#နတ်ဆေးဆရာနှင့်ငရဲမင်း၏သမီးတော်#
ဤသို့ဖြင့်နောက်ထပ်..၃ရက်ဟူသောအချိန်ကားကုန်ဆုံးသွားလေတော့သည်။.ထိုကဲ့သို့ .အချိန်၃ရက်ကုန်ဆုံးသွားပြီးနောက်....လီဂျိုစူးတို့အုပ်စု့ရှောင်လင်ကျောင်းတော်ကြီး၏အရှေ့တွင်..ရောက်ရှိနေကြလေသည်။.
``..ဝုန္း.... ´´
လွန်စွာကျယ်လောက်လွန်းလှသော.အတွင်းအားလှိုင်းသံကြီးထွက်ပေါ်လာသည်။
.ထိုအသံဘယ်ကထွက်လာလေသနည်း..။မှန်၏..ထိုအသံသည်ကား.ရှောင်လင်ကျောင်း၏မုဒ်ဦးဝတံခါးအား...လီဂျိုစူး၏အတွင်းအားဖြင့်ရိုက်ချိုးလိုက်ရာမှ..ထွက်ပေါ်လာသောအသံပင်ဖြစ်သည်။
ပုံမှန်ဆိုလျှင်.ရှောင်လင်ကျောင်းတွင်တံခါးစောင့်များ.တာဝန်ကျနေသော်လည်း..ယခု့မူ..ထိုတံခါးစောင့်များအဘယ်သို့ရောက်ရှိနေသနည်း။.
ဧကန်စစ်စစ်..ရှောင်လင်ဆရာတော်၏..မိန့်ကြားထားမှု့ဖြစ်သော..``.အသက်၅၀နီးပါးခန့်ရှိပြီး..မသင်္ကာစရာလူကိုတွေ့ပါက..ငါ့ကိုချက်ချင်းလာအကြောင်းကြား.´´.ဟူသော..မိန့်ကြားချက်ကြောင့်..ရှောင်လင်တံခါးစောင့်များမှာ..လီဂျိုစူးတို့ရောက်ရှိသည်နှင့်..သင်္ကာမကင်းဖြစ်ကာ..ဆရာတော်အားသွားရောက်အကြောင်းကြားနေသောကြောင့်ပင်ဖြစ်သည်။
ထို့ကြောင့်..တံခါးစောင့့်များမရှိ၍..လီဂျိုစူးမှာလည်း..မုဒ်ဦးတံခါးဝအား..အတွင်းအားဖြင့်ရိုက်ဖွင့်လိုက်ခြင်းဖြစ်သည်။
ကျယ်လောင်သောထိုအသံကြောင့်. အတွင်းမှ..ကိုယ်တော်..၄ပါးပြေးထွက်လာသည်။
..မုဒ်ဦးရိုက်ဖွင့့်သံကြား၍..ရောက်ရှိလာသောကိုယ်တော်များဖြစ်မည်ဟု့..ယူဆရလေသည်။ထိုကိုယ်တော်များ..လက်ထဲတွင်..တုတ်လက်နက်များ...ကိုင်ဆောင်ထားလေသည်။.
တစ်စစီပျက်စီးနေသော..မုဒ်ဝတံခါးနှင့်.လီဂျိုစူးကိုတွေ့သည်ရှိသော်..ရှောင်လင်ကိုယ်တော်များမှာ..အခြေအနေအားသုံးသပ်မိကာ..လီဂျိုစူးအား.လည်း.ထိပ်လန့်သွားကြသည်။.
..မိမိတို့ရှောင်လင်ကျောင်းမုဒ်ဦးတံခါးအားဖျက်ဆီးထားသူအား..ခွင့်လွှတ်စရာအကြောင်းကားမရှိ။
.ထိပ်လန့်သောစိတ်တို့သည်ကား..ဒေါသကြောင့်အဝေးသို့လွင့်ပျံသွားသည်။.သို့သော်..ဗုဒ္ဓ၏ဟောကြားခဲ့သောတရားများအရ...တရားဓမ္မကိုသာ.ကျင့်ကြံ၍မေတ္တာကိုသာအစဉ်မွေးမြူကြရသည့့်..ပုဂ္ဂိုလ်များဖြစ်သည်မို့.
``..ဒကာကြီး..ဘာ့ကြောင့်.ကိုယ်တော်တို့ရှောင်လင်ကို..ရန်စရတာလဲ.´´
.ရှောင်လင်ကိုယ်တော်တို့၏အမေးကြောင့်..လီဂျိုစူးမှာ...ဟားတိုက်၍ရယ်မောတော့သည်။
`` ဟား..ဟား..ဘာ့ကြောင့်..ရန်စတာလဲဟုတ်လား..နေရာတကာပါတဲ့မင်းတို့ဘုန်းကြီးစုတ်တွေကို..သတ်ချင်လို့ပေါ့ကွ..မင်းတို့ဆရာတော်ဆီသွားမလိုဘေးဖယ်စမ်း..မလောက်လေးမလောက်စားလေးတွေ´´
လီဂျိုးစူး၏ပြန်ဖြေစကားကြောင့်..ရှောင်လင်ကိုယ်တော်များ.သည်းခံနိုင်သည့်အတိုင်းအတာထက်ကျော်လွန်သွားပြီမို့...
``.ကောင်းပြီ.ကျောင်းထိုင်.ဆရာတော်ကိုတွေ့ချင်ရင်.စင်္ကြာကိုယ်တော်လေးပါး..ဖြစ်တဲ့ကျုပ်တို့တိုအရင်ကျော်ဖြတ်လိုက်..အစွမ်းအစရှိရင်ပေါ့..´´
ရှောင်လင်ကိုယ်တော်လေးပါးမှာစကားဆုံးသည်နှင့်..သူတို့၏.တုတ်လက်နက်များအား..မွှတ်နေအောင်တစ်ညီတစ်ညာထဲလှည့်နေတော့သည်။
.ထိုကိုယ်တော်လေးပါးမှာ.လမ်းအား.တစ်ညီတစ်ညာထဲစနစ်တကျ..ပိတ်ရပ်ထားသောကြောင့်.လီဂျိုစူးလွန်စွာဒေါသထွက်သွားသည်။.
မိမိ၏လမ်းခရီးအားပိတ်ပင်သောသူဟူသမျှ...သေဆုံးရမည်သာဖြစ်သည်။.လီဂျိုစူးဒေါသထွက်သွားသည်ကို..နံဘေးမှ.လု့ဖန်းတွေ့ရှိသွားပြီး..
``ဒီဘုန်းကြီးစုတ်တွေလောက်တော့..ဆရာကြီးတကူးတက.တိုက်စရာမလိုပါဘူး..ကျွန်တော်ဖြေရှင်းလိုက်ပါ့မယ်´´
ဧကန်စစ်စစ်.လု့ဖန်းသည်ကား..လီဂျိုစူးအရှေ့တွင်..အမှတ်ကောင်းလိုချင်သောကြောင့်..ဖြစ်သည်။
လု့ဖန်း..အဘယ်ကြောင့်.အမှတ်ကောင်းလိုချင်သနည်း။မှန်၏..အဘယ်ကြောင့်ဆိုသော်..လီဂျိစူး၏.တိမ်မုန်တိုင်းသိုင်းပညာအားသင်ယူချင်သောကြောင့်ပင်ဖြစ်သည်။
ယခု့ဆိုလျှင်..ကျူးရင်အပြင်နောက်ထပ်ကျားသစ်နက်လေးဖော်ပါ..လီဂျိုစူး၏တပည့်များဖြစ်လာသောကြောင့်..တိမ်မုန်တိုင်းသိုင်းကျမ်းအား.သင်ကြား.တက်မြောက်ခွင့်မှာ..လီဂျိုစူးသဘောကျနှစ်သက်သောသူမှသာလျှင်..ရမည်ဖြစ်လေသည်။
ထို့ကြောင့်.လု့ဖန်းအနေနှင့်.ရလျှင်ရသလို..အမှတ်ကောင်းယူနိုင်မှတော်ကာကျပေလိမ့်မည်။
ကျူးရင်သည်ကား..လု့ဖန်း၏အကြံအားသိသော်လည်း...ဘာမှဝင်မပြောပေ။.မသိချင်ယောင်ဆောင်နေလေသည်။.
လု့ဖန်းလှုပ်ရှားလိုက်၏။.သူ၏ခန္ဓာကိုယ်သည်..လေအလျှင်ကဲ့သို့ပင်..လျှင်မြန်စွာပြေးဝင်သွားပြီး..ရှောင်လင်ကိုယ်တော်တွေနှင့်ဝါးတစ်ပြန်အကွာလောက်ရောက်မှ..လေပေါ်သို့အရှိန်နှင့်ခုန်တက်သွားလေသည်။
.ရှောင်လင်ကိုယ်တော်လေးပါးလုံးအား..တစ်ချက်ထဲနှင့်အပြတ်ရှင်းချင်သည့်သဘောလည်းပါဝင်သလို..လီဂျိုစူးအရှေ့တွင်လည်း..အစွမ်းအစပြသချင်သောကြောင့်လည်းဖြစ်သည်။.
သို့သော်..လု့ဖန်း၏အတွေးနှင့်အထင်မှာ.. တက်တက်စင်..လွဲချော်သွားရလေတော့သည်။အဘယ်ကြောင့်ဆိုသော်..သာမာန်ကိုယ်တော်လေးများဟု.့လု့ဖန်းထင်ထားသော..ဘုန်ကြီးလေးပါးထဲမှ..တစ်ပါးပင်လျှင်..တုတ်ကိုလှည့်နေရာမှ...လု့ဖန်းကဲ့သို့...လေအလျှင်ဖြင့်...ခုန်ပျံတက်လာသောကြောင့်ပင်ဖြစ်သည်။
``.ဟင်...´´
လု့ဖန်းနှင့်ကိုယ်တော်တစ်ပါး..လေပေါ်တွင်ထိပ်တိုက်တွေ့ဆုံမိသောအခါ..လု့ဖန်းဦးစွာလှုပ်ရှားလိုက်၏။.သူ၏ထက်မြက်လှသောသေမင်းခေါ်သံဓားသိုင်းထဲမှ..အလွန်ကြမ်းသောဓားကွက်တစ်ကွက်ဖြင့်တိုက်ခိုက်လိုက်သည်။
``.ကျား...သေစမ်း..ကွာ...´´
``..ရွှမ်း..ရွှမ်း..ဝုန်း..´´
ဓားရောင်များလင်းလက်သွားသလို..အတွင်းအားလှိုင်းများတွေ့ဆုံမိပြီး..နှစ်ဦးသား...ပြန်လည်လွင့်ထွက်လာကြသည်။.
လု့ဖန်းမှာမြေပေါ်သို့..လှပစွာဂျွန်းထိုး၍ပြန်ဆင်းလာသော်လည်း.သူထင်ထားသလိုမဖြစ်ခဲ့သဖြင့်မျက်နှာပျက်နေလေသည်.။
.သူ့ကဲ့သို့ပင်..ရှောင်လင်ကိုယ်တော်မှာလည်း.မြေပေါ်သို့.လှပစွာဂျွန်းထိုး၍..ပြန်ဆင်းလိုက်ပြီး.သူ၏တုတ်လက်နက်အား..လှည့်မြဲတိုင်းလှည့်နေလေသည်။.
လု့ဖန်းဒေါသထွက်နေလေသည်။.ကျူးရင်အားကြည့်လိုက်သော်...သူ့အားလှောင်ပြုံးပြုံးပြနေသဖြင့်.အသားများနီရဲတက်လာသည့်တိုင်အောင်ဒေါသထွက်နေလေတော့သည်။.
ထိုအတူ..ရှောင်လင်းကိုယ်တော်များအား..လုံးဝအထင်မသေးရဲတော့ပေ။.မိမိ၏ဓားသိုင်းတစ်ကွက်အား..တုတ်သိုင်းတစ်ကွက်နဲ့ပင်ပြန်လည်..ချေပခဲ့သည်မဟုတ်ပါလော။
သိုင်းလောက၏ထိပ်ခေါင်ရှောင်လင်ကျောင်းဟု့.ကျော်ကြားနေခြင်းသည်. အလကားကျော်ကြားခြင်းမဟုတ်ဟု့..လု့ဖန်း၏မသိစိတ်မှ..ချီးကျူးနေသည်။
ဧကန်စစ်စစ်..ထိုကိုယ်တော်လေးပါးသည်..စည်းကမ်းကြီးကြပ်ရေးမှုးကိုယ်တော်.လောက်ဖန်၏..အစွမ်းထက်ဆုံး၊လက်စောင်းထက်ဆုံး..တပည့်လေးဦးပင်ဖြစ်သည်။
ထို့ကြောင့်..သိုင်းပညာအရာတွင်...လွန်စွာစနစ်တကျရှိပြီး..တိုက်ရည်ခိုက်ရည်ကောင်းခြင်းဖြစ်သည်။
လု့ဖန်းမကျေနပ်သေးပါ..။.နောက်တစ်ခေါက်ထပ်တိုက်ခိုက်ချင်နေသေးသည်။.ထို့ကြောင့်လီဂျိုစူးအားတစ်ချက်ကြည့်လိုက်မိသော်..လီဂျိုစူးမှာ..နှုတ်ခမ်းတွန့်ရုံမျှပြုံး၍..ပြန်ကြည့်ပြီး..ကျူးရင်.ဘက်လှည့်ကာ..မေးငေါ့ပြလေသည်။
သဘောကား.
•.လု့ဖန်းနှင့်ကျူးရင်.မင်းတို့နှစ်ယောက်အတူပူပေါင်းပြီးသွားတိုက်ကြ..•.
ဟူ၍ဆိုလိုခြင်းပင်ဖြစ်သည်။..ချက်ဆိုနားရွက်မှမီးတောက်အောင်ပါးနပ်လှသော..လု့ဖန်းနှင့်ကျူးရင်မှာ.လီဂျိုစူး.ဘာကိုဆိုလိုမှန်း..တန်း၍..သဘောပေါက်သည်မို့...တိုင်ပင်ထားစရာမလိုအောင်ပင်..ရှောင်လင်ကိုယ်တော်များဆီသို့..နှစ်ဦးသားပြေးဝင်သွားလေတော့သည်။
ထို့နောက်.အင်မတန်ရက်စက်သော .ဓားကွက်များ.ထုတ်ကာအတွင်းအားဖြင့်..တိုက်ခိုက်လိုက်တော့သည်။
.ထိုအခါ..ရှောင်လင်ကိုယ်တော်လေးပါးမှာ..တိုင်ပင်ထားသကဲ့သို့ပင်ညီညာစွာ..နောက်ဂျွန်းပစ်၍ရှောင်လိုက်ကြပြီး..စင်္ကြာကဲ့သို့..မွှတ်နေအောင်လည်နေသောသူတို့၏တုတ်များဖြင့်..လု့ဖန်းနှင့်ကျူးရင်ဆီသို့ပစ်လွှတ်လိုက်ကြသည်။.
``ဟင်..´´
``ဟာ..´´
တုတ်တံများမှာ...စင်္ကြာကဲ့သို့လည်၍မိမိတို့ဆီသို့ပြေးဝင်လာသောကြောင့်..လု့ဖန်းနှင့်ကျူးရင် ထိပ်လန့်သွားသည်။
....တုတ်တံလေးချောင်းဖြစ်သည့်အပြင်.လှည့်ပတ်၍ ဝင်ရောက်လာသောကြောင့်.ရှောင်တိမ်း၍မရဖြစ်ကာ...အတွင်းအားလှိုင်းများပါ..တုတ်များဆီမှ..ဖြာထွက်နေသောကြောင့်..လု့ဖန်းနှင့်ကျူးရင်...ပိုမိုထိပ်လန့်သွားပြီး..ဓားကွက်ဖြင့်ပြန်လည်ခု့ခံလိုက်သည်။.
``.ဝုန္း...´´
တုတ်တံများမှာရှောင်လင်ကိုယ်တော်လေးပါးဆီသို့ပြန်လည်ရောက်ရှိသွားသလို..လု့ဖန်းနှင့်ကျူးရင်မှာလည်း..ခြေ၃လှမ်းခန့်ပြန်လည်ဆုတ်ခွာလိုက်ရသည်။
.ထိုအခါမှ...လု့ဖန်းနှင့်ကျူးရင်အနီးသို့လီဂျိုစူးမှာ..တိုးကပ်လာပြီး...
``..မင်းတို့နှစ်ယောက်..ဘာဖြစ်လို့.ဒီဘုန်းကြီးစုတ်လေးယောက်ကို..မနိုင်လည်း..သိလား...´´
လီဂျိုစူး၏အမေးကြောင့်လု့ဖန်းနှင့်ကျူးရင်မှာ..မျက်စိမျက်နှာပျက်ကာဖြင့်...
``.မသိပါဘူး.ဆရာကြီး.´´
``အေး..အဓိကကစည်းလုံးမှု့မရှိလို့ပဲကွ..
သူတို့လေးယောက်က..စနစ်တကျရှိတယ်.
.စည်းလုံးကြတယ်..မင်းတို့ကတော့မင်းတို့တက်ထားတဲ့သိုင်းပညာကအစွမ်းထက်တယ်ဆိုပြီး.
.ကိုယ်တိုက်ခိုက်ချင်သလို.ပရမ်းပတာ.တိုက်ခိုက်လို့ပဲ..တကယ်တော့..မင်းတို့နှစ်ယောက်သာစည်းစည်းလုံးလုံးနဲ့သေချာ.အတိုင်အဖောက်ညီညီနဲ့တိုက်ခိုက်ရင်..ဒီဘုန်းကြီးစုတ်လေးယောက်ကိုနိုင်တယ်..
ရှောင်လင်ကျောင်းကြီးအတွင်းမှာဒီ့ထက်အစွမ်းထက်တဲ့..ဘုန်းကြီးတွေအမြောက်အမြားရှိတယ်
..အဲ့တာကြောင့်..မင်းတို့ကို.အခြားကိစ္စခိုင်းထားရတာပေါ့....ကဲ..ထားပါတော့..
အခု့တော့.လုပ်စရာရှိတာဆက်လုပ်ကြတာပေါ့..
အချိန်ပုတ်မခံနိုင်တော့ဘူး´´
လီဂျိုစူးမှာ..သူ၏စကားဆုံးသည်နှင့်..လျှပ်စစ်ကဲ့သို့လျှင်မြန်သောအရှိန်ဖြင့်.ရှောင်လင်ကိုယ်တော်လေးပါဆီသို့ပြေးဝင်သွားလေသည်။
``ဟင်..ဟာ´´
ရှောင်လင်ကိုယ်တော်များ.လွန်စွာထိပ်လန့်သွားပြီး..သူတို့၏အတွင်းအားအကုန်ထုတ်သုံးကာ...တုတ်များအားပိုမိုလည်အောင်လှည့်လိုက်ကြသည်။
ထိုအခါ..ပြင်းထန်သောအတွင်းအားလှိုင်းများ..ရေလှိုင်းများကဲ့သို့..ထွက်ပေါ်လာတော့သည်။..
လု့ဖန်းတို့အနေနှင့်ထိုလှိုင်းများဆီသို့တိုးဝင်သွားပါက..အတွင်းဒဏ်ရာပြင်းထန်စွာရမည်ဖြစ်သော်လည်း..ယခုပြေးဝင်သွားသူမှာ..လုဖန်းတို့..မဟုတ်...လီဂျိုစူးပင်ဖြစ်သည်။
ထို့ကြောင့်..ထိုအတွင်းအားလှိုင်းများမှာ.လီဂျိုစူးအား.ထိခိုက်အောင်မပြု့လုပ်နိုင်ကြပေ။
.လီဂျိုစူး...သူ၏လက်အား..လှုပ်ရှားကာသိုင်းကွက်တစ်ကွက်ထုတ်ဖော်လိုက်သည်။.
``.ဝုန်း..အုန်း..အုန်း..အုန်း..အုန်း..´´
တရားဓမ္မတို့ပြည့်နှက်ရာ..ရှောင်လင်ကျောင်းတော်ကြီး၏မုဒ်ဦးအဝသည်ကား...သွေးချင်းချင်း..နီရဲသွားလေတော့သည်။.
သွေးညှီနံများ.လွန်စွာစက်ဆုပ်ဖွယ်ကောင်းလွန်းလှသည်။
.ထိုသွေးတို့သည်ကား..လီဂျိုစူးလက်ချက်ဖြင့်..အသွေးအသားများအစိတ်စိတ်အမွှာမွှာဖြစ်သွားရသော..ရှောင်လင်ကိုယ်တော်လေးပါး၏..သွေးစသွေးနများပင်ဖြစ်သည်။
*..မကောင်းဆိုးဝါး လိဂျိုစူးကြောင့်..တရားဓမ္မကျင့်ကြံသူ.မြင့်မြတ်သော..ရှောင်လင်ကိုယ်တော်.၄ပါးတို့၏..နောက်ဆုံးခရီးကား..ရက်စက်စွာသတ်ဖြတ်ခံရခြင်းတဲ့လား...။
*ရက်စက်လွန်းတဲ့..ယုတ်မာကောက်ကျစ်လွန်းတဲ့..မတရားတဲ့.လောကကြီးပါတကား...။
လီဂျိုစူး၏ရက်စက်မှု့နှင့်သိုင်းပညာအစွမ်းထက်မှု့တို့အား..နံဘေးတွင်တစ်ချိန်လုံးငြိမ်သက်၍နေသော..ကျားသစ်နက်လေးဖော်ပင်လျှင်..လွန်စွာထိပ်လန့်ကြောက်ရွံသွားမိသလို..ရက်စက်သောမြင်ကွင်းကြောင့်..အာမေဋိတ် သံများပင်ယောင်၍ထွက်သွားကြလေသည်။
``.ဟင်....ဟာ...´´
ထိုအချိန်မှစ၍..ကျားသစ်နက်လေးဖော်..သိရှိလိုက်ရသည်ကား..မိမိတို့ထက်.ရက်စက်သော..သူလောကတွင်ရှိသေးပါလားဟူ၍ပင်။.
ဧကန်စစ်စစ် ကျားသစ်နက်လေးဖော်တို့သည်လည်း..ကျော်ကြားခဲ့စဉ်အခါက..လွန်စွာရက်စက်ယုတ်မာကြသော..အနက်ရောင်သိုင်းလောကသားလူဆိုးကြီးများပင်ဖြစ်သည်။
သို့သော်..ယခုမူ.သူတိုရက်စက်သည်ဟူသည်မှာ..လီဂျိူစူးအိပ်နေသေး သလောက်ပင်ရှိသေးသည်။.
ကျားသစ်နက်လေးဖော်တို့အနေနှင့်ရှေ့လျောက်.လီဂျိုစူးအား..ပိုမိုရိုသေကြတော့မည်မှာမြေကြီးလက်ခတ်လျှင်တောင်..လွဲမည်မဟုတ်တော့ပေ။
လီဂျိုစူးမှာတော့..သူမဟုတ်သည့်အတိုင်းပင်..လု့ဖန်းတို့ဘက်လှည့်၌...
``.ကဲ..အခု့ကစပြီး..ငါတို့အစီအစဉ်အတိုင်းစကြတာပေါ့။လု့ဖန်းက.ကျားသစ်နက်နှစ်ဖော်ကိုအဖော်ခေါ်သွား.ကျမ်းစာတွေခိုးဖို့ပြင်..၊.
ကျူးရင်နဲ့.ကျန်တဲ့ကျားသစ်နက်နှစ်ဖော်ကတော့.
.ရှောင်လင်ကျောင်းပတ်ပတ်လည်..အရိုးပျော့..အဆိပ်တွေ မီးခိုးမှိုင်းလိုက်တိုက်ချည်.
.ဖြေဆေးကတော့ငါတို့
အကုန်လုံးသောက်ထားကြပြီပြီဆိုတော့..
ဘာမှဂရု့စိုက်စရာမလိုတော့ဘူး.
.ကဲ..ဒါဆိုလမ်းခွဲကြတာပေါ့..´´
ထို့နောက်..လီဂျိုစူးမှာ..ရှောင်လင်ကျောင်းဆောင်သို့သွားသော..မရေတွက်နိုင်သည့်လှေကားထစ်များ.ပေါ်သို့ပြေးတက်သွားလေတော့သည်။
ကျန်သည့်လူများသည်လည်း..ကိုယ့်တာဝန်ကျရာအတိုင်း..လမ်းခွဲ၍ .တာဂန်ကျေအောင်ကြိုးပမ်းကြလေတော့သည်။
ကံကြမ္မာ ၏တိုက်ဆိုင်မှု့ပေလား...လုပ်ကြံမှု့ပေလား..။
လီဂျိုစူးတို့ထွက်သွားပြီး..ကွမ်းတစ်ယာညက်ခန့်အကြာတွင်...ကျိကျွေနှင့်လု့မေတို့...ရှောင်လင်ကျောင်းအရှေ့သို့ရောက်ရှိလာပြီဖြစ်သည်။.
``.ဟင်..တံခါးကြီးပျက်စီးနေပါလား.´´
လု့မေ..ရှောင်လင်ကျောင်းမုဒ်ဦးဝတံခါးကြီးအားကြည့်ကာ..တစ်စုံတရာဖြစ်ခဲ့မှန်း.သဘောပေါက်လိုက်ပြီဖြစ်သည်။
ကျိကျွေလည်းမြင်ပါသည်။လု့မေကဲ့သို့ပင်တွေးနေမိလေသည်။သို့သော်..ဘာတစ်ခွန်းမှတော့နုတ်မှမဖွင့်ဟပေ.။ ရှောင်လင်ကျောင်းမုဒ်ဦးဝအားဖြတ်ကျော်မိသောအခါမှ
``..အား..အမလေး..´´
______________________________<;;;;;၂၃.မျှော်။>