#နတ်ဆေးဆရာနှင့်ငရဲမင်း၏သမီးတေ#
ခဏတာအလင်းတန်းများ
စူးရှစွာထွက်ပေါ်လာပြီးနောက်
အလင်းတန်းများပြန်လည်ပျောက်ကွယ်
သွားလေသည်။
သို့သော် သူ၏မျက်လုံးအရောင်ကမူ
ပြန်လည်မဲနက်ခြင်း မရှိတော့ပေ။
ကျိကျေပို၍ပို၍ အံသြသွားရပြန်လေသည်။
အဘယ့်ကြောင့်ဆ်ိုသော်
မိမိ၏ အမြင်အာရုံမှာ
လွန်စွာစူးရှနေသောကြောင့်ပင်။
ပေ ၃၀ အကွာက ဆေးပင်ပေါ်မှ
ပိုးကောင်သေးသေးလေး လမ်းလျှောက်နေတာကအစ ရှင်းလင်းစွာ မြင်နေရ၏။
သူ၏ အမြင်အာရုံမှာ သာမာန်ထက်
အဆပေါင်းများစွာသာလွန်နေပေတော့သည်။
ထိုသို့အမြင်အာရုံစူးရှလွန်းသည်ကပင်
သူ့အတွက်ကံကောင်းသည်ဟု့ဆိုရပေမည်။
သူ၏ ခပ်ဝေးဝေးမှကျောက်နရံပေါ်၌
တောကြီးပင့်ကူနက် အကြီးစားတစ်ကောင်
ကပ်တွယ်နေသည်ကို တွေ့လိုက်ရသောကြောင့်ပင်။
``ဟာ ပင့်ကူအကြီးကြီးတစ်ကောင်ပါလား ငါအဲ့အနားမသွားမိလို့ကံကောင်းတယ်
ငါ့အမြင်အာရုံတွေဘာလို့ အရမ်းကောင်းသွားရတာပါလိမ့်။
ဟို မြွေသတ္တဝါကလည်း ဓားဖြစ်သွားတယ်..။
ငါဒီဂူထဲရောက်လာမှ ထူးထူးဆန်းဆန်းတွေကြီးပဲ မြင်နေရပါလား။´´
ထိုသို့တွေးနေရင်း တစ်ဆက်ထဲ
ကျိကျွေရဲ့အာရုံက ပင့်ကူ ကြီးဆီပြန်လည်
ရောက်ရှိသွားလေသည်။
မရောက်လို့လဲ မဖြစ် မိမိအားအချိန်မရွေး
အန္တရာယ် ပေးနိုင်သည်မဟုတ်ပါလော။
သူ၏ အာရုံ၌ ပင့်ကူသည်
အန္တရာယ်ပေးနိုင်သည်ဟု
့တွေးလိုက်မိသည်နှင်တပြိုက်နက်
သူ၏အရှေ့၌ ရှိနေသော ဓားမှာ
တုန်ခါလာပြီး တစ်ရှိန်ထိုး ပင်
ပင့်ကူကြီးအား သွားရောက်ထိုးစိုက်လေတော့သည်......။
`ဟင် ´ ကျိကျွေအံအောသွားရပြန်လေသည်၊
မိမိအတွေး၌ ပင့်ကူကို
သေစေချင်သောအခါ ဓားမှာ
အလိုအလျောက် သွားရောက်
ခုတ်ထစ်သောကြောင့့်ပင်ဖြစ်သည်။
ကျိကျွေ ထိုဓားအား
သင်္ကာမကင်းဖြစ်လာမိလေသည်။
ထို့ကြောင့် မိမိ၏အစိမ်းရောင်
မျက်လုံးအား အာရုံစူးစိုက်စွာဖြင့်
ကျောက်နရံတွေအား ရန်လိုသည့်သဘောဖြင့်
ကြည့်လိုက်မိသောအခါ ဓားမှာနောက်တစ်ဖန် ကျောက်နရံတွေအားသွားရောက်
ခုတ်ထစ်လေပြန်တော့သည်။
ဧကန္စစ္စစ္
နတ်မြွေထိန်းချုပ်နည်းဂါထာအစွမ်းကြောင့် သူ၏မျက်လုံးမှာမူ
မြွေတစ်ကောင်ကဲ့သို့စူးရှသွားပြီး
မြွေသည်ဓား၊ဓားသည်မျက်လုံး၊ ဓားနဲ့သူ တစ်သားထဲဖစ်သွားခြင်းပင်၊
ထိုဓားအား သူ့စိတ်အလိုကျခိုင်းလို့ရသည့်အစွမ်းရရှိသွားခြင်းဖြစ်သည်၊
သက်ရှ်ိမြွေအနေနဲ့ကော၊
သက်မဲ့ဓားအနေနဲ့ကော
မိမိစိတ်ရှိသည့်အတိုင်း ခိုင်းစေလို့ရသွားပြီဖြစ်၏။
``ဟား ဟား .ငါနားလည် ပြီ
ငါနားလည်သွားပြီ ဒီဓားဟာ
ငါ့စိတ္အလိုက်
ခိုင်းစေလို့ရပြီ ကဲ နတ်ဓားလေး
ငါ့ရဲ့ခါးမှာ ခါးပတ် ပုံစံနဲ့လာနေစမ်း ´´
ကျိကျွေထိုသို့အမိန်ပေးလိုက်သည်နှင့်
တစ်ပြိုင်နက်
ဓားမှာ ပျံဝဲလာပြီး ကျိကျေ၏
ခါး၌ ပတ်သွားလေတော့သည်။
နတ်မြွေထိန်းချုပ်နည်းဂါထာကြောင့်
ယခု့လိုအစွမ်းရလာသဖြင့်နတ်ဓားဟု
အမည်ပေးပြီးခေါ်လိုက်မိခြင်းဖြစ်သည်။
`` အင်း ပထမဆုံး ကြေးပြားတောင်
ဒီလိုအစွမ်းမျိုးရှိနေတယ် ဟုတ်ပြီ
နောက် ကြေးပြားတစ်ခု့ထပ်ဖတ်ကြည့်ရမယ် ´´
ကျိကျွေ နောက်ကြေးပြားတစ်ချပ်လှမ်းယူပြီးဖတ်ကြည့်လိုက်မိသောအခါ
ကြေးပြား၌ရေးထားသည်ကား ......
... #ကမ္ဘာဖြိုလက်ဝါးသိုင်းနှင့် လေးကျွန်းစင်္ကြာ အတွင်းအားပညာ ......ဟူ၍......
.......။...............
ရှောင်လင်ကျောင်းတော်၏
ဆေးကု့သဆောင်အတွင်း၌
ဆရာတော်နှင့်အခြားကိုယ်တော်များ
အတွင်းဒဏ်ရာရပြီး မေ့မြောနေသည့်
တာမောဆရာတော် `ပု့ကျင်း.´အနား၌ ရှိနေသည်။
အဆောင်တွင်း၌ ရှိနေကြသောသူ
အားလုံး၏မျက်နှာမှာ စိုးရိမ်ပူပန်မှု့များ
ရှိနေကြသည်။
အဘယ်ကြောင့်ဆိုသော်
သွေးလက်ဝါး သိုင်း၏ အပြင်းဆုံး
သွေးလက်ဝါးမုန်တိုင်း သိုင်းကွက်ကြောင့်
ဒဏ်ရာရနေသော တာမောဆရာတော်ပု့ကျင်းမှာသွေးမရှိတော့သလို ဖြူဖတ်ဖြူဖတ်ဖြစ်နေခြင်းကြောင့်ပင်။
ထိုစဉ် စိုးရိမ်နေမှု့များကို လျော့ကျစေသော စကားသံထွက်ပေါ်လာလေသည်။
ငြိမ်သက်မှု့ကို ဖြိုခွင်းသည့်
ထိုစကားသံပိုင်ရှင်မှာ အလွန်သြဇာကောင်းပုံရ၏။
အသံမှာ ရှင်းလင်းပြတ်သားစွာ
အေးချမ်းမှု့အသွင်ကိုဆောင်နေသည်။
``ကဲ ကိုယ်တော်တို့.
ဘာမှစိုးရိမ်မနေနဲ့တော့
ဆရာတော် ကိုယ်တိုင်
ခု့ပဲဆေးတိုက်ပြီး
အတွင်းဒဏ်ရာကု့ပေးပြီးပြီပဲ
ညီတော် ပု့ကျင်း ၃ရက်လောက်
အေးအေးဆေးဆေးအနားယူပြီးရင်
ပြန်သက်သာလာမှာပါ အခု့တော့
အတွင်းဒဏ်အရှိန်ကြောင့်
သတိလစ်နေသေးတာပါ
ဆေးတိုက်ပြီးပြီဆိုတော့
မကြာခင်သတိပြန်ရလာမှာ
ဒါကြောင့်သိပ်ပူပန်မနေကြပါနဲ့တော့
ကိုယ်တော်တို့´´
ဆရာတော်၏ စကားအဆုံး၌
အစောကစိုးရိမ်ပူပန်နေကြတဲ့
ကိုယ်တော်တွေ အကုန်
စိတ်သက်သာရာရသွားဟန်တူ၏။
သက်ပြင်းပြိုင်တူလိုလို ရှိုက်လိုက်ကြပြီး
``တင့်ပါ ဆရာတော်ဘု့ရား ´´ တပည်တော်တို့အစိုးရိမ်လွန်ကြီးသွားခဲ့မိပါတယ်ဘု့ရား ´´
`` ဆရာတော် ဘု့ရား တပည့်တော်
တစ်ခု့လောက်လျောက်တင်ချင်ပါတယ်ဘု့ရား ယခု့အခိုးခံလိုက်ရတဲ့
ငရဲမင်းအာဏာသိုင်းကျမ်းကြီးကို
ဘယ်သူခိုးတယ်လို့ထင်မြင်မိပါသလဲ
ဆရာတော်ဘု့ရား ´´
နဂါးနီကိုယ်တော် ပု့စူး ၏အမေးကြောင့်
ဆရာတော် လိထင်း
အတန်ငယ်တွေဝေစွာစဉ်းစားနေလေ၏။
လက်တစ်ဖက်ကပု့တီးစိတ်၍
လက်တစ်ဖက်က. မုတ်ဆိတ်မွှေးအရှည်ကြီးအား
ငြင်သာစွာပွတ်နေရင်းမှ ခဏအကြာ
`` အင်း အခိုးခံလိုက်ရတဲ့သွေးလက်ဝါးသိုင်း
ပြန်ပေါ်လာပြီဆိုကတည်းက.
ကျင်းဝေ. ဖြစ်ဖို့များတယ် ကိုယ်တော် ပု့စူး
ဒါပေမယ့်ဘယ်သူရယ်လို့တော့
အတိအကျစွတ်စွဲလို့မရသေးဘူး
ကျင်းဝေပျောက်နေတာ နှစ်၂၀ ကြာခဲ့ပြီလေ သူသာအခု့ချိန်ထိအသက်ရှိသေးလို့
လာခိုးတယ်ဆိုရင် ညီတော်ပု့ကျင်းတားဆီးတိုက်ခိုက်ချိန်တောင်ရှိမှာမဟုတ်ဘူး
အခု့လာခိုးတာက ကျင်းဝေ မဟုတ်လောက်ဘူး ဒီကိစ္စက တိမ်မယောင်နဲ့နက်တယ်
သေချာစုံစမ်းရမယ်
အကယ်၍ကျင်းဝေသာ
ပြန်ပေါ်လာခဲ့ရင် သိုင်းလောကကြီး
ယခု့လိုပဲငြိမ်သက်နေနိုင်ပါတော့မလား ကံကြမ္မာသာသိပေလိမ့်မယ် ကိုယ်တော်တို့
အောမီတောဖု့ ´´
``ဆရာတော်ဘု့ရား ကျင်းဝေ
ဆိုတာဘယ်သူပါလဲဘု့ရား၊
တပည့်တော်မသိ၍ မေးခြင်းဖြစ်ပါတယ်ဘု့ရား ´´
အသက်ငယ်ရွယ်တဲ့ကိုယ်တော်တပါးကဝင်မေးလေခြင်းပင်ဖြစ်သည်။
သူသည်ရှောင်လင်ကျောင်းကိုရောက်တာ ၁၅နှစ်ခန့်သာရှိသေးသည်မဟုတ်လား။
`` အင်း ကျင်းဝေ ဆိုတာ အရင်က
ရှောင်လင်ကျောင်းက
ကိုယ်တော်တစ်ပါးပါပဲ။
ဆရာတော်ထက် ၁၀နှစ်လောက်ငယ်ပါတယ်၊
အဲ့ဒိတုန်းက သူ့အသက်၂၅လောက်ရှိပြီ၊
အခု့ဆိုရင်တော့ အသက်၅၀ နီးပါးလောက်ရှိပြီပေါ့၊ သူကညဏ်ကောင်းတဲ့အတွက်
အရင်ဆရာတော်ကြီးက ချစ်ခင်ပြီး
သူ့ကိုတာမောကျမ်းစာဆောင်မှာ
မပင်မပန်းတဲ့ အလုပ်ဖြစ်တဲ့
ကျမ်းစာဆောင်ရှင်းလင်းတဲ့
တာဝန်ကိုသာပေးအပ်ခဲ့တယ်၊
ဒါကို ကျင်းဝေက အခွင့်ကောင်းယူပြီး
သိုင်းကျမ်းစာတွေကိုခိုးကျင့်ခဲ့တယ်ကွဲ့ ၊
အဲ့ထက်အဆိုးဆုံးကတော့
မြင်မြတ်သန့်စင်တဲ့ရှောင်လင်ကိုယ်တော်တွေ
မကျင့်အပ်တဲ့ အနက်ရောင်သိုင်းတွေကိုပါ သူကခိုးကျင့်နေခဲ့တယ်၊
သူအဲ့လိုခိုးကျင့်နေတာကိုအရင်ဆရာတော်ကြီးက ရိပ်မိသွားတဲ့အချိန်မှာ
သူက သိုင်းကျမ်းတော်တော်များများ
ခိုးယူသွားခဲ့ပြီး ပြန်မပေါ်လာခဲ့တော့တာ
ယခု့ထိတိုင်ပါပဲ၊အင်း ပြောရမယ်ဆိုရင်တော့
ကျင်းဝေကရှောင်လင်ရဲ့
သစ္စာဖောက်ကိုယ်တော်တပါးပဲ၊
အဲ့တုန္းက သူ
ခိုးယူသွားတဲ့သိုင်းထဲမှာ
အစွမ်းထက်ဆုံးသိုင်းတွေထက်
ယခု့အခိုးခံလိုက်ရတဲ့ ငရဲမင်းအာဏာ
သိုင်းကျမ်းက အများကြိးပိုထက်မြတ်ပြိးအများကြီးပိုရက်စက်တယ်ကွဲ့ ၊
ဟူး .သိုင်းလောကကြီးအတွက်
ရင်လေးမိတယ်ကိုယ်တော်တို့ ´´
ဆရာတော် သည်ရှင်းပြရတာ
ပင်ပန်းသွားဟန်ဖြင့်
သက်ပြင်းအရှည်ကြီးရှိုက်ထုပ်လိုက်ပြီး
``ကဲ ရှောင်လင်ကျောင်း က
ငရဲမင်းအာဏာ သိုင်းကျမ်း
အခိုးခံရတယ်ဆိုတာကို
ဝူတန်၊ငိုမီ၊ခွန်းလွန် ၊သူတောင်းစားဂိုဏ်း
စတဲ့ဂိုဏ်းကြီးတွေကို အကြောင်းကြားထားလိုက်စမ်းကိုယ်တော်တို့´´
ရှောင်လင်ကျောင်းရဲ့ဂုဏ်သိက္ခာ ငါ့လက်ထပ်ရောက်မှ ထပ်ကြရပြန်ပြီ အောမီတော်ဖု့´´ ဆရာတော်လိထင်းငြီးငြူပြီးသူ၏အဆောင်သို့ပြန်လည်ကြွသွားလေတော့သည်
ဝတ်ရုံနက်နဲ့လူသည်
လွန်စွာမောပန်းဟန်ဖြင့်
တောနက်အတွင်းရှိ ရဲတိုက်ကြီးဆီသို့
ဦးတည်ပြီး ပြေးလာနေလေသည်...။
သူ ထိုရဲတိုက်ဆိသို့ရောက်မှ ဖြစ်ပေလိမ့်မည်။
မိမိ၏အခြေအနေမည်မျှ ဆိုးနေသည်ဆိုတာကိုမိမ်ိသည်သာလျှင်သိသည်မဟုတ်ပာလော။ တာမောဆရာတော်ပု့ကျင်းရဲ့
သံမဏိလက်ဝါးရိုက်ချက်ကြောင့်
ဤမျှ အတွင်းဒဏ်ရာဆိုးသည်မှာ
မည်သို့မှမဖြစ်နိုင်ပေ၊ တာမောဆရာတော်သည်ခု့ခံလက်ဝါးဖြစ်ပြီးမိမိကပင်အသာစီးမှရိုက်သည့်လက်ဝါးပင်။
ဒါဆိုအတွင်းအားဒဏ်ရာဆိုးဝါးလာရခြင်းမှာ အဆိပ်မိခြင်းပင်ဖြစ်မှန်း ဝတ်ရုံနက်နဲ့လူကောင်းကောင်းသဘောပေါက်လိုက်လေသည်။
(မည်သူကဝတ်ရုံနက်နဲ့လူကိုအဆိပ်ခပ်လိုက်သလဲ ဆိုတာကိုထိုဝတ်ရုံနက် နဲ့လူသာလျှင်သိပေလိမ့်မည်။) ထို့ကြောင့် ထိုအဆိပ်ကိုဖယ်ရန် မိမိ၏စံအိမ်ဖြစ်သောရဲတိုက်ဆီသို့ စက္ကန့်နှင့်အမျှမရပ်မနားပြေးနေခြင်းပင်။
အချိန်နည်းနည်းနောက်ကျသွားလျှင်ပင် မိမိအသက်ဆုံးပါးသွားနိုင်သည်မဟုတ်ပါလော။
ယခု့ပင်လျှင်မိမိတွင် အားအင်တစ်စက်မှမရှိတော့သလိုခံစားနေရလေသည်။
ဝတ်ရုံနက်နှင့်လူရဲတိုက်အနားသ်ို့အရောက်တွင် အရုပ်ကြိုးပျက် လဲကျသွားလေတော့သည်။ ထိုအခါရဲတိုက်အတွင်းမှ မိန်းမပျိုလေးတစ်ဥိးပြေးထွက်လာပြီး
``ဟာ သခင်မလေး အမလေး လာကြပါဥိး သခင်မလေးကိုကယ်ကြပါဥိး ဒီမှာသခင်မလေးမေ့လဲသွားလို့ ´´ ထိုသို့အော်သံကြောင့် ရဲတိုက်အတွင်းမှ သားနားသောပိုးထည်အင်္ကျီများဝတ်ဆင်ထားသည့်မုတ်ဆိတ်မွှေးအရှည်ကြီးနှင့်ပိန်ပါးသော အဘိုးကြီးတစ်ယောက့်အပြင်အခြား ဝတ်ရုံနက်နှင့်လူများ အပြေးအလွှား ထွက်လာကြပြီး သခင်မလေးဟုခေါ်သော ဝတ်ရုံနက်နှင့်လူအား ရဲတိုက်အတွင်းသို့ထမ်းခေါ်သွားကြလေတော့သည်။
ကု့တင်ပေါ်၌ အလွန်လှပသောမိန်းကလေးတစ်ဦး အိပ်ပျော်နေလေသည်။
နံဘေးတွင် ရဲတိုက်ထဲကပြေးထွက်လာကြသော အဘိုးကြီးတို့လူစု့နှင့် မိန်းမပျိုလေးတစ်ဦးမတ်တပ်ရပ်လျှက်ရှိ၏။
`` အင်း သမီးလေး .ခြူးခြူး မှာ ထူးဆန်းတဲ့အဆိပ်လဲမိနေတယ် ဒါအပြင်အတွင်းဒဏ်ရာလဲအတော်ပြင်းထန်တယ်။
ဒီထူးဆန်းတဲ့အဆိပ်ကြောင့်အတွင်းဒဏ်ရာပိုပိုပြိးပြင်းထန်လာနေတယ် ဘာအဆိပ်လဲဆိုတာ ငါကိုယ်တိုင်တောင် အဖြေရှာမရသေးဘူး၊
ငါ့ရဲ့အသက်ကယ်ဆေးလုံး ၃လုံးတိုက်ပြီးကယ်ထားတာတောင် အဆိပ်က မပျောက်ကင်းပဲ အဆိပ်တိုးနှုန်းရပ်တန့်ရုံမျှသာ စွမ်းဆောင်နိုင်တယ်။
ဒါ့ကြောင့် သမိးလေးကံကောင်းပါစေဆု့တောင်းရုံပဲတက်နိုင်တယ်။
သမိးလေးနိုးလာမှ ဘာအဆိပ်မိတာလဲဆိုတာမေးပြီးအဆိပ်ဖြေနည်းဖြေရှာရမယ်။ ´´
မုတ်ဆိတ်ရှည်နှင့်လူကြီးသည် တစ်ယောက်ထဲပြောနေသလိုလို၊
ဘေးမှသူများအားပြောနေသလိုလိုနှင့် ငြီးတွားနေလေသည်။
ထိုလူကြီး၏စကားကြောင့် ဘေးမှ မိန်းကလေးမှာ ရှိုက်ကြီးတစ်ငင်ငင်ငိုကြွေးလေတော့သည်။
`` သခင်မလေး အီး...ဟီး...သခင်မလေး
သခင်မလေး တစ်ခု့ခု့ဖြစ်သွားခဲ့ရင် ကျူးအော် လည်းဒီလောကထဲမှာ တစ်ယောက်ထဲမနေချင်တော့ဘူး ဒါကြောင့်သခင်မလေး သတိပြန်ရလာပါတော့ အရင်လို ကောင်းကောင်းမွန်မွန်နဲ့ပျော်ပျော်ရွှင်ရွှင့်ပြန်နေကြမယ်လေ. သခင်မလေး နဲ့အရင်လိုပဲပန်းတွေလျောက်ခူးကြဦးမယ်လေ. သခင်မလေး
သခင်ကြီး သခင်မလေးပြန်ကောင်းလာမှာပါနော် ´´ ကျူးအော်၏ ငိုပြီးမေးသံကြောင့် သခင်ကြိးဆိုသူမုတ်ဆိတ်မွှေးနှင့်အဘိုးကြီးမှာ မျက်ရည်များရစ်ဝဲလာပြီး ငြင်သာစွာခေါင်းခါယမ်းပြလေသည်။ ထိုအပြု့အမူကြောင့် ကျူးအော်မိန်းကလေးမှာ ပို၍ဝမ်းနည်းသွားပြီး အံကိုတစ်ချက်ကြိတ်ကာ ``သခင်မလေးကိုဒီလိုအကောက်ကြံပြီးအဆိပ်ခပ်လိုက်တာ ဟိုရှောင်လင်ဘုန်းကြီးစုတ်တွေ ..သခင်မလေးသာတစ်ခု့ခု့ဖြစ်လို့ကတော့ ရှောင်လင်ကျောင်းတစ်ခု့လုံးမီးသွားရှို့ပစ်ရမှကျေနပ်မယ်။
❆ လူတို့သည် တစ်ခါတရံ သံယောဇဉ်ဆိုသည့်အရာကြောင့် အမှားအမှန်မခွဲခြားတက်တော့သည်မှာ ဓမ္မတာပင်❆
ကျူးအော်၏စကားကြောင့် သခင်ကြီးမှာ သူ၏အမှားအားနောင်တရဟန်ဖြင့်ငြီးတွားလိုက်လေတော့သည်။
``အင်း ငါငယ်ငယ်က အမှားတွေက သမီးလေးဆီကိုကူးစက်သွားခဲ့ပြီပဲ၊ ငါငယ်ငယ်ကမတော်လောဘကြောင့် ရှောင်လင်ကျောင်းကသိုင်းကျမ်းတွေကိုခိုးယူခဲ့မိတယ် .ငါ့အပေါ်အရမ်းကောင်းတဲ့ဆရာတော်အပေါ်ကိုသစ္စာဖောက်မိသလိုဖြစ်လို့ ရှောင်လင်ကျောင်းကိုဘယ်တော့မှခြေမချတော့ဘူးလို့သစ္စာဆိုခဲ့တယ်။ဒါပေမယ့် အဲ့တုန်းကအချိန်မရှိတော့လို့ ငရဲမင်းအာဏာသိုင်းကို ခိုးယူခွင့််မရခဲ့ဘူး ။အဲ့သိုင်းက အနက်ရောင်သိုင်းကျမ်းတွေထဲမှာ အစွမ်းဆုံးလို့ သူများတွေပြောသံကြောင့် ငါလိုချင်စိတ်ပိုများလာခဲ့မိတယ်။ အဲ့ဒီမတော်လောဘစိတ်ကပဲငါ့ကိုအမြဲခြောက်လှန့်နေခဲ့လို့ တစ်ခါက သမိးလေးကို ငာမသေခင်အဲ့ဒီသိုင်းသာကျင့်ခွင့်ရရင်သိပ်ကောင်းမှာပဲလို့ဖွင့်ပြောလိုက်မိတယ်။ အခု့တော့ လာမဲ့အပတ်ငါ့မွေးနေ့ရောက်တော့မှာမို့ သမီးလေးကအဲ့သိုင်းကျမ်းကို မွေးနေ့လက်ဆောင်ပေးချင်လို့သွားခိုးတာပဲဖစ်ရမယ်။ ဒါပေမယ့် စဉ်းစားစရာတစ်ချက်က ရှောင်လင်ကျောင်းက မြင့်မြတ်တဲ့.ပု့ဂ္ဂိုလ်တွေမို့ ဘယ်တော့မှအဆိပ်ခပ်လုပ်ကြံမှာမဟုတ်ဘူး ငါသခင်ကြီး ဂုဏ်သိက္ခာနဲ့အာမခံနိုင်တယ် ကျူးအော် ဒါ့ကြောင့် သေချာတွေးတောပြီးမှကလဲ့စားချေဖို့ဆုံးဖြတ် ပါ ပြီးတော့ သမိးလေးလည်း အခြေအနေက သတိရလာရင်ပြန်ကောင်းလာနိုင်တာပဲမဟုတ်လား ´´
ကျူးအော် သူ၏သခင်ကြီးစကားကြောင့် အငိုတိတ်၍ မိမိကိုယ်ကိုအပြစ်တင်နေမိလေသည်၊သခင်မလေး သိုင်းကျမ်းသွားမခိုးခင်က. ရှောင်လင်ကျောင်းမှာသိုင်းကျမ်းသွားခိုးမည်ဟု့ပြောခဲ့သည်မဟုတ်ပါလော၊မိမိအဖော်လိုက်ခဲ့မည်ဟု ပြောသော်လည်း သခင်ကြီးမသိအောင်သွားခိုးမှာမို့ ယုတ္တိရှိအောင် သူ့အားနေခဲ့ခိုင်းလေသည်၊ထိုစဉ်က မိမိသာသခင်မလေးအနောက်မှ တိတ်တဆိတ်လိုက်သွားခဲ့လျှင် သခင်မလေး ဤသို့ဖြစ်မှာမဟုတ်ဟု တွေးမိပြီး မိမိကိုယ်ကိုသာ အပြစ်တင်နေမိခြင်းပင်။ ဘာပဲဖြစ်ဖြစ် သခင်မလေးအမြန်သတိရလာပါစေ ဟု့သာ ကြိတ်ငိုပြီးရင်ထဲမှဆု့တောင်းမိနေလေတော့သည်။.
-ကျောက်ဂူအတွင်း၌ ဒုတိယမြောက်ကြေးပြားကြီးအား ကိုင်ဖတ်နေရင်းမှ
အံသြစွာဖြင့်
``ကမ္ဘာဖြိုလက်ဝါးသိုင်းနှင့်လေးကျွန်းစင်္ကြာအတွင်းအားပညာ ဆိုပါလား ´´
ကျိကျွေ ကြေးပြားအပေါ်ဆုံးမှ
စာကြောင်းအားဖတ်ရင်း မိမိရရှိထားသည့်ကြေးပြားတွေမှာအလွန်အဖိုးထိုက်တန်မှန်း
တဖြည်းဖြည်းသိရှိလာလေသည်၊ ထို့နောက် ........
____________။_____________.<အပိုင်း ၃ မျှော်>
Crd Aυռg ፐჩeե Oo