book

Index 30

အပိုင်း<<၃၀>>

#နတ်ဆေးဆရာနှင့်ငရဲမင်း၏သမီးတော်#


``.ကဲ.ပြောစမ်း..မင်းဘယ်ကလည်း.ဘယ်သူလည်း..မှန်မှန်ဖြေနော်လိမ်ဖို့မကြိုးစားနဲ့´´


`` ဟုတ်.ဟုတ်ကဲ့..ကျွန်မနာမည်ပန်းကလေးပါ.ကျွန်မက .တိဘက်ပြည်ကလာတာပါရှင်..´´


ပန်းကလေး၏စကားကြားသောအခါ..ကျိကျွေမျက်နှာတည်သွားသလိုမျက်လုံးများလက်သွား၏။


ပြီးနောက်..ချုပ်ထားသောပန်းကလေးအား..လွှတ်ပေးလိုက်ပြိး


``.ဟင်..တိဘက်ကလား....ဟာ.ဝမ်းသာစရာပဲဗျာ..ကျုပ်လည်းအဲ့ကိုသွားမလိုလမ်းပြလုပ်ပေးပါလား..စောစောကကိစ္စအတွက်တောင်းပန်ပါတယ်´´


ကျိကျွေ၏စကားကြောင့်ပန်းကလေးအံသြသွားရ၏။


``.ရှင်က.တိဘက်ဘယ်နေရာကိုသွားမလို့လဲ´´


ပန်းကလေး၏စကားကြောင့်..ကျိကျွေ..မျက်လုံးများမှာမျှော်လင့်ချက်အပြည့်ဖြင့်..


``.ကျုပ်သွားမှာ..နှင်း..တောင်..ဒေ.ဝီ..သခင်မဆီကို..´´


တစ်လုံးချင်းပြန်ပြောသောကျိကျွေ၏စကားအားပန်းကလေးကြားသော်..ခေါင်းအားမိုးကြိုးပစ်သကဲ့သို့ခံစားလိုက်ရ၏။


``.ဟင်..မဖြစ်ဘူး..မဖြစ်ဘူး..ရှင့်ကိုဘယ်တော့မှလမ်းပြမှာမဟုတ်ဘူး..´´


ရုတ်တရက်အတင်းအကန်ငြင်းသော.ပန်းကလေးဟူသောကောင်မလေးအား.ကျိကျွေကြည့့်ကာ..အံသြသွား၏။.


``မင်းက.ဘာ့ကြောင့်..အတင်းပြန်ငြင်းရတာလဲ..မင်းကနှင်းတောင်ဒေဝီသခင်မရှိတဲ့နေရာကိုသိလို့လား´´


ကျိကျွေစူးစမ်းစွာဖြင့်..စကားနှိုက်၍မေးလိုက်၏။.


``.ဟင့်အင်း

..သိလည်းမသိဘူး..လိုက်လည်းမပြနိုင်ဘူး...´´


အတင်းအကန်ငြင်းနေသော.ပန်းကလေးအားကျိကျွေကြည့်ကာ..သူမတစ်ခု့ခု့လျှို့ဝှက်ထားကြောင်း.ရိပ်မိလိုက်၏။


``.ကောင်းပြီ.မင်းမသိဘူးဆိုလည်း.ထားပါတော့..ငါတို့ကိုတိဘက်အထိပဲလမ်းပြပေးပါ.

.အဲ့ရောက်မှငါတို့ဘာ့သာနှင်းတောင်ဒေဝီသခင်မကိုဆက်ရှာမယ်..မင်းလမ်းပြတော့လုပ်ပေးမှတော့ဖြစ်မယ်..´´


ကျိကျွေ၏.စကားတွင်.မာန်အနည်းငယ်ဖို့နေသည်မို့..ပန်းကလေးအနည်းငယ်ထိပ်လန့်နေမိ၏။


သို့သော်..သူမ..ဤလူ့ဆီမှ.လွတ်လို့လွတ်ငြှား.ထွက်ပြေးမယ်ဟု့ကြံလိုက်မိ၏။


.သူမ၏အကြံအားကျိကျွေမှာ..ရိပ်မိလေဟန်ဖြင့်..


