book

Index 20

အပိုင်း<<၂၀>>

#နတ်ဆေးဆရာနှင့်ငရဲမင်း၏သမီးတော်#


             သူဌေးမိန်နှင့်မိန်းကလေးရှင်းစု့တို့မှာလည်း..ထိုကျယ်လောင်သောရယ်သံကြီးကြောင့်..ထိပ်လန့်သွားကြလေသည်။


အသံပိုင်ရှင်အား..မည်မျှပင်လိုက်ရှာစေကာမူ..မတွေ့သောကြောင့်..ပို၍ထိပ်လန့်နေကြပြန်သည်။.


ထိုစဉ်..အော်ရယ်သံ.မှာ.ရုတ်တရက်.ပျောက်ကွယ်သွားပြီး...လူတစ်ယောက်သူဌေးမိန်တို့၏အရှေ့သို့ရုတ်တရက်.ရောက်ရှိလာလေသည်။


ရုတ်တရက်မို့သူဌေးမိန်မှာ...ထိုလူ၏ကိုယ်ဖော့ပညာအား .လန့်ဖျန့်သွားပြီး အဆိုပါလူအား..မည်သူဖြစ်လေမနည်း....ဟု့တွေးနေစဉ်..

ပွဲလာသူသိုင်းသမားများကြားထဲမှအော်သံတစ်ခု့ထွက်ပေါ်လာလေတော့သည်။


``.ဟာ..အဲ့တာ..လီဂျိုစူး..ဟ..ပြေးပြေး.´´


လူတစ်ယောက်၏အော်သံကြောင့်..အလုံးစုံသောပွဲလာသူသိုင်းသမားအပေါင်းဆူပူ၍..ထိပ်လန့်သွားလေသည်။


လီဂျိုစူးအကြောင်း..သိုင်းသမားတိုင်းသိရှိလေသည်။..တွေ့သမျှသိုင်းသမားများအားမညှာမတာ..သတ်ပစ်တက်သောလီဂျိုစူးအကြောင်း.မသိသောသိုင်းသမားဟူ၍မရှိပေ။. 


သူဌေးမိန်တစ်ယောက်တော့..ငယ်ထိပ်မြွေပေါက်ခံနေရသလို..ချွေးအတောင့်လိုက်ပြန်နေတော့သည်။.


ကျယ်ပြောလှသောသိုင်းလောကကြီးထဲမှာမှ..တိုက်တိုက်ဆိုင်ဆိုင်..လီဂျိုစူးနဲ့မှ..လာဆုံရခြင်းသည်...ကံကောင်းသောအချိန်အခါမဟုတ်မှန်း..သူဌေးမိန်၊ရှင်းစုမိန်းကလေးနှင့်ပွဲလာသူသိုင်းသမားအပေါင်း..သိရှိလိုက်ကြသည်။


``.ဟုတ်တယ်ဟေ့..မသေချင်ရင်ပြေးကြတော့ဟ..´´


လီဂျိုစူးဟူသောအသံကြားသည်နှင့်သာမာန်သိုင်းသမားအချို့မှာ..ကြောက်လန့်စွာပင်ပြေးလွှားနေကြတော့သည်။.


ဝါရင့်သိုင်းပညာရှင်များ၊အဆင့်မြင့်သိုင်းဂိုဏ်းချုပ်များကတော့..တုတ်တုတ်မျှမလှုပ်ချေ.။


သို့သော်..ချွေးစို့နေကြပြီး..လီဂျိုစူးအားမည်သို့ဝိုင်းတိုက်ခိုက်ရင်ကောင်းမလဲတွေးနေစဉ်..


``ဟား..ဟား..မင်းတို့ကထွက်ပြေးတယ်ပေါ့လေ..ဒီလိုရရိုးလားကွ..´´


ဟု့ဆိုကာ..လီဂျိစူးသည်..သူ၏လက်ဝါးနှစ်ခု့အား...ပြင်းထန်စွာရိုက်လိုက်သောအခါ.... နံဘေးပတ်ပတ်လည်မှန်သမျှ..အတွင်းအားများထွက်လာပြီး..ပြင်းထန်စွာ.ပေါက်ကွဲထွက်ကုန်တော့သည်။.


ထိုပေါက်ကွဲသံလှိုင်းအားများကြောင့်..သူဌေးမိန်မှာလျှင်မြန်စွာပင် .သူ၏သမီးလေးရှင်းစု့အား.အတွင်းအားများပို့လွှတ့်ကာ.တောင့်ခံပေးထားလိုက်သည်။


ထို့သို့မလုပ်ပါက..ရှင်းစု့မိန်းကလေး..လီဂျိုစူး၏အတွင်းအားလှိုင်းများကြား..သေဆုံးနေမည်မှာဧကန်မလွဲပေ။..


ထို့အတူပင်..အခြားသောသိုင်းဂိုဏ်းချုပ်ကြီးများမှာလည်း..လီဂျိုစူး၏အတွင်းအားလှိုင်းများအား..တောင့်ခံနေကြသည်။.


.လှပသောမနက်ခင်းသည်ကား..သွေးသံတရဲရဲနှင့်လွန်စွာအရုပ်ဆိုးအကျည်းတန်သွားသည်။..


ကျက်သရေရှိလှသော.သူဌေးမိန်၏ခြံဝန်းကြီးမှာ..ယခု့ဆိုလျှင်..သုသာန်တစပြင်ကြီးအလား...လူသေများနှင့်ပြည့့်နှက်သွားသလို...အသားအပိုင်းအစဖြစ်သွားသောသိုင်းသမားများကြား.မသေမရှင်ဖြစ်ကာ..အော်ဟစ်အကူအညီတောင်းနေကြသော..သိုင်းသမားများ၏အသံကြောင့်..လွန်စွာစက်ဆုပ်ဖွယ်ကောင်းလွန်းလှသည်။


ထိုခဏတာအချိန်လေးအတွင်း.ဖြစ်သွားသောမြင်ကွင်းကြောင့်...သူဌေးမိန်၏မျက်နှာမှာ.ဒေါသကြောင့့်.နီရဲတက်လာပြီး..

သူ၏သမီးလေးရှင်းစု့အား..မေ့ကြောနှိပ်ကာ...ခပ်ဝေးဝေးတွင်..ကြောက်လန့်တကြားဖြစ်နေသော.လူတစ်ဦးအားလှမ်းအော်ပြောလိုက်သည်။


``လောက်ထူ..ငါ့သမီးကိုဘေးကင်းရာကိုခေါ်သွားပြီးစောက်ရှောက်ထားလိုက်..´´.


.ထိုသို့ပြောပြီးနံဘေးမှ.ကျောက်စိမ်းနဂါးဓားအား..ဆွဲကိုင်၍.လီဂျိုစူးထံသို့ခုန်းပျံဝင်ရောက်သွားလေတော့သည်။ 


စင်မြင့်ပေါ်သို့စတင်တက်၍စကားပြောသောသူ(လောက်ထူ)လည်း.မိန်းကလေး.ရှင်းစု့အား..ပွေ့ခေါ်၍..ဘေးကင်းရာသို့ထွက်ပြေးသွားလေတော့သည်။ထိုအချိန်တွင်


...လီဂျိစူးဆီသို့.သူဌေးမိန်မှာ.ကျောက်စိမ်းနဂါးဓားနှင့်. ..ခုန်ဝင်သွားပြီး..ပန်း၅မျိုးဓားသိုင်းကွက်များဖြင့်..အတွင်းအားအကုန်သုံးကာ..တိုက်ခိုက်တော့သည်။


``ကျား..ရွှမ်း...ရွှမ်း..ရွှမ်း...ဝုန်း..ဝုန်း...´´


သူဌေးမိန်၏အတွင်းအားပြင်းထန်မှု့နှင့်..ကျောက်စိမ်းနဂါးဓား၏အစွမ်းတို့ပေါင်းစပ်ခြင်းမှဖြစ်ပေါ်လာသော..အတွင်းအားလှိုင်းတို့မှာ...မည်မျှပြင်းထန်သည်မသိ။..


နံဘေးပတ်ပတ်လည်တွင်ရှိရှိသမျှအရာတွေအား.စက္ကန့်ပိုင်းအတွင်း .ဖျက်ဆီးပစ်လိုက်ပြီဖြစ်သည်။


စက္ကန့်ပိုင်းအတွင်းမရေမတွက်နိုင်သောဓားချက်များ.နှင့်ပြင်းထန်လှသောဓားလှိုင်းမျာကြောင့်..လီဂျိုစူးပင်..အံ့အားသင့်သွားလေသည်။


သို့သော်

..လီဂျိုစူးသည်ကား..သာမညမဟုတ်။.သိုင်းလောကတစ်ခု့လုံးဖိန့်ဖိန့်တုန်အောင်ကြောက်ရွံရသော..ရာဇဝင်သိုင်းသမားကြီးပေမို့..ထိုဓားချက်များအား..အရိပ်ကဲ့သို့ပင်လျှင်မြန်စွာရှောင်တိမ်းလိုက်၏။


``ဟေဟေး..တော်တော်ကောင်းတဲ့ဓားပါလား..ဒီဓားကငါ့အပိုင်ပဲဖြစ်ရမယ်..´´


ချက်ချင်း..သူဌေးမိန်၏ ဓားချက်များအားရှောင်တိမ်းရင်း..လီဂျိုစူးတစ်ယောက်..တန်ပြန်တိုက်စစ်ဆင်လိုက်တော့သည်။


ထိုအချိန်တွင်..ကျန်ရှိသောသိုင်းဂိုဏ်းချုပ်ကြီးငါယောက်တို့မှာလည်း..လီဂျိုစူးအားဝင်ရောက်တိုက်ခိုက်လေတော့သည်။


``ကျား...ကျား..ဝုန်း...ရွှမ်း...´´


``.ရွှမ်း..ဝုန်း..ဝုန်း...သေစမ်း..မိစ္ဆာကောင်ကြီး. ´´


. ဓားလှိုင်းများအတွင်းအားလှိုင်းများဖြင့်..မြေပြင်တစ်ခု့လုံးသိမ်သိမ့်တုံနေသည်ဟု့ပင်ထင်မှတ်ရလေသည်။


.ယခု့မှပင်..၆ယောက်တစ်ယောက်ဖြင့်  လီဂျိုစူးအား ပြန်လည်ယှဉ်သာနိုင်တော့သည်။


သို့သော်လီဂျိုစူး၏.တိမ်မုန်တိုင်းသိုင်းကျမ်းသည်လွန်စွာအဆင့်မြင့်သည်ကတစ်ကြောင်း..နှစ်နှစ်ဆယ်လုံးလုံး.နာကျည်းစိတ်ဖြင့်မရပ်မနားကျင့်ကြံခဲ့သဖြင့့်.အတွင်းအားများမှာလွန်စွာ.နက်ရှိုင်းနေသည်ကတစ်ကြောင်းကြောင့် သူဌေးမိန်တို့မှာ..လီဂျိုစူးအား.မယှဉ်သာနိုင်သေးပေ။


.သို့သော်လီဂျိုစူးအားကောင်းစွာဖိအားပေးနိုင်ကြလေသည်။.၆ယောက်တစ်ယောက်မို့လီဂျိုစူးမှာ.ပြန်လည်တိုက်စစ်မဆင်နိုင်သေးပေ။


သူဌေးမိန်၏ဓားချက်များနှင့်အခြားဂိုဏ်းချုပ်၅ယောက်၏.သိုင်းကွက်များကြားတွင်..ငရှဉ့်တစ်ကောင်ကဲ့သို့.လှည့်ပတ်ရှောင်တိမ်းနေလေသည်။


ဤသိုဖြင့်..တိုက်ပွဲမှာ..ရေနွေးအိုးနှစ်အိုးဆူသည့်.အချိန်ခန့်တွင်.

.``..ကျား.......အား..´´


လီဂျိုစူးမှာ..ကျယ်လောင်စွာတစ်ချက်အော်ပြီး..သူဌေးမိန်၏ဓားချက်အား.သူသေကိုယ်သေတိုက်ကွက်ဖြင့်. အခုတ်ခံလိုက်ပြီး. သူဌေးမိန်အားလက်ဝါးတစ်ချက်ရိုက်သွင်းလိုက်သည်။


 ``ရွှမ်း..အ..ဝုန်း..အုန်း..´´


လီဂျိုစူး၏လက်ဝါးအရိုက်ခံလိုက်ရသောသူဌေးမိန်တစ်ယောက်..ပေ၅၀မျှအထိလွင့်ထွက်သွားပြီး..သွေးများအဆုပ်လိုက်အန်ကာသေဆုံးသွားလေတော့သည်။


လီဂျိုစူးသည်ကား..လက်မောင်းတွင်ဓားဒဏ်ရာအနည်းငယ်မျှသာရပြီး..သူဌေးမိန်ကျခဲ့သော..ကျောက်စိမ်းနဂါးဓားအားအမြန်ကောက်လိုက်တော့သည်။


ထိုအချိန်တွင်..ကျန်သောဂိုဏ်းချုပ်ငါးယောက်တို့မှာလီဂျိုစူးအား..စုပေါင်းအတွင်းအားဖြင့်ပစ်သွင်းလိုက်ပြီဖြစ်သည်။


 သို့သော်လီဂျိုစူးလက်ထဲကျောက်စိမ်းနဂါးဓား.ရရှိသွားပြီဆိုသည်နှင့်..လီဂျိုစူးမှာကျယ်လောက်စွာအော်ပြီးဓားကွက်များထုတ်ကစားလိုက်သောအခါ..


``.ဟား...ဟား...ဟား....ဟား..

.ဝုန်း...ဝုန်း..အုန်း..´´


လွန်စွာမှပြင်းထန်လှသော..အစိမ်းရောင်ဓားအလင်းတန်ကြီးများထွက်ပေါ်လာသလို..နံဘေးပတ်ပတ်လည်ရှိသမျှအရာအားလုံး..တစ်ဝုန်းဝုန်းနှင့်ပေါက်ကွဲထွက်ကုန်တော့သည်။


.လီဂျိုစူး၏အတွင်းအားလှိုင်းများပေါက်ကွဲမှုသည်..ဂိုဏ်းချုပ်ငါးယောက်၏စု့ပေါင်းအတွင်းအားလှိုင်းအား..အသာတကြည်ပင်ချေဖျက်သွားသလို...လီဂျိုစူးလက်ထဲမှဓားအလင်းတန်းများကြောင့်..ဂိုဏ်းချုပ်ငါးယောက်၏ဦးခေါင်းများသည်..မြေပြင်သို့..ပျက်ကြသွားလေတော့သည်။


..ယခု့ဆိုလျှင်..သူဌေးမိန်၏စံအိမ်ကြီးတွင်...အသက်ရှင်သောသတ္တဝါဟူသည်ကား..လီဂျိုစူးမှလွဲ၍မည်သူမျှမရှိတော့ပြီဖြစ်သည်။.


သို့သော်..သူဌေးမိန်၏ခြံထဲသို့..ဘီလူးမျက်နှာဖုံးနှင့်လူနှစ်ဦး..အရိပ်ကဲ့သို့လျှင်မြန်စွာပြေးဝင်လာလေသည်။.


ထိုနှစ်ယောက်သည်ကား.သွေးမိစ္ဆာသိုင်းသမားလု့ဖန်းနှင့်.အဆိပ်မယ်ကျူးရင်တို့ပင်ဖြစ်သည်။.


.လု့ဖန်းနှင့်ကျုးရင်တို့မှာ..ခြံဝန်းထဲမှသွေးသံတရဲရဲလူသေများအားကြည့်ကာ..ပျို့ချင်သလိုလိုအန်ချင်သလိုလိုနှင့်..ရင်တုန်ထိပ်လန့်နေကြသည်။


ထိုနှစ်ယောက်..လီဂျိူစူးအနားရောက်သည်နှင့်

့...လီဂျိုစူးအားဂါဝရပြု့ပြီး..


``ဆ..ဆရာကြီး...လက်ထဲကဓားကကျောက်စိမ်းနဂါးဓားလား...´´


``ဟား..ဟား..ဟုတ်ပကွာဟုတ်ပ...ကဲ..ကျောက်စိမ်းနဂါးဓားငါ့လက်ထဲရောက်ပြီဆိုတော့..ဟိုဘုန်းကြီးစုတ်တွေကို.သွားသတ်ကြရအောင်..ဟား.ဟား...ဟား...´´


 ..လီဂျိုစူး၏ရယ်သံအား..လု့ဖန်းနှင့်ကျူးရင်ပါ.သံယောင်ဝါး၍လိုက်လံရယ်မောနေလေသည်။


ဤသို့ဖြင့်လီဂျိုစူးတို့.သူဌေးမိန်စံအိမ်မှ.ပြန်လည်ထွက်ခွာသွားသောအခါ...ပန်းဒေဝီသခင်မလေးစူးအော်နှင့့်သမာဓိဓားသမား.ရှောင်းလီတို့ရောက်ရှိလာကြသည်။


``.ဝေါ့ ..အော့..အမလေး..မသတီစရာကြီးတွေ´´


ခရေ၊သဇင်၊စံပယ်..တို့သုံးဦးမှာ..သွေးသံတရဲရဲနှင့်ရွံရှာဖွယ်အလောင်းများအားကြည့်ကာ...ထိပ်လန့်စွာရေရွတ်နေလေသည်။.


.စူးအော်နှင့်ရှောင်းလီ..တို့ကတော့.


.``.အင်း..ငါတို့ရောက်တာနည်းနည်းနောက်ကျသွားတယ်..ဘာတွေဖြစ်ပျက်သွားခဲ့လည်းသေချာတော့မသိဘူး..´´


``အင်း..အချိန်စောင့်ကြည့်ရမှာပေါ့..ဘာဆက်ဖြစ်လာဦးမလဲဆိုတာ..´´..ထိုသို့ပြောပြီးသူတို့လည်းပြန်လည်ထွက်ခွာသွားလေတော့သည်။


ထိုအချိန်တွင်..အဖြစ်အပျက်အစအဆုံးအား..ပုန်းကွယ်ကြည့်ရှု့နေသောလူနှစ်ယောက်ရှိသည်။


ထိုနှစ်ယောက်သည်ကား..နတ်လက်ဝါးကျောက်ထိုနှင့်သွေးကြောဖျက်ဓားသမားရန်အော်တို့ပင်ဖြစ်သည်။.


သူတို့သည်လည်း..ဓားအားဝင်လု့ရန် စီစဉ်ထားသော်လည်း..လီဂျိုစူးတို့၏သိုင်းပညာအားတွေ့လိုက်ရသောအခါ..လန့်ဖျားဖျားပြီးပုန်းကွယ်နေသည့်နေရာမှအပြင်သို့ ထွက်မလာဝံတော့ပေ။.


ယခု့.လူသူမရှိတော့မှအပြင်သို့ထွက်လာပြီး..


``..အားပါး..တော်တော်ကြောက်စရာကောင်းတဲ့လီဂျိုစူးပဲနော်.နောင်ကြီး.ကျောက်ထို´´


``အင်းဗျာ..သူ့လိုလူလက်ထဲကျောက်စိမ်းနဂါးရှိတာတော်တော်ကို.ဆိုးဝါးလွန်းတယ်..သူ့လိူလူလက်ထဲကဘယ်သူက.ဓားကိုပြန်လု့နိုင်တော့မှာလဲ။ငါတော့.ပြန်မလု့ဝံ့တော့ဘူး´´


``တူတူပါပဲဗျာ...ဒီတော့..ဒီနေရာမှာပဲကျွန်တော်တို့လမ်းခွဲကြတာပေါ့.ဗျာ.နုတ်ဆက်ပါတယ်.နောင်ကြီးကျောက်ထို´´

``အင်း...ငါတို့ကအမြဲတမ်းသွေသောက်ညီအကိုတွေပါကွာ.ရန်အော်ရာ´´


.နတ်လက်ဝါးကျောက်ထိုနှင့်သွေးကျောဖျက်ဓားသမားရန်အော်တို့လည်း..ကျောက်စိမ်းနဂါးဓားပြန်မလု့ဝံ့သောကြောင့်..တစ်ယောက်တစ်လမ်း.လမ်းခွဲလိုက်ကြပြီဖြစ်သည်။


ဤသို့ဖြင့်...သိုင်းလောကတွင်တော့..သူဌေးမိန်.နှင့်သိုင်းဂိုဏ်းချုပ်များ၊သိုင်းလောကသားအများအပြားသေဆုံးသည့့်.သတင်းမှာ.ဟိုးလေးတစ်ကျော်ကျော်ဖြစ်နေတော့သည်။.


အချို့သောကျန်ရစ်သူများက.ဈာပနာအခမ်းအနားများလုပ်ပေးကြသဖြင့်..ထိုရက်များတွင်ကား..ဈာပနာပွဲတော်အလား..ဖြစ်နေတေ့သည်။


.သို့သော်..တစ်နေရာတွေင်တော့မိန်းကလေးတစ်ယောက်..သွားကြေမတက်..အံကြိတ်နေပြီးမျက်ရည်များစီးကျနေသည်။.ထိုမိန်းကလေးသည်ကား..မိန်းကလေးရှင်းစု့ပင်ဖြစ်သည်။


_______________________________<၂၁><မျှော်>


rate now: