book

Index 13

အပိုင်း<<၁၃>>

#နတ်ဆေးဆရာနှင့်ငရဲမင်း၏သမီးတော်#


           ကျိကျွေ အံသြသွားရလေသည်။ဆေးဆရာတို့မည်သည်.လက်ကသွေးခုန်နှုန်းစမ်းကြည့်လိုက်တာနဲ့တင်..ယောက်ျားလေး၊မိန်းကလေး..သိရသည်မဟုတ်ပါလော။


ဘာ့ကြောင့်ဒီမိန်းကလေး..ယောက်ျားလေးအဖြစ်ဟန်ဆောင်ထားရတာလဲ.ဟု စိတ်ထဲမှတွေးပြီးမှ   


`ဪ. အင်းလေ..အိမ်ကထွက်ပြေးလာတဲ့မိန်းကလေးက အစစအရာရာအန္တာရာယ်ကင်းအောင် ယောက်ျားလေးလိုဟန်ဆောင်ပြီးနေမှာပေါ့´ 


ဟု့ ပြန်ဖြေသိပ်လိုက်မိသည်။ ကျိကျွေ...လု့မေအား..အားဆေးလုံးတိုက်ထားသဖြင့်..မကြာခင်သတိရလာတော့မည်မို့...ခပ်လှမ်းလှမ်းတွင်ခွေခွေလေးလဲနေကြသော..မွှေးနီတို့ငါးဦးဆီသွားကာ ..အကြောထောက်၍ သူတို့၏သိုင်းပညာများအား..ဖျက်ဆီးလိုက်လေတော့သည်။


မိမိသည် ဆေးဆရာတစ်ယောက်ဖြစ်သည်မို့..မည်သူကိုမျှ  မသတ်ရက်ပါ။ဆေးဆရာတို့မည်သည်..တစ်ပါးသူအား.ကယ်တင်ဖို့သာမွေးဖွားလာရခြင်းဖြစ်သည်။


လူသတ်ရန်မဆိုထားနှင့်  သတ္တဝါကလေးများကိုပင်..မသတ်ရက်ပေ။ထို့ကြောင့် မွှေးနီတို့ငါးဦးအား..အတွင်းဒဏ်ရာရအောင်ပဲ.တိုက်ခိုက်လိုက်ခြင်းပင်ဖြစ်သည်။


မွှေးနီတို့.ငါးဦးမှာမူ..သိုင်းပညာများဖျက်ဆီးလိုက်သည်ကိုပင်..မသိရှိနိုင်ပါချေ...အတွင်းအားဒဏ်ကြောင့်..မေ့မျောနေဆဲပင်။ယခုတော့.ကျိကျွေ.ကလေးများကဲ့သို့နှစ်ခြိုက်စွာအိပ်စက်သလိုမေ့မျောနေသော..မွှေးနီတို့ငါးဦးအား..  ကြည့်ကာ


.``ခဗျားတို့...လူကောင်းတွေအဖြစ်နဲ့ကျန်ရှိနေသေးတဲ့ဘဝကို..ဖြတ်သန်းသွားနိုင်ပါစေလို့..ဆု့တောင်းမိပါတယ်ဗျာ´´


တစ်ယောက်ထဲတီးတိုးရေရွတ်၍..လုမေအနားသို့..ပြန်လာပြီး.


``ညီလေး..ထတော့..ညီလေး..´´


ကျိကျွေ၏လှုပ်နိုးမှု့ကြောင့်..လု့မေ..တစ်ယောက်ငြီးငြူ၍ထလာလေတော့သည်။


``အကို...ဟိုလူယုတ်မာတွေကော.ကျွန်တော်..ကကော..ဘာမှလည်းမဖြစ်ပါလား...အကိုကောအဆင်ပြေရဲ့လား...´´


``အင်း..အကိုလည်းမျက်မမြင်တစ်ယောက်မို့သေချာတော့မသိဘူး...သိုင်းသမားကြီးတစ်ယောက်..ညီမေ့သွားတော့ဝင်ကယ်တာပဲ...ဟိုလူတွေကိုတော့သိုင်းပညာဖျက်ဆီးပစ်လိုက်တယ်လို့တော့ပြောတာပဲ..ညီကိုလည်း..ဆေးတိုက်ခဲ့တယ်ပြောတယ်..ပြီးတော့ထွက်သွားတာပဲ..အဲ့တာနဲ့အကိုလည်း

..ညီရှိမဲ့နေရာကိုစမ်းပြီးလာရင်း..ညီကိုစမ်းမိတော့..နိုးလိုက်မိတာပဲ..အဲ့တာပါပဲ´´


 ကျိကျွေ၏အလိမ်အညာစကားအား..လု့မေမှာယုံသွားပြီး


``အင်းဟုတ်တယ်..အခု့နိုးလာတော့အတွင်းအားတွေအများကြီး..တိုးဝင်နေသလိုခံစားရပြီး..အရမ်းလန်းဆန်းနေတယ်

အဲ့..ကယ်တင်ရှင်လူကြီးကို..အရမ်းကျေးဇူးတင်မိတာပဲ..တွေ့ပြီးကျေးဇူးတင်ခွင့်တောင်မရလိုက်ဘူး..ဘာပဲဖစ်ဖစ် အကိုဘာမှမဖြစ်တာပဲကျေးဇူးပိုတင်မိတယ်..ဟိုလူယုတ်မာတွေကိုသွားသတ်မယ်..´´


လု့မေမှာဓားအား ဆွဲထုပ်ပြီး..ကြုံးဝါးလိုက်သော..လု့မေ၏ပုံသဏ္ဍာန်ကြောင့်..ကျိကျွေမှာ ထိပ်လန့့်သွားပြီး..


`` ဟာ..အဲ့လိုမလုပ်ရဘူးလေ..ငါ့ညီရဲ့..သူတို့ခဗျာ.သိုင်းပညာဖျက်ဆီးခံထားရလို့ .နောင်ကျဉ်နေလောက်ပါပြီ.သိုင်းပညာမရှိရင်...သူတို့ရှေ့ဆက်ပြီး. မယုတ်မာရဲတော့ပါဘူး..သူတို့လူကောင်းတွေအဖြစ်နဲ့ဆက်ရပ်တည်သွားတော့မှာသေချာပါတယ်..သူတို့ကိုအခွင့်အရေးတစ်ခါတော့ပေးလိုက်ပါလား..ငါညီရယ်..နော်..အကိုတောင်းပန်ပါတယ်..´´


ကျိကျွေ၏..စကားကြောင့်...လု့မေမှာ..တွေဝေသွားပြီး 


``ကောင်းပြီလေ..အကိုကတောင်းပန်နေမှတော့လည်း..သူတို့ကိုမသတ်တော့ပါဘူး..ဟွန်း...နောက်တစ်ခါတွေ့လို့ယုတ်မာနေတုန်းပဲဆိုလို့ကတော့..အကိုမပြောနဲ့မိုးနတ်မင်းကြီးဆင်းတားတာတောင်..ကျွန်တော်အဲ့လူတွေကိုသတ်ပစ်မယ်... ´´


လု့မေ၏စကားကြောင့်..ကျိကျွေပင်လျှင်...လု့မေအား..မိန်းကလေးဖြစ်ပြီးရက်စက်လွန်းပါလား...ဟု့တွေးနေမိလေသည်။


`` ကဲ..ဘာပဲဖြစ်ဖြစ် အကိုတို့ခရီးဆက်ကြရအောင်...ငါ့ညီ ´´


``ဟုတ်အကို.. ဪ..ဒါနက်..မြင်းစီသွားရတော့မှာဆိုတော့..ဒီလိုလုပ်..´´


လု့မေသူ၏..သားရေအိတ်လေးထဲမှ...ခြူလေးတစ်လုံးထုပ်၍..သူမ၏...ခါးတွင်ချည်ထားလိုက်လေသည်။


ထူးဆန်းသည်မှာ..ထိုခြူလေးနှင့်တွဲလျက်...ပုလဲလုံးလေးကဲ့သို့လုံးဝန်းပြီး..အစိမ်းရောင် တောက်ပနေသောကျောက်စိမ်းလုံးလေးပါ..ပါနေသောကြောင့်ပင်။


``ကဲ..အကို..ကျွန်တော်ကအရှေ့ကသွားရင်..ခြူသံလေးကြားနေရလိမ့်မယ်..အကိုကအဲ့ခြူသံကြားတဲ့နောက်ကိုကပ်လိုက်ခဲ့ပေါ့..ဟုတ်ပြီလား..´´


ပြောပြောဆိုဆိုသူမ..မြင်းပေါ်သို့ခုန်တက်လိုက်သည်။


ထိုအခါ..ခြူသံလေးမှအသံထွက်လာလေသည်။

ကျိကျွေလည်း..မြင်းပေါ်သို့တက်လိုက်ပြီး..


``..အင်း..အကိုကြားရတယ်ခြူသံလေး...´´


``ဟုတ်..အကို..ကျွန်တော်လည်းမြင်းကိုဖြေးဖြေးလေးမှန်မှန်လေးစီးသွားမှာပါ..အကိုကအနောက်ကအသာလေးသာကပ်လိုက်ခဲ့.´´


``အင်း...ကျေးဇူးပါညီ´´


``အမလေး.ရပါတယ်အကိုရဲ့ညီအကိုချင်းတွေကြားမှာ..ကျေးဇူးမလိုပါဘူး...ဟဲဟဲ´´ 


လု့မေကျိကျွေ၏အရှေ့မှ..ငြင်သာစွာမြင်စီး၍သွားရင်း

..ပြန်လှည့်ဖြေလေသည်။.


.ကျိကျွေမှာမူ..လု့မေအားမိန်းကလေးမှန်းသိထားသည်မို့

.

.``အင်း..ဒီမိန်းကလေး.စိတ်ဆက်တာကလွဲလို့ ..စိတ်ထားလေးကအတော်ကောင်းရှာသလို...ချစ်ဖို့လည်းကောင်းသား...´´ 


ဟု့တွေးရင်းလု့မေအနောက်မှလိုက်သွားလေတော့သည်။


ဤသို့ဖြင့်..နောက်နှစ်ရက်ကြာသောအခါ..လု့မေတို့..မြို့ငယ်လေးတစ်ခု့သို့ရောက်လာပြီဖြစ်သည်။


ထိုမြို့လေးသို့ရောက်သောအခါ..မှောင်ရီစပျိုးနေပြီဖြစ်သည်။


ထိုမြို့လေးမှာသေးငယ်သလောက် လူနေထူထပ်ကာအလွန်စည်ကားပေသည်။ 


မှောင်ရီပျိုးစဖြစ်နေသော်လည်း..လမ်းသွားလမ်လာ၊..လူမပြတ်ပေ။


ထို့ကြောင့်.ခရီးတစ်ထောက်နားရန်.လု့မေတည်းခိုခန်း ရှာကာ . အခန်းငှါးရလေသည်။ 


ုမြို့လေးသည်ပဲလူနေထူထပ်လွန်းသည်လား....တည်းခိုကြသူတွေပဲများပြားသည်လား

တိုက်ဆိုင်သည်လား မသိချေ။


ထူးဆန်းသည်မှာ..တည်ခိုခန်းများပြည့်နှက်နေပြီး..အခန်းငှါး .မရပေ။.


.ဤသို့ဖြင့်အခန်းလိုက်ငှါးရင်း...ညအတော်နက်လာမှ..တည်းခိုခန်းတစ်ခု့၌..အခန်းတစ်ခန်းသာရလေသည်။


.နှစ်ယောက်အိပ်အခန်းဖြစ်၍..ရွှေမင်းသမီးလေးလု့မေငြိုငြင်မိသော်လည်း...ယူလိုက်ရ၏။


မိမိမှာမိန်းကလေးဖြစ်သော်လည်း

.မျက်မမြင်ဖြစ်သူနဲ့သာအိပ်ရမည်ဟုသော...အတွေးကြောင့့်..အနည်းငယ်စိတ်သက်သာရာရသွားလေသည်။


အပြင်တွင်ရပ်နေသော ကျိကျွေဆီသို့လု့မေသွားပြီး..


``အကို..ကျိကျွေ.ဒီတည်းခိုခန်းမှာ.အခန်းတစ်ခန်းတော့ရနိုင်တယ်တဲ့..ဒါပေမယ့်နှစ်ယောက်အိပ်အခန်းတဲ့..ကျွန်တော်တို့ဒီညဒီမှာပဲတည်းတော့မယ်.ဗျာ´´


-ဟင်...!!အဲ့တာမှဒုက္ခပဲ  

!!- မိန်းကလေးတစ်ယောက်နဲ့တစ်ခန်းထဲအိပ်ရမှာပါလား!!

ကျိကျွေတွေးပြီး..ရင်ထဲထိပ်ခနဲဖစ်သွားမိသည်။ 


-မီးစဉ်ကြည့်က ရတော့မှာပဲမတက်နိုင်ဘူး..ဟူး..-


ကျိကျွေ ရင်မောစွာဖြင့်


``အင်းလေ..အဲ့တာဆို..ဒီညဒီမှာပဲတည်းကြတာပေါ့.ညီလေးရဲ့..ဟီးဟီး...´´


ကျိကျွေ၏..ရယ်ကျဲကျဲအမူအယာကြောင့်..

လု့မေအနည်းငယ်တွေဝေသွားသည်။


။သို့သော်..ခဏတာတွေဝေမိပြီး .


``လာအကို..အခန်းကအပေါ်ထပ်မှာ.´´


 လု့မေ .ကျိကျွေ၏လက်အားဆွဲကာ...လှေကားထစ်များသို့တက်သွားလေသည်။


လု့မေ၏ဆွဲခေါ်မှု့ကြောင့်ကျိကျွေမှာ

 .ယက်ကန်ယက်ကန်နှင့်ပါသွားပြီး..လှေကားထစ်များ၏တစ်နေရာအရောက်..


``အား....ဟင်..ဖတ်....အင့်...´´


ကျိကျွေလက်မှ  တွဲထားသည်အားဖြုတ်ကာ..လု့မေ..ခြေခေါက်၍.......ချော်လဲချင်ယောင်ဟန်ဆောင်လိုက်သည်။


လု့မေ၏လှည့်ကွက်အားမသိပဲ...မရရအောင်လှမ်းဖမ်းလိုက်သည်ကကျိကျွေ၏မဟာအမှားပင်။


သို့သော်..မည်သူသည်မု့ဆိုးဖြစ်၍မည်သူသည်သားကောင်ဖြစ်နေမိသည်မပြောတက်။


လု့မေသည်ကား..ကျိကျွေ၏...ရင်ခွင်ထဲတွင်မို့ရှက်သွေးဖြာပြီး..ပါးလေးတွေနီရဲတွတ်နေသည်။


ငယ်စဉ်အချိန်ကတည်းက..ရွှေနန်းတော်တွင်သာနေခဲ့သည်ဖြစ်၍..သူစိမ်းယောက်ျားလေးနှင့်ဤမျှ ..နီးနီးကပ်ကပ်မထိတွေ့ဖူးချေ။


ထို့ကြောင့်

..ရင်ခုန်သံများတစ်ဒိုင်းဒိုင်းဆူညံနေပြီး..ကြည်နူးမိသလိုလို.ရှက်ရွံမိသလိုလိုဖြစ်နေမိသည်။


ထို့ကြောင့်

``အကို..လွှတ်ပါတော့..ကျွန်တော်ဘာမှမဖြစ်ဘူး..´´


``ဪ..အင်း..ဟိုလေဟို...ညီ..ခြေချော်သလိုဖြစ်သွားလို့..အကိုလည်းစိုးရိမ်ပြီး..ရမ်းဖမ်းလိုက်တာ..ဟဲဟဲ..´´


ကျိကျွေ၏အရှက်ပြေစကားကြောင့်..လု့မေတစ်ယောက်..ယုံရမလိုလို..ပါးပဲရိုက်ရမလိုလို..နှင့်တွေးရခက်ပြီး..ရှက်စိတ်ကြောင့်..ခန္ဓာကိုယ်မှာအနည်းငယ်.တုန်နေမိသည်။


လု့မေ

.သေချာတွေးကြည့်မိသော်လည်း..ကျိကျွေရမ်း၍ဖမ်းလိုက်တာမိသွားသည်လည်းဖြစ်နိုင်သည်ဟု့တွေးမိလေသည်။ 


``အင်းလေ..မျက်မမြင်ဟန်ဆောင်တာတော့မဖြစ်နိုင်ပါဘူး ..မျက်လုံးမှာဒီလောက်ဖျင်ကြမ်းစကြီးပတ်ထားတာဘယ်လိုလို့မြင်နိုင်မှာလဲ..´´


ဟု့လည်းတွေးမိပြီး..လု့မေတစ်ယောက်ဆက်မစဉ်းစားနိုင်တော့ချေ။


ကျိကျွေသည်ကား.လု့မေ၏..နူးညံတဲ့ခန္ဓာကိုယ်အိအိလေးအား..ထွေးပွေ့ခဲ့ရ၍..ကြည်နူးမိနေဆဲပင်။


မိမိသည်လည်း..ရဟန္တာ.မဟုတ်..အသွေးအသားနဲ့တည်ဆောက်ထားသောပုထုစဉ်လူသားတစ်ယောက်..မဟုတ်ပါလော။


ထို့ကြောင့်..ကြည်နူးခွင့်ရတုန်း..ကြည်နူးနေမိခြင်းပင်။

ဤသို့ဖြင့်လု့မေ၏ဆွဲခေါ်မှု့ကြောင့်..နှစ်ယောက်အိပ်အခန်းလေးထဲသို့ရောက်ရှိခဲ့ပေသည်။


တည်းခိုခန်းမှာမူ.စုံတွဲများ..အတွက်သီးသန့်ပြု့လုပ်ထားသောအခန်းဖြစ်ပြီး..သာမာန်တည်းခိုခန်းဖြစ်၍.အနည်းငယ်ကျဉ်းမြောင်းသည်။

ထို့ကြောင့်

 ရေချိုးခန်းဇလားနှင့်အခန်းမှာမူ..တံခါးမခြားပဲတွဲလျက်ဖြစ်နေသည်။ လု့မေ...ချွေးပြန်လျက်ရှိနေသည်။


သူမရေချိူးချင်နေ၍.ပင်..ဖြစ်သည်။..ရွှေနန်းတော်တွင်နေ့စဉ်နွားနို့နှင့်ရေချိုးသန့်စင်စွာနေခဲ့သည်မို့..နှစ်ရက်မျှရေမချိုးရသည်မှာ..အလွန်နေရထိုင်ရခက်နေ၍လည်းဖြစ်သည်။ 


အခန်းအတွင်းတွင်..မျက်မမြင်တစ်ယောက်နှင့်ရှိ

နေသော်လည်း..မိမိသည်မိန်းမသားပေမို့ ...တစ်ကိုယ်လုံးချွတ်၍..ရေချိုးရမည်မှာများစွာရှက်ရွံနေမိသည်။


ကျိကျွေအားလည်း...သိပ်မသင်္ကာသေးပေ။ထို့ကြောင့်..သေချာအောင်..ထပ်မံစမ်းသပ်လိုက်သည်။


လု့မေသူ၏...နဘေးမှဓားအား..ကျိကျွေဆီသို့...ခြေဖြင့်ခတ်၍..ပစ်လွှတ်လိုက်၏။.


ဓားမှာကျိကျွေ၏...မျက်နှာဆီသို့တည့်မတ်စွာ..ပြေးဝင်သွားလေသည်။


ရုတ်တရက်ထိုအဖြစ်အပျက်ကြောင့်

...ကျိကျွေနားမလည်နိုင်ဖစ်ကာကြောင်သွားပြီး...ရင်ထဲထိပ်ကနဲဖစ်သွားမိပြန်သည်။


``ငါ.မျက်မမြင် ဟန်ဆောင်ထားတာ..သိသွားလို့လား..´´  


တဒင်္ဂအချိန်လေးအတွင်းတွင်ကျိကျွေတွေးနေမိခြင်းဖစ်ပြီး

..ဓားဦးဖျားမိမိမျက်နှာအနားရောက်လာသည်အထိ..မလှုပ်ရှားမိသေးချေ။


နဖူး၌

...ဇောချွေးများပြန်နေမိလေသည်။မိမိလိုထိပ်တန်းသိုင်းပညာရှင်တစ်ယောက်အနေနှင့်ထိုဓားချက်ကိုလွယ်ကူစွာရှောင်နိုင်သော်လည်း..ကျိကျွေမရှောင်ပါ။.


တစ်ဖြည်းဖြည်းဓားဦးမှာ..မျက်နှာနားထိုးစိုက်ရန်လက်တစ်ထွာခန့်အလိုတွင်..လု့မေမှာအမြန်ပြေးလာပြီး...ဓားအားလျှင်မြန်စွာပြန်လည်ဖမ်းယူလိုက်သည်။


ထိုအခါကျမှ..ကျိကျွေစိတ်ထဲမှ...သက်ပြင်းချလိုက်မိတော့သည်။


လု့မေမှာလည်း..ကျိကျွေသည်..ဓားအားနည်းနည်းလေးမျှလှုပ်ကာမရှောင်သောကြောင့်..မျက်မမြင်မှန်းယုံကြည်သွားမိသလို..ကျိကျွေအားလည်းစိတ်ထဲမှတောင်းပန်မိလေသည်။ 


မိမိ..အား..ညီအရင်းကဲ့သို့ခင်မင်ကာနေသော..သူအား..မယုံကြည်၍..စမ်းသပ်လိုက်မိသောကြောင့်ပင်။


``ညီ..ဓားထုပ်သံကြားလိုက်ရတယ်..ဘာဖြစ်လို့လဲဟင်´´


 ကျိကျွေ..ဟန်မဆောင်ချင်ပဲထပ်ဟန်ဆောင်နေရပြန်သည်။


တစ်နေ့တော့  .သူမအား..မိမိမှာမျက်လုံးမြင်သူဖြစ်ကြောင်း..ဖွင့်ပြောကာတောင်းပန်မည်ဟု့လည်း..တွေးနေမိသည်။


``အာ..ဟိုလေ...ဘာမှမဟုတ်ပါဘူးအကိုရာ..ဒီအတိုင်းပဲဓားဆွဲထုပ်ကြည့်တာ..ဟီးဟီး..ဪ..အကို..ညီရေချိုးလိုက်ဦးမယ်နော်..´´


ကျိကျွေ..နောက်တစ်ကြိမ်ချွေးများပြန်လာလေတော့သည်။စောစောက..သူမရေချိုးချင်သောကြောင့့်မိမိအား..မျက်မမြင်တစ်ယောက်မှန်းသေချာအောင်..စမ်းသပ်သည်ဖြစ်ကြောင်းကိုလည်း..သိရှိနားလည်လိုက်သည်။


ယခု့ချိန်မှအပြင်ထွက်သွားရင်..သူမထပ်ပြီးရိပ်မိသွားမှာလည်းစိုးရသည်။ 


ကျိကျွေဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့။ထို့ကြောင့်...နုတ်မှ..``အင်း.´´ဟုသာတစ်လုံးထဲဖြေလိုက်မိသည်။


လု့မေ ကျိကျွေသည်မျက်မမြင်တစ်ယောက်ဖြစ်မှန်သေချာသွားပြီဖြစ်၍..စိတ်ထဲပေါ့သွားပြီး..သူမ၏အဝတ်များချွတ်ချလိုက်မိသည်။


ကျိကျွေချွေးများအတောင့်လိုက်ထွက်သွားသည်ဟုပင်ထင်နေမိသည်။သူမြင်နေရသည်ကား...အပေါ်မှယောက်ျားလေးအင်္ကျီတစ်လွှာအားချွတ်ချပြစ်လိုက်သော..လု့မေ၏..ခန္ဓာကိ်ုယ်လေး..။


ထို့နောက်..အတွင်းခံထပ်၍ဝတ်ထားသော..သူမ၏ဇာအင်္ကျီအပါးလေး...။


ထို့နောက်...သူမ၏မိန်းမသားတို့၏ခန္ဓာကိုယ်အား..တင်းရင်းစွာရစ်ပတ်ထားသော..ပိတ်စအဖြူများအား..တစ်လွှာချင်းဖြေချနေသော..လု့မေ၏...လှချင်တိုင်းလှနေသောခန္ဓာကိုယ်လေး။

မီးအိမ်၏အလင်းရောင်အောက်တွင်

..မြင်နေရသော..ရှိုက်ကြီးရင်ဖိုအသွယ်သွယ်တို့ကြောင့်..ကျိကျွေ၏..အားခေါင်များခြောက်ကပ်လာလေတော့သည်။


သူ၏ရင်ထဲတွင်.လည်း.လွန်စွာမောဟိုက်လာတော့သည်။နောက်ဆုံး.....လု့မေ၏သဘာဝပင်ကိုယ်အလှများ၊..ရှိုက်ကြီးရင်ဖိုအသွယ်သွယ်နှင့်..နို့နှစ်ရောင်အသားအရေ.၊.ပြီးပြည့်စုံပြီး လှသော..ရွှေယမင်းလေးရဲ့ ..နောက်ပိုင်းအလှအား..မကြာခင်တွေ့ရတော့မည်မှန်းကြိုသိနေသောကြောင့်..ကျိကျွေ...မျက်နှာလွှဲကာမကြည့်ပဲနေလိုက်တော့သည်။


လု့မေ..အဝတ်များချွတ်နေရင်းစိတ်ထဲတွင်မိမိအားတစ်စုံတစ်ယောက်ကြည့်နေသည်ဟု့ခံစားနေပြီး..ရှက်စိတ်များဖြစ်ပေါ်ကာမလုံမလဲဖစ်လာတော့သည်။


ထို့ကြောင့်အနောက်သို့လှည့်ကြည့်လိုက်မိ၏။


ကျိကျွေတစ်ယောက်အခန်းဝဘက်သို့မျက်နှာမူထားမှန်းတွေ့ရ၍...မိမိကိုယ်မိမိသာအပြစ်ထပ်တင်နေမိပြန်လေတော့သည်။


ကျိကျွေဆက်ကြည့်နိုင်သည့်အင်အားမရှိတော့သောကြောင့်..


``ညီ..အေး..ဆေးရေချိုးနှင့်..အကိုလေကောင်းလေသန့်ရှု့ချင်လို့..ဝရန်တာထွက်လိုက်ဦးမယ်..´´


ကျိကျွေ၏အသံမှာအနည်းငယ်တုန်ရင်နေသည်။ကိုယ့်လိပ်ပြာကိုယ်မလုံပဲ..ဝရန်တာလေးသွားဖို့အရေး..လှမ်းပြောပြနေမိသောကြောင့်..မိမိကိုယ်မိမိလည်းကျိန်ဆဲနေမိသည်။


ထို့နောက်..မျက်မမြင် ကဲ့သို့ဟိုစမ်းဒီစမ်းဟန်ဆောင်၍..ဝရန်တာ ..သို့ထွက်ပြီး .လေကောင်းလေသန့်ရှူလိုက်မိတော့သည်။


▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶


အသက်ခြောက်ဆယ်နီးပါးရှိသော..အဘိုးကြီးသုံးယောက်နှင့်အဘွားကြီးတစ်ယောက်...အခန်းတစ်ခန်းတွင်ထိုင်နေကြသည်။


ထိုသူတို့မှာ

ဝူတန်ဂိုဏ်းချုပ်ကြီးလောက်ထူ၊သူတောင်းစားဂိုဏ်းချုပ်ကြီး..ဟုန်ချိခုန်း၊ခွန်းလွန်ဆရာကြီးယွဲထို..၊ငိုမီဂိုဏ်းချုပ်ဆရာမကြီးရှားပု့အော်.တို့လေးဦး..ပင်ဖြစ်သည်။


ယခု့လည်း ...ထိုဂိုဏ်းချုပ်ကြီးလေးဦး...ရှောင်လင်၏ဧည့်ခန်းမဆောင်၌..ရောက်ရှိနေကြသည်။


``..ရှောင်လင်ဆရာတော်လိထင်းကိုယ်တိုင်..ကျွန်မတို့ကို...ခေါ်ပြီး..အကူအညီတောင်းရပြီဆိုတော့  လီဂျိုစူး..ကိစ္စကိုအရင်ကလိုလက်ရှောင်လို့မသင့်တော်တော့ဘူး..´´

 ငိုမီဂိုဏ်းချုပ်ဆရာမကြီး..ရှားပုအော်.မှအရင်စကားစလိုက်သည်။


လွန်ခဲ့သောနှစ်နှစ်ဆယ်ခန့်က..လီဂျိုစူးနှင့်ထိပ်တိုက်ရင်မဆိုင်ရဲ၍ကိုယ်နှင့်မဆိုင်သလိုမသိမသာနေသာ..သိုင်းလောကရဲ့ထိပ်သီးပုဂ္ဂိုလ်များထဲတွင်..မိမိပါသောကြောင့့်..ကိုယ့်လိပ်ပြာကိုယ်မလုံသော်လည်း.``.ကျွန်မတို့...´´ ဟူသောစကားဖြင့်..အခြားလူများကိုယ်ပါ...မသိမသာဆွဲထည့်လိုက်သော...ငီုမီဂိုဏ်းချုပ်ဆရာမကြီးရှားပုအော်ပင်ဖြစ်သည်။


သူမမှာ..တစ်ပါးသူအားချိုးနှိမ်တက်သောညာဉ်ရှိသူဖြစ်သလို..လွန်စွာမှလည်း..စိတ်ဆက်လွန်းသောသူဖြစ်သည်။


သူမ၏စကားကြောင့်..နံဘေးမှ..ခွန်းလွန်ဆရာကြီးယွဲထိုမှ..လွန်စွာတည်ကြည်သောလေသံဖြင့်


``အင်း..အဲ့အချိန်တုန်းက...ကျုပ်မရှိခဲ့လိုပေါ့..အပု့ရဲ့...ကျုပ်သာရှိလို့ကတော့..လီဂျိုစူးလို..ပမွှားလေးကို..အရင်ဆရာတော်ကြီး..တကူတကတောင်အောက်ဆင်းပြီးတိုက်ခိုက်ဖို့

့တောင်မလိုဘူး...ကျုပ်ကအဲ့အချိန်က...သိုင်းလောကရဲ့အစွမ်းထက်ဆုံးဖြစ်တဲ့.နှင်းတောင်ဒေဝီက..သိုင်းပညာဆွေးနွေးဖို့..တိဘက်ပြည်ကို..ဖိတ်ခေါ်လို့..သွားရောက်နေရလို့ပါဗျာ...´´


 လွန်စွာတည်ကြည်သောလေသံနှင့်ဟန်ပန်အမူအယာကြောင့်တစ်ပါးသူများတွေ့သော်..လွန်စွာလေးစားချင်စိတ်ပေါက်သွားမည်မှာ..မြေကြီးလက်ခတ်မလွဲပေ။


သို့သော်...ဧည့်ခန်းထဲတွင်ရှိသော..အခြားလူသုံးယောက်မှာတော့...အသံမထွက်အောင်ကြိတ်၍ရယ်နေကြလေသည်။အဘယ်ကြောင့်ဆိုသော်..ခွန်လွန်ဆရာကြီး..ယွဲ့ထို  မှာအလွန်အကြွားသန်ပြီးကိုယ်ရည်ကိုယ်သွေးတက်သောညာဉ်ရှိသည်ဖြစ်၍..ယခု့ပြောသောစကားများသည်..အလိမ်အညာတစ်ခု့မှန်းကြိုသိနေသောကြောင်..့ကြိတ်ရယ်နေကြခြင်းပင်ဖြစ်သည်။


``.ခြီခြိ...အဟိဟိ..ခြီခြိ..ခိခ္​´´


သူ၏စကားအား..အခြားသူများကြိတ်ရယ်နေမှန်းသိလိုက်ရသောအခါ..ခွန်းလွန်ဆရာကြီးယွဲ့ထို..ဒေါသထွက်၍...တရှူးရှူး...တရှားရှားဖြစ်ကာ


``ဘာလဲ...မင်းတို့က..မယုံကြဘူးပေါ့လေ..ပြောစမ်း..တောက်စ်´´


သူ၏စကားကြောင့်..အခြားသူများပို၍..ကြိတ်ရယ်နေကြလေတော့သည်။နောက်ဆုံး..နံဘေးတွင်ပလုပ်ပလောင်နှင့်အစားစားကာကြိတ်ရယ်နေသော..သူတောင်းစားဂိုဏ်းချုပ်ကြီး..ဟုန်ချိခုန်းမှာ...မနေနိုင်တော့ပဲ...


``ဟား......အခွီးကွာ....ရယ်ရလွန်းလို့...ဒီမှာနင်တော့မယ်..ယွဲ့ထိုရာ....မင်းအဲ့အချိန်တုန်းက.မင်းတပည့်တွေကို..တစ်လဂူအောင်ပြီးသိုင်း

ကျင့်မယ်ပြောပြီး...လီဂျိုစူးနဲ့ထိပ်တိုက်ရင်မဆိုင်ချင်လို့....ပုန်းနေတယ်ဆိုတာ...လူတိုင်းသိတယ်ကွ...ဟား...အဲ့တာကို...ဘာတဲ့....သိုင်းလောကရဲ့နှင်းတောင်မယ်တော်ကြီးနဲ့တောင်...သိုင်းပညာသွားဆွေးနွေးတယ်လေး..ဘာလေးနဲ့..ထွီး...ပေါက်ပန်းလေးဆယ်တွေမပြောစမ်းပါနဲ့ဟ...လခွီးထဲမှ....´´


သူတောင်းစားဂိုဏ်းချုပ်ကြီးဟုန်ချိခုန်းမှာ..ပြောပြီးခါးမှအရက်ဗူးအားဖြုတ်၍သောက်နေလေသည်။


အစားဆိုအသားကုန်စား၊အရက်ဆိုသေအောင်သောက်ပြီး..စကားဆို.တဲ့တိုး...ပြောတက်သည်က..သူတောင်းစားဂိုဏ်းချုပ်ပြီးဟုန်ချိခုန်း၏..ညာဉ်..တစ်မျိုးပင်။


သူတောင်းစားဂိုဏ်းချုပ်ကြီး၏.တဲ့တိုးစကားမှာ..ခွန်းလွန်ဆရာကြီး၏အရှိုက်အားထိမှန်သွားသလိုဖြစ်သွားပြီး...ခွန်လွန်ဆရာကြီးယွဲ့ထို၏..မျက်နှာမှာရှုံ့မဲ့၍ ...လွန်စွာဒေါသထွက်သောလေသံဖြင့်


``.ဘာ....ချီးကုန်း...မင်း...မင်း....မင်း...

မင်းကမှ..ရှောင်လင်ကျောင်းတော်လိုသတ်သတ်လွတ်နယ်မြေထဲလာတိုင်း..အရက်သောက်နေတာ...ငါကြည့်..့မရတာကြာပြီ...မင်းနဲ့ငါ..မကျေပွဲလေးပြန်နွှဲကြရသေးတာပေါ့...ကဲလာပြီရော့..သေစမ်းကွာ.´´


ခွန်းလွန်ဆရာကြီးယွဲ့ထို..လွန်စွာဒေါသထွက်ပြီး..သူ၏လက်သီးတစ်လုံးဖြင့်အားရပါးရ..သူတောင်စားဂိုဏ်းချုပ်ကြီးဟုန်ချိခုန်းအား...ထိုးချလိုက်၏။


လွန်စွာအတွင်းအားပါသောလက်သီးချက်ပင်ဖြစ်သည်။

လက်သီးမထိုးခင်ပင်လျှင်..အနီးအနားကလေလှိုင်းများတုန်ခါသွားလေသည်။ 


ယွဲ့ထိုဆရာကြီး၏လက်သီးချက်လာမည်ကိုကြိုတင်သိနေသော..သူတောင်းစားဂိုဏ်းချုပ်ကြီးဟုန်ချိခုန်းမှ..ကြိုရှောင်ထားလိုက်၍..ခံသာသွားပေသည်။.


သူတောင်စားဂိုဏ်းချုပ်ကြီး..ရှောင်လိုက်သော်လည်း..ခွန်းလွန် ဆရာကြီး၏လက်သီးချက်မှ.ပြင်းထန်သည့့်အတွင်းအားကြောင့်..အနောက်မှတိုင်လုံးကြီးမှာ..နက်ရှိုင်းသောလက်သီးရာကြီး..ထင်ကျန်ခဲ့လေသည်။


_________________________________________

⏩⏩⏩⏩⏩⏩အပိုင်း<၁၄>မျှော်⏪⏪⏪⏪⏪⏪



rate now: