"ရင်ဘတ်ပေါ်ကနှင်းဆီ "
မြို့ပြရဲ့ လမ်းမတွေပေါ်မှာ သူ့တို့ လှလှပပလေးတွေ လမ်းလျှောက်နေကြတယ်
မသိရင် ပြီးပြည့် စုံနေတဲ့လူတွေလိုပေါ့
အနည်းငယ်သောစုန်းပြူးအချို့ကလွဲပြီး
သူတို့အားလုံးဟာ
မိသားစုအတွက်၊ ချစ်ရသူအတွက်၊ ကိုယ့်ဘဝရှင်သန်ရေးအတွက်
အဆောင်ဆိုတဲ့ကျောတစ်ခင်းစာနေရာလေးမှာ ကြိုးစားရုန်းကန်နေခဲ့ကြရတယ်
" လူတိုင်းရဲ့ ရင်ဘတ်ပေါ်မှာ နှင်းဆီတစ်ပွင့် စီရှိကြတယ်
တစ်ချို့က
နှင်းဆီးရဲ့ မွှေးရနံ့ကြောင့် ဘ၀က မွှေးပျံ့ကြည်နူးဖွယ်အတိ
တစ်ချို့မှာ
နှင်းဆီကဆူးတွေပါလာတဲ့အခါ
ရင်ဘက်တစ်ခုလုံးသွေးစိမ်းရှင်ရှင် ထွက်လို့ပေါ့ "
" ရင်ဘတ်ပေါ်က နှင်းဆီ "
မိတ်ဆွေတို့ရဲ့ရင်ဘတ်ပေါ်က နှင်းဆီကရော
ဆူးတွေနဲ့လား?
ဆူးမပါတာလား♥️?
" ရင်ဘတ်ပေါ်က နှင်းဆီ "
ဧကြည်ဖြူ