``.မင်း..ထွက်ပြေးဖို့တော့ကြံမနေနဲ့.ကတိအတိုင်းမင်းကငါ့ရဲ့ကျွန်လုပ်ရမယ်..ဒါပေမယ့်.မင်းသာလမ်းပြလုပ်မယ်ဆိုရင်..ငါ့ရဲ့ညီမလေးတစ်ယောက်လိုငါစောင့်ရှောက်မယ်..အကယ်၍..ထွက်ပြေးမယ်ဆိုရင်တော့..ဒီမှာကြည့်..´´


ကျိကျွေ..သူ၏အတွင်းအားအပြည့်သုံးကာ.ညာဘက်လက်အားလှုပ်ရှားလိုက်၏။


.ထိုအခါ..ကြီးမားသောလက်ဝါးလှိုင်းကြီးမှာ.လျှင်မြန်စွာပြေးထွက်သွားသည်။.


လက်ဝါးလှိုင်း၏အရှိန်မှာ..အတောမသက်နိုင်ပဲ..အဝေးတစ်နေရာမှသစ်ပင်ကြီးအားထိမှန်သွား၏။.


.သစ်ပင်ကြီးမှာလည်း..ကျိုးကြေသွားရလေသည်။

ပန်းကလေးသိလိုက်ရလေသည်။.


ကျိကျွေသည်..သူမထက်သိုင်းပညာ.အဆပေါင်းများစွာသာလွန်ကြောင်းပင်။


ယခင်က.မိမိကိုယ်ကို.သိုင်းပညာအစွမ်းထက်သည်ဟု့မာန်ခဲထားသမျှ ကျိကျွေ၏အရှေ့ရောက်သောအခါ..ရေခဲကဲ့သို့အရည်ပျော်ကျသွားရလေသည်။


ထို့အတူ.ကျိကျွေအားလည်း..ရှိန်သွားသည်။ ယခု့..သူမအကြပ်အတည်းထဲရောက်နေသည်။.ထို့ကြောင့်..ဖြစ်ချင်တာဖြစ် ဟု့.တစ်စုံတစ်ရာအားဆုံးဖြတ်ချက်ချလိုက်၏။


..ကျိကျွေသည်..မယ်မယ်ကြီး၏သိုင်းပညာနှင့်ယှဉ်လျှင်..ဆီနှင့်ရေပင်။.


မယ်မယ်ကြီး၏သိုင်းပညာသည်နတ်တစ်ပါးလောက်အစွမ်ထက်သည်မှန်း.မိမိအသိဆုံးပင်မဟုတ်ပါလော။.


ထို့ကြောင့်.``ဘာပဲဖြစ်ဖြစ် မယ်မယ်ကြီးနဲ့တွေ့ရင်အချိန်တန်ဒီလူသေရမှာပါပဲ.သူ့သေလမ်းကိုငါလမ်းပြပေးရမှာပေါ့´´ ဟု့စိတ်ထဲမှတွေးကာ..


``.ကောင်းပြီ.ကျွန်မလမ်းပြလုပ်ပေးမယ်.တိဘက်ထိပဲမဟုတ်ဘူး..ရှင်သိပ်သွားချင်တယ်ဆိုတဲ့..နှင်းတောင်ဒေဝီသခင်မနေတဲ့နေရာအထိ..´´


ပန်းကလေး၏စကားကြောင့်.ကျိကျွေအံသြမှင်သက်သွားမိ၏။


``ဘာ..မင်းကနှင်းတောင်ဒေဝီသခင်မနေရာကိုသိတယ်..´´


.ကျိကျွေ၏အမေးအား..ပန်းကလေးမှာ.ဆရာမကြီးဟန်ပန်ဖြင့်


``.သိပ်သိတာပေါ့..နှင်းတောင်ဒေဝီသခင်မဆိုတာ.ကျွန်မနဲ့့အဘွားတော်တယ်ရှင့်..

နှင်းတောင်ဒေဝီသခင်မဆီမှာ..ညီမတစ်ယောက်ရှိခဲ့တယ်.ကျွန်မကနှင်းတောင်ဒေဝီသခင်မ.ရဲ့အဲ့ဒီ.ညီမ.ဆိုတဲ့သူရဲ့.နောက်ဆုံး.မျိုးဆက်ရှင့်..ခ်ခ်..ရှင်နားရှုပ်သွားလား.´´


ကျိကျွေမှာ.ယုံရအခက်မယုံရအခက်..တွေဝေစွာဖြင့်


``.နေပါဦး.အဲ့တာဆို.မင်းကဒီကိုဘာလာလုပ်တာလဲ.´´


``.ဪ.ပြောပြီးပါပကောကျွန်မငယ်စဉ်ကတည်းက..မယ်မယ်(နှင်းတောင်ဒေဝီသခင်မ)ကြီးက..ခဏခဏပြောတယ်.

သိုင်းပညာမှာရှောင်လင်ကျောင်းကအထွဋ်အထိပ်ပဲတဲ့.နောက်ပြီး.သူရဲ့မွေးရပ်မြေဖြစ်တဲ့ဟော့ဒီ

ဟန်နိုင်ငံကြီးက.အရမ်းလှပတယ်ဆိုတဲ့အကြောင်း..အဲ့တော့.ကျွန်မလည်း..ဒီနိုင်ငံကရှု့ခင်းတွေလာကြည့်ရင်းနဲ့..ရှောင်လင်ကျောင်းမှာသိုင်းပညာလာယှဉ်ကြည့်တာပေါ့်..´´


``.ဪ..ဒီလိုလား..´´


 ကျိကျွေတွေဝေစွာဖြင့်ခေါင်းတစ်ဆက်ဆက်ညှိမ့်နေ၏။


``ခု့တော့.ရှောင်လင်ကျောင်းကခြံစောင့်သာသာကိုတောင်မနိုင်ဘူး.မယ်မယ်ကြီးပြောသလိုရှောင်လင်ကျောင်းကသိပ်စွမ်းတာပဲ´´.

ဟု့.ကျိကျွေမကြားအောင်.ပန်းကလေးတီးတိုးရေရွတ်နေလေသည်။


ထိုအခိုက်..ကျိကျွေတို့နှစ်ယောက်ဆီသို့.. တာမောဆရာတော် ပု့ကျင်း

နဂါးနိကိ်ုယ်တော် ပု့စူး

စည်းကမ်းကြီးကြပ်ရေးမှုးဆရာတော်.လောက်ဖန်.နှင့်.ခြူးနတ်နွယ်၊ကျူးအော်၊ရှင်းစု့၊စူးအော်၊ခရေ၊စံပယ်၊သဇင်.တို့လှမ်းလာနေကြ၏။


.တဖြည်းဖြည်း နှင့်.ကျိကျွေတို့အနားရောက်လာသည်။.ဦးစွာ.တာမောဆရာတော်ပု့ကျင်းမှ.


``.ဆရာတော်ဘ်ိုးဘိုးကြီး၁၂ပါးကတော့.ဒကါလေးရှောင်းလီကိုခေါ်ပြီးဂူအောင်းသွားပြီ.ဒကာလေး..

ဒါ့ကြောင့်ဒကာလေးကိုမနှုတ်ဆက်တော့ဘူး.စကားလက်ဆောင်တော့ပါးခိုင်းလိုက်တယ်.•လူမှန်ရင်တစ်နေ့.ခွဲခွာကြရမှာပဲတဲ့•ပြီးတော့

•သိုင်းပညာဆိုတာအဆုံးမရှိဘူး.တောင်တစ်တောင်ထက်မြင့်တဲ့တောင်ဆိုတာရှိစမြဲမို့.အမြဲသတိဝီရိယရှိရှိနေပါတဲ့•..အဲ့တာပဲမှာလိုက်တယ်..ဒကာလေး´´


တာမောဆရာတော်ပု့ကျင်း၏စကားကြောင့်..ကျိကျွေသူ၏ညာလက်အားစမ်းလိုက်မိသည်။.


မိမိ၏လက်အားဆက်ပေးခဲ့သောဆရာတော်ဘိုးဘိုးကြီးများအား.ကျေးဇူးအောက်မေ့နေမိ၏။


``.တင်ပါ့ဆရာတော်..ဆရာတော်ဘိုးဘိုးကြီးတွေရဲ့အမှာစကားကိုအမြဲအောက်မေ့နေပါ့မယ်´´


``အိမ်းကောင်းလေကွဲ့..ဒကာလေးရဲ့ခရီးစဉ်အောင်မြင်ပါစေကွယ်.သိုင်းလောကဆိုတာအလွန်ဆန်ကြယ်တာတွေလျှို့ဝှက်တာတွေနဲ့ပဲပြည့်နှက်နေတာကွဲ့.လီဂျိုစူးထက်စွမ်းတဲ့သိုင်းပညာရှင်တွေဒု့နဲ့ဒေးရှိကြတယ်..ဒါ့ကြောင့်..ဒကာလေးအစစအရာရာသတိရှိရှိရင်ဆိုင်နိုင်ပါစေကွယ်..´´


``.ဆရာတော်ရဲ့..စေတနာမေတ္တာကျေးဇူးစကားတွေကိုအမြဲလိုက်နာပါ့မယ်...ဪ..ဆရာတော်.ကိုဒီသိုင်းစာအုပ်လေးပြန်အပ်ပါရစေ..ဒီသိုင်းကျမ်းခိုးယူမိတဲ့သူက..နောင်တရပြီး.ကျွန်တော့်ကိုပြန်အပ်ခိုင်းလို့ပါ..သူလည်းသိုင်းကျမ်းကိုမဖွင့်ကြည့်မိသေးပါဘူး.သိုင်းကျမ်းအဖုံးပေါ်ကအဆိပ်မိလို့မသေရုံတမယ်.အဆိပ်ဒဏ်ရာရခဲ့ပါတယ်..

ကျွန်တော်ကသူ့အဆိပ်ကိုဖြေပေးပြီး..ဒီသိုင်းကျမ်းကိုတောင်းယူခဲ့တါပါ..ဆရာတော်တို့ကိုပြန်အပ်ချင်လို့ပါ..ကျွန်တော့်ကိုယုံကြည်ပေးစေချင်ပါတယ်´´


ကျိကျွေသူ၏ရင်ဘက်ထဲမှ..ငရဲမင်းအာဏာသိုင်းကျမ်းအား.တာမောဆရာတော် ပု့ကျင်းအားထုတ်ပေးလိုက်၏။ 


သိုင်းကျမ်းအားကတီပါအိတ်လေးဖြင့်ထုပ်ထားလေသည်။ခြူးနတ်နွယ်တစ်ယောက်ကတော့.သူ့လိပ်ပြာသူမလုံပဲခေါင်းလေးငုံနေသည်အားမည်သူမျှသတိမထားမိကြချေ။


တာမောဆရာတော်ပု့ကျင်းမှာတော့..အံသြဟန်ဖြင့်..အခိုးယူခံလိုက်ရသောသိုင်းကျမ်းအားပြန်လည်ရရှိ၍ပျော်သွားလေသည်။


သိုင်းကျမ်းပြန်ရခြင်းသည်.မိမိတို့ရှောင်လင်ကျောင်း၏သိက္ခာအား..ပြန်ဆယ်၍ရလိုက်ခြင်းပင်မဟုတ်ပါလော။ 


တာမောဆရာတော်ပု့ကျင်းမသိသေးသည့်အချက်မှာ.ရှောင်လင်သိုင်းကျမ်းများထားရာအဆောင်ထဲမှ..အရေးကြီးသည့်သိုင်းကျမ်းများ.လု့ဖန်းခိုးယူသွားချေပြီဟူသောအချက်ပင်တည်း။.


ဆရာတော်လိထင်းဒဏ်ရာရရှိသည့်ကိစ္စအား.အာရုံရောက်နေခဲ့သဖြင့်..ကျမ်းစာဆောင်အားသေချာအနု့စိတ်မစစ်ဆေးမိသေးချေ။


လောလောဆယ်တွင်တော့..ငရဲမင်းအာဏာသိုင်းကျမ်းပြန်ရရှိ၍တာမောဆရာတော်ပု့ကျင်း.ကြည်နူးနေမိ၏။.


ကျမ်းစာဆောင်မှအရေးပါသောသိုင်းကျမ်းများပျောက်ဆုံးနေသည်မှန်းသိရှိသည့်အခါ.ဤသို့ပျော်နိုင်ပေဦးမည်လားဆိုတာကတော့ထိုအခါမှပင်သိရပေလိမ့်မည်။ယခု့တော့


``.ယုံပါတယ်ဒကာလေးယုံပါတယ်..ဒကာလေးရဲ့စိတ်ထားကိုဘုန်းကြီးတို့သိပြီးသားပါ. သိုင်းကျမ်းပြန်ရတာပဲကျေးဇူးမိပါပြီကွယ်..ဒကာလေးရဲ့ကျေးဇူးတွေများလွန်လှပါပြီ..´´


ဆရာတော်ပုကျင်းမှာခေါင်းတဆက်ဆက်ငြှိမ့်၍..ပြုံးနေလေသည်။


``.ဒါဆိုတပည့်တော်တို့ကိုခွင့်ပြု့ပါဦးဆရာတော်.´´

ပြီးနောက် 

ကျိကျွေ..မိန်းမပျိုလေးများဘက်သို့လှည့်၍.


``.ကဲ..သွားကြရအောင်..မိန်းကလေးတို့..´´


ကျိကျွေ၏စကားအဆုံး၌..မိန်းမပျိုလေးများ..ကျိကျွေ၏အနောက်သို့.ကပ်လျှက်..ကျိကျွေ.ဘယ်သို့သွားသွားလိုက်မည့်ကိုယ်ရံတော်မလေးများသဖွယ်.ရပ်နေကြ၏။


.၄င်းမြင်ကွင်းသည်ကား..ပန်းကလေးအတွက်တော့..အံသြဆန်းကြယ်နေသည်မှာအမှန်ပင်။.


ကျိကျွေသည်သူမထင်ထားသလို..ရှောင်လင်ကျောင်းမှခြံစောင့်မဟုတ်သည့်အပြင်..နတ်သမီးလေးများခြံရံနေသော.ကြောင့်..အတွေးပေါင်းများစွာသူမခေါင်းထဲသို့တိုးဝင်လာ၏။


ဒီလူကဘယ်လိုလူစားလဲ။ဘာ့ကြောင့်.မိန်းကလေးတွေကသူ့ကိုကပ်နေကြတာလဲ။


အိုရ်..ခေါင်းရှုပ်ပါတယ်။တွေးမနေတော့ဘူး။


ခြူးနတ်နွယ်တို့တစ်သိုက်..ပန်းကလေးအားကြည့်နေကြသောကြောင့်..ပန်းကလေးအနေရခက်နေလေ၏။.


ဤအခြေအနေအားကျိကျွေမှာရိပ်မိသွားသောအခါ..သတိရသွားဟန်ဖြင့်..


``.ဪ..မေ့နေလို့မိတ်ဆက်ပေးရဦးမယ်..သူကကိုယ်တို့ကိုလမ်းပြမဲ့သူပါ.နာမည်က.`ပန်းကလေး´တဲ့´´


``ဪ...´´


ကျန်တဲ့သူများဪတစ်ခွန်းထဲသာရေရွတ်နေကြ၏။.


အကြောင်းမသိသေး၍..အနည်းငယ်သူစိမ်းဆန်နေကြခြင်းဖြစ်သည်။


.``မကြာခင်သူတို့အချင်းချင်းခင်မင်သွားကြမှာပါလေ´´.


ကျိကျွေတွေးလျက်..မိန်းမပျိုလေးများအားကြည့်နေမိ၏။.


ယနေ့..မိန်းကလေးများအားလုံး..အရောင်အသွေးစုံလင်စွာဖြင့်.လှချင်တိုင်းလှနေကြ၏။


ပန်းပွင့်ဖတ်ကလေးများကဲ့သို့..လေပြင်းလေး. တိုက်ရုံမျှဖြင့်ကြွေကျသွားနိုင်သော..အလှအပတို့ဖြင့်..ဖြူနီပြာဝါအရောင်အသွေးစုံစွာလှနေကြသော ၄င်းတို့အားကြည့်ကာ..မည်သူသည်ပိုချော၊ပိုလှသနည်း..ကျိကျွေမဝေခွဲတက်တော့ချေ။.


``.ကဲ..သွားကြရအောင်.နေထွက်လာတော့မယ်´´


ဤသို့ဖြင့်..ဆေးဆရာမကျ၊သိုင်းသမားမကျ၊စုတ်တီးစုတ်ပဲ့ပုံစံ.ကျိကျွေ.နှင့်.နတ်သမီးတမျှချောမောလှသောမိန်းမပျိုလေးတို့တစ်သိုက်၏..ခရီးကြမ်းသည်ကားစတင်လေတော့သည်။


.ရှေ့လျောက်.မည်ကဲ့သို့..ဖြစ်လာဦးမည်နည်း။


ကျိကျွေလိုချင်သော.နတ်သမီးရွှေစင်ဆေးရမည်လား။


နှင်းတောင်ဒေဝီသခင်မကိုကောယှဉ်ပြိုင်နိုင်ပါ့မလား။


လီဂျိုစူးထက်စွမ်းသော.သိုင်းပညာရှင်များနဲ့.ကြုံတွေ့ရမည်ဆိုပါလျှင်ကောကျိကျွေ.နိုင်ပါဦးမည်လား

ဆိုတာကတော့.ကံကြမ္မာ သာသိပေလ်ိမ့်မည်။.


ယခု့အခြေအနေသည်ကား..ဒဏ္ဍာရီထဲက.ပိဋိကပ်ကျမ်းစာသွားပင့်ဆောင်သော ဆရာတော်နှင့်စွန်းဝူခုန်း.တို့၏အသွားခရီးကဲ့သို့ပင်တည်း။


ကျိကျွေတို့ထွက်သွားပြီးအတန်ငယ်ကြာသော်..ရှောင်လင်ကျောင်း၌ဆု့တောင်းမေတ္တာပို့သသံ၊ဘု့ရားစာရွတ်သံများထွက်ပေါ်လာသလို..ခေါင်းလောင်ထိုးသံပါထွက်ပေါ်လာသည်။.


အဘယ်ကြောင့်ဆိုသော်..လီဂျိုစူးလက်ချက်ကြောင့်..ရှောင်လင်ကိုယ်တော်၄ပါးအသက်ဆုံးရှုံးခဲ့ရ၍.ဆု့တောင်း၊ဈာပနာလုပ်နေကြသည်မဟုတ်ပါပေလော။


\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\

ဘုံကျောင်းပျက်ကြီးအတွင်းတစ်နေရာတွင်လူတစ်စု့.။

ထိုလူတွေဘယ်သူတွေနည်း။မှန်၏..ကျိကျွေ၏လက်ချက်ဖြင့်အတွင်းဒဏ်ရာရရှိနေသောလီဂျိုစူးနှင့်..ကျူးရင်၊လု့ဖန်း၊ကျားသစ်လေးဖော်တို့ပင်ဖြစ်သည်။


``.အဟွတ်..ဝေါ့´´ 


လီဂျိုစူးချောင်းတစ်ချက်ဆိုး၍.သွေးများအန်ထွက်လာ၏။သူ၏ပုံသဏ္ဍာန်မှာ..လူမမာတစ်ယောက်ကဲ့သို့ပင်။


``.ဆရာကြီး.အဆင်ပြေရဲ့လား..သမားတော်သွားပင်လိုက်ရမလား.´´

 လု့ဖန်း၏ပျာယာခက်စွာမေးလိုက်၏။


``.ရတယ်မလိုဘူး..ငါမသေပါဘူးဒီဒဏ်ရာလောက်နဲ့..ငါ့ကိုဒဏ်ရာရအောင်လုပ်တဲ့အဲ့ခွေးကောင်လေးကငါ့လောက်နီးနီးစွမ်းတယ်.ချီးကျူးစရာပဲ..သူကငါ့ရဲ့မဟာပြိုင်ဘက်၊ငါ့လမ်းကိုပိတ်ပင်မဲ့.ဆူးငြှောင့်ခလုပ်ဖြစ်လာနိုင်တယ်...ဒါ့ကြောင့်..ကျူးရင်..´´


``.ရှင်.ဆရာကြီး.´´


``မင်းရဲ့တာဝန်ကိုမင်းပျက်ကွက်ခဲ့တယ်နော်...´´


``ဆရာကြီး.ဟို..ဟိုလေ´´


``တော်တိတ်...ပြီးခဲ့တဲ့ကိစ္စတွေကို.ငါ့ကိုဆင်ခြေလာမပေးနဲ့.၊..ငါအခု့တာဝန်တစ်ခု့ထပ်ပေးမယ်..´´


``ဟုတ်.ဆရာကြီး..ဒီတစ်ခါတာဝန်ကိုအရိုးကြေကြေအရေခမ်းခမ်းအောင်မြင်အောင်ဆောင်ရွက်ပါမယ်လို့ကျူးရင်ကတိပေးပါတယ်.ဘာတာဝန်များလည်းဆရာကြီးပြောပါ´´


``.မင်းရဲ့မျက်နှာကိုဘယ်သူမှမတွေ့ဖူးသေးဘူးဆိုတော့..ငါပြောတဲ့ကောင်လေးအနားမှာမင်းချဉ်းကပ်ပြီးနေ၊ပြီးရင်..မင်းရဲ့အဆိပ်ပညာနဲ့လုပ်ကြံ..ဒီတစ်ခါအောင်မြင်တာပဲကြားချင်တယ်´´


``.ဟုတ်ကဲ့ဆရာကြီး..ကျွန်မတို့ကိစ္စကိုဝင်နှောက်ယှက်ပြီးဆရာကြီးကိုဒဏ်ရာရအောင်လုပ်တဲ့အဲ့လူကို..ကျွန်မသေအောင်သတ်ရမှကျေနပ်မှာပါ..ဆရာကြီးရဲ့တာဝန်ကိုကျူးရင်ကျေကျေနပ်နပ်ကြီးထမ်းဆောင်ပါ့မယ်´´


``ကောင်းပြီ..လု့ဖန်း..´´


``ဟုတ်.ဆရာကြီး´´


``.မင်းရဲ့တာဝန်ကိုကျေပွန်ခဲ့ရဲ့လား..´´


လီဂျိုစူး၏အမေးအား.လု့ဖန်းမှာလျှို့ဝှက်စွာပြုံး၍


``.အောင်မြင်ခဲ့ပါတယ်ဆရာကြီး.အစွမ်းဆုံးဆိုတဲ့သိုင်းကျမ်းတွေကိုသေချာခိုးယူနိုင်ခဲ့ပါတယ်.´´


လီဂျိုစူးသည်လု့ဖန်းအားများစွာသဘောကျနေလျက်ရှိ၏။


``ကောင်းတယ်..သိပ်ကောင်းတယ်..မင်းသိပ်တော်တယ်..ခု့လိုသိုင်းကျမ်းတွေရတာသိပ်အားရဖို့ကောင်းတယ်..ရှောင်လင်ကျောင်းကိုငါသွားတိုက်တော့..ငါ့လောက်စွမ်းတဲ့လူငယ်တွေရှိနေသေးတာကိုငါလက်တွေ့သိခဲ့ရတယ်..ဒါ့ကြောင့်..သိုင်းလောကကိုလွယ်လွယ်ကူကူအုပ်ချုပ်လို့မရမှန်းငါသဘောပေါက်ခဲ့ရတယ်..အခု့တော့သိုင်းကျမ်းတွေရပြီဆိုတော့..သေသေချာချာအစီအစဉ်ပြန်ဆွဲမယ်..သိုင်းလောကကိုပညာသားပါပါနဲ့ငါ့လက်အောက်ရောက်အောင်လုပ်ရမယ်..သိုင်းလောကတစ်ခု့လုံးငါ့လက်အောက်ရောက်ပြီဆိုမှ..အားလုံးကိုစိစိညက်ညက်ကြေအောင်ငါ့စိတ်တိုင်းကျလုပ်ပစ်မယ်..ဟား..ဟား..´´


လီဂျိုစူး၏ရယ်သံမှာသွေးပျက်ဖွယ်ကောင်းလွန်းသဖြင့်.လုဖန်း၊ကျူးရင်နှင့်ကျားသစ်နက်လေးဖော်..ကျောရိုးများပင်စိမ့်သွားကြ၏။


``.ဟုတ်ကဲ့ဆရာကြီး..ဆရာကြီးဘယ်လိုများစီစဉ်ထားလဲ´´


``အေး..အဲ့ကိစ္စနောက်နေ့မှဆက်ဆွေးနွေးမယ်..ငါအခု့အတွင်းဒဏ်ရာကိုပြန်ကု့လိုက်ဦးမယ်..ဒီတစ်ခါအတွင်းဒဏ်ရာကတော်တော်ပြင်းတယ်.နှစ်ဝက်လောက်အတွင်းအားထုတ်သုံးလို့မရတော့ဘူး..မသေရုံတမယ်ပဲ..ဒါတောင်ငါအပြေးမြန်ပေလို့သာပေါ့.ဒါ့ကြောင့်..ငါနောက်ကွယ်ကနေပဲအစီအစဉ်ချပေးမယ်မင်းတို့ကလှုပ်ရှား..ကြားလား..ခု့တော့မင်းတို့သွားတော့´´


``ဟုတ်ကဲ့..ဆရာကြီးအကြံကြီးပါပေတယ်´´


လု့ဖန်းတို့အုပ်စု့အပြင်တို့ထွက်သွားကြလေသည်။ထိုအခါမှသာ..လီဂျိုစူး.မျက်နှာပျက်စွာဖြင့်..လု့ဖန်းတို့အရှေ့တွင်ဟန်ဆောင်၍တောင့်ခံထားသမျှ..လျော့ချလိုက်တော့သည်။


``.အား..ကျွတ်..ကျွတ်..ဒီခွေးကောင်လေးရဲ့လက်ဝါးရိုက်ချက်ဒီလောက်ပြင်းမယ်မထင်ထားခဲ့မိဘူး..´´

ဟု့..ငြီးတွားနေလေတော့သတည်း။


_________________________၃၁ မျှော်ပေါ့ကွယ်။❤


rate now: