#နတ်ဆေးဆရာနှင့်ငရဲမင်း၏သမီးတော်#
ကျိကျွေအား.အပင်ပေါ်မှခုန်ချလာမည်ဟု့..သူတို့မထင်ခဲ့ချေ။ယခု့မူ..ကျိကျွေမှာ..သူတို့လိုထိပ်တန်းသိုင်းသမားများမသိရှိလောက်အောင်ပင် .သစ်ပင်ပေါ်တွင်ရှိနေခဲ့သောကြောင့်..အံ့သြကြရသည်။
.ထိုထက်အံ့သြရသည်ကား..ကျိကျွေမှာ..မျက်မမြင်ဖြစ်နေသောကြောင့်ပင်။.
ထို့ကြောင့်..ဝတ်ရုံနက်နဲ့လူများ .ကျိကျွေအား..လန့့်ဖျန့့်သွားကာ..သူတို့၏လက်သည်..ဓားလက်ကိုင်ပေါ်သို့တင်ထားလိုက်ကြသည်။
ထိုအချိန်တွင်..ကျိကျွေဆီမှ..စကားသံနောက်ထပ်တစ်ခါထွက်လာပြန်သည်။
``.ကျုပ်မေးနေတယ်လေ..ခဗျားတို့ကျုပ်ကိုရှာနေတာလား..ဘာကိစ္စနဲ့ကျုပ်တို့နောက် .နောက်ယောင်ခံလိုက်နေကြတာလဲ..´´
ကျိကျွေ၏အမေးအား..ဝတ်ရုံနက်နှင့်လူများ..ဖြေသင့့်မဖြေသင့်စဉ်းစားနေရင်းမှ..
``..မင်းကကော .သိုင်းပညာမြင့်မားရဲ့သားနဲ့..ငါတို့သခင်မလေးနားမှာ..ဘာလို့..ဘာမှမတက်သလိုဟန်ဆောင်နေတာလဲ´´
ဝတ်ရုံနက်နှင့်လူများမှာ..ကျိကျွေ၏သိုင်းပညာထိပ်တန်းအဆင့်ရှိမှန်းရိပ်မိကြသလို..မင်းသမီးလေးအနားတွင်.ထိုသို့သောလူရှိနေ၍..အန္တာရာယ်ဖြစ်မှာလည်းစိုးရိမ်နေကြသည်။ ဝတ်ရုံနက်နှင့်လူများ၏အမေးအား..
``..ခဗျားတို့မေးသလိုပြန်မေးကြည့်မယ်...ဒီမိန်းကလေးကခဗျားတို့သခင်မလေးဆိုတာဘယ်လိုသက်သေပြမလဲ..သခင်နောက်ကို.ဘယ်ကျွန်မှ.ဒီလိုမျိုးအနက်ရောင်ဝတ်စုံတွေဝတ်ပြီး
နောက်ယောင်ခံလိုက်မှာမဟုတ်ဘူး..ခဗျားတို့သက်သေတစ်ခု့ခု့ပြနိုင်ရင်..ကျုပ်လည်းဘာလို့သူ့အနားမှာဟန်ဆောင်နေလည်းဆိုတာပြောပြမယ်...´´
ကျိကျွေ၏စကားကြောင့်..ဝတ်စုံနက်နှင့်လူများ..ခေါင်းကုတ်သွားကြသည်။ရှင်းပြလေပိုရှုပ်လေဖြစ်မည်မှာ...ဧကန်မု့ချမို့..
``သက်သေကတော့ပြလို့မရဘူး..ကျုပ်တို့သခင်ကြီးက..လျှိုဝှက်စောင့်ရှောက်ခိုင်းလို့သာကျုပ်တို့ကစောင့်ရှောက်နေရတာ..´´
ဝတ်ရုံနက်နှင့်လူများ၏စကားကြောင့်..ကျိကျွေတစ်ချက်တွေဝေသွားပြီး
``ဒီမှာ..နောင်ကြီးတို့..ခဗျားတို့ပြောတာကျုပ်ယုံတယ်ပဲထား..ခဗျားတို့သခင်မလေးကို..ကျုပ်က.ထိခိုက်နစ်နာအောင်လုပ်မှာမဟုတ်တဲ့အတွက်..ဆက်ပြီး..နောက်ယောင်ခံမလိုက်တော့နဲ့လို့..ကျုပ်ပြောပါရစေ´´
ထိုချိန်တွင်...လု့မေတစ်ယောက်...ခပ်လှမ်းလှမ်း..ချုံအကွယ်မှထွက်လာလေသည်။
ထို့ကြောင့်..ဝတ်ရုံနက်နှင့်လူများလည်း..လျှင်မြန်စွာပင်ထွက်ပြေးပျောက်ကွယ်သွားလေတော့သည်။
``.ဟော့..အကိုအဲ့မှာဘာလုပ်နေတာလဲ..´´
``ဪ..အင်း..အကိုသစ်ပင်ရိပ်အောက်မှာ..လာနေနေတာပါ..နေပူလို့..ဟဲဟဲ´´
``အပိုတွေ..နေလည်းမပူပဲနဲ့...ထားပါတော့..လာ.
ခရီးဆက်သွားကြရအောင်...´´
ကျိကျွေ၏လက်အား..လု့မေလှမ်းဆွဲလိုက်သည်။ထိုအခါ..လု့မေ၏လက်အားကျိကျွေမှပြန်ဆွဲလိုက်ပြီး..သူ၏ရင်ခွင်ထဲဆွဲဖက်ထားလိုက်တော့သည်။
ရုတ်တရက်မို့လု့မေကြောင်သွား၏။.ကျေနပ်မိသလိုလို..ပီတိဖြစ်သလိုလိုရှက်သွေးလေးရဲကာ..
``.အို...အကို....ဘာလုပ်တာလည်း.
..လွှတ်ပါတော့..ဒီမှာ..မနေတက်တော့ဘူး....´´
ရင်ခွင်ထဲတွင်မရုန်းချင်ရုန်းချင်နှင်ရှက်နေသော..လု့မေ၏မျက်နှာလေးအား..ကျိကျွေကြည့်ကာ...
``..ကိုယ်...ဟိုလေ..ကိုယ်မင်းကိုသဘောကျနေမိပြီ
.ကိုယ်မင်းကိုအဆုံးရှုံးမခံနိုင်တော့ဘူး.ကလေးရယ်...´´
ကျိကျွေထိုမျှသာပြောပြီး..လု့မေ၏ခန္ဓာကိုယ်လေးအား..ပို၍တင်းကြပ်စွာဖက်ထားလိုက်တော့သည်။
လု့မေမှာတော့..ကျိကျွေအား..ချစ်နေသူမို့ .ဘာမှပြန်မပြောနိုင်တော့ပါ။.
ကျိကျွေအားပြန်လည်၍..ဖက်ထားနေမိသည်။
သဘာဝတရားသည်.နဂိုထက်ပို၍လှပပြည့်စုံသွားလေသည်။
.သစ်ပင်ပေါ်မှ..သစ်ရွက်လေးများမှာ..အဓိပ္ပါယ် တစ်ခု့အသွင်ဆောင်ကာ...ရုတ်တရက်ကြွေကျပေးနေသည်။..ကျိကျွေ၏အတွေးသည်ကား..
``.ကိုယ်မင်းကိုအဆုံးရှုံးမခံနိုင်တော့ဘူးထင်တယ်..မင်းမရှိရင်မနေတက်တော့ဘူး..ကိုယ့်ရင်ခွင်လေးထဲမှာပဲ.မင်းကိုအမြဲတမ်းပျော်စေချင်တယ်..ကလေးရယ်..´´ဟူ၍သာလျှင်
*အထိအတွေ့သည်...မီးလိုပူကာ...ချိုမြိန်သည်။.
*.အစွဲအလမ်းသည်..ပု့ထု့စဉ်များအား.မူးရစ်စေသည်။*..အချစ်သည်ကား............(စာရေးသူကျွန်တော်လည်းရေရေလည်လည်မသိ)
▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶
. ယနေ့..ပီကျင်းမြို့ကကျောက်သူဌေးကြီး..မိန်စု့ထင်းစံအိမ်တော်တွင်..ကျောက်စိမ်းနဂါးဓားအစွမ်းအားပြသမည်ဖြစ်သဖြင့်...သိုင်းဂိုဏ်းပေါင်းမြောက်များစွာမှ..ဂိုဏ်းချုပ်များ၊တစ်ကိုယ်တော်သိုင်းပညာရှင်များ..၊အစွမ်းထက်သည့်....အနယ်နယ်အရပ်ရပ်မှသိုင်းပညာရှင်များ..ရောက်ရှိနေကြသည်။
.ထိုလူများထဲတွင်..ရှောင်လင်ဂိုဏ်းချုပ်လိထင်းနှင့်.. ဝူတန်ဂိုဏ်းချုပ်လောက်ထူ၊သူတောင်းစားဂိုဏ်းချုပ်..ဟုန်ချိခုန်း၊ခွန်းလွန်ဆရာကြီးယွဲထို..၊ငိုမီဂိုဏ်းချုပ်ဆရာမကြီးရှားပု့အော်..တို့တော့မပါဝင်ပေ။.
.ထိုသိုင်အကျော်အမော်ကြီး..၅ဦးမှာတော့..ရှောင်လင်
ကျောင်းတွင်သာ..လိဂျိုစူးအား..စောင့်မျှော်နေလျှက်ရှိသည်။.
လီဂျိူစူး..ယခု့ဆိုလျှင်ဘယ်အရပ်သို့ရောက်ရှိနေလေသနည်း..။.ကာယကံရှင်လီဂျိုစူးကိုယ်တိုင်ကလွဲလိုမည်သူမျှသိရှိမည်မဟုတ်ပေ။.
သူဌေးမိန်၏ခြံဝန်းကြီးမှာ..လွန်စွာကျယ်ဝန်းလှပြီး..သိုင်းသမားပေါင်းမြောက်များစွာဖြင့်..ရှုပ်ယှက်ခက်နေသည်။..
သူဌေးမိန်မှာ..တပည့်တပန်းများပေါများလှပြီး..လွန်စွာချမ်းသာကြွယ်ဝသောကြောင့့်..ဧည့်သည်များအတွက်..ငြိုငြင်စရာမရှိအောင်ပင်..ဧည့်ခံကျွေးမွေးသဖြင့်..သိုင်းသမားများမှာ...သူဌေးမိန်အား..ချီးကျူးလေးစားနေကြသည်။.
သူဌေးမိန်၏သြဇာအာဏာနှင့်လူချစ်လူခင်ပေါများမှု့မှာ.ကျောက်စိမ်းနဂါးဓားအစွမ်းမပြခင်အချိန်၌ပင်.အတော်ကို.တိုးတက်လျက်ရှိသည်။
ယခု့လည်း..ကျောက်စ်ိမ်းနဂါးဓားအစွမ်းပြဖို့အတွက်..ကြီးမားသည့်..စင်မြင့်..ကြီးတစ်ခု့အားတည်ဆောက်ထားလေသည်။.
စင်မြင့်၏အောက်တွင်တော့..ထိုင်ခုံနေရာများအသီးသီးရှိပြီး..လွန်စွာစနစ်တကျရှိ၏။.လူတစ်ယောက်ထိုစင်မြင့်ပေါ်သို့တက်၍..
``.သိုင်းလောကမှ..ချစ်ခင်ရသောဆရာညီအကိုများ
ခဗျား..မကြာခင်အချိန်အတွင်းမှာ..ကျုပ်တို့သူဌေးကြီး..မိန်စု့ထင်းမှ..ကျောက်စိမ်းနဂါးဓားရဲ့..ထက်မြက်တဲ့အစွမ်းကို..ပြသတော့မှာဖြစ်သဖြင့်..ထိုင်ခုံများတွင်နေရာယူကာ...စားသောက်စရာများအားရပားရသုံးဆောင်
ပြီး.ကျောက်စိမ်းနဂါးဓားရဲ့အစွမ်းကိုရှု့စားကြပါဦးလို့..မေတ္တာရပ်ခံချင်ပါတယ်ခဗျား..´´.
...ထိုအသံကြောင့်..သိုင်းသမားများမှာ..ထိုင်ခုံအားလု့ထိုင်ကြကာ..ကျောက်စိမ်းနဂါးဓားအကြောင်းအား..သူ့ထက်ငါ..အလု့အယက်ငြင်းခုန်နေကြသည်။.
ကျောက်စိမ်းနဂါးဓားအစွမ်းအား...မကြည့်ချင်သည့်သိုင်းသမားမရှိသလောက်ပင်ရှားသည်။..
ကျောက်စိမ်းနဂါး ဓားသည်နယ်နယ်ရရဓားမဟုတ်ပါပြီလော။
ခဏအကြာ..စင်မြင့်ပော်သို ပန်းရောင်ဝတ်စုံလေးနှင့်လွန်စွာလှပပြီး.မျက်နှာကိုမူ.အုပ်ထားသည့်.မိန်းကလေးတစ်ယောက်နှင့်အသက်၅၀ခန့်ရှိသော.လူကြီးတစ်ယောက်တက်လာလေသည်။
သူ၏လက်ထဲတွင်ပိတ်စဖြင့်ဖုံးထားသော..ဓားတစ်ချောင်းအားကိုင်ဆောင်လာသည်။.
ထိုနှစ်ယောက်မှာ..သူဌေးမိန်နှင့်ရှင်းစု့မိန်းကလေးတို့ပင်ဖြစ်သည်။
စင်ပေါ်သို့တက်လာပြီးနောက်
``.ကဲ.ကဲ..သိုင်းလောကသားအပေါင်းတို့ခဗျား..ခဗျားတို့ကြည့်ချင်မြင်ချင်တဲ့..ကျောက်စိမ်းနဂါးဓားက..ကျုပ်လက်ထဲမှာပါ..မကြာခင်ဓားအစွမ်းပြသပါ့မယ်.ပထမဥိးဆုံးပြောချင်တာက..အခု့လိုတကူးတကလာရောက်ကြည့်ရှူ့ကြပေးလို့ကျေးဇူးအထူးတင်တယ်လို့ပြောချင်ပါတယ်..ကျွန်တော့်ဘက်က..ဧည့်ဝတ်မကျေမှု့များရှိပါကခွင့်လွှတ်ကြပါလိုအနူးအညွှတ်တောင်းပန်အပ်ပါတယ်..ကဲ.အခုဓားအစွမ်းပြသပါ့မယ်..´´
.သူဌေးမိန်မှာ..သူ၏အဝတ်စအုပ်ထားတဲ့ဓားရဲ့လက်ကိုင်ကနေ..တစ်ဖြည်းဖြည်းချင်းဆွဲထုတ်လိုက်ပါတယ်။ထိုအခါ..
`` ဝှီး....ဝုန်း..´´
သံချိုင်းထောက်ကြီးတစ်ခု...ရုတ်တရက့်..အရှိန်ပြင်းစွာပြေးဝင်လာ၍..သူဌေးမိန်ထိပ်လန့်စွာရှောင်တိမ်းလိုက်ရလေသည်။
သူဌေးမိန်..ရုတ်တရက်ရှောင်တိမ်းလိုက်ရ၍..ဟန်ချက်ပျက်သွားစဉ်..လျှင်မြန်လှသောလူတစ်ဦးမှ..သူဌေးမိန်လက်ထဲမှဓားအား..ဆွဲလု့သွားလေတော့သည်။
``ဟင်...သံမဏိချိုင်းထောက်သခင်..ကျိုင်းထို..ပါလား´´
လူတစ်ဦး၏အသံကြောင့်..ပွဲလာကြည့်သူသိုင်းသမားအပေါင်းဆူညံပွက်လောရိုက်သွားလေတော့သည်။
``.သံမဏိချိုင်းထောက်သခင် ဆိုတာသူလား..´´
``..အဲ့တာ..ရာဇဝင်လူဆိုးကြီးလေ´´
``သူက..သေမင်းတောင်ကြားမှာ..ခွန်းလွန်ဆရာကြီးယွဲ့ထို.သတ်လို့သေပြီမဟုတ်လား..´´
စသည်ဖြင့်..အမျိုးမျိုးအသံဗလံများထွက်ပေါ်လာတော့သည်။.သံမဏိချိုင်းထောက်သခင်.ကျိုင်းထိုဆိုသည်မှာလည်း..လူအများထိပ်လန့်စရာပင်။.
သူသည်အနက်ရောင် သိုင်းလောကသားဖြစ်ပြီး.သိုင်းပညာအားကိုးဖြင့်မတရားနှိပ်စက်သတ်ဖျက်ဗိုလ်ကျသည့်နေရာတွင်..နာမ်မည်ကြီးခဲ့သူလည်းဖြစ်သည်။
.ကျိုင်းထိုသည် လွန်စွာ..ယုတ်မာသောအကျင့်စိတ်ဓာတ်ရှိသူဖြစ်သည်။
သူသည်..တဏှာရာဂစိတ်အလွန်ကြီးမားသောကြောင့်..တစ်နေ့တွင်ခွန်းလွန်ဆရာကြီးယွဲ့ထို၏..ချစ်သူအား..အတင်းအဓမ္မကျင့်စော်ကားကာ.သတ်ဖျက်ခဲ့သည်။
ထိုရန်ကြွေးကြောင့်..သေမင်းတောင်ကြားတွင်ခွန်းလွန်ဆရာကြိးယွဲ့ထို၏..၇ဆင့်လက်သီးစာမိ၍..သေဆုံးခဲ့သည်ဟု့.လူအများသိခဲ့ရလေသည်။
ထိုစဉ်က..ခွန်လွန်ဆရာကြီးယွဲ့ထို၏လက်သီးချက်ကြောင့်..အတွင်းဒဏ်ရာသေမလောက်ရရှိပြီး..မေ့မျောနေသည်အား..ခွန်လွန်ဆရာကြီးမှသေပြီးထင်၍..ဒီအတိုင်းထားခဲ့သောကြောင့်...သူအသက်ရှင်ခွင့်ရခဲ့လေသည်။
သို့သော်..သူအသက်ရှင်နေသေးသည်အား..ဖုံးကွယ်ထားတာငြိမ်နေခဲ့ရလေသည်။
သူအသက်ရှင်နေသေးသည်အား..ခွန်လွန်ဆရာကြီးယွဲ့ထိုသိပါက..နောက်တစ်ဖန်လာရောက်သတ်ဖျက်တာခံရမည်ဆိုးသောကြောင့်ပင်။
ယခု့မူ..သူ၏လက်ထဲတွင်ကျောက်စိမ်းဓားရှိသဖြင့်..မည်သူမှကြောက်စရာမလိုတော့ပေ။. ထို့ကြောင့်...
``ဟားဟား..နောက်ဆုံးတော့..ငါ့လက်ထဲကျောက် စိမ်းနဂါးရောက်လာခဲ့ပြီ..ဘယ်သူမှကြောက်စရာမလိုတော့ဘူးကွ..ဟားဟား..´´
သံမဏိဂျိုင်းထောက်သခင်၏သိုင်းပညာမြင့်မားမှု့နှင့်ရက်စက်မှု့တို့ကြောင့်မည်သူမျှဝင်မတားရဲပေ။.ထို့အပြင်သူ၏လက်ထဲတွင်ကျောက်စိမ်းနဂါးဓားပါ.ရောက်ရှိနေသောကြောင့်..ပွဲလာကြည့်သူသိုင်းသမားအပေါင်မှာ..ပိုမိုထိပ်လန့်နေကြလေသည်။
သံမဏိချိုင်းထောက်သခင်ကျိုင်းထို၏.စကားအဆုံးတွင်..ချိုသာသောအသံတစ်ခု့ထွက်ပေါ်လာ၏။
ထိုအသံမှာမူ..မျက်နှာအုပ်ထားသော.ရှင်းစု့မိန်းကလေး၏အသံပင်ဖြစ်သည်။.
``..ရှင့်လက်ထဲကဓားကို..ကျောက်စိမ်းနဂါးဓားလို့ထင်နေတယ်ပေါ့်လေ..ခ်ခ်..
ဒီလိုတွေဖြစ်မယ်မှန်းကြိုသိလို့..ဓားအတု့ကိုအရင်ထုတ်ပြတာရှင့်..သိပြီလား..ဓားအစစ်ကဒီမှာ...´´
ရှင့်စု့မိန်းကလေးသူ၏..ဖွက်ထားသော..ကျောက်စိမ်နဂါးဓားအစစ်အားဆွဲထုပ်ကာ..သံမဏိချိုင်းထောက်သခင်ကျိုင်းထိုအား..ဝင်ရောက်တိုက်ခိုက်လိုက်သည်။
.သူ၏လက်ထဲမှကျောက်စိမ်းနဂါးဓားဆွဲထုတ်လိုက်သည်နှင့်..အစိမ်းရောင်အလင်းတန်းကြီးထွက်လာပြီး နံဘေးမှ.ပစ္စည်းပစ္စယာများ.ထက်ပိုင်း.ပြတ်ထွက်သွားလေတော့သည်။
ထိုကဲ့သို့သောကျောက်စိမ်းနဂါးဓား၏အစွမ်းအား..ပွဲလာသူသိုင်းသမားအပေါင်းမြင်တွေ့လိုက်ရသောအခါ..လွန်စွာအံသြထိပ်လန့်သွားတော့လေသည်။
``ဘု့ရားဘု့ရား..တော်တော်ကောင်းတဲ့ဓား..´´
``ဟုတ်ပဗျာ..ဓားအလင်းတန်းနဲ့တင်အားလုံးကိုဖြတ်ပစ်လို့ရအောင်.ထက်နေတယ်´´
``.ကျောက်စိမ်နဂါးဓားဒီလောက်စွမ်းမယ်လို့မထင်ခဲ့မိဘူး..´´
``.ဟုတ်ပဗျာ..ဒါ့ကြောင့်ဒီဓားပိုင်ဆိုင်ရတဲ့သူက..သိုင်းလောကမှာပြိုင်ဘက်ကင်းဖြစ်နေရတာပေါ့´´
ပွဲလာသူသိုင်းသမားအပေါင်းစကားမြည်တွန်းနေချိန်ဝယ်..သံမဏိဂျိုင်းထောက်သခင်အား..ရှင်းစု့မိန်းကလေးမှတိုက်လိုက်နေပြီဖြစ်သည်။
ရှင်းစု့မိန်းကလေး..ဓားကွက်တစ်ခု့အားပုံဖော်လိုက်သည်။ထိုအခါ..အစိမ်းရောင်အလင်းတန်းပေါင်းမြောက်များစွာ..သံမဏိဂျိုင်းထောက်သခင်ရှိရာသို့ပြေးဝင်သွားလေတော့သည်။
``ရွှမ်း...ရွှင်း......´´
ဓားအလင်းတန်းပေါင်းမြောက်များစွာ..သူ့ဆိသို့ပြေးဝင်လာသောကြောင့်..သံမဏိချိုင်းထောက်သခင်ထိပ်လန့်သွားပြီး...အလျှင်အမြန်ပင်ရှောင်လိုက်ရလေတော့သည်။
ဓားအတု့နှင့်အစစ်အလဲခံလိုက်ရသဖြင့်...သံမဏိချိုင်းထောက်သခင်တစ်ယောက်..လွန်စွာခံပြင်းဒေါသထွက်နေလေတော့သည်။
ပွဲလာသူသိုင်းသမားအပေါင်းမှာတော့..ရှင်းစု့မိန်းကလေး၏..ထူးဆန်းလှသည့်ဓားသိုင်းအား..ချီးမွန်းနေကြလေသည်။
တစ်ဖြည်းဖြည်း..သံမဏိချိုင်းထောက်သခင်တစ်ယောက်.ဓားအလင်းတန်းပေါင်းများစွာ.ကြားထဲတွင်..အသက်မနည်းလု့၍ရှောင်နေရလေတော့သည်။
တစ်ချီတွင်.မရှောင်နိူင်တော့၍..သူ၏သံမဏိချိုင်းထောက်ကြီးနှင့်ကာလိုက်သောအခါ..
``.ရွှမ်း ဝုန်း..´´
သူ၏သိုင်းလောကတွင်မာကျောလှပါသည်ဟူသော..သံမဏိ..ချိုင်းထောက်ကြီးမှာ.ထက်ပိုင်းဖြစ်သွားရလေတော့သည်။
ထို့သို့သောကျောက်စိမ်းနဂါးးဓား၏အစွမ်းကြောင့့်.ပွဲလာသူသိုင်းသမား.အားလုံးမှာ..ကျောက်စိမ်းနဂါးဓားအား..ပိုင်ဆိုင်ချင်နေကြတော့သည်။
တစ်ဖြည်းဖြည်း တိုက်ပွဲမှာပို၍ ပြင်းထန်လာပြီး
ဓားမှအလင်းတန်းများကြောင့်..သူဌေးမိန်နှင့်.ပွဲလာသူသိုင်းသမားအပေါင်းမှာ..အဝေးတစ်ရာနေသို့ရှောင်တိမ်းပေးရသည်အထိဖြစ်လာတော့သည်။
သံမဏိချိုင်းထောက်သခင်မှာ..အတွင်းအား မြင့်မားသော်လည်း..ကျောက်စိမ်းနဂါးဓားရှိပြီးဓားကွက်ဆန်းများနှင့်တိုက်ခိုက်နေသော..ရှင့်စု့မိန်းကလေးအား..မယှဉ်သာပေ။.
ဓားအလင်းတန်းများ၊.အတွင်းအားတို့ကြောင့်..ခမ်းနားထည်ဝါသောစင်ကြီးမှာ..အပိုင်းပိုင်းပျက်စီးသွားရလေပြီဖြစ်သည်။
တစ်ချီတွင်...ရှင်းစု့မိန်းကလေး၏ဓားချက်အား..သံမဏိချိုင်းထောက်သခင်..မခုခံမကာကွယ်နိုင်သောအခါ..
``ရွှမ်း..ရွှမ်း....ဝုန်း..ဘုတ်...´´
ခေါင်းပြတ်ကြီးတစ်ခု့.မြေပြင်သို့ပြုတ်ကျလာလေသည်။ဤသည်ကား.လူယုတ်မာမု့ဒိန်းကောင်..သံမဏိချိုင်းထောက်သခင်၏..နောက်ဆုံးသွားရာလမ်းပေတည်း.....။
``.ဝေး...တော်တယ်ကွ...ဖြောင်း ဖြောင်း..ဖြောင်း..´´
ရှင်းစု့မှ..သံမဏိချိုင်းထောက်သခင်အား.ခေါင်းဖြတ်သတ်လိုက်နိုင်၍..ပွဲလာသူသိုင်းသမားအပေါင်း၏..လက်ခုတ်သံများဆူညံသွားလေတော့သည်။
သူဌေးမိန်၏မျက်နှာ၌လည်း..ပန်းကဲ့သို့ဝေဆာနေသည်။
ထိုအခိုက္..
``ဟား...ဟား.. ဟား...ဟား.. ဟား...ဟား.. ဟား...ဟား.. ဟား...ဟား.. ဟား...ဟား..´´
အရပ်ရှစ်မျက်နှာတစ်ခွင်လုံး...မိုးကြိုးပစ်သံကဲ့သို့ ဟိန်းထွက်နေသော..ရယ်သံကြီးကြောင့်...သူဌေးမိန်စံအိမ်အတွင်း၌ရှိသောသူများအားလုံး..နားအားပိတ်ထားကြရလေသည်။အချို့သိုင်းမတက်သောသူများဆိုလျှင်..နားမှသွေးများပင်ထွက်လာလေတော့သည်၊ဝါရင့်သိုင်းပညာရှင်ကြီးများကတော့..တုန်လှုပ်ခြောက်ခြားကာ..မျက်စိမျက်နှာပျက်နေကြတော့သည်။
______________________________အပိုင်း<၂၀>မျှော်