book

Index 25

အပိုင်း <<၂၅>>

#နတ်ဆေးဆရာနှင့်ငရဲမင်း၏သမီးတော်# 


  ကျိကျွေသည်..လီဂျိုစူး၏ရိုက်ချက်ကြောင့်..အတွင်းဒဏ်ရာရထားသည်ကတစ်ကြောင်း..၊လက်ပြတ်သွားသောကြောင့့်နာကျဉ်မှု့ဒဏ်အား..လီဂျိူစူးအရှေ့တွင့်..မျိုသိပ်ခဲ့ရသည်ကတစ်ကြောင်းကြောင့်..သွေးများအန်ထွက်လာခြင်းဖြစ်သည်။


 ကျိကျွေ. ၏ညာဘက်လက်ပြတ်နေရာကြီးတွင်.

.သွေးကြောများပိတ်ထားသော်လည်း..သွေးများထွက်နေဆဲပင်ဖြစ်သည်။


ကျိကျွေ..အတွင်းဒဏ်ရာအားပျောက်ကင်းရန်အလို့ငှါ..သူဖော်စပ်ထားသော. သေရွာပြန်နတ်ဆေးတစ်လုံးအား..အမြန်မျိုချလိုက်၏။


ထိုအခါမှသာ..အတွင်းဒဏ်ရာများပျောက်ကင်းသွားသလိုခံစားရပြီးအားအင်များပြည့်ဖြိုးလာကာ.

လက်ပြတ်နေရာမှသွေးထွက်နေမှု့မှာလည်း..လျော့နည်းသွားလေသည်။ 


ကျိကျွေ..သူ၏နံဘေးတွင်..လိပ်ပြာပုံကျောက်စိမ်းပြားလေးတစ်ပြားအားတွေ့လိုက်ရ၏။

သူ၏..လက်ဝါးရိုက်ချက်ကြောင့်လီဂျိုစူးထံမှကျကျန်ခဲ့သည်ဟု့ထင်ရလေသည်။


.ကျိကျွေထိုကျောက်စိမ်းပြားလေးအား..အိပ်ကပ်ထဲကောက်ထည့်လိုက်သည်။


.``ဒီကျောက်စိမ်းပြားလေးကိုငါဘယ်နေရာမှာတွေ့ဖူးပါလိမ့်..´´ဟု့စဉ်စားနေမိသည်။.

တစ်နေရာတွင်ရင်းရင်းနှီးနှီမြင်ဖူးသည်ဟု့ခံစားရသောကြောင့်.စဉ်းစားနေမိခြင်းဖြစ်သည်။


ဤတိုက်ပွဲဖြစ်အပြီးတွင်..ကျိကျွေ၏.အစိမ်းရောင်တောက်ပနေသောမျက်လုံးအစုံမှာ..သာမာန်ကဲ့သို့ပြန်လည်ပြောင်းလဲသွား၏။


ထိုအခိုက်ပြေးလာသော..ဂိုဏ်းချုပ်ကြီးများကျိကျွေအနားသို့ရောက်လာကြ၏။.


ထိုဂိုဏ်းချုပ်ကြီးများကိုကျိကျွေဂရု့မစိုက်အား။..လတ်တလောသူ၏စိတ်အစဉ်သည်..ဒဏ်ရာပြင်းထန်စွာရနေသောလု့မေထံသို့သာ..။


ထို့ကြောင့်..ဂိုဏ်းချုပ်ကြီးများကိုကျော်၍..လု့မေရှိရာ.ကျောင်းဆောင်အတွင်းသို့..ခြေလှမ်းကျဲကြီးများဖြင့်ပြေးဝင်လိုက်တော့သည်။


________

ထိုသို့မဖြစ်မှီ.အချိန်အနည်းငယ်ခန့်က

.ရှောင်လင်ကျောင်း၏အပြင်ဘက်တွင်လည်း..လူ၈ယောက်..စု့ရုံးနေ၏။


ထိုလူ၈ယောက်သည်..တိုက်တိုက်ဆိုင်ဆိုင်ရှောင်လင်ကျောင်းအဝတွင်မှ..ဆုံတွေ့ကြခြင်းဖြစ်သည်။


ထိုသူတို့မှာ.ရဲတိုက်သခင်မလေး.ခြူးနတ်နွယ်နှင့်ကျူးအော်၊.သမာဓိဓားသမားရှောင်းလီ၊ဝူဒူမြို့မှပန်းဒေဝီသခင်မလေးစူးအော်နှင့်..သူမ၏အခြွေအရံများဖြစ်သော..ခရေ၊စံပယ်၊သဇင်.၊ပြီးနောက်.. ပီကျင်းမြို့မှ ကျောက်ကုန်သည်သူဌေးကြီးမိန်စု့ထင်း၏ သမီး ရှင်းစု့. တို့ပင်ဖြစ်သည်။ 


ခြူးနတ်နွယ်နှင့်ကျူးအော်မှာ.ခရီးအား..မရပ်မနားအပြင်းနှင်လာခဲ့သည်မို့..ကျိကျွေအားမှီခဲ့ခြင်းဖြစ်သည်။


ထို့အတူ..သမာဓိဓားသမားရှောင်းလီနှင့်စူးအော်..တို့မှာလည်း..လီဂျိုစူး၏သတင်းကြားသောကြောင့်..ရောက်ရှိလာခြင်းဖြစ်သည်။


ထိုလူများအထဲတွင်...ရှင်းစု့မိန်းကလေး၏မျက်နှာမှာငိုရလွန်းသဖြင့်.မို့အစ်နေသည်။


မှန်၏..သူမ၏ဖခင်အားရက်ရက်စက်စက်သတ်ဖြတ်သွားသောလီဂျိုစူးအား..ကလဲ့စားပြန်ချေရန်..ရှောင်လင်ကျောင်းသို့အပြေးရောက်ရှိလာခြင်းဖြစ်သည်။


သူတို့၈ဦး..တစ်ယာက်မျက်နှာတစ်ယောက်ကြည့်ကာ..လောကွတ်အရ..ပြုံးပြနှုတ်ဆက်လိုက်ကြပြီး.ရှောင်လင်ကျောင်းအတွင်းသို့ဝင်ရန်ပြင်လိုက်ကြ၏။.


အမှု့မဲ့အမှတ်မဲ့..သတိမထားမိခဲ့သော..ကျိုးကြေနေသည့်..ရှောင်လင်ကျောင်းမုဒ်ဝ..တံခါးများအားမြင်လိုက်ရသည်ရှိသော်..


``..ဟင်..ရှောင်လင်ကျောင်းကတံခါးတွေကျိုးကြေနေပါလား..ကိစ္စတစ်ခု့ခု့တော့ထူးနေပြီ..အမြန်ဝင်ကြည့်မှ´´  


သူတို့အားလုံး၏စိတ်ထဲတွင်ထိုသို့ရေရွတ်လိုက်ကြပြီး..ရှေ့ဆက်ဝင်ကြည့်လိုက်သောအခါ...သွေးကွက်များအားမြင်တွေ့လိုက်ရ၍ .အလွန်ထိပ်လန့်သွားကြလေသည်။


``..အမလေး..ဘယ်ကသွေးတွေပါလိမ့်..အန်ချင်စရာကောင်းလိုက်တာ..´´


မိန်းကလေးများသွေးကွက်များအား..စေ့စေ့မကြည့်ရဲကြပေ။စားထားခဲ့သမျှပြန်အန်ထွက်မည်စိုးသောကြောင့်ပင်ဖြစ်သည်။


 သမာဓိဓားသမားရှောင်းလီကတော့..လှေကားထစ်များအား..ပြေးတက်ရန်ပြင်လိုက်စဉ်..လျှင်မြန်စွာလှုပ်ရှားနေသောအရိပ်.၃ ရိပ်အားတွေ့လိုက်ရ၏။


သေချာကြည့်လိုက်သော်

ထိုလူရိပ်၃ရိပ်တွင်..တစ်ဦးသည်ဘီလူးမျက်နှာဖုံးအားတပ်ဆင်ထားသလို..ကျန်သည့်လူနှစ်ဦးသည်..ဝတ်ရုံနက်များဝတ်ဆင်ထားလေသည်။


မှန်၏..ထိုအရိပ်၃ရိပ်မှာ..အဆိပ်မယ်ကျူးရင်နှင့်ကျားသစ်နက်၂ဖော်ပင်ဖြစ်သည်။


လီဂျိုစူး၏..တာဝန်ပေးမှု့အားကျေပွန်ရန်အလို့ငှါ...အရိုးပျော့အဆိပ်များ..ဖြန်းရန်ကြံနေကြခြင်းဖြစ်သည်။

.

အရိုးပျော့အဆိပ်များဖြန်းပြီးပါက..ပြင်းထန်လှသောအဆိပ်ငွေ့များအား..မီးခိုးမှိုင်းတိုက်သကဲ့သို့..ရှောင်လင်ကျောင်းအားတိုက်သွင်းမည်ဟု့လည်းကြံစည်ထားလေသည်။


သို့သော်..ကျူးရင်၏တာဝန်မကျေပွန်နိုင်တော့ပေ။

.အဘယ်ကြောင့်ဟူသော်..သူမတို့၏လှုပ်ရှားမှု့အား..ရှောင်းလီတို့အုပ်စု့တွေ့မြင်သွားသောကြောင့်ပင်ဖြစ်သည်။


 ဦးစွာ.ဆေးပညာ၊အဆိပ်ပညာများအား.လေ့လာနေဆဲဖြစ်သော..ပန်းဒေဝီသခင်မလေးစူးအော်မှ.


``..လေထု့ထဲမှာ..အဆိပ်ငွေ့အနံနည်းနည်းရနေတယ်...ဒီလူတွေရှောင်လင်ကျောင်းကိုအဆိပ်မှိုင်းတိုက်ဖို့ကြံနေကြတာပဲဖြစ်ရမယ်´´ 


စူးအော်၏စကားကြောင့်..ရှောင်းလီမျက်နှာထားမှာတင်းခံ၍လွန်စွာတည်ကြည်သွားလေသည်။


မှန်၏..ရှောင်းလီဟူသော.သူသည်မတရားသောအမှု့အားတွေ့လျှင်.ရပ်ကြည့်မနေတက်ပေ။သူ၏အသက်အားအသေခံ၍ပင်. ကူညီမည့်လူစားမျိုးဖြစ်သည်။ထို့ကြောင့်


``..တောက်..တရားဓမ္မကျင့်ကြံနေတဲ့ပုဂ္ဂိုလ်တွေကိုမှ.အကျင့်ယုတ်ဖို့ကြံတယ်ဆိုတော့.ဒင်းတို့တွေ.ကျုပ်အကြောင်းကောင်းကောင်းသိစေရမယ်´´


ရှောင်လီ..သူ၏စကားမဆုံးသေးခင်ပင်..ဓားအားဆွဲထုတ်၍.ကျူးရင်တို့ရှိရာသို့ပစ်သွင်းလိုက်သည်။


ပြီးနောက်..သူပါလျှင်မြန်စွာဓားနောက်သို့ပြေးလိုက်သွား၏။


ရုတ်တရက်အနောက်ဘက်ဆီမှလေတိုးသံကြားလိုက်ရ၍..ကျူးရင်လျှင်မြန်စွာခုန်ရှောင်လိုက်၏။


သူ၏အတွေးအထင်မှန်ကန်သည်ဟု့ဆိုရမည်..ဓားတစ်ချောင်းသူမအနားမှ.ဖြတ်ကျော်သွား၏။


သို့သော်..ကျူးရင်ဓားအားရှောင်ပြီးသည်နှင့်တစ်ပြိုင်နက်..လျှင်မြန်လှသောလက်သီးထိုးနှက်ချက်များ...သူမဆီသို့ထပ်ရောက်လာ၏။


``ဝှစ်..ဝှစ်..´´

လက်သီးချက်များအားကျူးရင်အသဲအသတ်ရှောင်တိမ်းလိုက်ပြီး..


``ဪ..ဟိုလူပါလား...သေချင်လို့ထပ်တွေ့ရပြန်ပြီပေါ့.´´

ကျူးရင်ပြုံးလိုက်မိသည်။ပြီးနောက်


သူမ၏သံစဉ်မဲ့ဓားသိုင်းထဲမှ..ဓားလှိုင်းသံစဉ်..သိုင်းကွက်ဖြင့်.ဝှေ့ယမ်းလိုက်၏။.


``..ရွှမ်း...ဝှစ်...ရွှင်..ရွှင်´´


သူမ၏ပတ်ပတ်လည်မှဓားလှိုင်းများ.. များပြားစွာထွက်လာသောကြောင့်...သမာဓိဓားသမားရှောင်းလီ...လျှင်မြန်စွာပင်နောက်ဂျွန်းများအဆက်မပြတ်ထိုး၍..ရှောင်တိမ်းလိုက်ရ၏။.


``.ဟင်.ဒါ.ဟိုတစ်လောက..ငါ့ကိုဝိုင်းတိုက်ကြတဲ့သူနှစ်ယောက်ထဲကတစ်ယောက်သုံးတဲ့..ဓားကွက်တွေပါလား..ဘီလူးမျက်နှာဖုံးနဲ့ဆိုတော့သေချာပါတယ်..ဒီလူယုတ်မာတွေပဲ..´´


 ရှောင်းလီ၏အတွေးမဆုံးသေးခင်ပင်

ထိုအခိုက်..ကျားသစ်နက်လေးဖော်၏..ကြိုးတပ်လက်နက်ဖြစ်သော..သံလက်သည်း.များရှောင်းလီ၏ခန္ဓာကိုယ်အနှံသို့ပြေးဝင်လာ၏။.


``..ဝှီး..ဝှီး...´´


``ဟင်..´´


ရှောင်းလီထိပ်လန့်သွား၏။အတွင်းအားအပြည့်ပါသော..ထိုလက်နက်များမှာ..လျှင်မြန်လွန်းလှသောကြောင့်...ရှောင်တိမ်းရန်ခက်ခဲလှ၏။.


ပြန်လည်ပုတ်ထုတ်ရန်လည်း...မိမိတွင်လက်နက်မရှိတော့သောကြောင့်..ချွေးပြန်သွားရ၏။.


ရှောင်းလီထံထိုလက်နက်များထိရန်အလိုတွင်...မထင်မှတ်ထားသော..လူတစ်ယောက်လျှင်မြန်စွာပြေးဝင်လာသည်။


ပြီးနောက်..အတွင်းအားလှိုင်းများဖြင့်ထိုလက်နက်များ၏လမ်းကြောင်းအား..သွေဖယ်စေလိုက်၏။


.မှန်၏..ထိုဝင်ရောက်လာသောသူမှာရဲတိုက်သခင်မလေးခြူးနတ်နွယ်ပင်ဖြစ်သည်။.


စစတွေ့ခြင်းတွင်ရှောင်းလီအနေဖြင့်...ခြူးနတ်နွယ်အား..သိုင်းပညာအနည်းငယ်သာတက်သောသူဟု့ထင်ခဲ့လေသည်။


သို့သော်...လက်တွေ့တွင်..မိမိထက်သိုင်းပညာကော.အတွင်းအားပါလွန်စွာသာနေသောကြောင့်...အံသြသွားရလေသည်။.


ထိုအခိုက်..ကျားသစ်နက်နှစ်ဖော်၏.သေမင်းကြိုးတပ်လက်နက်များ...ခြူးနတ်နွယ်နှင့်.ရှောင်းလီထံသို့ထပ်မံပြေးဝင်လာကြသည်။


.ထို့အတူ..အဆိပ်မယ်ကျူးရင်သည်လည်း..ဓားချက်များအားဆက်တိုက်ထုတ်ကာ..ပြေးဝင်လာ၏။


ခြူးနတ်နွယ်..သူမ၏ခါးမှဓားအား..ရှောင်းလီထံသို့ပေး၍..သူမကတော့မူ..သူမ၏အစွမ်းထက်ဆုံးသော.သွေးလက်ဝါးသိုင်းကွက်အားခင်းလိုက်၏။


ဤသို့ဖြင့်...ကျားသစ်နက်နှစ်ဖော်၏လက်နက်များကြားတွင်..ပွတ်ကာသီကာရှောင်တိမ်းနေသောသမာဓိဓားသမားရှောင်းလီနှင့်

ကျုးရင်၏အစွမ်းထက်လှသောသံစဉ်မဲ့ဓားသိုင်းနှင့်.ရှောင်လင်၏အဆင့်မြင့်သွေးလက်ဝါးသိုင်းအားအသုံးပြု့တိုက်လိုက်နေသော..ခြူးနတ်နွယ်တို့တိုက်ပွဲမှာလွန်စွာကြည့်ကောင်းလှ၏။.


.ခြူးနတ်နွယ်သည်..ရှောင်လင်မှတာမောဆရာတော်.ပု့ကျင်းနှင့်ပင်လက်ရည်တူယှဉ်ပြိုင်နိူင်သောကြောင့်..အဆိပ်မယ်ကျူးရင်ထက်အတွင်းအားအရာ၌သာလွန်ပေသည်။


သို့သော်.အဆိပ်မယ်ကျူးရင်၏ဓားသိုင်းသည်အစွမ်းထက်သည်ကတစ်ကြောင်း.ခြူးနတ်နွယ်သည်.လက်နက်မဲ့ဖြစ်နေသည်ကတစ်ကြောင်းကြောင့်..ခြူးနတ်နွယ်အားအဆိပ်မယ်ကျူးရင်မှပြန်လည်ယှဉ်ပြိုင်နိုင်ခြင်းဖြစ်သည်။


ထို့အတူ..ရှောင်းလီမှာလည်း..ကျားသစ်နက်နှစ်ဖော်၏လက်နက်များအား..ပြန်လည်၍သာပုတ်ထုတ်နိုင်ပြီးတိုက်စစ်မယှဉ်နိုင်ပေ။.


ဤအချက်သည်ကား..ကျားသစ်နက်နှစ်ဖော်၏အားသာချက်ပင်ဖြစ်သည်။


သူတို့၏လက်နက်များသည်ကြိုးရှည်များတပ်ဆင်ထားသောကြောင့်..အဝေးမှလှမ်း၍တိုက်ခိုက်နိုင်ကြပြီး..ရန်သူမှာမူသူတို့အားပြန်လည်၍တိုက်စစ်မဆင်နိုင်ပေ။


ဤသို့ဖြင့်တိုက်ပွဲမှာ..အချိန်အနည်းငယ်ကြာမြင့်သွားလေသည်။


ခပ်ဝေးဝေးတွင်ရပ်ကြည့်နေကြသော..ပန်းဒေဝီသခင်မလေးစူးအော်၊ခရေ၊စံပယ်၊သဇင်နှင့်.ရှင်းစု့..တို့မှာ.ကြည့်နေရင်းပင်စိတ်မရှည်တော့ပေ။.


.ဦးစွာ.စူးအော်မှ...


``ခရေ.စံပယ် သဇင်´´


``.ဟုတ်..သခင်မလေး..´´


``သူတို့ကိုသွားကူညီပေးလိုက်ကြတော့...´´


``ဟုတ်ကဲ့´´


သူတို့သခင်မလေး၏စကားအားပြန်ဖြေပြီးသည်နှင့်..သူမတို့သုံးယောက်တိုက်ပွဲအတွင်းထဲသို့ပြေးဝင်သွား၏။


ပြီးနောက်..သုံးယောက်ပေါင်းတိုက်ကွက်များဖြင့်..ကျားသစ်နက်နှစ်ဖော်အားအတင်းဖိတိုက်ကြလေသည်။.


ခရေစံပယ်သဇင်တို့သုံးဦးရောက်ရှိလာခြင်းသည်..

ကျားသစ်နက်နှစ်ဖော်..အတွက်..အကြပ်အတည်းသို့ရောက်ရှိသွားရသည်။


လေးယောက်နှစ်ယောက်ဖြစ်သွား၍.ကျားသစ်နက်နှစ်ဖော်အောက်စည်းသို့ရောက်ရှိသွားရ၏။ထိုစဉ်..


``.ဝုန်း...အင့်..´´


ခြူးနတ်နွယ်၏..လက်ဝါးရိုက်ချက်အားကျူးရင်မှာဓားပြားဖြင့်.ခံဆောင်လိုက်သော်လည်း..အတွင်းအားခြင်းမမျှသောကြောင့်လွင့်ထွက်လာရ၏။.


``ဒီပုံစံအတိုင်းဆို..အခြေအနေမဟန်ဘူး

ပြေးမှ´´


ကျူးရင်ကိုယ်ဖော့ပညာသုံးကာပြေးထွက်ပျောက်ကွယ်သွား၏။.


ကျူးရင်ပြေးသောအခါ..ကျားသစ်နက်နှစ်ဖော်လည်းဆက်လက်မတိုက်ဝံတော့ချေ။


.ခရေစံပယ်သဇင်၊ရှောင်လီ..တို့၏ပိတ်ဆို့ထားမှု့အား..အတင်းဖောက်ထွက်ကာ..ထွက်ပြေးရလေတော့သည်။


ထိုအခါမှသာ..ရှောင်းလီလည်း..ခြူးနတ်နွယ်နှင့်သဇင်တို့အားကျေးဇူးတင်သောအကြည့်ဖြင့်ကြည့်လိုက်ပြီး..


``.ခုလိုကူညီပေးကြတာကျေးဇူးတင်ပါတယ်ဗျာ..´´


``ရပါတယ်ရှင်..ဒါနဲ့..ရှောင်လင်ကျောင်းပေါ်မှာဘာဖြစ်နေလည်းမသိဘူး..အမြန်တက်ကြည့်ကြရအောင်...´´


ဤသို့ဖြင့်..ရှောင်းလီတို့အုပ်စု့ရှောင်လင်ကျောင်းပေါ်သို့ပြေးတက်လိုက်သည်။


ရှောင်လင်ကျောင်းပေါ်သို့ရောက်သောအခါ...ရှောင်းလီတို့အုပ်စု့..ဂိုဏ်းချုပ်ကြီးများအားကျော်၍ရှောင်လင်ကျောင်းဆောင်ထဲသို့ပြေးဝင်သွားသော.လက်တစ်ဖက်ပြတ်နေသောသူအားအထူးအဆန်းသဖွယ်တွေ့မြင်လိုက်ရ၏။


ထို့အတူ..မြေပြင်တွင်လည်းဓားကိုင်လျက်သားကြီးဖြင့်ပြတ်နေသောလက်တစ်ဖတ်လည်းတွေ့မြင်လိုက်ကြရ၏။


``ဟင်...´´


ရုတ်တရက်..ကျူးအော်..မျက်ရည်များဝဲသွားလေသည်။မှန်၏..သူမတိတ်တခိုးချစ်နေသော..ကျိကျွေတစ်ယောက်လက်တစ်ဖတ်ပြတ်နေသည်ကိုမြင်လိုက်ရသောကြောင့်ဝမ်းနည်းသွားမိခြင်းဖြစ်သည်။


ကျူးအော်.၏ရုတ်တရက်အဖြစ်အပျက်ကြောင့်..ခြူးနတ်နွယ်..အံသြသွားပြီး


``.ရုတ်တရက်ကြီး

.ဘာဖြစ်လို့လဲ..ကျူးအော်...´´


``သခင်မလေးတွေ့ချင်နေတဲ့..ကယ်တင်ရှင်က..စောစောကလက်တစ်ဖတ်ပြတ်နေတဲ့လူပဲသခင်မလေး..´´


``.ရှင်..အဲ့လူလား..´´


ခြူးနတ်နွယ်လည်းစိုးရိမ်မိသွား၏။.သူမ၏ကယ်တင်ရှင်ဟူသောသူလက်တစ်ဖတ်ပြတ်သွားသည်ဟုသိလိုက်ရသောအခါ..ရင်ထဲတွင်တစ်မျိုးတစ်မည်ခံစားလိုက်ရသည်။


ထို့ကြောင့်..သူမလည်းကျောင်းဆောင်ထဲသို့ပြေးဝင်လိုက်မိ၏။


_______

ကျိကျွေကျောင်းဆောင်ထဲသို့ရောက်ရောက်ခြင်း..အသက်ငင်နေကြသော..လု့မေနှင့်ဆရာတော်လိထင်းအားတွေ့လိုက်ရ၏။


ထို့ကြောင့်..ထိပ်လန့်ပြာယာစွာပင်..သူ၏အစွမ်းထက်လှသောသေရွာပြန်နတ်ဆေးအား တစ်ယောက်တစ်လုံးထုတ်တိုက်လိုက်၏။.


ပြီးနောက်..လု့မေ၏လက်အားဆွဲ၍..သွေးကြောများစမ်းလိုက်မိ၏။


သူ၏..ရှူရှိုက်နည်းဖြင့်စိတ်တန်ခိုးကျင့်၍ဆေးကု့နည်း..ပညာဖြင့်..လု့မေ၏ခန္ဓာကိုယ်အား.ဖြန့်ကျက်လိုက်၏။


``.ဟင်...´´


ကျိကျွေတုန်လှုပ်သွား၏။.ထို့ကြောင့်..နံဘေးမှာဆရာတော်လိထင်းအားလည်းစမ်းသပ်လိုက်၏။


ပို၍သွေးပျက်သွားမိလေသည်။ကျိကျွေ..လု့မေအားတင်ကြပ်စွာပွေ့ဖတ်ထားလိုက်သည်။ပြီးနောက်.မျည်ရည်များ..စီးကျလာလေတော့သည်။


ထိုအဖြစ်အပျက်အား..ခြူးနတ်နွယ်တို့အုပ်စု့၊ဂိုဏ်းချုပ်ကြီးများအားလုံး..တွေ့မြင်နေရလေသည်။


လူနာမိန်းကလေးနှင့်ဆရာတော်လိထင်းအားသွေးကြောများစမ်းသည့်ကတည်းက.ဒီလူငယ်လေးသည်ဆေးဆရာတစ်ယောက်ဖြစ်မှန်း.ဂိုဏ်းချုပ်ကြီးများသိလိုက်သည်။


သို့သော်...သွေးကြောများစမ်းသပ်ပြီးနောက်အနှီလူငယ်လေးသည်..အရူးတစ်ယောက်ကဲ့သို့ဖြစ်ပျက်သွားသောကြောင့်..ဂိုဏ်းချုပ်ကြီးများ..ဆရာတော်လိထင်းနှင့်လူနာမိန်းကလေးအပေါ်စိတ်ပူမိသွားကြသည်။


ထို့ကြောင့်.ဂိုဏ်းချုပ်ကြီးများ...

.ထိုလူငယ်လေးအား..မေးမြန်းလိုက်သည်။

``..လူနာတွေရဲ့အခြေအနေကဘာဖြစ်လို့လဲ..လူလေး..´´


___________________၂၆.မျှော်။


rate now: