#နတ်ဆေးဆရာနှင့်ငရဲမင်း၏သမီးတော်.
____________________________________________
ကျိကျွေ......တောနက်ထဲမှ..သူ၏ရွာသို့အရင်ဆုံးပြန်ခဲ့သည်။ ကျိကျွေ၏ရွာသည်...ရှီအန်းးမြို့၏....အနီးအနားတွင်ရှိသောရွာလေးတစ်ရွာဖြစ်သည်။
အိမ်ခြေ ၅၀၀...နီးပါးရှိပြီး..ရှီအန်းမြို့နှင့်၁၀မိုင်ခန့်အကွာတွင်တည်ရှိသည်။.
ရွာနှင့် တောနက်ကြီးမှာ.၁၅မိုင်ခန့်ဝေးလေသည်။.
ကျိကျွေအား...ငယ်စဉ်ကတည်းက...သွမ့်ဖေး..ဟူသောလူကြီးမှမွေးစားထားခြင်းဖြစ်သည်။..
ကျိကျွေအကြောင်းအား..မည်သူမျှ ဃဃနနမသိကြပေ။
ကျိကျွေသူ၏ရွာသို့ရောက်သောအခါ..မွေးစားအဖေနှင့်တွေ့ဆုံပြီး..သူ၏ဆေးခန်းလေးအားပြန်ဖွင့်ကာ...၂ရက်တိတိ..ရွာသူရွာသားများအားဆေးကု့ပေးခဲ့လေသည်။.
.ကျိကျွေ၏အသွင်အပြင်နှင့်..ယခင်ကထက်..ဆေးပညာပိုတော်လာသောကြောင့့်...ရွာသူရွာသားများသည်..လွန်စွာအံ့အားသင့်ကြပြီး...ကျိကျွေအား..ပို၍လေးစားပြီးရင်းလေးစားကြလေတော့သည်။.
.၂ရက်ကြာသောအခါ..ကျိကျွေ.သည်.သူ၏တာဝန်အရ..ငရဲမင်းအာဏာသိုင်းကျမ်းအား...ရှောင်လင်သို့ပို့ဆောင်ပေးရန်..မြင်းတစ်ကောင်စီး၍..ရွာမှထွက်လာခဲ့လေတော့သည်။
ယခု့ဆိုလျှင်...ကျိကျွေ..ရှီအန်း.....မြို့ပေါ်သို့ရောက်ရှိနေပြီဖြစ်သည်။
..``ဂြီ...´´
``အင်း..မနက်ထဲကဘာမှမစားလာလို့ဗိုက်က..အချက်တော့ပေးနေပြီ..ဒီနားကစားသောက်ဆိုင်လေးမှာဝင်စားဦးမှပဲ...မြင်းကိုလည်းခဏအနားပေးရမယ်..´´
ကျိကျွေ၏မြင်းနက်ကြီးမှာသန်မာလွန်းလှသော်လည်း...အသွေးအသားနှင့်တည်ဆောက်ထားသောသတ္တဝါပေမို့...အနည်းငယ်မောပန်းနေလေသည်။
ထို့ကြောင့့်..ကျိကျွေ...ဂမုန်းရိပ်.စားသောက်ဆိုင်ဟုသော...ဆိုင်လေးအတွင်းသို့ဝင်လိုက်သည်။.
နေ့လည်ခင်းထမင်းစားချိန်ဖြစ်၍..ဆိုင်ထဲ၌..အထမ်းသမားများ..၊.သိုင်းသမားများ..၊..အရက်သမားများနှင့်ပြည့်နှက်နေသည်။.
ထောင်ဆုံးဝိုင်းမှထိုင်ခုံ..တစ်ခု့သာလွတ်နေသောကြောင့်..ထိုနေရာ၌ဝင်ထ်ိုင်၍..စားသောက်စရာများမှာလိုက်လေသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
.ဂမုန်းရိပ်စားသောက်ဆိုင်..အနီးအနားတွင်...အလွန်ချောမောသောလူရွယ်တစ်ယောက်ငြင်သာစွာ
မြင်းစီးရင်းရှု့ခင်းများကြည့်နေသည်။
သူမမှာအခြားတော့မဟုတ်..ရုပ်ဖျက်ထားသောလု့မေပင်ဖြစ်သည်။
သူမ..နယ်စပ်မြို့လေးမှ..ခရီးဆက်လာရာ..ယခု့ဆို..ရှီအန်း...မြို့ကိုရောက်ရှိခဲ့ပြီဖြစ်သည်။
လု့မေ..ကောင်းကင်သို့မော့ကြည့်လိုက်ပြီး..
``အင်း..မိုးရွာတော့မယ်နဲ့တူပါတယ်... ဒီလိုကြတော့လည်း
.ဖခမည်းတော်ကို..လွမ်းသွားမိသလိုပဲ...ဟူး....´´
ရုတ်တရက်..ကောင်းကင်တွင်..တိမ်မဲများ.ဖုံးလွှမ်းလာ၍..ရာသီဥတုနှင့်သဘာဝရှု့ခင်းများမှာ...လွမ်းမောဖွယ်ရာ..ကောင်းလွန်းလှ၏။.
ထိုစဉ်..ရုတ်တရက်မိုးများရွာချလာလေတော့သည်။
``ဟင်.....´´
လု့မေ...ရုတ်တရက်မိုးရွာချမှု့ကြောင့်..စိတ်ထဲမှ.ကျိန်ဆဲလိုက်၏။
အကယ်၍မိုးရေများစိုရွှဲသွားခဲ့လျှင်...သူမ၏ ...ပိတ်စဖြင့်တင်းကြပ်ဖုံးကွယ်ထားသော...အသားစိုင်များ...လယ်ပြင်မှာဆင်သွားသလို..ထင်းထင်းကြီး..ပေါ်ထွက်လာမည်စိုးသောကြောင့်ပင်ဖြစ်သည်။
ထို့ကြောင့်..အနီးအနားတွင်တွေ့သော..ဂမုန်းရိပ်..ဟူသော..စားသောက်ဆိုင်အတွင်းသို့မိုးဝင်ခိုလိုက်ရတော့သည်။
.ဆိုင်ထဲတွင်..ယောက်ျားသားများ.ဆဲဆို.အော်ဟစ်ရယ်မောနေသောကြောင့်..သူမရင်ထဲထိပ်ခနဲဖစ်သွားမိသည်။
ဆိုင်ထဲသို့..ရတနာတွေစီခြယ်ထားသောဓားကြီးအားခါးတွင်လွယ်ကာဝင်လာသော..လု့မေ..အား..ဆိုင်ထဲကလူများတစ်ချက်မျှ.သာ.လှည့်ကြည့်ကြပြီး..ပြန်လည်အော်ဟစ်ဆူညံနေကြပြန်သည်။
...ထိုလူများအားလု့မေ..ကြည့်ကာ
``အိုရ်..ငါကယောက်ျားလေးအဖြစ်ဟန်ဆောင်ထားတာပဲ..ဘာအရေးစိုက်စရာရှိလို့လဲ..´´ဟု့စိတ်ထဲမှတွေးပြီး..ဆိုင်အတွင်းသို့..သေချာကြည့်လိုက်မိသည်။
.ဆိုင်ထဲတွင်..ထိုင်ခုံများပြည့်နေပြီး..ထောင့်ဆုံးထိုင်ခုံတွင်တော့.မျက်မမြင်ဖြစ်ဟန်တူသော.လူတစ်ယောက်ထဲသာ..စားသောက်နေသည်ကိုတွေ့သောကြောင့်..ထိုထိုင်ခုံ.ဆီသို့သွားပြီး..အသံအားယောက်ျားလေးအသံကဲ့သို့ဖျက်ကာ..
``..ဒီက..အကို...အခြားနေရာမှာထိုင်ခုံတွေပြည့်နေလို့ဒီနေရာမှာထိုင်ပါရစေခဗျ..´´
ကျိကျွေ..ထိုကောင်လေး..ဆိုင်ထဲဝင်လာကတည်းက..မြင်ပါသည်။ထိုကောင်လေး၏ပုံသဏ္ဍာန်မှာ..အိမ်ကထွက်ပြေးလာသော...သူဌေးသားတစ်ယောက်နှင့်တူပေသည်။
ဆိုင်ထဲမှလူများအား..အနည်းငယ်ကြောက်ရွံနေသည့်ပုံ.ပေါ်လွင်နေသည်။
ထို့ကြောင့်
``ရပါတယ်.ညီ...ထိုင်ပါ...ဒီထိုင်ခုံတွေကအကိုပိုင်တာမှမဟုတ်တာ´´
ထိုသို့ပြောပြီးကျိကျွေ..ကောင်လေးအားပြုံးပြလိုက်မိ၏။
..ကျိကျွေ၏...အဖြေကြောင့့်..လု့မေပြုံးလိုက်မိပြီး..စိတ်ထဲမှ.
..``..ဒီလူကြည့်ရတာ..စိတ်သဘောထားပြည့်ဝမဲ့ပုံပဲ..၊..မျက်ခုံးကောင်းပြီး..မျက်နှာက.အလွန်ကြည့်ကောင်းတယ်..၊မျက်မမြင်သာမဟုတ်ရင်..ကောင်မလေးတွေဝိုင်းဝိုင်းလည်နေမှာသေချာတယ်...´´ဟု့..တွေးလိုက်မိသည်။ပြီးမှ
``အခု့လိုထိုင်ခွင့်ပေးတဲ့အတွက်...ကျေးဇူး..ပါခဗျာ.´´
လု့မေ၏စကားအားကျိကျွေခေါင်းတစ်ချက်ငြှိမ့်ပြလိုက်သည်။
.လု့မေလည်းစားသောက်စရာများမှာပြီး..အားရပါးရစားသောက်လေတော့သည်။
စားသောက်ပြီးနောက်...အပြင်သို့ကြည့်လိုက်ရာ..မိုးနည်းနည်းရွာနေသေးသဖြင့်...မျက်မမြင်နဲ့လူအား...စကားစမြည်ပြောလိုက်မိသည်။
ကျိကျွေသည်လည်း..ထ်ိုကောင်လေးစားသောက်ပြီးသဖြင့်..စကားစပြောလိုက်မိသည်။
``အကို့နာမ်မည်..ဘယ်သူလဲ..´´
``ညီလေးနာမ်မည်ဘယ်သူလဲ..´´
အသံမှာပြိုင်တူထွက်သွားမိ၍...နှစ်ယောက်သားရယ်လိုက်မိသည်။
``အကို့နာမ်မည်..ကျိကျွေပါ´´
``ကျွန်တော်နာမ်မည်...လု့ရွှေ..ပါ´´
``ဟော့ဗျာ..´´......နောက်တစ်ခေါက်နှစ်ယောက်သားပြိုင်တူဖြေလိုက်မိ၍..ကျိကျွေ..ကိုယ့်နှစ်ဖူးကိုယ်ရိုက်မိသည်။
လု့မေမှာလည်း..သူမ..ယောက်ျားလေးအဖြစ်ဟန်ဆောင်ထား၍..လု့ရွှေ...ဟု့လိမ်ပြောလိုက်ရသဖြင့်..စိတ်မလုံသော်လည်းကျိကျွေ၏..ပုံသဏ္ဍာန်ကြောင့်..ရယ်မိလေတော့သည်။.
``ငါ့ညီကဘယ်ကိုခရီးသွားမလို့လဲ´´
``အကိုကဘယ်ကိုခရီးသွားမလို့လဲ.´´
``ငင့်..လာပြန်ပြီ...ပြိုင်တူတွေပဲပြောမိနေတယ်..အဲ့တော့အကိုကမေးမယ်ညီကဖြေ...အကိုမေးပြီးမှညီကပြန်မေးပေါ့..ဟုတ်ပြီလား..စပ်စု့တယ်လို့တော့မထင်နဲ့...ငါ့ညီကြည့်ရတာခရီးသွားတစ်ယောက်ထင်လို့မေးကြည့်တာ..´´
``ဟုတ်..ကျွန်တော်က..ရှောင်လင်ကျောင်ူကိုသွားမလို့ပါ.အကိုကျိကျွေ..´´
.(လု့မေ၏စိတ်ထဲတွင်တွေးနေမိသည်ကား
<ဟူး..တော်တော်ခေါ်ရခက်တဲ့နာမ်မည်ကြီးပဲ..>)
လု့မေ၏..အဖြေကြောင့်ကျိကျွေပျော်သွားလေသည်။လမ်းခရီးအတွက်အဖော်တစ်ယောက်ရမည်ဖြစ်၍..ပျော်သွားမိခြင်းပင်ဖြစ်သည်။
``ဟား.အတူတူပဲငါ့ညီရ..အကိုလည်းရှောင်လင်ကျောင်းသွားမှာ..´´
ကျိကျွေ၏.စကားကြောင့်လု့မေသည်လည်းပျော်သွားလေသည်။လမ်းခရီးအတွက်အဖော်ရသည်ကတစ်ကြောင်း၊အဖော်ရှိသည်အတွက်..အားတက်သွားရသည်ကတစ်ကြောင်း၊မိမိနှင့်.မရင်းနှီးသောဒေသအတွင်းတွင်တစ်ယောက်ထဲမသွားလာချင်သည်ကတစ်ကြောင်း၊မျက်မမြင်တစ်ယောက်မို့သူမအတွက်စိတ်ချရသည်ကတစ်ကြောင်းကြောင့့်...ပျော်သွားရခြင်းပင်ဖြစ်သည်။
ထို့ကြောင့်
``ဟာ..ပျော်လိုက်တာအကိုရယ်..ရေစက်ရှိလို့တိုက်တိုက်ဆိုင်ဆိုင်လာကြုံရတာပဲ..အခု့ကစပြီးကျွန်တော်တို့ကမိတ်ဆွေဖြစ်သွားပြီနော်အကို..ဟီဟိ´´
``ဒါပေါ့..´´
``ဒါနဲ့အကို..တစ်မျိုးတော်မထင်နဲ့နော်.အကိုကျိကျွေက..မျက်မမြင်တစ်ယောက်ဖြစ်ပေမဲ့..အားငယ်မှု့မရှ်ိပဲပျော်ပျော်နေပြီးခရီးသွားနို့င်တဲ့သူမို့ ကျွန်တော်အရမ်းပဲလေးစားမိတယ်ဗျာ´´
လု့မေ၏စိတ်ထဲတွင်..ကျိကျွေအား..မျက်မမြင်ဖြစ်ပေမယ့်..အားငယ်မှု့မရှိပဲပျော်ပျော်နေတက်သောသူတစ်ယောက်ဟု့ထင်နေမိခြင်းဖြစ်သည်။
လု့မေ၏စကားကြောင့်..ကျိကျွေမှာ..ချောလဲရောထိုင်လုပ်ရလေတော့သည်။
သူမျက်လုံးမြင်ရသည်ဆ်ိုတာကိုလည်းဖုံးကွယ်ထားချင်၍လည်းဖြစ်၏။
``အာ..မဟုတ်တာ..အကိုကမြင်ရပါတယ်ကွ..ဟဲဟဲ´´
``ဟာ..အကိုကလည်းဒီကတကယ်အကောင်းပြောတာကိုနောက်နေတုန်း.ပဲ.´´
``ဟီး..အကိုကဒီလိုပဲပျော်တက်လို့ပါ´´
``အင်းပါ..ဟုတ်ပါပြီ...ဒါနဲ့အကိုက..မျက်လုံးမမြင်ရပဲနဲ့..ဒီလိုခရီးအဝေးကြီးတွေကိုဘယ်လိုသွားလဲဟင်..´´
လု့မေ၏စကားကြောင့်...ကျိကျွေမှာ..ခေါင်းခြောက်သွား၏။
ထို့ကြောင့်..မု့သာဝါဒကံမကျူးလွန်ချင်ပဲကျူးလွန်းရလေတော့သည်။
``ဪ..ဒါလား..ဒါကဒီလိုရှိတယ်ငါ့ညီရဲ့..မြင်းလှည်ူသံတွေ၊လူအများလမ်းလျောက်သံတွေကြားရင် ဒါဟာမြို့ထဲလို့မှတ်ထားပြီးသွားတယ်၊ပြီးတော့..အရက်သမားတွေအော်ဟစ်နေတဲ့အသံတွေ..ဇွန်းသံ၊ပန်းကန်သံတွေ.စတဲ့အသံတွေကြားရင်.ဒါဟာစားသောက်ဆိုင်လို့မှတ်ထားတယ်၊.တောလမ်းခရီးတွေဘာတွေဆိုရင်တော့..လမ်းရဲ့ဘေးမှာခြုံပုတ်တွေရှ်ိတယ်လေ..ဒီတော့လမ်းဘေးကခြုံပုတ်လေးတွေ
စမ်းပြီးသွားရတာပေါ့..အဲ့ဒီလိုတွေမှသွားရတာအဆင်မပြေရင်တော့..အခြားသူတွေကိုအကူအညီတောင်းရတော့တာပေါ့ငါ့ညီရ..ဟူး..´´
ကျိကျွေမှာ..လိမ်လည်ပြီးရှင်းပြရတာမောသွား၍..ရေနွေးကြမ်းတစ်ခွက်ငှဲ့သောက်လိုက်ရသည်။
``ဪ..အဲ့ဒီလိုကိုး..ဘာပဲဖြစ်ဖြစ်..အကို့ကိုတော့..တကယ်လေးစားတယ်ဗျာ...ကဲအကို..အပြင်မှာမိုးတိတ်သွားပြီး..သွားကြရအောင်...ဒီစားထားတာတွေအကုန်လုံးညီရှင်းလိုက်ပါ့မယ်.´´
ပြောပြောဆိုဆိုလု့မေစားပွဲထိုးအားခေါ်လိုက်ပြီး..ပိုက်ဆံရှင်းဖို့..လက်အတွင်းနှိုက်လိုက်သောအခါ..
``ဟာ..ဟုတ်သားပဲ...ပိုက်ဆံကကုန်နေပြီပဲ..´´
``ဘာဖြစ်လို့လဲ ညီ...ပိုက်ဆံမရှိတော့လို့လား..အကိုရှင်းလိုက်မယ်လေ´´
``မဟုတ်ဘူးရတယ်အကို..ရတယ်ညီရှင်းလိုက်ပါ့မယ်..´´
ပြောပြောဆိုဆို...လု့မေ..သူ၏သားရေအိတ်လေးထဲမှ.ရတနာတွေအမြားအပြားရှိသည့်အနက်..ပတ္တမြားလက်စွပ်လေးတစ်ကွင်းအားထုပ်ကာ...
`` .ဒီပစ္စည်းလေးကိုငွေသားနဲ့လဲလှယ်ပေးပါ...ပြီးရင်စားသောက်ထားတာတွေဖြတ်ယူလိုက်ပါ.. ´´
လု့မေထိုပတ္တမြားလက်စွပ်လေးအား..စားပွဲထိုးလေးအားပေးလိုက်ရာ..စားပွဲထိုးလေးမှာခေါင်ကုတ်၍..ပတ္တမြားလက်စွပ်လေးအား..ဆိုင်ပိုင်ရှင်ကိုသွားပြလေသည်။
ဆိုင်ပိုင်ရှင်မှာ..ကျောက်မျက်ရတနာပစ္စည်းများအကြောင်းနားလည်သည်ထင်၏။
သူတို့၏စားပွဲအနားသို့အပြေးလာကာ..
``..ဒီက...သခင်လေးခဗျာ..ဒီလက်စွပ်ဟာအလွန်အဖိုးထိုက်တန်လွန်း၍..ကျွန်တော်မျိုးရဲ့ဆိုင်..အလုံး၅၀မက..တန်ကြေးရှိပါတယ်..ဒါကြောင့်..အခြားသောပစ္စည်နဲ့လဲလှယ်ပေးပါခဗျ´´
ဆိုင်ပိုင်ရှင်မှာ..လု့မေအားအထင်မသေးရဲပါ။ရတနာတွေစီခြယ်ထားသောဓားအားဘေးချထားသော..လု့မေ၏ပုံသဏ္ဍာန်မှာ...သိုင်းသမားတစ်ယောက်နှင့်တူနေပြီး..သူဌေးသူကြွယ်၏သားတစ်ယောက်နှင့်တူနေသည်။
ထို့ကြောင့်..သိုင့်းသမားဖြစ်ဖြစ်၊သူဌေးသူကြွယ်၏သားပဲဖြစ်ဖြစ် လက်စွပ်အားလူလည်ကျကာ..ယူထားမိသည်ရှိသော်..မိမိ၏အသက်အား..ရန်ရှာလာမည်ဆိုး၍...အခြားပစ္စည်းနှင့်လဲလှယ်ပေးရန်..ပြောမိနေခြင်းပင်။
ဆ်ိုင်ပိုင်ရှင်၏စကားကြောင့်လု့မေအရမ်းအံသြသွားရလေသည်။သူမရွှေနန်းတော်တွင်နေရတုန်းက..ဤကဲ့သို့သောလက်စွပ်များအား.. ဤမျှအထိတန်မည်မှန်းလုံးမသ်ိပေ။ထို့ကြောင့်
``အဲ့တာဆိုလည်း..ဒီကျောက်လေးနဲ့တန်ကြေးဖြတ်ပေးပါ..´´.
.လု့မေသူ၏ရတနာဓား၏ဓားအိမ်အဖုံး.မှ..စပါးလုံးစေ့အရွယ်ခန့်ကျောက်လေးတစ်လုံးအားဖြုတ်ကာ..ဆိုင်ပိုင်ရှင်အားပေးလိုက်လေသည်။
ဆိုင်ပိုင်ရှင်မှာ..ထိုကျောက်လေးအားကြည့်ကာ
..ငြီးငူလိုက်ပြီး...``ဒီပတ္တမြားသေးသေးလေးကလည်း.
အရမ်းအဖိုးတန်လွန်း နေပါသေးတယ်သခင်လေး
...ဘာပဲဖြစ်ဖြစ်.....သခင်ကျွန်တော့်မှာရှိတဲ့ရွှေစင်တုံးတွေနဲ့လဲလှယ်ပေးပါ့မယ်လေးအဆင်ပြေပါ့မလားခဗျာ..´´
``အဆင်ပြေပါတယ်...လဲလှယ်ပေးပါဗျာ..´´.
ကျိကျွေကတော့မူမျက်မမြင်တစ်ယောက်ကဲ့သို့..ဘာမှမသိသလိုငြိမ်နေလေသည်။
ထိုအဖြစ်အပျက်အစအဆုံးအား...အခြားစားပွဲတွင်ရှိသော.လူ၅ယောက်မှာ..လောဘမျက်လုံးများဖြင့်မီးတောက်တော့မည့်အတိုင်းကြည့်နေကြလေသည်။
သူတို့၏မျက်လုံးများသည်..ရတနာတွေစီခြယ်ထားသောဓားနှင့်လု့မေ၏..ရတနာတွေထည့်ထားတဲ့သားရေအိတ်ကလေးအား.ပို၍အာရုံစူးစိုက်ကာ..ကြည့်နေကြလေသည်။
.ထိုသူများမှာအခြားတော့မဟုတ်...မွှေးနီတို့အုပ်စု့ပင်ဖြစ်သည်။.
သိုင်းပညာထက်မြက်တဲ့အောက်လမ်းသိုင်းသမားများဖြစ်သလို...သိုင်းသမားများအချင်းချင်းအပေါ်...လူလည်ကျသည့်နေရာတွင်..သူတကာထက်ထူးချွန်လွန်းလှသော..သူများပင်ဖြစ်သည်။
.ငွေရဖို့အတွက်ဆိုလျှင်..ဘနှဖူးသိုက်တူးရတူးရ၊လူပဲသတ်ရသတ်ရ၊ဓားပြပဲလုပ်ရလုပ်ရ.. အကုန်လုပ်သည့့်လူစားမျိုးပင်ဖြစ်သည်။
ကျိကျွေ..ထိုလူငါးဦးအားမြင်နေရသော်လည်းမသိချင်ယောင်ဆောင်နေလိုက်လေသည်။
ထိုသူတို..၏ပုံသဏ္ဍာန်မှာ..ဆံပင်မွှေများနီကြောင်ကြောင်နှင့်..အသက်၄၀နီးပါးရှိသည်ဟု့ထင်ရလေသည်။.
မျက်လုံးများမှာအတွင်းအား..စူးရှနေပြီးအတွင်းအားကောင်းကြောင်း..သိသာစေသည်။
ယခု့လည်း..မွှေးနီတို့အုပ်စု့..လု့မေဆီမှ..ရတနာပစ္စည်းများအားလု့ယူရန်တိုင်ပင်နေလေသည်။
သူတို့မသိရသေးသည့်အချက်မှာ...လု့မေမှာ..သိုင်းပညာတော်သည်ဟူသောအချက်ပင်။
သို့သော်..မွှေးနီတို့အုပ်စု့မှာလည်း..စွမ်းပါသည်ဟု့ဆိုသောသိုင်းသမားများအပေါ်သို..့ဖျံကျခဲ့သည်မှာ..အကြိမ်ပေါင်းမရေတွက်နိုင်ခဲ့တော့ပါ။
ထို့ကြောင့်
``ဟေ့ကောင်တွေ..ဟိုကောင်လေးရဲ့ရတနာဓားနဲ့ရတနာပစ္စည်းတွေသာ.ငါတို့ရလိုက်လို့ကတော့..ဒီတသတ်ထိုင်စားတောင်ကုန်မှာမဟုတ်ဘူး.ဟ.´´
``အေး..ငါတော့ထောက်ခံတယ်ဟ..ဒီတစ်ခေါက်တော့စားရကံကြုံလို့မုတ်ဆိတ်ပျားစွဲပြီဟေ့..´´
``ဟုတ်ပ..ကောင်လေးကြည့်ရတာမလည်မဝယ်လေး...အိမ်ကထွက်ပြေးလာတဲ့သူဌေးသားတစ်ယောက်ထင်တယ်..သူကြည့်ရတာသိုင်းနည်းနည်းပါးပါးတက်မဲ့ပုံပဲဗျ´´
``ဟာကွာ..အဲ့ကောင်လေး..သိုင်းတက်တော့လည်း..ဘာကြောက်စရာလိုလဲ..ငါတို့ထဲကတစ်ယောက်တောင်သူပြန်ယှဉ်နိုင်မှာမဟုတ်ဘူး..´´
``ဟုတ်တယ်..သူပြန်ယှဉ်နိုင်တယ်ပဲထားဦး..ငါတိုက၅ယောက်တောင်...ပြီးတော့ငါတို့ရဲ့အဆိပ်ပညာပရိယာရ်တွေနဲ့ဆို...ဒီကောင်လေးဆီကပစ္စည်းတွေလု့ရမှာက. ငှက်ပျောသီးအခွံနွှာတာကမှ...လွယ်ဦးမယ်...ဟားဟား..´´.
တစ်ယောက်တစ့်ပေါက်နှင့်မွှေးနီတို့အုပ်စု့..တ်ိုင်ပင်နေကြလေသည်။
ထိုစဉ်..လု့မေမှာပြန်အမ်းငွေရွှေတုံးများအား.ယူ၍..ကျိကျွေအား..ခေါ်ဆောင်ကာ..စားသောက်ဆိုင်မှထွက်သွားလေတော့သည်။
``ဟာ..ဟေ့ကောင်တွေ..ဟိုမှာမင်းတို့ပထွေးလေးကထွက်သွားပြီဟ..လိုက်ကြရအောင်.´´.
.ပြောပြောဆိုဆို..လု့မေတို့အနောက်အားမယောင်မလည်နှင့်မွှေးနီတို့အုပ်စု့လိုက်သွားလေတော့သည်။.
သူတို့လိုက်လာမှန်းသိသော..လု့မေမှာ..မြေကြွက်၄ဖော်တို့အားအနိုင်ယူခဲ့မိတုန်းကအချိန်အားသတိရသွားမိပြီး..နှုတ်ခမ်းမှပြုံးလိုက်မိ၏။
__________________________________________
◀◀◀◀◀◀အပိုင်း.၁၂..မျှော်▶▶▶▶▶▶▶