#နတ်ဆေးဆရာနှင့်ငရဲမင်း၏သမီးတော်#
ကျိကျွေ. သူ၏အစွမ်းများအား.ညာဘက်လက်၌စု့ရုံးနေသည်ဟု့ခံစားနေရသည်။
မိမိ၏အစွမ်းများမယုံကြည်နိုင်လောက်အောင် တိုးတက်နေမှန်းတွေ့ရှိရသည်။
လက်တစ်ခု့လုံး၏အကြောများသည်..အရောင်စူးရှစွာ တောက်ပနေ၏။
ထိုအချိန်တွင်.ဆရာတော်ဘိုးဘိုးကြီးတစ်ပါးဆီမှအသံထွက်လာသည်။
``..ဒကာလေးက..ဘုန်းကြီးတို့ရှောင်လင်ကျောင်းကို..မသမာသူလက်ကနေကယ်တင်ခဲ့တယ်လို့.
တာမောကိုယ်တော်ပု့ကျင်း.ပြောလို့သိခဲ့ရပြီးပါပြီ..ခု့လည်း..နတ်သမီးရွှေစင်ဆေး.သွားယူပြီး.ကိုယ်တော်လိထင်းအသက်ကို.
ကယ်ဦးမယ်ဆိုတော့..ဒကာလေးရဲ့ကျေးဇူးတွေဘုန်းကြီးတို့အပေါ်..များပြားလွန်းနေပါပြီ..
ဒါ့ကြောင့် .ဆု့လာဒ်အနေနဲ့..ဒီဆေးပညာကျမ်းကြီးကို.လက်ဆောင်ပေးပါရစေ.ဒကာလေးလိုဆေးဆရာအတွက်.အများကြီးအထောက်အကူဖြစ်မယ်လို့မျှော်လင့်ရပါတယ်.´´
ဆရာတော်ကြီး.ပေးအပ်သောအနက်ရောင်
သားရေဖုံးတပ်.စာအုပ်အား..ကျိကျွေရိုသေစွာဖြင့်ယူလိုက်သည်။
စာအုပ်ပေါ်တွင်ရေးထိုးထားသည်ကား..``မနောမယ.ဆေးကျမ်းကြီး´´ဟူ၍ရေးသားထား၏။.
စာ.တစ်ရွက်နှစ်ရွက်မျှလှန်လှောကြည့်မိသည်နှင့်..ဤစာအုပ်သည်မည်မျှအဖိုးတန်သနည်း.ကျိကျွေ ခံစားလိုက်ရသည်။
ကျိကျွေ..လွန်စွာပျော်သွားမိ၏။.သာမာန်ဆေးပညာလောက်ပဲတက်သော.ကျိကျွေအတွက်..ထိုဆေးကျမ်းကြီးရလိုက်သည်ကား.သာမာန်အခြေအနေမှမိုးလောက်မြင့်သည်ထိ .ဆေးပညာ.တွင်.အထောက်အထူဖြစ်သွားရလေသည်။
ကျိကျွေကဲ့သို့ပင်...ပန်းဒေဝီသခင်မလေးစူးအော်သည်လည်း..ဆေးပညာလေ့လာလိုက်စားနေသောသူဖြစ်သောကြောင့်.ထိုဆေးကျမ်းကြီးအားလိုချင်တောင့်တနေ၏။
မှန်၏.ဤမနောမယ..ဆေးကျမ်းကြီးသည်.ဆေးပညာသဘောသဘာဝ၊အနှစ်သာရ.များအားကိုးကား၍.အနှစ်ချုပ်ကာ.သေချာပြု့စု့ထားသောဆေးကျမ်းကြီးပင်ဖြစ်သည်။
ထို့ကြောင့်.တစ်ချိန်က.ဆေးဆရာတိုင်းလိုချင်တောင့်တကြဖူး၏။.
တစ်ချိန်ကဆေးပညာနယ်ပယ်၌..ဤမနောမယ.ဆေးကျမ်းကြီးသည်..ကျော်ကြားမှု့စာရင်း၌နာမ်ပတ်၁.ဖြစ်ခဲ့ဖူးသည်။.
သို့သော်..ဤဆေးကျမ်းကြီးပျောက်ဆုံးနေသည်မှာ..နှစ်ပေါင်းများစွာကြာပြီဖြစ်သောကြောင့် .အချို့သောသာမာန်သူများ..မသိရှိကြတော့ပေ။
ပန်းဒေဝီသခင်မလေးစူးအော်ပင်လျှင်..ဆေးပညာလေ့လာရင်း.ဤမနောမယဆေးကျမ်းကြီးအကြောင်းဖတ်ဖူးခဲ့၍သိရှိရခြင်းဖြစ်သည်။
ထို့ကြောင့်..သူမ.ထိုဆေးကျမ်းကြီးအား.မျက်လုံးများအရောင်တောက်ပစွာပင်ကြည့်နေမိ၏။.
နှစ်ပေါင်းများစွာပျောက်ကွယ်နေသော..ဤဆေးကျမ်းသည်အဘယ်ကြောင့်.ရှောင်လင်ကျောင်းသို့ရောက်နေရသနည်းဟု့လည်း.သူမတွေးနေမိ၏။
မှန်၏.တစ်ချိန်က..ဤဆေးကျမ်းအားနောက်ဆုံး.ပိုင်ဆိုင်ခဲ့သောသူမှ..ရှောင်လင်ကျောင်းတွင်.လာရောက်လှူဒါန်းသွားခဲ့ခြင်းဖြစ်သည်။.
..ယခု့အခါ..ထိုဆေးကျမ်းပိုင်ရှင်သည်ကား..ကျိကျွေ..ဟူသော.ကိုယ်တော်ချောဆီတွင်.လက်ဝယ်ရှိနေသည်မို့.စူးအော်အနေနှင့်.ထိုကိုယ်တော်ချော....သွားယူမည့်ခရီးတွင်..လိုက်ပါလို၏။.
ထိုမှသာ.ကျိကျွေထံမှ..ထိုဆေးပညာများအားလက်ဆင့်ကမ်းသင်ကြားခွင့်ရအောင်..ကြံဆောင်ရပေလိမ့်မည်။ထို့ကြောင့်.စူးအော်မှ
``.ဒီကအကိုသွားမဲ့ခရီးကိုကျွန်မလည်း..လိုက်ပါရစေ. ´´
မထင်မှတ်စွာဝင်ပြောသော..စူးအော်အား. အားလုံးတအံတသြဝိုင်းကြည့်ကြသည်။
ကျိကျွေပင်အံအားသင့်သွား၏။.
``.တော်တော်လှတဲ့မိန်းကလေးပါလား..´´ဟု့စိတ်ထဲမှတွေးကာ..
``ဒီမှာ.မိန်းကလေး..ကျုပ်သွားမဲ့ခရီးက..အန္တရာယ်တွေများမှာနော်..´´
``.ဟုတ်ကဲ့..သိပါတယ်ရှင်..´´
``.ဒါဆို..မင်းကဘာလို့လိုက်ချင်တာလဲ.´´
ကျိကျွေ၏အမေးကြောင့် စူးအော်မိန်းကလေးဖြေရခက်သွား၏။
``..အဲ...ဟို..ဒီလိုပဲ..ကျွန်မရှင့်ကိုတစ်ထောင့်တစ်နေရာကနေကူညီချင်လို့..ပြီးတော့ ကျွန်မလည်းစွန့့်စားရတာကြိုက်တယ်..´´
``ကောင်းပြီလေ..မင်းကြည့်ရတာသိုင်းပညာကျွမ်းကျင်မဲ့ပုံပဲ..လိုက်မယ်ဆိုလိုက်ခဲ့လေ..ငါလည်းအဖော်ရတာပေါ့..တစ်ခု့တော့ရှိတယ်.မင်းအသက်ကိုတော့ငါအာမမခံဘူးနော်...´´
``.ဟုတ်..ရပါတယ်..လိုက်ပါခွင့်ပေးတာပဲကျေးဇူးတင်လွန်းလှပါပြီ..´´
လိုက်ခွင့်ရသောကြောင့်..စူးအော်ပျော်နေမိသည်။.လမ်းခရီးတွင်.ကျိကျွေအား.တစ်နည်းနည်းဖြင့်.ဆွဲဆောင်ကာ..ဆေးပညာသင်ကြားခွင့်ရအောင်ကြိုးစားမည်ဟု့လည်း..တွေးပြီးပျော်နေမိ၏။.
ကျိကျွေ..ဘေးဘီဝဲကြည့်လိုက်မိသော်.မိမိအားစိုက်ကြည့်နေသည့်.မထင်မှတ်ထားသောမျက်နှာလေးကြောင့်အံ့အားသင့်သွား၏။
မှန်၏..ထိုမျက်နှာပိုင်ရှင်လေးမှာ..ခြူးနတ်နွယ်ပင်ဖြစ်သည်။.
နွေအခါမက်သောအိမ်မက်အား.့နောက်တစ်ခါပြန်မက်ချင်သလို.. နှစ်ခါပြန်ကြည့်ချင်စရာကောင်းသည့်မျက်နှာလေး..၊.တစ်ခါမြင်ဖူးလိုက်ရုံနှင့်
..နှလုံးအိမ်ကိုအမြဲတမ်းဆွဲယူသိမ်းပိုက်နိုင်သည့်.မျက်နှာလေး။
``သူမဘယ်လိုလို့ဒီရောက်နေတာလဲ..ငါကလည်းအခု့မှသတိထားမိတယ်..´´
ကျိကျွေ..သူမအားစူးစိုက်စွာကြည့်နေမိ၏။
``.နတ်သမီးလေးအတိုင်းပဲ.ချစ်ဖို့ကောင်းလိုက်တာကွာ.´´
ခြူးနတ်နွယ် အားမြင်လိုက်ရသော်..လု့မေအား.မေ့တေ့တေ့ပင်ဖြစ်သွားလေသည်။
ကျိကျွေ၏အကြည့်ကြောင့်.ခြူးနတ်နွယ်မှာနေရခက်စွာဖြင့်..ပြန်လည်ပြုံးပြလေသည်။
နံဘေးမှ.ကျူးအော်ကတော့မူ.. ကျိကျွေအားမျက်လုံးရွဲကြီးများဖြင့်စိုက်ကြည့်နေ၏။
ြုခူးနတ်နွယ်..ကျိကျွေအားစိတ်ထဲမှ..ခန့်မှန်းကြည့်နေမိ၏။
``ရှင်ကဘယ်လိုလူစားလဲ...တည်ကြည်တယ်၊ခန့်ညားတယ်၊မျက်ခုံးကောင်းတယ်၊မျက်နှာလေးထောင့်ကျပြီး..ယောက်ျားပီသတယ်.စိတ်သဘောထားနူးညံမယ့်သူတစ်ယောက်အသွင်သဏ္ဍာန်နဲ့လည်းပြည့်စုံတယ်..။´´
သူမ..ကျိကျွေအကြောင်းတွေးမိတိုင်းရင်ထဲနွေးကနဲ..ဖြစ်သွားကာ..ရင်ခုန်သံမြန်လာတက်၏။
သူမအတွေးနဲ့သူမကတော့..ဟုတ်နေလေရဲ့။.
ထိုချိန်.မျက်နှာပုဝါအုပ်ထားသောမိန်းကလေးထံမှ.ပြတ်သားသောအသံတစ်သံထွက်လာ၏။
``.ကျွန်မလည်းရှင်နဲ့..လိုက်ပါရစေရှင့်..´´
မှန်၏ ထိုအသံပိုင်ရှင်မှာရှင်းစု့မိန်းကလေးပင်ဖြစ်သည်။
သူမအနေနှင့်ယခု့တက်မြောက်ထားသောသိုင်းပညာလောက်နှင့်..လီဂျိုစူးအားယှဉ်နိုင်မည်မဟုတ်မှန်း
ကောင်းစွာ.သိ၏။
ထို့ကြောင့်..ကျိကျွေထံ.၌တပည့်ခံ၍သိုင်းပညာသင်ကြားလို၏။သို့မဟုတ်..နှင်းတောင်ဒေဝီသခင်မဆီမှာတပည့်ခံလို၏။.
မည်ကဲ့သို့ဖြစ်စေကာမူ..ကျိကျွေနှင့်ခင်မင်ရင်းနှီးမှသာ..ထိုသို့သောအခွင့်အရေးရရှိမည်မှန်း..ရှင်းစု့မိန်းကလေးရိပ်မိ၏။
ထို့ကြောင့်..ကျိကျွေသွားသောခရီးစဉ်၌သူမလည်း..ပါဝင်လို၏။
ထို့ကြောင့်..ကျိကျွေထံမှအဖြေအားမျှော်လင့်စောင့်စားနေ၏။ကျိကျွေကတော့မူ..
``.တယ်လေး.ငါကံကောင်းနေပါလား..ခရီးတစ်ခု့ထဲမိန်းကလေးချောချောလေးနှစ်ယောက်နဲ့သွားရဦးမယ်..´´
ဟု့တွေးမိပြီး..စိတ်ထဲမှကြိတ်ပျော်နေမိ၏။
``.လာပြန်ပြီနောက်တစ်ယောက်..ကောင်းပြီလေ..လိုက်ချင်ရင်လိုက်ခဲ့ပေါ့.ငါလည်းအဖော်ပိုရတာပေါ့...ဟင်းဟင်း.´´
ကျိကျွေ၏စကားကြောင့်..ရှင်းစု့မိန်းကလေးလွန်စွာ..ပျော်သွား၏။
စိတ်ထဲမှလည်း.ကျိကျွေအား.ရင်းနှီးမှု့ရယူကာသိုင်းပညာသင်ပေးခိုင်းမည်ဟု့တွေးနေ၏။.
ထိုမှသာလျှင်..လီဂျိူစူးအား..ကလဲ့စားချေနိုင်မည်မဟုတ်ပါလော။.
မ်ိန်းမချောလေးနှစ်ယောက်..ကျိကျွေနှင့်အတူတစ်ခရီးထဲသွားမည်ဟူသောကြောင့်..ခြူးနတ်နွယ်ရင်ထဲတစ်မျိုးဖြစ်သွား၏။
ထို့အတူ..ကျူးအော်သည်လည်း....ထိုမိန်းကလေး၂ယောက်နှင့်.ကျိကျွေအား.မငြိစွန်းစေချင်ပေ။ ထို့ကြောင့်..
``.ကျွန်မတို့နှစ်ယောက်လည်း..လိုက်ပါရစေသခင်လေး..သခင်လေးရဲ့ကျေးဇူးတွေကျွန်မတို့အပေါ်မှာ.များပြားလွန်းတာကြောင့်..သခင်လေးသွားမဲ့ခရီးမှာ.တက်နိုင်သလောက်ကူညီပြီးကျေးဇူးဆပ်ပါရစေ..´´
ရုတ်တရက်.ဝင်ပြောသောကျူးအော်၏စကားကြောင့့်..ကျိကျွေ.ဆွံအသွား၏။
သို့သော်.ပို၍ပင်.ပျော်သွားမိ၏။.``ကျွန်မတို့နှစ်ယောက်´´ဟူသောစကားကြောင့်ခြူးနတ်နွယ်ပါ.လိုက်ပါမည်မှန်း..သိလိုက်ရသောကြောင့်ပင်ဖြစ်သည်။သို့သော်ရင်ထဲမှ..ပီတိများအားဖုံးဖိကာ..
``.ဝမ်းသာလိုက်တာဗျာ. အမ.ကျူးအော်တို့ပါလိုက်မယ်ဆိုတော့.ပိုပြီးအားရှိတာပေါ့..လိုက်ခဲ့ပါဗျာ. ´´
ခြူးနတ်နွယ်ကတော့မူ.မဆီမဆိုင် လိုက်မည်ဟု့ထပြောလိုက်သော.ကျူးအော်အား..မျက်လုံးအဝိုင်းသားဖြင့်စိုက်ကြည့်လိုက်၏။
ထိုအခါ..ကျူးအော်မှ..ရယ်ကျဲကျဲအမူအယာနှင့်..
``ဟီး..ဘာလဲ..သခင်မလေးကမလိုက်ချင်လို့လား..´´
``.အယ်..လိုက်ချင်ပါတယ်..´´
ကမန်းကတန်းဖြင့်ပြန်ဖြေသော..ခြူးနတ်နွယ်၏စကားကြောင့်..ကျူးအော်..ကြိတ်၍သာရယ်နေမိ၏။.
ထိုအချိန်တွင်.ဆရာတော်ဘိုးဘိုးကြီးတစ်ပါးမှ..နံဘေးမှ..ရှောင်းလီအားစိုက်ကြည့်ကာ..
``.အင်း..ဒီကဒကာလေးကဘယ်သူလဲကွဲ့.´´
ဆရာတော်ဘိုးဘိုးကြီး၏စကားကြောင့်..ရှောင်းလီမှာ ချက်ချင်းပင်ပြန်လည်ဖြေကြားလိုက်၏။
``.တင်ပါ့တပည့်တော်နာမည်..ရှောင်းလီပါ..သိုင်းလောကသားတွေကတော့သမာဓိဓားသမားရှောင်းလီလို့ခေါ်ကြပါတယ်.´´
``.အင်း.ဒကာလေးမှာ..ထက်မြက်တဲ့သိုင်းသမားတစ်ယောက်ရဲ့ကြင်အင်လက္ခာမြင်နေရတယ်..´´
ဆရာတော်ဘိုးဘိုးကြီးမှာထိုသို့ပြောပြီး..ရှောင်လီအနားတိုးကပ်လာကာ..ရှောင်းလီ၏လက်ဖျံရိုးများစမ်းလိုက်ပြီး..မျက်လုံးအရောင်တောက်ပသွား၏။.ပြီးနောက်..
``ဒကာလေး..ဘုန်းကြီးတို့၁၂့ပါးဆီမှာသိုင်းပညာမသင်ချင်ဘူးလား..´´
``.ဟင်...ဟာ...´´
ဆရာတော်ဘိုးဘိုးကြီး၏စကားကြောင့် ရှောင်းလီအပါအဝင်
အခြားသူများပင်အံ့အားသင့်သွားကြသည်။
မှန်၏..နတ်မင်းကြီးလေးပါးဆရာတော်များနှင့်ငရဲမင်းကြီး၈ပါးထံ၌ပညာသင်ခွင့်ရမည့်အရေးမှာတော်ရုံကြီးကျယ်မှု့မျိုးမဟုတ်။
လွန်စွာကံကောင်းသောကြောင့်ပင်ဖြစ်သည်။ထို့ကြောင့်.ရှောင်းလီမှာ
``တင်ပါ့.သင်ချင်ပါတယ်ဘု့ရား.တပည့်တော်သိုင်းပညာကိုအရမ်းကိုခုံမင်ရူးသွပ်ပါတယ်..သိုင်းပညာပိုတက်လေ.မတရားတဲ့အမှု့တွေကိုဖြေရှင်းပေးနိုင်လေမို့.တပည့်တော်သိုင်းပညာမြင့်မားချင်ပါတယ်ခဗျ´´..
``.အိမ်း.ကောင်းလေသကွယ်..ဒါပေမယ့်ဘုန်းကြီးတို့ဆီမှာသိုင်းပညာသင်ချင်တယ်ဆို..ဒကာလေး.ရှောင်လင်သားတပည့်ခံယူဖို့.ဘုန်းကြီးဝတ်ရမယ်ကွဲ့.ဒကာလေးသာသိုင်းပညာစုံရင်..အဝေးရောက်ကိုယ်တော်ဘွဲ့ခံယူ၊.ပြီးရင်..သိုင်းလောကထဲဝင်ပြီး.မတရားတဲ့အမှု့တွေဖြေရှင်းရင်လည်း.ရတာပဲ..ဘယ်လိုလဲဘုန်းကြီးဝတ်မှာလား..´´
ဆရာတော်ကြီး၏စကားကြောင့်..ရှောင်းလီမှာ.
``တင်ပါ့ဝတ်ပါမယ်ဘု့ရား..ဆရာတော်ဘိုးဘိုးကြီးရဲ့ရဲ့ဂရု့ဏာကြီးမြတ်မှု့ကို..ကျေးဇူးတင်လို့မဆုံးပါဘူးဘု့ရား.´´
ရုတ်တရက်..ဆရာတော်ဘိုးဘိုးကြီးမှသိုင်းပညာသင်ကြားပေးမည်ဆိုသောကြောင့်ရှောင်းလီတစ်ယောက်အတိုင်းမသိဝမ်းသာကြည်နူးနေမိသည်။.
အခြားသောသူများမှာရုတ်တရက်မို့နားမလည်စွာဖြစ်နေမိတော့သည်။
မှန်၏..ဧကန်စစ်စစ် ရှောင်းလီသည်..သိုင်းပညာပါရမီရှိသောသူတစ်ယောက်ဖြစ်သည်။
သူ၏..အရိုးအကြောများအရ..လူတစ်သောင်းတွင်တစ်ယောက်သာရှိခဲသော.သိုင်းပါရမီရှင်ပင်ဖြစ်သည်။
ဤသည်အား.
ဆရာတော်ဘိုးဘိုးကြီးမှ သိရှိသွားပြီး.``.ဖိတ်ခြင်းဖိတ်ကိုယ့်အိတ်ထဲဖိတ်´´ ဟူသောစကားပုံအတိုင်း..ရှောင်လင်ကျောင်းမှလူတော်တစ်ယောက်ထွက်ပေါ်လာစေရေးအတွက်သိုင်းပညာသင်ကြားရန်..ခေါ်ယူလိုက်ခြင်းဖြစ်သည်။
ဤသို့ဖြင့်..ရှောင်းလီမှာ..ဆရာတော်ဘိုးဘိုးကြီးများ၏.နောက်သို့လိုက်ပါသွား၏။.
လု့မေကတော့မူမိန်းကလေးလူနာဖြစ်သောကြောင့်..ငိုမီဂိုဏ်းချုပ်ကြီးရှားပု့အော်မှ..သူ၏ဂိုဏ်းသို့ခေါ်ဆောင်သွား၏။
.
ကျိကျွေပင်လျှင်..သူ၏သေရွာပြန်နတ်ဆေးလုံးများအား..လု့မေ၏အသက်အားဆွဲဆန့်ထားနိုင်ဖို့ရာ.ဆေးလုံး၅၀၀ခန့်ပေးလိုက်၏။
ရှောင်လင်ကျောင်းဆရာတော်လိထင်းအတွက်လည်း..တာမောဆရာတော်ပု့ကျင်းအား၅၀၀ခန့်ပေးအပ်လိုက်၏။
ကျိကျွေ၏လက်ထဲတွင်.ယခု့မူဆေးလုံး၂၀၀ခန့်သာကျန်ရှိတော့၏။
ဂိုဏ်ချုပ်ကြီးများလည်းသူတို့၏ဌာနေဖြစ်သောဂိုဏ်းများအားပြန်လည်ကြွမြန်းသွားကြပြီဖြစ်သည်။
ကျိကျွေတို့ကတော့မူ.ရှောင်လင်ကျောင်း၏ဧည့်ခန်းဆောင်၌..တစ်ရက်မျှအနားယူကြရ၏။
ရှောင်လင်ကျောင်း၏အုံးမောင်ခေါက်သံနှင့်အတူ.
နောက်နေ့တစ်နေ့၏မနက်ခင်း.အလင်းအာရုံနိုးထလာပြန်၏။
.ယနေ့..ကျိကျွေ၏ နတ်သမီးရွှေစင်ဆေးသွားယူဖို့အရေး..ခရီးထွက်ရမည့်နေပင်ဖြစ်သည်၊
ဆရာတော်ဘိုးဘိုးကြီးများအား..နှုတ်ဆက်ရင်းငရဲမင်းအာဏာသိုင်းကျမ်းအားပြန်လည်ပေးအပ်မည်ဟု့တွေးထားသောကြောင့်..ဆရာတော်များထွက်လာချိန်အားစောင့်မျှော်နေမိ၏။
..အစောကြီးနိုးမိသော ..ကျိကျွေမှာ..ပြင်ဆင်စရာရှိတာပြင်ဆင်ထားပြီးပြီမို့..ရှောင်လင်ကျောင်းဝန်းထဲဆင်း၍...မနက်ခင်းရှူခင်းများအားကြည့်ရှိနေမိ၏။
ထိုစဉ်..အဝေးတစ်နေရာဆီသို့ကြည့်နေမိသောကျိကျွေ၏မျက်လုံးများ..ပြူးသွားရ၏။
မှန်၏..အရွယ်နှင့်မလိုက်အောင်ပင်..ကြောက်မက်ဖွယ်ကောင်းလောက်သောကိုယ်ဖော့ပညာဖြင့်.မိန်းမပျိုလေးတစ်ဦး.တောင်ခြေမှရှောင်လင်ကျောင်းပေါ်သို့ပြေးတက်၍လာနေသောကြောင့်ပင်။
ကျိကျွေ၏ အမြင်အာရုံလွန်စွာစူးရှသောကြောင့်..ထိုကောင်မလေး၏ပုံပန်းသဏ္ဍာန်အား.အတိအကျမြင်နေရ၏။.
ထူးခြားသောအသွင်အပြင်ရှိသည့်အစိမ်းရောင်ဝတ်စုံဖြင့်.ချစ်စရာကောင်းလှသောကောင်မလေးတစ်ယောက်ပင်ဖြစ်သည်။.
``.အားပါး..ရုပ်လေးကချစ်စရာကောင်းသလောက်
.သိုင်းပညာက..ထိပ်သီးပုဂ္ဂိုလ်ကြီးတွေလောက်ရှိပါလား..ဘယ်ကပါလိမ့်´´
ကျိကျွေ၏အတွေးပင်မဆုံးသေး..ထိုမိန်မပျိုလေးမှာလွန်စွာလျှင်မြန်သောကြောင့်..ကျိကျွေ၏ခပ်လှမ်းလှမ်းသို့ရောက်ရှိလာပြီဖြစ်သည်။
ထို့ကြောင့်..ကျိကျွေမှ.
``.ဟေ့..ရပ်လိုက်စမ်း..မင်းဘယ်သူလဲ..´´
ကျိကျွေဟိန်းဟောက်အစ်အောက်၍မေးလိုက်၏။
ကျိကျွေ၏စကားကြောင့်..ထိုမိန်းမပျိုလေးမှာ..ကျိကျွေ၏အရှေ့သို့ရိပ်ကနဲခုန်ချလာသည်။
ပြီးနောက်..ကျိကျွေ၏ဝတ်စားထားပုံအားကြည့်ကာ..တံခါးစောင့်သာသာမျှဟု့ထင်သွားပြီး..
``.အံမယ်..တံခါးစောင့်အဆင့်လောက်ကများဟိန်းလားဟောက်လားနဲ့ ..မသေချင်ရင်..ရှင်တို့ဆရာတော်ကို.သွားခေါ်လိုက်စမ်း.ရှောင်လင်က.သိုင်းပညာဘယ်လောက်စွမ်းလဲကျွန်မ``ပန်းကလေး´´ကသိချင်လို့..စိန်ခေါ်ပါတယ်လို့´´
ပြတ်သားသောအသံနှင့်မာန.ထန်နေသောမိန်းမပျိုလေး၏စကားကြောင့်..ကျိကျွေသေလောက်အောင်ဒေါပွသွား၏။
______________၂၉မျှော်