#နတ်ဆေးဆရာနှင့်ငရဲမင်း၏သမီးတော်#
လူနှစ်ယောက်..မြင်းနှစ်ကောင်နှင့်..ခရီးဆက်နေသည်။ သူတို့နှစ်ယောက်သည်..အတွေးကိုယ်စီနှင့် ငြင်သာစွာခရီးဆက်နေသည်။.
သူတို့မှာအခြားတော့မဟုတ်.ကျိကျွေ..လု့မေပင်ဖြစ်သည်။
လု့မေ. လွန်ခဲ့သောရက်က ကျိကျွေ၏ ရင်ခွင်ထဲတွင်..ထွေးပွေ့ခံခဲ့ရသည်ကို..ပြန်တွေးမိရင်း..ရင်ခုန်သလိုလို..ကြည်နူးသလိုလို..ခံစားနေရသည်။
ထို့အတူ .ရင်ခုန်ခြင်းနှင့်ကြည်နူးခြင်း၏အနောက်မှာ..ရှက်ရွံခြင်းပါ..ကပ်ပါလာသည်မို့..တွေးမိနေရင်းနှင့်ပင်..မျက်နှာလေးမှာရဲတဲတဲလေးဖြစ်နေမိသည်။.
.ထိုညက..လု့မေ.ခေါင်မိုးပေါ်တွင်သာတက်အိပ်ခဲ့ပြီး..ကျိကျွေသည်လည်း..မျက်မမြင်ဟန်ဆောင်ထားသည်မို့...အိပ်ခန်းလေးအတွင်းတွင်..တစ်ယောက်ထဲသာအိပ်ခဲ့ရလေသည်။
လု့မေသည်ငယ်စဉ်ကတည်းကနန်းတွင်းတွင်..ဘယ်သူစိမ်းယောက်ျားလေးနှင့်မျှမထိတွေ့ခဲ့ရသည်ကတစ်ကြောင်း၊.ကျိကျွေ၏..ချောမောသောမျက်နှာထားနှင့်ကိုယ်နေဟန်ထားတို့ကြောင့်ရင်ခုန်စိတ်လှုပ်ရှားခဲ့ရသည်ကတစ်ကြောင်း၊ ရက်ပေါင်းမျာစွာ.အတူသွားအတူလာ.နေခဲ့ရသည်မို့..ကျိကျွေ၏..ပျော်ပျော်နေတက်မှု့နှင့်စိတ်သဘောထားနူးညံမှု့တို့ကြောင့်..သူမ၏ရင်ထဲတွင်..ကျိကျွေအား..သံယောဇဉ်များအမြစ်လိုက်တွယ်မိနေပြီဖြစ်သည်။
သူမ၏အမြင်တွင်..ကျိကျွေသည် ဘယ်လိုနေနေခန့်ငြှားနေပြီး..မျက်မမြင်တစ်ယောက်ဖြစ်စေကာမူ..ကာကွယ်ပေးချင်စိတ်အပြည့်နှင့်.ကျိကျွေအနားမှာအမြဲတမ်းနေချင်သည့်စိတ်က
ရင်ထဲတွင်ပြည့်နှက်နေတော့သည်။
ထို့ကြောင့်..မိန်းမသားတို့ဗီဇ..ပေါ်လွင်လာပြီး..ကျိကျွေအား..သူမ..မိန်းကလေးဖြစ်ကြောင်းဖွင့်ပြောချင်နေမိသည်။
နံဘေးမှ..ကျိကျွေကတော့မူ..လု့မေ၏.အလှအပအစုံအလင်အားတွေ့ဖူးခဲ့သည်မို့..မျက်မမြင်ဟန်ဆောင်ထားသော်လည်း..ကိုယ့်လိပ်ပြာကိုယ်မလုံ ဖြစ်နေသည်။
ထို့ကြောင့်.တစ်ချိန်လုံး...လု့မေအား..အရိပ်တကြည်ဲကြည့်ကြည့်နေသူမို့..လု့မေ.တစ်ယောက်..ပြုံးလိုက်..ပါးလေးရဲသွားလိုက်ဖြစ်နေသည်အား..မြင်နေရသောကြောင့်
``အဟမ်း..ညီလေး..အသံတိတ်နေပါလား..တစ်ယောက်ထဲဘာတွေစဉ်းစားနေတာလဲ..ဟဲဟဲ´´
လု့မေ..ရင်..ဒိတ်ကနဲခုန်သွားလေသည်။
ကျိကျွေအကြောင်းစဉ်းစားနေမိတာကြောင့်..စိတ်မလုံမလဲဖြစ်ကာ
``ဟာဗျာ..ဘာ..ဘာမှမစဉ်းစားပါဘူးအကိုကလည်း..´´
``ဪ. မသိဘူးလေ..အကို့အကြောင်းစဉ်းစားနေတာလားလို့..ဟီးဟီး.´´
