book

Index 3

အပိုင်း ( ၃ )

#နတ်ဆေးဆရာနှင့်ငရဲမင်း၏သမီးတော်# 


          ကမ္ဘာဖြိုလက်ဝါးသိုင်းမှာ လွန်စွာရှုပ်ထွေးလွန်းလှ၏။

အကွက်ပေါင်း ၁၅ ကွက်သာရှိသော်လည်း လွန်စွာမှထက်မြက်လှ၏။

ကျိကျွေဖတ်နေရင်းနှင့်ပင် လွန်စွာအံသြနေရလေသည်။ 

``ဒီလို သိုင်းမျိုးအပြင်မှာတစ်ကယ်ရှိရဲ့လား စဉ်းစားစရာပဲ မရှိပဲနဲ့လည်းကြေးပြားပေါ်မှာတကူးတကဘယ်သူမှရေးထားမှာမဟုတ်ဘူး ´´

   ကမ္ဘာဖြိုလက်ဝားသိုင်းကျမ်းအောက်ဆုံးတွင်ရေးထားသည်မှာတော့ 


 __ဤသိုင်းကျမ်းသည်လွန်စွာမှထက်မြက်၍ရက်စက်သောကြောင့် မည်သူမှထိန်းချုပ်နိုင်မည်မဟုတ်ပါ၊သန့့်စင်ပြီးကျင့်ရခက်ခဲသောလေးကျွန်းစင်္ကြာအတွင်းအားပညာ တက်မြောက်မှသာ ဤသိုင်းကျမ်းအားအသုံးပြု့နိုင်မည်ဖြစ်သည်__ဟူ၍သာလျှင်


.ကျိကျွေလည်းထိုစာသားကြောင့် လေးကျွန်းစင်္ကြာအတွင်းအားပညာကိုသာ အရင်ကျင့်ရမည်ဖြစ်မှန်းနားလည်လိုက်လေသည်။ 

ကြေးပြားအောက်ဘက်တွင်းရေးသားသော လေးကျွန်းစင်္ကြာအတွင်းအားပညာမှာလည်း လွန်စွာမှ အဆင့်မြင့်လွန်းလှသလို တစ်ဆင့်နှစ်ဆင့်အောင်ဖို့ပင်လျှင် လွန်စွာမှခဲယဉ်ကြောင်း ထပ်မံဖတ်ရလေသောကြောင့် ကျိကျွေစိတ်ပျက်မိသွားပြန်သည်။ 


ထိုအတွင်းအားပညာမှာမွန်မြတ် သန့်စင်သောကြောင့် စိတ်ထားအလွန်နူးညံသော စိတ်ကောင်းနှလုံးကောင်းရှိသောသူမှသာလျှင်ကျင့်ကြံ၍ရပေလိမ့်မည်၊

စိတ်ထဲတွင်ရန်လိုတက်သော စိတ်ယုတ်မှာရှိသောသူတို့ကျင့်ကြံပါကနှလုံးသွေးလေဖာက်ပြန်ပြီးသေဆုံးတက်သည်ဟူ၍လည်းရေးထားပြန်လေသည် 


သန့်စင်သောထိုအတွင်းအားပညာအစွမ်းကြောင့်သာလျှင် ရက်စက်ပြင်းထန်သော ကမ္ဘာဖြိုလက်ဝါးသိုင်းအားထိန်းချုပ်နိုင်မည်ဖြစ်သည်၊ 

ထို့ကြောင့်ကျိကျွေလည်း မည်မျှပင်စိတ်ပျက်စေကာမူ ကျင့်ကြည့့်သည်ကအကျိုးမယုတ်လောက်ပါဘူး ဟူသည့်စိတ်နှလုံးမူ၍အတွင်းအားပညာအားစတင်ကျင့်ကျံလေတော့သည်။


ကျိကျွေ တရားထိုင်သကဲ့သို့ထိုင်ပြီး သူအလွတ်ကျက်ထားသော  အတွင်းအားပညာသိုင်းကျမ်းထဲကစာသားအတိုင်း ဟိုအကျောဒီပို့၊ဒီအကျောဟိုပို့နှင့် ချွေးဒီးဒီကျလက်ရှိ၏။


