#နတ်ဆေးဆရာနှင့်ငရဲမင်း၏သမီးတော်#
ကျားသစ်မလေးကဲ့သို့ရဲဝံ.သော..လု့မေပင်လျှင် တွေ့လိုက်ရသောမြင်ကွင်းကြောင့် သွေးပျက်မတက်ထိပ်လန့်သွားရသည်။ အဘယ်ကြောင့်ဆိုသော် .ရှောင်လင်ကျောင်းလိုနေရာမျိုးတွင်.သွေးများ ပုံးဖြင့်သွန်ထားသကဲ့သို့..အိုင်ထွန်းနေသောကြောင့်ပင်ဖြစ်သည်။
လု့မေကဲ့သို့ပင် ကျိကျွေလည်း သွေးပျက်သွားလေသည်။
``.ရှောင်လင်ကျောင်းအတွင်းမှာတစ်ခု့ခု့တော့ဖြစ်နေပြီ..´´
လု့မေထိုမျှသာပြောပြီး .ကျိကျွေ.လက်အားဆွဲကာ..ရှောင်လင်ကျောင်းလှေကားထစ်များပေါ်သို့ပြေးတက်လိုက်တော့သည်။
___________
ကြီးမားလှသောရှောင်လင်ကျောင်းဆောင်ကြီး၏.အရှေ့..ရှောင်လင်ကိုယ်တော်များသိုင်းကျင့်ရာ..မြေကွက်လပ်ကြီးတွင်..ယခု့..ကျောတွင်ကျောက်စိမ်း
နဂါးဓားအားလွယ်ထားသောလူကြီးတစ်ဦးရှိနေသည်။
ထိုအတူ..ထိုလူကြီးအား..ဝန်းရံထားသော..ရှောင်လင်ကိုယ်တော်အများအပြားလည်းရှိနေကြသည်။
ထိုအချိန်..ရှောင်လင်ကျောင်းဆောင်ကြီးအတွင်းမှ..ဆရာတော်လိထင်း..၊ တာမောဆရာတော် ပု့ကျင်း၊
နဂါးနိကိ်ုယ်တော် ပု့စူး၊စည်းကမ်းကြီးကြပ်ရေးမှုးဆရာတော်လောက်ဖန်၊
ဝူတန်ဂိုဏ်းချုပ်လောက်ထူ၊သူတောင်းစားဂိုဏ်းချုပ်..ဟုန်ချိခုန်း၊ခွန်းလွန်ဆရာကြီးယွဲထို..နှင့်ငိုမီဂိုဏ်းချုပ်ဆရာမကြီးရှားပု့အော် တို့ထွက်လာကြသည်။
သူတို့၏မျက်နှာတွင်တော့.စိုးရိမ်မှု့များအတိုင်းသားပေါ်လွင်နေကြသည်။
ပြီးနောက်..ဦးစွာ..ဆရာတော်လိထင်းမှ..
``ဒကာကြီး.လီဂျိုစူး..ကျုပ်တို့ရှောင်လင်ကိုအဘယ်အရေးကိစ္စကြောင့်ရောက်လာရပါသလဲ´´
``ဟားဟား..ဘာကြောင့်ရောက်လာသလဲဟုတ်လား..ကျုပ်ကိုချောက်ထဲကျအောင်လုပ်တဲ့.
.ခဗျားတို့ရှောင်လင်ကျောင်းကို.အမြစ်ပြတ်သုတ်သင်ဖို့ပဲ.´´
လီဂျိုစူးစကားကြောင့်ဆရာတော်လိထင်းမှာ..ကြေကွဲဟန်ဖြင့်သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ပြီး
`` အင်း..ဒကာကြီးကအာဃာတ တရားတွေအလွန်ကြီးမားနေပါလား..ပြသနာက.ရှောင်လွဲလို့ရတော့ဟန်မတူဘူး...ဒီတော့.ဒကာကြီးကိုကျုပ်တစ်ခု့လောက်မေတ္တာရပ်ခံပါရစေ´´
ဆရာတော်လိထင်းစကားကြောင့်.လီဂျိုစူးမှာ..သုံမှုန်သောမျက်နှာထားနှင့်.
`` ဘာကိုမေတ္တာရပ်ခံချင်တာလည်းဆရာတော်က´´
`` ဒီလိုပါ..ဒကာကြီးကိုချောက်ထဲကျအောင်လုပ်ခဲ့တာအရင်ဆရာတော်ကြီးပါ..
ခု့တော့အရင်ဆရာတော်ကြီးကပျံလွန်တော့မူသွားခဲ့ပြီ..ဒီတော့ဆရာတော်ကြီးအစား..
လက်ရှိဆရာတော်ဖြင့်နေတဲ့ကျုပ်နဲ့ပဲ.တိုက်ခိုက်စေလိုတယ်.အခြားအပြစ်မရှိတဲ့သူတွေကိုတော့ခွင့်လွတ်ပေးပါလို့တောင်းဆိုချင်တာပါ´´
လီဂျိုစူးလိုရက်စက်ယုတ်မာတက်သော.ပုဂ္ဂိုလ်မျိုးထံမှ..ထိုသို့သောတောင်းဆိုမှု့သည်..မည်သို့မျှအရာထင်မည်မဟုတ်ချေ။သို့သော်လီဂျိုစူးသည်..အကြံအစည်ကြီးမားသောသူမို့...
``.ကောင်းပြီလေ..ရှုံးရှုံးနိုင်နိုင်ကျုပ်ထွက်သွားပေးပါ့မယ်´´
လီဂျိုစူး၏စကားအား..ဂိုဏ်းချုပ်ကြီးများ .လုံးဝမယုံကြည်ပေ။
.သို့သော်.ယခု့မှပင်..ဆရာတော်လိထင်းမှ..မိမိတို့အား.•.ဒကာကြီးတို့ကိုလီဂျိုစူးနှင့်မတိုက်ခိုက်ခိုင်းပါဘူး•ဟူသော.စကားအားပြန်လည်ကြားယောင်လာမိသည်။
ရှောင်လင်ဆရာတော်လိထင်း၏.
ကြိုတင်တွေးခေါ်နိုင်စွမ်းကိုလည်းချီးကျူးမိနေသည်။
.အကယ်၍လီဂျိုစူးဘက်မှ..ကတိဖျက်ကာရှောင်လင်ကျောင်းအားတိုက်ခိုက်လာလျှင်ထိုအခါမှသာ..မိမိတို့အနေနှင့်.ဝင်ရောက်တားဆီးရပေမည်ဖြစ်သည်။
သို့သော် လီဂျိုစူးတွင်လည်း..အကြံနှင့်ပင်ဖြစ်သည်။
ထိုအရာများအား..ကြိုတင်ရိပ်မိ၍ ကျူးရင်အား.အရိုးပျော့အဆိပ်ငွေ့များ
..ဖြန်းရန်.ကြိုတင်တာဝန်ပေးထားပြီးဖြစ်သည်။.
လီဂျိုစူးအနေနှင့်..ကျောက်စိမ်းနဂါးဓားလည်းရှိသည်မို့..ရှောင်လင်ကိုယ်တော်များနှင့်ဂိုဏ်းချုပ်အပေါင်းအား.လုံးဝဂရု့မစိုက်ပေ။
ဒါဆိုလီဂျိုစူး..ဘာကိုကြောက်သနည်း။မှန်၏..လီဂျိုစူးကြောက်သည်ကား..ငရဲမင်းရှစ်ပါးနှင့်နတ်မင်းကြီးလေးပါး.ဟူသော..သက်တော်ရှည်ရှောင်လင်ဘုန်းတော်ကြီးများပင်ဖြစ်သည်။
ထိုသက်တော်ရှည်ဘုန်းတော်ကြီးများသည်..ရှောင်လင်ကျောင်း၏.အစောက်အရှောက်များဖြစ်ပြီး..ရှောင်လင်ကျောင်းပျက်စီးမည့်အရေးကိစ္စမှ..ထွက်ပေါ်လာကြသောပုဂ္ဂိုလ်ကြီးများလည်းဖြစ်သည်။
ထိုပုဂ္ဂိုလ်များသည်..ဂူအောင်း၍တရားကျင့်နေကြပြီး..လွန်စွာအစွမ်းထက်မြက်သောသူများဖြစ်သည်။
.လီဂျိုစူ့းအနေနှင့်..ထိုပုဂ္ဂိုလ်များနှင့်တိုက်ခိုက်ရသည်ရှိသော်..နိုင်၏မနိုင်၏မသေချာသောကြောင့်..ကျူးရင်အားအဆိပ်များဖြန်းခိုင်းထားခြင်းဖြစ်သည်။.
ဆရာတော်လိထင်းမှ..
``ကဲ..ဒါဆိုဒကာကြီး
ကျုပ်တို့တိုက်ပွဲစလိုက်ကြရအောင်´´
ဆရာတော်၏စကားအဆုံး၌.လီဂျိုစူးအားဝန်းရံထားသောရှောင်လင်ကိုယ်တော်များအနောက်သို့..ဆုတ်သွားကြပြီးတိုက်ပွဲအတွက်လမ်းဖယ်ပေးကြသည်။
ဦးစွာဆရာတော်လိထင်းမှ..ဗုဒ္ဓလက်ဝါး..သိုင်းကွက် အား..ခင်းလိုက်လေသည်။.အတွင်းအားနက်ရှိုင်းသောကြောင့်..သူတို့ဘေးပတ်ပတ်လည်တွင်လေလှိုင်များတုန်ခါလာသည်။.
လီဂျိုစူးသည်ကား..တုတ်တုတ်မျှပင်မလှုပ်သေးချေ။ဆရာတော်လိထင်း..သိုင်းကွက်များထုတ်ပြီးလီဂျိုစူးထံသို့ပြေးဝင်သွားလေသည်။လွန်စွာလျှင်မြန်လွန်းပေသည်။
ရိပ်ခနဲမျှပင်..တွေ့လိုက်ရသောကြောင့်..ဆရာတော်၏သိုင်းပညာအား..နံဘေးမှဂိုဏ်းချုပ်ကြီးပင်..ထိပ်လန့်ချီးကျူးလိုက်ကြသည်။
``.ကျား...ဝုန်း..ရော့..´´
သ်ို့သော်..ဆရာတော်လိထင်းလျှင်မြန်သည်ဆိုသည်မှာ..လိဂျိုစူးအား..မမှီသေးချေ။ဆရာတော်၏လက်ဝါးများကြားမှလီဂျိူစူးသည်လျှင်မြန်စွာရှောင်လိုက်သည်။
သို့သော်ပြန်လည်တိုက်စစ်မဆင်ပေ။ဤသို့ဖြင့်.ဆရာတော်မှာတိုက်ခိုက်ရင်း..လီဂျိုစူးမှာရှောင်လိုက်ရင်းနှင့်တိုက်ပွဲမှာ.အချိန်အနည်းငယ်ကြာမြင့်လာတော့သည်။
.တိုက်ပွဲအခြေအနေကြည့်ရုံမျှနှင့်.မည်သူသည်ပိုအစွမ်းထက်သနည်းဆိုသည်မှာ..လယ်ပြင်မှာဆင်သွားသကဲ့သို့ထင်းထင်းကြီးပေါ်နေလေသည်။
ဤသည်ကားလီဂျိုစူးမည်မျှအစွမ်းထက်သနည်း.မေးကြည့်စရာမလိုအောင်ပင်သိရှိနေရပြီမဟုတ်ပါလော။.
သူတို့၏တိုက်ပွဲမှာ..လွန်စွာလျှင်မြန်သောကြောင့်..သာမာန်ရှောင်လင်ကိုယ်တော်များမှာ လက်ဝါးရိပ်များနှင့်လူရိပ်.သာလျင်ြမင်နေရလေသည်။
.သို့သော်ဝါရင့့်ပုဂ္ဂိုလ်များဖြစ်သော..တာမောဆောင်ဆရာတော်၊နဂါးနီဆရာတော်၊စည်းကမ်းထိမ်သိမ်းရေးမှုးဆရာတော်နှင့်ဂိုဏ်းချုပ်ကြီးလေးဦးတို့မှာတော့.တိုက်ပွဲအား.ရှင်းရှင်းလင်းလင်းမြင်တွေ့နေရသောသူများဖြစ်သည်မို့..မျက်စိမျက်နှာပျက်နေကြလေသည်။
ထိုအတူလီဂျိုစူး၏..သိုင်းပညာအစွမ်းအားမျက်ဝါးထင်ထင်မြင်တွေ့လိုက်ရမှ..ထိပ်လန့်နေကြသလို...လေကြီးမိုးကြီးကြွားဝါခဲ့သော..
ခွန်းလွန်ဆရာကြီးယွဲ့ထိုကတော့..ကြက်ကြီးလည်လိမ်ထားခံရသကဲ့သို့..ဖြစ်နေလေတော့သည်။
လီဂျိုစူးသည်ရှောင်ရုံမျှသာရှောင်နေသောကြောင့် ..ဆရာတော်လိထင်း.မောပန်းလာလေသည်။
ထို့ကြောင့်..အနောက်သို့ပြန်ခုန်ဆုတ်လိုက်ပြီး..သိုင်းကွက်အသစ်ထပ်ဖော်လိုက်တော့သည်။ဒီအခါတွင်တော့..ဆရာတော်လိထင်းသူ၏အတွင်းအားများအားအဆင့်အမြင့်ဆုံးထား၍အသုံးပြု့နေခြင်းဖြစ်သည်။
ထို့ကြောင့်..သူ၏နံဘေးပတ်ပတ်လည်..ကြီးမားသောလက်ဝါးရိပ်ကြီးများဖြစ်ပေါ်လာတော့သည်။
ထိုအခြင်းအရာကြောင့်..လီဂျိုစူးသည်လည်းမပေါ့တော့ပေ။.သိုင်းကွက်တစ်ကွက်ထုတ်လိုက်သောအခါ...သူ၏နံဘေးပတ်ပတ်လည်တွင်..ပြင်းထန်လွန်းသောအတွင်းအာလှိုင်းများလှည့်ပတ်နေတော့သည်။.
ကနဦးအစက..ရှောင်ရုံသာရှောင်နေခြင်းမှာ...လု့ဖန်းသိုင်းကျမ်းများခိုးရန်အတွက်အချိန်ဆွဲထားခြင်းဖြစ်သည်။ယခု့မူပြန်လည်တိုက်စစ်မဆင်ပဲမနေဝံ့တော့ပေ။.
ထို့ကြောင့်..သိုင်းကွက်ထုတ်ဖော်လိုက်ခြင်းဖြစ်သည်။ ထိုအခိုက်..ဆရာတော်လိထင်း၏လက်ဝါးလှိုင်းကြီးများ..လီဂျိုစူးဆီးသို့ပြန်ဝဲလာတော့သည်။
.လီဂျိုစူးလည်း..လျှင်မြန်စွာ.ပွတ်ကာသီကာ.ရှောင်တိမ်းလိုက်ပြီး..ဆရာတော်လိထင်းအားမညှာတော့ချေ ..အတင်းတရက်စက်ပြန်လည်၍ဖိတိုက်လေတော့သည်။
``.ဝုန်း..အုန်း...´´
.တိုက်ပွဲ၏ပြင်းထန်မှု့ကြောင့်..မြေပြင်များပင်တုန်လှုပ်သွားသည်။.ပြင်းထန်သောအတွင်းအားလှိုင်းလုံးကြီးအတွင်းတွင်.လီဂျိုစူးနှင့်ဆရာတော်.အသည်းအသန်တိုက်ခိုက်နေတော့သည်။
``..အုန်း..အုန်း.´´
တစ်ခါတစ်ရံလက်ဝါးခြင်းဆုံတွေ့သည့်အခါ..ထွက်ပေါ်လာသောအတွင်းအားလှိုင်းလုံးကြီးများကြောင့်..နံဘေးမှကြည့်နေကြသောသူများပင်အနောက်သို့..ရှဲသွားကြလေသည်။
ဧကန်စစ်စစ်..ဆရာတော်မှာအတွင်းအားအကုန်သုံးထားသော်လည်း..လီဂျိုစူးမှာအတွင်းအားထက်ဝက်ကျော်ခန့်မျှသာလျှင်သုံးထားခြင်းဖြစ်သည်။..
ထို့ကြောင့်တိုက်ပွဲမှာအချိန်ကြာမြင့်နေခြင်းဟု့လည်းပြောနိုင်သည်။ထိုသို့ကြာမှသာလျှင်..လု့ဖန်းသိုင်းကျမ်းများခိုးရသည်မှာလွယ်ကူမည်မဟုတ်ပါလော။
.လီဂျိုစူးနှင့်ဆရာတော်တို့၏တိုက်ပွဲအား..အခြားသူများစိတ်ဝင်တစား.မျက်တောင်မခက်တန်းကြည့်နေချိန်..လု့ဖန်းတစ်ယောက်..သိုင်းကျမ်းများခိုးဖို့ကြံဆောင်နေလေတော့သည်။.
လုဖန်းသည်ကျားသစ်နက်နှစ်ဖော်နှင့့်အတူ.သိုင်းကျမ်းများထားရာတာမောအဆောင်နားသို့ချဉ်းကပ်လိုက်သည်
ရှောင်လင်ဆရာတော်နှင့်လီဂျိုစူး၏တိုက်ပွဲကြောင့်..တာမောကျမ်းစာဆောင်တွင်စောင့်ရှောက်နေသောကိုယ်တော်မှာ..၂ဦးသာလျှင်ရှိပေသည်။
ဤသည်ကား..သိုင်းလောကကြီးပျက်စီးဖို့အကြောင်းဖန်လာရခြင်းပင်ဖြစ်သည်။.လု့ဖန်းတစ်ချက်မျှပြုံးကာ..ကျားသစ်နက်နှစ်ဖော်နှင့်အတူ..ကျမ်းစာစောင့်ကိုယ်တော်များဆီသို့ပြေးဝင်လိုက်သည်။
_________
``.ဝုန်း...အုန်း...´´
ကျယ်လောင်သောအသံကြီးနှင့်အတူ..ရှောင်လင်ဆရာတော်လိထင်းတစ်ယောက် လွင့်ထွက်လာ၏။.
.ထိုနောက်ပါးစပ်မှသွေးများအန်ထွက်နေတော့သည်။ လီဂျိုစူး၏ လက်သီးချက်ကြောင့့်ရရှိလိုက်သည့်.ဒဏ်ရာသည်ကား...မည်မှပြင်းထန်သည်မသိ။
ဆရာတော်လိထင်းတစ်ယောက်..အသက်ဝအောင်မနည်းပင်ရှူနေရလေသည်။ဆရာတော်လိထင်းနေရာတွင်အခြားသူသာဖြစ်လျှင်..အသွေးအသားများတစ်စစီဖြစ်မည်မှာဧကန်မု့ချပင်။
ဆရာတော်လွင့်ထွက်လာပြီးသွေးများအန်ထွက်နေမှု့ကြောင့်..ရှောင်လင်းကိုယ်တော်များပင်..မျက်ရည်ဝဲသွားရလေသည်။
ထို့အတူဂိုဏ်းချုပ်ကြီးများလည်း..ရင်ထဲစို့တက်၍.နာကျဉ်သွားရသလို..ထိပ်ထိပ်ပြာပြာဖြစ်သွားကြသည်။.
လီဂျိုစူးသည်ကား..ဤမျှနှင့်ကျေနပ်ဟန်မတူ..။လဲကျနေသော..ဆရာတော်လိထင်းထံသို့လျှင်မြန်စွာပြေးဝင်သွားပြီး.တိုက်ခိုက်ရန်ြပင်လိုက်တော့သည်။
ရုတ်တရက်မို့..ဂိုဏ်းချုပ်ကြီးများ.တာဆီးချိန်နောက်ကျသွားလေသည်။သို့သော်မထင်မှတ်သောဖြစ်ရပ်..ဖြစ်သွားလေသည်။
ဤသည်ကား..လီဂျိုစူး၏..လက်သီးချက်..ရှောင်လင်ဆရာတော်လိထင်းအားထိရန်အလိုတွင်..ဓားတစ်ချောင်း.လီဂျိုစူးထံသို့ပြေးဝင်လာသောကြောင့်ပင်။.
``ချွမ်´´``ထန်´´
ရှောင်တိမ်ချိန်မရတော့သောကြောင့်..လီဂျိုစူးထိပ်လန့်၍..အတွင်းအားဖြင့်ဓားအားပြန်လည်ပုတ်ထုတ်လိုက်သည်။ ထိုဓားအား..လှပစွာဖမ်းလိုက်သည်ကား
..ယောက်ျားလေးပုံစံဝတ်ထားသော..လု့မေပင်ဖြစ်သည်။
.ရှောင်လင်ကျောင်းဆောင်သို့ရောက်ရောက်ခြင်းလဲကျနေသောဘုန်းကြီးတစ်ဦးအား..လူတစ်ဦးမှာ
တိုက်ခိုက်ဟန်ပြင်နေတာတွေ့လိုက်ရသောကြောင့်. ဤကဲ့သို့ဓားဖြင့်လှမ်းပစ်လိုက်မိခြင်းဖြစ်သည်။
အချိန်ကောင်းအခါကောင်းရောက်လာသည်ဟု့လည်းပြော၍ပင်ရသည်။.ရှောင်လင်ကိုယ်တော်များနှင့်ဂိုဏ်းချုပ်ကြီးများ၏မျက်ဝန်းများတွင်တော့..လု့မေအားကျေးဇူးတင်သောအကြည့်များပြည့်နှက်နေသည်။
လု့မေ၏နံဘေးတွင်တော့..ကျိကျွေမှာ..မျက်မမြင်တစ်ယောက်ဖြစ်သည်နှင့်အညီ..ရပ်နေလျက်ရှိသည်။
လီဂျိုစူး၏ဒေါသတို့သည်..လု့မေဆီသို့စု့ပြုံကျရောက်သွားလေသည်။
``.ဂါး...ငါ့ကိစ္စမှာဝင်ရှုပ်တယ်ပေါ့လေ..သေပေတော့´´
လီဂျိုစူးသိုင်းကွက်တစ်ကွက်ထုတ်ကာမာန်ဟုန်အပြည့်ဖြင့်လု့မေဆီသို့ပြေးဝင်သွားလေသည်။.
လွန်စွာမှပင်လီဂျိုစူးမှာလျှင်မြန်သောကြောင့်..လု့မေ.ကြောက်ရွံတုန်လှုပ်သွားသည်။
ထို့ကြောင့်..နေမင်းတစ်ထောင်ဝင်္ဂဘာဓားသိုင်းမှ.ထက်မြက်သော..နေဝင်ချိန်အလင်းတန်း..ဟူသော.သိုင်းကွက်ဖြင့်အသင့်စောင့်ကြိုတိုက်ခိုက်လိုက်သည်။.
နေရောင်မှဖြာထွက်လာသော.အလင်းတန်းများကဲ့သို့ဓားအလင်းများထွက်ပေါ်လာပြီး..မြောက်မြားစွာသောဓားချက်များလီဂျိုစူးအားဖုံးအုပ်သွားလေသည်။.
သို့သော်ထိုဓားချက်များမှာလီဂျိုစူးလို..အဆင့်လွန်သိုင်းပညာရှင်အတွက်..ဖောက်ထွက်ရမခက်ခဲချေ။
.အတွင်းအားချင်းများစွာကွာနေသည်ကလည်းတစ်ကြောင်းမို့..ထိုဓားအရိပ်များအားဖောက်ထွက်လာပြီး.
လု့မေအားကြမ်းတမ်းစွာတိုက်ခိုက်လိုက်တော့သည်။
အဖြစ်အပျက်သည်မျက်စိတစ်မှတ်စာလေးအတွင်းတွင်ဖြစ်သွားခြင်းဖြစ်သည်။ ကျိကျွေသည်လည်း..လီဂျိုစူး..ဤမျှအစွမ်းထက်မည်မှန်းမထင်ခဲ့၍.ပေါ့ပေါ့တန်တန်နေခဲ့လိုက်မိခြင်းဖြစ်သည်။
.သို့သော်..ယခု့..လီဂျိုစူး၏လက်ဝါးချက်ကြောင့်..လု့မေတစ်ယောက်..ပေ၂၀မျှအထိလွင့်ထွက်သွားရလေသည်။လု့မေသည်နန်းတွင်းမှအတွင်းအားဆေးများမှီဝဲခဲ့သည်မို့အတွင်းအားနက်ရှိုင်းသောကြောင့်..အရိုးတစ်ခြားအသားတစ်ခြားမဖြစ်သွားရခြင်းပင်။နို့မဟုတ်ပါက...မတွေးဝံ့စရာပင်။
လု့မေလွင်ထွက်သွားစဉ် .လု့မေ၏ကျောက်စိမ်းခြူလေးမှာ..ပြုတ်ကျခဲ့လေသည်။.
လီဂျိုစူးတစ်ယောက်ထိုကျောက်စိမ်းခြူးလေးအား..စိတ်ဝင်တစားအမြန်ကောက်ယူလိုက်သည်။
.ပြီးနောက်.တစ်ခဏမျှကြည့်၍စိတ်ပျက်စွာပင်..အိတ်ကပ်ထဲထိုးထည့်လိုက်သည်။
လီဂျိုစူးအဘယ်ကြောင့်ထိုကျောက်စိမ်းပစ္စည်းလေးအားစိတ်ဝင်စားသွားရသနည်း။မှန်၏..သူ၏ကွဲကွာပျောက်ဆုံးနေသော..သမီးလေးတွင်ကျောက်စိမ်းဆွဲပြားလေးဆွဲပေးခဲ့ဖူးသောကြောင့်ပင်ဖြစ်သည်။
ထို့ကြောင့်..လု့မေကျခဲ့သောကျောက်စိမ်းခြူးလေးအား..ကောက်ယူကြည့်မိပြီးမှ..သူ၏သမီးလေးတွင်ဆွဲပေးလိုက်သောကျောက်စိမ်းပြားမဟုတ်သောကြောင့်စိတ်ပျက်စွာပင်..အိတ်ကပ်ထဲထည့်လိုက်ခြင်းပင်ဖြစ်သည်။
သူ၏သမီးလေးမဟုတ်သောကြောင့်..လီဂျိုစူး..လု့မေအားညှာတာပေးနိုင်မည်မဟုတ်ချေ။
ထို့ကြောင့်..လဲကျနေသော.လုမေထံသို့ထပ်မံပြေးဝင်သွားလေသည်။.လု့မေကတော့ပါးစပ်မှသွေးများအပွက်လိုက်အန်နေလေသည်။
ထိုအချိန်တွင်..ကျိကျွေ..၏ဒေါသတရားတို့သည်အဆုံးထိရောက်ရှိသွားပြီဖြစ်သည်။
.မိမိ၏ချစ်သူရုတ်တရက်တိုက်ခိုက်ခံလိုက်ရ၍..ဒဏ်ရာရနေသည်အား မြင်လိုက်ရသောအခါ..ကျိကျွေတစ်ယောက်..သူ၏ရင်အားဓားနှင့်အထိုးခံလိုက်ရသကဲ့သို့ဖြစ်သွားကာ..အသံကုန်အာခေါင်ခြစ်၍အော်လိုက်မိသည်။.
``..အာ...း...´´
``.အုန္း.....´´
ကျိကျွေ၏နံဘေးပတ်ပတ်လည်ရှိမြေပြင်မှာ..ချိုင့်ဝင်သွားပြီးအင်မတန်မှ..ပြင်းထန် သော..အတွင်းအားလှိုင်းများပွင့်ထွက်လာတော့သည်။
ထို့အတူ..ဧရာမလက်ဝါးလှိုင်းကြီးနှစ်ခု့..မြေပြင်များပင်တုန်ခါစွာထွက်ပေါ်လာပြီး..လု့မေထံသို့ပြေးသွားနေသောလီဂျိုစူးဆီသို့ပြေးဝင်သွားလေသည်။
``..အား...အုန်း....ဝုန်း..ဝုန်း..´´
``ဟင်...ဟာ...အို...´´
ရုတ်တရက်မို့ရှောင်လင်ကျောင်းအတွင်းမှလူများ...သွေးပျက်သွားမတက်..ဖြစ်သွားရလေသည်။.
အနှီမျက်မမြင်လူငယ်လေးသည်ဤမျှလောက်ပင်စွမ်းနေလေရော့သလား။.မိမိတို့ပင်မျက်လုံးအမြင်မှားနေလေရော့သလား..စသောအတွေးကိုယ်စီတို့ရှောင်လင်ကျောင်းဝန်းအတွင်းမှလူများ၏အတွေးတို့၌.ပြည့်နှက်သွားလေတော့သည်။
လီဂျိုစူးသည်လည်း..ရုတ်တရက်မို့သွေးပျက်ထ်ိပ်လန့်သွားကာ..အတွင်းအားအဆင့်ကုန်မြှင့်၍ကိုယ်ဖော့ပညာထုတ်သုံးကာရှောင်တိမ်းလိုက်ရတော့သည်။
ထိုလက်ဝါးလှိုင်းကြီးနှစ်ခု့မှာ..ရှောင်လင်ကျောင်းအတွင်းမှ..လူ့နှစ်ဖက်စာသစ်ပင်ကြီးအားသွားရောက်ထိမှန်လေတော့သည်။.
ထိုအခါ..ဝုန်း..ဟူသောကျယ်လောင်သောအသံကြီးဖြစ်ကာ..ထိုသစ်ပင်ကြီးမှာ..တစ်စစီဖြစ်သွားရလေတော့သည်။
``ဟင်´´``ဟာ...ကြောက်ဖို့ကောင်းလိုက်တာ´´
ဂိုဏ်းချုပ်ကြီးများပင်..ထိုလက်ဝါးချက်များ၏ပြင်းထန်မှု့အား..မြင်ကာ..သူတို့တက်ထားသည့်သိုင်းပညာများအပေါ်သိမ်ငယ်စိတ်များပင်ဖြစ်သွားကြလေသည်။
လီဂျိုစူးပင်...နှုတ်ဖျားမှ..ဟင်...ဟု့သာ.အာမေဋိတ် အသံပြု့လိုက်နိုင်သည်။ မျက်စိမမြင်သောအနှီလူငယ်လေးဤမျှအထိအတွင်းအားကောင်းမည်ဟု့.မထင်ခဲ့ချေ။လွန်စွာ.မယုံကြည်နိုင်ဖြစ်ရလေတော့သည်။
``..ဟူး..အတွင်းအားကငါ့လောက်နီးနီးရှိပါလား..ဒီကာင်လေးက..လျော့တွက်လိုမရတော့ဘူး..´´
လီဂျိူစူးလည်းအတွင်းအားအပြည့်ထုတ်ကာတိမ်မုန်တိုင်းသိုင်းကွက်များအားခင်းလိုက်လေသည်။
ထိုအချိန်တွင်.. ကျိကျွေ လီဂျိုစူးထံသို့ကြောက်မက်ဖွယ်ကောင်းလွန်းလှသောအရှိန်ဖြင့်ပြေးဝင်လာသည်။
ပြီးနောက် မာန်တစ်ချက်သွင်းကာ..လေပေါ်သို့တစ်ချက်ခုန်တက်လိုက်သောအခါ...
``..ဝှစ်..ဝှစ်..ဝှစ်..ဝှစ်..ဝှစ်´´
``.အို..´´``ဟာ..´´
``ဟင်...´´``..ဒါ..ဘယ်လိုလို့ဖြစ်နိုင်မှာလဲ´´
လူအများ၏အာမေဋိတ်သံများပြည့်နှက်သွားလေတော့သည်။.အဘယ်ကြောင့်ဆိုသော်.
ကျိကျွေ၏ခန္ဓာကိုယ်အရိပ်များ..၅ခု့ခွဲထွက်သွားသောကြောင့်ပင်ဖြစ်သည်။
ကျိကျွေအတွင်းအားအပြည့်သုံးကာ..ရွှေကိုယ်ပွားခြေလှမ်းသိုင်းအား..ထုတ်သုံးလိုက်သောကြောင့်ပင်ဖြစ်သည်။.
_____________________________________၂၄.မျှော်.