book

Index 10

အပိုင်း<<၁၀>>

#နတ်ဆေးဆရာနှင့်ငရဲမင်း၏သမီးတော်.

_________________________________________________``.ကဲ..မညှာတော့ဘူးတကယ့်..

...............တိုက်ကွက်လာပြီ...ကြည့်.´´ 


ပြောပြောဆိုဆို   သွေးမိစ္ဆာသိုင်းသမား  လု့ဖန်မှာ  သူ၏ခါးကြားမှ  ဓားအား...ဆွဲထုပ်လိုက်ပြီး.. 

``ချွမ်း..´´

  သိုင်းကွက်တစ်ကွက်အားပုံဖော်လိုက်၏။  


``ဟင်..သေမင်းခေါ်သံ...သိုင်း..ပါလား..´´


 ကျိုးရင်..ဆီမှအံသြထိပ်လန့်သံထွက်လာလေသည်။


``ဟား..ဟား..ဘာလဲ...ကြောက်သွားပြီလား .အချောလေး...ဟင်းဟင်း..´´


`` အိုရ်..ကြောက်စရာလား...ရှင့်ဘာ့သာရှင်..သေမင်းခေါ်သံသိုင်း...မကလို့ဘာသိုင်းပဲတက်တက်..လု့မေတို့က...ရင်ကိုမခုန်တာ...ခ်ခ်...´´


 အဆိပ်မယ်ကျိုးရင်တစ်ယောက်...မကြောက်ချင်ယောင်ဟန်ဆောင်၍..ပြန်ပြောနေသော်လည်း...ရင်ထဲမှာတော့ထိပ်ကနဲ့ဖြစ်နေမိသည်။.


.မကြောက်၍လည်းမဖြစ်.သေမင်းခေါ်သံသိုင်းသည်..လွန်ခဲ့သည့့်နှစ်ပေါင်းငါးဆယ်ကျော်က...သိုင်းလောက တွင်..လျှမ်းလျှမ်းတောက်..နာမ်မည်ကြီးခဲ့သော...သိုင်းကျမ်းဖြစ်သည်။


 အဘယ်ကြောင့်..လု့ဖန်..တက်ကျွမ်းနေသည်ဆိုတာက်ို  ကျူးရင်တစ်ယောက်စဉ်းစားရခက်နေလေသည်။


ဧကန်စစ်စစ်.....လု့ဖန်သည်.....သေမင်းခေါ်သံသိုင်းကျမ်းကို သူ၏အဘိုးဆီမှအမွေရထားခြင်းပင်ဖြစ်သည်။ 


တစ်ချိန်ကသိုင်းလောကတွင်ကျော်ကြားခဲ့သော .သေမင်းခေါ်သံသိုင်းကျမ်း ပိုင်ရှင် .လု့ကျောင်းယင်...သည်...လု့ဖန်း၏အဘိုးပင်ဖြစ်သည်။


ထို့ကြောင့်လည်းသိုင်းပညာအမွေရထားခြင်းဖြစ်သည်။ 


သို့သော်လု့ဖန်းသည်သူ၏အဘိုးဖြစ်သူ.မှာထားခဲ့၍ .သေမင်းခေါ်သံသိုင်းကို..အရေးမကြုံပဲထုပ်မသုံး၍သာ..သူ .သေမင်းခေါ်သံသိုင်းတက်သည်ဆိုတာကို..လူသိပ်မသိခြင်းပင်ဖြစ်သည်။ 


``ကဲ လာပြီ...ရှောင်နိုင်ရင်ရှောင်..´´


အလင်းရောင်တစ်ချက်လက်ပြီး..ဓားကွက်များ..ကျူးရင်၏..ခန္ဓာကိုယ်အနှံ့အပြားသို့..ပြေးဝင်လာလေသည်။ 


 လု့ဖန်၏ဓားကွက်များမှာ သေကွင်းသေကွက်များသို့ဦးတည်နေသည်။.


ငယ်ရွယ်သေးသဖြင့်အတွင်းအား..မပြည့်ဝသေးသဖြင့့့်...ဓားကွက်များမဆိုသလောက်လေးနှေးကွေးနေခြင်းပင်။


အကယ်၍လု့ဖန်းသာ...အတွင်းအားဒီထက်ပို၍နက်နဲပါက..ဤနေရာတွေခေါင်းပျက်မဲ့သူက..မိန်းမလှလေးကျူးရင်ပဲဖြစ်ပေလိမ့်တော့မည်။


သို့သော်..ကျူးရင်သည်လည်းခေသူမဟုတ်ပါ။


တစ်ခေတ်တခါနာမ်မည်ကြီးခဲ့သော..

အဆိပ်မယ်တော်ကြီး၏ ပညာကုန်အမွေရထားသော..ကြောင့်...လု့ဖန်း၏ဓားကွက်များအားချက်ချင်းပြန်လည်တုန့်ပြန်လိုက်၏။


သူမ၏..ခါးတွင် လူမသိအောင်ရစ်ပတ်ထားသောပါးလွှာပျော့ပျောင်းသည့်...ဓားပါးလေးအားထုပ်ကာ..လျှင်မြန်စွာပင်..ပြန်လည်ခု့ခံလိုက်၏။


.``ထန်း..ထန်း  ..ထန်း..ထန်း...ရွပ်...ရွပ်..´´


``ဟင် တိမ်ကော..ပျောက်ဆုံးနေတဲ့..သံစဉ်မဲ့ဓားသိုင်းပါလား...´´


ဒီတစ်ခါပြန်၍အံ့သြသွားသည်က..လု့ဖန်းပင်ဖြစ်သည်။ ကျူးရင်..ဘယ်ကတက်တာလဲဟု့စိတ်ထဲမှတွေးလိုက်မိ၏။


``ခ်ခ်..ဘာလဲ..သံစဉ်မဲ့ဓားသိုင်းဆိုတော့ရှင်လန့့်သွားလား...ကြောက်သွားတာတော့မဟုတ်ပါဘူးနော်..´´


  ကျူးရင်  လု့ဖန်းအားပြန်ခနဲ့လိုက်သည်။


သို့သော်..လု့ဖန်းအားလျော့မတွက်ရဲပါ..ရင်ထဲတွင်ထပ်လန့်နေမိသည်။


အဘယ်ကြောင့်ဆိုသော်စောစောကဓားကွက်အားသူမ..ပြန်ကာကွယ်လိုက်တုန်းက..သူမလက်တစ်ခု့လုံးကျဉ်တက်၍သွားသောကြောင့်ပင်။


ဤသည်ကား..လု့ဖန်းသည်..သူမထက်အတွင်းအားပိုကောင်းသည်ဆိုတာအား...သိသာသွားစေသည်။.


သံစဉ်မဲ့ဓားသိုင်းသည်..အဆိပ်မယ်တော်ကြီးမထင်မှတ်ပဲရခဲ့သောသိုင်းကျမ်းပင်ဖြစ်သည်။


 အဆိပ်မယ်တော်ကြီးသေဆုံးခါနီးကျူးရင်အားနောက်ဆုံးပေးခဲ့သော..အမွေဟု့ဆိုလျှင်လည်းမမှားပေ။


ကျူးရင်၏အဆိပ်ငါးမျိုးအတွင်းအားကျင့်စဉ်မှာအဆိပ်ကိုသာဦးစားပေး..ကျင့်ရသည်မို့ထင်သလောက်ခရီးမပေါက်ပေ။


သို့သော်သူမ၏..အတွင်းအားရိုက်ချက်တိုင်းတွင်..အဆိပ်များစွာပါဝင်လေသည်။


လု့ဖန်း၏..သွေးစုပ်အတွင်းအား.မှာမူ..အောက်တန်းကျသလိုများစွာထက်မြက်ပေသည်။


 ဆိတ်၊ဝက်၊နွား၊ကြက်...အခြား.တိရစ္ဆာန်အရှင်များအား..လည်ချောင်းသွေးဖောက်ပြီး..သောက်ကာကျင့့်ရသော...အတွင်းအားပညာရပ်မျိုးဖြစ်၍..အတွင်းအားကျင့်လေတိုးတက်လေဖြစ်သည်။


ထို့ကြောင့်ကျူးရင်၏အတွင်းအားထက်လု့ဖန်းကသာနေခြင်းပင်။


လု့ဖန်းမှာလည်း..ကျူးရင်အား...လျော့မတွက်ရဲတော့သလိုရင်ထဲတွင်အနည်းငယ်ထပ်လန့်နေလေသည်။


အဘယ်ကြောင့်ဆိုသော် မိမိသည်ပြိုင်ဘက်ကောင်းတစ်ယောက်နဲ့ထိပ်တိုက်တွေ့နေရသည်မဟုတ်ပါလော။


``ကျုပ်က..မင်းလိုမိန်းကလေးမျိုးကိုကြောက်စရာလား..မင်းဘက်ကသိုင်းကွက်အရင်ထုတ်ပါ..´´


``ခ်ခ်..ရှင်လည်တာလောက်ကတော့ကျွန်မအိပ်နေသလောက်ပဲရှိတယ်...ရှင်ကျွန်မရဲ့သိုင်းကွက်နဲ့မရင်းနှီးသေးလို့...လေ့လာပြီး..ကျွန်မရဲ့..အားနည်းချက်ကိုရှာချင်တာမှတ်လား...ဝေးသေး..´´


တစ်ယောက်နှင့်တစ်ယောက်...စကားစစ် ထ်ိုးပြီး..အပြန်အလှန်အားနည်းချက်ကိုချောင်းနေကြသည်။


မည်သူမှစမလှုပ်ရှားပေ။အဘယ်ကြောင့့်ဆိုသော်.တစ်ကွက်မှားသည်နှင့်အသက်ပေးရမည်မဟုတ်ပါလော။


နှစ်ယောက်စလုံး၏ရင်ထဲတွင်တော့ ..အသီးသီး...ရှိန်နေကြလေသည်။


သူတို့နှစ်ယောက်တိုက်ခိုက်သည်ကို...စောင့်ကြည့်နေသောမျက်လုံးတစ်စုံရှိသည်ဆိုတာကိုတော့..သူတို့နည်းနည်းမှမရိပ်မိချေ။


``  ကဲ...လာပြီ...ရှင်..ရှောင်နိုင်ရင်ပြန်ရှောင်တော့...´´


ကျူးရင်ဘက်က..စ၍တိုက်ခိုက်လေသည်။


သူမ၏ဘေးပတ်ပတ်လည်တွင်အနီ၊အဝါ၊အစိမ်း၊အမဲ..ရောင်စသည့်အဆိပ်များထုတ်လွှင့်လိုက်ပြီး..သေမင်းတမန်အဆိပ်လက်နက်..၅ချောင်းပစ်သွင်းပြီး..လေပေါ်သို့ခုန်တက်ကာ .သံစဉ်မဲ့ဓားသိုင်းထဲမှ..ရေလှိုင်းသံစဉ်.ဓားကွက်ဖြင့် လု့ဖန်းဆီသို့ ပြေးဝင်သွားလေသည်။


ပျော့ပျောင်းလှသောကျူးရင်၏ဓားပါးလေးမှာ ရေလှိုင်းသံစဉ်..သိုင်းကွက်နဲ့အတွင်းအားပောင်းစပ်မှု့ကြောင့်..လှိုင်းလုံးကြီး...လိမ့့်လာသလို..လု့ဖန်းဆီသို့နီးကပ်လာလေသည်။


ထိုအခါ..လု့ဖန်းမှလည်း...သေမင်းခေါ်သံသိုင်းကျမ်းမှ...သေမင်းဝတ်ရုံသိုင်းကွက်(အကာအကွယ်သိုင်းကွက်)နှင့်..အဆိပ်ဆူး..ငါးချောင်းအား ..ကျူးရင်ဆီသို့ပြန်.ရိုက်ထုပ်လိုက်ပြီး...သေမင်းခေါ်သံသိုင်းကျမ်းမှ.အကြမ်းဆုံးဖြစ်သည့် .ဝိညာဉ်မဲ့...ဓားကွက်အားထုတ်၍ကျူးရင်ဆီသို့ပြေးဝင်သွားလေသည်။..


ကျူးရင်မှာသူ့ဆီသို့ပြန်လာသော..သေမင်းတမန်အဆိပ်လက်နက်အား..ပြန်လည်ရိုက်ထုတ်လိုက်ရ၍..ရေလှိုင်းသံစဉ်သိုင်းကွက်..ဟန်ချက်ပျက်သွားလေသည်။


ထိုအခိုက်မိမိဆီသို့..ဝိညာဉ်မဲ့..သိုင်းကွက်ဖြင့်ပြေးဝင်လာသောကြောင့်.  ..သံစဉ်မဲ့သိုင်းကျမ်းထဲမှ...အလွန်ရက်စက်သည့်..မိုးကြိုးသံစဉ်..သိုင်းကွက်ဖြင့်ပြေးဝင်တိုက်ခိုက်လိုက်သည်။..


``..ရွမ်း. .ရွှမ်း...ရွှမ်း...ထျင်...ထျင်....ထျှင် .  ´´


``ဝုန်း..ဝုန်း..´´


သူတို့နှစ်ဦး၏တိုက်ခိုက်မှု့မှာ...အလွန်ကြမ်းတမ်းသောကြောင့်..ဘေးပတ်ဝန်းကျင်မှ..သစ်ရွက်များ၊သစ်ကိုင်းဖျားလေးတွေမှာ...အပိုင်းပိုင်းဖြစ်ကုန်ကြလေသည်။


တိမ်ကောနေသောသိုင်းကျမ်းနှစ်ခု့..၏အပြင်းထန်၊အရက်စက်ဆုံးသိုင်းကွက်တို့..အတွင်းအားအပြည့်ဖြင့်..ထိမိကြသောအခါ..ထွက်ပေါ်လာသော..အတွင်းအားလှိုင်း

လုံးကြီးများကြောင့်..နံဘေးမှသစ်ပင်..များပင်..ပြိုလဲကျပေးရတော့လေသည်။


ကျူးရင်မှာလု့ဖန်ထက်အတွင်းအားအဆင့်နိမ့်သော်လည်း..အဆိပ်ပညာ၊လက်နက်ပုန်းပညာတို့ကြောင့်..လက်ရည်တူယှဉ်ပြိုင်နိုင်ခြင်းပင်ဖြစ်သည်။


 ဤသို့နှင့်သူတို့နှစ်ယောက်တိုက်ခိုက်သည်မှာ...အချိန်အနည်းငယ်ကြာလာလေသည်။


မည်သူမျှဒဏ်ရာအပွန်းအပဲ့လေးမျှမရသေးပေ။


သို့သော်..နှစ်ဦးစလုံး..အတွင်းအားကုန်ခမ်းမလိုဖြစ်နေသည်။


ပြိုင်ဘက်အရှေ့မှာမို့..တစ်ယောက်နှင့်တစ်ယောက်မာန်တင်းထားခြင်းပင်ဖြစ်သည်။ထိုအခိုက်


``ဟား...ဟား....ဟား.....ဟား...ဟား

.........ဟား.......ဟား......ဟား....ဟား...´´


 အလွန့်အလွန်ကိုအတွင်းအားနက်နဲပြင်းထန်သော..ရယ်သံကြီးထွက်ပေါ်လာလေသည်။.


ထိုရယ်သံမှာ..ဘယ်ကလဲ¿အဖြေရှာမရသော်လည်း

..အသံမှာမူနေရာအနှံမှပြင်းထန်စွာကြားနေရလေသည်။


.ကျူးရင်နှင့်လု့အော်..ထိုအသံအားမခံနိူင်၍...တိုက်ခိုက်နေခြင်းမှရပ်ကာ..ထိုင်ချလိုက်ပြီး...အတွင်းအားအဆင့်ကုန်တင်ထား၍...ထိုအသံအားတွန်းလှန်ရန်ကြိုးပမ်းရတော့လေသည်။


ထိုသို့အတွင်းအားအကုန်သုံး၍...ကာကွယ်ထားသော်လည်း..အသံမှာလွန်စွာပြင်းထန်သောကြောင့်..နားစည်တွေကွဲထွက်သွားမတက်ခံစားနေရတော့သည်။


သူတို့နှစ်ဦး၏နံဘေးပတ်ပတ်လည်တွင်ရှိသော..သစ်ပင်များမှာတော့...အစိပ်စိပ်အမွှမွှဖြစ်ကာ...အမှုန့်အဖြစ်သို့ပြောင်းလဲသွားသည်က်ို..မြင်တွေ့နေရ၏။


ခဏအကြာထိုအသံမှာရပ်သွား၍ . ကျူးရင်နှင့်လုဖန်းတို့..အသက်ရှူဝလေတော့သည်။


..အသက်ဝအောင်ရှူပြီးမှ..နှစ်ယောက်လုံးထ၍


``ဘယ်ကဆရာကြီးများ..ကြွရောက်လာတာလည်းသိပါရစေ.ခင်ဗျား.. .ကျွန်တော်တို့ဂါဝရပြု့ချင်လို့ပါ...´´ 


 အလွန်ပါးနပ်လွန်းလှသော..မြေခွေးထီးနှင့်မြေခွေးမ...တို့ပာတကား။


 ခု့နက.တိုက်ခိုက်ခဲ့သည်မှာသူတို့မဟုတ်သည့််အလား...ယခု့လည်း.ညီညွတ်နေကြလေသည်။


``ဟား..ဟား..နောက်ပေါက်လူငယ်တွေထဲမှာ ..အစွမ်းထက်တဲ့လူငယ်တွေရှိသေးသကိုး..ကြ်ိုက်သွားပြီ..ဟေ့..´´


သူတ်ို့နှစ်ဦး၏အနောက်မှထိုအသံထွက်ပေါ်လာခြင်းဖြစ်သည်။


ရုတ်တရက် လှည့်ကြည့်လိုက်သောအခါ.အသက်၃၀ကျော်ဟု့ထင်ရသော.လူတစ်ယောက်။


သို့သော်သေချာကြည့်မှအသက်..၅၀ဝန်းကျင်ခန့်ရှိသော.လူကြီးတစ်ယောက်ပင်ဖြစ်သည်။


``ဆရာကြီးရဲ့ဘွဲ့အမည်လေးတစ်ချက်လောက်သိပါရစေခဗျာ..´´


``.အင်း...လက်ရှိသိုင်းလောကမှာ..ဘယ်သူအတွင်းအားအကောင်းလဲ ကောင်လေး´´


မိမိအမေးအားမဖြေပဲမိမိအား... ကောင်လေးဟု့..ခေါ်သောထိုအဘိုးကြီးအား.လု့ဖန်း.စိတ်ထဲတွင်အမြင်ကပ်သွားသော်လည်း..


``..ဟုတ်ကဲ့..သိုင်းလောကကျယ်ပြောလွန်းလှပါတယ်ဆရာကြီး..သိုင်းပညာထိပ်သီးရောက်နေတဲ့ဆရာကြီးတွေအများအပြားဟာ..ပေါများလွန်းလှပေမယ့်..ကျွန်တော်တို့တရုတ်ပြည်သိုင်းလောကထဲမှာလူအများထောက်ခံထားကြတာကတော့...ရှောင်လင်ဆရာတော်လိထင်းနဲ့...ဝူတန်ဂိုဏ်းချုပ်ဆရာကြီးလောက်ထူ၊.သူတောင်းစားဂိုဏ်းချုပ်ကြီး..ဟုန်ချိခုန်း၊.ခွန်းလွန်ဆရာကြီး..ယွဲ့ထို...ရယ်..ငိုမီဂိုဏ်းချုပ်ဆရာမကြီး..ရှားပု့အော်..တို့ဟာ ကောင်းသတင်းနဲ့..ထင်ရှားကျော်ကြားလွန်းနေပါတယ်ဆရာကြီး..ခဗျား..´´   


စကားအသွားအလာ၊အဖြတ်အတောက်အပြောအဆို၌..လိဖန်းသည်လွန်စွာပါးနပ်လွန်းပါပေသည်။


ယခု့သူတွေ့နေရသည့် အဘိုးကြီးမှာမည်သူမှန်းမသိသောကြောင့်...အလိမ္မာနှင့်  ရှဉ့်လည်းလျောက်သာပျားလည်းစွဲသာ...ဖြေလိုက်သည်မှာ...ညဏ်နီညဏ်နက်များပြီးလူရည်လည်သော.သူတစ်ယောက်ဖြစ်မှန်းပေါ်လွင်စေသည်။


နဘေးတွင်ရပ်နေသောကျူးရင်ပင်အနည်းငယ်လေးစားချင်စိတ်ပေါက်နေလေသည်။  


လိဖန်း၏အဖြေအား..အဘိုးအိုမှ..


``.အေး..ကောင်လေး...အဲ့တာဆို...ဆိုးသတင်းနဲ့ကျော်ကြားနေတဲ့...တိမ်မုန်တိုင်းသိုင်းသမားကြိး..

လီဂျိုဟူးဆိုတာကောကြားဖူးလား...´´


``ဟင်...´´..


ကျူးရင်ကော၊လိဖန်းကော..အသံပြိုင်တူထွက်သွားပြီး...သူတို့နှစ်ယောက်ခန္ဓာက်ိုယ်မှာ..တစ်ချက်တုန်သွားလေသည်။


ကြောက်ဒူးတုန်သွားသည်ဟု့ဆိုလျှင်လည်းမမှားပေ။


အဘယ်ကြောင့်ဆိုသော်...ယခု့လက်တလောကြားနေရသည်သတင်းများအရ...တိမ်မုန်တိုင်းသိုင်းသမားကြီးလီဂျိုစူးဟာ..သိုင်းသမားတွေကိုမုန်းတီးနေပြီး..သူနဲ့တွေ့တဲ့သိုင်းသမားတိုင်း...အရိုးအသားများတစ်စစီဖြစ်၍..သေဆုံးရသည်ဟူ၍..မဟုတ်ပါလော။


ထိုသတင်းအားကြားစဉ်တုန်းက..လီဂျိုစူး..ဤမျှလောက်အတွင်းအားကောင်းမည်ဟု့မထင်၍..ကိုယ့်ကိုကိုအထင်ကြီးတဲ့စိတ်တို့ကြောင့်..ပေါ့ပေါ့တန်တန်နေခဲ့မိခြင်းပင်။


ယခု့မူ...လီဂျိုစူးကိုတိုက်ခိုက်ဖို့မပြောနှင့်...လီဂျိုစူး၏ရယ်သံမျှနှင့်ပင်...သူတို့အသားတွေတစ်စစီမဖြစ်ရုံတမယ်မျှသာ။.


သူတို့မသိသည့်နောက်တစ်ချက်မှာကား..လီဂျိုစူးမှာ..အတွင်းအားတစ်ဝက်မျှသာထုတ်၍..ရယ်ခဲ့သည်ဆိုသာတာသူတို့သိခဲ့ပါလျှင်...ကြောက်စိတ်ကြောင့်နှလုံးလေရပ်၍..သေသွားမည်ပင်စိုးရိမ်ရလေသည်။


``.ဆ..ဆ..ဆရာကြီးလီဂျိုစူး..ကျွန်တော်တို့အမိုက်အမဲလေးတွေ..စကားမှားပြောခဲ့မိလျှင်..အနူးအညတ်တောင်းပန်ပါတယ်ဆရာကြီး..´´


``ဟုတ်..ဟုတ်ပါတယ်..ဆရာကြီး...ကျွန်မတို့ကိုခွင့်လွှတ်ပေးပါ...´´


လိဖန်းနှင့်ကျူးရင်မှာ..ကြောက်လွန်းလို့ဒူးတွေတစ်ဆက်ဆက်ပင်တုန်လာလေသည်။


ထိုအဖြစ်အပျက်အား..သ်ိသော..လီဂျိုစူးမှာ


``ဟားဟား...အဲ့လောက်လည်းင့ါကိုမကြောက်ကြပါနဲ့ကွ...ငါမင်းတို့ကိုသဘောကျတယ်...ငါ့ရဲ့နောက်လိုက်အဖြစ်လုပ်မလား..သိုင်းလောကကိုအားရပါးကမွှေနှောက်ပြစ်မယ်လေ..ဘယ်လိုလဲ..ဟား...ဟား..´´


လီဂျိုစူးစကားကြောင့်...လိဖန်းနှင့်ကျူးရင်မျက်နှာမှာ...ရွှေကောက်ရသည့်အလား...ဝင်းထိန်သွားလေတော့သည်။


မိမိတို့အား..မသတ်သည့်အပြင်...လီဂျိုစူးလိုလူမျိုး၏..နောက်လိုက်လုပ်ရမည်ဆိုသောကြောင့်...လွန်စွာပျော်လွန်းသွား၍ဖြစ်သည်။..


အခန့်မသင့်လျှင်...လီဂျိုစူး..၏သိုင်းပညာအမွေပင်ရနိုင်သည်မဟုတ်ပါလော။.


.အကယ်၍..သိုင်းပညာအမွေရခဲ့လျှင်..မိမိတို့သည်သိုင်းလောက၌..ပြိုင်ဘက်ကင်းသိုင်းသမားများဖြစ်လာမည်မှာမြေကြီးလက်ခက်မလွဲပေ။ထို့ကြောင့်..


``တကယ်လာဆရာကြီး...ကျေးဇူးကြိးလွန်းလှပါတယ်ဆရာကြီးရယ်...ဆရာကြီးအနောက်သာလိုက်ရမယ်ဆို..တပည့်ဘာပဲလုပ်ရလုပ်ရလုပ်ပါ့မယ်.ခဗျာ..´´


``ဟုတ်..ဟုတ်ပါတယ်..တပည့်လည်းသူပြောသလိုပါပဲ..ဆရာကြီး...´´


``အေး.ကောင်းပြီ..ခု့ကစပြီးမင်းတို့ငါ့နောက်ပဲလိုက်ရမယ်...ငါနဲ့အတူ..မကောင်းတာမှန်သမျှအတူလုပ်ကြမယ်...ဟားဟား....

အရင်ဆုံး...ရှောင်လင်ကျောင်းကဘုန်းတော်ကြီးတွေကို...သွားသတ်မယ်...ဂိုဏ်းချုပ်လေးယောက်ဆိုတဲ့သူတွေကော..ရှောင်လင်ကျောင်းသွားနေကြတယ်လို့ ငါသတင်းကြားတယ်..သူတ်ို့ရောက်ပါစေဦးရှောင်လင်ကိုသူတို့ရောက်မှ..အကုန်လုံးကိုတစ်ခါထဲ..သုတ်သင်ပြစ်မယ်...အခု့တော့ရှောင်လင်ကျောင်းကို အေးအေးဆေးဆေးမှသွားမယ်..လောလောဆယ်သွားရင်း..လမ်းမှာ..အားရပါးရသောင်းကြမ်းကြတာပေါ့ကွာ...ဟားဟား..´´


``ဟုတ်ကဲ့. ဆရာကြီး..ဆရာကြီးအကြံပိုင်ပါတယ်...ဆရာကြိးဘာလုပ်လုပ်..ဆရာကြီးအပေါ်အမြဲတမ်းသစ္စာရှိပြိး...ဆရာကြီးအနားမှာ..အမြဲတမ်းအတူရှိနေမှာပါ. .´´


လိဖန်း၏အဖြေအား..လီဂျိုစူးမှာလွန်စွာသဘောကြပြီး..အားရပါးရအော်ဟစ်ရယ်မောလိုက်ပါတော့သည်။


``ဟား..ဟား..ဟား...ဟား..ဟား..ဟား....´´


သူ၏ကြောက်မက်ဖွယ်ကောင်း သော..ရယ်သံမှာ..သိုင်းလောကကြီးသွေးချောင်းစီးတော့မည်ကို...ကြို၍..သတိပေးသလိုလို၊...................လှောင်ပြောင်နေသယောင်ယောင်နှင့်..............×××


▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶


 ရဲတိုက်၏သခင်မလေးခြူးနတ်နွယ်(ခေါ်)..ခြူးခြူးတစ်ယောက်...သတိလစ်နေရာမှနိုးလာသောအခါ.ပတ်ဝန်းကျင်တစ်ခု့လုံးမှာ...မှောင်မိုက်နေပြီး...ဟင်းလင်းပြင်ကြီးဖြစ်နေလေသည်။


သူမအကူအညီတောင်း၍

တစာစာအော်ဟစ်နေလေသည်။


.မည်သူမျှပြန်မထူးပါ။မည်သူမှလည်းမရှိသလို၊..သူ၏အသံမှာလည်းအော်သလောက်မထွက်ပေ။လည်ပင်း၌အသံမထွက်အောင်တစ်ခုခု့..နင်နေသလိုခံစားနေရလေသည်။


မှောင်မဲနေသောဟင်းလင်းပြင်ကြီးထဲတွင်..သူမ..နာရီပေါင်းမြောက်မြားစွာ..အသံကုန်တဲ့အထိ၊အာခေါင်ခြောက်တဲ့အထိအော်ဟစ်နေလေသည်။


အချိန်တွေသာကြာသွားသည်..သူမ..ထိုဟင်းလင်းပြင်ကြီးထဲမှ..ထွက်မရ..ပိတ်မိနေလေသည်။


ဘယ်သွားသွားမှောင်မဲနေ၍...သူမ၏အားငယ်စိတ်တို့အထွဋ်အထိပ်သို့ရောက်ရှိနေလေသည်။.


တစ်ဖြည်းဖြည်း..သူမတောင့့်မခံနိုင်တော့ပါ..အားငယ်စိတ်၊ကြောက်ရွံစိတ်၊ဝမ်းနည်းစိတ်တို့ကြောင့်..သူမငိုရှိုက်လိုက်မိ၏။..


ထိုအခါ...သူမ၏အရှေ့၌..ရွှေရောင်ကဲ့သို့

အလင်းရောင်များ စူးရှစွာ

ပေါ်ထွက်လာတော့သည်။


ထိုအလင်းများမှာအခြားတော့မဟုတ်...လူတစ်ယောက်ဆီမှထွက်ပေါ်လာသောအလင်းရောင်များပင်ဖြစ်သည်။


ထိုလူ၏..ပုံပန်းသဏ္ဍာန်မှာ..မျက်လုံးတွင်အဝတ်စည်း

ထားကာ..ယောက်ျားပီသပြီးချောမောသော..အသွင်အပြင်ဆောင်နေသည်။


ထိုသူသည် ရုတ်တရက်..သူမအနားသို့ကပ်လာပြီး..သူမနှုတ်ခမ်းသားလေးများအားငြင်သာစွာ..ဆွဲဟလိုက်ပြီး...ရွှေရောင်ဆေးလေးတစ်လုံးအား..ပါးစပ်ထဲ..ထည့်လိုက်သည်။


ပြီးနောက်..သူမအားသေချာစိုက်ကြည့်၍..အဝေးသို့ပြန်လည်ထွက်ခါ၍..ပျောက်ကွယ်သွားလေသည်။.


.သူမရုတ်တရက်မို့..ကြောင်သွားပြီးမှ..ထိုလူအား..လှမ်းခေါ်လိုက်မိလေသည်။


``..အလင်းရောင်သခင်လေး.....အလင်းရောင်သခင်လေး..ကျွန်မတစ်ယောက်ထဲထားမသွားနဲ့လေ...ထားမသွားပါနဲ့...အဟင့်..ဟင့်..´´


  ပျောက်ကွယ်သွားသောထိုလူအားသူမတမ်းတရေရွတ်နေမိသည်..။


တစ်ဖြည်းဖြည်း...သူမ၏ပတ်ဝန်းကျင်းတစ်ခု့လုံးပြန်လည်လင်းထိန်လာပြီး... သူမ..နဘေးတွင်..သူမချစ်ရသည့်အဖေနှင့်..အစေခံကျူးအော်အားတွေ့လိုက်ရလေသည်။


``ဟာ..သမီးလေး..သတိရလာပြီ..သမိးလေး..ဖေဖေ့..သမီးလေး..ဘာမှစိတ်မပူနဲ့တော့သမိး..သမီးလေးအဆိပ်..တွေအကုန်လုံးမရှိတော့ဘူး.ပျောက်သွားပြီ..ဝမ်းသာလိုက်တာသမီးရယ်...´´


ပြောပြောဆိုဆို..ကျင်းဝေ..သူ၏ချစ်ရပါသောသမိးလေးအားဖတ်ပြီးငိုလိုက်မိ၏။


နဘေးမှကျူးအော်မှာလည်း...ပျော်လွန်းလို့မျက်ရည်များပင်ကျနေသည်။


မျက်ရည် ဆိုသည်မှာ.ဝမ်းနည်း၍ပဲငိုငို၊ပျော်၍ပဲငိုငို...ဘယ်လောက်ငိုငိုကျစမြဲပင်မဟုတ်ပါလား..။


ခြူးခြူးလည်းသူ၏ဖခင်အားပြန်လည်တင်းကြပ်စွာဖတ်၍..ငိုနေမိပြီး...


``..အဖေ..ဟိုမျက်လုံးကိုအဝတ်စ..ပတ်ထားတဲ့သူကောဟင်..´´ 


 သူ၏အိမ်မက်လိုလိုတကယ်လိုလိုအဖြစ်အပျက်ကြောင့်.မေးမိလိုက်ခြင်းပင်ဖြစ်သည်။..


``ဟင်..´´


``တစ်ချိန်လုံးမေ့ပြီးအိပ်ပျော်နေတဲ့သမီးလေးက..ဘယ်လိုလို့ကယ်တင်ရှင်သခင်လေးကိုသိနေရတာလဲ..´´


  မျက်ရည်တွေရွှဲနေသည့်ကြားမှ..အံသြသောလေသံဖြင့်ကျင်းဝေပြန်လည်၍မေးလိုက်မိသည်။


ထိုအခါ...ခြူးခြူးမှ..သူမအိမ်မက်ထဲက..ဆေးလာတိုက်သောသူအကြောင်းပြောပြလိုက်မိ၏။


``အင်း..လောကကြီးကထူးဆန်းတိုက်ဆိုင်လွန်းပါပေတယ်သမီး...သမီးပြောတဲ့အိမ်မက်ထဲကကောင်လေးကပဲ..နန်းတွင်းသမားတော်ကြီးတွေတောင်ကု့မရတဲ့အဆိပ်ကို..သူကဖယ်ပေးပြီး..သမီးအသက်ကိုကယ်ပေးခဲ့တယ်...သူကအတော်ထူးဆန်းတဲ့လူငယ်ပဲသမီး...ရဲတိုက်ကြီးတစ်ခု့လုံးပေးမယ်ဆိုတာတောင်မယူပဲ..ငရဲမင်းအာဏာသိုင်းကျမ်းကို.သမီးအစားတောင်းပန်ပြီး..ရှောင်လင်ကျောင်းမှာပြန်ထားပေးမယ်ဆိုပြီး..တောင်းယူသွားလေရဲ့....´´


``သူအခု့ဘယ်မှာလဲဟင်ဖေဖေ...သမီးသူ့ကိုတွေ့ချင်တယ်...ဖေဖေ´´


``အင်း..သမီးမနိုးခင်ဒီမနက်ကပဲထွက်သွားလေရဲ့...သမီးလေးနိုးလာတာကိုစောင့်ပါဦးလို့ပြောတာကို..သူတစ်နေ့ဒီကိုပြန်ဝင်လာခဲ့မယ်..ပြောပြီးထွက်သွားတယ်..သမီး..´´


ကျင်းဝေ၏စကားကြောင့် ခြူးခြုးရင်ထဲဝမ်းနည်းသွားသလိုခံစားသွားရလေသည်။


*ရှင်ဘယ်သူလည်း.ဆိုတာ.ကျွန်မအရမ်းပဲသိချင်နေမိတယ်...*


``အဲ့တာဆို..သမီး..ခု့သူ့နောက်လိုက်သွားချင်တယ်..ဖေဖေ´´


``ဟာ.ဘယ်လိုလို့ဖြစ်မှာလည်းသမီးရယ်..ခု့မှသေမင်းနှုတ်ခမ်းဝက..ပြန်လာတဲ့သမီးက...ခရီးထွက်လို့ဘယ်ကောင်းပါ့မလဲ...ရဲတိုက်ထဲမှာပဲကျမ်းမာအောင်၃လေးရက်လောက်နေပါဦးသမီးရဲ့...ပြီးတော့သူကမျက်မမြင်လေ...အဲ့တာကြောင့်ဘယ်အချိန်လိုက်လိုက်မှီပါတယ်သမီးရဲ့...အရင်ဆုံးပိုကျမ်းမာအောင်အရင်နေသင့်တယ်..ငါ့သမီး...´´  


သမီးလေးအား...ပို၍ကျန်းမာစေချင်သောကြောင့်...သခင်လေးအားမျက်မမြင်ပါဟု့...လီဆယ်၍ပြောရလေတော့သည်။


နဘေးတွင်ရှိသော..ကျူးအော်ကမူ..ကျိကျွေ သိုင်းပညာမြင့်မားကြောင်း..မျက်မြင်ကိုယ်တွေ့မို့...သခင်ကြီးအားပြောပြရနိုးနိုး၊မပြောရနိုးနိုး...ဝေခွဲရခက်နေလေတော့သည်။


``အင်းပါ..အဲ့တာဆိုလည်း...ပိုကျမ်းမာအောင်နေပါတော့မယ်...သမီးကျန်းမာရေးကောင်းရင်တော့..သူ့နောက်လိုက်သွားပါရစေနော်..ဖေဖေ.´´


ကျင်းဝေသက်ပြင်းတစ်ချက်ရှိုက့့်ပြီး..ခေါင်းအသာအယာငြှိမ့်ကာ...


``ဒါပေါ့...သမီးလေးရယ်...ဒီထက်ပိုပြီး.ကျမ်းမာရေး..ပိုကောင်းတဲ့နေ့ရောက်ရင်..သမီးစိတ်ကြိုက်

သိုင်းလောကထဲသွားခွင့်ဖေဖေပေးမယ်...ဟုတ်ပြီလား..´´


``တကယ်လား..ဖေဖေ...ဟေး...ဒါမှဒို့ဖေဖေကွ...´´

ကျင်းဝေ၏စကားကြောင့်ခြူးခြူးတစ်ယောက်ကလေးကဲ့သ်ို့များစွာပျော်ရွှင်နေလေသည်။


သူ့ထက်ပိုပျော်ရွှင်သည့်သူကတော့...သခင်ကြီးကျင်ဝေကိုယ်တိုင်ပင်ဖြစ်သည်။


သူ၏စိတ်ထဲတွင်..သမီးလေးခြူးခြူးယခု့လိုနေ့ရက်တိုင်းပျော်ရွှင်နိုင်ပါစေ..ဟု့သာအမြဲဆု့တောင်းနေလျက်.......။

____________________________________________


▶▶▶▶▶▶အပိုင်း<၁၁>မျှော်◀◀◀◀◀◀


rate now: