိုအတူ..ဂူထဲတွင်ကျောက်စက်ကျနေသောရေကန်လေးနှင့်..သစ်ပင်ငယ်လေးတစ်ပင်ရှိ၏။


.ဂူမှာအတန်ငယ်ကျယ်ဝန်းပြီး..အေးချမ်းသောအရှိန်အဝါများအားခံစားရစေသည်။ဦးစွာ..ကိုယ်တော်ရှောင်လီအား..ခေါ်ဆောင်သောဆရာတော်ဘိုးဘိုးကြီးမှ.

.

``.ကိုယ်တော်ရှောင်းလီ..´´


``တင့်ပါ..ဆရာတော်ဘိုးဘိုးကြီး´´


``အင်း.ကိုယ်တော်တို့ရှောင်းလီကိုဝန်ခံစရာတစ်ခု့ရှိတယ်.

.တကယ်တော့ကိုယ်တော်ရှောင်းလီဟာ..

လူတစ်သောင်းမှာတစ်ယောက်သာရှိခဲတဲ့သိုင်းပါရမီရှင်တစ်ယောက်ပါ...ဒါ့ကြောင့်..ဘုန်းကြီးတို့ကကိုယ်တော့်ကိုခေါ်လာတာပဲ.ကိုယ်တော်ရှောင်းလီရဲ့မျက်ဝန်းတွေထဲမှာ.လောဘမတွေ့ရဘူး...လူအများကိုကူညီပေးစေလိုတဲ့အေးချမ်းတဲ့စိတ်ထားတွေထင်ဟပ်နေတယ်..ဘုန်းကြီးတို့ရှောင်လင်ကြောင်းမှာ.ထူးချွန်တဲ့ရှောင်လင်သားတပည့်မပေါ်ထွန်းတော့တာကြာခဲ့ပြီ..ဒါ့ကြောင့်ကိုယ်တော့ကို..ပြု့စု့ပျိုးထောင်ပေးချင်တယ်..ရှောင်လင်းကျောင်းရဲ့ဂုဏ်ရှိန်အဝါကို.နေလိုလလိုတဖန်ပြန်ထွန်းတောက်အောင်.ကိုယ်တော်ကစွမ်းဆောင်ပေးပါ...ဘုန်းကြီးတို့မေတ္တာရပ်ခံပါတယ်...´´


ဆရာတော်ဘိုးဘိုးကြီး၏စကားကြောင့်..ကိုယ်တော်ရှောင်းလီ..ကိုယ့်ကိုကိုယ်ပင်မယုံနိုင်အောင်ဖြစ်သွားရလေသည်။ထို့ကြောင့်မဆိုင်းမတွပင်..


``တင်ပါ့..တပည့်တော်..အစွမ်းကုန်ကြိုးစားသင်ယူပါ့မယ်ဘု့ရား..´´


``အိမ်း..ကောင်းလေစွကောင်းလေစွ..ဒီလိုတပည့်လေးရထားတာ.ကျုပ်တို့ရှောင်လင်ရဲ့အနာဂတ်အတွက်.ရင်မလေးရတော့ဘူး...´´


ဆရာတော်ဘိုးဘိုးကြီးများအားလုံး..ပြုံး၍ပီတိဖြာနေကြလေသည်။ထိုအချိန်တွင်..အပြင်ဘက်မှ.ဘုန်းကြီးတစ်ပါးအလောသုံးဆယ်ဖြင့်ဂူထဲသို့ပြေးဝင်လာ၏။


ထိုဘုန်းကြီးမှာ..တာမောဆရာတော်ပု့ကျင်းပင်ဖြစ်သည်။.သူ၏မျက်နှာတွင်..မောနေဟန်၊စိုးရွံ့ဟန်တို့အတိုင်းသားပေါ်လွင်နေ၏။.


ဆရာတော်ဘိုးဘိုးကြီးများမှာ..ကိုယ်တော်ပု့ကျင်းအားကြည့်ကာ..မကောင်းတဲ့ကိစ္စတစ်စုံတစ်ရာဖြစ်ခဲ့မှန်းသဘောပေါက်လိုက်ကြ၏။ထို့ကြောင့်..


``ကိုယ်တော်ပု့ကျင်း.ဘာအရေးအကြောင်းထူးလို့..ဂူထဲထိမပြောမဆိုဝင်လာရတာလဲ..´´


``တင်ပါ့..အရမ်းအရေးကြီးတဲ့ကိစ္စပါဘု့ရား.မကြာသေးခင်က.တပည့်တော်ကျမ်းစာဆောင်ကို.စစ်ဆေးကြည့်တဲ့အခါမှာ..အရေးကြီးတဲ့သိုင်းကျမ်းတွေ..အစွမ်းထက်တဲ့သိုင်းကျမ်းတွေပျောက်ဆုံးနေမှန်းသိလိုက်ရပါတယ်ဘု့ရား.နောက်ပြီး.ကျမ်းစာဆောင်ကိုစောင့်တဲ့ကိုယ်တော်နှစ်ပါးလည်းပျောက်နေပါတယ်..အဲ့တာနဲ့သေချာရှာကြည့်တော့.ကိုယ်တော်နှစ်ပါးရဲ့အလောင်းကိုလည်းရှာတွေ့ခဲ့ရပါတယ်ဘု့ရား.´´


`` ဟေ..ဒီကိစ္စအရေးကြီးတယ်..သိုင်းကျမ်းတွေပျောက်တဲ့ကိစ္စသိုင်းလောကကိုမသိစေနဲ့.သိုင်းလောကသားတွေသာဒီကိစ္စသိသွားရင်.ရှောင်လင်ရဲ့ဂုဏ်သိက္ခာကျန်တော့မှာမဟုတ်တော့ဘူး..ဘယ်သူခိုးသွားတယ်လို့ထင်လဲ..ကိုယ်တော်ပု့ကျင်း´´


``တင်ပါ့ဆရာတော်ဘိုးဘိုးကြီး...လီဂျိုစူးလာတိုက်ခိုက်တဲ့နေ့က.ပျောက်တယ်လို့ထင်ရပါတယ်ဘု့ရား..ကျမ်းစာဆောင်စောင့်ကိုယ်တော်နှစ်ပါးရဲ့ဒဏ်ရာတွေကိုစစ်ဆေးကြည့်တော့ ပျောက်ကွယ်နေတဲ့သေမင်းခေါ်သံသိုင်းရဲ့ဓားကွက်ကြောင့်ဖြစ်တဲ့ဒဏ်ရာတွေလို့ယူဆရပါတယ်ဘု့ရား.´´


``အင်း..ဒါဆို..ဒီကိစ္စလုံးဝမပေါ့ဘူး.ကိုယ်တော်ပု့ကျင်း.၊..သိုင်းကျမ်းတွေပျောက်တဲ့ကိစ္စကိုအတက်နိုင်ဆုံး..လျှို့ဝှက်ထားပါ..ဒီကိစ္စကိုစုံစမ်းဖို့..ရွှေအဆင့်.ကိုယ်တော်နှစ်ပါးကို..သိုင်းလောကထဲစေလွှတ်လိုက်ပါ..´´


``တင်ပါ့ဆရာတော်ဘု့ရား ခု့ပဲစေလွှတ်လိုက်ပါမယ်´´


တာမောဆရာတော်ပု့ကျင်း...ပြန်ထွက်သွားသောအခါမှ..ဆရာတော်ဘိုးဘိုးကြီးတို့အားလုံး.မျက်နှာပျက်စွာဖြင့်..တစ်ယောက်မျက်နှာတစ်ယောက်ကြည့့်ကာ.ခေါင်းညှိမ့်ပြလိုက်ကြ၏။


.ပြီးနောက်

..ဝါအကြီးဆုံးဆရာတော်ကြီးမှ..ကိုယ်တော်ရှောင်းလီဘက်လှည့်ကာ..


``.ကဲ.ကိုယ်တော်ရှောင်းလီ..ရှောင်လင်ကျောင်းရဲ့ဂုဏ်သိက္ခာက..မကြာခင်အချိန်အတွင်း..အောက်ဆုံးထိုးကျရတော့မယ်..ဒီတော့ကိုယ်တော်ရှောင်းလီကဒီကိစ္စကိုကိုင်တွယ်ပေးဖို့သိုင်းလောကထဲသွားရမယ်..´´


ဆရာတော်ဘိုးဘိုးကြီး၏စကားကြောင့်..ကိုယ်တော်ရှောင်းလီ..မျက်စိမျက်နှာပျက်သွားရ၏။


.မိမိတက်သောသိုင်းပညာလောက်နှင့်ဤကဲ့သို့သောတာဝန်ကြီးအားစွမ်းဆောင်ရမည်ဟူသောကြောင့်..စိတ်ထဲထင့်သွားခြင်းဖြစ်သည်။


ဤသည်ကိုသဘောပေါက်သောဆရာတော်ဘိုးဘိုးကြီးမှ..


``ကိုယ်တော်ရှောင်းလီကိုဒီအတိုင်းသိုင်းလောကထဲကိုမလွှတ်ပါဘူး..ကိုယ်တော်ရှောင်းလီက.သိုင်းပညာမှာ

ပါရမီရှိပြီးသားပါ.သူများတွေတစ်နှစ်ကျင့်ရမဲ့သိုင်းကိုတစ်လအတွင်းတက်မြောက်အောင်ကျင့်ကြံနိုင်တဲ့သူ၊

..ဒါ့ကြောင့်..ဘုန်းကြီးတို့၁၂ပါးတီထွင်ကြံဆထားတဲ့သိုင်းတစ်မျိုးသင်ပေးလိုက်မယ်..ဒီသိုင်းကအမည်မရှိဘူး.ဒါ့ကြောင့်အမည်မဲ့သိုင်းလို့ပဲမှတ်ထားပေတော့..ကဲ.လိုက်ကြည့်´´


ပြောပြောဆိုဆိုဆရာတော်ဘိုးဘိုးကြီးမှာ..မာန်ပါစွာဖြင့်.ညာလက်သီးတစ်လုံးအားအရှေ့သို့ထုတ်လိုက်ပြီး..ဘယ်လက်သီးအားအနောက်သို့လှန်ထိုးလိုက်၏။


ထို့အတူ.ခြေနှစ်ဖက်မှာအသင့်အနေအထားပြောင်းလိုက်၏။.ပြီးနောက်.လက်သီးများမှာမြန်ဆန်လာပြီး..အရှေ့အားထိုးနေသလားအနောက်အားထိုးနေသလား..သဲကွဲစွာပင်မမြင်ရတော့လောက်အောင်မြန်ဆန်လာ၏။.


ထိုသိုင်းကွက်တစ်ကွက်ထဲနှင့်ပင်..အရှေ့ကောအနောက်ကောတိုက်ခိုက်နိုင်ပေသည်။.အရှေ့အနောက်လူနှစ်ယောက်အားပညာသားပါပါတိုက်ခိုက်နိုင်သောသိုင်းကွက်အားတီထွင်ထားသောအနှီဆရာတော်ကြီးသည်လွန်စွာတော်လွန်းပေသည်။.


ဆရာတော်ဘိုးဘိုးကြီးမှာထိုသိုင်းကွက်အားအခါပေါင်းများစွာလှုပ်ရှားပြနေရင်းမှ..ပါးစပ်မှမာန်ပါစွာဖြင့်.သိုင်းကွက်သဘောတရားအား.ပြောပြနေ၏။


``အရှေ့အနောက်´´

ထို့နောက်အခြားဆရာတော်ဘိုးဘိုးကြီးတစ်ပါးဝင်ရောက်လာကာ.နောက်ထပ်သ်ိုင်းကွက်တစ်ကွက်အားသင်ပေးပြန်လေသည်။.သူ၏သိုင်းကွက်ကား.


``အလှန်.အမှောက်´´


ဤသို့ဖြင့်ဆရာတော်ကြီးများတစ်ယောက်တစ်လှည့်စီသိုင်းကွက်များထုတ်ပြရင်းရှောင်းလီအားသင်ကြားလေသည်။


သိုင်းကွက်သဘောတရားသည်ကား .အရှေ့အားတိုက်မလိုလိုနှင့်အနောက်အားတိုက်သလိုလိုပင်။သို့သော်အနောက်အားတိုက်၍ရသလိုအရှေ့အားလည်းတိုက်ရ၏။ထို့အတူအရှေ့အနောက်နှစ်နေရာလုံးအားလည်း..တိုက်၍ရ၏။.


သိုင်းကွက်တီထွင်သောဆရာတော်ကြီးများသည်လွန်စွာတော်လွန်းကြပေသည်။


`အရှေ့အနောက်၊အလှန်အမှောက်၊အသွားအပြန်၊အစုန်အဆန်၊အတိုအရှည်၊အလှည့်အပြောင်း.......စသောသိုင်းကွက်များပင်ဖြစ်သည်။


.လောကနိယာမသဘောတရားအရ..ဆက်ကျင်ဘက်ဟူသောတရားသဘောအား...သိုင်းကွက်တီထွင်ထားခြင်းဖြစ်သည်။


များစွာအစွမ်းထက်လှသလိုညဏ်ရှိလျှင်ရှိသလိုအသုံးပြုနိုင်၏။.အမည်မဲ့သိုင်း၏ထူးခြားချက်ကား..ထိုသိုင်းတက်မြောက်ထားသောသူအား..ရန်သူမှထိခိုက်အောင်လုပ်နိုင်စွမ်းမရှိလောက်အောင်ပင်..သိုင်းကွက်မှာရှောင်ရှားသည့်ခြေလှမ်းသိုင်းကွက်များထူးခြားစွာ.ပါရှိနေခြင်းပင်။..


ရှောင်းလီတစ်ယောက်ထိုသိုင်းကွက်၏သဘောတရားအားတဖြည်းဖြည်းသိရှိလာ၏။.


ထို့ကြောင့်..သူ့အနေနှင့်အမည်မဲ့.သိုင်းအား.တစ်ပတ်လောက်အကြာတွင်ကျွမ်းကျင်စွာတက်မြောက်မည်မှန်း..ခန့်မှန်း၍ရနေလေသည်။


အတန်ကြာအောင်သင်ကြားပေးပြီးနောက်ဆရာတော်ဘိုးဘိုးကြီးများမှာ.ခဏအနားယူ၍.


``.ကိုယ်တော်ရှောင်းလီ.သာဒီသိုင်းကိုကျွမ်းကျင်သွားခဲ့ရင်..သိုင်းပညာမှာဆိုထိပ်တန်းအဆင့်သိုင်းသမားကြီးတွေကိုတောင်.ရင်ဆိုင်နိုင်သွားလိမ့်မယ်.ဒါပေမယ့်အတွင်းအားခြင်းတော့ယှဉ်လိုမရသေးဘူး ဒါ့ကြောင့်ဘုန်းကြီးတို့အတွင်းအားတစ်ဝက်ဆီကိုယ်တော်ရှောင်းလီဆီက်ိုကူးပြောင်းပေးမယ်.´´


``ဟင်..ဆရာတော်ဘိုးဘိုးကြီးတို့..´´


ကိုယ်တော်ရှောင်းလီမျက်ရည်များပင်ဝဲသွားမိ၏။မိမိအပေါ်တွင်ဆရာတော်ကြီးတို့၏ဂရု့ဏာနှင့်မျှော်မှန်းချက်မှာမည်မျှကြီးမားကြောင်းသိရှိလိုက်ရသောကြောင့်ပင်ဖြစ်သည်။


.ရှောင်းလီတစ်စုံတစ်ရာပြောမည်ပြု့သည်အား.ဆရာတော်ဘိုးဘိုးကြီးမှလက်ကာပြပြီး..


``အတွင်းအားတစ်ဝက်ခွဲပေးရလို့ဘုန်းကြီးတို့ဘာမှမဖြစ်ဘူး.ဒါပေမယ့်ဘုန်းကြီးတို့အတွင်းအားတွေကိုယ်တော်ရှောင်းလီဆီဝင်ရောက်မှာက.အရမ်းများတယ်.ဒါ့ကြောင့်..နတ်စောင်းသံ

အတွင်းအားပညာကိုသင်ပေးမယ်.ဒီ.နတ်စောင်းသံ

.အတွင်းအားပညာကပျောက်ကွယ်နေတာကြာပါပြီ.ဘုန်းကြီးတို့၁၂ပါးကလွဲရင်သိုင်းလောကမှာဘယ်သူမှမတက်ကြဘူး..ဒီအတွင်းအားပညာမတက်ပဲ..အတွင်းအားအများကြီးလက်ခံမိရင်သွေးကြောတွေပေါက်ကွဲထွက်ပြီးသေရလိမ့်မယ်.´´


နောက်ထပ်ပညာတစ်ခု့ထပ်သင်ရမည်ဖြစ်သဖြင့်..ရှောင်းလီပျော်ရပြန်လေသည်။သို့သော်သိချင်တာလေးအားမေးမြန်ကြည့်မိ၏။


``.ဒါဆိုဆရာတော်ဘိုးဘိုးကြီး.ဟိုလက်ပြတ်သွားတဲ့ဆေးဆရာကျတော့ကော.ဘာလို့.သွေးကြောတွေမပေါက်ကွဲထွက်ရတာလဲ´´


ရှောင်းလီ၏စကားကြောင့်ဆရာတော်ကြီးများမှာပြုံးလိုက်ပြီး. 


``အင်း .တကယ်တော့..သူ့ရဲ့အတွင်းအားကျင့်စဉ်ကလည်း..နက်ရှိုင်းလို့ပေါ့.ဒါမှမဟုတ်.နတ်စောင်းသံအတွင်းအားပညာလို.သဘောတရားခြင်းတူလို့.အဲ့တာမှမဟုတ်ရင်တော့.့.သူရဲ့အတွင်းအားပညာကမွန်မြတ်သန့်စင်လို့၊သူကခံနိုင်ရည်ရှိလို့.

ပြီးတော့သူ့ရဲ့နဂိုအတွင်းအားကဘုန်းကြီးတို့ထက်များနေလို့

.ဒီအချက်တွေထဲကတစ်ချက်ကြောင့်သူ့ရဲ့သွေးကြောတွေမပေါက်ကွဲထွက်တာပေါ့..လောကကြီးကဆန်းကြယ်ပါတယ်လေ..´´


ဆရာတော်ဘိုးဘိုးကြိး၏စကားကြောင့်ရှောင်းလီမှာ.ခေါင်းတစ်ဆက်ဆက်ငြှိမ့်ရင်းတွေးတောနေလေတော့သတည်း။


@@@@@@@@@@@@@@

ထိုအချိန်တွင်..မချောတစ်စု့နှင့်ကျိကျွေ..ခရီးသည်ကား.နောက်မြို့လေးတစ်မြို့အားရောက်ရှိပြီး.ထိုမြို့သို့ရောက်သောအခါ.ညနေစောင်းတစ်ခု့သို့ရောက်လု့လာပြီဖြစ်သည်။.


ကျိကျွေ၏.ဆံပင်များမှာအနည်းငယ်ရှုပ်ပွ၍.ဖျင်ကြမ်းအင်္ကျီတို့ကိုသာဝတ်ထားသောကြောင့် သူ၏ပုံစံမှာ သာမာန်မျှသာဖြစ်၏။


သို့သော်.ကျိကျွေ၏နံဘေးပတ်ပတ်လည်မှမိန်းကလေးများမှာ.အရောင်အသွေးစုံစွာတောက်ပနေသောကြောင့်.လမ်းသွားလမ်းလာ

ပု့ရိသအပေါင်းမှာလိုက်လံငေးမောနေကြရ၏။.


ကျိကျွေကိုတော့မူ.မနာလိုကြသလိုအကြည့်များဖြင့်လည်းကောင်း၊ရွံရှာသောအကြည့်များဖြင့်လည်းကောင်း.လူထူးဆန်းသဖွယ်ကြည့်နေကြ၏။


ကျိကျွေကတော့မူ.ထိုအကြည့်များအားဂရု့မစိုက်ချေ။သို့သော်.နံဘေးမှအနှီမိန်းမပျိုလေးများကတော့မူ..အနည်းငယ်ရှက်နေကြ၏။

.

ထိုကြောင့်..ပိုးထည်ဆိုင်တစ်ဆိုင်အရှေ့

သို့ရောက်သောအခါ..စူးအော်မိန်းကလေးမှ..အနက်ရောင်ကတ္တီပါသားဖြင့်ချုပ်ထားသောဝတ်စုံတစ်စုံ.ဝယ်၍ကျိကျွေအားလက်ဆောင်ပေးလေသည်။


သူမအနေနှင့်ကျိကျွေအားခင်မင်းရင်းနှီးလို၍လည်းဖြစ်၏။.ကျိကျွေကတော့မူ.အတင်းအကန်ပြန်ငြင်းလေ၏။သို့သော်.စူးအော်မှပေးသည်အား..အခြားသူများမှပါ..လက်ခံလိုက်ပါဟု့ပြောနေသောကြောင့်လက်ခံလိုက်ရလေသည်။


.ဧကန်စစ်စစ်..အခြားသောမိန်းမပျိုလေးများသည်လည်း.ကျိကျွေ၏ညစ်ထေးထေးပုံစံအားသိပ်ဘဝင်မကျချေ။ထို့ကြောင့်စူးအော်ဘက်မှနေ၍.ဝိုင်းပြောကြခြင်းဖြစ်သည်။


.ထို့ကြောင့်ကျိကျွေသည်လည်းမငြင်းနိုင်တော့ပဲ.လက်လျော့၍.ထိုကတ္တီပါဝတ်စုံအားလက်ခံလိုက်ရလေတော့သည်။.


``.ဒါဆို.အကို.ဟိုရှေ့ကစားသောက်ဆိုင်မှာကျွန်မတို့ထမင်းဝင်စားကြမယ်..အကိုရေချိုးပြီးညီမပေးတဲ့ဝတ်စုံလေးလဲဝတ်လိုက်နော်..´´


``အင်းဗျာ..စေတနာနဲ့ပေးမှတော့လည်းဝတ်ပေးရတာပေါ့.ဟဲဟဲ´´


ဤသို့ဖြင့်..အနှီမြို့လေး၏နာမည်ကြီးသောစားသောက်ဆိုင်လည်းဖြစ်၊တည်းခိုခန်းလည်းဖြစ်သည့်

°ကျားကိုးကောင်°စားသောက်ဆိုင်သို့ဝင်လိုက်ကြလေသည်။.


.ဆိုင်ကြီးမှာနှစ်ထပ်ဖြစ်ကာ

အတော်အတန်ကျယ်ဝန်းပြီး. အရက်သမားများ၊စားသောက်သူများ၊တည်းခိုကြသူများနှင့်ပြည့်နေသလို..တီးမှုတ်၍ဖျော်ဖြေနေကြသောမိန်းကလေးများပင်ရှိလေသည်။


.ကျိကျွေတို့ဆိုင်ထဲဝင်လိုက်သည်နှင့်..မီးအားရေနှင့်ဖြန်းလိုက်သလို..ဆူညံသံများတိတ်ဆိတ်သွား၏။.


မှန်၏..နတ်သမီးလေးများကဲသိ့ု့ချောမောကြပြီး..ခန္ဓာကိုယ်အချိုးအသားအပိုအလိုမရှိတင်းရင်းပြီးချစ်စရာကောင်းသော.စူးအော်၊ခြူးနတ်နွယ်၊ပန်းကလေး၊ရှင်းစု့တို့ကြောင့်ဆိုင်အတွင်းမှ 

..ပု့ရိသအပေါင်းငေးမောသွားကြရသလို.

လုံးဝန်းပြည့်ထည်၍..့လှပသောအသားဆိုင်များနှင့်ကျက်သရေရှိစွာတင့်တယ်ကြသာ.ကျူးအော်၊ခရေ၊စံပယ်၊သဇင်တို့၏.အလှအပများကြား..ပု့ရိသအပေါင်း.၏အမြင်အာရုံအားဖမ်းစားထားန်ိုင်စွမ်းပြင်းလွန်းလှ၏။


ထို့ကြောင့်ဆ်ိုင်အတွင်းမှဆူညံသံများရပ်တန့်သွားရခြင်းဖြစ်သည်။ထိုလူများ၏အမြင်အာရုံတွင်..ကျိကျွေသည်ကား.စာပွဲထိုးသာသာမျှပင်ဖြစ်လေသည်။.


ဦးစွာ.ရုပ်ဆိုးအကျဉ်းတန်သော်လည်း.လူရည်နပ်ဟန်တူသော.လူကြီးမှ. 


``.အချောလေးတို့..အကိုကြီးဝိုင်းကိုလာထိုင်ပါလား´´

ထိုသူ၏စကားကြောင့်ဝင်လာသောမိန်းမပျိုလေးများထဲမှ..မိန်းကလေးရှင်းစု့မှ.


``မလိုပါဘူး..ကျွန်မတို့ဘာသာတခြားခုံမှာထိုင်မယ်.´´

ဟု့ပြတ်ပြတ်သားသားပြန်ပြောလေသည်။.


ဒီလိုလူများသည်ဒီလိုပြန်ပြောမှသာဟန်လေသည်။.ဤသည်အား.မသိရှိသော.သိုင်းလောကထဲရောက်တာမကြာသေးသောခြူးနတ်နွယ်မှ.အားနာနေဟန်ဖြင့်


``.ညီမလေးရှင်းစု့ရယ်ဘယ်လိုပြောလိုက်တာလဲအားနာစရာကြီး´´


ထိုအချိန်တွင်ကျိကျွေမှာ.ဆိုင်ပိုင်ရှင်ဆီမှခွင့်တောင်း၍အပေါ်ထပ်ရှိ

အခန်းတစ်ခန်းထဲသို့ဝင်ကာရေးချိုးနေ၏။ပြီးနောက်ကတ္တီပါဝတ်စုံအားကျကျနနဝတ်ကားဆံပင်များအားပုံစံကျအောင်ဖီးနေလေသည်။.


ထိုအချိန်တွင်အောက်ထပ်တွင်တော့..မိန်းမပျိုလေးများနှင့်တဏှာရူးများ၏.ဇာတ်လမ်းကားစနေလေ၏။


မိန်းကလေးများဖြစ်သောကြောင့်..အရက်သမားများ၊တဏှာရူးများမှာ..ရိသဲသဲစကားများအားပြောပြီးသွေးတိုးစမ်းနေကြလေသည်။.


``အသဲလေးတို့ကဘယ်သွားမလိုလဲ´´


``ခရီးသွားတွေလား..နာမည်ဘယ်လိုခေါ်ကြလဲ´´


``.ညီမလေးတို့ရဲ့.အလှတွေကကိုကြီးတို့ကိုရစ်မူးစေတယ်ကွယ်.´´


``.အကိုကြီးတို့တောင်ချစ်ချင်လာပြီး..ဟားဟား´´


``ဟုတ်ပဗျာ ဟုတ်ပ.သူတို့လေးတွေသာ..ဘေးနားမှာအရက်ငှဲ့ပေးရင် ဘယ်လောက်ကောင်းလိုက်မလဲ..ဟေဟေး´´


.ထိုတဏှာရူးများမည်သို့ပင်ပြောပြော..မိန်းမပျိုလေးများအုပ်စု့မှာ..အရေးပင်ပြန်မလုပ်ချေ။မသိချင်ယောင်ဆောင်နေကြ၏။


ဤအချက်သည်ကား

.အရက်မူးသမားများ၊တဏှာရူးများအား.ပို၍ရဲတင်းလာစေသည်မှန်းသူမတို့မသိရှိကြချေ။


ဦးစွာလာထိုင်ဖို့ဖိတ်ခေါ်သော..တဏှာရူးကြီးမှ..သူ၏ဝိုင်းမှထကာ...ခြူးနတ်နွယ်တို့ဝိုင်းဘက်အားဒယီးဒယိုင်ဖြင့်လျောက်လာ၏။.


အခြားအမူးသမားများသည်လည်းအခြေအနေအားစောင့်ကြည့်နေကြသည်။.


အခြေအနေကောင်းလျှင်..သူတို့ပါ.ဝင်၍.ဆွဲလားရမ်းလားလုပ်ဖို့ချောင်းနေကြခြင်းဖြစ်သည်။.


ဒယီးဒယိုင်ဖြင့်သူမတို့ဝိုင်းနားလျောက်လာသောသူမှ..ခြူးနတ်နွယ်အနားရပ်ကာ၊


``ဒီအထဲမှာညီမလေးကအချောဆုံးပဲ..ကိုကြီးဝိုင်းမှာလာပြောင်းထိုင်ပါလားအသဲလေး..´´


ဟု့ပြောကာ..ခြူးနတ်နွယ်၏ပု့ခုံးပေါ်လေးအားလက်တင်ရန်ရွယ်လိုက်၏။.ထိုအခိုက်..


``..ဝှစ်..အား´´


တူပျံ၂ချောင်းထိုတဏှာရူး၏လက်အားဖောက်ဝင်သွား၏။.ခြူးနတ်နွယ် ပင်.အဖြစ်အပျက်ကြောင့်.အံ့သြသွားပြီးတူပစ်ပေါက်သောပိုင်ရှင်အားဝေ့ဝဲရှာလိုက်မိ၏။


.ထိုအခါ..လှေကားထစ်မှလူတစ်ယောက်တစ်ထစ်ချင်းဆီဖြည်းညှင်းစွာဆင်းလာလေသည်။.


သူ၏ဆံနွယ်များမှာမဲနက်၍တောက်ပြောင်နေပြီး အနောက်သို့သေချာလှန်စည်းနှောင်ထားသည်။


ရှေ့ညာဘက်ဆံပင်အနည်းငယ်အား..ကျစ်ဆံမြှီး.သေးသေးလေးများကျစ်ထား၍ဘေးဘက်၌ဝဲ၍ချထား၏။.


အသားဖြူ၍ချောမောပြီးဝတ်စားထားသောဝတ်စုံမှာလည်းမဟူရာအရောင်တောက်နေလေကာ.လွန်စွာကြည့်ကောင်းလှ၏။


.ထူးခြားသည်ကားသူ၏ခါးတွင်ငွေရောင်ခါးပတ်(ဓား)အားပတ်ထားလေသောကြောင့်.ပို၍သားနားနေလေသည်။


.ထိုသူ၏ပုံပန်းသဏ္ဍာန်ကြောင့်..မိန်းမပျိုလေးတို့အုပ်စု့ပင်.ပါးစပ်အဟောင်းသားဖြင့်ငေးမောနေရလေသည်။


ထိုဆင်းလာသောသူမှာအခြားတော့မဟုတ်..ကျိကျွေပင်ဖြစ်သည်။.တောက်ပြောင်သောအဝတ်အစားများဝတ်၍.သေချာသပ်ရပ်စွာစနစ်တကျဖီးလိမ်းလိုက်သောအခါ..ကျိကျွေ၏နံဂိုရုပ်ခံဖြောင့်မှု့မှာ..များစွာပေါ်လွင်သွားရခြင်းဖြစ်သည်။


ပန်းကလေးပင်..သူမ၏မျက်လုံးများမှားလေရော့သလား.ပွတ်ကြည့်နေမိ၏။.


°°ဟွန်းဒီလိုကျတော့လည်းဒီလူကချောသား..ဟီဟိ°°

ပန်းကလေးရင်မောသွားရ၏။.ယမန်နေ့ကအနမ်းတစ်ပွင့်အားပြန်တွေးမိရင်း..ရင်ခုန်မြန်လာရ၏။


ကျူးအော်ကတော့မူ..ကျိကျွေအားမျက်လုံးရွဲကြီးများဖြင်အမြဲတမ်းစိုက်ကြည့်နေသကဲ့သို့ကြည့်နေမြဲပင်။.ရှင်းစု့မိန်းကလေးကတော့မူ..ကျိကျွေ၏သိုင်းပညာအားမျက်ဝါးထင်ထင်တွေ့လိုက်ရသည်ကတစ်ကြောင်း၊ချောမောသောရူပါတို့ကြောင့့်..အားကိုးချင်သလိုလို.လေးစားချင်သလိုလိုနှင့်ပင်တစ်မျိုးတမည်ကြည်နူးခံစားနေရ၏။


.စူးအော်မိန်းကလေးကတော့မူ..သူမဝယ်ပေးသောဝတ်စုံကြောင့်ကျိကျွေ၏ငေးမောဖွယ်ရာရုပ်ရည်ပြေပြစ်မှု့၊ခန့်ညားမှု့တို့အားကြည့်ကာ.ပီတိဖြာနေလျက်၊ခြူးနတ်နွယ်ကတော့မူ..ကျေးဇူးတင်သောအကြည့်၊နွေးထွေးသောအကြည့်၊လျှို့ဝှက်သောအကြည့်တို့ဖြင့်.အားလုံး၏ရင်ထဲဝယ်.ထိုအချိန်မှစ၍ကျိကျွေအပေါ်သဘောထားများပြောင်းလည်းသွားရလေတော့သည်။ကျိကျွေသည်ဆင်းလာရင်းနှင့်..


``.ခဗျာ့း.ကျုပ်ရဲ့မိန်းကလေးတွေကို..ထပ်ထိဖို့ကြံရင်ခဗျားလက်ကိုဖြတ်ပစ်မယ်..´´


အာဏာဆန်ဆန်နှင့်ပိုင်ဆိုးပိုင်နင်းအနှောင့်အသွားမလွတ်စွာဖြင့်ပြောသောကျိကျွေ၏စကား..။စုတ်ချာသောအသွင်အပြင်နှင့်ထိုစကားပြောသော်အားလုံး၏ရင်ထဲတွင်အမြင်ကတ်ကြမည်မှာသေချာသော်လည်း..ယခု့မူကျိကျွေ၏ထိုစကားတို့သည်ကား..သူမတို့၏ရင်ထဲဝယ်လှိုင်းဂဟက်များဖြစ်ပေါ်စေသည်။.


.ကျိကျွေ၏စကားကြောင့်.တဏှာရူးမှာ.လက်အားဖောက်ဝင်နေသောတူနှစ်ချောင်းအားဆွဲနှုတ်၍.ကျိကျွေဆီသို့ပြန်ပစ်လိုက်၏။


ထိုတဏှာရူးသည်လည်း..သိုင်းပညာတက်မြောက်လေသည်။.ရုတ်တရက်ပြန်ဝဲလာသောတူနှစ်ချောင်းအား..ကျိကျွေမှ


``.သွားစမ်း..´´


မီးအတွင်းအားလှိုင်းတစ်ချက်ဖြင့်သာခပ်ထုတ်လိုက်၏။.ထိုအခါ.တူနှစ်ချောင်းမှာ..လေထဲ၌ပင်လောင်ကျွမ်း၍ပြာဖြစ်သွားရ၏။.


.ထိုအဖြစ်အပျက်သည်ကား.ကျိကျွေမည်မျှစွမ်းသနည်း.ဖော်ပြလိုက်ခြင်းပင်တည်း။.


တဏှာရူးသည်လည်းထိန်လန့်သွားပြီး..


``ဟိတ်ကောင်တွေ..အဲ့ကောင်ကိုသတ်ကြစမ်းကွာ´´

သူ၏စကားသံအဆုံး၌စားပွဲဝိုင်းများမှ..အခြားသောလူထွားကြီးများ၊အမူးသမားများ..ဝုန်းကနဲထ၍..တုတ်၊ဓားများဆွဲကာကျိကျွေထံသို့ပြေးဝင်လာကြ၏။.


_________________________________________


rate now: