book

Index 14

အပိုင်း<<၁၄>>

#နတ်ဆေးဆရာနှင့်ငရဲမင်း၏သမီးတော်#


            ခွန်းလွန်ဆရာကြီး၏ .အတွင်းအားနက်ရှိုင်းမှု့ကို..နံဘေးမှကြည့်နေကြသော. ဝူတန်ဂိုဏ်းချုပ်ကြီးလောက်ထူနှင့်ငိုမီဂိုဏ်းချုပ်ဆရာမကြီးရှားပု့အော်  တို့မှာ .စိတ်ထဲမှချီးကျူးလိုက်လေသည်။


တိုက်ခိုက်နေသောသူနှစ်ယောက်အား..သူတို့ဝင်မတားသေးသည့်အကြောင်းအရင်းမှာ..မည်သူသည်.သိုင်းပညာပိုတိုးတက်လာသလဲ...သိချင်၍လည်းဖြစ်သည်။ 


``အကို လောက်ထူ.....ယွဲ့ထိုရဲ့သိုင်းပညာ ၁၀စုနှစ်အတွင်းတော်တော်တိုးတက်လာတာပဲနော်..´´ 


ငိုမီဂိုဏ်းချုပ်ဆရာမကြီး မှ ဝူတန်ဂိုဏ်းချုပ်ကြီးအားလှမ်းပြောလိုက်ခြင်းပင်ဖြစ်သည်။


ဝူတန်ဂိုဏ်းချုပ်ကြီးမှာ.အားလုံးထက်..အသက်အနည်းငယ်ကြီးသောကြောင့်...ငိုမီဂိုဏ်းချုပ်ကြီးမှ..အကိုတပ်ခေါ်နေကျဖြစ်သည်။


 ငိုမီဂိုဏ်းချုပ်ကြီး၏...စကားကြောင့့်.ဝူတန်ဂိုဏ်းချုပ်ကြီးမှာ


`` အင်း.ဟုတ်တယ်.ယွဲ့ထို ရဲ့့အတွင်းအားတွေတိုးတက်လာရုံတင်မဟုတ်ဘူး ..ချိခုန်းရဲ့..ကိုယ်ဖော့ပညာလည်း..တော်တော်ကြီးကိုတိုးတက်လာတယ်....သူတို့နှစ်ယောက်တော့..အသက်တွေသာကြီးလာတယ်..ခု့ချိန်ထိမရင့်ကျက်သေးဘူး...ဟူး..´´  


ထိုသို့ပြောပြီး..ဝူတန်ဂိုဏ်းချုပ်ကြီးမှာငြီးတွားနေလေတော့သည်။


ဧကန်စစ်စစ်..ဝူတန်ဂိုဏ်းချုပ် ကြီးမှာ..အားလုံးထဲတွင်အသက်ကြီးဆုံး၊အတွေးအခေါ်အကောင်းဆုံး..ပင်ဖြစ်သည်။


သူ၏..ထူးခြားသည့်ညာဉ်ကတော့..အမြဲလိုလို .အရာရာကိုစိုးရိမ်ပူပန်နေတဲ့အကျင့်လည်းဖြစ်သည်။


ယခုလည်း..လီဂျိုစူးကိစ္စအားတွေးပူနေသလို...ဂိုဏ်းချုပ်နှစ်ယောက်ကတိုက်ခိုက်နေသဖြင့်..ငြီးတွားနေလေသည်။


ထိုအချိန်တွင်ဂိုဏ်းချုပ်နှစ်ယောက်ကတော့..တိုက်ခိုက်၍ကောင်းနေဆဲပင်ဖြစ်သည်။


ဂိုဏ်းချုပ်နှစ်ယောက်၏တိုက်ခိုက်မှု့သည်အစပိုင်းတွင်..ခပ်ပေါ့ပေါ့ဟန်ပါနေသော်လည်း...နောက်ပိုင်းတွင်..တဖြည်းဖြည်း အားမာန်များပါလာကာကြမ်းတမ်းလာလေတော့သည်။


ထို့ကြောင့်သူတို့နှစ်ယောက်တိုက်ခိုက်မှု့မှာ..လွန်စွာမြန်ဆန်လွန်းလာပြီး..လူရိပ်များပင်သဲကွဲစွာမမြင်ရတော့ပေ။.


သိုင်းပညာမတက်သောသူတစ်စုံတစ်ယောက်တွေ့ပါက..သူတို့အားတစ္ဆေတွေဟု့..ထင်မည်မှာ..ဧကန်မုချပင်။


``..ဝှစ်..ဝှစ်....ဝှစ်..ရော့.´´


``ဟိတ်.ယား..ဝုန်း.သိပ်အ.ရှောင်တော်နေတယ်ပေါ့လေ..ချီးကုန်း.´´


``ဟား..မင်းကတကယ်တိုက်ခိုက်တော့တကယ်ရှောင်ရတာပေါ့ဟ..မင်းကိုကလည်း..တိုက်ခိုက်တာလိပ်လိုပဲ..နှေးကွေးလွန်းတာပါ...ဒါကြောင့်ငါ့ကိုဘယ်တော့မှမနိုင်တာ...´´


``မင်း...မင်း..´´


 သူတောင်းစားဂိုဏ်းချုပ်ကြီး၏စကားကြောင့်..ချွန်းလွန်ဆရာကြီး..ဒေါသတွေအထွဋ်အထိပ်ရောက်လာပြီဖြစ်သည်။


သူတို့လေးယောက်သည်.တိုက်ခိုက်သည်တိုင်း..အမြဲတမ်း.သရေသာကျခဲ့ပြီး..သူမသာကိုယ်မသာ...ဖြစ်နေခဲ့ကြသည်။


ထို့ကြောင့်..လွန်ခဲ့သည့်၁၀နှစ်ကတည်းက.အချင်းချင်းယှဉ်ပြိုင်တိုက်ခိုက်ခြင်းအား..အားလုံးရှောင်ကျဉ်ခဲ့လေသည်။


ဤကဲ့သို့..သရေ..ပွဲသာဖြစ်ခဲ့သည်အား...ချိခုံး.

.မှ.သူ့အားဘယ်တော့မှမနိုင်ဟု့ပြောလာသောကြောင့်..ဒေါသထွက်ပြီး...မျက်နှာကြီးနီရဲတက်လာလေတော့သည်။


``.ချီးကုန်း..မင်းကို.၇ဆင့်လက်သီးသိုင်းမှာငါအသစ်ထပ်ထွင်ထားတဲ့..လက်သီးသိုင်းကွက်ကိုပြရသေးတာပေါ့...´´


``ဟားဟား..ငါ့မှာလည်းနဂါးနိုင်လက်ဝါးသိုင်းကို..အသစ်.ထပ်ထွင်ထားတဲ့လက်ဝါးသိုင်းကွက်ရှိပါတယ်ကွ ´´


သူတို့နှစ်ယောက်၏စကားကြောင့်..နဘေးမှ...ကြည့်နေကြသော..ငိုမီဂိုဏ်းချုပ်နှင့်ဝူတန်ဂိုဏ်းချုပ်ကြီးမှာ..အံအားသင့်ကာ..မျက်ခုံးတစ်လှုပ်လှုပ်ဖြစ်သွားလေတော့သည်။


အဘယ်ကြောင့်ဆိုသော်..သိုင်းပညာအသစ်တစ်ကွက်ပင်ထွင်ရသည်မှာ..လွန်စွာခဲယဉ်းလွန်းလှသလို..ထိုတစ်ကွက်အားထွင်နိုင်ဖို့နှစ်ပေါင်းများစွာအချိန်ယူရလေသည်။


ညဏ်အလင်းမရှိပဲ

အချိန်တိုတိုလေးနှင့်ထွင်သောသိုင်းကွက်မှာ..အားနည်းချက်များစွာရှိပြီး..အချိန်အကြာကြီးသေချာလေ့လာဆန်းစစ်သော..သိုင်းကွက်မှာမူလွန်စွာအစွမ်းထက်လေသည်။


ယခု့အခါ..သိုင်းလောက၏အစွမ်းထက်သည့်သိုင်းကျမ်းများစာရင်းတွင်မှက်ကျောက်တင်ခံထားရသည့်..၇ဆင့်လက်သီးသိုင်းနှင့်နဂါနိုင်လက်ဝါး.သိုင်းအား...၁၀စုနှစ်မျှအချိန်ယူ၍..သိုင်းကွက်သစ်တစ်ကွက်ထွင်ထားသည်ဟု့ဆိုသောကြောင့်..ထိုသိုင်းကွက်သည်မည်မျှစွမ်းအံနည်း...။


သို့လောသို့လော..အတွေးများနှင့်..ငိုမီဂိုဏ်းချုပ်နှင့်ဝူတန်ဂိုဏ်းချုပ်ကြီးမှာ..ထိုသိုင်းကွက်တို့အားကြည့်ချင်သော်လည်း.. ပြင်းထန်းလွန်းသော..ထိုသိုင်းကွက်တို့ကြောင့်တစ်စုံတစ်ယောက်..ထိခိုက်နစ်နာမည်မှာ.လည်း..အလွန်စိုးရိမ်နေမိသည်။


ထိုချိန်တွင် ..ခွန်လွန်ဆရာကြီးယွဲ့ထိုမှာ ..ပြုံးမဲ့မဲ့..မျက်နှာထားနှင့်..အတွင်းအားအပြည့်သုံးကာ...သိုင်းကွက်တစ်ကွက်အား.ထုတ်လိုက်လေသည်။


ထိုအခါသူ၏နံဘေးတွင်.. ဧရာမလက်သီးကြီးများပုံသဏ္ဍာန်အတွင်းအားလှိုင်းလုံးကြီးများတစ်လုံးပြီးတစ်လုံးပေါ်လာလေတော့သည်။

.

ခွန်းလွန်ဆရာကြီးယွဲ့ထိုမှာ..သူ၏ငယ်ချစ်ဦးအား..လွမ်းဆွတ်၍..ထိုအကွက်အားတီထွင်ထားခြင်းပင်ဖြစ်သည်။


ထိုအဖြစ်အပျက်အား..ချိခုန်း..မြင်သောအခါ..သူလည်းမနေသာတော့ပဲ ..အရက်တစ်ငုံအမြန်သောက်ကာ..သူ့သိုင်းကွက်အသစ်အား..အတွင်းအားအပြည့်ထည့်၍...ထုတ်သုံးရလေတော့သည်။


ထိုအခါ.ချိခုန်း၏နံဘေးတွင်...ဧရာမနဂါးကြီးသဏ္ဍာန်အတွင်းအားလှိုင်းကြီးမှာလျှင်မြန်စွာချာချာလည်

လှည့်ပတ်နေတော့သည်။


ဤသိုင်းကွက်သည်ကား..သူတောင်းစားဂိုဏ်းချုပ်ကြီးမှာ..သူ၏တွယ်တာလှသောအရက်အားအကြောင်းပြု့ကာ..တီထွင်ကြံဆမိခဲေ့သာသိုင်းကွက်ပင်ဖြစ်သည်။


ထိုအဖြစ်အပျက်တို့သည်ကား..စက္ကန့်ပိုင်းမျှအချိန်လေးအတွင်းတွင်ဖြစ်သွားခြင်းပင်ဖြစ်သည်။


သူတို့နှစ်ဦး၏အကွာအဝေးမှာ..ပေ၅၀ခန့်မျှသာရှိလေသည်။


ရှောင်လင်ကျောင်း၏ဧည့်ခန်းမသည်ကား..ပေ၂၀၀နီးပါးကျယ်ဝန်းပေသည်။


ဤသည်ကား..ရှောင်လင်ကျောင်း၏.ကြီးမားသောဂုဏ်အဂါင်္ိနှင့် တစ်ခေတ်တစ်ခါကရှောင်လင်ဆရာတော်များ..မည်မျှဘုန်းတန်ခိုးကြီးခဲ့သည်ဆိုတာအား..မသိမသာထုတ်လှစ်ပြသနေသည့်သယောင်ယောင်ပင်။


 ဦးစွာ..ယွဲ့ထိုမှစကားလှမ်းပြောပြီးတိုက်ကွက်ခင်းလေတော့သည်။


``..ချီးကုန်း...ဒီအကွက်က.ငါအသစ်ထွင်ထားတဲ့

..တောတောင်ရယ်ပြိုတိမ်တွေငို..ဆိုတဲ့သိုင်းကွက်ပဲ..မင်းရှောင်နိုင်ရင်ရှောင်..ခု့ခံနိုင်ရင်ခု့ခံပေတော့..ကဲလာပြီ´´ 


 ..ယွဲ့ထို၏စကားကြောင့်ချိခုန်းမှာလည်း.


``.အေး..ငါ့သိုင်းကွက်နာမ်မည်ကိုလည်း..မှတ်ထားလိုက်ဦး..မူးရူးပျော်ပါးအဆုံးအဆမဲ့နဂါး...တဲ့ကွ...ဟားဟား...ကဲ...လာလေရော့..´´


ပြောပြောဆိုဆိုသူ၏..အတွင်းအားလှိုင်းနဂါးကြီးမှာ..ယွဲ့ထိုဆီသို့.ပြေးဝင်သွားသလို..သူကိုယ်တိုင်ပါယွဲ့ထိုဆီသို့ပြေးဝင်သွားလေသည်။


ထိုအတူ..ယွဲ့ထို၏အတွင်းအားလှိုင်းလက်သီးပေါင်းများစွာဟာ..ချိခုန်းဆီသို့..ဝဲပျံလာပြီး.ထိုလက်သီးလှိုင်းများ၏နောက်၌ယွဲ့ထိုမှာကပ်၍ပါလေသည်။


သူတို့နှစ်ယောက်၏တိုက်ကွက်မှာ..အလွန်အစွမ်းထက်ပြီး..နှစ်ယောက်လုံးအထိနာ..မည်မှာဧကန်မှု့ချမလွဲပေ။


သူတို့နှစ်ဦး..ထိမိရန်.၅ပေခန့်အကွာအရောက်တွင်...လျှင်မြန်သော..ရွှေရောင်လူရိပ်တစ်ခု့ပြေးဝင်လာပြီး..လက်ဝါးသိုင်းကွက်..ဟိုဘက်တစ်ကွက်ဒီဘက်တစ်ကွက်ထုပ်လွှတ်လိုက်ရာ..ကြီးမားသောလက်ဝါးလှိုင်းကြီးထွက်လာပြီး..လက်သီးလှိုင်းများနှင့်နဂါးလှိုင်းကြီးကိုပါ...ချေဖျက်သွားလေတော့သည်။


ထိုအခါ..ယွဲ့ထိုကောချိခုန်းကော..အနောက်သို့ယိုင်သွားပြီး.သူတို့၏သိုင်းကွက်များကိုချေဖျက်သွားသောကြောင့်..အံသြသောမျက်နှာအမူအယာဖြစ်သွားသလို..ငိုမီဂိုဏ်းချုပ်နှင့်ဝူတန်ဂိုဏ်းချုပ်ကြီးမှာလည်း..အံသြစွာဖြင့်..


``ဒါ...ဒါ...ဗုဒ္ဓလက်ဝါး..သိုင်းကွက်...ဆိုတာလား..´´


ထိုစကားကြောင့်..ဝင်တားသော..ရွှေရောင်လူရိပ်တစ်ဖြစ်လည်းဆရာတော်..လိထင်း..မှာ


``အင်း..ဟုတ်ပါတယ်.ဒကာကြီးတို့..ဒါရှောင်လင်ဂိုဏ်းချုပ်ဖြစ်မှသာ..ကျင့်ရတဲ့..ဗုဒ္ဓလက်ဝါးသိုင်းဆိုတာပါပဲ...ကိုယ်တော်လည်း..ရှောင်လင်ဂိုဏ်းချပ်ဖြစ်ပြီးကတည်းက..ဒီသိုင်းကိုကျင့်နေတာ

၁၅နှစ်လောက်ရှိပါပြီ။

အခု့မှ..၁၅ကွက်ပဲတက်မြောက်နိုင်သေးတယ်´´


ဆရာတော်လိထင်း၏စကားကြောင့့်..ယွဲ့ထိုမှာ...ရှူသိုးသိုး..အမူအယာနှင့် 


``ဆရာတော်ရဲ့သိုင်းပညာ..ဒီလောက်မြင့်တာပဲ...လီဂျိုစူးကိုဆရာတော်ဘာ့သာ.ယှဉ်ပြိုင်.တိုက်ခိုက်လိုက်ပါတော့..´´  


ယွဲ့ထို၏စကားကြောင့်ဆရာတော်မှာ ..မျက်နှာတစ်ချက်ပျက်သွားပြီး..


``အင်း..ဒီဗုဒ္ဓလက်ဝါးသိုင်းကွက်၂၄..ကွက်လုံးကိုတက်မြောက်ကျွမ်းကျင်ခဲ့လျှင်တောင်..လီဂျိုစူးကိုမယှဉ်နိုင်သေးဘူးလို့..ပြောရင်..ဒကာတို့ယုံပါ့မလား..´´


 ဆရာတော်၏စကားကြောင့်


``ဟင်..´´


``ဗုဒ္ဓလက်ဝါး..... သိုင်းကွက်နဲ့တောင်မနိုင်ဘူးပေါ့လေ´°


``ဟင်..မဖြစ်န်ိုင်တာ...´´


``အင်း..လီဂျိုစူးရဲ့သို င်းပညာတော်တော်ကြောက်ဖို့ကောင်းလို့နေမှာ´´


စသည်ဖြင့်ဂိုဏ်းချုပ်ကြီးလေးယောက်တစ်ယောက်တစ်ပေါက်ပြောဆိုနေကြလေသည်။   


ဧကန်စစ်စစ်..ဗုဒ္ဓလက်ဝါးသိုင်းမှာ၂၄ကွက်မျှသာရှိသော်လည်း...လွယ်ကူမလိုနှင့်လွန်စွာကျင့့်ရခက်သောထူးဆန်းသည့်သိုင်းပင်ဖြစ်သည်။


အလွယ်တကူကျက်မှတ်၍ကျင့်လိုက်လျှင်..အလွယ်တကူပင်ပြန်မေ့သွားအောင်ပင်..တိမ်မယောင်နှင့်နက်သောလက်ဝါးသိုင်းကွက်ပင်ဖြစ်သည်။


ထိုသိုင်းကွက်သည်ကား..စိတ်နှလုံးအားရေပြင်ကဲ့သို့တည်ငြိမ်အောင်ထားကာ.ကျင့်ကြံမှသာ..

တက်မြောက်ပေသည်။


လိထင်းဆရာတော်ပင်လျှင်တစ်ကွက်ကိုတစ်နှစ်မျှအချိန်ယူ၍ကျင့်ခဲ့ရသည်မဟုတ်ပါလော။


ထိုသို့အစွမ်းထက်သော..သိုင်းကွက်ပင်လျှင်လီဂျိုစူးကိုမယှဉ်နိုင်သေးဘူးဟု့ဆိုလာသောအခါ...မယုံကြည်နိုင်ဖြစ်ပြီးတစ်ယောက်တစ်ပေါက်ဆူဆူညံညံဖြစ်သွားခြင်းပင်။


ထို့ကြောင့်..ဆရာတော်မှာ


..``အဟမ်း..ကိုယ်တော်ဆက်ပြောပြပါ့မယ်.. ´´


ဆရာတော်၏ချောင်းဟန့်သံကြောင့်တစ်ယောက်တစ်ပေါက်အသံများရပ်တန့်သွားပြီး..ဆရာတော်ဘာဆက်ပြောမလဲနားစွင့်နေကြလေသည်။


``အင်း..တကယ်တမ်းပြောရရင်..ကျုပ်တက်မြောက်ထားတဲ့..ဗုဒ္ဓလက်ဝါးသိုင်းက..အဆင့်နိမ့့်လို့လီဂျိုစူးကိုမယှဉ်နိုင်တာမဟုတ်ပါဘူး...လီဂျိုစူးတက်မြောက်ထားတဲ့တိမ်မုန်တိုင်းသိုင်းကျမ်းကိုက..အလွန်အဆင့်မြင့်လွန်းနေလို့ပါ။လီဂျိုစူးသိုင်းပညာနဲ့အတွင်းအား..အဆင့်၅လောက်တုန်းက..အရင်ဆရာတော်ကြီးကဗုဒ္ဓလက်ဝါးသိုင်း၂၄ကွက်အပာအဝင်အခြားသိုင်းပောင်စုံနဲ့တိုက်ခိုက်တာတောင်..လီဂျိုစူးကိုခက်ခက်ခဲခဲအနိုင်ယူခဲ့ရတယ်။အခု့ဆိုလီဂျိုစူးက..အတွင်းအားကိုအဆင့်ကုန်တက်မြောက်နေပြီဆိုတော့...ဒကာကြီးတို့စဉ်းစားသာကြည့်ပေတော့...............စဉ်းစားသာကြည့်ပေတော့.´´ 


ဆရာတော်၏စကားအဆုံး၌..ဂိုဏ်းချုပ်ကြီး၄ယောက်..ဘာပြန်ပြောရမည်မှန်းမသိဖြစ်ကာ..မျက်စိမျက်နှာပျက်နေလေတော့သည်.။


အဘယ်ကြောင့်ဆိုသော်လီဂျိုစူးမှာဤမျှအစွမ်းထက်နေသည်ဟု့ဆိုပါက.မိမိတို့အား..လာအသေခံခိုင်းနေသည်နှင့်ပင်တူနေသောကြောင့်ပင်။


ထိုအထဲမှ...ချိကုန်းက..


``ဆရာတော်..ဘာဖြစ်လို့လီဂျိုစူးရဲ့သိုင်းပညာအဲ့လောက်ထိထက်မြက်နေရတာလဲဘု့ရား..´´


``အင်း..အသေအချာတော့အတိအကျမသိပါဘူး.

ဒကာကြီးရယ်....ဒါပေမယ့်..သူ့ရဲ့သိုင်းပညာက. ပါရှား..သိုင်းပညာလို့ထင်မြင်မိတယ်..အောက်လမ်းလည်းမဟုတ်အထက်လမ်းလည်းမကျ..နဲ့ထက်မြက်တဲ့သိုင်းတွေပေါ်ထွက်တာ..ပါရှားကလို့ကျမ်းစာတစ်စောင်မှာဖတ်ခဲ့မိဖူးတယ်။

.ထူးခြားဆန်းပြားရှေးကျပြီးလျှို့ဝှက်စွာကျန်ရှိနေခဲ့တဲ့..အစွမ်းထက်တဲ့သိုင်းကျမ်းတစ်ခု့လို့..

ထင်မြင်မိတယ်။

ကိုယ်တော်တို့ဗုဒ္ဓလက်ဝါးသိုင်းကို..၁၆ဆက်မြောက်ဆရာတော်ကြီးကတီထွင်ခဲ့ပြီး..ကျောင်းထိုင်ကိုယ်တော်ဖြစ်တဲ့သူတိုင်းကိုကျင့်ကြံဖို့..မိန့်ခဲ့တယ်။ ကိုယ်တော်တိုဗုဒ္ဓလက်ဝါးသိုင်းကွက် မတီထွင်နိုင်ခင်ကထက် 

တိမ်မုန်တိုင်းသိုင်းကအရင်စောပြီး..ထက်မြက်တဲ့ပညာရှင်တစ်ယောက်ယောက်ကတီထွင်နိုင်ခဲ့တာလို့..

ကိုယ်တော်တော့ယူဆမိတယ်...နောက်ပြီးတော့.. လီဂျိုစူးနဲ့တိုက်ခိုက်တဲ့အခါ..ဒကာတို့ကိုဝင်မတိုက်ခိုင်းပါဘူး..သိပ်ပြီး.မစိုးရိမ်ကြပါနဲ့..ဒကာကြီးတို့..

ကိုယ်တော်ပြန်ကြွလိုက်ဦးမယ်..အဆင်ပြေသလိုလွတ်လပ်စွာအနားယူကြပါ... အောမီတောဖု့..´´ 


 ပြောပြောဆိုဆိုနှင့်ဆရာတော်လိထင်းမှာထွက်ခွာသွားလေတော့သည်။


ဂိုဏ်းချုပ်ကြီးလေးယောက်မှာ..ဆရာတော်၏စကားကြောင့့်...မိမိတို့အားမတိုက်ခိုက်ခိုင်း

ဘူးဆိုတာ..ဘာသဘောကိုဆိုလိုတာလဲဟု့..တွေးတောရင်း...ကျန်နေခဲ့လေတော့သည်။


▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶

  .....ခါးသေးရင်ချီ၍ လွန်စွာလှပသော..အမို့အမောက်များနှင့်နု့ဖတ်၍ရွှေရောင်ဝင်းနေသောအသားအရေ ရှိသည့် မိန်းမချောလေးတစ်ဦး..ဣိနြေ္ဒ.အနည်းငယ်ထိန်း၍...အခန်းတစ်ခန်းထဲသို့ဝင်လာလေသည်။


သူမ၏အလှအပနှင့်သဏ္ဍာန်အား..

.ပုရိသယောက်ျားသားများ..တွေ့မြင့်မိပါက..မူးမေ့သွားအံ့မည်ထင်။


သူမမှာအခြားတော့မဟုတ်...အစေခံမလေးကျူးအော်ပင်ဖြစ်သည်။


သူမဝင်လာသောအခန်းထဲတွင်..သခင်ကြီးကျင်းဝေနှင့်.သခင်မလေးခြူးနတ်နွယ်တို့ရှိနေလေသည်။


 ကျူးအော်မည်မျှပင်..လှသွေးကြွယ်မှု့များပြည့်စုံနေကာစေမူ..သူမ၏သခင်မလေးအရှေ့သို့ရောက်သောအခါ..သူမ၏အလှများမှာ..သခင်မလေးအရှေ့၌အလိုလိုဦးညွတ်သွားရလေသည်။ 


သခင်မလေးခြူးနတ်နွယ်၏အလှမှာမူ..နှိုင်းရက်စရာမရှိအောင်ပင်ပြည့်စုံနေလေသည်။


ထိလိုက်ပါကပဲ့ကျမည်မှာပင်စိုးရိမ်ရသည့်..ကြွေရုပ်လေးကဲ့သို့..အသားအရေပိုင်ရှင်လေးဖြစ်ပြီး..ရယ်လိုက်ပါက..ပါးချိုင့်လေးနှစ်ခု့ဖြင့်.လွန်စွာချစ်စရာကောင်းကာ.ရင်သက်ရှူ့မောဖွယ်..အတိနှင့်ပြည့်စုံသော.သခင်မလေးပင်ဖြစ်သည်။


သူမ၏ခန္ဓာကိုယ်၌..မည်သူမျှယှဉ်ပြိုင်ရန်စိတ်မရှိရဲလောက်အောင် .အရှိန်အဟုန်...အလိုလိုထွက်ပော်နေသည်.ဟု့..ကျူးအော်ထင်နေမိလေသည်။


``ကျွန်တော်မျိုးမကို..ခေါ်တယ်ဆိုသခင်ကြီး...´´


``အင်း..ဟုတ်တယ်..ကျူးအော်ရေ.ကျူးအော်ရဲ့သခင်မလေး ၅ရက်တိတိအနားယူပြီးပြီဆိုပြီး..အတင်းပဲပူဆာနေတယ်လေ ..အဲ့တာကြောင့်သခင်မလေးကို.ကယ်တင်ရှင်သခင်လေးအနောက်လိုက်သွားရာမှာ..အနီးကပ်စောင့်ရှောက်ဖို့...သခင်မလေးနဲ့အတူကျူးအော်ပါလိုက်သွားရမယ်.´´


..``ရှင်..ဟုတ်..ဟုတ်ကဲ့သခင်ကြီး..´´


သခင်ကြီးကျင်းဝေ၏စကားကြောင့်..ကျူးအော်..လွန်စွာပျော်ရွှင်သွားမိပြီးမျက်ရည်များပင်ဝဲလာပါသည်။


သူမအနေနှင့်တစ်ခာမျှမရောက်ဖူးသောသိုင်း

လောကထဲသို့သွားရောက်ချင်သည်ကတစ်ကြောင်း၊မိမိကြိတ်ချစ်မြတ်နိုးသော..မျက်မမြင်သခင်လေးအားထပ်တွေ့ရဦးမည်ဆိုသည်ကတစ်ကြောင်းကြောင့်ပျော်သွားရခြင်းပင်ဖြစ်သည်။

ချစ်ရတဲ့သူနှင့်မပေါင်းဖက်ရသော်ငြှားလည်း..ချစ်ရတဲ့သူအနား တစ်စက္ကန့်ပဲဖြစ်ဖြစ်....နေခွင့်ရသည်မှာပင် အဆိုးထဲကအကောင်းဟု့မှတ်ယူကာ...ကြည်နူးရသည်မဟုတ်ပါလော။


ကျူးအော်..သူမ၏သခင်မလေးအားကြည့်လိုက်မိသော်...သူမအားလွန်စွာချစ်စရာကောင်းသောပုံစံလေးဖြင့်ရယ်ပြနေလေသည်။ထိုအမူအယာလေးကြောင့်..ကျူးအော်စိတ်ထဲတွင်တွေးနေသည်ကား


``.သခင်မလေးကို..မချစ်ဘူးဆိုတဲ့သူဟာ..ဒီကမ္ဘာမှာရှိပါ့မလား..´´ဟူ၍သာလျှင်


____________________________________________

▶▶▶▶▶▶အပိုင်း<၁၅>မျှော်◀◀◀◀◀◀


rate now: