#နတ်ဆေးဆရာနှင့်ငရဲမင်း၏သမီးတော်#
ယခု့..တောလမ်းလေးတစ်ခု့တွင်လူနှစ်ယောက်လျှောက်လာနေသည်။သူတို့၏မျက်နှာတွင်..ဘီလူးတစ်ကောင်ကဲ့သို့မျက်နှာဖုံးများစွပ်ထားသောကြောင့်သွေးပျက်စရာကောင်းလွန်းလှသည်။
ထိုလူနှစ်ယောက်မှာအခြားတော့မဟုတ်..။သွေးမိစ္ဆာသိုင်းသမား လု့ဖန်းနှင့်.အဆိပ်မယ်ကျူးရင်ပင်ဖြစ်သည်။
။ဦးစွာအဆိပ်မယ်ကျူးရင်မှ
`` မောင်လေးလု့ဖန်း..မမနဲ့တိုက်တာ.လက်ရည်ချင်းတူခဲ့တယ်နော်...´´..
လွန်ခဲ့သောရက်အနည်းငယ်က..ယှဉ်ပြိုင်ခဲ့မှု့မှာသရေသာကျခဲ့သောကြောင့်..ကျူးရင်မှာမကျေနပ်သလို...မိန်းမသားတစ်ယောက်အားအနိုင်မရခဲ့၍..လု့ဖန်းမှာလည်းသိပ်အစာမကျေသေးချေ။
ထို့ကြောင့်
``.ဘာလဲ.ခဗျားလေးကထပ်တိုက်ချင်သေးတာလား... ´´
``..ဟုတ်တယ်ပဲဆိုပါတော့...ဘယ်သူနိုင်လည်းဆိုတာ. ..သေချာအောင်သိချင်လို့´´
``ကောင်းပြီလေ...ခဗျားလေးကဘယ်လိုတိုက်ချင်သေးတာလည်း...´´
``..အင်း.....အရင်လိုထပ်မတိုက်ချင်တော့ဘူး....ဟိုးအရှေ့မှာလူတစ်ယောက်လာနေတာတွေ့လား...´´
``အင်း..တွေ့တယ်လေ..ပုံစံကြည့်ရတာ..သိုင်းသမားပဲထင်တယ်...´´
``ကောင်းပြီ...အဲ့လူရဲ့ခေါင်းကိုအရင်ဖြတ်နိုင်တဲ့သူက...အနိုင်ပဲ...ဘယ်လိုလဲ´´
``လုပ်လိုက်လေ...ကြာသလားလို့´´
ပြောပြောဆိုဆို..နှစ်ဦးသား...လှစ်ခနဲ့ပြေးထွက်သွားလေတော့သည်။
လု့ဖန်းနှင့်ကျူးရင်သည်...အကျင့့်ယုတ်သည့်နေရာတွင် .လွန်စွာလိုက်ဖက်လှပေသည်။
သူတို့၏..အရှေ့ခပ်လှမ်းလှမ်းတွင်..လူတစ်ယောက်မြက်ဦးထုပ်ကြီးအားဆောင်းကာ.လျှောက်လာနေသည်။
..သိုင်းသမားတစ်ယောက်၏ဟန်ပန်အပြည့်ဖြင့်..ကျောတွင်ဓားအားလွယ်ထားကာ...ခြေလှမ်းများမှာညင်သာနေသောကြောင့်..အဆင့်မြင့်သိုင်းသမားတစ်ဦးဖြစ်မည်ဆိုတာ...ကြည့်ရုံနှင့်ပင်သိနိုင်လေသည်။
ထိုလူသည်...သိုင်းလောကတွင်...စိတ်ကောင်းနှလုံးကောင်းရှိသဖြင့်လူတိုင်း..ချစ်ခင်ကြသော..သမာဓိဓားသမားရှောင်းလီပင်ဖြစ်သည်။
...ရုတ်တရက် ..သမာဓိဓားသမားရှောင်းလီ..အံသြသွားရလေသည်။
အဘယ်ကြောင့်ဆိုသော်..ဘီလူးမျက်နှာဖုံးတပ်ထားသော...သူနှစ်ယောက်.မိမိဆီသို့ဦးတည်၍တစ်ရှိန်ထိုးပြေးလာနေသောကြောင့်ပင်။.
