#နတ်ဆေးဆရာနှင့်ငရဲမင်း၏သမီးတော်#
ယခု့..လူသုံးယောက်မြင်းအား..အသော့နှင်နေသည်။ ထိုသုံးဦးထဲမှ အသက်၅၀ခန့်လူကြီး၏ကျောတွင်..ကျောက်စိမ်းနဂါးဓားအားလွယ်ထားလေသည်။
..ကျန်သည့်လူနှစ်ယောက်မှာတော့..ကြောက်မက်ဖွယ်ကောင်းသော.ဘီလူးမျက်နှာဖုံးများတပ်ဆင်ထားသည်။
.မှန်ပေသည်..ထိုလူသုံးဦးသည်ကား..တိမ်မုန်တိုင်းသိုင်းသမားကြီးလီဂျိုစူး..၊.သွေးမိစ္ဆာသိုင်းသမားလု့ဖန်းနှင့်..အဆိပ်မယ်..ကျူးရင်တို့ပင်ဖြစ်သည်။..
ယခု့ထိုလူသုံးဦး..ရှောင်လင်ကျောင်းသို့ဦးတည်သွားနေခြင်းဖြစ်သည်။ ဤသို့ဖြင့်..တစ်နေရာအရောက်.ခရီးတစ်ထောက်နားကာ...လီဂျိုစူးမှ..ရှေ့ဆက်လုပ်ဆောင်စရာရှိတာများအား..မှာကြားနေသည်။
``.နောက်..တစ်ရက်နှစ်ရက်ဆိုရှောင်လင်ကျောင်းကိုရောက်တော့မယ်...ဒီတော့က..ငါတို့အကြံအစည်တွေအောင်မြင်ဖို့အရေးကြီးတာတွေကို..ငါ..မှာကြားချင်တယ်.´´
``ဟုတ်ကဲ့ဆရာကြီး...ပြောပါ´´
``အေး..ရှောင်လင်ကျောင်းရောက်ရင်..မင်းတို့နှစ်ယောက်က. .အခြားအရေးကြီးတာလုပ်ဆောင်ရမယ်.´´
``ဟုတ်ကဲ့..ကျွန်တော်တို့ဘာများ..ဆောင်ရွက်ရပါမလဲဆရာကြီး..´´
``.အင်း..ငါရှောင်လင်ကျောင်းရောက်ရင်..ရှောင်လင်ကျောင်းကသူတွေမှန်သမျှကို..အချိန်ဆွဲထားမယ်..အဲ့အချိန်မှာ..လု့ဖန်းက..တာမောကျမ်းစာဆောင်က .သိုင်းကျမ်းတွေသွားခိုးရမယ်..´´
``ဟုတ်ကဲ့ဆရာကြီး..ဆရာကြီး..အကြံကြီးပါပေတယ်´´
``အေး...ကျူးရင်ကတော့..ငါအချိန်ဆွဲနေတုန်း..ရှောင်လင်ကျောင်းပေါ်ကသူတွေမှန်သမျှသေအောင်..ရှောင်လင်ကျောင်းတစ်ခု့လုံးကို...အဆိပ်ငွေ့တွေနဲ့လိုက်ဖြန်းထားရမယ်...´´ .
လီဂျိုစူး၏စကားကြောင့်..လု့ဖန်းထိပ်လန့်သွားမိသလို..အကြံအစည်ကြီးမားသောလီဂျိုစူးအားလည်း...ပို၍လေးစားသွားသည်။
``ဟင်..ဆရာကြီး..ကျူးရင်ကအဲ့လိုအဆိပ်ငွေ့တွေဖြန်းတော့...ကျွန်တော်တို့ကကော...ဘယ်လိုလုပ်မလဲ...တော်ကြာ...´´
လု့ဖန်း၏စကားမဆုံးခင်ပင်..လီဂျိုစူး၏မာန်မဲသံထွက်ပေါ်လာတော့သည်။
``တယ်လေ...ဒီကောင်ညဏ်ကောင်းမလိုလိုနဲ့..တယ်တုံးပါလား....ငါတို့ကအဆိပ်ဖြေဆေးကြိုသောက်ထားမှာပေါ့ဟ.´´
``.ဪ..အဲ့လိုလား...ဟီး..ဟုတ်ကဲ့ဆရာကြီး..´´
``ကျူးရင်..နင်ကောငါပြောတာသဘောပေါက်လား..´´
``ဟုတ်ကဲ့ဆရာကြီး ကျူးရင်နားလည်ပါတယ်...´´
``အေး..အကယ်၍ငါတို့တစ်ခု့ခု့လွဲချော်သွားသည်ရှိသော်..အသက်အသေမခံနဲ့လွတ်အောင်သာပြေး...လူမသေသေးသ၍အခွင့်အရေးဆိုတာရှိစမြဲပဲ´´
``ဟုတ်ကဲ့ဆရာကြီး..ကျွန်တော်တို့သိပါပြီ..´´
``အေး..ဒါဆို...ခဏနားပြီးခရီးပြန်ဆက်သွားကြတာပေါ့.´´
``ဟုတ်ကဲ့ပါဆရာကြီး.´´
ထိုစဉ်လီဂျိုစူးမျက်နှာတည်ကြည်သွားလေသည်။ပြီးနောက်..အတွင်းအားထည့်၍အော်လိုက်လေသည်။
``.ဟေ့...ဟိုးသစ်ပင်အနောက်ကလူလေးယောက်..ထွက်လာခဲ့စမ်း..´´
လီဂျိုစူး၏စကားကြောင့်..လု့ဖန်းနှင့်ကျူးရင်ပင်.စဉ်းစားရကြပ်သွားလေသည်။.
လီဂျိုစူး၏စကားဆုံးပြီခဏအကြာ....သစ်ပင်အနောက်ကရုပ်ဆိုးပန်းဆိုးနှင့်လူလေးယောက်ထွက်လာတော့သည်။..
လု့ဖန်းနှင့်ကျုးရင်တို့မှာ...လီဂျိူစူး၏.အတွင်းအားကောင်းမှု့နှင့်အကြားအာရုံအား..ပို၍လေးစားပြီးရင်းလေးစားနေမိတော့သည်။.
အဘယ်ကြောင့်ဆိုသော်..အလွန်ဝေးကွာလွန်းလှသောသစ်ပင်အနောက်တွင်လူရှိနေခြင်းအား..ထိပ်သီးသိုင်းပညာရှင်ကြီးများပင်.အာရုံခံနိုင်မည်မဟုတ်သောကြောင့်ပင်။
.သစ်ပင်အနောက်မှလူလေးယောက်မှာတုန်လှုပ်ကြောက်ရွံ့စွာဖြင့်..လီဂျိုစူးအနား..ကပ်လာပြီး
``..ကျွန်..ကျွန်တော်တို့ကိုခွင့်လွှတ်ပါဆရာကြီး..ကျွန်တော်တိုဆရာကြီးဆီမှာတပည့်ခံချင်လို့...အဲ့တာ..´´
ထိုလူလေးယောက်၏စကားမဆုံးခင်ပင်..လီဂျိုစူးမှာလက်ကာပြလိုက်ပြီး..
``..အေး..ငါသိပြီ..ငါလည်းတပည့်တပန်းတွေလိုအပ်နေတာအမှန်ပဲ..ဒါပေမယ့်..အရည်အချင်းမရှိ..
သုံးစားမရတဲ့ကောင်တွေတော့ငါမလိုချင်ဘူး..အဲ့တော့မင်းတို့အစွမ်းအစကိုငါကြည့်မယ်..´´
လီဂျိုစူး၏စကားကြောင့်..ထိုလူလေးယောက်မျက်နှာရွှင်ပြသွားလေသည်။.
ဧကန်စစ်စစ်ထိုလူလေးဦးမှာ..အနက်ရောင်သိုင်းလောကသားများဖြစ်ပြီး..တစ်ချိန်က..ကျားသစ်နက်လေးဖော်ဟူသောနာမည်ဖြင့်..ကျော်ကြားခဲ့သူများလည်းဖြစ်သည်။.
သို့သော်..နောက်ပိုင်းတွင်အဖြူရောင်သိုင်းလောကသားများ..အင်းအားတောင့်တင်းပြီး..စည်းလုံးနေကြသည့်အချိန်မို့..ကျားသစ်နက်လေးဖော်..ခေါင်းမထောင်ဝံ့တော့သည်မှာ..ယခု့အချိန်ထိတိုင်ဖြစ်သည်။
ယခု့..လီဂျိုစူးလိုပုဂ္ဂိုလ်မျိုးမှ..တပည့်ခံမည်ဟု့ဆိုသောအခါ..လွန်စွာဝမ်းမြောက်သွားလေတော့သည်။
ထို့ကြောင့်..သူတို့တက်မြောက်ထားသော .သိုင်းပညာရပ်များအားအစွမ်းကုန်ထုတ်ပြကြပေတော့မည်။
``. ``.ဟုတ်..ဟုတ်ကဲ့.ကျေးဇူးအရမ်းတင်ပါတယ်ဆရာကြီး..ဆရာကြီးကြိုက်သလိုစမ်းပါ.ကျွန်တော်တို့အစွမ်းကုန်.ပြသပါ့မယ်´´
``.အေး..အဲ့တာဆို.. လု့ဖန်းနဲ့ကျူးရင်..´´
``ဟုတ်ကဲ့.အမိန့်ရှိပါဆရာကြီး..´´
``မင်းတို့နှစ်ယောက်..သူတို့လေးယောက်ကို..အစွမ်းကုန်တိုက်စမ်း..သူတို့ပညာဘယ်လောက်ရှိလဲ..ငါကြည့်မယ်´´
``ဟုတ်ကဲ့ဆရာကြီး.´´
ထို့နောက်...လု့ဖန်းနဲ့ကျူးရင်..ကျားသစ်နက်လေးဖော်ဘက်သို့လှည့်လိုက်ပြီး..လု့ဖန်းမှာနှုတ်ခမ်းတစ်ချက်ပြုံး၍
``.ခဗျားတို့..အစွမ်းကုန်ခု့ခံဖို့သာပြင်ထားပေတော့´´
ကျားသစ်နက်လေးဖော်တို့သည်..လု့ဖန်းတို့လို..လူငယ်လေးနှစ်ယောက်နှင့်ယှဉ်ပြိုင်ရမည်ဖြစ်သဖြင့်..လု့ဖန်းတို့အား..များစွာအထင်သေးလျက်ရှိသည်။
သူတို့လေးဦး၏သိုင်းပညာအား.လီဂျိုစူးမှ..အထင်သေးနေသည်ဟု့လည်းထင်နေကြလေသည်။
သို့သော်.ကျားသစ်နက်လေးဖော်၏..လု့ဖန်းတို့အပေါ်အထင်မြင်သေးသည့်စိတ်သည်ကား..တစ်ခဏမျှသာလျှင်။အဘယ်ကြောင့်ဆိုသော်..လု့ဖန်းနှင့်ကျူးရင်သိုင်းကွက်များအားပုံဖော်လိုက်သည်နှင့်..
``.ဟင်..ဒါ..ဒါ..ပျောက်ကွယ်နေတဲ့..သေမင်းခေါ်သံဓားသိုင်းနဲ့သံစဉ်မဲ့ဓားသိုင်းပါလား..´´
``.ဟုတ်ပ..ညီနောင်တို့မပေါ့ဆနဲ့တော့.ဟ.´´.
ကျားသစ်နက်လေးဖော်.မပေါ့ဆရဲတော့ပေ။.ပျောက်ကွယ်နေသော..ထိုသိုင်းနှစ်မျိုးသည်ကား..လွန်စွာရက်စက်၍ထက်မြက်သောကြောင့်ပင်ဖြစ်သည်။ထိုအခါမှ
လု့ဖန်းမှာ.
``.ကဲ..ခဗျားတို့လေရှည်မနေနဲ့တော့...သိုင်းကွက်ကြည့်..´´
ပြောပြောဆိုဆိုလု့ဖန်းနှင့်ကျူးရင်မှာသိုင်းကွက်များထုတ်ကာ..ကျားသစ်နက်လေးဖော်ဆီသို့ပြေးဝင်လာကြသည်။
``..ရွှမ်း..ရွှမ်း..ဝုန်း..ကျား´´
ရုတ်တရက်ဝင်ရောက်လာသော..ဓားချက်များအား..ကျားသစ်နက်လေးဖော်..အသဲအသန်ရှောင်တိမ်းနေရတော့သည်။
ဧကန်စစ်စစ်ကျားသစ်နက်လေးဖော်သည်လည်း..မခေချေ။.အနက်ရောင်သိုင်းလောကတွင်.ကျားသစ်နက်လေးဖော်ဟူသောနာမည်ဖြင့်ကျော်ကြားခဲ့စဉ်တုန်းက..တိုက်ပွဲအတွေ့အကြုံများစွာရှိခဲ့သည်ကတစ်ကြောင်း..လု့ဖန်းတို့အားသတိမပျက်စောင့်ကြည့်ခဲ့သည်ကတစ်ကြောင်းကြောင့်...လျှင်မြန်စွာရှောင်တမ်းနေကြပြီး..ပြန်လည်တိုက်စစ်များဆင်လေတော့သည်။.
``.ရွှမ်း..ရွှမ်း..ဝုန်း...´´
သို့သော်.တိုက်ပွဲအခြေအနေအရ..ကျားသစ်နက်လေးဖော်မှာ..အနိမ့်ပိုင်းသို့ရောက်နေလေသည်။
လု့ဖန်းနှင့်ကျူးရင်၏ဓားမုန်တိုင်းများကြားတွင်..ကျားသစ်နက်လေးဖော်..မသေရုံတမယ်ရှောင်ရှားနေရသလို...တစ်ခါတစ်လေမျှသာလျှင်ပြန်လည်တိုက်စစ်ဆင်နိုင်လေသည်။.
လု့ဖန်းနှင့်ကျူးရင်အား..လျေ့ာတွက်ခဲ့မိသဖြင့်..ကျားသစ်နက်လေးဖော်...နောင်တအကြီးအကျယ်ရနေလေသည်။.
လု့ဖန်းနှင့်ကျူးရင်မှာလည်း.ကျားသစ်နက်လေးဖော်အား.နည်းနည်းလေးမျှမသက်ညှာပေ။
အပြင်းထန်ဆုံး၊အရက်စက်ဆုံးသောတိုက်ကွက်များဖြင့်..ဖိအားပေးနေလျက်ရှိသည်။
..နံဘေးတွင်တော့လီဂျိုစူးမှာ.သူတို့၏တိုက်ပွဲအား..ကလေးကစားပွဲအားကြည့်နေသကဲ့သို့အေးဆေးစွာပင်ထိုင်ကြည့်နေသည်။.
ကျားသစ်နက်လေးဖော်မှာ...လု့ဖန်းနှင့်ကျူးရင်၏..ပင့်ဆွဲဓားချက်များ.ထိုးဝိုက်ချက်များ..ကြားတွင်..သတိမလပ်ရှောင်တိမ်းနေရာမှ..သူတို့၏လက်နက်များအားထုတ်သုံးရလေတော့သည်။.
ကျားသစ်နက်လေးဖော်တို့
ကနဦးတိုက်ပွဲမစခင်က..လက်နက်ထုတ်မသုံးပဲနှင့့်ပင်.လု့ဖန်းတို့အား..နိူင်မည်ဟု့ထင်ထားခဲ့သောအကြံအစဉ်မှာ..မှန်းချက်နှင့်နှမ်းထွက်မကြိုက်အောင်ပင်..တက်တက်စင်လွဲခဲ့ရလေသည်။
.ကျားသစ်နက်လေးဖော်သူတို့၏လက်နက်ထုတ်သုံးလိုက်သည်နှင့်တစ်ပြိုင်နက်..
``ဝုန်း..ရွှမ်း..ဝှီး..ဝှီး..´´
တိုက်ပွဲမှာ..တစ်ဆစ်ချိုးပြန်လည်ပြောင်းလဲသွားလေတော့သည်။.
ဤသည်ကား..ကျားသစ်နက်လေးဖော်ဟူသောနာမည်ကျော်ကြားရသောအကြောင်းတရားပေတည်း။.
ကျားသစ်နက်လေးဖော်၏လက်နက်သည်ကား..လက်သည်း၃ချောင်းပုံ..သံချိတ်ကောက်ကြီးအား..သံကြိုးအရှည်ဖြင့်ချိတ်ဆွဲထားခြင်းပင်ဖြစ်သည်။
ထို့ကြောင့်..လိုသလို..ဆွဲဆန့့်အသုံးပြု့လို့ရသလို..အဝေးမှလည်းတိုက်ခိုက်၍ရ၏။
.ယခု့မှပင်တိုက်ပွဲမှာပိုမိုပြင်းထန်လာသလို..လက်ရည်တူညီသည်ဟု့လည်းပြောလို့ရသည်။.
အစွမ်းထက်မြက်လှသော.လု့ဖန်းနှင့်ကျူးရင်၏ဓားချက်များကြား..ပြင်းထန်ရက်စက်သောသံမဏိချိတ်ကောက်ကြီးများက..တဝှီးဝှီးနဲ့..လွန်စွာအသဲယားဖွယ်ကောင်းလွန်းလှသည်။
တစ်ကွက်လေးမှားသည်နှင့်..ခေါင်းပြတ်မည့်အရေးမို့..တစ်ဖက်နှင့်တစ်ဖက်..မညှာတာသလို..မလျော့တွက်ရဲကြပေ။.
.တိုက်ပွဲမှာ..နောက်ထပ်ရေနွေးနှစ်အိုးဆူခန့့်အကြာတွင်..နှစ်ဖက်စလုံးအတွင်းအားများ...လျော့နည်းလာကြကာ...တိုက်ပွဲပြင်းထန်မှု့မှာလည်းလျော့နည်းလာတော့သည်။ ဤသည်ကိုရိပ်မိဟန်ရှိသောလီဂျိုစူးမှ...
``..ဟိတ်..တော်ကြတော့အားလုံး...ဟိုလေးကောင်..မင်းတို့ကိုငါ့တပည်အဖြစ်ငါလက်ခံလိုက်ပြီ...ဒါပဲ´´
``.ဟာ..ဝမ်းသာလိုက်တာဆရာကြီးရယ်´´
လီဂျိုစူးဆီမှလက်ခံစကားကြောင့်...ကျားသစ်နက်လေးဖော်..အပျော်လုံးများပင်ဆို့တက်သွားလေတော့သည်။
``.ကျွန်တော်တို့ဆရာကြီးရဲ့အမိန့်ကိုတစ်သတ်လုံးသစ္စာရှိရှိစောင့်ထိန်းပါ့မယ်´´
``.အေး..ထားပါတော့..အခု့တော့ငါတို့ခရီးဆက်မယ်...ရှောင်လင်ကျောင်းကိုအမြန်ဆုံးရောက်မှဖြစ်မယ်..´´
ထို့နောက်..လီဂျိုစူးတို့အုပ်စု့..ရှောင်လင်ကျောင်းအား..ဆက်လက်ခရီးဆက်လေတော့သည်။
ကျားသစ်နက်လေးဖော်အပါအဝင်..လီဂျိုစူးတို့အုပ်စု့မှာ..စု့စု့ပေါင်း..၇.ဦးအထိရှိခဲ့ပြီဖြစ်သည်။.
.လမ်းခရီးတွင်..လု့ဖန်းနှင့်ကျူးရင်မှာ..ရှောင်လင်ကျောင်းအရေးကိစ္စအား..ကျားသစ်နက်လေးဖော်အားအသေးစိတ်ရှင်းပြနေတော့သည်။
မကြာမှီ..အချိန်ကာလ.တစ်ရက်နှစ်ရက်အတွင်းရှောင်လင်ကျောင်းသို့..ရောက်တော့မည်ဖြစ်သည်။.
ထိုအချိန်တွင်..ကျိကျွေနှင့်လု့မေမှာလည်း..ရှောင်လင်ကျောင်းသို့ရောက်တော့မည်ဖြစ်သည်။
.ကံကြမ္မာ သည်.တိမ်မုန်တိုင်းသိုင်းသမားကြီးလီဂျိုစူးနှင့်..လေးကျွန်းစင်္ကြာအတွင်းအားပိုင်ရှင်ကျိကျွေ...တို့အား.တွေ့ဆုံခွင့်ပေးလိုက်မည်ဆိုလျှင်ကော..။
တိမ်မုန်တိုင်းသိုင်းသမားကြီးလီဂျိုစူး၏အကြံအစည်များအောင်မြင်ပါမည်လော။.
ထိုအရာများအား..ကံကြမ္မာသာသိပေလိမ့်မည်။.
____________________________________________