 ကျိကျွေထိုသို့လုပ်နေသည်မှာ ၂နာရီခန့်မျှပင်ကြာသွားခဲ့လေသည်၊တစ်ဖြည်းဖြည်းသူ၏ခန္ဓာကိုယ်နဘေးပတ်ပတ်လည်တွင် မီးအရောင်သဲ့သဲ့ထွက်ပေါ်လာလိုက် ၊ ပြီးလျှင်ပျောက်ကွယ်သွားပြီး ရေမှုန်ရေမွှားလေးတွေ ထွက်ပေါ်လာလိုက်၊နောက်တဖန် သူ၏ပတ်ပတ်လည်မှ လေပြင်းအသေးစားလေးတွေတိုက်ခက်လာလိုက်၊ မြေဓာတ်ပါတဲ့ကျောက်သားကျောက်ခဲတွေမှာ ပတ်ပတ်လည်တွင်ဝန်းရံလာလိုက်နှင့် တဖြည်းဖြည်း ကျိကျွေအစပိုင်း၌ချွေးပြန်မှု့တွေဟာလျော့်နည်းလာပြီး အားအင်တွေတိုးပွားလာသလိုခံစားနေရလေသည်။


သူ၏စူးရှတဲ့မျက်လုံးအစုံကို မှိတ်ထားသော်လည်း နံဘေးပတ်ပတ်လည်တွင်  ဘာတွေဖြစ်နေသည်ဆ်ိုတာကို  အထင်းသားမြင်နေရ၏။ထိုသည်ကားနတ်မြွေမျက်လုံး၏အစွမ်းပင်၊ထို့နောက် တစ်နာရီခန့်ကြာသောအခါ ရေ၊မီး၊မြေ၊လေ၊ အမှုန်အမွှားတို့သည်ပေါင်းစပ်၍ သူ၏နံဘေး၌ နဂါးတစ်ကောင်လှည့်ပတ်နေသကဲ့သို့ လှည့်ပတ်နေပြီး ပျောက်ကွယ်သွားလေသည်။


ဧကန်စစ်စစ် ကျိကျွေ၏စိတ်သည် လွန်စွာနူးညံသောကြောင့် ၊တပါးသူအားရန်မလို၊ကယ်တင်ချင်သည့်စိတ်ကိုသာအခြေခံထား၍ ၃နာရီမျှနှင့် ပထမအဆင့်အောင်မြင်သွားခြင်းပင်ဖြစ်သည်၊စိတ်ထားရုပ်ညံသောသူတို့ကျင်ကြံပါက နှစ်၁၀၀ကျင့်သော်လည်းလုံးဝတက်မြောက်မည်မဟုတ်ပေ၊၊


 ကျိကျွေငြိမ်သက်စွာထိုင်နေရင်းမှ မတ်တပ်ရပ်လိုက်ပြီး ခပ်လှမ်းလှမ်းအလေ့ကျပေါက်နေသော မြက်ပင်အနည်းငယ်ဆီသို့ လက်ဝှေ့ယမ်းလိုက်သောအခါ လက်အတွင်းမှ မီးစအနည်းငယ်ထွက်သွားပြီး သွားရောက်လောင်ကျွမ်းလေတော့သည်၊နောက်တဖန် ခန္ဓာကိုယ်အတွင်းမှ အကျောအနည်းငယ်ပြောင်းပြီးအတွင်းအားထပ်ထုပ်ကာ နောက်တစ်ခေါက်လက်ဝှေ့ယမ်းလိုက်သောအခါ ရေခဲအမှုန်အနည်းငယ်ထွက်သွားပြန်လေသည်၊


 ကျိကျွေလွန်စွာပျော်ရွှင်သွားရလေသည်၊ မိမိပထမအဆင့်အားအောင်သွားခဲ့ပြီမဟုတ်ပါလော၊။


 ``အင်း ဒီအတွင်းအားပညာကိုတီထွင်သူက တော်တော်ဦးနှောက်ကောင်းပြီးအစွမ်းထက်မြတ်လွန်းတဲ့သူပဲ၊ သာမာန်အတွင်းအားပညာတွေက ငြိမ်သက်စွာတရားထိုင် ၊စိတ်ကိုစုစည်း၊ဘေးပတ်ပတ်လည်က သဘာဝစွမ်းအားတွေကိုစုပ်ယူပြီး ခန္ဓာကိုယ်ထဲမှာစီးဆင်းစေတယ်၊ပြီးမှ ခန္ဓာကိုယ်ထဲကစွမ်းအားတွေကိုထုပ်လွှတ်ပြီး လေထု့ကိုတုန်ခါစေတယ် ၊ဒီပညာရပ်ကိုအတွင်းအားပညာလို့ခေါ်တွင်စေတယ်၊အင်း ငါကျင့်တဲ့အတွင်းအားပညာကျတော့ သဘာဝစွမ်းအားကို ခန္ဓာကိုယ်အတွင်းမှာ သဘာဝစွမ်းအားအဖြစ်ပဲပြန်ပြောင်းလဲလိုက်ပြီးထုပ်လွှတ်လိုက်တယ်၊သဘာဝစွမ်းအားဖြစ်တဲ့လေကိုစုပ်ယူပြီး ခန္ဓာကိုယ်အတွင်းမှာ မီးကိုပြောင်းလဲသလို၊မြေဓာတ်ကိုစုပ်ယူပြီးတော့လည်း ရေအဖြစ်ပြောင်းလဲနိုင်တယ်၊လေမှမီး၊မြေမှရေ၊ရေမှမီး၊မီးမှမြေ၊ အပြန်အလှန်ကိုယ့် စိတ်တိုင်းကျပြောင်းလဲလို့လည်းရတယ်၊သိုင်းကျမ်း တီထွင်ခဲ့တဲ့ဆရာကိုလည်း တော်တော်လေးစားမိတယ်´´ 


ကျိကျွေ. လေးကျွန်းစင်္ကြာအတွင်းအားပညာကို လေ့ကျင့်ရင်းအတွင်းအားပညာ၏သဘောသဘာဝကိုတဖြည်းဖြည်းနားလည်လာတော့သည်။


ထို့ကြောင့် သူ ကမ္ဘာဖြိုလက်ဝါးသိုင်းကျမ်းရဲ့ ပထမ သိုင်းကွက်ကို စကျင့်မိ၏။ 


ကြေးပြားပော်ကစာထဲတွင်တော့ ပထမသိုင်းကွက်မှာ ကျောက်ရုပ်ကဲသို့ငြိမ်သက်စွာရပ်နေရပြီး မျက်လုံးမှတ်ထားရ၏။


ပြီးနောက် သူ၏ခြေထောက်တွေပေါ်သို့ အတွင်းအား၅ပုံပို့ခိုင်းပြီး ခန္ဓာကိုယ်အပေါ်ပိုင်းသို့လက်ကျန်အတွင်းအားတွေ ပို့လွှတ်ထားရ၏။


တဆက်ထဲ ငြိမ်သက်နေရာမှလက်ဝားနှစ်ခု့ကို ဘေးသို့ကားလိုက်ပြီး အတွင်းအားကိုထိန်းချုပ်ကာခန္ဓာကိုယ်အား တပတ်ပြီးတပတ်လှည့်ရလေသည်။(သိုင်းကျမ်းထဲကလှည့်နည်းအတိုင်းလှည့်နေခြင်းသာ) 


ကျိကျွေ နာရီဝက်မျှလှည့်နေသော်လည်း ခေါင်းသာမူးလာသည်ကလွဲ၍ဘာမျှမထူးခြား။ 


သို့သော်ကျိကျွေသည် ဇွဲရှိသည်။ 

လှည့်မြဲတိုင်းလှည့်နေလေတော့သည်၊


တဖြည်းဖြည်းနှင့်လည်း သိုင်းကွက်သဘောနောကြေလာသလိုခံစားရပြီး အတွင်းအားပို့လွှတ်မှု့နဲ့ထိန်းချုပ်နည်းအားလည်း သိုင်းကွက်နဲ့ထပ်တူကျအောင် အသုံးပြု့တက်လာသလိုခံစားရလာသည်၊ 


ထို့နောက် ကျိကျွေလှည့်ရင်းလှည့်ရင်းနှင့် သူ၏ခန္ဓာကိုယ်တစ်ခု့လုံးမှာ မီးရောင်များတောင်ပလာပြီး ဂျင်ကဲ့သ်ို့မွှတ်နေအောင် လည်နေလေတော့သည်၊ 


ကျိကျွေ ကမ္ဘာဖြိုသိုင်းကျမ်းမှ ပထမဆုံးအကွက်ဖြစ်တဲ့ လေပွေလက်ဝါးသိုင်းကွက်ကိုအတွင်းအား နှင့်ကျွမ်းကျင်စွာ ထိန်းချုပ်တက်သွားခြင်းပင်ဖြစ်သည်၊


သူ၏ လေးကျွန်းစင်္ကြာအတွင်းအားပညာမှ မီးကိုထုပ်သုံးပြီးလှည့်လိုက်သောကြောင့် မီးလေပွေကဲ့သို့ဖြစ်နေခြင်းသာ၊အကယ်၍သူသာ ရေကိုထုပ်သုံးလျှင်ရေလေပွေဖြစ်မည်သာ၊။


ကျိကျွေ လှည့်နေရင်းမှရပ်တန့်လိုက်ပြီး

`အင်း ပထမသိုင်းကွက်တစ်ကွက်တောင် တော်တော်အစွမ်းထက်လွန်းနေပြီ၊ဒါတောင်ငါ လေးကျွန်းစင်္ကြာအတွင်းအားပညာရဲ့ပထမအဆင့်အတွင်းအားလေးနဲ့ ပေါင်းစပ်သုံးတာတောင် အတွင်းအားလှိုင်းနဲ့ သိုင်းကွက်ရက်စက်မှု့ကအတော်ကြီးကိုပြင်းထန်လွန်းတာပဲ၊ ငါသာ လေးကျွန်းစင်္ကြာအတွင်းအားရဲ့နောက်ဆုံးအဆင့်နဲ့သာ သုံးနိုင်ခဲ့မယ်ဆိုရင် ဒီနေရာတွေအကုန်လုံးပျောက်ကွယ်သွားလောက်တယ်။ဟုတ်ပြီ အတွင်းအားပညာကိုငါဆက်ကျင့်ရမယ်´´


 အဘယ်ကြောင့်မှန်းမသိ ကျိကျွေ၏စိတ်ထဲတွင်ဒီဂူမှလွတ်မြောက်လိမ့်မည်ဟု့ခံစားနေရသည်၊


ထိုလွတ်မြောက်ဖို့လမ်းစက ဤကြေးပြားများပေါ်တွင်ရှိမည်ဟု့လည်းတစ်ထစ်ချယုံကြည်နေမိ၏။ 


ကျိကျွေ ဤဂူထဲကလွတ်မြောက်ပမလားဆိုသည်မှာ ကံကြမ္မာ သာသိပေလိမ့်မည်။


 ကျိကျွေ အတွင့်အားပညာဆက်ကျင့်မည်တွေးပြီးမှ ပတ်ဝတ်ကျင်အားပြန်လေ့လာမိလေသည်။ 


နက်ရှိုင်းလှ့သည့်ချောက်ထဲမှဤကျောက်ဂူထဲတွင် သဘာဝအလင်းရောင်ကဲ့သို့ မြင်နေရသဖြင့်ထူးဆန်းလှ၏

ကျိကျွေ ဂူအစပိုင်းတွင်သာ တစ်ချိန်လုံးနေခဲ့၍ဂူအတွင်းပိုင်းထိ မဝင်ကြည့်ရသေးပေ။


ထို့ကြောင့်ကျိကျွေဂူအတွင်းပိုင်းသို့ဝင်ခဲ့လေသည်။ ဂူနရံတစ်လျောက်တွင် ရှားပါးဆေးပင်များအများအပြားတွေ့မြင်ရ၏။ 


တဖြည်းဖြည်း   ဂူအတွင်းပိုင်းသို့ရောက်လာသောအခါ သဘာဝအလင်းရောင်တွေထွက်နေသော သစ်ပင်ကြီးအားလည်းတွေ့မြင်လိုက်ရလေသည်၊


ထိုအပင်မှာ အလင်းရောင်ထွက်နေသောအသီးများစွာသီးနေပြီး အောက်ခြေတွင်လည်း ပြုတ်ကျနေသော အသီးများစွာကိုလည်းတွေမြင်နေရသည်။


အသိးများမှာ လွန်စွာစားချင်စဖွယ်ဖြစ်နေ၏၊

အရောင်မှာ ပန်းရောင်ဖြစ်ပြီး အသီးပုံစံမှာပန်းသီးနှင့်ပင်တူလှသည်။


ကျိကျွေ ထိုအသီးတွေမြင်မှ မိမိအစာမစားရသေးမှန်းခု့မှ ပြန်တွေးမိလေသည်၊


ထို့ကြောင့် အောက်ခြေ၌ရှိသော ထိုအသီးများထဲမှတစ်လုံးနှစ်လုံးကောက်စားလိုက်လေသည်၊ 


အသီးများမှာ ပန်းသိးအကြိးစားအရွယ်နှစ်လုံးလောက်မျှပင်ရှိ၍ အတော်ဗိုက်ပြည့်သွားလေသည်၊ဤဂူထဲတွင်အစာငတ်၍သေမည်က်ိုပူစရာမလိုတော့ပေ၊


 ထိုအသီးများစားပြီးမကြာ ကျိကျွေ၏ခန္ဓာကိုယ်မှာ ပူရှိန်းတက်လာပြီး အတွင်းအားများခန္ဓာကိုယ်၌ ပြည့်လျှံလာသလိုခံစားလာရသည်၊


ပြီးနောက် သူ၏အကြောတွေမှာ လွန်ွစွာဖောင်းကြွလာပြီးပေါက်ထွက်တော့မလိုခံစားနေရလေတော့သည်၊


 ထို့ကြောင့် ကျိကျွေ လျှင်မြန်စွာတရားထိုင်ပြီး ထိုပြင်းထန်လှသောအားတွေကို သူ၏လေးကျွန်းစင်္ကြာအတွင်းအားဖြင့်ထိန်းချုပ်ကြည့်နေမိသည်။ 


သို့သော် သူလုံးဝထိန်းချုပ်မရပေ၊ ထိုအတွင်းအားလှိုင်းတွေမှာ ခန္ဓာကိုယ်အနှံပြေးလွှားနေပြိး သူ၏ခန္ဓာကိုယ်ကြီးပေါက်ထွက်တော့မလိုခံစားနေရလေတော့သည်၊


ထို့ကြောင့် ကျိကျွေဖြစ်ချင်တာဖြစ်ဆိုပြီး သန့်စင်တဲ့လေးကျွန်းစင်္ကြာအတွင်းအားပညာရဲ့ဒု့တိယအဆင့်ကိုသာ တက်မြောက်အောင်စိတ်ကိုတည်ငြိမ်အောင်ထားလိုက်သည်၊


သူ၏အတွေးတို့၌ နာကျင်တာမရှ်ိ အတွင်းအားတို့သည် ရေကဲ့သို့သာဖြေညှင်းစွာစီးဆင်းနေသည်ဟု့ စိတ်ထဲမှမှတ်၍ တရားထိုင်နေလိုက်လေတော့သည်၊


ထိုအခါ သူ၏မျက်နှာမှာ အရောင်မျိုးစုံဖြတ်ပြေးနေပြီး နံဘေးပတ်ပတ်လည်၌ ရေမြေလေမီး နဂါးလေးကောင်ပုံစံဟာ လျှင်မြန်သောအဟုန်ဖြင့်လှည့်ပတ်နေ၏၊


ထို့နောက်တစ်ဖန် နဂါးလေးကောင်ပေါင်းစပ်ပြီး မီးခေါင်း၊ရေလက်၊မြေအမြှီး၊လေခန္ဓာကိုယ်ပုံစံ နဂါးကြီးအဖြစ်ထပ်မံပြောင်းလဲသွားပြန်လေသည်၊


ကျိကျွေ၏ မျက်နှာမှာတဖြည်းဖြည်းပန်းရောင်သန်းလာလေပြန်သည်၊

တဖန် အနီရောင်ပြောင်းသွားပြန်လေသည်၊ 


ကျိကျွေ၏ ဦးခေါင်းအပေါ်မှ ရွှေဝါရောင် နဂါးကြီးတစ်ကောင်ထပ်ပေါ်လာပြီး ရေမြေလေမီးနဂါးနှင့်တိုက်ခိုက်နေလေတော့သည်၊ ကျိကျွေ၏ ခန္ဓာကိုယ်နံဘေးပတ်ပတ်လည်၌ တစ်ကောင်နှင့်တစ်ကောင် ပြင်းထန်စွာ တိုက်ခိုက်ရင်း လှည့်ပတ်နေသည်၊


နာရီဝတ်မှကြာသောအခါ  ရွှေဝာရောင်နဂါးထက်  ရေမြေလေမီးနဂါးမှာပို၍အကောင်ကြိးလာပြီး ရွှေဝါရောင်နဂါးအား မျိုချ၍ ကျိကျွေ၏ဥိးခေါင်းအတွင်းသို့တိုးဝင်ပျောက်ကွယ်သွားလေတော့သည်။


ထိုအခါကျမှ ကျိကျွေ၏မျက်လုံးအစုံမှလွဲလို့မျက်နှာမှာသာမာန်ကဲ့သို့ဖြစ်သွားပြီ ကျိကျွေလည်း သက်ပြင်းတချက်ရှိုက်ပြီး မျက်လုံးပြန်ဖွင့်လာလေတော့သည်၊


သူမျက်လုံးပြန်ဖွင့်လာတော့ သူ၏ခန္ဓာကိုယ်မှာ အားအင်များပြည့်ဝနေသလိုခံစားနေရပြီး လွန်စွာမှပေါ့ပါးလန်းဆန်းနေလေတော့သည်၊


သူ၏ လေးကျွန်းစင်္ကြာအတွင်းအားပညာမှာ စောစောကအဖြစ်အပျက်ကြောင့် အဆင့်ငားအထိပေါက်ရောက်သွားခဲ့သောကြောင့်ပင်ဖြစ်သည်၊


သူ၏လက်တစ်ဖက်ဝေ့ယမ်းလိုက်သောအခါ  ရေမီးလေမြေပေါင်းစပ်ထားသော အတွင်းအားလှိုင်းကြီးထွက်သွားပြီး ကျောက်နရံ၌ ုကြီးမာသောလက်ဝါးရာကြီးဖစ်သွားလေတော့သည်၊


ထိုအချိန်မှစ၍ ကျိကျွေသည် ထိုသစ်သီးများအား မနက်တစ်ကိုက်နေ့ခင်းတစ်ကိုက်ညနေတစ်ကိုက်မျှသာစားသုံးရင်း အသက်ဆက်နေလေတော့သည်၊

သူမသိသေးသည့်အချက်မှာ ဤသစ်သီးမှာ ရှေးခေတ်တုန်းကလူတွေတောင်အသက်စွန့့်၍လိုက်ရှာနေသော အလွန်အဖိုးတန်သည့်ဒဏ္ဍာရီထဲမှ  နတ်ပန်းသီးဖြစ်ကြောင်းပင်။ 


×××××××  

       သာယာသောညနေခင်းရဲ့လှပမှု့ကိုခံစားပြီး အရက်သောက်နေကြသူများပြားလှ၍ ရွှေမြရိပ် ဟူသောစားသောက်ဆိုင်လေးမှာလွန်စွာမှစည်ကားနေသည်၊


ထိုအချိန်၌ အသက်သုံးဆယ်ကျော်ခန့်ဟု့ထင်ရသော လူကြီးတစ်ယောက် စားသောက်ဆိုင်ထဲသို့ဝင်လာလေသည်၊


သူ့ပုံစံမှာလွန်စွာမှဆာလောင်နေသည့်သဏ္ဍာန်။

သို့သော်သူ၏ မျက်လုံးအစုံမှစူးရှပြီး တည်ငြိမ်လွန်းလှသည်၊ 


ထိုသူမှာအခြားတော့မဟုတ် အလွန်အစွမ်းထက်လှသည့်တိမ်မုန်တိုင်းသိုင်းကျမ်းကိုနောက်ဆုံးအဆင့်အထိအောင်ထားသော လီဂျိုစူးပင်ဖြစ်သည်။


 ဦးစွာသူရှောင်လင်ဘုန်းကြီးတွေကိုသွားသတ်မည်ဟု့ တွေးထားသော်လည်း သိုင်းလောကထဲဝင်၍ သိုင်းလောကရဲ့နာမ်မည်ကြီးနေသောသူများကိုသိချင်သည်ကတစ်ကြောင်း၊


 ရှောင်လင်ကျောင်းတော်မှာ ဤနေရာနှင့်လွန်စွာမှဝေးနေသေးသည်ကတစ်ကြောင်း၊


မိမိရောက်ရှိလာသည်ကိုသိုင်းလောကသားတွေကိုသိစေချင်သည်ကတစ်ကြောင်း 

စသည့်ကိစ္စတို့ကြောင့် ရှောင်လင်ကျောင်းသို့အေးဆေးမှသွားမည်ဟု့ဆုံးဖြတ်ထားခြင်းဖြစ်သည်၊


လောလောဆယ် ဗိုက်ဆာ၍ဆိုင်ထဲဝင်လာခြင်းဖြစ်သည်၊၊ 

``ဟေ့ အရက်နှစ်လုံးနဲ့ ကြက်ကြော်တစ်ပွဲချစမ်း´´

လီဂျိုစူး၏မွဲတဲတဲညစ်ပေပေပုံစံက်ိုကြည့်၍ ဆိုင်ရှင်မှာမရောင်းချင်သော်လည်း လီဂျိုစူး၏မျက်လုံးစူးရှမှု့ဒဏ်ကိုမခံနိုင်၍ စားပွဲထိုးလေးအား အရက်နှင့်ကြက်ကြော်သွားချဖို့မျက်စပစ်ပြလိုက်လေသည်၊


 လူဂျိုစူး အေးဆေးငြိမ်သက်စွာပင်  အရက်သောက်၍အမြည်းစားနေလေသည်၊


ထိုအခိုက် သူ၏မျက်လုံးအစုံမှာစူးရှသွားလေသည်၊အဘယ်ကြောင့်ဆိုသော် ဆိုင်အတွင်းသို့သိုင်းသမားဟု့ခေါ်သော ကြေးစားလူမိုက်၄ယောက်ဝင်ရောက်လာလေသည်၊

ထို့နောက် အသံအကျယ်ကြီးဖြင့်

 ``ဟေ့ အရက်နဲ့အမြည်းယူလာခဲ့စမ်း မြန်မြန်လုပ်စမ်း သိပ်အကြာကြီးမစောင့်နိုင်ဘူး မသေချင်ရင်အမြန်ယူလာခဲ့´´ 


``ဟုတ် ဟုတ် သခင်လေးတို့ ´´ ထိုသူတို့မှာ ဤနယ်မြို့လေး၌  လွန်စွာမှ ဆိုးသွမ်းရက်စက်၍ လူသတ်သည်၌လည်း ကြက်ကလေး၊ငှက်ကလေးသတ်သလို အညှာတာစိတ်မရှိသော ကြေးစားလူမိုက်၄ဖော်ပင်ဖြစ်သည်၊စားပွဲထိုးလေးမှာမူ သူတို့လာလျှင်လွန်စွာမှကြောက်ရွံနေလေသည်၊


လွန်ခဲ့သော တစ်လခန့်က ဤဆိုင်မှစာပွဲထိုးလေးတစ်ယောက်အား အရက်လာပေးတာနောက်ကျ၍ဆိုပြီးလည်ပင်းဖြတ်၍သတ်သွားခဲ့သေးသည်မဟုတ်ပာလော၊


ထ်ိုလေးယောက်သည် အရက်အားသောက်နေရင်းမှ အနည်းငယ်မူးလာသောအခါ အရက်အိုးများအား ရိုက်ခွဲလေတော့သည်၊``ခွမ်း ဘယ်ကောင်မှလူမထင်ဘူးကွ´´


 ရိုက်ခွဲလိုက်သောအရက်အိုးအပဲ့စတွေ အေးဆေး အရက်သောက်နေသောလီဂျိုစူးအား လာရောက်ထိမှန်လေသေါအခါ  လီဂျိုစူးထပ်မံသည်းခံနိုင်စွမ်းမရှိတော့ပေ၊

နဂိုကတည်းကသိုင်းသမားတွေဆိုလျှင်အလွန်မုန်းနေသည်ကတစ်ကြောင်း 

ဆိုင်ထဲဝင်လာကတည်းက ဆူညံနေသည်ကတစ်ကြောင်း  

ယခု့အခါအရက်အိုးအပဲ့စတွေမှာမိမိအားလာရောက်ထိမှန်လေသည်ကတစ်ကြောင်းကြောင့် 

လီဂျိုစူးမျက်နှာမှာ လွန်စွာမှနီရဲလာပြိး 


 ``ဟိုကောင်လေးကောင် ငါ့ကိုခု့ချက်ချင်းဒူးထောက်ပြီးလာတောင်းပန်စမ်း အဲ့တာဆို မင်းတို့အသက်ကိုငါချမ်းသာပေးမယ်´´

သူ၏စကားကြောင့် လူမိုက်လေးဖော် ခဏတာကြောင်သွားလေသည်ပြီးမှ 

``ဟားဟား ခဗျားလိုသေခါနီးအဖိုးကြီးကများ ကျုပ်တို့လိုလူမိုက်တွေကိုဒူးထောက်လေးဘာလေးနဲ့ သေချင်နေတယ်ပေါ့အဖိုးကြီး ကဲရော့သေပေတော့ .´´ ပြောပြောဆိုဆိုနှင့်ခေါင်းဆောင်ဖြစ်ဟန်တူသောသူမှာ သူ၏ဓားကောက်ကြီးဖြင့် လီဂျိုစူးအားပြေး၍ခုတ်လေသည်၊ မှားလေစွ၊လီဂျိုစူးလိုလူအတွက်ထိုဓားချက်မှာ အိပ်နေရင်းပင်ရှောင်လို့ရလေသည်၊လူမိုက်လေးဖော်၏သိုင်းပညာမှာသာမာန်မျှသာလျှင်။


လူဂျိုစူး ပထမဓားချက်ကိုထိုင်နေရာမှမရွေ့ပဲလက်နဲ့ဖမ်း၍ အတွင်းအားတစ်ချက်ထုပ်လွင့်လိုက်သောအခါ `` ဝုန်း   ...´´


ရွှေမြရိပ်စားသောက်ဆိုင်အတွင်း၌ရှိသော လူမိုက်လေးဖော်နှင့်စားပွဲ၊ထိုင်ခုံတွေမှာ အစိစိအညက်ညက်ကြေပြီး အမှုန့်အဖြစ်သို့ရောက်ရှိသွားလေတော့သည်၊


လူမိုက်လေးဖော်၏ခန္ဓာကိုယ်မှာမူ အစတစ်စပင်ရှာ၍မရတော့လောက်အောင်ပင် ပျောက်ကွယ်သွားလေတော့သည်။


ထိုမြင်ကွင်းအား တစ်ဖက်စားသောက်ဆိုင်မှသိုင်းသမားများနှင့်အခြားလူများတွေပြီး လွန်စွာကြောက်ရွံထိပ်လန့်စွားလေတော့သည်။


``ဘု့ရားဘု့ရား  အဲ့လိုအတွင်းအားမျိုးအပြင်မှာတကယ်ရှိတယ်ဆိုတာခု့မြင်ရမှပဲယုံမိတော့တယ်၊အတော်ရက်စက်ပြီးကြောက်ဖို့ကောင်းလောက်အောင်မြင့်မားတဲ့သိုင်းပညာနဲ့အတွင်းအားပဲ´´


``ဟုပဗျာ ဘယ်သူမို့လို့အဲ့လောက်တောင်အတွင်းအားမြင့်မားနေရတာပါလိမ့်´´


တစ်ဖက်စားသောက်ဆိုင်ရှိသိုင်းသမားများတစ်ယောက်တစ်ပေါက်နှင့်ထိပ်လန့်အံသြစွာဖြင့်ပြောဆိုနေလေသည်၊


ထိုအခါ လီဂျိုစူးမှာ တစ်ချက်ခုန်လိုက်သောအခါ  စကားတီးတိုးပြောနေသော တစ်ဖက်ဆိုင်ရှိစားသောက်ဆိုင်အတွင်းမှသိုင်းသမားတွေအရှေ့သို့ရောက်ရှိလာလေသည်၊ အစောကစကားတီးတိုးပြောနေသောသိုင်းသမားများလည်းလွန်စွာထိပ်လန့်သွားပြီးဇောချွေးတွေပါပြန်လာလေတော့သည်၊


.``ဟားဟား ဟား...မကြောက်ပါနဲ့ကွ ငါခိုင်းတာမလုပ်ရင်တော့သတ်ပစ်ရလိမ့်မယ်´´


``ဟုတ် ဟုတ် ကဲ့ ပြောပါသခင်ကြိး ကျွန်တော်တို့ဘာများလုပ်ပေးရမလဲ သခင်ကြီးသာခိုင်းရင်ဘာမဆိုလုပ်ပေးပါ့မယ်လို့ကတိပေးပါတယ်ဗျ .ာ...´´


.``အေး ခု့ချက်ချင်းရှောင်လင်ကျောင်းကိုသွား ငါလီဂျိုစူး ပြန်လာပြီလို့ မင်းတို့ရှောင်လင်ဘုန်းတော်ကြီးတွေအကုန်လုံးသတ်ပစ်မယ်လို့ ´ငါကပြောတယ်လို့သွားပြောချေ´´


``ဗျာ လီ..လီဂျိုစူး  ´´ ဆိုင်အတွင်းမှသိုင်းသမားတွေပို၍ထိပ်လန့်ကြောက်ရွံမိသွားပြန်လေသည်၊သူတို့၏ဆရာသမားများထံမှပြန်ကြားရသော လွန်ခဲ့သည့်နှစ်များစွာက အလွန်ရက်စက်သောလီဂျိုစူးအကြောင်း ပုံပြင်သဖွယ်ခဏခဏကြားနေရသောကြောင့့်ပင်။


``အေး ဟုတ်တယ် ငါလီဂျိုစူးပဲ သိပ်ကြောက်သွားလား  ဟားဟား ကောင်းတယ်ကောင်းတယ် 

ကဲမင်းတို့မြန်မြန်သွားမပြောသေးဘူးလား သေချင်နေတာလား´´


``ဟုတ် ခုချက်ချင်းသွားပါမယ်သခင်ကြီး တောင်း.တောင်းပန်ပါတယ်သခင်ကြီး´´ 


ထိုမျှသာပြောပြီး ဆိုင်ထဲရှိသိုင်းသမားတွေအကုန်လုံး  ပြေးထွက်သွားလေတော့သည်။သူတို့၏ဦးတည်ချက်မှာရှောင်လင်ကျောင်းတော်ဆီသို့သာ။


_______________။။။_________အပိုင်း < ၄ >မျှော်

Crd .Aυռg ፐჩeե Oo


rate now: