သံသရာတစ်ကွေ့
_______________
၂)
မောင်ဇော် အားရဝမ်းသားနဲ့အလုပ်အသစ်ရလာပြီ ပိုက်ဆံပိုပေးကြောင်း ဝမ်းသာစကားပြောမည်ဟုတွေးထားသော်လည်း။အတွေးနှင့် လက်တွေ့ကကွားခြားသွားသည်။အဖေဆုံးပြီတဲ့။အိမ်အဝမှာကတည်းက လူတွေပြောသံကြားနေရတာကြောင့် ချက်ချင်းပင် ရိပ်မိလိုက်သည်။
``အမေ´´
``သား....နင့်အဖေဆုံးပြီ....´´
အမေက မောင်ဇော့်ကိုဖက်ပြီးငိုသည်။ညီမလေးကပါငိုသည်။မောင်ဇော်ပါ ရှိုက်ကြီးတငင်ငင်ဖြင့်ငိုချလိုက်သည်။ခဏကြာတော့ မောင်ဇော်မျက်ရည်သုတ်လိုက်ပြီး....
``အမေ...ဘယ်လိုဖြစ်တာလည်း´´
``မသိပါဘူးသားရယ် အမေ ညနေပိုင်းစျေးရောင်းဖို့ပြင်နေတုန်း နင့်အဖေက မောတယ်မောတယ် အသက်ရှုမရဘူးမရဘူးဆိုပြီးပြောတယ် အသံကလည်းသဲ့သဲ့လေးပဲကြားရတယ်သားရယ်....နင့်အဖေက အမေ့လက်ကိုကိုင်ထားပြီး သူတစ်ခုခုပြောမလို့ထင်တယ် ဒါပေမယ့်သူဘာမှမပြောလိုက်ခင်ပဲဆုံးသွားတယ်သားရယ်.. ´´
အမေက ငိုသံပါကြီးနဲ့ပြောသည်။သို့သော် ဘယ်တက်နိုင်မလည်း အနိစ္စသဘောတွေသာဖြစ်သည်ဟုသာ မောင်ဇော်လက်ခံလိုက်သည်။အခုချိန်မှာအဖေမရှိတော့ သားယောကျာ်းလေးအနေနဲ့ အဖေ့ရဲ့တာဝန်တွေလွှဲယူရတော့မည်။အဖေ့ရဲ့တစ်ချိန်ကအကျိုးဆက်တွေပေါ့လေ ပြီးခဲ့တဲ့လတွေကတည်းက အဖေ့ရောဂါကသိသာလာတယ်။ဆရာဝန်ကဆေးရုံသွားဟုပြောသော်လည်း မသွားပဲ ဆေးခန်းကပေးသည့်ဆေးနဲ့သာအသက်ဆက်သည်။မောင်ဇော်မှတ်မိသေးသည် အဖေက ညီမလေးမွေးပြီးနောက်ပိုင်းပြောင်းလဲသွားခြင်းပေ။အရင်ကမောင်ဇော်တို့မိသားစုမှာ အိမ်ခြံ တွေအများရှိခဲ့သည်။အဖေက နဲ့ အမေကနှစ်လုံးထီရောင်းရင်း ပိုက်ဆံများများစားစားနဲ့ကြီးပွါးလာတယ်လို့ရပေသည်။နောက်ပိုင်းအဖေက အပေါင်းသင်းမှားပြီး အရက်သမားဖြစ်လာခဲ့သည်။တစ်ညမှာ အမေ ဟင်းချက်နေစဥ် အဖေက မူးမူးနဲ့ရောက်လာပြီး..
``ဟဲ့ တင်နွယ် ငါ့ကိုထမင်းခူးပေးစမ်း...´´
``ရှင်...အရက်တွေသောက်လာတယ်..တစ်ခါမှလည်းမသောက်ဘူးပဲ ဘာကိစ္စနဲ့သောက်လာရတာလည်း´´
``ဘာကိစ္စနဲ့သောက်သောက်နင့်သောက်ပူလားကောင်မရဲ့´´
``ဘာ ရှင်ကျွန်မကို ဘယ်လိုခေါ်လိုက်တယ် ကောင်မဟုတ်လား...´´
``ဘာလဲ...မကျေနပ်လို့လား´´
``မကျေနပ်ဘူးဆိုရင်ရော..ဘာကဖြစ်ချင်လဲ´´
``ဟာ...မသာမ စကားရှည်လိုက်တာ..´´
အဖေကပြောပြောဆိုဆိုနှင့်အမေ့ကိုထရိုက်သည်။တိတ်ဆိတ်နေသောပတ်ဝန်ကျင်သည် အဖေနဲ့အမေ ရန်ပွဲကြောင့်ဆူညံသွားသည်။အိမ်ေ့ရှတွင်လည်းလူတွေကြည့်လို့၊လာကူမဆွဲပေ၊ညီမလေးကငိုနေသည်။မောင်ဇော်အမေ့ကိုဝင်ဆွဲသည် မရပေ။နောက်ဆုံးတော့ရာအိမ်မှုးရောက်လာပြီးတော့မှ အဖေနဲ့အမေရန်ပွဲအဆုံးသတ်သည်။နောက်ပိုင်းအဖေကနေ့တိုင်းသောက်သည်။ဖဲရိုက်သည်။ကေတီဗွီ မာဆတ်သွားသည်။အဆိုးဆုံးမှာကား အိမ် ခြံတွေရဲ့ဂရန်တွေပေါင်းစားလို့ နောက်ဆုံးမရွေးနိုင်လို့ အိမ်တွေခြံတွေဆုံးလို့ အိမ်ငှါးဘဝရောက်ခဲ့လေပြီ။အမေ့ရဲ့နှလုံးထီရောင်းတဲ့စီးပွါးရေးလည်း ရဲဝင်ဖမ်းတာကုန်လေရော အမေပါအချုပ်ထဲရောက်သွားသည်။ထိုညကလည်းအဖေလည်းပြန်မလာ တစ်ညလုံးအိပ်မရခဲ့ပေ။ကံကောင်းချင်တော့ အမေ့သူငယ်ချင်းမမိုးက အာမခံနဲ့ထုတ်ခဲ့သည်။အဖေကတော့ အဲ့အချိန်ကစလို့ မသေခင်ထိ ပန်းရံအလုပ်လုပ်ရင်း မသေခင် သုံးလလောက်ထိ အရက်ကိုစွဲမြဲကာသောက်လေတော့သည်။အမေကလည်း ထိုအချိန်ကစပြီးထမင်းဟင်းရောင်းစားကာ စားဝတ်နေရေးအတွက်ရုန်းကန်ရလေတော့သည်။မောင်ဇော်လည်း ပြီးခဲ့သောအတိတ်များအကြောင်းစဥ်းစားကာ ပါးပြင်ထက်ပေါ်သို့မျက်ရည်များစီးကြလာသည်။အမေကကျလာသောမျက်ရည်တွေကို သုတ်ပေးလေသည်။
_________
____________
အဖေ့အသုဘကိစ္စတွေပြီးသည်အထိ ကျောင်းကိုလည်းခွင့်တိုင်ထားလိုက်သည်။ရက်လည်နေ့ရောက်တော့ သိန်းနိုင်ပါရောက်လာသည်။
``ဇော်ညီ ငါလည်းကျောင်းရောက်တော့ မင်းခွင့်တိုင်ထားတယ်ဆိုတော့မှ ငါလည်းအကြောင်းစုံသိရတာ...ငါ့အဖေကိုလည်းငါပြောပြီးပါပြီ´´
``အေး..ရပါတယ်ကွာ..ခုလိုလာပေးတာကိုပဲကျေးဇူးတင်ပါတယ်...ဒါနဲ့မင်းကငါ့အိမ်ဘယ်လိုသိလည်း´´
``ဒီလိုပဲပေါ့ စုံစမ်းလာရတာပေါ့´´
သိန်းနိုင်လည်း အသုဘကူငွေထည့်ကာပြန်သွားသည်။ကျောင်းတက်ရဦးမှာကြောင့် သိပ်အကြာကြီးမနေခြင်းပေ။မောင်ဇော့် အတွက်သိန်းနိုင်ကတစ်ဦးတည်းသောသူငယ်ချင်းပေ။သို့သော် သူနှင့်တရင်းတနှီးစကားမပြောရသေးချေ။နေ့ခင်းပိုင်း ကျတော့ ရက်လည်ပြီးတာကြောင့် ရက်လည်အတွက်ငှါးထားသည့်ပစ္စည်းများကိုပြန်ပို့ဖို့စီစဥ်လိုက်သည်။အမိုးများဖျက်သည်။အမေနဲ့ညီမလေးက ကူငွေတွေကိုရေနေသည်။
``အမေကူငွေဘယ်လောက်ရလည်း´´
``အေးသားရယ် ၁သိန်းနီးပါးရတယ်´´
``ပစ္စည်းဖိုးကာမိရင်ရပါပြီ အမေ´´
``အင်း တော်သေးတာပေါ့´´
``အင်း...အမေ ...ညီမလေးဝတ်လွှာ´´
``ရှင်,ကိုကြီး´´
``အေး မနက်ဖြန် ကျောင်းသွားရမယ်နော်..´´
``ဟုတ် ကိုကို...´´
ငှါးထားသည့်ပစ္စည်းတို့ကိုပြန်အပ်ပြီးအိမ်ပြန်လာခဲ့သည်။အိမ်ပြန်ရောက်တော့မောင်ဇော် အခန်းထဲဝင်ကာ အိပ်ယာထပ်ပေါ်ခေတ္တလှဲနေစဥ်...အခန်းထဲသို့ဝင်လာသူမှာအဖေဖြစ်သည်။
``အဖေ´´
``သား´´
``အဖေရယ် ဘယ်တွေသွားနေတာလည်း သားတို့မှာအဖေ့ကိုသတိရလို့ ငိုနေရတာလည်း ညပေါင်းမနည်းဘူး အဖေရာ...´´
------------
ဆက်ရန်ရှိသည်။