.ရှောင်းလီကဲ့သို့.သူအတွက်..ဒီလိုလုပ်ကြံမှု့မျိုးမှာမဆန်းတော့ပေ။.
.သိုင်းလောကတွင်လူချစ်လူခင်ပေါသော်လည်း...အနက်ရောင်သိုင်းလောကသားများ၏လုပ်ကြံမှု့အား...မကြာခဏကြုံတွေ့နေရသောကြောင့်ပင်။
သ်ို့သော်...ယခု့အခါတော့..မိမိလွတ်မြောက်နိုင်ပါ့ဦးမလားဟု့...တွေးနေမိလေသည်။
မိမိဆီသို့ပြေးဝင်လာနေသော....လူနှစ်ယောက်မှာ..အဆင့်မြင့်သိုင်းသမားများဖြစ်ဟန်တူသည်၊ထိုလူနှစ်ယောက်မှာ..လွန်စွာမှပင်..ကိုယ်ဖော့ပညာကောင်းသောကြောင့်ပင်ဖြစ်၏။
ထိုကြောင့်..သမားဓိဓားသမားရှောင်းလီ...သတိဖြင့့်ရပ်စောင့်နေလိုက်သည်။
..တမဟုတ်အတွင်းပင်..မျက်နှာဖုန်းစွပ်ထားသောလု့ဖန်းနှင့်ကျူးရင်မှာ...သမာဓိဓားသမားရှောင်းလီ...ဆီသို့ရောက်ရှိသွားပြီး...ဦးစွာ..လု့ဖန်းမှ...အတွင်းအားအပြည့်ဖြင့်..ရှောင်းလီ၏ခေါင်းအားဖြတ်ခုတ်ချလိုက်သည်။
ထို့အတူ..ကျူးရင်မှာလည်း.ဓားဖြင့်.ရှောင်းလီ၏ခန္ဓာကိုယ်အား..ပိုင်းချလိုက်လေတော့သည်။
သို့သော်...ထိုဓားချက်များသည်လေကိုသာခုတ်မိသွားလေတော့သည်။
ရှောင်းလီသည်...ကြို၍သတိနှင့်စောင့်ကြိုနေခဲ့သူမို့ ..ထိုဓားချက်များအား လှပစွာရှောင်တိမ်းသွားလေတော့သည်။
သို့သော်..ရှောင်းလီသည်လည်း...အတန်ငယ်နောက်ကျပါက..ခေါင်းပြတ်မည်မှာဧကန်မလွဲမို့ ..ရင်ထိပ်သွားရလေသည်။
``ဘယ်က..အဆင့်မြင့်သိုင်းပညာရှင်တွေပါလိမ့့်...´´ဟု့ရှောင်းလီတွေးနေမိသည်။
တွေးမိရုံလေးသာပင်..ပါးစပ်ကမေးချိန်မရပေ။နောက်ထပ်ဓားချက်များ..အဆက်မပြတ်ဝင်ရောက်လာသောကြောင့်..အသက်လု့ကာရှောင်နေရသောကြောင့်ပင်။
လု့ဖန်း၏သေမင်းခေါ်သံဓားသိုင်းနှင့်ကျူးရင်၏..သံစဉ်မဲ့ဓားသိုင်း..တို့၏ထက်မြက်မှု့ကြောင့် ..သမာဓိဓားသမားရှောင်းလီတစ်ယောက်...ဓားမုန်တိုင်းကြားရောက်ရှိနေသကဲ့သို့ပင်။
``ဟင်..ပျောက်ကွယ်နေတဲ့သိုင်းပညာနှစ်မျိုးပါလား´´
သမာဓိဓားသမားပို၍ထိပ်လန့်သွားပြီး...ရှောင်ရှားနေသည့်ကြားမှ...သူ၏ကျောမှဓားအားအမြန်ဆွဲထုပ်လိုက်ရတော့သည်။
``ရွှမ်း..´´
သမားဓိဓားသမားရှောင်းလီ၏လက်ထဲဓားရောက်သွားသည်နှင့်တစ်ပြိုင်နက်.....လု့ဖန်နှင့်ကျူးရင်၏ဓားချက်များအားပြန်လည်ပုတ်ထုတ်လိုက်လေတော့သည်။
``ချွမ်...ချွမ်...ဝုန်း´´
ရှောင်းလီ၏..တကိုယ်တော်ဓားသိုင်းမှာလည်း..ထက်မြက်လွန်းလှသည်မို့...လု့ဖန်နှင့်ကျုးရင်..အနည်းငယ်ရှိန်သွားလေသည်။
သို့သော်တစ်ခဏမျှသာလျှင်ဖြစ်သည်။လု့ဖန်းနှင့်ကျူးရင်၏..တရစက်ဓားချက်များအောက်တွင်တော့..တဖြည်းဖြည်း..သမာဓိဓားသမားရှောင်းလီတစ်ယောက်..
အရေးနိမ့်လာရတော့သည်။.
..နောက်ဆုံး..လု့ဖန်း၏..သေမင်းခေါ်သံဓားသိုင်းကျမ်းထဲမှ.အကြမ်းဆုံးဖြစ်သော.ဝိညဏ်မဲ့သိုင်းကွက်နဲ့အတူ...ကျူးရင်၏..သံစဉ်မဲ့ဓားသိုင်းကျမ်းထဲမှ..အကြမ်းဆုံးသော..မိုးကြိုးသံစဉ်.သိုင်းကွက်အားထုတ်သုံးလိုက်သောအခါ...
သမာဓိဓားသမားရှောင်းလီ..လွတ်အောင်မရှောင်နိူင်တော့ပေ။.
ဓားချက်များကြောင့်သူ၏လက်နှင့်ခြေထောက်တို့မှာပြတ်ရှဒဏ်ရာများ...နေရာယူသွားကြပြီဖြစ်သည်။
ထိုအခိုက်တွင်...၄င်းတို့တိုက်ခိုက်ရာတောလမ်းလေးအတွင်းတို့ဝေါယဉ်တစ်ခု့အားလူသန်ကြီး၄ဦး..မကာ..လျောက်ဝင်လာကြလေသည်။
ထိုဝေါယဉ်လေး၏ဘေးတွင်လည်းခပ်ချောချော..အမျိုးသမီး၃ဦးကပ်လျက်လိုက်ပါလာကြလေသည်။
.ဦးစွာ..ဝေါယဉ်လေးအတွင်းမှချိုသာသောအသံပျံလွှင့်လာတော့သည်။
`ခရေ၊သဇင်၊စံပယ်..အရှေ့မှာတိုက်ခိုက်သံတွေကြားတယ်...ဘာဖြစ်နေကြတာလဲ..´´
ခရေ၊စံပယ်၊သဇင်..ဆိုသည်မှာ..နံဘေးတွင်ရပ်နေကြသောမိန်းကလေးများ၏နာမည်ဖြစ်ဟန်တူသည်။ချက်ချင်းပင်ပြန်လည်ဖြေကြားလေတော့သည်။
``ဟုတ်ကဲ့သခင်မလေး..အရှေ့မှာလူတစ်ဦးကို..မျက်နှာဖုံးစွပ်နဲ့လူနှစ်ယောက်က..ဝိုင်းတိုက်ခိုက်နေကြတာပါ´´
``ဟင်..ဒါဆို..အနိုင်ကျင့်ခံနေရတာပဲ...အဲ့လူအခြေအနေဘယ်လိုရှိလဲ..´´
``..ဟုတ်သခင်မလေး...တိုက်ခိုက်ခံနေရတဲ့လူ..အရေးနိမ့်နေပါတယ်..´´
``ဘာ..ဒါဆို...ဝင်ကယ်ပေးရမှာပေါ့..မတရားတာတွေ့ရင်ငါလက်ပိုက်ကြည့်မနေနိုင်ဘူး...အကယ်၍ငါတစ်ခုခု့ဖြစ်တော့မယ်ထင်မှနင်တို့ဝင်ကူကြကြားလား..´´
``ဟုတ်သခင်မလေး..´´
ထိုအချိန်တွင်..လု့ဖန်းနှင့်ကျူးရင်၏ဓားချက်ကြောင့်ရှောင်းလီမှာ...ဒဏ်ရာဗလပွနှင့်ပင်ဖြစ်နေလေသည်။
တိုက်ပွဲမှာ..အသက်လု့တိုက်ပွဲဖြစ်နေ၍...ပေ၅၀ခန့်တွင်ရောက်ရှိနေသော...ဝေါယဉ်အားအား...မည်သူမှသတိမထားမိချေ။
ထိုအခိုက္..
ဝေါယဉ်ထဲမှ...ဓားရှည်တစ်ချောင်းပျံဝဲထွက်လာလေတော့သည်။
ထိုဓားမှာ...လု့ဖန်ဆီသို့ပြေးဝင်လာသောကြောင့်..လု့ဖန်းမှာထိတ်လန့်စွာဖြင့်...သေမင်းဝတ်ရုံသိုင်းကွက့်ဖြင့်အမြန်ပုတ်ထုတ်လိုက်တော့သည်။
ထိုအခါ..ဝေါယဉ်အတွင်းမှ..အဝါရောင်ဝတ်စုံအပြည့်ဆင်မြန်းထားသော..မိန်းမလှလေးတစ်ဦး..ကိုယ်ဖော့သိုင်းဖြင့်ပြေးထွက်လာကာ..လု့ဖန်းပုတ်ထုတ်လိုက်သောဓားအား.လှပစွာဖမ်း၍..လိပ်ပြာလေးတစ်ကောင်ကဲ့သို့ငြင်သာစွာ..ဆင်းသက်လာလေသည်။
ထိုမိန်းကလေးကြောင့်..လု့ဖန်းနှင့်ကျူးရင်မှာ.အနည်းငယ်ကြောင်သွားမိလေသည်။
`` မင်းကဘယ်သူလဲ.ဘာ့ကြောင့်ငါတို့ကိစ္စ
ထဲဝင်ရှုပ်တာလဲ..´´
လု့ဖန်းမှမေးလိုက်လေသည်။ထိုအခါ
.``ကျွန်မကလား .ပန်းဒေဝီသခင်မလေးစူးအော်.လို့ခေါ်ပါသတဲ့ရှင်..ဝင်ရှုပ်တာတော့မဟုတ်ဘူး..မတရားတာတွေ့လိုဝင်ကူညီတာ...ရော့´´
ပန်းဒေဝီသခင်မလေး..စူးအော် ...သူ၏စကားဆုံုံးသည်နှင့်..ရုတ်တရက်လု့ဖန်းအားတိုက်ခိုက်လိုက်၏။
ထိုအခါ..သမာဓိဓားသမားရှောင်းလီလည်..ကူညီသည့့်ကယ်တင်ရှင်ရှိလာ၍..အားတက်ပြီးအတွင်းအားအကုန်ထုတ်ကာပြန်တိုက်ခိုက်တော့သည်။
ယခု့မှပင်..တိုက်ပွဲမှာဘက်မျှပြီး...ကြည့်ကောင်းလွန်းလှသည်။
သွေးမိစ္ဆာသိုင်းသမားလုဖန်းနှင့်သမာဓိဓားသမား.ရှောင်းလီမှာ...သူသေကိုယ်သေတိုက်ခိုက်နေသလို..အဆိပ်မယ်.ကျူးရင်နှင့်.ပန်းလိပ်ပြာသခင်မလေးတို့မှာလည်း..မီးကုန်ယမ်းကုန်တိုက်ခိုက်နေကြသည်။.
လီဂျိုစူးကလျှိ ု့ဝှက်စွာနေခိုင်းထားသောကြောင့်.အဆိပ်မယ်ကျူးရင်မှာမူ..သူ၏အဆိပ်လက်နက်ပုန်းများအား.ထုတ်သုံးခွင့်မရရှိပေ။
ထို့ကြောင့်.ပန်းလိပ်ပြာသခင်မလေးစူးအော်မှာအနည်းငယ်အသာစီးရနေလေသည်။
ပန်းဒေဝီသခင်မလေး..စူးအော်၏..လိပ်ပြာအရိပ်ဓားသိုင်းမှာ.၃၉ရှိ၏၊။အရိပ်ကဲ့သို့ပင်သူ၏ဓားချက်များမှာမြန်ဆန်လွန်းလှသည်။
သူတို့၏တိုက်ပွဲမှာအတန်ကြာသည်အထိ..သူမသာကိုယ်မသာနှင့်လက်ရည်တူနေကြလေသည်။.
နောက်ဆုံး.. ခရေ၊သဇင်၊စံပယ်..ဟူသောမိန်းကလေး၃ဦးပါ..ဝင်ရောက်တိုက်ခိုက်သောအခါ..လု့ဖန်းနှင့်ကျူးရင်မှာမခံနိုင်တော့ပေ။
``.ရွှမ်း..ရွှမ်း..ဝုန်း...အုန်း .´´
အတွင်းအားလှိုင်သလုံးများကြား...လု့ဖန်းနှင့်ကျူးရင်လွင့်ထွက်လာလေတော့သည်။
နှစ်ဦးသား.ပါးစပ်မှသွေးအနည်းငယ်အန်လိုက်ပြီး..
``..မင်း..မင်း..တို့..တစ်နေ့ငါတို့အကြောင်းကောင်းကောင်းသိစေရမယ်..´
´ဟု့.ပြောကာ..ပြေးထွက်ပျောက်ကွယ်သွားလေတော့သည်။ထိုအခါမှ..သမာဓိဓားသမား ရှောင်းလီတစ်ယောက်အသက်ဝဝရှူ၍..သက်ပြင်းကောင်းစွာချနိုင်တော့သည်။
``..ဒီကအကိုအဆင်ပြေရဲ့လား..´´
ကယ်တင်ရှင်..စူးအော်ဟု့ခေါ်သော..မိန်းမပျိုလေးကြောင့့်..ရှောင်းလီမှာ
``.ဟုတ်ကဲ့အဆင်ပြေပါတယ်..ဒီကညိမကိုအရမ်းပဲကျေးဇူးတင်မိပါတယ်ဗျာ...တကယ်ပါ.´´
``ရပါတယ်အကို..ညီမကမတရားတာတွေ့ရင်မနေနိုင်လို့ပါ..ဒါနဲ့အက်ိုကသူတို့နဲ့ဘာရန်အညိုးအတေးရှိ လို့..သဲကြီးမဲကြီး တိုက်ခိုက်နေတာပါလိမ့်´´
``အင်း..ဟုတ်တယ် .အကိုလည်းသေချာတော့မသိဘူး..ရုတ်တရက်တိုက်ခိုက်တာခံရတာပဲ..
ဪ..ဒါနက်အကိုနာမည်က..ရှောင်းလီပါ..´´
``ရှင်...ဒါဆိုအကိုကနာမည်ကြီးနေတဲ့သမာဓိဓားသမားရှောင်းလီပေါ့နော်..တွေ့ရကူညီခွင့်ရတာ..ဝမ်းသာလိုက်တာရှင်..´´
``ဟုတ်..ကျွန်တော်လည်းနာမည်ကြီးနေတဲ့ပန်းဒေဝီသခင်မလေးရဲ့ကူညီပေးမှု့ကြောင့်..အတိုင်းမသိဝမ်းသာလှပါတယ်ဗျာ..´´
``ဒါနဲ့အကိုကဘယ်သွားမလို့လဲ...´´
``အင်း..ပီကျင်းမြို့ကသူဌေးမိန်စံအိမ်မှာ..ကျောက်စိမ်းနဂါးဓားအစွမ်းထုပ်ဖော်ပြသမယ်ဆိုလို့..လူအများသွားတာတွေ့တယ်။ကျောက်စိမ်းနဂါးဓားပြန်ပေါ်လာတာကောင်းတဲ့ကိစ္စမဟုတ်ဘူး..
ဒါကြောင့်..တိုက်ခိုက်မှု့တွေဖြစ်ပေါ်လာခဲ့ရင်
ကူညီဟန့်တားနိုင်အောင်လို့..သွားမလိုပါ´´
``ဟာ..ဒါဆိုညီမလည်းစိတ်ဝင်စားတယ်..အတူတူသွားကြရအောင်..အကိုကလည်းဒဏ်ရာတွေနဲ့ဆိုတော့...´´ ပြောပြောဆိုဆိုဝေါယဉ်လေးအတွင်းသို့ဖိတ်ကြားလေသည်။
``..အားနာစရာကြီးညီမရယ်...ဟဲဟဲ´´
ဤသို့ဖြင့်.စူးအော်နှင့်ရှောင်းလီတို့သည်လည်း..ပီကျင်းမြို့ဆီသို့..ခရီးဆက်နေလေသည်။
▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶
ထိုအချိန် တွင်တော့..လိဖန်းနှင့်ကျူးအော်တို့မှာလည်း..ကျောက်စမ်းနဂါးသတင်းရသောကြောင့်...လီဂျိုစူးအားအကြောင်းကြားလေတော့သည်။
လု့ဖန်း၏စကားကြောင့်လီဂျိုစူး...အံသြသွားလေတော့သည်။ကျောက်စိမ်းနဂါးဓားဟူသည်မှာ..လူတိုင်းလိုချင်နေကြသောရတနာတစ်ပါးမဟုတ်ပါလော။ထို့ကြောင့်လီဂျိုစူးမှာအံသြဟန်ဖြင့်
`` ဘာ..ကျောက်စိမ်းနဂါးဓားဟုတ်လား....ဟား...ဟား..ဒါဆိုလည်း..အဲ့ဓားသွားယူကြတာပေါ့ကွာ...´´
လီဂျိုစူးတို့မှာလည်း..ပီကျင်းမြို့ကသူဌေးမိန်၏စံအိမ်ဆိသို့ဦးတည်နေကြသလို...အခြားသိုင်းပညာထက်မြက်သည့်...တစ်ကိုယ်တော်သိုင်းသမားများ..သိုင်းလောကတွင်ပုံးလျှိုးကွယ်လျှိုးနေကြသောရွက်ပုန်းသီးသိုင်းသမားများ..၊ အဖြူအနက် စသည့်ဂိုဏ်းပေါင်းများစွာကဂိုဏ်းချုပ်ကြီးများ.သည်လည်း..သူဌေးမိန်၏စံအိမ်ဆီသို့သာ.သွားနေကြလေသည်။
မကြာမှီအချိန်တွင်းသိုင်းလောကကြီးသည်..သွေးချောင်းစီးတော့မည်မှာ..ဧကန်မုချပင်။
ထိုအချိန်တွင်..ကျိကျွေနှင့်လု့မေမှာတော့...သိုင်းလောကကြီးဘယ်အရေးကိစ္စဖြစ်ပျက်နေသည်အားမသိ။..
အရာအားလုံးသူတို့နှင့်မဆိုင်သည့်အလား...တစ်ယောက်လက်အားတစ်ယောက်ချိတ်ကာ...ခရီးစဉ်အား..ဖြေးညှင်စွာပင်ခရီးဆက်နေလေသည်။
ကမ္ဘာလောကကြီးသည်ကား..သာယာလွန်းပေစွ။ဘယ်နေရာကြည့်ကြည့်..ရှု့ခင်များမှာလှပလွန်းနေပြီး..လု့မေတစ်ယောက်အပျော်ကြီးပျော်နေလေသည်။တစ်နေရာအရောက်..
``အား..အကို.ခဏနော်..ညီမအပေါ့အပါးသွားလိုက်ဦးမယ်..ဒီမှာခဏစောင့်နေ..ဟီး.´´
လု့မေထွက်သွားသည်နှင့်တစ်ပြိုင်နက်..ကျိကျွေ..တစ်ချက်လှုပ်ရှားလိုက်၏။ထိုအခါသူ၏ခန္ဓာကိုယ်သည်..လျှပ်စစ်အလားလျှင်မြန်စွာပင်..သစ်ပင်ကြီးတစ်ပင်ပေါ်သို့ရောက်ရှိသွားလေသည်။.
.ကျိကျွေအဘယ်ကြောင့်ထိုသို့လုပ်လိုက်သနည်း..ဟူသော်..မိမိတို့၏အနောက်သို့..လူ၃ယောက်..အင်မတန်မှလျှို့ဝှက်စွာကပ်ပါလာသောကြောင့်ပင်။
ထိုလူများသည်..မည်သူတို့နည်း။အဘယ်ကိစ္စကြောင့်..လျှို့ဝှက်စွာနောက်ယောင်ခံလိုက်နေကြသနည်း။
..ထိုအဖြေအားသိချင်၍..ကျိကျွေ..သစ်ပင်၏အပေါ်သို့ခုန်တက်လိုက်ခြင်းပင်ဖြစ်သည်။
မကြာပါ...တစ်ကိုယ်လုံးအနက်ရောင်ဝတ်ဆင်ထားသော..လူ၃ယောက်..လျှင်မြန်စွာပင်..သစ်ပင်များ၏အနောက်သို့ကွယ်၍ကွယ်၍လာပြီး..ကျိကျွေရပ်နေသောသစ်ပင်၏အောက်သို့ရောက်ရှိလာကြသည်။
ထိုလူများအားကျိကျွေသေချာအကဲခတ်ကြည့်နေမိသည်။ကျိကျွေသူတို့အပော်၌ရှိနေသည်။သူတို့အားကြည့်နေသည်ဆိုသည်အား..ထိုလူသုံးယောက်..မသိရှိသေးချေ။
ထိုလူများသည်အဝတ်နက်များဝတ်ဆင်ထားသည်ကလွဲ၍မည်သည်မှထူးခြားမှု့မရှိပေ။
``ဟိုမျက်မမြင်နဲ့ကောင်လေးဘယ်ရောက်သွားလည်းမသိဘူး..´´
``အင်း..ဟုတ်တယ်...ထူးဆန်းတယ်..´´
``အဲ့ကောင်လေးကသခင်မလေးအတွက်..အန္တာရာယ်ဖြစ်နေရင်ဘယ်လိုလုပ်မလဲ..´´
ဧကန်စစ်စစ် ထိုဝတ်ရုံနက်နဲ့လူသုံးဦးသည်..ဘု့ရင်ကြီးကောင်းဝေ.မှလု့မေအားစောင့်ရှောက်ရန်လွှတ်လိုက်သော..ရွှေဓားကိုင်၃ဦးပင်ဖြစ်သည်။
ရွှေမင်းသမီးလေးအား..သခင်မလေးဟု့ခေါ်သည့်အကြောင်းကတော့....ဟန်နိုင်ငံအတွင်းသို့ရောက်ရှိနေခြင်းကြောင့်.ပင်ဖြစ်သည်။
ထိုအခါကျိကျွေသည်သစ်ပင်ပေါ်မှနေ၍ခုန်ချလိုက်ကာမေးလိုက်တော့သည်။
``ခဗျားတ်ို့ရှာနေတာကျုပ်ကိုလားဗျ..ဟဲဟဲ´´
``ဟင်..ဟာ...မင်း....´´
ဝတ်ရုံနက်နှင့်လူသုံးဦး..သရဲ.တစ္ဆေ တွေ့လိုက်ရသကဲ့သို့..ကျိကျွေအားကြည့်ကာလန့်ဖြန့်သွားကြလေသည်။
___________။________________အပိုင်း၁၉မျှော်