#နတ်ဆေးဆရာနှင့်ငရဲမင်း၏သမီးတော်#
ပြတ်သားသောအသံနှင့်မာန.ထန်နေသောမိန်းမပျိုလေး၏စကားကြောင့်..ကျိကျွေသေလောက်အောင်ဒေါပွသွား၏။
``.ဘာကွ..မင်းကကောဘယ်လောက်အဆင့်ရှိလို့လဲ..ရှောင်လင်ကျောင်းဆရာတော်ကြီးကိုစိမ်ခေါ်တယ်ဆိုတော့..မင်းကကောဘယ်လောက်စွမ်းနေလို့လဲ...´´
ကျိကျွေ၏.စကားကြောင့်..ထိုမိန်းမပျိုလေး..ရှားရှားရှားရှား.ဖြစ်ကာဒေါသထွက်သွား၏။
``.ဒီမှာ..ရှင့်လိုတံခါးစောင့်အဆင့်လောက်ကို.အချိန်မရွေးသတ်လိုက်လို့ရတယ်.
.နားလည်လား..လူပုံကိုကစုတ်တီးစုတ်ပဲ့နဲ့..ကိုယ့်အဆင့့်ကိုယ်မသိဘူး.´´
ဒီအခါတော့..ကျိကျွေ၏ဒေါသငယ်ထိပ်ရောက်သွားသလိုပြင်းထန်သွား၏။
မိမိအား..အချိန်မရွေးသတ်လို့ရတယ်.ဆိုသောကြောင့့်အကြီးအကျယ်ဒေါပွသွား၏။
``.တော်တော်သိုင်းပညာမာနကြီးနေတဲ့ပုံပဲ..ဆုံးမပေးမှဖြစ်တော့မယ်´´.
ကျိကျွေထိုသို့တွေးလိုက်မိပြီး.
``ကောင်းပြီ..မင်းကငါ့ကိုတံခါးစောင့်အဆင့်လောက်ပဲရှိတယ်လို့ပြောတယ်ပေါ့လေ..
.ရှောင်လင်ဆရာတော်နဲ့မပြိုင်နဲ့ငါနဲ့ပဲအရင်ဆုံးယှဉ်ကြည့်၊.ငါရှုံးရင်မင်းရဲ့ကျွန်လုပ်မယ်
..မင်းရှုံးရင်ငါ့ရဲ့ကျွန်လုပ်မလား..´´
ကျိကျွေလိုဖျင်ကြမ်းအင်္ကျီနှင့်နုံချာလှသောပုံကြောင့့်..ထိုမိန်းမပျိုလေးမှာလုံးဝအထင်ကြီးသည့်အသွင်နည်းနည်းမျှပင်မပေါ်ချေ။
ကျိကျွေ၏စကားအားကြားလိုက်ရသောအခါ..သူ့မဘဝ၏အရယ်ရဆုံးပုံပြင်တစ်ပုဒ်အားကြားလိုက်ရသကဲ့သို့..ခွက်ထိုးလန်နေအောင်ရယ်တော့၏။
``..ဟား..အရမ်းရယ်ရတာပဲ..ခ်ခ်..ရှင့်ကလူပုံစံနဲ့မှ.မလိုက်ဖက်တဲ့စကားတွေသိပ်ပြောတက်ပါလား..ရှင့်ပုံစံကိုကြည့်ပြီးကျွန်မကသနားလို့သာ.မသတ်ပဲနေတာ
.ခု့တော့ရှင်ကကျွန်မရဲ့ကျွန်.လုပ်ချင်တယ်လို့တောင့်တနေတော့လည်း.
.ရှင့်ကတိတည်ပါစေ..´´
``.ကျုပ်ကယောက်ျား.၊ကတိအတွက်ဆိုအသက်ပါစွန့့်ရဲတယ်.မင်းသာကတိတည်ပါစေ´´
ကျိကျွေထိုသို့ပြောလိုက်ပြီး.စိတ်ထဲမှ.
``ဟင်းဟင်း..နဂါးမှန်းသိအောင်အမောက်ထောင်ပြရသေးတာပေါ့.´´
ဟု့တွေးနေမိ၏။သူ၏အတွေးမဆုံးသေးခင်ပင်...မိန်းမပျိုလေးမှ.
``.ကဲ..လာပြီ..မီးနဂါးအမှီးရိုက်ချက်..´´
ဟု့အော်ပြီး..ရိပ်ကနဲပြေးဝင်လာကာ.ကျိကျွေအားလက်ဝါးများဖြင့်အဆက်မပြတ်ရိုက်ချလိုက်၏။သို့သော်
`` ဖြန်း..ဖြန်း.ဖြန်း´´..ဟူသော.အသံမထွက်ပေါ်လာပဲ.
.ဝှစ်ဝှစ်ဝှစ်..ဟူသည့်လေအားရိုက်မိသည့်အသံသာထွက်ပေါ်လာ၏။
သူမ၏လက်ဝါးများမျက်နှာထက်သို့ရောက်ရှိလာသည်မှာမြန်ဆန်သောကြောင့့်ကျိကျွေထိပ်လန့်သွားသော်လည်း..ကျိကျွေသည်..အချဉ်မဟုတ်..။
.ရွှေကိုယ်ပွားခြေလှမ်းသိုင်းအား..အရည်ကျိသောက်ထားပြီး.လင်းဆွဲကိုယ်ဖော့ပညာအား.ဦးနှောက်ထဲတွင်တံဆိပ်ရိုက်နှိပ်ထားသလို.ကျွမ်းကျင်နေသောကြောင့်.မျက်နှာထက်သို့ရောက်ရှိလာသောလက်ဝါးများအားပွတ်ကာသီကာရှောင်တိမ်းလိုက်၏။
ထို့ကြောင့်.လေသို့သာရိုက်မိသောအသံဖြစ်သည့်..ဝှစ်ဝှစ်ဝှစ်ဟူသောအသံမျှသာထွက်ပေါ်လာ၏။.
သူမ၏လက်ဝါးချက်များအားလှပစွာရှောင်တိမ်းသွားသောကျိကျွေအား.အနည်းငယ်ထပ်လန့်သွားသော်လည်း..သူမဆက်၍တိုက်ခိုက်ပြန်၏။.
``.ကြိုးကြာ.ကဟန်..´´
``ပန်းဖောက်လက်ညှိုး´´
``အရိုးကြေလက်ဝါး.´´
``နတ်သမီး.မာယာသိုင်းကွက်..´´
လက်ဝါး၊လက်ဝါးစောင်း၊ခြေကန်ချက်များ..နှင့်အတူ..မာန်သွင်းသံ၊သိုင်းကွက်များအား..ရွတ်ဆိုရင်း.သူမသည်..ကျိကျွေအားတရက်စက်..ဖိတိုက်၏။
ထူးခြားလှသည့်သိုင်းကွက်များနှင့်..ကြမ်းတမ်းစွာတိုက်ခိုက်သောအနှီမိန်းမပျိုလေး၏တိုက်ကွက်များကြောင့်..ကျိကျွေ...အသန်းအသန်ရှောင်းတိမ်းနေရပြီး..စိတ်တွင်းမှထိုမိန်းမပျိုလေးအား.ချီးကျူးနေမိ၏။.
``.ဝှစ်..ဝှစ်..ယား..ဟိုင်း..´´
မိန်းမပျိုလေး.မည်မျှပင်ကြမ်းတမ်းစွာတိုက်ခိုက်ပါစေ။လေသို့သာတိုက်ခိုက်နေမိ၏။.
ကျိကျွေအား..တိုက်ခိုက်ရသည်မှာလေကိုတုတ်
နှင့်ရိုက်နေသကဲ့သို့။..
သူမ၏ပြိုင်ဘက်သည်ကျိကျွေမဟုတ်..။
.ကျိကျွေမှာမူ.အဆင့်မြင့်သိုင်းပညာရှင်ဖြစ်သောကြောင့်..သူမ၏တိုက်ကွက်များအား..ပြန်လည်မတိုက်ခိုက်ပဲလေ့လာနေ၏။
သူမ၏တိုက်ကွက်များကြား..ငါးရှဉ့်တစ်ကောင်ကဲ့သို့.လွန့်လူး၍.ရှောင်တိမ်းနေသည်။
``ငါဘာလို့ခြံစောင့်အဆင့်သာသာလိုကောင်ကိုထိအောင်တောင်မတိုက်နိုင်ရတာလဲ..မယ်မယ်..ကြီးပြောသလို.ရှောင်လင်ကျောင်းကသိုင်းလောကရဲ့ထွဋ်ခေါင်ဆိုတာ.တကယ်ပဲ..မှန်နေတာလား..´´
ပန်းကလေး..ဝေခွဲ၍မတက်ပါ။သူမ၏အာရုံတွင်.သိုင်းပညာ၌.မယ်မယ်ကြီးသာသိုင်းပညာအမြင့်ဆုံးပင်။
ထို့ကြောင့်..မိမိ၏သိုင်းကွက်များကြား..ငါးရှဉ်တစ်ကောင်ကဲ့သို့..မထိခလုပ်ထိခလုပ်..ရှောင်ရှားနေသော..ဖျင်ကြမ်းစနှင့်အနှီလူအား..ဒေါသများစု့ပုံလိုက်မိ၏။...
မိမိ၏သိုင်းပညာသည်..နန်းတော်တွင်..မယ်မယ်ကြီးပြီးလျှင်..အမြင့်ဆုံးပင်ဖြစ်သည်။
မိမိသည်လည်းအချဉ်မဟုတ်။.မိမိသိုင်းပညာကိုမိမိယုံကြည်၏။.
အနှီခြံစောင့်ကို.မနိုင်ဘူးဆိုတာလုံးဝမဖြစ်နိုင်ဘူး..ဟု့စိတ်ထဲမှတွေးကာ...
.``.ဪ..ရှင်က..ပြန်လည်းမတိုက်ဘူးရှောင်ပဲရှောင်နေတယ်လား..ရတယ်လေ..ရှင်ရှောင်နိုင်ဦးမလားကြည့်ရသေးတာပေါ့..´´
ပန်းကလေး..လက်နှစ်ဖက်အားဝေးယမ်းပြီး..သိုင်းကွက် ထုတ်လိုက်လေရာ..အနီးမှသစ်ရွက်များသည်သူမ၏ခန္ဓာကိုယ်အနား၌..လွင့်ပျံနေ၏။.
တိုက်ပွဲသည်ကား.မကြာခင်လွန်စွာကြမ်းတမ်းတော့မည်သဘောဆောင်နေ၏။
.ထိုသိုင်းကွက်သည်ကား...ဓားချက်တစ်သောင်း..ဟူသောသိုင်းပေါင်းချုပ်တွဲကြီးထဲမှ..သဘာဝ၏ဓား.ဟူသည့်..အတွင်းအားနှင့်အနီးအနားမှအရာဝတ္ထု့များအား..ပေါင်းစပ်အသုံးပြု့ရသောသိုင်းကွက်ပင်ဖြစ်သည်။
ထိုသိုင်းကွက်အားကျိကျွေ.အကဲခက်လေ့လာနေ၏။
သူကြည့်နေစဉ်မှာပင် ..ပန်းကလေး..လှုပ်ရှားလိုက်၏။မြောက်မြားစွာသောသစ်ရွက်များမှာကျိကျွေထံသို့ဓားများကဲ့သို့ပြေးဝင်လာ၏။
``.ဝုန်း..ဝှစ်..ဝှစ်...ဝှစ်..´´
``ဟင်...´´
ကျိကျွေ.အနည်းငယ်ထပ်လန့်သွား၏။.
``.ငတိမကတယ်စွမ်းပါလား..အခြေအနေမဟန်ဘူး..ငါ့အတွင်းအားထုတ်သုံးမှဖြစ်တော့မယ်..။..´´
မြောက်မြားစွာသောသစ်ရွက်များ..ကျိကျွေထံသို့လျှင်မြန်စွာပြေးဝင်လာ၏။
သစ်ရွက်များကျိကျွေထံသို့မရောက်မှီစက္ကန့်ပိုင်းအတွင်း..ကျိကျွေအရိပ်ပင်မရှိတော့အောင်ပျောက်သွား၏။.
``ဟင်...´´
တဖန်အံသြသံထွက်လာသည်မှာပန်းကလေးထံမှဖြစ်သည်။
..``.ဟိုလူဘယ်ရောက်သွားပါလိမ့်´´
သူမတွေးနေမိ၏။မှန်၏..ကျိကျွေအတွင်းအားအပြည့်သုံးကာ..လေပေါ်သို့.ထန်းနှစ်ပင်ခန့်မြင့်အောင်ခုန်တက်သွား၏။
.ပြီးနောက်..ပြန်ကျလာသောအခါ..သူ၏ညာဘက်လက်အစုံမှာ..လင်းလက်နေ၏။
ပြီးနောက်..အတွင်းအား၂ခန့်ဖြင့် မိုးမုန်တိုင်းလက်ဝါး(လေပေါ်သို့ခုန်တက်ပြီး မြေပြင်သို့ အတွင်းအားသုံး၍ရိုက်ချသောလက်ဝါးကွက်) အားထုတ်သုံးလိုက်၏။
.ထို၂ပုံမျှသာသုံးသော်လည်း..သူ၏ညာဘက်လက်ဝါးမှထွက်လာသောလက်ဝါးလှိုင်းကြီးမှာလွန်စွာပြင်းထန်၍.နေ၏။
ပန်းကလေး..ဖျင်ကြမ်းစနှင့်လူအားရှာနေမိစဉ်..မိမိ၏ခေါင်းအထက်၌အသံကြားသောကြောင့်..မော့ကြည့်လိုက်သောအခါ..ဧရာမလက်ဝါးလှိုင်းကြီးအားတွေ့လိုက်ရ၏။
ထို့ကြောင့်..ထိပ်လန့်စွာပင် နတ်သမီးတိမ်ပျံ ကိုယ်ဖော့ပညာအား..အစွမ်းကုန်သုံး၍.ရှောင်တိမ်းလိုက်ရ၏။.
``...ဝှစ် ..အုန်း..´´
သူမရှောင်တိမ်းပြီးသည်နှင့်မြေပြင်၌လက်ဝါးရာကြီးကျန်ခဲ့လေသည်။
ပန်ကလေး..ထိပ်လန့်သွားမိ၏။.ရှောင်လင်ကျောင်းကခြံစောင့်တွေအားလုံးဒီလိုပဲစွမ်းကြတာလား။
ဒါဆို..ဆရာတော်ကြီးတွေဆိုဘယ်လောက်တောင်စွမ်းလိုက်မလဲ..တွေးပြီးကြက်သီးများပင်ထသွားမိ၏။
သူမသိသေးသည်မှာ..ကျိကျွေသည်ခြံစောင့်မဟုတ်သည့်အချက်ပင်။နောက်အချက်သည်ကား..ကျိကျွေသည်သူမအားအတွင်းအားထက်ဝက်ခန့်သာသုံးပြီးတိုက်ခိုက်နေသည်ဟူသောအချက်ပင်ဖြစ်သည်။.
ကျိကျွေမြေပြင်သို့ရောက်သည်နှင့်တစ်ပြိူင်နက်..သူမအနားသို့ပြေးဝင်သွားသည်။.
.သို့သော်ပန်းကလေးသည်လည်းနယ်နယ်ရရမဟုတ်။.ရှောင်လင်ဆရာတော်လိထင်းလောက်နီးနီးအစွမ်းထက်သောသူဖြစ်သည်။
ထို့ကြောင့်..သူမအနားကပ်လာသောကျိကျွေအား ရိပ်ခနဲမြင်လိုက်သည်နှင့်..ခါး၌ပတ်ထားသောဓားပါးလေးအားဆွဲထုတ်လိုက်ပြီး .ခန္ဓာကိုယ်ပတ်ပတ်လည်အား.မြားပြားလှသောဓားချက်များထုတ်လွှတ်လိုက်၏။
ထိုဓားချက်များသည်..စင်္ကြာဓားရှင်ဟူသောဓားသိုင်းဆရာကြီးတီထွင်ခဲ့သော..ဓားအရိပ်ကိုးသွယ်..ဟူသည့်သိုင်းကျမ်းမှ..ရေပတ်မဝင်ဓားမျက်ရှင်..သိုင်းကွက်ဖြစ်သည်။
ထိုအကွက်သည်..ဓားအားရေပတ်လျှင်တောင်မဝင်သကဲ့သို့..ပတ်ပတ်လည်အားဓားချက်များထုတ်လွတ်ထားရသည့်..အကာအကွယ်သိုင်းကွက်ဖြစ်သည်။.
.ပန်းကလေအနားသို့ပြေးဝင်သွားသော .ကျိကျွေပင်လျှင်မြန်စွာ..လေပေါ်သို့နောက်ဂျွန်းထိုး၍ဆုတ်လိုက်ရ၏။ပြီးနောက်..ဟက်ခနဲရယ်လိုက်ပြီး..
``မင်းက.ဒီဓားကွက်လောက်နဲ့ကာကွယ်တယ်လား....ငါကမင်းထက်အတွင်းအားမြင့်တာမင်းမသိလေရော့သလား..ဟားဟား´´
ကျိကျွေ၏စကားကြောင့်ပန်းကလေးမျက်နှာပျက်သွား၏။မှန်၏..ထိုဓားကွက်မှာအကာအကွယ်သိုင်းကွက်ဖြစ်သော်လည်း..မိမိထက်အတွင်းအားမြင့်သောသူမှအဝေးမှတိုက်ခိုက်လျှင်..ဓားကွက်ပျက်စီးရလေသည်။
.မိမိနှင့်အတွင်းအားတန်းတူရှိသော၊သို့မဟုတ်အတွင်းအားနိမ့်သော
သူနှင်တိုက်ခိုက်မှသာ....ထိုလူမှာ.ရေပတ်မဝင်ဓားမျက်ရှင်.သိုင်းကွက်အား.မည်သို့မျှတိုးပေါက်မည်မဟုတ်ပေ။.
ကျိကျွေသည်ပန်းကလေးအား..အတွင်းအားထက်ဝက်ခန့်နှင့်..တိုက်နေသောကြောင့်..ပန်းကလေးအနေနှင့်ကျိကျွေအား..သူမနှင့်အတွင်းအားတန်းတူခန့်သာရှိသည်ဟု့ထင်မှတ်နေလေသည်။ထို့ကြောင့်..
``...အပြောမကြီးပါနဲ့..ရှင်ဖောက်နိုင်ရင်ဖောက်လေ.´´
သူမအံကြိတ်၍ပြောလိုက်၏။သူမ၏စကားအား
ကျိကျွေကြားသောအခါ..နှုတ်ခမ်းတွန့်ရုံမျှပြုံးလိုက်မိပြီး..
``.ဒီကောင်မလေးက.တကယ်မလွယ်ကြောပဲ..မှတ်လောက်သားလောက်အောင်ပညာပေးမှရတော့မယ်..´´ ဟု့..တွေးလိုက်ပြီး..
``.ကဲ..ဒါဆိုအမိတောင့်ခံနိုင်ရင်တောင့်ခံထားပေတော့´´
ကျိကျွေသူ၏အတွင်းအား၁၀ပုံ၇ပုံခန့်ထုတ်၍..လေးကျွန်းစင်္ကြာအတွင်းအားပညာ၏.သဘာဝအတွင်းအားပြောင်းလဲခြင်းအရ..သူ၏အတွင်းအားများအားမီးသို့ပြောင်းလဲလိုက်၏။.
ကျိကျွေ၏ခန္ဓာကိုယ်မှ.အပူလှိုင်းများထွက်ပေါ်လာ၏။..
သူ၏ညာဘက်လက်မှာပို၍အလင်းရောင်တောက်ပလာသည့်သယောင်ယောင်။.
ကျိကျွေ..ဓားအားအတွင်းအားလှိုင်းများဖြင့်ကြောက်မက်ဖွယ်ကောင်းအောင်လှည့်ပတ်နေသော..မိန်းမပျိုလေးထံပြေးဝင်သွား၏။ပြီးနောက်..
``.ဝုန်း..ဝှစ်...ထောက်...အင့်...´´
ကျိကျွေထိုဓားလှိုင်းများအားလက်ဝါးချက်ဖြင့်ရိုက်ဖြိုလိုက်၏။
ပြီးနောက်. သူမ၏ဓားလက်ကိုင်အားအပူလှိုင်းများစွာထွက်နေသောလက်ဖြင့်တောက်ချလိုက်၏။
သူမ၏ဓားလွှတ်ကျသွားသောအခါ..သူမ၏လက်များအားလျှင်မြန်စွာပင်ဖမ်းချုပ်လိမ်လိုက်ပြီး..သူ၏ရင်ခွင်ထဲသို့ဆွဲပွေ့ထားလိုက်၏။
တစ်ယောက်တစ်ယောက်အဝေးမှကြည့်လျှင်..ချစ်သူကောင်မလေးအား၊ကောင်လေးသည်.အနောက်မှသိုင်းဖက်ထားသကဲ့သို့ပုံစံဖြစ်နေသည်။
``.အို..ရှင်လွှတ်..လူယုတ်မာ...´´
သူစိမ်းလူတစ်ယောက်၏အနောက်မှလက်အားချုပ်၍သိုင်းဖက်ထားခြင်းခံလိုက်ရသဖြင့်..သူမ၏ရင်တစ်ခု့လုံးသိမ့်သိမ့်တုန်သွား၏။
.တစ်ကိုယ်လုံးလည်းပူရှိန်းနေသလိုခံစားနေရသောကြောင့်..ရှက်ရွံစွာ.ပါးစပ်ဖျားမှ.အာမေဋိတ်သံများထွက်သွားမိ၏။.
ဧကန်စစ်စစ်..သူမထိုသို့ပူရှိန်းသွားရခြင်းမှာကျိကျွေ၏အပူလှိုင်းအတွင်းအားများ၏ပယောဂမကင်းပေ။
.ကျိကျွေကတော့မူ..ပန်းကလေး၏ခန္ဓာကိုယ်လေးအားထွေးပွေ့ထားရသဖြင့်..ကြည်နူးသောအခိုက်အတန့်လေးအား....ထိုက်သင့်သလောက်ခံစားကာ
့..ရယ်ကျဲကျဲမျက်နှာပေးအား..ဆရာကြီးအိုက်တင်ဖမ်းကာ..
``.ငှဲငှဲ..ခု့တော့မင်းဘာတက်နိုင်လေးလဲ..ဟင်..
ပြောစမ်း..ဆရာတော်ကိုဘာလို့သိုင်းပြိုင်ချင်တာလည်း၊ဘယ်သူကပြိုင်ခိုင်းတာလည်း.´´
ပန်းကလေးမှာရှက်ရွံ့စွာဖြင့်..ရုန်းကန်ရင်း..
``.အိုရ်..ရှောင်လင်ကသိုင်းပညာကအမြင့့်ဆုံးဆိုတာမယုံလို့..လာပြိုင်ကြည့်တာပါ..ဘယ်သူမှမပြိုင်ခိုင်းပါဘူး...´´
ပန်းကလေးဝမ်းနည်းနေမိ၏။.မယ်မယ်ကြီးအလစ်တွင်..သိုင်းလောကအားခိုးထွက်လာခြင်းပင်ဖြစ်သည်။
မိမိ၏သိုင်းပညာအားယုံကြည်စိတ်ဝင်လွန်းသဖြင့်..ရှောင်လင်ကျောင်းအားလာရောက်ယှဉ်ပြိုင်ချင်စိတ်လည်းရှိသောကြောင့်ပင်ဖြစ်သည်။
ယခု့ဆို.မိမိ၏ ငှါနေ.မှထွက်ခါခဲ့တာ ၃လကျော်ကြာခဲ့ပြီဖြစ်သည်။
လမ်းခရီးတွင်.ပျော်စရာပွဲတော်များလည်းဆင်နွဲခဲ့ရသည်။ဟန်လူမျိုးတို့၏ရိုးရာပွဲများအားလည်း.ပျော်ရွှင်စွာကြည့်ရှု့ခဲ့ရသည်။.
လှပသောရှူခင်းပေါင်းစုံလည်းမြင်ခဲ့ရသည်။.ရွာငယ်များအားဓားပြတိုက်နေသောလူ့တိရိစ္ဆာန်များအားလည်း.နှိမ်နှင်းခဲ့ရသေးသည်။
တောပုန်း.ဓားပြပေါင်းစုံနှင့်လည်းတွေ့ခဲ့ရသည်။အနက်ရောင်သိုင်းလောကသားများဟူသော.တဏှာရူးသိုင်းရူးများနှင့်လည်းတွေ့ခဲ့ရသည်။
အခက်အခဲပေါင်းစုံအားမိမိကျော်ဖြတ်ခဲ့ပြီးမှရှောင်လင်ကျောင်းကိုရောက်ခဲ့ရသည်။
သို့သော်.ယခု့မူရှောင်လင်မှခြံစောင့်၏.အငမ်းမရထွေးပွေ့ချုပ်နှောင်ထားခြင်းအားခံနေရသဖြင့်.နန်းဆောင်မှထွက်လာမိသည်အား..အကြီးအကျယ်..နောင်တရနေမိ၏။
သူမ၏တဒင်္ဂအတွေးလေးမှာကျိကျွေထပ်မံပြောသောစကားကြောင့်ပျောက်ကွယ်သွားရ၏။
``.ပြောစမ်း..မင်းဆရာကဘယ်သူလည်း..မင်းကဘယ်ကလဲ.ဝတ်စားထားပုံကဒီဒေသကဟုတ်ဟန်မတူဘူး..´´
``အိုရ်..မပြောပြနိုင်ဘူး..ရှင်သတ်ချင်သတ်လိုက်.´´
.``.ဪ..မင်းကဒီလိုလားကောင်းပြီလေ..ငါကလည်းအဲ့လိုမျိုးမှမရရအောင်မေးချင်တာ.´´
ကျိကျွေထိုသို့ပြောပြီး..သူ၏အပူလှိုင်းအတွင်းအားများအားပို၍ထုတ်လွင့်လိုက်၏။
.သူ၏ချုပ်ကိုင်ထားသောလက်မှတစ်ဆင့်..ပန်းကလေး၏ခန္ဓာကိုယ်အတွင်းသို့..အပူလှိုင်းများစီးဆင်းဝင်ရောက်သွား၏။
``.အ..´´
အကြောများအတွင်းသို့ဝင်ရောက်လာသော..အပူလှိုင်းများကြောင့်သူမနှူတ်မှ အနည်းငယ်ရေရွတ်လိုက်မိ၏။
သို့သော်..သူမတောင့်ခံထားမိဆဲပင်။
.ကျိကျွေသည်ပင်.မိမိ၏အပူလှိုင်းအတွင်းအားရှစ်ပုံခန့်အား..တောင့်ခံနေသော.အနှီမိန်းမပျိုလေး၏စိတ်ဓာတ်မာကြောမှု့အားလေးစားမိနေ၏။.
အပူလှိုင်းအတွင်းအားများကြောင့်..သူမ၏နုဖတ်ဖြူမွတ်သောအသားအရေရှိသည့်ပါးမို့မို့လေးထက်ဝယ်..ချွေးစက်များကနားခိုကျဆင်းလာ၏။
နှုတ်ခမ်းလေးအားတင်းရင်းစွာကိုက်ရင်း..အပူလှိုင်းများအားကြိတ်ခံနေသော..ရင်ခွင်ထဲမှသူမအား..ကျိကျွေကြည့်ရင်းသနားလာမိ၏။
ထို့ကြောင့်.အတွင်းအားလှိုင်းများအားရပ်တန့်လိုက်သည်။ပြီးနောက်..အကြံတစ်ခု့သုံးလိုက်၏။
ဒီအကြံမှမအောင်မြင်ရင်..လက်လျော့လိုက်တော့မယ်ဟု့လည်းတွေးလိုက်ပြီး..အနောက်မှပို၍တင်းကြပ်စွာဖက်လိုက်ကာ.ခေါင်းအား..သူမ၏ပါးလေးနားပိုတိုးလိုက်ပြီး
``.မင်းကမပြောဘူးပေါ့လေ..မပြောမချင်းမင်းပါးလေးကိုငါနမ်းမယ်ဆိုရင်ကော..ဟား..ဟား..´´
ကျိကျွေထိုသို့ပြောလိုက်ပြီးသူမ၏ပါးလေးနား..နမ်းရှုံ့.ဟန်ပုံစံဖြင့်...သရုပ်ဆောင်လိုက်၏။.
ထိုအခါမှသူမထိန့့်လန့်ပြာယာသွားသည်အားတွေ့လိုက်ရ၏။မိမိ၏အကြံအောင်မြင်သည်ဟု့ဆိုရမည့်သဘောအခြေအနေရှိ၏။
..သူမထိပ်လန့်သွားသည်။.ညစ်ထေးထေးနှင့်ခြံစောင့်အဆင့်သာသာရှိသောသူမှမိမိအား.အငင်းမရနမ်းရှုံမည့်အသွင့်၊..တဏှာရူးတို့၏ပုံပန်းသဏ္ဍာန်ကြောင့်..လွန်စွာရွံရှာနေမိ၏။.
``.ဟင်..ရှင်..ရှင်..မညစ်ပတ်နဲ့နော်..´´
သူမ၏စကားမဆုံးသေခင်ပင်..ကျိကျွေ၏အနမ်းကပါးပြင်ထက်သို့နေရာယူသွား၏။
မှန်၏..ခွေးခြောက်ဖို့ခဲကောက်ရသည်..ဟူသောစကားပုံ(ps.စာရေးသူကျွန်နုပ်၏စကားပုံ).အတိုင်း.ကျိကျွေ..မိန်းမပျိုလေးအားအနည်းငယ်နမ်းရှုံ့လိုက်မိ၏။
.မိမိကိုယ်တိုင်ကလည်း.ပု့ထု့စဉ်လူသားပေမို့..ချစ်စရာပါးလေးအားနမ်းရှုံ့ချင်မိသည်ကလည်း..ပါမည်ထင်၏။.
``အားပါး.အသည်းယားစရာလေး..မွှေးအိနေတာပဲ´´စိတ်ထဲမှကျိကျွေတွေးနေမိသော်လည်း.လက်တွေ့မှာမူ
``.အေး..ပြောမလားမပြောဘူးလား..မပြောရင်ငါထပ်နမ်းမှာနော်´´
.ကျိကျွေ၏တဏှာရူးဆန်ဆန်သရုပ်ဆောင်မှု့နှင့်ခြိမ်းခြောက်မှု့များကြားတွင်..ပန်ကလေးအရည်ပျော်ကျသွားရတော့၏။..သူမ.ငိုမဲ့မဲ့အသံလေးဖြင့်..
``.ဟုတ်ကဲ့.ထပ်.မနမ်းပါနဲ့တော့ရှင်..ပြောဆိုပြောပါမယ်နော်´´
ထိုအခါမှသာ..ကျိကျွေ၏မျက်နှာမှာ.ဘုံကျောင်းမှနတ်ရုပ်တု့ကြီး..ဦးဒီပွားကဲ့သို့..ကျက်သရေရှိလှသည့်၊ထည်ဝါလွန်းလှသောအပြုံးကြီးဖြင့်.
``.ကဲ.ပြောစမ်း..မင်းဘယ်ကလည်း.ဘယ်သူလည်း..မှန်မှန်ဖြေနော်လိမ်ဖို့မကြိုစားနဲ့´´
__________________________အပိုင်းမျှော်