ကျိကျွေစကားကြောင့်လု့မေမှာစိတ်ထဲမှရှက်သွားပြီး
``အာ...မဟုတ်ပါဘူးဆိုအကိုကလည်း.. တော်ပြီ..မနောက်နဲ့တော့အကို..ခုအချိန်ကစပြီး..ကျွန်တော်တို့မြင်းမစီးတော့ဘူး..လမ်းပဲလျောက်သွားတော့မယ်..အဲ့တာမှရှူခင်းတွေ..တစ်ဝကြီးကြည့်သွားလို့ရမှာ..´´
``အင်းလေ..ညီ့သဘောပဲ..နောက်၃ရက်လောက်နေရင်..ရှောင်လင်ကျောင်းရောက်တော့မှာဆိုတော့..လမ်းပဲလျောက်သွားတာ..ကောင်းပါတယ်..´´
``အကို..အဲ့တာဆို..ဒီတောအုပ်လေးထဲပဲ..မြင်းတွေကို.ဘေးမဲ့လွှတ်ပေးလိုက်တာပေါ့..´´
``အင်း..ညီ့သဘောပါဆို´´
ထို့နောက်..လု့မေမြင်းနှစ်ကောင်အား..တောအုပ်လေးထဲလွှတ်ပေးလိုက်ပြီး..ကျိကျွေအနားလာရပ်ကာ
``အကို ..ဟို..ဟိုလေ..ကျွန်တော်အကို့ကိုဝန်ခံစရာတစ်ခု့ရှိတယ်..အကိုစိတ်မဆိုးနဲ့နော်.. ´´
လု့မေဘာပြောမည်အားကျိကျွေကြိုသိနေပြီးသားမို့
``အင်း..´´
``မအံသြရဘူးနော်´´
``အင်း´´
``လိမ်လို့ဆိုပြီး..မုန်းလည်းမမုန်းရဘူး´´
``အင်း..´´
``မခေါ်ပဲလည်းမနေရဘူးနော်´´
``အင်း...´´
``ဆူလည်းမဆူရဘူး.´´
``ဪ အင်းပါဆို..´´
``တကယ်နော်..´´
``ဪ တကယ်ပါဗျာ..ပြောမှာသာပြောတော်မူပါ..ဗျ´´
မိန်းကလေးဖြစ်ကြောင်းပြောဖို့အရေးကိုအရစ်ရှည်နေလိုက်တာ.ဟု..ကျိကျွေတွေးနေမိသည်။
ဧကန်စစ်စစ်ကျိကျွေသည်လည်း..ဤမိန်းကလေးအားသံယောဇဉ်တွယ်နေမိပြီဖြစ်သည်။
အမြဲတမ်းသူ့အရှေ့မှ..ကာကွယ်ပေးခဲ့သောကောင်မလေး။
ယောက်ျားလေးအဖြစ်ဟန်ဆောင်ထားသော်လည်း..အလွန်ချစ်စရာကောင်းသောကောင်မလေး။
``ဒီကောင်မလေးသာ..မိန်းကလေးလိုပြင်ဆင်
ထားရင်..ဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်မလဲ´´
ကျိကျွေတွေးနေမိသည်။
သူမနှင့်အတူယှဉ်တွဲသွားလာနေချိန်ဝယ်..ရဲတိုက်သခင်မလေးခြူးနတ်နွယ်အား..လွမ်းဆွတ်သည့်စိတ်မှာ..ရေခဲတုန်းကဲ့သို့အရည်ပျော်ကာပျောက်ကွယ်သွားရလေသည်။
ထို့ကြောင့်..ကျိကျွေလည်း..သူမအနားမှာနေရတာပျော်
မိပါသည်။
တစ်ခါတစ်လေ..မိမိလက်အားသူမဆုပ်ကိုင်ထားသောအခါဝယ်..ရင်ခုန်မိရသလို...ကြည်နူးမိသည်မှာလည်း..မငြင်းနိုင်ပေ။
ကျိကျွေ.တဒင်္ဂလေးအချိန်ဝယ်.အတွေးပင်လယ်စီးမျောနေရင်းမှ...သူမပြောမည့်စကားအား.နားထောင်နေသည်။
လု့မေမှာမူ..သူမပြောရမည်အား..ပြောသင့်မပြောသင့်တွေဝေနေပြီးမှ....
``ဟို..ဟိုလေ..ကျွန်မ..အဲ..ကျွန်တော်က...မိန်းကလေးတစ်ယောက်ပါအကိုရယ်.
..အကို့ကိုတမင်သက်သက်လိမ်ခဲ့ရတာမဟုတ်ပါဘူး..ပြီးတော့....´´
သူမစကားမဆုံးခင်မှာပင်..ကျိကျွေ..သူမအနားတိုးကာ..
``အကို..သိပြီးသားပါညီမရယ်..´´
``ဟင်..အကိုသိပြီးသားပေါ့လေ´´
``အင်း.ဟုတ်တယ်..အကို့အသက်မွေးဝမ်းကျောင်းအလုပ်ကဆေးဆရာအလုပ်လေ´´
``..ဒါ..ဒါဆို..အကိုလည်းညီမမိန်းကလေးမှန်းသိသိကြီးနဲ့လိမ်ခဲ့တာပေါ့.တကယ်ပဲ.မုန်းချင်စရာကြီး..ဟွန့့်....´´ .
.လု့မေ၏..ပါးလေနှစ်ဖက်စူပြီးစိတ်ဆိုးဟန်..ချစ်စရာအမူအယာလေးကြောင့် ကျိကျွေအသဲယားနေမိသည်။
ထို့ကြောင့်..သူမအနားပိုပြီးတိုးကပ်လိုက်ကာ
``.ဟို.လေ.အကိုလည်း..ညီမကို..ဝန်ခံစရာရှိတယ်..´´
ကျိကျွေ.စကားကြောင့်...လု့မေ..ရင်ခုန်သံတွေမြန်ဆန်လာလေသည်။.
``..အဟိ..ရည်းစားစကားပြောတော့မှာလား..မသိဘူး အို ...ရင်တွေခုန်လိုက်တာ..´´
လု့မေစိတ်ထဲမှတွေးပြီးရှက်နေမိကာ..
ကျိကျွေ၏ နှုတ်ခမ်းလေးအား ..သူမလက်ညှိုး..သေးသေးလေးဖြင့်လှမ်းကပ်ထားလိုက်ပြီး
``.အကို..ဘာပြောမလဲ.ညီမသိတယ်...အခု့မပြောပါနဲ့ဦးလား..ညီမလေ
ညီမအရမ်းရှက်တယ်...´´
ဟု့ပြောပြီး..ကျိကျွေအရှေ့မှ..လု့မေ..နွဲတဲ့တဲ့အမူအယာလေးနှင့်ပြေးထွက်သွားတော့သည်။
``ဟင်..ဘာလဲဟ..ငါလည်းမျက်မမြင်ဟန်ဆောင်ထားခဲ့မိပါတယ်လို့..ဖွင့်ပြောမလို့ကို..သူကဘာပြောမယ်ထင်ပြီး..ရှက်သွားတာပါလိမ့်..ကောင်းပါတယ်ဖွင့်မပြောသေးတာလည်း..´´
ကျိကျွေခေါင်းကုတ်လိုက်မိ၏။ပြီးနောက်ပြေးထွက်သွားသော..လု့မေ၏ ချစ်စရာ.ငားရံ့ ကိုယ်လုံးလေးအားကြည့်ကာ.
``အတော်ချစ်ဖို့ကောင်းတဲ့ကောင်မလေး´´ဟုစိတ်ထဲမှရေရွတ်လိုက်မိပြီး.
``ဟေ့..ညီမ..အကို့ကိုစောင့်ဦးလေ..´´
``ဪ..ဟီး..ဟုတ်သားပဲ..´´
လု့မေ..ရှက်ရမ်းရမ်းကာ..အခု့မှ..ကျိကျွေမျက်မမြင်မှန်းပြန်သတိရမိပြီး..အနားပြန်လာကာ..ကျိကျွေ၏လက်လေးအားဆုပ်ကိုင်လိုက်ပြီး..ရှက်နေသည့်အမူအယာလေးနှင့်
``သွားကြစို့..အကို.´´
``အင်း..´´
ကျိကျွေ..အင်း..တစ်လုံးပဲပြောနိုင်ပါသည်။သူမ၏လက်ကလေးအားဆုပ်ကိုင်မိလိုက်တိုင်း..နွေးထွေးတဲ့ခံစားချက်လေးတွေကြောင့်...မျက်မမြင်ဟန်ဆောင်ထားမိကြောင်း..ဖွင့်ပြောမည့်အရေးမှာ..အမြဲတမ်းရှုံးနိမ့်ခဲ့ရခြင်းပင်ဖြစ်သည်။
``ဪ ငါ့နှယ်..ဒီလက်ကလေးကြောင့်နဲ့ပဲ..ဖွင့်ပြောမယ်လုပ်တိုင်း..ကြက်ကြီးလည်လိမ်ထားသလိုဖြစ်နေရပါပကောလား..´´ဟု
စိတ်ထဲကတွေးနေမိတော့သည်။.
.တစ်စုံတစ်ယောက်မြင်ပါက..စုံတွဲ..တွေဟု့သာထင်ကြမည့်အရေးမို့...နှစ်ဦးသား..ရင်ခုန်သံကိုယ်စီ၊အတွေးကိုယ်စီ.နှင့်..ရှောင်လင်ကျောင်းတော်ဆီသို့.ဆက်လက်.ခရီးဆက်နေလေတော့သည်။......
........
ခြူးခြူးနှင့်ကျူးအော်တို့မှာလည်း..မြင်းအားအပြင်းနှင်လာကြသည်မို့ .ကျိကျွေတို့အားမှီရန်..ရက်အနည်းငယ်မျှသာ..လိုတော့သည်။
ထို့အတူပင်..လီဂျိုစူးတို့မှာလည်း..ရှောင်လင်ကျောင်းသို့ရောက်ရန်ရက်အနည်းငယ်မျှသာလိုပေတော့သည်။
လီဂျိုစူးတို့မှာ အရှေ့အရပ်မှ လာနေခြင်းဖြစ်ပြီး ကျိကျွေတို့သည်..အနောက်မြောက်အရပ်မှလာနေကြခြင်းဖြစ်သည်။
ကျိကျွေတိုသည်.သိုင်းလောကသားမဟုတ်သည်ကတစ်ကြောင်း.၊မိမိတို့ခရီးသာမိမိတို့သွားနေပြီး..စပ်စပ်စုစုမရှ်ိကြခြင်းသည်ကတစ်ကြောင်း၊မျဉ်းပြိုင်ကဲ့သို့ခရီးစဉ်ချင်းမတူကြသည်ကတစ်ကြောင်းကြောင့်
.လီဂျိုစူး၏...သတင်းဆိုးများအား..မကြားသိရခြင်းပင်ဖြစ်သည်။
သို့သော်...ဟန်နိုင်ငံ၏..အရှေ့ဘက်အပိုင်းတွင်တော့..လီဂျိုစူး၏...မကောင်းသတင်းများကတော့..လူတိုင်း၏နှုတ်ဖျားတွင်..တသသ..ပြောစမှတ်တွင်နေပေသည်။.
.လီဂျိုစူး..မိမိတို့မြို့အားရောက်လာမည်ဟု့.သတင်းသဲ့သဲ့ကြားရုံမျှနှင့်..ထိုမြို့မှရှိသော...သိုင်းသမားအပေါင်းမှာ...တိမ်းရှောင်နေရသည့်အဆင့်အထိပင်..လီဂျိုစူး..အားကြောက်ရွံကြရလေသည်။
မကြောက်၍လည်မဖြစ်...အနက်ရောင်သိုင်းသမားပဲဖြစ်ဖြစ်၊အဖြူရောင်သိုင်းသမားပဲဖြစ်ဖြစ်..လီဂျိုစူးနှင့်ထိပ်တိုက်ဆုံမိပါက..လီဂျိုစူး၏..ငရဲပြည်သို့ပို့ဆောင်ရေး..အစီအစဉ်၌...အမှတ်စဉ်ရေစရာမလိုပဲ..တန်းရောက်ရှိသွားကြရသောကြောင့်ပင်။
အဖြူရောင်သိုင်းသမားများမှာလီဂျိုစူးအား..ရှောင်တိမ်းနေရသလို..အနက်ရောင်သိုင်းသမားအချို့မှာတော့..လီဂျိုစူး၏..လက်အောက်သို့ခိုလှုံချင်နေကြလေသည်။
ထိုအချိန်တွင်..ဇီးကွက်တစ်ယောက်ကတော့.....
ပီကျင်းမြို့က...နန်းဆောင်ကြီးတစ်မျှခန်းနားလှသော..အိမ်ကြီးထဲတွင်..ရောက်ရှိနေသည်။
သူ၏အရှေ့တွင်..အစိမ်းရောင်တစ်ဖိတ်ဖိတ်တောက်နေသော...ကျောက်စိမ်းနဂါးဓားအား..လူတစ်ယောက်မှ..အံသြသောမျက်နှာအမူအယာနှင့်..တယုတယပွတ်သပ်ကာ..အရည်ရွှန်းလဲ့သောမျက်လုံးဖြင့်..အငမ်းမရကြည့်နေလေသည်။
ထိုလူ၏ပုံသဏ္ဍာန်မှာ.. အသက်၅၀ခန့်ရှိပြီး..မျက်လုံးအိမ်ကျဉ်း၍ မျက်ခုံးကောင်းပြီး..လူတကာလေးစားရသည့်..ဂုဏ်အရှိန်အဝါများ..ထင်ဟပ်နေသည်။
ထိုလူမှာအခြားတော့မဟုတ်.. ပီကျင်းမြို့မှ ကျောက်ကုန်သည်သူဌေးကြီး.မိန်စုထင်း..ပင်ဖြစ်သည်။
သူသည်..တစ်ချိန်က.ဝူတန်ဂိုဏ်သားတစ်ဦးဖြစ်ခဲ့ပြီး..သိုင်းလောကတွင်.ရသေ့.မိန်...ဟု့နာမည်တစ်လုံးဖြင့်..ကျော်ကြားခဲ့သူလည်းဖြစ်သည်။
အသက်၃၀.တွင်ရသေ့ဝတ်မှလူလဲ၍....ရှင်းအာ..ဟူသော.သူဌေးသမီးမိန်းမချောလေး
နှင့်..အိမ်ထောင်ကျခဲ့လေသည်။
ရှင်းအာသည်...ရှင်းစု့.ဟူသောသမီးလေးတစ်ယောက်.မွေးဖွားရင်း .မီးတွင်းထဲတွင်သေဆုံးခဲ့ရလေသည်။
ထို့ကြောင့်..သူဌေးကြီး..မိန်စုထင်း..သည်.သမီးလေးရှင်းစုအားအချစ်ပိုကာ နောက်အိမ်ထောင်ထပ်မပြု့ခဲ့ပေ။
သူဌေးကြီး.မိန်စု့ထင်း..သည်အလုပ်ကိုအပတ်တကုတ်ကြိုးစားလုပ်နေသော်လည်း..သိုင်းပညာအား..အမြဲလိုလိုပင်..လေ့လာလိုက်စားဆဲပင်ဖြစ်သည်။
ထို့ကြောင့်..သူ၏သမီးလေး..အရွယ်ရောက်သော်.သူကိုယ်တိုင်သိုင်းပညာသင်ပေးသလို...တိဘက်ပြည်မှ.သိုင်းဆရာမကြီးတစ်ဦးအားလည်း..အခကြေးငွေမမြောက်အမြားပေး၍ငှါးရမ်းကာ.သမီးလေး.ရှင်းစု့အား.သိုင်းပညာထပ်မံသင်ခိုင်းခဲ့သေးသည်။
ထို့ကြောင့်..ယခု့အခါ..သူ၏သမီးလေးရှင်းစု့သည်..သိုင်းလောကတွင်..လူအများစိတ်ဝင်စားမှု့အရာ၌နာမ်ပတ်၁ဖြစ်နေပြီး နတ်သမီးလေး ..ရှင်းစု့..ဟူသော. ဂုဏ်အရှိန်အဝါ.ရရှိနေပြီလည်းဖြစ်သည်။
သူ၏အလုပ်ကြိုးစားမှု့ကြောင့်..ပီကျင်းမြို့တွင်ယှဉ်ပြိုင်မဲ့သူမရှိသည့်သူဌေးကြီးဖြစ်သည်ကတစ်ကြောင်း၊သူ၏..ငယ်စဉ်ကကျော်ကြားခဲ့မှု့ကတစ်ကြောင်း၊သူ၏သမီးလေး၏ကျော်ကြားမှု့သည်ကတစ်ကြောင်းကြောင့်..မိန်စု့ထင်း.သည်.ပီကျင်းမြို့၌လွန်စွာသြဇာရှိသူလည်းဖြစ်သည်။
ယခု့အခါ..သိုင်းလောက၏ဒဏ္ဍာရီမျှသာလျှင်ကြားခဲ့ရဖူးသော..နဂါးကျောက်စိမ်းဓားသည်..မကြာခင်မိမိပိုင်ဆိုင်ရတော့မည်မို့..ပို၍သြဇာရှိတော့မည်ဖြစ်သဖြင့်..မိန်စု့ထင်း..သည်..လွန်စွာသဘောခွေနေလျှက်ရှိသည်။
ကျောက်စိမ်းနဂား.ဓားသည်..တန်ဖိုးဖြတ်မရအောင်ပင်ထိုက်တန်သည်မဟုတ်ပါလော။ထို့ကြောင့်..
``ဒါ..ဒါ..တကယ်ကျောက်စိမ်းနဂါးဓားပဲ.. ´´
ပြောပြောဆိုဆို..မိန်စုထင်း..သည်ဓားအား...ဓားအိမ်မှဆွဲထုတ်လိုက်ရာ..ရွှမ်း..ဟူသောအသံနှင့်အတူ.အစိမ်းရောင် .အလင်းတန်းကြီးကြောင့်..နရံမှအလှချိတ်ထားသော..ပန်းချီကားချပ်ကြီးမှာ..ထက်ပိုင်းဖြစ်သွားလေတော့သည်။ မိန်စု့ထင်းမှာဓားအားတအံတသြကြည့်ကာ
``ကောင်းလိုက်တဲ့ဓားပါလား..ရာဇဝင်တွင်ထိုက်ပါပေတယ်..ဓားအိမ်ကဆွဲထုပ်ရုံပဲရှိသေးတယ်..၁၀ပေအကွာက.ပန်းချီကားတိကနဲနေအောင်ပြတ်သွားတယ်ဆိုတော့က..´´
မိန်စု့ထင်းသည်..စကားအားခဏရပ်ကာ..ဇီးကွက်အားကြည့်ပြီး...
``ဇီးကွက်..မင်းဒီဓားရောင်းမယ်ဆိုတော့..ရွှေစင်ဘယ်နှစ်ပိသာ.လိုချင်လဲပြောပါ..ဒီဓားငါဝယ်မယ်..´´
သူ၏စကားကြောင့်ဇီးကွက်..မျက်နှာမှာ..ပျားသကာလောင်းထားသကဲ့သို့. .ချိုသာစွာဖြင့်..
``ဟဲဟဲ..သူဌေးမိန်လို ..သြဇာအာဏာရှိတဲ့သူမျိုးကဝယ်မယ်ဆိုတော့..မရောင်းပဲမနေဝံ့ပါဘူးဗျာ....သူဌေးမိန်သာဆန္ဒရှိမယ်ဆို..သူဌေးမိန်ရဲ့.ပန်းငါးမျိုး..ဓားသိုင်းအပါအဝင်..ရွှေတုံးတစ်သောင်းနဲ့. .ဒီရတနာဓားကိုလဲလှယ်ချင်မိပါတယ်ခဗျာ´´
``ဘာ..´´
သူဌေးမိန်.၏မျက်နှာ.အနည်းငယ်ခက်ထန်သွားရလေသည်။
အဘယ်ကြောင့်ဆိုသော်.သူသည်
ပန်းငါးမျိုးဓားသိုင်းကျွမ်းကျင်စွာတက်မြောက်ခဲ့၍သာ..တစ်ချိန်က.ရသေ့မိန်ဟူသော..နာမ်မည်ဖြင့်ကျော်ကြားခဲ့ရလေသည်မဟုတ်ပါလော။
ထိုပန်း၅မျိုးဓားသိုင်းသည်လည်း..ဝူတန်မှအစွမ်းထက်သည့်ဓားသိုင်းများထဲမှတစ်ခု့ပင်ဖြစ်သည်။
ဝူတန်ဂိုဏ်းသားကလွဲ၍..မည်သူမှပြန်သင်ပေးခွင့်မရှိချေ။ထို့ကြောင့်..သူဌေးမိန်မျက်နှာအနည်းငယ်ခက်ထန်သွားရခြင်းပင်ဖြစ်သည်။
သို့သော်..တစ်ဖက်တွင်လည်း..သိုင်းလောကရဲ့ထိဋ်ခေါင်ရတနာဓားအားလည်း...ပိုင်ဆိုင်ချင်နေသောကြောင့်..သူဌေးမိန်အနည်းငယ်တွေဝေနေသည်။
သူဌေးမိန်၏တွေဝေနေမှု့အား..ဇီးကွက်မှာ..နံဘေးမှကြည့်ကာ..တစ်ချက်မျှပြုံးလိုက်ပြီး..
``သူဌေးမိန်..ဆီကဒီဓားသိုင်းတောင်းရတာအကြောင်း.ရှိလို့ပါဗျာ..အခု့ဆို..ကျောက်စိမ်းနဂါးဓားကျုပ်လက်ထဲမှာရှိတယ်ဆိုပြီး..လူတိုင်းကကျုပ်ကိုလိုက်ရှာနေကြတယ်..
ဒီတော့.အရေးကြုံရင်.ကျုပ်အတွက်ပြန်ခု့ခံဖိုအစွမ်းထက်တဲ့သိုင်းကျမ်းတစ်ခု့ခု့လိုနေလို့သာတောင်းရတာပါဗျာ..ကျုပ်ဘဝမှာ.ကျောက်စိမ်းနဂါးဓားကို..တစ်ခါကိုင်ခဲ့ရလို့လွန်စွာ.ကျေနပ်မိရပါတယ်.
.ဒါပေမယ့်..သိုင်းမတက်တဲ့ကျုပ်လိုလူလက်ထဲဒီကျောက်စိမ်းနဂါးရတာဟာ...ဘာမှအသုံးမဝင်လွန်းလှပါဘူး။
ဒါကြောင့်..သူဌေးမိန်ဆီကပန်းငါးမျိုးဓားသိုင်းနဲ့ရွှေစင်တစ်သောင်းရပြီးရင်...ကျုပ် လည်း.သိုင်းလောကကအပြီးပျောက်ကွယ်သွားတော့မှာပါ´´
ဇီးကွက်၏စကားအား..သူဌေးမိန်မှာနားထောင်ရင်းခေါင်းတဆက်ဆက်ငြိမ့်ကာ..
``ကောင်းပြီလေ. ဒါဆိုလည်း..မင်းဖြစ်စေချင်တဲ့အတိုင်းပေါ့..´´
သူဌေးမိန်မှာထိုသို့ပြောပြီး..တစ်ဆက်ထဲ.
``သမီးရေ...အဖေ့ရဲ့လျှို့ဝှက်ခန်းထဲက..ပန်းငါးမျိုးဓားသိုင်းစာအုပ်ယူလာခဲ့ပေးစမ်းပါ.ပြီးတော့..ရွှေသားတစ်သောင်းကောယူလာခဲ့ပေးပါကွယ်´´
သူဌေးကြီး၏..အော်ပြောလိုက်မှု့ကြောင့်..တဖက်ခန်းမှ...ဟုတ်ကဲ့...ဟူသော..ချိုသာတဲ့အသံလေးပြန်ထွက်လာပြီး..အချိန်ခဏမျှကြာသောအခါ...
အထုပ်တစ်ထုပ်နှင့်စာအုပ်တစ်အုပ်ကိုင်ကာ..မိန်ကလေးတစ်ယောက်.သူဌေးမိန်နှင့်ဇီးကွက်တို့..ရှိသည့်အခန်းကြီးထဲသို့ဝင်လာလေသည်။
ဝင်လာသောသူမ၏ပုံသဏ္ဍာန်မှာ..မျက်နှာအား..ဇာပုဝါလေးနှင့်အုပ်ထားပြီး..တစ်ကိုယ်လုံးပန်းရောင်..ပိုးထည်များဝတ်ဆင်ထားကာ..ကိုယ်လုံးကိုယ်ပေါက်လေးမှာမူ.အလှသွေးကြွလွန်းနေပြီး.လှချင်တိုင်းလှနေလေတော့သည်။
သူမ၏အလှအားဇီးကွက်မှာ.နည်းနည်းမျှစိတ်ဝင်စားသည့်ဟန်မရှိသောပုံစံနှင့်...သိုင်းကျမ်းနှင့်ရွှေသားများအား..လှမ်းယူလိုက်ပြီး..
``..အဲ့တာဆို..ကျုပ်ကိုခွင့်ပြု့ပါဦး..သူဌေးမိန်နဲ့.နတ်ဒေဝီလေးရှင်းစု့ခင်ဗျား .´´
ဟု ပြောပြီး..ပြေးထွက်သွားလေတော့သည်။
ဇီးကွက်အပြင်သို့ရောက်သောအခါ..သူ၏နားအနောက်နေရာမှ..သေးမျှင်လှသော.အပ်လေးနှစ်ခု့အား..ဆွဲနှုတ်လိုက်သောအခါ...သူ၏မျက်နှာမှာပြောင်းလဲသွားလေတော့သည်။
ယခု့အခါ...သိုင်းလောကသားတိုင်းလိုက်ရှာနေသော..ဇီးကွက်ဟု့ပြောလျှင်ပင်မည်သူမျှယုံမည်မဟုတ်တော့ပေ။
အဘယ်ကြောင့်ဆိုသော်....သူ၏ရုပ်အသွင်မှာ...
နတ်ဒေဝီအရှုံးပေးရလောက်အောင်...ချောမောလှပသည့်မျက်နှာလေးနှင့်လွန်စွာလှပနေသောကြောင့်ပင်။
သူမတစ်ချက်ပြုံးလိုက်တိုင်း.လှပါသည်ဟူသောပန်းလေးများပင်..ဦးညွတ်ပေးရမည်ထင်ရလေ၏။
ထိုအချိန်မှစ၍..ဇီးကွက်ဟူသော..ပေါတောတောနှင့်နေရာတစ်ကာပါသော...သူတစ်ယောက်..သိုင်းလောကမှထာဝရပျောက်ကွယ်သွားတော့မည်ဆိုသည်အား..မည်သူမျှမရိပ်မိသေးချေ။.
နတ်လက်ဝါးကျောက်ထိုနှင့်.သွေးကြောဖျက်ဓားသမားရန်အော်ကတော့မူ..ဇီးကွက်ဆိုသူအား..အသေရရအရှင်ရရ..လိုက်ရှာနေဆဲပင်ဖြစ်သည်။
အခန်းအတွင်းတွင်ကျန်ရှိနေခဲ့သော.သူဌေးမိန်နှင့်..ရှင်းစု့တို့မှာမူ...ကျောက်စိမ်းနဂါးဓားအား..တစ်ယောက်တစ်လှည့်အငမ်းမရကိုင်ကြည့်နေကြပြီး..
``သမီး..သိုင်းလောကတစ်ခု့လုံးကိုအကြောင်းကြားလိုက်..ပီကျင်းမြို့ကသူဌေးမိန်..စံအိမ်မှာ..ကျောက်စိမ်းနဂါးဓားရဲ့အစွမ်းကို..ထုတ်ဖော်ပြသမယ်လို့...´´
``ရှင်...ဖေဖေ...ဖြစ်ပါ့မလား..တော်ကြာ..ဝိုင်းလု့ကြမှဖြင့်..´´
``ဪ..ငါ့သမီးကတော့ပူပန်နေပါပကော...အဖေ့ရဲ့သြဇာနဲ့၊အဖေ့ရဲ့အာဏာနဲ့၊အဖေ့ရဲ့ကျော်ကြားမှု့.ကိုလည်းသမီးသိတဲ့အတိုင်းပဲ
..ဒါအပြင်ငါ့သမီးရဲ့အစွမ်းကလည်း..သိုင်းလောကသားတိုင်းဦးညွတ်နေရပြီလေ
..ဝိုင်းလု့ကြပါစေဦး..အဖေ့ရဲ့သိုင်းပညာအစွမ်းကိုလည်းငါ့သမီးသိရဲ့သားနဲ့...
ဒီကျောက်စိမ်းနဂါးဓားသာ..အဖေ့လက်ထဲရှိလို့ကတော့..ဘယ်လောက်စွမ်းတဲ့သိုင်းသမားဖြစ်ပါစေ...
သိုင်းကွက်တစ်ကွက်စာအတွင်းအသက်ပျောက်ရမှာပဲ..ခု့ချိန်မှာ..အဖေတို့ရဲ့သြဇာအာဏာနဲ့ကျော်ကြားမှု့က...နေလိုလလိုတစ်ရှိန်ထိုးတောက်ပလာတော့မယ်..ဒါ့ကြောင့်.သိုင်းလောကတစ်ခု့လုံးအဖေတို့ကိုဦးညွတ်လာအောင်..ဒီဓားကို..ပွဲထုတ်ရတာပဲ.ငါ့သမီးရဲ့´´
``အင်းပါအဖေရယ်..အဖေသိုင်းပညာမြင့်မားတာသမီးသိပါတယ်..ဒါပေမယ်တောင်တစ်တောင်ထက်မြင့်တဲ့တောင်ဆိုတာရှိစမြဲပဲ..ဆိုတဲ့စကားက..သမီးငယ်ငယ်ကအဖေသင်ပေးခဲ့တဲ့စကားပါ.အဖေတစ်ခု့ခု့ဖြစ်မှာသမီးကစိုးရိမ်လို့ပါ..ဒါပေမယ့်..အဖေ့ဆန္ဒအတိုင်းသမီး..သိုင်းလောကတစ်ခု့လုံးကိုဖိတ်ကြားပေးပါ့မယ်..´´
ရှင်းစု့..ထိုသို့ပြောပြီးအခန်းထဲမှထွက်လာခဲ့လိုက်တော့သည်။
သူမစိတ်ထဲတွင်တော့.ဒီဓားကြောင့်.ကံဆိုးမှု့တွေကြုံလာမည်အားတွေးပူနေပြီး.ဒီဓားကြောင့်
သိုင်းလောကကြီးသွေးချောင်းမစီးပါစေနဲ့ဟု့သာ..ဆု့တောင်းနေမိလေတော့သည်။
ထိုအချိန်မှစ၍..ကျောက်စိမ်းနဂါးဓား၏သတင်းမှာ..ပြောမဆုံးပေါင်တောသုံးတောင်..ဟူသောဆိုရိုးစကားအတိုင်းပင်..သိုင်းလောကသားတိုင်း၏ပါးစပ်ဖျားတွင်...ဟိုးလေတစ်ကျော်ကျော်ဖြစ်နေလေတော့သည်။
ပီကျင်းမြို့မှ.ကျောက်သူဌေးကြီးမိန်၏စံအိမ်တွင်ကျောက်စိမ်းနဂါးဓား.၏အစွမ်းအားပြမည့်သတင်းကြောင့်..သိုင်းလောကသားတိုင်း၏ခြေလှမ်းများက..သူဌေးမိန်၏စံအိမ်ဆီသို့သာ။
______________________________________________
ကျေးဇူးတင်ပါတယ်။❤😉
အပိုင်း၁၈.ထပ်ရေးတင်ပါ့မယ်။