#နတ်ဆေးဆရာနှင့်ငရဲမင်း၏သမီးတော်
လုမေ ၏ဆွဲခေါ်လာမှု့ကိုခံရသော..ကျိကျွေမှာ..မျက်မမြင်ဟန်ဆောင်ထားသည်မို့ မျက်မမြင်တို့၏သဘာဝဟန်ပန်အတိုင်း..ဟန်ဆောင်၍..စမ်းတဝါးဝါးနှင့်လိုက်ပါလေသည်။
``အကို..ကျိကျွေ..ကျွန်တော်..ရှု့ခင်းလေးတွေကြည့်ချင်သေးလို့...လမ်းပဲလျောက်သွားရအောင်.နော်..မြို့အပြင်ရောက်မှမြင်းနဲ့ဆက်သွားကြတာပေါ့´´
``ဪ..အင်းပါ..ရပါတယ်ငါ့ညီ..ရှု့ခင်းကြည့်ချင်တယ်ဆိုတော့လည်းကြည့်ပေါ့..အကိုကတော့မမြင်ရတော့..ရှု့ခင်းလှမှန်းမမြင်နိုင်ဘူးလေ..ငာ့ညီရယ် ´´
ကျိကျွေ.၏.ဟန်ဆောင်ကောင်းမှု့မှာ..လွန်စွာပိရိသောကြောင့်..ရွှေမင်းသမီးလေး..လုမေ..တစ်ယောက်...ရင်ထဲတွင်ဝမ်းနည်းသွားပြီး...ကျိကျွေ.အားလွန်စွာသနားစာနာသွားမိလေသည်။
``ဟာ..မဟုတ်ပါဘူးအကိုရယ်..ကျွန်တော်ကအဲ့သဘောမျိုးဆိုလိုတာမဟုတ်ရပါဘူးဗျာ...ကျွန်တော်စကားပြောမှားသွားရင်တောင်းပန်ပါတယ်နော်..´´
လုမေ သူ၏စကားမှားမှု့ကြောင့်
ကျိကျွေအားတောင်းပန်လိုက်လေသည်။
``ဟီး..ရပါတယ်ညီရဲ့..အကိုကစတာပါ ..အကိုကမျက်မမြင်မဟုတ်ပါဘူးဆို..ညီကလည်း. ဟီးဟီး´´
ကျိကျွေ၏..ရယ်ကျဲကျဲနှင့်စပ်ဖြဲဖြဲအမူအယာကြောင့်..လု့မေမှာ..ရယ်ရမလိုပြုံးရမလိုပင်ဖြစ်သွားရလေသည်။
သ်ို့သော်သူ၏စိတ်ထဲတွင်တော့..ကျိကျွေ..မှာ..ရင်ထဲတွင်ခံစားချက်မျိုသိပ်ကာ..ပျော်ပျော်နေ၍.ဖုံးကွယ်နေသောသူတစ်ယောက်ဟု့ထင်ပြီး.ပို၍သနားနေမိလေသည်။
``အက်ိုကလေ..တကယ်ပဲ...မျက်လုံးအဝတ်စကြီးပတ်ထားတာဘယ်လိုလို့မြင်ရမှာလဲ...အရမ်းအနောက်သန်တာပဲ..တော်ပြီ...စကားဆက်မပြောတော့ဘူး..ကျွန်တော့်လက်ကိုသာသေချာကိုင်ထား..´´
လုမေလက်တစ်ဖက်က. ကျိကျွေ၏လက်အားဆွဲကာ..နောက်လက်တစ်ဖက်က. ..မြင်းနှစ်ကောင်အားဆွဲကာ..ဆက်သွားနေလေသည်။
သူမ၏ဦးတည်ရာမှာ..မြို့ပြင်သို့သာ။
ကျိကျွေ..လုမေ၏ဆွဲခေါ်ရာကို..လိုက်ပါလာရင်း...လု့မေ၏လက်သေးသေးလေးများအား..ကိုင်ထားရသည်မှာ..ရင်ထဲတွင်ကြည်နူးမိသလ်ိုခံစားနေရလေသည်။.
``ဒီကောင်လေးရဲ့..လက်လေးတွေကအရမ်းသေးပြီးနူးညံ့လိုက်တာ..ပုံစံကြည့်ရတာ..အလုပ်ကြမ်းမလုပ်ဖူးဘူးနဲ့တူတယ်..အင်းလေဟုတ်မှာပေါ့..သူဌေးသားတွေဆိုတော့လည်း..အလုပ်ကြမ်းဘယ်လုပ်ဖူးပါ့မလဲ´´
ကျိကျွေ၏စိတ်ထဲမှတွေးနေမိခြင်းပင်ဖြစ်သည်။
လုမေမှာ..မိန်းကလေးဖြစ်သလိုချင်နိုင်ငံဘုရင်၏သမီးတော်လည်းဖြစ်ကြောင်း..ကျိကျွေ..မသိရှိသေးချေ။
သူသိသည်မှာ ..လုမေသည်..ငယ်ရွယ်သည့်ကောင်လေးဖြစ်ပြီး..အိမ်မှထွက်ပြေးလာသောသူဌေးသားလေးတစ်ယောက်.ဖြစ်မည်ဟု..ခန့်မှန်းမိရုံမျှသာ။
``ညီလေး..အကိုတို့နောက်မှာ..အခြားလူတွေ..လိုက်လာတယ်လို့ခံစားရတယ်...´´
ကျိကျွေမြင်ပါသည်။မိမိတို့အနောက်အားလူ၅ယောက်..စားသောက်ဆိုင်ထဲမှ..ထွက်လာကတည်းက..လိုက်ပါလာသည်ဆိုတာကိုပင်။
သို့သော်..မိမိမှာမျက်မမြင်ဟန်ဆောင်ထားသည်ဖြစ်၍ ..လုမေ..အားထိုသို့မေးလိုက်ခြင်းပင်ဖြစ်သည်။
သူ၏အမေးအား
``ဟင်..ကျွန်တော်တို့အနောက်ကို..လူတွေနောက်ယောင်ခံပြီးလိုက်လာတာကိုအကိုဘယ်လိုသိလဲ.´´
``ဪ..ဒါလား..အကိုကမျက်မမြင်ဖြစ်လို့.အကြားအာရုံ.သူများထက်ကောင်းတယ်လေ..ဟီး.. ..စားသောက်ဆိုင်ကစထွက်လာကတည်းက..အကိုတို့နောက်ခပ်လှမ်းလှမ်းမှာ...ကပ်ပါလာတဲ့ခြေသံတွေကိုကြားနေရလို့..ရမ်းပြီးမေးကြည်လိုက်မိ့တာ..ဟီးဟီး´´
``ထားပါတော့...အကိုပြောတာမှန်ပါတယ်..လူငါးယောက်ကျွန်တော်တို့အနောက်ကကပ်လိုက်လာတယ်..ကျွန်တော့်ရဲ့ပစ္စည်းတွေလိုချင်လို့ဖြစ်မယ်ဗျ..´´
``ဟာ..အဲ့တာဆိုဒုက္ခပဲ.
အကိုတို့တော့ဘယ်လိုလုပ်မလဲ´´
ကျိကျွေ..ကြောက်ချင်ယောင်ဆောင်၍မေးလိုက်သည်။.ကောင်လေးမှာ..နုနုဖတ်ဖတ်လေးဖြစ်၍..ကြောက်စိတ်ရှိလားသိချင်၍လည်းဖြစ်သလို..၊.ရတနာတွေစီခြယ်ထားသောဓားကြီးခါးတွင်လွယ်ထား၍..ထိုကောင်လေး..သိုင်းပညာမည်မျှတော်သနည်း...သိချင်၍လည်းဖြစ်သည်။
ကျိကျွေ..၏ကြောက်လန့်သည့်ပုံအား..ကြည့်၍..လုမေမှာ...ရယ်လိုက်ပြီး.
.``ခ်ခ်...အကိုကြောက်နေတဲ့ပုံကလည်း..တော်တော်ရယ်ရတယ်...ထားပါ...အကိုဘာမှကြောက်မနေနဲ..ကျွန်တော့်သိုင်းပညာဘယ်လောက်ထက်လည်း.သူတို့ကိုပြလိုက်မယ်..တွေ့ကြသေးတာပေါ့´´
လုမေ၏ကြုံးဝါးလိုက်ပုံမှာ..ကျားသစ်ပေါက်လေးတစ်ကောင်နှင့်ပင်တူ၍..ကျိကျွေပင်..လုမေ၏သတ္တိအား .စိတ်ထဲမှချီးကျူးလိုက်မိသည်။
ဤသို့ဖြင်..မြို့ပြင်ဘက်သို့ရောက်သော..အနောက်မှလူငါးယောက်သည်...လုမေ.တို့အနား...ပို၍နီးကပ်လာလေတော့သည်။
ထို့ကြောင့်..လုမေမှာ..ရုတ်တရက်.အနောက်သို့.လှည့်လိုက်ပြီး
``ဒီက.အကိုကြီးတို့ငါးယောက်..ဘောက်မဲ့ကြောင့်. ကျွန်တော်တို့အနောက်ကို..လိုက်လာတာလဲ´´
လုမေ၏အမေးကြောင့်...မွှေးနီတို့အုပ်စု့မှာ...အားရပါးရရယ်လေတော့သည်။
``ဟား...ဟား...ဟားး.း..ဘာလို့လိုက်လာတာလဲဟုတ်လား... မင်းဆီက..ရတနာပစ္စည်းတွေနဲ့ရတနာတွေစီခြယ်ထားတဲ့ဓား..လိုချင်လို့ပေါ့ကွ...ကဲကောင်လေး...အသာတကြည် ပေးရင်ပေး..မပေးရင်ငါတို့အဆိုးမဆိုနဲ့..´´
ထိုသို့သောလူရမ်းကားများကို.လုမေပို၍ရွံရှာမိလေသည်။ထို့ကြောင့်
``ခဗျားတို့လိုလူရမ်းကားတွေကိုတော့...ဘယ်တော့မှမပေးနိုင်ဘူး...အစွမ်းအစရှိရင်လာယူပါ...´´
`` အံမယ်..ကောင်စုတ်လေးက..အလာကြီးပါလား...အဲ့တာဆိုလည်း..မင်းအသက်ကိုဖတ်နဲ့သာထုပ်ထားပေတော့..ဟေ့ကောင်တွေ...လုပ်ငန်းစလိုက်ကြရအောင်...´´
မွှေးနီတို့အုပ်စု့..လုမေအား....ဝန်းရံလိုက်လေသည်။ကျိကျွေကတော့မူလု့မေ၏အစွမ်းအား..သိချင်သည်ကတစ်ကြောင်း၊မိမိသည်မျက်မမြင်ဟန်ဆောင်ထားသည်ကတစ်ကြောင်း.ကြောင့်..နံဘေးတွင်ပွဲကြည့်ပရိတ်သတ်လုပ်နေလေသည်။
မွှေးနီတို့အုပ်စုမှာလည်း..ကျိကျွေအား..မျက်မမြင်ဟု့သိထားသဖြင့်..ရန်သူစာရင်းတွင်ထည့်မထားပေ။
``ညီလေး..သတိထားနော်...´´
ကျိကျွေ..ထိုကောင်လေးတစ်ခုခုဖြစ်မှာကိုတော့စိုးရိမ်၍..လှမ်းသတိပေးလိုက်မိသည်။
``ဟုတ်အကိုကျိကျွေ...´´
ရတနာဓားပေါ်၌..လက်တင်ထားသော.လုမေ၏ပုံသဏ္ဍာန်မှာ..ဓားသိုင်းကျွမ်းကျင်မှန်း .
.တိုက်ပွဲအတွေ့အကြုံများစွာရှိဖူးသော...မွှေးနီတို့အုပ်စု..သိလိုက်ရ၍....လုမေအားအတင်းဝင်မတိုက်ရဲပါ.။
အနည်းငယ်တော့ရှိန်နေမိသည်။သို့သော်မိမိတို့မှာငါးယောက်ဖြစ်နေသောကြောင့်
``ကဲ..လာပြီ...သိုင်းကွက်ကြည့်´´
မွှေးနီတို့..အုပ်စု ..သိုင်းကွက်ခင်းကာ..လုမေအားဝင်တိုက်ခိုက်တော့သည်။
လု့မေမှာလည်း..သာမာန်သိုင်းပညာရှင်မဟုတ်သောကြောင့်.ထိုဓားချက်များအား..ပြန်လည်ပတ်ထုတ်လိုက်ပြီး..လှပစွာရှောင်လိုက်လေသည်။
ထို့နောက်လေပေါ်သို့တစ်ချက်ခုန်လိုက်ပြီး.
``မိုးမြေဝင်္ကဘာဓားကွက်.´´
ထိုသို့အော်ပြီး..မွှေးနီတို့အုပ်စု့ပေါ်သို့..ဇောက်ထိုးဆင်းလာပြီး..ဓားကွက်များစွာ..ထုတ်လိုက်လေတော့သည်။
နေမင်းတစ်ထောင်ဝင်္ကဘာဓားသိုင်းကျမ်းထဲမှ..မိုးမြေဓားကွက်အားထုပ်သုံးလိုက်ခြင်းဖြစ်သည်။
နဘေးတွင်ကြည့်နေသော..ကျိကျွေ..ပင်..လုမေ၏ဓားသိုင်းပညာအား..စိတ်ထဲမှချီးကျူးမိနေသည်။
လု့မေ၏..ဓားကွက်များမှာလွန်စွာပိရိလွန်းလှသည်။
ဓားရောင်များ..လက်ခနဲ...လက်ခနဲဖစ်သွားပြီး.မွှေးနီတို့၏ခေါင်းပေါ်သို့..အတွင်းအားဖြင့်ပစ်ထုပ်လိုက်သည်။
ဓားအလင်းရောင်အတွင်းအားလှိုင်းပေါင်းများစွာ..မွှေးနီတို့၏ဦးခေါင်းများဆီသို့ပြေးဝင်သွားလေသည်။
သို့သော်..မွှေးနီတို့မှာလည်း..သာမညမဟုတ်ပေ။သိုင်းပညာရှင်ပေါင်းများစွာနှင့်တိုက်ခိုက်ဖူးကာ..အတွေ့အကြုံပေါင်းများစွာရှိသူများဖြစ်၍..လျှင်မြန်စွာ..နောက်ကျွန်းများပစ်ပြီးရှောင်ထွက်သွားကြသည်။
``.ဟေ့ကောင်တွေ..ဒီကောင်လေးကြည့်ရတာ..မခေဘူး...။ငါတို့ရဲ့ပညာတွေထုပ်သုံးမှဖြစ်တော့မယ်´´
ထို့နောက်.မွှေးနီတို့အုပ်စု့ပေါင်းလိုက်ပြီး.သိုင်းကွက်တစ်ကွက်အားပြိုင်တူထုပ်ကာ.သူတို့၏..စု့ပေါင်းအတွင်းအားဖြင့်.လုမေဆီသို့ပစ်သွင်းလိုက်လေသည်။
ကြီးမားသော.အတွင်းအားလှိုင်းလုံးကြီး.လု့မေဆီသို့ပြေးဝင်လာလေသည်။
လုမေ.မှာနန်းတွင်းသိုင်းဆရာကြီး၏..အတွင်းအားတိုးဆေးများမှီဝဲထား၍..အတွင်းအားနက်နဲသော်လည်း..
မွှေးနီတို့၏၅ယောက်ပေါင်းအတွင်းအားကိုတော့.မယှဉ်နိုင်...မခု့ခံနိုင်ပေ။
ထို့ကြောင့်..အလျှင်အမြန်ပင်ခုန်ရှောင်လိုက်သည်။
ဤသည်ကား..မွှေးနီတို့အုပ်စု့၏..ထောင်ချောက်ထဲသို့ကျသွားခြင်းပင်။
မွှေးနီတို့အုပ်စု့သည်..လု့မေခုန်ရှောင်မည့်နေရာများသို့..အတွင်းအားလှိုင်းလုံးကြီးပစ်လွှတ်ပြီးပြီခြင်း..မေ့ဆေးအငွေ့များ.ကြို၍..ပတ်ဖြန်းထားခြင်းပင်ဖြစ်သည်။
ထို့ကြောင့်..လု့မေ..ခုန်ရှောင်လိုက်သောအခါ..ထိုမေ့ဆေးအငွေ့များအား..ရှူရှိုက်လိုက်မိသောအခါ..ခေါင်းထဲတွင်မိုက်ခနဲဖြစ်သွားပြီးမူးမေ့မလိုဖြစ်သွားလေသည်။
``ဟင်..ခ.ခဗျားတို့..ညစ်ပတ်..´´
ထိုမျှသာ..ပြောပြီးလု့မေတစ်ယောက်...မေ့လဲသွားတော့သည်။
.ထိုအခါမှ..မွှေးနီတို့အုပ်စု့..အားရပါးရရယ်မောလေတော့သည်။
``ဟား..ဟား..မလောက်လေးမလောက်စားအဆင့်နဲ့..အခု့တော့..ငါတို့ရဲ့မေ့ဆေးအောက်မှာအိပ်ပျော်သွားရပြီမှတ်လား..မကြာခင်ထာဝရအိပ်စက်သွားရအောင်လုပ်ပေးမယ်..ဟားဟား´´
နဘေးတွင်ကြည့်နေသော..ကျိကျွေ..လွန်စွာဒေါသထွက်သွားပြီး..တောက်တစ်ချက်ခေါက်လိုက်သည်။
``တောက်စ်...ခဗျားတို့က..ဒါသက်သက်ယုတ်မာတာပဲ..ကိုယ်ထက်အများကြီးငယ်တဲ့သူကို၅ယောက်ပေါင်းပြီးလည်းတိုက်ခိုက်သေးတယ်..ယုတ်မာနဲ့နည်းလမ်းနဲ့လည်း..အနိုင်ယူသေးတယ်..ဒါလုံးဝမတရားတာပဲ..ဒီတော့ခဗျားတို့နဲ့ထိုက်တန်တာက.........×´´
ကျိကျွေ.ထိုသို့ပြောပြီး..ရက်စက်သောအပြုံးတစ်ခု့ပြုံးလိုက်မိသည်။
ကျိကျွေ၏စကားကြောင့်..မွှေးနီတို့အုပ်စု့..ခဏတာမျှကြောင်သွားပြီး. အားရပါးရအော်ဟစ်ရယ်မောလေတော့သည်။
``ဟား..ရယ်ရလွန်းလို့အူပါတက်တော့မယ်ကွာ..မင်းလိုမျက်မမြင်ကများ..ကြီးကြီးကျယ်ကျယ်..အချိန်မရွေးသတ်လို့ရလို့..မင်းကိုခဏလွတ်လပ်ခွင့်ပေးထားတာကွ...ကဲ..သေပေတော့...´´
ထိုသို့ပြောပြီး..မွှေးနီတို့အုပ်စု့ထဲမှ...မျက်နှာတွင်ဓားခုတ်ရာအမာရွတ်ကြီးနှင့်ခေါင်းဆောင်ဖြစ်ဟန်တူသောသူမှာ..ကျိကျွေအား..အတွင်းအားအပြည့်ဖြင့်အားရပါးရ..ပြေးခုတ်လိုက်လေတော့သည်။
ကျိကျွေ လုံးဝမရှောင်ပါ။အတွင်းအား..ထက်ဝက်ခန့်မျှ.ခန္ဓာကိုယ်ပတ်ပတ်လည်တွင်ထုတ်လွှတ်ထားလိုက်သည်။
မွှေးနီ၏အတွင်းအားအပြည့်နှင့်ဓားချက်မှာ..ကျိကျွေ၏ခန္ဓာကိုယ်အား.ထိုးစိုက်သွားလေသည်။
သို့သော်...
``.ဒုတ်....ချွမ်း....ဝုန်း..အုန်း..´´
မွှေးနီ၏ဓားမှာ..ကျိကျွေ၏ခန္ဓာကိုယ်အား..မစိုက်သွားပဲ..အစိတ်စိတ်အမွှာမွှာကျိုးကြေကာ..မွှေးနီတစ်ယောက်လွင့်ထွက်သွားလေသည်။
ဓားကျိုးသွားရသည်ကား..ကျိကျွေ၏..ဓားမတိုး၊လှံမတိုး၊အဆိပ်ပြီးသော..ကိုယ်ကြပ်အင်္ကျီအစွမ်းကြောင့်ပင်။.
မွှေးနီလွင့်ထွက်သွားရသည်ကား..ကျိကျွေ၏အတွင်းအား ထက်ဝက်ခန့်၏တွန်းကန်မှု့ကြောင့်ပင်ဖြစ်သည်။.
နံဘေးတွင်ရယ်နေကြသော.အခြားမွှေးနီတို့မှာ...မျက်တောင်တစ်ချက်ခတ်စာလောက်တွင်ဖြစ်ပျက်သွားသောကြောင့်..မယုံကြည်နိုင်ဖြစ်နေလေသည်။
ပြီးမှ..သူတို့့..တကယ့်ထပ်သီးသိုင်းပညာရှင်နှင့်မှလာတိုးမိနေမှန်း..နားလည်သွားပြီး..ကြောက်လန့်ကာထွက်ပြေးလေတော့သည်။
မပြေးလို့လဲမဖြစ်...အတွင်းအားအပြည့်နှင့်ထိုးသောဓားချက်တောင်..မတိုးမပေါက်နိုင်သည့်အပြင်..ဘာမှပြန်မတိုက်ခိုက်၊မလှုပ်ရှားပဲနှင့်..လူတစ်ယောက်အားအဝေးသို့လွင့်ထွက်သွားနိုင်အောင်လုပ်နိုင်သည့်သိုင်းပညာရှင်မျိုးမှာ..သိုင်းလောကတွင်..လက်ချိုးရေလို့ပင်ရသည်။
ထို့ကြောင့်သက်စောင့့်အတွင်းအားပင်မချန်ကိ်ုယ်ဖော့ပညာအား.ထုပ်ပြီး..ပြေးရလေတော့သည်။
ကျိကျွေ.ထွက်ပြေးနေသော.မွှေးနီတို့အုပ်စု့အားတစ်ချက်ကြည့်ကာ..မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး
``..အဟက်..ဒီလိုထွက်ပြေးလို့ရရိုးလား..´´
``!လေးကျွန်းစင်္ကြာအတွင်းအားပညာ!´´..
ကျိကျွေ
လက်နှစ်ဖက်အားမြောက်ကာထိုသို့အော်လိုက်ပြီး..အတွင်းအားများထုတ်လွတ်လိုက်သောအခါ.
``ဝုန်း..ဝုန်း...´´
ကျိကျွေ၏..နံဘေးမှ.အတွင်းအားလှိုင်းလုံးကြီးများမှာ..နဂါးကြီးများကဲ့သို့..ထွက်လာပြီး.ပြေးနေသောမွှေးနီတို့အုပ်စု့ဆီသို့ပြေးလိုက်သွားလေသည်။
ထို့နောက်
..``ဝုန်း..အား...´´
``ဝုန်း..အမလေး..´´
``အား...´´
ထိုသို့စူးရှသောအော်သံများထွက်လာပြီး...မွှေးနီတို့အုပ်စု့...ကျိကျွေနှင့်ကိုက်ငါးဆယ်လောက်အကွာတွင်..ခွေခွေလေး.လဲနေကြလေတော့သည်။
ကျိကျွေ....မေ့နေသောလု့မေဆီသို့သွားပြီး..သားရေအိတ်လေးထဲမှဆေးတစ်လုံးတိုက်ကာ...ဆေးဆရာတို့ထုံစံအတိုင်း..လု့မေ၏လက်လေးအားကိုင်ကာ.စမ်းသပ်လိုက်တော့သည်။
``ဟင်...ဒီကောင်လေး...အဲ...သူက.....မိန်းကလေးပါလား´´
_________________________________________
▶▶▶▶▶▶အပိုင်း ၁၃မျှော်◀◀◀◀◀◀◀