book

Index 15

အပိုင်း<<၁၅>>

#နတ်ဆေးဆရာနှင့်ငရဲမင်း၏သမီးတော်#


   မိန်းမလှလေးနှစ်ဦး..မြင်းအားအသော့နှင်နေလေသည်။ သူတို့နှစ်ဦးမှာ..တစ်စုံတစ်ယောက်၏အနောက်သို့.မှီအောင်လိုက်နေသည့် ပုံသဏ္ဍာန်ပင်။.


သူတို့နှစ်ဦးမှာအခြားတော့မဟုတ်..ခြူးခြူးနှင့်ကျူးအော်..မိန်းကလေးတို့ပင်ဖြစ်သည်။.


လွန်ခဲ့သည့်၅ရက်ခန့်ကတည်းက..ထွက်ခွာသွားသောကျိကျွေနောက်သို့အမှီလိုက်နေခြင်းပင်ဖြစ်သည်။


 မကြာပါ...သူတို့နှစ်ဦး..ရှီအန်းမြို့သို့ရောက်ရှိလာလေသည်။


နတ်သမီးကဲ့သို့.လှပသောသူမတို့နှစ်ဦးမြို့ထဲဝင်လာသောအခါ..ပုရိသယောက်ကျားအပေါင်း..မျက်လုံးကျွတ်ကျမတက်..ငေးမောသွားရလေသည်။


.သူမတို့နှစ်ဦးသည်မည်သူကိုမှ...ဂရု့မစိုက်သည့်ဟန်နှင့်..ခရီးဆက်လာရင်း...ဂမုန်းရိပ်ဟူသောစာသောက်ဆိုင်လေးအရှေ့ရောက်သို့အခါ..ရပ်တန့်လိုက်ပြီး


``သခင်မလေး..ကျွန်မတို့..နေ့လည်စာဒီမှာပဲစားကြတာပေါ့..´´


``အင်း..ကျူးအော်.ငါလည်းဗိုက်ဆာလှပြီ...ခဏနားရင်းစားကြတာပေါ့´´


.သူမတို့မြင်းအားဆိုင်အရှေ့တွင်ကြိုးချည်ထားပြီး..ဆိုင်အထဲသို့ဝင်လိုက်သောအခါ..ဆိုင်အတွင်းမှ..အရက်သမားကြီးများ.နှင့်စားသောက်နေကြသော..လူလတ်ပိုင်းများမှ..သက်ကြားအိုများအထိ..သူမတို့အား..စားမတက်ဝါးမတက်ကြည့်နေကြသဖြင့်..ခြူးခြူးနှင့်ကျူးအော်...နှာခေါင်းရှုံ့မိကြလေသည်။


 သူမတို့သည်ယခု့မှသိုင်းလောကထဲ..ဝင်ရောက်လာသည်မို့..ယခု့လိုအဖြစ်အပျက်မျိုးအား...စိမ်းနေခြင်းပင်ဖြစ်သည်။


သို့သော်..သူမတို့၏အလှသည်လည်း..ထိုသို့ကြည့်ဖို့ပင်လျှင်. မွေးဖွားလာသလားမပြောတက်ပေ။ 


ကျူးအော်၏ခါးတွင်ဓားတစ်ချောင်းအား..ချိတ်ထားသဖြင့်..သိုင်းသမားတစ်ယောက်ဖြစ်ကြောင်း..သက်သေပြသလိုဖြစ်နေ၍သာ..အရက်သမားများ၊တဏှာရူးများ..ရှိန်နေကြပြီး..မျက်လုံးဖြင့်သာကြည့်ဝံ့ကြခြင်းပင်ဖြစ်သည်။


မည်သူမှ..ကိုယ်ထိလက်ရောက်မစော်ကားဝံ့သေးပေ။


သို့သော် ဆိုင်၏ထောင့်တစ်နေရာတွင်..သူမတို့နှစ်ဦးဝင်လာကတည်းက...အခြားသူများထက်ပို၍...စားမတက်ဝါးမတက်..ကြည့်နေသည့်..လူငါးဦးရှိနေလေသည်။


ထိုလူငါးဦးမှာအခြားတော့မဟုတ်..ကျိကျွေ..သိုင်းပညာဖျက်ဆီးပြီးလူကောင်းဖြစ်စေချင်၍အသက်ချမ်းသာပေးလိုက်တော့..မွှေးနီးတို့ငါးဦးပင်ဖြစ်သည်။


မွှေးနီတို့ငါးဦးမှာ..ကျိကျွေတို့ထွက်သွားပြီးမကြာ..သတိရလာသောအခါ..သူတို့၏သိုင်းပညာများဖျက်ဆီးခံထားရသဖြင့်..လွန်စွာအကြီးအကျယ်ဒေါသထွက်ကြပြီး..ကျိကျွေအား

တွေ့ရာသင်္ချီုင်း.ဓားမဆိုင်းပဲ..သတ်ပစ်မည်ဟုကျိန်ဆိုထားခဲ့ကြလေသည်။


ကျိကျွေ၏...စေတနာအား..နားမလည်သောထိုလူမိုက်ငါးဦးသည်သိုင်းပညာများမရှိတော့သော်လည်း..နဂိုလူမိုက်နာမည်ဓာတ်ခံဖြင့်.ဆက်လက်မိုက်နေဆဲပင်ဖြစ်သည်။


ယခု့လည်း..ဆိုင်ထဲသို့ဝင်လာသောနတ်သမီးလေးနှစ်ယောက်အားကြည့်ကာ..တဏှာစိတ်များထကြွလာပြီး..မည်ကဲ့သို့..အကျင့်ယုတ်လျှင်ကကောင်းမည်နည်းဟု  တိုင်ပင်နေကြခြင်းပင်ဖြစ်သည်။


ခေါင်းဆောင်ဖြစ်ဟန်တူသော..မျက်နှာတွင်ဓားခုတ်ရာအမာရွတ်ကြီးရှိသောသူမှ...သူ၏အဆီးတဝင်းဝင်းနှာခေါင်းကြီးအား...အော်ကလီဆန်စွာ..ပွတ်သပ်လိုက်ပြီး..


``ဟေ့ကောင်တွေ..အဲ့ကောင်မလေးနှစ်ယောက်ကတော့..အသေလှတယ်..ငါတော့..စိတ်တွေမထိန်းနိုင်တော့ဘူး..ဟီး´´


ပြောပြောဆိုဆိုသူ၏ပါးစပ်မှ..သွားရည်...အနည်းငယ်ထွက်ကျလာလေသည်။


သူ၏အပြု့အမူနှင့်စကားကြောင့်..နံဘေးမှ.မွှေးနီတစ်ယောက်မှလဲ.အားကျမခံ..


.``ဟုတ်ပကွာ..နှစ်ယောက်ထဲကဒီဘက်ကတစ်ယောက်ရဲ့..ကိုယ်လုံးကိုယ်ပေါက်ကတော့...အရှလွတ်..လုံးဝ.ဖမ်းစားနိုင်လွန်းတယ်.

.´´

`` မင်းတို့ကလည်းကွာ..ကိုယ်လုံးကိုယ်ပေါက်လှတာ..ငါလည်းကြိုက်ပါတယ်ကွ..ဒါပေမယ့်ဒီဘက်ကကောင်မလေးရဲ့ ..ချစ်စရာအမူအယာလေးနဲ့ပြည့်စုံတဲ့အလှတရားကတော့..မချစ်ပဲမနေနိုင်အောင်ပဲဟေ့..´´


.``ဟီးဟီး..အဲ့တာတွေထားပါတော့..ဖြစ်ချင်တဲ့ဆန္ဒလေးတွေကိုခဏ..မျိုသိပ်ထားကြဦး..ဒီကောင်မလေးတွေကြည့်ရတာ..သိုင်းတက်မဲ့ပုံပဲဟ´´


``အင်းအဲ့တာတော့..ဟုတ်တယ်..ငါတို့ကဟိုမျက်မမြင်ခွေးကောင်လေးကြောင့်..သိုင်းပညာတွေပျက်ဆီးသွားခဲ့ပြီဆိုတော့..ပေါ့လို့မရတော့ဘူး..´´


``အဲ့တာဆို....ငါတို့ဘာဆက်လုပ်ရမလဲ .စဉ်းစားကြပါဦးဟ´´


မွှေးနီတို့ငါးဦးအနည်းငယ်တွေဝေသွားကြလေသည်။


 ထိုအချိန်တွင်..ခြူးခြူးနှင့်ကျူးအော်မှာ.စားပွဲတစ်ခု့တွင်ဝင်ထိုင်၍.ထမင်းဟင်းများမှာကာ.စားသောက်နေပြီဖြစ်သည်။.


မွှေးနီးတို့ငါးဦးထဲမှ..ခေါင်းဆောင်ဖြစ်ဟန်တူသော.သူမှ


.`တယ်လေ.မင်းတို့ကလည်းညံပါဘိကော..ငါတို့ကသိုင်းပညာပဲပျက်စီးသွားသေးတာ.အဆိပ်ပညာတော့မပျက်စီးသေးပါဘူးကွ...ဟားဟား´´


သူ၏စကားကြောင့်နံဘေးမှအခြား..မွှေးနီများမှ မျက်နှာပော်တွင်မျှော်လင့်ချက်ရောင်နီများ..သန်းလာပြီး..


`` ဟုတ်သားပဲ..ငါတို့မေ့နေလိုက်ကြတာ..အဲ့တာဆို.. ..ငါတို့အကြံကိုမြန်မြန်ဖော်ထုတ်လိုက်ရအောင်ကွာ..ဟားဟား..´´  


မကြာမှီ..ခဏဟူသောအချိန်ကုန်သွားပြီးသကာလ...ခြူးခြူးနှင့်ကျူးအော်တို့သည်လည်း..စားသောက်ပြီးပြီမို့...ခရီးအားဆက်လေတော့သည်။


သူမတို့၏နောက်၌ .မွှေးနီတို့ငါးဦးကပ်လိုက်လာပြီး..လူပြတ်သောတစ်နေရာအရောက်.


``ဟေ့..ဒီက .ညီမလေးတို့. .အကိုတို့နဲ့လိုက်ခဲ့ပါလား.အကိုတို့ကောင်းကောင်းမွန်မွန်ပြု့စုမှာပါ..ဟဲဟဲ.´´


ရုပ်ဆိုးဆိုးလူကြီးတို့၏စကားကြောင့်..ကျူးအော်ဒေါသထွက်သွားပြီး..


``သခင်မလေး..ဒီလူငါးယောက်ကိုကျွန်မ..ဘာလုပ်လိုက်ရမလဲ.´´


``ဘာမှမလုပ်နဲ့ကျူးအော် ..သိုင်းလောကထဲရောက်ရင်ရန်သူများအောင်မနေနဲ့လို့..ဖေဖေ(သခင်ကြီးကျင်းဝေ)ကမှာလိုက်တယ်..ကောင်းကောင်းမွန်မွန်ပြောဆိုပြီး..ပြန်လွှတ်လိုက်ပါ ..ကျူးအော်´´


``ဟုတ်.သခင်မလေး..´´


ကျူးအော်သူ၏သခင်မလေးအမိန့်အားနာခံလိုက်ပြီး..မွှေးနီတို့အုပ်စုဘက်လှည့်ကာ.


``ဒီကအကိုတို့.ကျွန်မတို့အကိုတို့နဲ့လိုက်လို့မရလို့နားလည်ပေးပါရှင်..ကျွန်မတို့ကိုခွင့်ပြု့ပါဦး.´´ 


ကျူးအော်နှင့်ခြူးခြူးတို့ဆက်သွားရန်ပြင်လိုက်သောအခါ..


``ဟေ့ဟေ့.ညီမလေးတို့.အကိုတို့ကလည်းခရီးသွားတွေပါညီမတို့နဲ့ခင်ချင်လို့ပါ..ဟဲဟဲ.´´


မွှေးနီတစ်ယောက်မှာထိုသို့ပြောပြီး..ခြူးခြူးနှင့်ကျူးအော်တို့၏မြင်းအား..လှည့်ပတ်၍..နေလေသည်။


ဧကန်စစ်စစ်...မေ့ဆေးအငွေ့များအားမသိမသာ..ဖြူးချနေခြင်းပင်ဖြစ်သည်။


ဒါမှသာ..ခြူးခြူးနှင့်ကျူးအော်..မေ့ဆေးအငွေ့များ၏အလယ်၌ဖြစ်သွားပြီး..မကြာမှီအချိန်အတွင်းမေ့မျောသွားမည်ထင်ပြီး...ထိုသို့ကြံဆောင်နေကြခြင်းပင်။


သို့သော်ထူးဆန်းသည်မှာ...ထိုမေ့ဆေးငွေသည် ခြူးခြူးနှင့်ကျူးအော်အား..ထိရောက်အောင်မစွမ်းဆောင်နိုင်ပေ။


အဘယ်ကြောင့်ဆိုသော်...ခြူးခြူးတို့သိုင်းလောကထဲသွားမည်မို့..အန္တာရာယ်ကင်းရှင်းစေရန်..ဆိုပြီး..သခင်ကြီးကျင်းဝေမှ...သာမာန်အဆိပ်များမတိုးစေသော..အသက်ကယ်ဆေးများ..တစ်နေ့တစ်လုံးသောက်ရန်ထည့်ပေးလိုက်သောကြောင့်ပင်ဖြစ်သည်။

ခြူးခြူးတို့သည်ထိုဆေးများအားခရီးစထွက်သည့်နေမှစ၍နေ့စဉ်သောက်လေသည်။


ပြီးနောက်

မွှေးနီတို့၏မေ့ဆေးအဆိပ်မှာသာမာန်မှသာဖြစ်သောကြောင့်ခြူးခြူးတို့အား..ထိရောက်အောင်မစွမ်းဆောင်နိုင်ပေ။


မေ့ဆေးအဆိပ်များအချိန်တန်အစွမ်းပြလာမည်အထင်နှင့်..မွှေးနီတို့အုပ်စု့မှာ..ခြူးခြူးတို့အား..ဟိုမေးဒီမေးနှင့်အချိန်ဆွဲနေလေသည်။


သို့သော်

အချိန်အနည်းငယ်အထိ..ခြူးခြူးတို့မည်ကဲ့သို့မျှအစွမ်းမပြသောကြောင့်..မွှေးနီတို့အုပ်စု့နည်းနည်းတော့စိုးထိပ်မိသွားလေသည်။


ခြူးခြူးတို့မှာလည်း..ထိုရုပ်ဆိုးဆိုးနှင့်လူများအားကြည့်ကာ..တစ်ဖြည်းဖြည်းအမြင်ကတ်လာလေသည်။


ထို့ကြောင့်...ကျူးအော်မှာ..သည်းမခံနိုင်တော့ပဲ


``ရှင်တို့..ရဲ့အလိမ်အညာတွေကိုတော်လိုက်တော့...ရှင်တို့ဘာဖြစ်ချင်တာလဲ..´´


ကျူးအော်၏အမေးကြောင့်...ထိုအခါမှမွှေးနီတို့အုပ်စု့၏..မင်းသားဟန်ဆောင်မျက်နှာဖုံးများကွာကျလာပြီး


`` ဟားဟား..ဘာဖြစ်ချင်တာလဲဟုတ်လား...ညီမလေးတို့ကိုလိုချင်လို့ပေါ့ကွာ..ဟုတ်တယ်မလားဟိတ်ကောင်တွေ..´´


``ဟားဟား.ဟုတ်ပ..ဒီကမိန်းကလေးတို့ရဲ့..အလှအပက.အကိုတို့ကို.အရမ်းပဲစွဲဆောင်နိုင်လွန်းတော့..အကိုတို့ကပြု့စု့ပေးချင်လို့ပါ .ဟဲဟဲ  ´´


`` ညီမလေးတို့သာကြည်ကြည်ဖြူဖြူအကိုတို့နဲ့လိုက်ခဲ့လို့ကတော့..ညီမလေးတို့အတွက်မနစ်နာစေရပါဦး...××××××´´


အဆီတစ်ဝင်းဝင်းနှာခေါင်းများအားပွတ်ကာ..ယုတ်ရင်းကြမ်းတမ်းသောစကားလုံးများဖြင့်..ပြောနေကြသောထို.မွှေးနီတို့လူစုအား.အပျိုဖြန်းလေးများဖြစ်သော...ခြူးခြူးတို့ကြည့်ရင်းရှက်စိတ်များဝင်လာကာ


``ရှင်..ရှင်တို့...လူယုတ်မာတွေ...သေပေတော့.´´


ကျူးအော်မှ..ခါးမှဓားအားဆွဲထုတ်၍..မွှေးနီတို့လူစု့ထံသို့ပြေးဝင်သွားလေသည်။


ကျူးအော်သည်..သခင်မလေးခြူးခြူး၏..အစေခံဖြစ်စေကာမူ..သခင်မလေးနီးပါးလောက်သိုင်းပညာမြင့်မားသူဖြစ်သည်။


သူ၏သခင်မလေးခြူးခြူးပင်လျှင် .သိုင်းလောက၏အထွဋ်အထိပ်ရှောင်လင်ကျောင်းမှ..တာမောဆရာတော်ပု့ကျင်းနှင့််သိုင်းပညာတူညီသည်ဖစ်၍.. ကျူးအော်သည်လည်း..လုံးဝမခေပါချေ။


ထို့ကြောင့်..ကျူးအော်ဓားထုတ်ပြီးပြီးချင်း..မွှေးနီးတို့ငါးဦးအနားသို့ရောက်ရှိသွားလေတော့သည်။


ထိုသို့မြန်ဆန်မှု့အား..မွှေးနီတို့ငါးဦးတွေ့မြင်သွားပြီး..သူတိုလူရွေးမှားသွားပြန်ပြီမှန်းသိရှိသွားကာနောက်ထပ်တစ်ကြိမ်ကံဆိုးတော့မည်ကိုကြိုသိနေကြသောကြောင့်..


``ဟာ..ဟိတ်ကောင်တွေ..ငါတို့တော့နောက်တစ်ကြိမ်

သိုင်းပညာမြင့်တဲ့သူနဲ့ထပ်တွေ့နေရပြန်ပြီ..အခြေအနေမဟန်ဘူး..ပြေးဟ´´ 


မွှေးနီတို့အုပ်စု့သည်

အနားသို့ရောက်လာသောကျူးအော်အား..ပြင်းထန်သောအဆိပ်အိတ်များဖြင့်..ဝိုင်းပေါက်ကာ..မြင်းအားဒုန်းဆိုင်းဆီး၍ပြေးလေတော့သည်။


သို့သော်..သူတို့နောက်ကျသွားလေပြီဖြစ်သည်။


သူတို့ကျူးအော်ဘက်အာရုံများနေသောအချိန်တွင် ခြူုးခြူးမှာအမြန်ပြေးလာပြီးသူတို့အား...အကြောပိတ်လိုက်သောကြောင့်ပင်ဖြစ်သည်။


ထိုအခါမှ ကျူးအော်မှာ..ခြူးခြူးအနားသို့ပြေးလာပြီး


``သခင်မလေး..ဒီလူငါးဦးကိုရှင်းပစ်လိုက်ရမလား..သခင်မလေး.´´


ကျူးအော်၏စကားကြောင့်အကြောပိတ်ခံထားရသော..မွှေးနီတို့အုပ်စု့..အကြောက်လွန်ပြီးချွေးများပြန်လာတော့သည်။


``မသတ်နဲ့ကျူးအော်..ဒီလူယုတ်မာတွေကိုဒီလိုထပ်မဖြစ်အောင်တော့ဆုံးမရလိမ့်မယ်.´´


``အင်း..ကျွန်မလည်းအဲ့လိုပဲတွေးထားတယ်သခင်မလေး..´´


``ဒီတော့..သူတို့လက်တစ်ဖတ်၊ခြေထောက်တစ်ဖတ်ဒုက္ခိတဖြစ်အောင်..အကြောတွေဖျက်ပစ်လိုက်..ပြီးရင် ..ငါတို့ခရီးဆက်သွားကြတာပေါ့ .´´


``ဟုတ်.သခင်မလေး´´


ကျူးအော်မှာ..မွှေးနီတို့၏ခြေကြောလက်ကြောများအား..လိုက်ဖြတ်ပစ်လိုက်ပြီး..


``သွားကြရအောင်သခင်မလေး..´´


ထို့နောက်ခြူးခြူးနှင့်ကျူးအော်တို့..သူတို့၏ခရီးအားဆက်လက်ထွက်ခွာခဲ့လေသည်။.


ကျိကျွေ..မသတ်ပဲထားခဲ့သည်မွှေးနီတို့ငါးဦးမှာတော့..နောင်တတရားမရှိပဲဆက်မိုက်ခဲ့သဖြင့်..ယခု့အခါ..ဒုက္ခိတ.အဖြစ်နဲ့သာဆက်လတ်နေထိုင်သွားရတော့မည်ဖြစ်သည်။


#ကျောက်စိမ်းနဂါးဓားပြန်လည်ပေါ်ပေါက်လာခြင်း


      လွန်ခဲ့သောနှစ်၆၀၀..ခန့်က..ချင်နိုင်ငံ၏ဘုရင်တစ်ပါးသည်..သိုင်းပညာအရာ၌...အဆင့်တစ်ခု့အထိပေါက်ရောက်အောင်ကျင့်ကြံနိုင်ခဲ့သည်။


 သူ၏လက်ထက်တွင် .ချင်နိုင်ငံ၏နယ်မြေမှာလွန်စွာကြီးမားပြီး..သူ၏ဘုန်းတန်ခိုးမှာလည်း..နေလိုလလိုထွန်းတောက်ခဲ့လေသည်။


သူသည်..သိုင်းပညာကိုအလွန်ရူးသွပ်သောဘုရင်တစ်ပါးပေမို့..ထက်မြက်သောဓားပေါင်းများစွာကို..ဖန်တီးရသည်မှာ..အလွန်နှစ်ခြိုက်လေသည်။


ထိုဘုရင်..အသက်၅၀နီးပါးခန့်တွင်..ချင်နိုင်ငံ၏..အရှေ့ဘက်ပြည်နယ်..မြစိမ်းရောင် .တောအတွင်းသို့..ကောင်းကင်မှ.ဥက္ခာခဲတစ်လုံးကြွေကျခဲ့လေသည်။


ထိုဥက္ခာခဲမှာ..စိန်ကဲ့သို့ပင်အလွန်မာကြောပြီး..ကျောက်စိမ်းကဲ့သိုအရောင်ထွက်နေသောကြောင့် ..ထိုနယ်မှရွာသူရွာသာများက..ဘုရင်အား..ဆက်သခဲ့လေသည်။


ထိုဥက္ခာခဲအား..ချင်ဘုရင်မှာ..၇နှစ်ကြာသည်အထိ..ဓားဖြစ်အောင်သွန်းလုပ်ခဲ့လေသည်။


ထိုဓားပြု့လုပ်စဉ်တွင် .သူ၏အတွင်းအားများ ကိုဓားအတွင်းသို့ထည့်သွင်းမြုပ်နှံခဲ့၍.. ထိုဓားမှာ..သာမာန်ဓားများထက်..အဆပေါင်းရာနဲ့ချီအောင်ထက်မြက်လွန်းလှသည်။


စိန်ကဲ့သို့မာကြောထက်မြက်ပြီး..ကျောက်စိမ်းကဲ့သို့အရောင်တလက်လက်စူးရှစွာထွက်ပေါ်နေသော..ထိုဓားအား..ကျောက်စိမ်းနဂါးဓားဟု့ခေါ်တွင်စေခဲ့သည်။


ဓားတစ်ချောင်းလုံးအစိမ်းရောင်သန်းနေပြီး..ဓားလက်ကိုင်တွင်တော့..ရဲရဲတောက်နေသောပတ္တမြားခဲများအပြည့်ဖြင့်စီခြယ်ထားလေသည်။


ဓားလက်ကိုင်ဖင်နေရာတွင်တော့..ပါးစပ်အနည်းငယ်ဟနေသော..နဂါးကြီး၏ဦးခေါင်းပုံအားထွင်းထု့ထားလေသည်။


 ခေတ်အဆက်ဆက်..ထိုဓားမှာအလွန်ကျော်ကြားခဲ့ပြီး..အလွန်အစွမ်းထက်သောကြောင့်သိုင်းလောကသားများလိုချင်ခဲ့ကြလေသည်။


ထိုဓားကိုင်ဆောင်သူသည်..သိုင်းလောကတွင် မု့ချ..ပြိုင်ဘက်ကင်းကြသည်ဟု့လည်းယုံကြည်ကြလေသည်။


ချင်ဘုရင်များတစ်ဆက်ပြီးတစ်ဆက်ပြောင်းလဲပြီး.

.ထိုဓားအားကိုင်ဆောင်သူအဆက်ဆက်ရှိခဲ့ရာ..နောက်ဆုံး..ထိုဓားမှာပျောက်ခြင်းမလှပျောက်ဆုံးသွားခဲ့လေသည်။


.ကျောက်စိမ်းနဂါးဓားဟူသည်.ဒဏ္ဍာရီသက်သက်..သာအမည်တွင်ခဲ့လေတော့သည်။


ထိုဓားတွင်..ဓားဝိဇ္ဇာချင်ဘုရင်၏..လျှို့ဝှက်သိုင်းကျမ်းထည့်သွင်းခဲ့သည်ဟု့လည်း..အဆိုရှိခဲ့ကြလေသည်။


ယခု့အခါ..ထိုဓားပြန်လည်ပေါ်ပေါက်လာရမည့်အကြောင်းတရားဖန်လာပေတော့သည်။


ထိုဓား..သိုင်းလောကတွင်ထပ်မံပေါ်ပေါက်ခဲ့ပါက...သိုင်းလောကကြီးတစ်ခု့လုံး.သွေးချောင်းစီးဦးမည်ဆိုသည်မှာ..မြေကြီးလက်ခက်မလွဲပေ။


ထိုဓားထွက်ပေါ်ရန်အကြောင်းဖန်လာသည်ကတော့ .


လူနှစ်ဦး..တစ်ယောက်နှင့်တစ်ယောက်..စူးစိုက်ကြည့်နေကြလေသည်။

ထိုလူနှစ်ဦးမှာ

နတ်လက်ဝါးကျောက်ထိုနှင့်သွေးကြောဖျက်ဓားသမားရန်အော်တို့..နှစ်ဦးပင်ဖြစ်သည်။ 

______________________________၁၆မျှော်_______



rate now: