book

Index 24

အပိုင်း<<၂၄>>

#နတ်ဆေးဆရာနှင့်ငရဲမင်း၏သမီးတော်#


             အားလုံးကဲ့သို့ပင်..လီဂျိုစူးမှာလည်း...သွေးပျက်ခြောက်ခြားသွားလေသည်။ခန္ဓာကိုယ်အားအတု့အယောင်အရိပ်ခွဲသော.သိုင်းပညာတက်သောသည်..သိုင်းလောကတွင်.လက်ချိုးရေလို့ရပေသည်။.


သိုင်းပညာအလွန်မြင့်မားသောသူများသာလျှင်ထိုကဲ့သို့..အရိပ်များခွဲထုတ်နိုင်ပေသည်။.


သိုင်းလောကတွင်..အနက်ရောင်သိုင်းလောကသားကြီး..ရွှေမုတ်ဆိတ်တီထွင်ခဲ့သော.ကိုယ်ခွဲညီနောင်.ဟူသော.ဟန်ပြသိုင်းကွက်တစ်မျိုးပေါ်ပေါက်ခဲ့သေးသည်။


သိုသော်..ထိုသိုင်းကွက်သည်အယောင်ပြမျှသာ..ဖြစ်ပြီး..အရိပ်နှစ်ခု့မျှသာလျှင်ခွဲထုတ်နိုင်သေးသည်။


ဝါရင့်သိုင်းပညာရှင်များပင်လျှင်..လက်ဝါး၊လက်သီးရိပ်များ..အတွင်းအားလှိုင်းပေါင်းများစွာထုတ်လွင့်နိုင်သော်လည်း..ကိုယ်ခန္ဓာအား.ခွဲထုတ်နိုင်ခြင်းမရှိပေ။.


သို့သော်..ယခု့မိမိအရှေ့မှမျက်မမြင်လူငယ်လေးမှထိုသို့.အရိပ်များစွာခွဲထုတ်လိုက်သောကြောင့်..လီဂျိုစူးသွေးပျက်သွားခြင်းဖြစ်သည်။ 


ကျိကျွေကိုယ်ပွားများ စတင်လှုပ်ရှားလိုက်သည်။ မိုးမုန်တိုင်းလက်ဝါး(လေပေါ်သို့ခုန်တက်ပြီး မြေပြင်သို့ အတွင်းအားသုံး၍ရိုက်ချသောလက်ဝါးကွက်) သိုင်းကွက်ဖြင့်..အတွင်းအားအပြည့်ပါသောလက်ဝါးလှိုင်းကြီးများ လီဂျိုစူးထံသို့ပြေးဝင်လာသည်။


ထူးဆန်းသည်က..လက်ဝါးလှိုင်းများမှာရေတစ်ဖက်မီးတစ်ဖက်ဖြစ်နေခြင်းပင်။


လူရိပ်၅.ရိပ်ဆီမှထွက်ပေါ်လာသော..ရေတစ်ဖက်မီးတစ်ဖက်.လက်ဝါးလှိုင်းကြီးများ..ဆယ်ခု့စာသည်..လီဂျိုစူးထံသို့ပြေးဝင်ရောက်သွားသည်။


..ရှောင်လင်ကျောင်းအတွင်းမှလူများအားလုံး..ကျောရိုးများပင်စိမ့်သွားကြသည်။


လီဂျိုစူးမည်ကဲ့သို့ရှောင်နိုင်အံ့နည်း။

သို့သော်..လီဂျိုစူးသည်လည်း.နယ်နယ်ရရမဟုတ်။အဆင့်မြင့်တိမ်မုန်တိုင်းသိုင်းကျမ်းအား..အဆင့်လွန်အထိပေါက်ရောက်ထားသောသူဖြစ်သည်မို့..ကျိကျွေ၏လက်ဝါးချက်များအား..ထိပ်လန့်နေသော်လည်း..ရှောင်လွဲ၍မရသောကြောင့်..တန်ပြန်သိုင်းကွက်ထုတ်ဖော်လိုက်တော့သည်။


ဤသည်ကားလီဂျိုစူး၏အတွင်းအားအစစ်အမှန်ပင်ဖြစ်သည်။


``..အား.. အုန်း..ဝုန်း.´´


လီဂျိုစူး၏အော်သံနှင့်အတူ..လီဂျိုစူးအနီးပတ်ပတ်လည်၌...ပြင်းထန်လှသောအတွင်းအားလှိုင်းများပေါက်ကွဲထွက်လာတော့သည်။


ထိုအတွင်းအားလှိုင်းများကြောင့်..ကျိကျွေ၏လက်ဝါးလှိုင်းများ..ပျက်ပြယ်သွားသလို..ကျိကျွေပင်လျှင်..လွင့်ထွက်သွားသည်။.


အနီးအနားမှ..မြေပြင်များပင်..ပက်ကြားအက်များဖြစ်သွားသလို..ခပ်ဝေးဝေးမှကြည့်နေကြသောသူများပင်..လွင့်ထွက်သွားရလေသည်။်


ကျိကျွေကတော့မူဒေါသစိတ်ကြောင့်...မြေပြင်သို့အလျှင်အမြန်ပြန်ဆင်းလိုက်ပြီး..ဝင်္ဂဘာလက်ဝါးကွက်အားသုံးကာ...ရှုပ်ထွေးလှသောခြေလှမ်းများဖြင့်.တဖန်.လီဂျိုစူးထံသို့ပြေးဝင်တိုက်ခိုက်လိုက်ပြန်သည်။


 ရှုပ်ထွေးလွန်းသောလက်ဝါးလှိုင်းများကြားမှ.လီဂျိုစူး.ပညာကုန်ထုတ်သုံးကာ..အသည်းအသန်ရှောင်တိမ်းနေသည်။


တိုက်ခိုက်နေရင်း

ကျိကျွေသူ၏တက်မြောက်ထားသော သိုင်းကွက်များထဲမှ.အလွန်ကြမ်းသော..လေပွေလက်ဝါးသိုင်းကွက်အား..လေးကျွန်းစင်္ကြာအတွင်းအားပညာဖြင့်ပေါင်းစပ်ကာ..လှုပ်ရှားလိုက်သည်။.


.ကျိကျွေ၏ခန္ဓာကိုယ်မှာမီးများဖြင့်ဖုံးလွှမ်းသွားပြီး.ဂျင်ကဲ့သို့မွှတ်နေအောင်လည်နေသည်။.


``ဟင်..´´``ဟာ´´


``..ဒီမျက်မမြင်ကောင်လေးကတန်ခိုးရှင်များပေလား´´


``.အင်း.သိုင်းပညာဆုတ်ယုတ်နေတဲ့ကာလမှာ.

ဒီလိုမှော်သိုင်းတွေတက်မြောက်နေသေးတဲ့သူ..ရှိနေသေးပါလား..အောမီတောဖု့´´


စသည်ဖြင့် အံသြသံများဆူညံသွားလေသည်။မျက်မမြင်ပုံစံဖြင့်..ထူးဆန်းကြမ်းတမ်းသောသိုင်းကွက်များ သုံးနေသော..ကျိကျွေအား..ရှောင်လင်ကျောင်းအတွင်းမှသူများမှာ..လူထူးဆန်းသဖွယ်ကြည့်နေကြသည်။


ကျိကျွေနှင့်လီဂျိူစူး၏တိုက်ပွဲသည်ကား.နတ်ဘု့ရားများတိုက်ပွဲဖစ်နေသကဲ့သို့.ပြင်းထန်လွန်းသောကြောင့်.ကြည့်ရှူ့နေကြသူအပေါင်းမှာ..မျက်တောင်ပင်မခတ်ဝံ့ကြချေ။


ကျိကျွေလှည့်နေရင်းဖြင့်လီဂျိုစူးထံသို့ပြေးဝင်သွားသည်။ လီဂျိုစူးသည်ကား..အလွန်ပါးနပ်ပေသည်။.ကျိကျွေအားမည်သို့မျှအကပ်မခံပဲ..ကိုယ်ဖော့်ပညာအစွမ်းကုန်သုံးကာရှောင်တိမ်းလိုက်ပြီး..တိမ်မုန်တိုင်းသိုင်းကျမ်းထဲမှ..မိုးကြိုးမုန်တိုင်း သိုင်းကွက်ဖြင့်..အတွင်းအားအပြည့်သုံးကာရိုက်ချလိုက်သည်။


ကျိကျွေသည်ကားဒေါသစိတ်တို့ငယ်ထိပ်ရောက်နေသည်မို့..ရှောင်တိမ်းရန်ပင်သတိရမနေသည်ကတစ်ကြောင်း..၊တိုက်ပွဲအတွေ့အကြံမရှိသေးသည်ကတစ်ကြောင်းမို့..လီဂျိုစူး၏လက်ဝါးချက်အားမရှောင်တိမ်းနိုင်တော့ပေ။


``..ဝုန်း...အုန်း.......´´


ကျိကျွေတစ်ယောက်...ပေ၅၀မျှအထိလွင့်ထွက်သွားလေသည်။ရိုက်လိုက်သောအတွင်းအားအရှိန်မှာမည်မျှပင်ပြင်းထန်လွန်းသည်မသိ။.ထွက်ပေါ်လာသောအတွင်းအားလှိုင်းများပင်လျှင်..ကြောက်ရွံထိပ်လန့်ဖို့ကောင်းလွန်းလှ၏။


``ဟင်..´´


``ဟာ..သွားပြီ´´


`` ဘု့ရား..ဘု့ရား..ဒီကောင်လေးအသက်မှရှိပါလေရော့မလား´´


``.ဟာ..ဒီလောက်တော်တဲ့လူငယ်လေး..နှမြောစရာကွာ´´


``ဟူး.ကိုယ်တော်တို့ကြောင့်.ထူးချွန်လွန်းတဲ့လူတော်တစ်ယောက်အသက်ဆုံးရှုံးရလေပြီ..အော်မီတောဖော´´


စသည်ဖြင့်ဝမ်းနည်းသံများရှောင်လင်ကျောင်းအတွင်းပြည့်နှက်သွားလေသည်။ထိုအချိန်တွင်..ပါးစပ်မှသွေးများအန်ထားမှု့ကြောင့်..တစ်ကိုယ်လုံးသွေးများရွှဲစိုနေသော..လု့မေတစ်ယောက်..အံသြခြင်း.ဝမ်းနည်းခြင်း..နာကျည်းခြင်း..စသောခံစားချက်များဖြစ်ပေါ်နေသည်။


 တစ်ချိန်လုံးမိမိမှာ..သိုင်းပညာမတက်သောသူဟု့သိခဲ့ရသည့်..ချစ်သူမှာ.ယခု့မူ.သိုင်းပညာအရာတွေအဆင့်လွန်အထိပေါက်ရောက်နေသည်ကိုတွေ့လိုက်ရသောကြောင့့်..အံသြသွားရသည်ကတစ်ကြောင်း..၊ မိမိအတွက်ကြောင့်နှင့်..လီဂျိုစူး၏လက်ဝါးဒဏ်ကြောင့်သေသွားပြီဟု့ထင်လိုက်ရသောကြောင့်..ဝမ်းနည်း၍နာကျဉ်မိသည်ကတစ်ကြောင်း၊ မိမိ၏ချစ်သူအား..သေအောင်ရက်စက်စွာရိုက်နှက်လိုက်သည်ကိုမြင်လိုက်ရသောကြောင့်..လီဂျိုစူးအားလွန်စွာနာကျည်းမိသည်ကတစ်ကြောင်းကြောင့်..ဖြစ်သည်။


ထို့သို့့..ခံစားချက်များပြင်းထန်လွန်းသောကြောင့်..နောက်ထပ်တစ်ခါသွေးများ..အဆုပ်လိုက်အန်ထွက်ပြီး လု့မေတစ်ယောက်..မေ့မြောသွားလေသည်။


ထိုအချိန်တွင်..လီဂျိုစူး၏မျက်နှာထက်ဝယ်..အပြုံးရိပ်များဆင်မြန်းလျက်ရှိသည်။


ဤမျှပြင်းထန်သောလက်ဝါးရိုက်ချက်သည်..ဆင်တစ်ကောင်ကိုပင်..တစ်စစီဖြစ်သွားနိုင်စွမ်းရှိသည်။ 


•မသေနိုင်ရိုးမှန်လျှင်.ထိုကောင်လေးသည်လူမဟုတ်လောက်တော့ဘူး• ဟု့ လီဂျိုစူးတွေးလျက်ရှိပြီး.ပြုံးနေခြင်းဖြစ်သည်။


သို့သော်..အားလုံးမထင်မှတ်ထားတာဖြစ်လာလေသည်။ဤသည်ကား..လဲကျနေသောကျိကျွေ..လှုပ်ရှားလာသောကြောင့်ပင်ဖြစ်သည်။


``.ဟင်..ဒါ..ဒါ..လုံးဝမဖြစ်နိုင်ဘူး´´


လီဂျိုစူး..ဒီအခါတွင်တော့.သေမလောက်သွေးပျက်သွားလေသည်။ရှောင်လင်ကျောင်းအတွင်းမှ သူများအားလုံးလည်းပါးစပ်အဟောင်းသားဖြစ်သွားကြသည်။ 


ကျိကျွေ.မက်တပ်ပြန်ရပ်လာသောကြောင့်ပင်ဖြစ်သည်။သူတို့မသိသေးသည့်အချက်မှာ..ကျိကျွေတွင်..ဓားမတိုး၊လှံမတိုး၊အဆိပ်ပြီးသော.ရွှေကိုယ်ကြပ်ချပ်ဝတ်တန်ဆာအား..ဝတ်ဆင်ထားသည်ဆိုတာကိုပင်။


``..ဒါ..ဒါ..ဘယ်လိုလို့ဖြစ်နိုင်မှာလဲ.´´


လီဂျိုစူး၏..ကယောင်ချောက်ချားစကားများဖြင့့်အံသြမင်သက်နေချိန်တွင်..ကျိကျွေ..ဖုန်များခါလိုက်ပြီးနောက်.သူ၏မျက်နှာအားစည်းထားသောပိတ်စအားဖယ်လိုက်ပြီး.``.ခဗျား.ရဲ့.အစွမ်း ဒာအကုန်ပဲလား..´´ ဟု့ လီဂျိုစူးအားမေးလိုက်လေသည်။


 ကျိကျွေ၏မျက်လုံးများမှာအစိမ်းရောင်များတောက်ပနေသောကြောင့်...လွန်စွာထိပ်လန့်ဖွယ်ကောင်းလှသည်။


.ပွဲကြည့်သူအပေါင်းမှာတော့.အံသြထိပ်လန့်စိတ်များကြောင့်..ပါးစပ်အဟောင်းသားဖြင့်.စကားသံတစ်ခွန်းမျှပင်မဖွင့်ဟနိုင်တော့ပေ။ 


လီဂျိုစူး၏စိတ်ထဲတွင်တော့..မိမိသည် ဒီကောင်လေး (ကျိကျွေ)အား.မယှဉ်နိုင်တော့ဟု့ထင်သွားလေသည်။


ဧကန်စစ်စစ်.လီဂျိုစူးသည်ကား..ကျိကျွေထက်.အတွင်းအားအရာကော၊သိုင်းပညာအရာကော.တစ်ဆင့်မြင့်လေသည်။


သို့သော်.ကျိကျွေတွင်.ရွှေကိုယ်ကြပ်အင်္ကျီရှိသည်ကတစ်ကြောင်း.၊.စစ်မှန်သန့်စင်သည့်အတွင်းအားပညာရပ်တက်မြောက်ထားသည်ကတစ်ကြောင်း.၊.လေပွေလက်ဝါးကွက်သုံးနေစဉ်.အရိုက်ခံလိုက်ရသည်ကတစ်ကြောင်းကြောင့်.လီဂျိုစူး၏ရိုက်ချက်အား..ခံသာသွားခြင်းဖြစ်သည်။.


.သို့ပေမယ့်.

ကျိကျွေသည်လည်းအတွင်းဒဏ်ရာရရှိနေပြီဖြစ်သည်။


ဤသည့်အချက်များအား..မသိသောလီဂျိုစူးမှာ.ကျိကျွေအား..ထိပ်လန့်ကြောက်ရွံနေလေသည်။


``.ခဗျားရဲ့အစွမ်းဒါအကုန်ပဲလား´´ဟု့ အမေးခံလိုက်ရသောကြောင့်လည်း..လွန်စွာမှပင်ရှက်ရွံ၍ဒေါသထွက်လျက်ရှိ၏။


ထို့ကြောင့်...နောက်ဆုံးဝှက်ဖဲအားအသုံးပြု့ရလေတော့သည်။


``.ကောင်လေး..မင်းကငါ့ထက်စွမ်းပါပေတယ်..ဒါပေမယ့်.ငါ့အစွမ်းမကုန်သေးဘူး ဒီမှာကြည့်´´


ပြောပြောဆိုဆိုလီဂျိုစူးမှာ..သူ၏ကျောမှလွယ်ထားသော.ကျောက်စိမ်းနဂါးဓားအား.ထုတ်ကာ..ဓားဆီသို့အတွင်းအားများပို့လွှတ်လိုက်သည်။ 


ထိုအခါ ကျောက်စိမ်းနဂါးဓားမှ..အစိမ်းရောင်ဓားလှိုင်းများစူးရှစွာထွက်ပေါ်လာပြီး.

ဓားတစ်ခု့လုံးနေ့ရောင်၌ပင်..လင်းထိန်နေလျက်ရှိသည်။.


ထိုအဖြစ်အပျက်အား..ရှောင်လင်ကျောင်းအတွင်းမှ.ပွဲကြည့်သူအပေါင်းမြင်တွေ့ရသော်..လွန်စွာထိပ်လန့်သွားကြပြီး..ကျောင်းဆောင်အတွင်းသို့ပြေးဝင်ကြတော့သည်။


မပြေး၍လည်းမဖြစ်..မကြာခင် ပိုမိုကြမ်းတမ်းသော..တိုက်ပွဲတစ်ခု့ဖြစ်လာဦးမည်မှာမြေကြီးလက်ခက်ပင်.လွဲမည်မဟုတ်သောကြောင့်ပင်။


လီဂျိုစူးလက်ချက်နှင့်လဲကျနေသော.ဆရာတော်လိထင်းနှင့်လု့မေအား..ဂိုဏ်းချုပ်ကြီးလေးဦးမှာ..ကိုယ်ဖော့ပညာဖြင့်လျှင်မြန်စွာပင်ကျောင်းဆောင်အတွင်းသို့သယ်ယူခော်ဆောင်သွားလေသည်။


ုပြီးနောက်..ရှောင်လင်ကျောင်းဆောင်ကြီး၏ပြတင်းပေါက်တံခါးများမှတစ်ဆင့်..ကျိကျွေနှင့်လီဂျိုစူး၏တိုက်ပွဲအားဆက်လက်စောင့်ကြည့်နေကြသည်။.


မည်သူအနိုင်ရရှိမည်နည်း.မည်သူ.သည်ပို၍အစွမ်းထက်လေသနည်း..လွန်စွာသိချင်နေသောကြောင့်ပင်ဖြစ်သည်။


လီဂျိုစူး.ကျောက်စိမ်းနဂါးဓားအားအနည်းငယ်.လှုပ်ရှားလိုက်သည်။.လွန်စွာကြီးမားသောဓားလှိုင်းများထွက်ပေါ်လာသည်။.


``.ရွှမ်း..ရွှမ်း...´´


``.မင်းခန္ဓာကိုယ်သံမဏိဖြစ်နေရင်တောင်..ငါအပိုင်းပိုင်းဖြတ်ပြမယ်.´´

လီဂျိုစူး

တစ်ချက်ပြုံး၍ကြုံးဝါးလိုက်သည်။သူမသိသေးသည့်အချက်ကား..ကျိကျွေတွင်.လည်း အလွန်အစွမ်းထက်လှသည့်.နတ်မြွေဓားရှိသည်ဟူသောအချက်ပင်ဖြစ်သည်။


ကျိကျွေသည်ကား..တုတ်တုတ်မျှပင်မလှုပ်သေးချေ။

လီဂျိုစူး..လျှင်မြန်သောအရှိန်ဖြင့်.ကျိကျွေဆီသို့ပြေးဝင်သွားကာ..ဓားချက်များထုတ်ဖော်လိုက်သည်။


``..ရွှမ်း..ရွှမ်း..ရွှမ်း....´´


ကြီးမားသောဓားအလင်းတန်းများထွက်ပေါ်လာပြီး..ကျိကျွေဆီသို့ဦးတည်ဝင်ရောက်သွားသည်။ ကျိကျွေတုတ်တုတ်မျှမလှုပ်သေးချေ။


ရှောင်လင်ကျောင်းဆောင်အတွင်းမှ.ကြည့်နေသူအပေါင်းမှာ..အသည်းတယားယားဖြစ်နေကြလေသည်။


 ဓားအလင်းတန်းများကျိကျွေအားထိရန်.လက်တစ်ကမ်းအလိုတွင်..ကျိကျွေ၏လက်တစ်ဖက်လှုပ်ရှားလိုက်လေသည်။


 မျက်လှည့်ပြသကဲ့သို့ပင်ကျိကျွေ၏လက်ထဲတွင်..ဓားတစ်ချောင်း ရောက်ရှိနေပြီး..လီဂျိုစူး၏ဓားအလင်းတန်းများအားပြန်လည်ချေပလိုက်သည်။ပြီးနောက်လီဂျိုစူးထံသို့.တစ်ဆက်ထဲပြေးဝင်သွားသည်။


•မျက်မမြင်လူငယ်လေးလက်ထဲဘယ်ကဓားရောက်သွားတာပါလိမ့်.•.ဟူသောအတွေးပေါင်းများစွာဖြင့်.ပွဲကြည့်သူအပေါင်းပဟေဋ္ဌိဖြစ်သွားလေသည်။


 ဧကန်စစ်စစ်..ကျိကျွေသူ၏နတ်မြွေဓားအား..ခါးမှဆွဲယူလိုက်ခြင်းဖြစ်သည်။လွန်စွာလျှင်မြန်သောကြောင့်.မည်သူမျှမမြင်လိုက်ရခြင်းဖြစ်သည်။


လီဂျိုစူးပင်လျှင်.ဒီကောင်လေးလက်ထဲဘယ်ကဓားရောက်သွားတာပါလိမ့်ဟု့.စဉ်းစားရကြပ်သွားလေသည်။


ထိုအချိန်တွင်ကျိကျွေသည်..လီဂျိုစူးထံသို့ပြေးဝင်လာပြီး..အတွင်းအားအပြည့်ထည့်ကာ..လီဂျိူစူးအားပိုင်းချလိုက်တော့သည်။


လီဂျိုစူးသည်လည်း..ကျိကျွေ၏ဓားအားသာမာန်ဓားကဲ့သို့သာထင်၍..ပြန်လည်၍.အားမာန်အပြည့်ထည့့်ကားပိုင်းချလိုက်တော့သည်။


 သက်ရှိကဲ့သို့အစွမ်းထက်လှသော..နတ်မြွေဓားနှင့်.သိုင်းလောကရဲ့ပြိုင်ဘက်ကင်းကျောက်စိမ်းနဂါးဓားတို့ထိပ်တိုက်တွေ့ဆုံကြသောအခါ


``..ထှန်း..ရွှမ်း....ဝုန်း..အုန်း...´´


ဓားနှစ်လက်ထိမိကြသောအခါ...ပြင်းထန်သောလှိုင်းများထွက်ပေါ်လာကာ..ကျိကျွေနှင့်လီဂျိုစူးမှာ.

..အနောက်သို့ပြန်လည်လွင့်စင်ထွက်သွားကြလေသည်။


``.ဟင်...´´


လီဂျိုစူးသိလိုက်ပါပြီ။ကျိကျွေ၏ဓားသည်လည်းသာမာန်အညတရ.ဓားမဟုတ်ပေမှန်း။ 


ကျိကျွေ..ဓားအက္ခရာ၆ချက်ထဲမှ..နာမ်ပတ်၁ သိုင်းကွက်အားထုတ်ဖော်လိုက်သည်။စက္ကန့်ပိုင်းအတွင်းဓားအက္ခရာစာတန်းများရေးဆွဲလိုက်ပြီး..ဓါး.အားဝှေ့ယမ်းလိုက်သောအခါ..ပြင်းထန်လှသောဓားလှိုင်းများလီဂျိုစူးထံသို့ပြေးဝင်သွားလေသည်။


လီဂျိုစူးသည်လည်း...အစွမ်းကုန်ရှောင်၍..ဓားလှိုင်းများကျိကျွေဆီသို့ပစ်လွှတ်လိုက်သည်။


လီဂျိုစူး၏တိမ်မုန်တိုင်းသိုင်းကျမ်းသည်ကားအလွန်အစွမ်းထက်သောသိုင်းကျမ်းပင်ဖြစ်သည်။လက်သီး၊လက်ဝါး၊လက်နက်အဖြစ်လည်း..လိုသလို.သိုင်းကွက်များအားကစားနိုင်ပေသည်။


ထို့ကြောင့်.သူ၏ဓားလှိုင်းများမှာ.ဓားမုန်တိုင်းကဲ့သို့အလင်းတန်းများစူးရှစွာ.ကျိကျွေထံသို့ပြေးဝင်သွားလေတော့သည်။.


ကျိကျွေ..လျှင်မြန်စွာပင်..ဓားအက္ခရာ ၄အချက်အားထုတ်သုံးလိုက်သည်။


သူ၏ခန္ဓာကိုယ်မှာလေပွေကဲ့သို့လှည့်ပတ်နေပြီးဓားဖြင့့်..အက္ခရာစာလုံးများဖော်လိုက်သည်။


ထိုစာလုံးများမှာ..အကာအကွယ်ပုံစံဖြင့်.ကျိကျွေအား..လီဂျိုစူး၏ဓားမုန်တိုင်းအလင်းချက်များထိုးနှက်ခြင်းမှ.ကာကွယ်ပေးထားလေသည်။


 ဤကဲ့သို့ဖြင်တိုက်ပွဲမှာ..အချိန်အနည်းငယ်ကြာမြင့်လာလေသည်။.နှစ်ဦးနှစ်ဖက်.အတွင်းအားများလွန်စွာကုန်ခမ်းချိနဲ့လာကြသည်။


ထို့အတူ..တစ်ဦးအစွမ်းတစ်ဦးသိထားကြလေပြီမို့..လွယ်လွယ်နှင့်အနီးကပ်မတိုက်ခိုက်ဝံကြတော့ချေ။ 


တစ်ချက်မှားသည်နှင့်ခေါင်းပျက်မည့်အရေးမို့..တစ်ယောက်အငိုက်ကိုတစ်ယောက်စောင့်နေကြလေသည်။


 ထို့နောက်..နှစ်ဦးသား.သူတို့၏စိတ်များအားဓားပေါ်မှာပင်စု့နှစ်လိုက်သည်။ 


ဤသည်ကား..သူသေကိုယ်သေတိုက်ကွက်အတွက်..ပြင်ဆင်လိုက်သည်ဖြစ်မှန်း..ပွဲကြည့်သူအပေါင်းရိပ်မိလိုက်ကြသည်။


ကျိကျွေ..မျက်လုံးအားမှတ်ထားလိုက်ပြီး..စိတ်ကိုအတည်ငြိမ်ဆုံးထားကာ..အတန်ကြာအောင်ငြိမ်သက်နေလေသည်။


သို့သော်..သူ၏စိတ်အစဉ်သည်ကား..လုံးဝမအေးချမ်းပေ။မိမိ၏ချစ်သူမိန်းကလေးအားရက်စက်စွာ..တိုက်ခိုက်လိုက်သည် လီဂျိုစူးအား  သတ်ပစ်ချင်သောစိတ်တို့သည်..လွန်စွာမှပင်လွှမ်းမိုးထားလေသည်။


စိတ်ကိုတည်ငြိမ်အောင်ဆောက်တည်၍မရပေ။ဤသည်ကား..ကျိကျွေ၏ဒေါသအမှားပင်ဖြစ်သည်။


လီဂျိုစူးကတော့မူ..သံယောဇဉ်မွယ်နှောင်မှု့မရှိသောသူဖြစ်သောကြောင့်....ဒေါသတရားတို့အားချုပ်တီးကာ.စိတ်ကိုအတည်ငြိမ်ဆုံးထားလိုက်နိုင်သည်။


ကွမ်းတစ်ယာညက်ခန့်အချိန်ထိငြိမ်သက်နေကြရာမှ..ပြိုင်တူလှုပ်ရှားလိုက်သည်။.


သူတို့၏ခန္ဓာကိုယ်များပျောက်ကွယ်သွားပြီး...အလင်းတန်းးများဖြစ်သွားကြသည်။ပြီးနောက်..ထိုအလင်းတန်းနှစ်ခု့ထိပ်တိုက်ဆုံတွေ့ကြပြီး..ဟိုနေရာပေါ်လိုက်ဒီနေရာပေါ်လိုက်နှင့်...အလွန်လျှင်မြန်လွန်းစွာတိုက်ခိုက်နေကြသည်။ဤသို့ဖြင့်


``..ရွှမ်း...ရွှပ်..ရွှပ်...ဘုတ်´´


ဓားကိုင်ထားသောလက်တစ်ဖက်..ပြတ်ထွက်၍ လွင့်ကျလာလေသည်။


ထိုအတူ.``အုန်း.´´ဟူသောကျယ်လောင်သောအသံနှင့်အတူ..လီဂျိုစူးလွင့်ထွက်လာပြီး..သွေးများတစ်ပွက်ပွက်အန်ထုတ်နေသည်။


ပြီးနောက်ကျိကျွေ..ပြန်ပေါ်လာလေသည်။သို့သော်..ကျိကျွေ၏ညာဘက်လက်တစ်ဖက်.အရင်းမှပျက်ထွက်နေလေသည်။


.ဧကန်စစ်စစ်..တိုက်ခိုက်ရာတွင်..ကျိကျွေမှာအတွင်းဒဏ်ရာရရှိထားသည်ကတစ်ကြောင်း၊လီဂျိုစူးသည်ကျိကျွေထက်အတွင်းအားသာသည်ကတစ်ကြောင်း၊လီဂျိုစူးသည်တိုက်ပွဲအတွေ့အကြုံရှိသည်ကတစ်ကြောင်းကြောင့်...ကျိကျွေ..လီဂျိုစူးအားရှုံးနိမ့်ခဲ့ရလေသည်။


.လီဂျိုစူး၏ဓားချက်ကြောင့်ကျိကျွေ၏လက်တစ်ဖက်ပြတ်ထွက်သွားရသလို...ကျိကျွေ၏ ကမ္ဘာဖြိုလက်ဝါးသိုင်းကျမ်းထဲမှ.. သွေးလက်ဝါး (မိမိ၏သွေးထွက်မှ ပို၍အစွမ်းထက်သည့်သိုင်းကွက်)ဖြင့်..ဘယ်ဘက်လက်တွင်အတွင်းအားအကုန်ပို့၍..လီဂျိုစူးအားရိုက်ထည့်လိုက်သောကြောင့်.လီဂျိုစူးသည်လည်းလွင့်ထွက်လာရခြင်းဖြစ်သည်။


ကျိကျွေသွေးများဒလဟောထွက်နေသော.ညာဘက်လက်ပြတ်နေရာကြီးအား..သွေးကြောများထိုးပိတ်လိုက်သည်။

.ပြီးနောက်လီဂျိုစူးအားတစ်ချက်စူးရှစွာကြည့်လိုက်လေသည်။


လီဂျိုစူးသည်ကား..မသေရုံတမယ်သွေးများအပွက်လိုက်အန်နေရာမှ..ကျိကျွေအား..စူးစိုင်စွာတစ်ချက်ပြန်ကြည့်ပြီး..ကိုယ်ဖော့ပညာအစွမ်းကုန်သုံးကာထွက်ပြေးပျောက်ကွယ်သွားလေတော့သည်။


ကျိကျွေ၏လက်ဝါးရိုက်ချက်ကြောင့်..လီဂျိုစူး..မသေရုံတမယ်အတွင်းဒဏ်ရာရရှိသွားသည်ဟု့ထင်ရလေသည်။


ကျိကျွေသည်လည်း..လီဂျိုစူးထွက်ခွာသွားမှ..ဒူးထောက်ထိုင်ချလိုက်ပြီး..သွေးများထိုးအန်လေတော့သည်။


ထိုအခါမှ.ရှောင်လင်ကျောင်းဆောင်အတွင်းမှ..ရှောင်လင်ကိုယ်တော်များ ၊ဂိုဏ်းချုပ်ကြီးများပြေးထွက်လာကြလေသည်။


__________________


rate now: