#နတ်ဆေးဆရာနှင့်ငရဲမင်း၏သမီးတော်.
``ဒကာလေးရဲ့လက်ကို..ဘုန်းကြီးတို့ပြန်ဆက်ပေးပါရစေ..ဒကာလေးခု့သွားမဲ့ခရီးကဘုန်းကြီးတို့ရှောင်လင်ကျောင်းရဲ့ကိုယ်တော်လိထင်းအသက်ပါ..ကယ်ဆယ်ပေးနိုင်တာဆိုတော့..´´
``.ဟင်..´´
.ကျောင်းစောင့်ဆရာတော်ဘိုးဘိုးကြီး၏စကားကြောင့်..ကျိကျွေ..နုတ်မှအံသြမှင်သက်သွား၏။
ကျိကျွေကဲ့သို့ပင်အခြားသူများမှာလည်း..စိတ်ဝင်စားသွားကြ၏။
.ပြတ်သွားသောလက်အားပြန်ဆက်ပေးမည်ဆိုတော့..ထိုရှောင်လင်ဘိုးဘိုးကြီးများသည်တန်ခိုးရှင်များပေလော။
..တန်ခိုးရှင်များသာလျှင်.ထိုသို.အကောင်းပကတိပြန်ဆက်ပေးနိုင်ပေလိမ့်မည်။
ထို့ကြောင့်..ကျိကျွေ..အံသြစွာပင်မေးမြန်းလိုက်၏။
``.တပည့်တော်ရဲ့လက်ကိုပြန်ဆက်ပေးနိုင်တယ်ဟုတ်လား..ဆရာတော်´´
ကျိကျွေ၏အမေးကြောင့်..ဆရာတော်ဘိုးဘိုးကြီးများမှာ..ပြုံးလိုက်ပြီး
``.အင်း..ဆက်ပေးနိုင်တာပေါ့ဒကာလေးရယ်..
လက်မှမဟုတ်ဘူးခန္ဓာကိုယ်ရဲ့ပြတ်တောက်နေတဲ့အပိုင်းတွေမှန်သမျှကိုဆက်ပေးနိုင်တယ်..
.ဘုန်းကြီးတို့ရှောင်လင်ကျောင်းဟာ.
.သိုင်းပညာရဲ့အစဖြစ်ခဲ့ရသလို.
သိုင်းပညာအပြင်..ဆေးပညာ၊.လောကုတ္တရာပညာရပ်တွေ၊စာပေကျမ်းဂန်တွေ၊လျှို့ဝှက်တဲ့ကျင့်စဉ်တွေ၊.အခြားအခြားသော..ပညာရပ်ပေါင်းစုံ.တွေကိုလည်း.ရှာဖွေသိုမှီးနိုင်ခဲ့လို့..
သိုင်းလောကရဲ့ထွဋ်ခေါင်ရှောင်လင်ကျောင်းဆိုပြီးကျော်ကြားခဲ့ရတာပေါ့။.အဲ့လိုကျော်ကြားခဲ့အောင်..ဆောင်ရွက်ခဲ့တဲ့ဆရာတော်ကြီးတွေထဲကတစ်ပါးဖြစ်တဲ့..၁၂ဆက်မြောက်ဆရာတော်ကြီး
`.ခုံးလွေ´ ဟာ..သိုင်းပညာတွင်သာမက..
ဆေးအတက်ပညာ..အရာမှာလည်း..တစ်ဖက်ကမ်းခပ်အဆင့်လွန်အထိရောက်အောင်
ပေါက်ရောက်အောင်မြင်ခဲ့တယ်.
.ဒါ့ကြောင့်..ဆရာတော်.`ခုံးလွေ´.ဟာ.
.သိုင်းပညာအစွမ်းနဲ့.ဆေးကု့သနိုင်တဲ့နည်းလမ်းကို.ကြိုးစားရှာဖွေခဲ့တယ်..
အဲ့လိုရှာဖွေရင်း..ထူးထူးခြားခြား..အတွင်းအားပညာနဲ့ခန္ဓာကိုယ်ရဲ့ပြတ်တောက်နေတဲ့နေရာတွေကိုပြန်ဆက်နိုင်တဲ့..နည်းလမ်းကိုရှာဖွေတွေ့ရှိခဲ့တယ်..ဒါပေမယ့်.အဆက်ခံရတဲ့သူဟာ.
.သေလောက်အောင်နာကျဉ်မှု့မျိုးကိုခံစားရတာမို့.....ဆရာတော်ခုံးလွေ..ဟာ..အဲ့ပညာရပ်ကို..သူ့ရဲ့ဆေးပညာကျမ်းကြီးထဲမှာပဲထည့်သွင်းရေးသားထားခဲ့တယ်..
ဘယ်သူ့ကိုမှလက်ဆင့်ကမ်းမသင်ပေးခဲ့တော့ဘူး...ဒီလိုနက်နဲတဲ့ပညာရပ်တွေ၊ထူးခြားတဲ့ကျင့်စဉ်တွေ၊တန်ဖိုးဖြတ်မရတဲ့.ကျမ်းစာတွေကို..ဘုန်းကြီးတို့ရှောင်လင်ကျောင်းစောင့်တွေနဲ့ကျောင်းထိုင်ဆရာတော်ဖြစ်တဲ့သူသာ..လေ့လာခွင့်ရှိတယ်ကွဲ့.
.ဒါကြောင့်..ဘုန်းကြီးတိုပြန်ဆက်ပေးနိုင်တယ်လို့ပြောရတာပဲ..နာကျဉ်ခံစားရတဲ့ဝေဒနာကိုဒကာလေးခံနိုင်ပါ့မလား..´´
ကျောင်းစောင့်ဆရာတော်ဘိုးဘိုးကြီးများ၏စကားကြောင့်..ကျိကျွေ..မဆိုင်းမတွင်..ပြန်ဖြေလိုက်၏။
``ဟုတ်ကဲ့..ကျွန်တော်..ခံနိုင်အောင်ကြိုးစားမှာပါဆရာတော်ဘိုးဘိုးကြီး...´´
``.ကောင်းပြီ..အဲ့တာဆို..ခု့ပဲပြန်ဆက်ပေးမယ်..´´
ဆရာတော်ဘိုးဘိုးကြီး၏စကားဆုံးသည်နှင့်ကျိကျွေ၏မျက်လုံးများအစိမ်းရောင်တောက်ပလာ၏။
ထိုအခါ..ရှောင်လင်ကျောင်းမြေကွက်လပ်တွင်.ပြတ်ကျကျန်ခဲ့သော.နတ်မြွေဓားနှင့်.နတ်မြွေဓားအား.ဆုပ်ကိုင်ထားသောကျိကျွေ၏ပြတ်နေသောလက်တစ်ဖက်သည်ကား..တုန်ခါလာပြီး..လေပေါ်သို့ပျံဝဲ၍...ကျိကျွေရှိရာသို့ပြေးဝင်လာ၏။.
.ထိုအခါမှသာကျိကျွေသည်သူ၏လက်ပြတ်ကြီးအားဖမ်းလိုက်သလို..သူ၏အစိမ်းရောင်တောက်ပနေသောမျက်လုံးအစုံမှာလည်း..သာမာန်ကဲ့သို့ပြန်လည်ပြောင်းလဲသွားလေသည်။
ထိုအဖြစ်အပျက်ကြောင့်...ဆရာတော်ဘိုးဘိုးကြီးများမှာအံသြထိပ်လန့်စွာဖြင့်..
``..ဟင်..ဒါ..ဒါ..ဒဏ္ဍာရီထဲက..သက်ရှိသက်မဲ့နတ်ဓား..ဟုတ်ပါတယ်ဒါနတ်ဓားအစစ်ပဲ´´
``.ဟုတ်ပ..ကိုယ်တော်ရယ်..ကျမ်းစာတွေထဲမှာပဲဖတ်ဖူးခဲ့တာ..အပြင်မှာရှိနေသေးတယ်ဆိုတာလုံးဝမယုံနိုင်ဘူး´´.
နတ်မင်းကြီးလေးပါးဆရာတော်များအံသြသွားကြရသလို.ငရဲမင်းကြီး၈ပါးနှင့်.နံဘေးမှကြည့်နေကြသော..ဂိုဏ်းချုပ်ကြီးများ၊ရှောင်လင်ကိုယ်တော်များ၊ခြူးနတ်နွယ်တို့အုပ်စု့ပါအံ့အားသင့်သွားကြသည်။
``.အင်း.ဒီလိုအစွမ်းတွေရှိလို့လည်း..ငယ်ငယ်ရွယ်ရွယ်နဲ့လီဂျိုစူးကိုယှဉ်နိူင်တာပေါ့..´´
ဟု့..ဂိုဏ်းချုပ်ကြီးများ..တွေးမိလျက်ခေါင်းတစ်ဆက်ဆက်ငြှိမ့်နေကြလေသည်။
.ထိုအခါ...နတ်မင်းကြီးလေးပါးဆရာတော်များထဲမှဝါအကြီးဆုံးဆရာတော်ကြီးမှ.
``.အင်..ဒကာလေးက.ကံထူးလို
့ဒီနတ်ဓားကိုပိုင်ဆိုင်ခွင့်ရခဲ့တာပဲ..
ဒကာလေးသာ.ဓားနဲ့တသားထဲဖြစ်တဲ့အဆင့်အထိဓားပညာသဘောတရားကိုနားလည်သွားခဲ့ရင်.ဒီနတ်ဓားအစွမ်းကြောင့်.သံမဏိ.ဓားခန္ဓာကိုယ်
.ပြောင်းလည်းနိုင်စွမ်းရှိပြီး.....နှစ်၅၀၀စာလောက်အတွင်းအားရှိနေတဲ့ .သိုင်းဧကရာဇ်နှင်းတောင်ဒေဝီသခင်မကိုတောင်..တစ်ခဏအတွင်းအနိုင်ယူနိုင်လိမ့်မယ်..ဒါ့ကြောင့်ဒကာလေး..
နတ်သမီးရွှေစင်ဆေးရဖို့သေချာချင်ရင်..ဓားနဲ့တသားထဲဖြစ်ဖို့အမြဲတမ်းအာရုံစိုက်ထားပါ..နို့မို့ဆို..နှင်းတောင်ဒေဝီသခင်မနဲ့တွေ့ရင်..ဒကာလေးအတွက်ကံမကောင်းနိုင်သလို..
နတ်သမီးရွှေစင်ဆေးရဖို့ကလည်းမကျိန်းသေပေဘူး.ဒကာလေး....´´
ဆရာတော်ဘိုးဘိုးကြီး၏စကားကြောင့်..ကျိကျွေ..နားလည်ရခက်နေလေသည်။
.ဓားပညာနှင့်ပတ်သတ်၍သူတက်ထားသည်ကားဓားအက္ခရာခြောက်ချက်သာလျှင်ရှိ၏။
.ထိုဓားခြောက်ချက်ပင်လျှင်..သဘောတရားဟူသည်အားကောင်းစွာနားမလည်ခဲ့ချေ။
အခေါက်ခေါက်အခါခါကျင့်ခဲ့၍သာ..ကျွမ်းကျင်ခဲ့ရခြင်းဖြစ်သည်။
ဆရာတော်ဘိုးဘိုးကြီးဆိုလိုတာဘာပါလိမ့်..?
``..ဓားနဲ့တသားထဲ.....ဓားနဲ့တသားထဲ.´´
ကျိကျွေသူ၏နှုတ်မှတီးတိုးရေရွတ်နေမိလေသည်။
ဆရာတော်ကြီးပြောသော..ဓားနှင့်တသားထဲဟူသောစကားလုံးသည်ကား..ကျိကျွေအတွက်တော့ ..နားလည်ရခက်လွန်းသောပုစ္ဆာတစ်ပုဒ်ပင်ဖြစ်သည်။ထို့ကြောင့်ဆက်မစဉ်းစားနိုင်တော့ချေ။.
``.ကျွန်တော်အဆင်သင့်ဖြစ်ပါပြီ..ဆရာတော်ဘိုးဘိုးကြီးတို့..´´
ကျိကျွေသူ၏လက်ပျက်ကြီးအား..ဆရာတော်ဘိုးဘိုးကြီးများအားရိုသေစွာကမ်းပေးလိုက်၏။ထိုအခါဆရာတော်ဘိုးဘိုးကြီးများမှာ..လက်ပြတ်ကြီးအားယူ၍..
``.အရင်ဆုံး...သံပြားတစ်ခု့ကိုမီးကင်ရမယ်၊ပြီးရင်..ပြတ်နေတဲ့နေရာကဒဏ်ရာတွေကိုကပ်ပြီး.အသားချင်းပြန်ဆက်အောင်လုပ်ရမယ်..´´
ဆရာတော်ဘိုးဘိုးကြီး၏စကားကြောင့်.ခွန်းလွန်ဆရာကြီး..ယွဲ့ထိုမှာ..ကြီးမားသော.ဓားမအပြားကြီးအားထုတ်၍ ..
``.သံပြားနေရာမှာဒီဓားမကိုသုံးရင်ကောအဆင်မပြေပေဘူးလား..ဆရာတော်ဘိုးဘိုးကြီးတို့..ဟဲဟဲ.´´
``.အင်း..အဲ့တာလည်းအဆင်ပြေပါပေတယ်ဒကာကြီး..
ကိုရင်ငယ်တို့..ဓားမကိုရဲနေအောင်မီးသွားကင်စမ်း..´´
ဆရာတော်ဘိုးဘိုးကြီး၏စကားကြောင့်..ကျိကျွေမှာစိတ်ထဲမှပင်ရယ်ချင်သွား၏။
သို့သော်..ခပ်တည်တည်အမူအယာနှင့်...
``.ကျွန်တော့်ကိုအဲ့ဓားမကြီးခဏပေးပါ..ဆရာကြီးခင်ဗျ..´´
ကောက်ကာငင်ကာ..ဓားမ..တောင်းသောကျိကျွေအား..ခွန်းလွန်ဆရာကြီးယွဲ့ထို.မှ..နားမလည်ဟန်ဖြင့်.ဓားမအားလှမ်းပေးလိုက်၏။
ထိုဓားမကြီးကျိကျွေ၏လက်ထဲရောက်သော်..ကျိကျွေ..သူ၏လေးကျွန်းစင်္ကြာအတွင်းအားပညာအားမီးကိုပြောင်းလဲ၍အသုံးပြု့လိုက်သည်။
.ထိုအခါ..ပြင်းထန်ပူလောင်သော.အတွင်းအားလှိုင်းများပေါ်ထွက်လာပြီး..ဓားမအပြားကြီးအား
..မီးခဲကဲ့သို့နီရဲလာစေသည်။.
အချိန်တိုအတွင်း..ဓားပြားမှာရဲရဲတောက်နီရဲသွားသောကြောင့်..ကျောင်းဆောင်အတွင်းမှသူများအားလုံး..ကျိကျွေ၏အတွင်းအားပညာအားလွန်စွာလေးစားနေကြလေသည်။
ဆရာတော်ဘိုးဘိုးကြီးမှ..ထိုနီရဲနေသောဓားမကြီးအားကိုင်ဆောင်ကာ...
``..ဒကာလေး.နာကျဉ်မှု့ဒဏ်ကိုခဏတော့ကြိတ်ခံနော်..ဒါအစပဲရှိသေးတယ်..´´.
ဟု့ပြောပြီး..ပြတ်နေသောလက်နေရာနှင့်လက်ပြတ်အားမီးပေး၍..ထိုးကပ်လိုက်လေတော့သည်။
ကျိကျွေ..လုံးဝမအော်ပါ။သို့သော်..
ပြင်းထန်လှသောနာကျဉ်မှု့ဒဏ်ကြောင့်..ကျိကျွေ၏မျက်နှာမှာ..မခံနိုင်ဖြစ်ကာ.တီကောင်ဆားတို့သကဲ့သို့တွန့်ခါသွားရသည်။
ထိုအဖြစ်အပျက်သည်ကား..ကျူးအော်
၏ရင်ဝအားမီးစနှင့်ထိုးသကဲ့သိုပင်။
သူမ၏ရင်ထဲအသည်းထဲတွင်လည်း..နာကျဉ်နေရလေသည်။ထို့အတူ..
့.ခြူးနတ်နွယ်သည်လည်း.ရင်ထဲတွင်တမျိုးတမည်ခံစားနေရသည်။
ကျိကျွေ၏နာကျဉ်နေမှု့ဟန်ပန်အမူအယာကြောင့်..သူမ၏..အသွေးအသား၊အသည်းနှလုံးတို့ထဲအထိပင်..စာနာသနားစိတ်တို့ပွင့်လျှံထွက်ကုန်သည်။
.ပန်းဒေဝီသခင်မလေး.စူးအော်၊ခရေ၊စံပယ်၊သဇင်တို့ကတော့..သွေးထွက်သံယိုများမကြည့်ရဲသဖြင့်မျက်လုံးမှတ်ထားလေသည်။
ရှင်းစု့မိန်းကလေးကတော့မူ...တစ်စက်ကလေးမှအော်ခြင်းမရှိသောကျိကျွေ၏ယောက်ျားပီသမှု့၊ခံနိုင်ရည်ရှိမှု့၊စိတ်ဓာတ်မာကျောမှု့တို့အား..လေးစား၊အထင်ကြီးနေသည်။
.ခြူးနတ်နွယ်နှင့်ကျူးအော်တို့.ဆက်မကြည့်ရက်သောကြောင့်မျက်နှာအားလွှဲထားလိုက်တော့၏။
လု့မေကတော့မူ..သတိလစ်မေ့မျောဆဲပင်။
ဆရာတော်ဘိုးဘိုးကြီးမှာကျိကျွေ၏လက်အားဆက်ပြီးသည်နှင့်တပြိုင်နက်..အနာကျက်ဆေးမှု့န့်များဖြူးပေး၍.ပိတ်စဖြင့်လက်အား.စည်းပေးလိုက်သည်။.
လက်အားပိတ်စစည်းပေးပြီး..ရေနွေးအိုးနှစ်ခါကျက်လောက်အကြာတွင်..ပိတ်စများအားပြန်ဖြေလိုက်သော်..ဆရာတော်များ၏ဆေးမှုန့်များအစွမ်းကြောင့်..အမာရွတ်မျှသာရှိ၍ပြန်ဆက်နေတော့သည်။
သို့သော်..ကျိကျွေ၏လက်မှာ..လှုပ်ရှားမရပေ။သူ၏လက်သည်ကား..ဘာမှမခံစားရ၊လှုပ်ရှား၍မရ၊အပိုသက်သက်ကြီးမျှဖြစ်နေသည်။ထို့ကြောင့်...ကျိကျွေ..
``..ဆရာတော်ဘိုးဘိုးကြီးတို့..ကျွန်တော့်လက်ကလှုပ်ရှားလို့လဲမရဘူး..´´.ဟု့ဝမ်းနည်းသံကလေးဖြင့်ပြောလိုက်မိသည်။
ထိုအခါ..ဆရာတော်ကြီးများမှာ..စိတ်မကောင်းဟန်ဖြင့်ပြုံးလိုက်ပြီး..
``..အင်း..ခု့မှလက်တကယ်ဆက်မဲ့အပိုင်းရောက်ပြီး..ဒီတစ်ခါအသည်းခိုက်မတက်နာကျဉ်ရမှာနော်ဒကာလေး...အရင်ထက်၃ဆလောက်ပိုသည်းခံနိုင်မှဖြစ်မယ်..´´
``ဟင်..ဘု့ရား..ဘု့ရား´´
ဆရာတော်ဘိုးဘိုးကြီး၏စကားကြောင့်..ကျိကျွေ..ဘု့ရားတမိလေသည်။
``မတက်နိုင်ဘူးလေ..လက်ပြန်ဆက်ရမည့်အရေးဆိုတော့လည်း..ဖြစ်ချင်တာဖြစ်.ဆက်.သည်းခံရတော့မှာပေါ့..´´.
ဟု့သာဖြေတွေးလိုက်ပြီး..ဆရာတော်ဘိုးဘိုးကြီးများအားခေါင်းတစ်ချက်ငြှိမ့်ပြလိုက်၏။.
ထိုအခါကျိကျွေအနားသို့..နတ်မင်းကြီးလေးပါးဆရာတော်ဘိုးဘိုးကြီးများနှ င့်ငရဲမင်းကြီး၈ပါးဆရာတော်ကြီးများ..လျှင်မြန်စွာ ရောက်ရှိလာ၏။
ပြီးနောက်..
ငရဲမင်းကြီးရှစ်ပါးဆရာတော်ကြီးများ၏လက်ဝါးများသည်ကျိကျွေ၏ကျောကုန်းအားထိုးကပ်လိုက်ကြသည်။
ထို့အတူ..နတ်မင်းကြီးလေးပါးဆရာတော်များမှလည်း...လှုပ်ရှား၍မရသေးသောလက်ဆီ
သိုလက်ညှိုးဖြင့်ထောက်ကာ
့အတွင်းအားများပို့လွှတ်လိုက်၏။
ဟိုဘက်ဒီဘက်အတွင်းအားများ.အလယ်၌..ကျိကျွေ.တစ်ယောက်ချွေးစီများပြန်လာလေသည်။
ထို့နောက်..အတွင်းအားများ..ဘက်မျှသွားသောအခါ.နတ်မင်းလေးပါး.ဆရာတော်ကြီးများ.သည်ကျိကျွေ၏.ညာဘက်လက်ဖျံရိုးမှအကြောတွေ..အားထိုးနှိပ်လိုက်သလို..၊ငရဲမင်းကြီးရှစ်ပါးဆရာတော်ကြီးများမှလည်း..ကျိကျွေ၏..ညာဘက်ပုခုံးမှအကြောများအားထိုးနှိပ်လိုက်ကြ၏။
ပြီးနောက်..နဂိုထက်အတွင်းအားများ..ပို၍ဖိသွင်းလိုက်ကြသည်ရှိသော်..ကျိကျွေ၏လက်တစ်လျောက်အကြောများအတွင်းသို့..သံရည်ပူများလောင်းထည့်နေသကဲ့သို့ပြင်ထန်စွာခံစားရလေတော့သည်။
လွန်စွာနာကျဉ်ရလွန်းသဖြင့်.ကျိကျွေ၏မျက်နှာသည်ကားအသက်မရှိသကဲ့သို့ပင်ဖြစ်သွားရလေသည်။.
ကျိကျွေ၏.ခံစားချက်ပျောက်ဆုံးနေသောလက်ပြတ်ကြီးမှလည်း..နာကျဉ်မှု့ဒဏ်အားစတင်ခံစားနေရလေပြီဖြစ်သည်။.
ထိုလက်ပြတ်နေရာမှ..အကြောများမှာ..ဆေးမှင်ကြောင်ထိုးထားသကဲ့သို့..ပြာနှမ်း၍ဖောင်းကားရောင်ကိုင်းလာလေသည်။
ပြီးနောက်...နီရဲ၍.ရောင်ကိုင်းနေမှု့လျော့နည်းသွားလေသည်။
သူ၏အကြောတို့သည်..အသားများအားထွင်းဖောက်၍..ပြန်လည်ဆက်သွားကြခြင်းဖြစ်သည်။
ဤသို့ဖြင့်..ရေနွေးနှစ်အိုးကျက်ခန့်အကြာတွင်..
``.ဟိတ်...ဖတ်..ဖတ်..ဝုန်း...´´
.ဆရာတော်ဘိုးဘိုးကြီးများ..ပြိုင်တူနောက်ဂျွန်းပစ်၍ခုန်ရှောင်သွားကြသည်နှင့်တစ်ပြိုင်နက်..ကျိကျွေ၏ညာဘက်လက်မှာရုတ်တရက်လေပေါ်သို့ထောင်လိုက်ပြီး..လင်းထိန်သွားကာ...နံဘေးပတ်ပတ်လည်သို့..အတွင်းအားများပေါက်ကွဲထွက်လာသည်။
ပြီးနောက်လက်မှာ.အလင်းများပြန်လည်ပျောက်ကွယ်သွားကာ..ဆေးမှင်ကြောင်ထိုးထားသကဲ့သို့အကြောများရှုပ်ရှက်ခက်နေသော.ပုံစံကဲ့သို့ပြန်လည်ပြောင်းလဲသွား၏။
ထိုအခါ..နတ်မင်းကြီးလေးပါး၌ဝါအရင့်ဆုံးဆရာတော်ကြီးမှ.ဝမ်းသာသောအော်ရယ်သံကြီးဖြင့်
``.အောင်ပြီ...အောင်ပြီ...ဟားဟား.
.ဒကာလေးကံကောင်းပါပေတယ်.
.ဒကာလေးရဲ့ညာဘက်လက်ဟာ
အခု့ဆိုရင်.နဂိုထက်၅ဆလောက်အင်အားပြင်းထန်သွားပြီဒကာလေး..ဒါတွေဟာဒကာလေးရဲ့
သည်းခံန်ိုင်မှု့.၊အတွင်းအားနက်နဲသန့်စင်မှု့တို့ကြောင့်ပဲဒကာလေး..ကိုယ်တော်တို့၁၂ပါးရဲ့အတွင်းအားတွေ.ဒကာလေးရဲ့လက်ထဲမှာ..
ကိန်းဝပ်နေတယ်ဒကာလေး..ကောင်းမွန်စွာအကျိုးကျိုးရှိရှိအသုံးချနိုင်ပါစေလေ..´´
ကျိကျွေ..ချွေးများပြန်လျက်ရှိနေ၏။ပြီးနောက်ဆရာတော်ကြီးများ၏စကားအား..မယုံတစ်ဝက်ယုံတစ်ဝက်နှင့်မို့..သူ၏အတွင်းအားအကုန်လုံးနီးပါးထုတ်လွင့်လိုက်၏။
.ထိုအခါ..သူ၏ညာဘက်လက်တစ်ခု့လုံးရှိအကြောများမှ..စူးရှစွာအလင်းတန်းများထွက်ပေါ်လာလေတော့သည်။
ဤအချိန်တွင်.သူ၏.ကမ္ဘာဖြိုလက်ဝါးသိုင်းကွက်တစ်ကွက်လောက်.ထုတ်သုံးလိ်ုက်ရုံမျှဖြင့်..ရှောင်လင်ကျောင်းဆောင်တစ်ခု့လုံးပျက်ဆီးသွားနိုင်ပေလောက်သည်။
___________________၂၈မျှော်
.