book

Index 26

အပိုင်း<၂၆>

#နတ်ဆေးဆရာနှင့်ငရဲမင်း၏သမီးတော်.


``လူနာတွေရဲ့အခြေအနေကဘာဖြစ်လို့လဲ..လူလေး..´´


 ကျိကျွေ..ရှူရှိူက်နည်းဖြင့်စိတ်တန်ခိုးကျင့်၍ဆေးကု့နည်းပညာဖြင့်..စမ်းသပ်လိုက်မိ၍.မည်သည့်နေရာတွင်..မည်သို့ဖြစ်နေသည်အားအတိအကျသိနေရသည်။


ထို့ကြောင့်..လု့မေ.၏နှလုံးအတွင်းကြေသွား၍..ကျိကျွေများစွာစိတ်ထိခိုက်နေရခြင်းဖြစ်သည်။


ဂိုဏ်းချုပ်ကြီးများ၏အမေးကြောင့်..ကျိကျွေမှာ..မျက်ရည်များအားမျိုသိပ်လိုက်ပြီး... 


``.ဟိုလူယုတ်မာရဲ့လက်ချက်ကြောင့်...ကျွန်တော့်ချစ်သူကော..ဟ်ိုဆရာတော်ကော..နှလုံးကြေသွားကြတယ်..´´


``.ဟင်..ဟာ.´´


ဂိုဏ်းချုပ်ကြီးများထိပ်လန့်သွားသည်။.လီဂျိုစူး၏ရိုက်ချက်ကြောင့်..ရှောင်လင်ဆရာတော်လိထင်းနှင့်လု့မေမှာ..နှလုံး.အတွင်းကြေ.ကြေသွားကြသည်ဟု့..သိလိုက်ရသောကြောင့်..ပို၍စိုးရိမ်မိသွားကြသည်။

ထို့ကြောင့်..ဂိုဏ်းချုပ်ကြီးများမှ


``..ဒါ..ဒါဆို...သူတို့.သူတို့သေရတော့မှာပေါ့...´´

ဟု့မေးလိုက်ကြသည်။

ဂိုဏ်းချုပ်ကြီးများ၏စကားကြောင့်.ကျိကျွေမှာ..


``.ခု့တော့..ကျွန်တော့်ရဲ့.သေရွာပြန်နတ်ဆေးလုံးတိုက်ထားတယ်..ဆေးက..သူတို့ရဲ့ပျက်စီးနေတဲ့နှလုံးအစား..အင်အားတွေဖြည့်တင်းပေးနေလို့့.သူတို့အသက်ဆက်ရှင်နေကြသေးတာပါ..´´


ကျိကျွေ၏.အဖြေကြောင့်ဂိုဏ်းချုပ်ကြီးများ မှာ.မယုံရခက်၊ယုံရခက်ဖြစ်သွားကာ..


``.ဟေ..ကြေသွားတဲ့နှလုံးနေရာမှာ.ဆေးအစွမ်းနဲ့ အားအင်ဖြည့်တင်းပေးပြီး.အသက်ဆက်ရှင်စေတယ်ပော့လေ..ဒါဆိုလူလေးရဲ့ဆေးကအတော်အစွမ်းထက်တာပဲ..´´


ဂိုဏ်းချုပ်ကြီးများ၏စကားကြောင့်.ကျိကျွေမှာ.ကြေကွဲသောအသံဖြင့်


``.အင်း.ကျွန်တော့ဆေးကအစွမ်းထက်တာတော့မှန်ပါတယ်ဗျာ..ဒါပေမယ့်..ဆေးတစ်လုံးကသူတိုကို့၃ရက်ပဲအသက်ဆက်ထားနိုင်တယ်..ကျွန်တော့်ဆေးကုန်တာနဲ့သူတို့သေဆုံးရတော့မှာဗျ.´´


ကျိကျွေ၏စကားကြောင့်..ကျောင်းဆောင်အတွင်းမှသူများအားလုံး...ဝမ်းနည်းစိတ်တို့ပို၍ပြည့့်လျှံသွားကြရသည်။


ထိုသူများထဲတွင်..ခြူးနတ်နွယ်တစ်ယောက်လည်းအပါအဝင်ဖြစ်သည်။.

နံဘေးမှ..ရှောင်းလီနှင့်စူးအော်မှာ...ဝမ်းနည်းဟန်ဖြင့်..ငေးကြည့်နေကြသည်။ 

ရှင်းစု့မိန်းကလေးကတော့မူ...လီဂျိုစူးနှင့်မဆုံလိုက်ရသဖြင့်..စိတ်အလိုမကျဖြစ်နေလေသည်။


``.ဒါဆို..သူတို့ကိုကယ်တင်လို့မရတော့ဘူးလား..လူလေးရယ်..´´


 ဂိုဏ်းချုပ်ကြီးများထဲမှ..ဝူတန်ဂိုဏ်းချုပ်ကြီးလောက်ထူမှ..ဝမ်းနည်းသောလေသံဖြင့်.ကျိကျွေအားမေးလိုက်သော်...ကျိကျွေမှာ...လွန်စွာထိခိုက်ကြေကွဲဟန်ဖြင့်.ခေါင်းခါလိုက်ပြီး...


``..ကယ်တင်ဖို့နည်းလမ်း..မရှိတော့ပါဘူး...ဆရာကြီးတို့ရယ်..´´

ဟု့..ဖြေကြားရင်း..မျက်ရည်များကျဆင်းလာ၏။


ထိုအခိုက်...ကျယ်လောင်သောအသံကြီးထွက်ပေါ်လာ၏။


``.ကယ်တင်ဖိုနည်းလမ်းရှိသေးတယ်လို့တော့..ထင်မိတယ်.´´ 


အသံမှာအရပ်ရှစ်မျက်နှာလုံးမှပဲ့တင်ထွက်လာ၏။ပြီးနောက်...ကျောင်းဆောင်အတွင်းသို့လျှင်မြန်သော..အရိပ်များ တစ်ရိပ်ပြီးတစ်ရိပ်..ရောက်ရှိလာသည်။.


ထိုအရိပ်များမှာ.စုစုပေါင်း၁၂ယောက်ဖြစ်၏။


``.ဟင်..ဆရာတော်ဘိုးဘိုးကြီးတို့...´´


တာမောဆရာတော်ပု့ကျင်း၏အသံထွက်လာ၏။


.မှန်၏..ထိုအရိပ်ပိုင်ရှင်များမှာ..ရှောင်လင်ကျောင်း၏အစောင့်အရှောက်များဖြစ်သော..နတ်မင်းကြီးလေးပါးနှင့်ငရဲမင်းကြီး၈ပါးတို့ပင်ဖြစ်သည်။.


ဂူအောင်းနေသော..ထိုပုဂ္ဂိုလ်ကြီးများမှာ..တော်ရုံကိစ္စဖြင့်အပြင်မထွက်လာသောကြောင့်..

နောက်ပေါက်များဖြစ်သော.ကိုယ်ရင်ငယ်များမှာ..အထူးအဆန်းသဖွယ်ဝိုင်းကြည့်နေကြ၏။


 နတ်မင်းလေးပါးဆရာတော်များမှာ..သက်တော်၁၀၀ကျော်အရွယ်ဖြစ်သောကြောင့်..ပါးရည်များတွန့်၍.ခါးအနည်းငယ်ကိုင်းနေ၏။


ထို့အတူ..ငရဲမင်းကြီးရှစ်ပါးဆရာတော်များမှာလည်း..သက်တော်၈၀ကျော်များဖြစ်သောကြောင့်.ပါးရည်များအနည်းငယ်တွန့်နေကြ၏။


သို့သော်..သူတို့၏မျက်လုံးများမှာမူ..စူးရှတောက်ပဆဲပင်ဖြစ်သည်။.


ကျိကျွေကတော့မူ..ကယ်တင်၍နည်းလမ်းရှိသေးတယ်ဟူသောစကားကြောင့်..မျက်ဝန်းများအရောင်တောက်ပလာ၏။


ထို့ကြောင့်ရို့ကျိုးစွာပင်


``.ဆရာတော်ဘိုးဘိုးကြီးတို့.ကယ်တင်လို့ရမဲ့နည်းလမ်းရှိသေးတယ်ဆိုတော့..´´


ကျိကျွေသူ၏စကားအားဆက်မပြောတော့ပဲ..လေသံတိုးသွားကာ..ဆရာတော်ကြီးများအားတစ်ချက်ကြည့်လိုက်၏။


ထိုအခါ..ဝါအကြီးဆုံးဖြစ်သောဆရာတော်ကြီးမှ..သူ၏မုတ်ဆိတ်မွှေးကြီးအားသပ်ကာ..


``..အင်း..ခန္ဓာကိုယ်ရဲ့..ပျက်စီးသွားတဲ့အတွင်းကလီစာတွေကိုတောင်ပြန်လည်ကောင်းမွန်လာစေတဲ့ဆေးရှိခဲ့တယ်..အဲ့ဆေးက..နှစ်တစ်ထောင်ရေခဲကြာပွင့့်ကိုပြန်ပြီးဖော်စပ်ထားတဲ့..နတ်သမီးရွှေစင်ဆေး.လို့အမည်ရှိတယ်...´´


``ဟင် ..အဲ့ဆေးကခု့ဘယ်မှာလဲ...´´..


ကျိကျွေဆရာတော်၏စကားမဆုံးခင်ပင်လိုချင်ဇောများ၍အတင်းမေးလိုက်မိ၏။


ထိုအခါ..ဆရာတော်ဘိုးဘိုးကြီးမှ..


``.အင်း...ဒီအဖြေကတော့..ဖြေဖို့ခက်တယ်..နှင်းတောင်ဒေဝီသခင်မဆီမှာလို့ပဲ ပြန်ဖြေရလိမ့်မယ်..´´


``..ဟင်..နှင်းတောင်ဒေဝီသခင်မဆီမှာ.ဒာဆို.သူက

ဘယ်မှာနေတာလည်းဆရာတော်ဘိုးဘိုးကြီး..´´


``.အင်း...နှင်းတောင်ဒေဝီကလျှို့ဝှက်ပြီးနေတာမို

့သူ့အကြောင်းကော.သူဘယ်မှာနေတာလဲဆိုတာကော

ဘယ်သူမှ.ဃဃဏဏ.မသိကြဘူး..

သိသလောက်ရှင်းပြရမယ်ဆိုရင်....ဒီလိုကွဲ့..

နှင်းတောင်ဒေဝီကခု့ချိန်ထိအသက်ရှင်နေဆဲပဲ...သူရဲ့အသက်ကခု့လောက်ဆို..နှစ်၅၀၀လောက်ရှိပြီ..´´


``.ဟာ..ဟင်...ဟို..´´


ဆရာတော်ဘိုးဘိုးကြီး၏စကားကြောင့်..ကျိကျွေအပါအဝင်အားလုံး.အံသြမှင်သက်သွားကြသည်။


မှန်၏..အသက်၅၀၀ရှည်သည်ဟူသည့်ကိစ္စမှာလုံးဝမဖြစ်နိုင်ပေ။

ထို့ကြောင့်.


``..ဆရာတော်ဘိုးဘိုး.အဲ့နှင်းတောင်ဒေဝီသခင်မကအသက်၅၀၀ရှိပြီဆိုတာဖြစ်နိုင်ပါ့မလား..တပည်တော်တော့မယုံကြည်နိုင်ဘူးဖြစ်နေမိတယ်ဘု့ရား.´´


``အင်း..ဒကာလေးက..ဆန်းကြယ်လှတဲ့လောကကြီးအကြောင်းဘယ်သိပါ့ဦးမလဲ...

နှင်းတောင်ဒေဝီကတကယ်အသက်ရှင်နေဆဲပါ..အချို့ကတော့သူ့ကို.

.နတ်ဘု့ရားမလို့ထင်ပြီးကိုးကွယ်ကြတဲ့သူတွေတောင်ရှိတယ်..ဘာ့ကြောင့်သူအဲ့လောက်

အသက်ရှည်နေတယ်ဆိုတာ

ဘယ်သူမှအတိအကျမသိကြဘူး..

သူက..တိဘက်ပြည်ရဲ့..ရေခဲတောင်တစ်တောင်ရဲ့အတွင်းမှာ..နန်းတော်ကြီးဆောက်ပြီးနေတယ်ကွဲ့..တိဘက်ပြည်က.အင်အားနည်းတဲ့.

.လူမျိုးစု့လေးတွေကိုဓားပြတွေအကြမ်းဖက်တဲ့အခါ..သူကရုတ်တရက်ပော်လာပြီး..

လူမျိုးစု့လေးတွေဘက်ကနေ..တိုက်ထုတ်ပေးတယ်။အချိန်တွေနှစ်တွေဘယ်လောက်ကြာကြာ..

သူကပေါ်လာစမြဲပဲ။တိုက်ထုတ်ပေးစမြဲပဲ။

ဒါ့ကြောင့်လည်းလူမျိုးစု့တွေက..

သူ့ကိုနတ်ဘု့ရားမလို့ထင်ပြီးကိုးကွယ်ကြတာပေါ့။သူအပိုင်စားရထားတဲ့နှင်းတောင်တန်းတွေနယ်မြေထဲကို.မည်သူမှမကျူးကျော်ရဲဘူး။

ကျူးကျော်တဲ့သူကိုသူကခေါင်းဖြတ်သတ်ပစ်တယ်။ပြောရမယ်ဆိုရင်.ခု့လောက်ဆို..

နှစ်၅၀၀တောင်အသက်ရှည်နေတဲ့သူဆိုတော့လည်း..သိုင်းပညာ၊အတွင်းအားအရာမှာ

..နတ်တစ်ပါးလောက်နီးနီးကိုအစွမ်းထက်နေလောက်ပြီပေါ့.သူကဆေးပညာ၊သိုင်းပညာ၊စာပေကျန်းဂန်..အားလုံးကျွမ်းကျင်တယ်..ဒါ့ကြောင့်လည်း.

နတ်သမီးရွှေစင်ဆေးကိုဖော်စပ်နိုင်တာပေါ့..

.ဒကာလေးလိုချင်တဲ့ဆေးကသူ့ဆီမှာပဲဒကာလေး..´´


ရှောင်လင်ဆရာတော်ဘိုးဘိုးကြီး၏စကားသံဆုံးသည်နှင့်..ကျိကျွေ၏အံကြိတ်သံထွက်ပေါ်လာ၏။.


လက်ရှိတွင်သူ၏စိတ်အစဉ်သည်.လု့မေနှင့်..အရင်အချိန်များကဲ့သို့ပျော်ရွှင်စွာပြန်နေချင်သေးသည်။


လု့မေအားလုံးဝအဆုံးရှုံးမခံနိုင်ပေ။ထို့ကြောင့်..ထိုဆေးအားမရရအောင်ရှာမည်ဟု့စိတ်ထဲမှကြုံးဝါးလိုက်၏။


မိမိတွင်..သေရွာပြန်နတ်ဆေးပေါင်းထောင်နဲ့ချီ၍ရှိ၏။.လု့မေ၏အသက်အား.များစွာ.ဆွဲဆန့်ထားနိုင်လေသည်။


ထို..နတ်သမီးရွှေစင်ဆေးအားရမှသာလျှင်..လု့မေနှင့်ဆရာတော်လိထင်းပြန်လည်ကောင်းမွန်လာရမည်မဟုတ်ပါလော။.


ထို့ကြောင့်...


``.ဒါဆို..ကျွန်တော်မနက်ဖြန်ကစပြီး...ခရီးထွက်ဖို့ပြင်တော့မယ်´´


သူ၏စကားဆုံးသောအခါ..ဆရာတော်ကြီးမှာ..


``အင်းဒကာလေးအခု့သွားမဲ့ခရီးကအရမ်းဝေးလွန်းပြီးအရမ်းကြမ်းတမ်းလွန်းတယ်ဒကာလေး..ဒကာလေးအခု့ပုံစံနဲ့ဆိုရင်တော့..´´


ဆရာတော်ဘိုးဘိုးကြီးမှာ..ကျိကျွေ၏ပြတ်နေသောလက်နေရာအားကြည့်ကာ...လေသံပျော့သွားလေသည်။


ပြီးနောက်..နတ်မင်းကြီးလေးပါးဆရာတော်ဘိုးဘိုးကြီးများမှာ.တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ...ခေါင့်ငြှိမ်ပြလိုက်၏။ထို့နောက်..


``..ဒကာလေးရဲ့လက်ကို..ဘုန်းကြီးတို့ပြန်ဆက်ပေးပါရစေ..ဒကာလေးခု့သွားမဲ့ခရီးကဘုန်းကြီးတို့ရှောင်လင်ကျောင်းရဲ့ကိုယ်တော်လိထင်းအသက်ပါ..ကယ်ဆယ်ပေးနိုင်တာဆိုတော့..´´


_________၂၇မျှော်။


rate now: