အပိုင်း ၁က တင်တဲ့နေရာမှားသွားလို့ ဒီအောက်မှာပဲဖတ်ပေးပြပါဗျ။
သံသရာတစ်ကွေ့......
--------------
- (၁)
မောင်ဇော်ညီတစ်ယောက် ကျောင်းဆင်းဘဲလ်သံမြည်လိုက်သည်နှင့် တပြိုင်တည်းကျောင်းဝင်းကနေ ဈေးထဲကိုအသည်းသန်ပြေးလေသည်။အကြောင်းမှာမှု သူ၏ကျောင်းစရိတ်အတွက် ကျောင်းတက်ရင်းကုန်စုံဆိုင်မှာ အလုပ်ဝင်လုပ်နေရခြင်းကြောင့်ပင် ။သူ၏ အိမ်စီးပွါးရေးကမပြေလည်ပေ အဖေက ပန်းရံလုပ်သည် အမေက ထမင်းဆိုင်ဖွင့်ထားသည်။သို့သော်အဖေက ခုဆိုလျှင် အဆုပ်ကလည်းမကောင်း အသည်းကလည်း မကောင်းတာကြောင့် အိပ်ယာထဲလဲနေတာ တစ်လလောက်ရှိပြီ။အမေ့ ရဲ့ထမင်းဆိုင်လေးကြောင့်သာ လျှင်ထမင်းမငတ်ပေ။ညီမလေး ဝတ်လွှာ ရဲ့ကျောင်းစရိတ်ကလည်း အမေ့ရဲ့ ထမင်းဆိုင်ထဲကဝင်ငွေနဲ့ပဲဆိုတော့ မောင်ဇော်လည်း အိမ်ကိုအပူမကပ်တော့ပဲ ကိုယ့်ကျောင်းစရိတ်ကိုယ်ရှာရတော့သည်။
``ဉီးမောင် ကျွန်တော်ရောက်ပါပြီ ''
``အေး..ရောက်လာတာ အတော်ပဲကွ ..အပြင်ကဆန်အိတ်တွေ စတိုထဲထည့်လိုက်ကွာ"
``ဟုတ်...´´
မောင်ဇော်သက်ပြင်းလေးချလိုက်သည်။ပြီးတော့ လွယ်အိတ်လေးနဲ့ လက်ထဲကထမင်းချိုင့်လေးကို ချခဲ့ပြီး ဆန်အိတ်တွေကိုသယ်လိုက်သည်။ဆန်အိတ်ကလည်း မနည်းပေ မောင်ဇော်က ပိန်သည် အလွန်အပိန်ချည်းတော့မဟုတ်ပေ။သူ ဆန်အိတ်တစ်အိတ်ကို ထမ်းတိုင်း သူ့ခန္တာကိုယ်လေး ကိုင်းကျကျသွားသည်။သို့သော်လည်း သူမနိုင်နိုင်အောင်မရလေသည်။ဘယ်တက်နိုင်မည်လည်း လောကဓံဟုသာ မောင်ဇော်သတ်မှတ်ထားလေသည်။ဤဆိုင်ကလည်း အလုပ်သမားက မောင်ဇော်ရယ် သက်မာဆိုတဲ့အကူကောင်မလေးရယ် ဉီးမောင်ရယ်ပဲရှိတာ တစ်ခါတလေမှသာ ဉီးမောင်မိန်းမလာထိုင်လေ့ရှိတာ။ ဉီးမောင်ရဲ့ မိန်းမက ဉီးမောင်လိုမဟုတ် အလွန်အပေါက်နံသော ဇီဇာကြောင်သောမိန်းမကြီးသာ၊သို့သော်ငြားလည်း ဉီးမောင်ကတော့ ထိုမိန်းမကြီးကို အလွန်ချစ်ကြောက်ရရှာလေသည်။
ညလည်းမိုးချုပ်၉နာရီလည်းထိုးတော့ ဆိုင်သိမ်းပြီး မောင်ဇော်အိမ်ကိုခပ်သုပ်သုပ်ပြန်လေသည်။မောင်ဇော်ခွေးလည်းကြောက် သရဲကလည်းကြောက်တက်သေးသည်။အိမ်နဲ့ ဈေးက မိနစ်၂၀လောက်လမ်းလျှောက်ရသည်။ပါးစပ်ကလည်း ဘုရားစာတွေပလုံစီအောင် ရွတ်နေသည်။သူရဲ့ခြေလှမ်းခပ်သုပ်သုပ်ကြောင့်ပင် အိမ်ကိုအမြန်ပြန်ရောက်ခဲ့လေပြီ။
အိမ်ပြန်ရောက်တော့ ညီမလေးကအိပ်နေပြီ အဖေကလည်းအိပ်နေပြီ အမေကနောက်ဖေးမှာ အိုးတွေခွက်တွေဆေးလို့ မောင်ဇော်ပြန်ရောက်လာတာတောင်သိပုံမရပေ။
``အမေ''
မောင်ဇော်ခေါ်သံကြောင့် အမေ မောင်ဇော်ရှိရာဘက်ကိုလှည့်ကြည့်လိုက်သည်။
``သားလေး..ပြန်ရောက်ပြီလား...ဗိုက်ဆာနေရောပေါ့...ပင်ပန်းရောပေါ့သားရယ်..ရေလေးအရင်သောက်လိုက်နော် ငါ့သားလေးရယ် မလုပ်နိုင်ရင်လည်း အလုပ်တွေကိုမလုပ်ပါနဲ့ သားရယ် စာကိုကြိုးစားပါသားရယ်...အမေတစ်ယောက်လုံးရှိပါတယ်..သားရယ်"
``ဟုတ်အမေ...လုပ်နိုင်ပါတယ်အမေရဲ့"
မောင်ဇော်တစ်ယောက် အမေ့ရဲ့နောက်ကျောပြင်လေးကိုငေးရင်း ပြုံးနေရှာသည်။ဘာကြောင့်လဲဆိုတော့ သူ့အမေရဲ့ ဂရုဏာသံပါတဲ့ မေတ္တာစကားလေးကြောင့် မောပန်း ပင်ပန်းသမျှတွေတောင် ဘယ်ရောက်လို့ဘယ်ပေါက်သွားကြမှန်းကို ပျောက်သွားတာကြောင့်ပင်။
--------
_________
``မောင်ဇော်ညီ...."
``ဗျာ..ဆရာမ"
"နင်...အိပ်ငိုက်နေတာလား"
``မဟုတ်ပါဘူး..ဆရာမ´´
``ဒါဆို....ငါရှင်းပြသွားတဲ့ ဒီသချင်ာပုစ္ဆာကို ပြန်တွက်ပြစမ်း..."
``ဟုတ်...ဟုတ်ဆရာမ´´
``လာ..လာ ကျောက်သင်ပုန်းမှာ မြေဖြူယူပြီး လာတွက်ပြ''
မော်ဇော် ကျောက်သင်ပုန်းရှိရာကို ထွက်သွားကာ ဆရာမလက်ထဲမှမြေဖြူလေးယူကာ ကျောက်သင်ပုန်းပေါ်က ဆရာမရေးထားသော ပုစ္ဆာကို သေချာစွာဖတ်ကြည့်လိုက်သည်။အမှန်တော့ မောင်ဇော်နားမလည်ပေ တွက်လည်းမတွက်တက်ပေ။သချင်ာညံ့သည်ဟု ပြောလို့ရသည်။ တကယ်လည်းညံ့သည်။
``မောင်ဇော်ညီ ခုထိပုစ္ဆာကို ဖတ်လို့မပြီးသေးဘူးလား´´
``ဗျာ...ဟုတ်ဟုတ် ဆရာမ´ ပြီးပါပြီ´´
``ဒါဆို တွက်လေ ဘာလုပ်နေတာလည်း´´
``ကျွန်တော်မတွက်တက်ဘူးဆရာမ´´
``ကဲ..ဒါပဲလေ ကျူရှင်လာတက်ဆိုတော့လည်းလာမတက်...ခု..ငါ့အချိန်မှာနင်အိပ်ငိုက်တဲ့အတွက် ပြစ်ဒဏ်အနေနဲ့ အတန်းအပြင်မှာ မတ်တပ်ရပ်နေ..ငါ့အချိန်မပြီးမချင်း...''
``ဟုတ်..ကဲ့..ဆရာမ´´
မောင်ဇော်အတန်းထဲမှထွက်သွားပြီး အတန်းအပြင်ဘက်တံခါးဘေးမှာမတ်တပ်လေးရပ်နေသည်။ဖြတ်သွားဖြတ်လာအခြားအခန်းမှ ကျောင်းသားကျောင်းသူများကကြည့်သွားကြကာ လှောင်ရယ်ပျက်ရယ်လုပ်သွားကြသည်ကိုပင် မောင်ဇော်မကျေနပ် သို့သော်သူက ရန်မပြုလိုပေ ရန်ဖြစ်ရမှာ စကားများရမှာကိုအလွန်ပင်ကြောက်ရွှံ့သည်။အခန်းထဲမဆရာမစကားပြောသံကိုကြားနေရသည်။ဆရာမပြောနေသောစကားမှာကား.....
``သြော်....မင်းတို့တတွေ ဆရာမဆီမှာပေါ့ ကျူရှင်လာတက်နေတဲ့ သားတို့သမီးတို့အနေနဲ့ ဒီလကုန်ကျရင်ကျူရှင်နေရာပြောင်းရမှာမို့ကျူရှင်လခ သုံးထောင်လောက်တက်မယ်နော်´´
``ဟုတ်ကဲ့ပါဆရာမ´´
``ဆရာမတို့အခု ငှါးလိုက်တဲ့ကျူရှင်နေရာအခန်းက ပိုလည်းကျယ်တော့ နည်းနည်းပိုပေးရလို့ပါ..´´
ဆရာမ၏လေသံသည် ပျော့ပျောင်းနေသည်။
ဆရာမနှင့်အတူအခြားကျောင်းက သူမ၏သူငယ်ချင်း ဆရာ/မ များနဲ့အတူစပ်ဖွင့်ထားသောကျူရှင်ပင်ဖြစ်သည်။သူမ၏ကျူရှင်မှာလာတက်သော ကျောင်းသား/သူများကိုပိုမိုအရေးပေးသည်။ထိုအထဲမှာ မောင်ဇော်အပါဝင် သူ၏မတော်ရသေးသောသူငယ်ချင်း သိန်းနိုင်ပါပါသည်။ထို့အတူ မိန်းကလေးဘက်မှ အေးအေးအောင်ဆိုသော ကောင်မလေးပါပါသည်။သူတို့ကဘဝတူဟုပြောလို့ရသည်။
``ပဉ္စဂုဏံ အဟံဝရါမိ အာစရိယ ဂုဏံအဟံဝရါမိ မင်္ဂလာပါဆရာမ"
အတန်းထဲမှကျောင်းသူ/သားများမှထိုဆရာမအချိန်ပြီး၍ နှုတ်ဆက်နေကြသည်။ဆရာမသည် အတန်းထဲမှထွက်လာပြီး အတန်းဝသို့ရောက်သောအခါ မတ်တပ်ရပ်နေသောမောင်ဇော်ကိုမျက်စောင်းထိုးကာ အတန်းဘီ ဘက်သို့ ထွက်သွားလေသည်။
မောင်ဇော်လည်း ဆရာမလည်းထွက်သွားသည်နှင့် အတန်းထဲသို့ပြန်ဝင်ခဲ့လေသည်။အတန်းထဲသို့ရောက်သောအခါ ဆရာမသင်သွားသော တွက်ပြသွားသော သင်္ချာပုစ္ဆာတို့ကို အတန်းဖော်များထံအကူညီတောင်းယူ ကာကူးယူရန် စာအုပ်လိုက်လံငှါးယူလေသည်။
``ဇေလင်းချို ငါ့ကိုစာအုပ်လေးငှါးပါကွာ..´´
``မငှါးဘူးကွာ...´´
``ပြည့်ဖြိုးအောင်. ...´´
``ဘာမှလာမပြောနဲ့ မငှါးနိုင်ဘူး´´
ယောကျာ်းလေး လေးငါးယောက်ဆီကအကူညီတောင်းကြည့်သော်လည်း မငှါးကြတဲ့သူချည်းမို့ မိန်းကလေးတွေဘက်ကို ဉီးလှည့်ရပြန်သည်။
``အိမွန်ကျော် ငါ့ကိုစာအုပ်လေးငှါးပါလား ငါဘာမှ မကူလိုက်ရဘူး''
``အယ် ရှုပ်ရှုပ်ယှက်ယှက်မငှါးနိုင်ပါဘူး''
ထိုသို့ဖြင့် နောက် လေးငါးယောက်ကိုထပ်ငှါးသည် အရေးမလုပ်ကြပေ။မောင်ဇော်လည်း ထပ်ကာ အောက်ကျခံပြီးလိုက်လံငှါးယူမကူးချင်တော့တာကြောင့်ကိုယ့်နေရာကိုသာ ပြန်ကာထိုင်လိုက်လိုက်ဆလသည်။ထိုစဉ် နောက်တစ်ဘာသာသင်မည့်ဆရာမရောက်လာသည်။အားလုံးကအံသြနေကြသည်။အံသြနေသည်မှာကား ယခုဝင်လာသောဆရာမကို တစ်ခါမမြင်ဘူးသောကြောင့်ပင်။ဆရာမကားသက်တူရွယ်တူလောက်ပင်ဟုထင်ရကာချောမောလှပ၏ဟုဆိုလို့ရသည်။ဤကျောင်းမှာစာသင်လာတာ ၂နှစ်ရှိပြီ ယခုကဲ့သို့ဆရာမငယ်ငယ်ချောချောလေးကိုတစ်ခါမျှမမြင်ဘူးပေ။အားလုံးကဆရာမကိုငေးကြည့်နေကြသည်။ထိုစဉ် ဆရာမက
``အဟမ်း´´
အဲ့တော့မှမော်နီတာ မြင့်မောင်က ဉီးစွားမတ်တပ်ရပ်လိုက်ပြီး နှုတ်ဆက်ကြဖို့ပြောလို့သည်။
``မင်္ဂလာပါ ဆရာမ´´
``မင်္ဂလာပါ ကွယ်..ထိုင်ကြပါ´´
``ကျေးဇူးပါ ဆရာမ´´
``ဆရာမက အလယ်တန်းပြဆရာမအနေနဲ့ ဒီကျောင်းကို တစ်ပတ် Trainတဲ့အနေနဲ့ ဆရာမတက်နေတဲ့ ပညာရေးတက္ကသိုလ်ကနေ ဒီမှာ တာဝန်ပေးလိုက်တာပါ..ဆရာမက မင်းတို့ ဆသတ္တမအတန်းနဲ့အတူ သတ္တမအတန်းကိုပါ မြန်မာစာသင်ပေးရမှာပါ...´´
``ဟုတ်ကဲ့ပါ ဆရာမ´´
``ဟုတ်ပြီ ဒါနဲ့မင်းတို့ကိုပြောရမယ် ဆရာမအသက် ၂၁နှစ် မင်းတို့ကတော့ ငါ့ကိုရွယ်တူလို့ထင်ကောင်းထင်နေမယ်...ဆရာမကမင်းတို့ထက်ပဲအနည်းငယ်ကြီးကြီး..ဆရာမကို ဆရာမလိုရိုသေကြပါလေးစားကြပါ ဆရာမမှမဟုတ်ဘူး အခြားဆရာ ဆရာမတွေကောပါတယ် ကြားကြလား ...´´
``ဟုတ်ကဲ့ပါဆရာမ...´´
``ကောင်းပြီ စာသင်မယ်´´
အားလုံးက ဆရာမလေးစာသင်နေဆီအာရုံးစူးစိုက်ကြသည်။ဆရာမလေးသည်လည်း နှစ်လိုဖွယ်အသံရှိသည်။လက်ရေးသည်လည်း ဝိုင်းနေပြီးလှပသေသပ်သည်။ယခုတစ်ချိန် ဆရာမလေးစာသင်ပေးနေသည်ကို ပင်မောင်ဇော် တက်ကြွစွာသင်ယူနေသည်။
___________
___________
ကျောင်းဆင်းတော့ မောင်ဇော်ညီ ခါတိုင်းကဲ့သို့ပင် ဆိုင်ဘက်ကိုဉီးတည်ထွက်လာသည်။ထိုစဉ်နောက်မှ...
``ဟဲ့ရောင် ဇော်ညီ....ဇော်ညီ.....´´
``အင်..ဘာလဲ´´
``ငါက သိန်း...နိုင် သိန်းနိုင်ပါ´´
``ဖြည်းဖြည်းပြောပါဟ´´
``မင်းနောက်ကို ပြေးလိုက်ရတာ မောတယ်ဟ´´
``ဘာလို့ပြေလိုက်ရတာလည်း မင်းက´´
``ဟာ ဇော်ညီ မင်းကငါ့ကိုမသိဘူးလား´´
``မသိဘူးလေ..မင်းကငါ့ကိုသိလို့လား´´
``ဟ သိတာပေါ့ တစ်ခန်းထဲသားချင်း နေတာလည်း နှစ်ဝက်ကျိုးပြီ မသိပဲနေမလား´´
``ဟင်..ဟုတ်လား...´´
မောင်ဇော်အံသြသွားသည်။ကျောင်းနေလာတာ နှစ်ဝက်ကျိုးပြီ အခန်းထဲမှာ သူတို့ကိုသတိမထားမိ၊အပေါင်းသင်းလည်းမရှိပေ။
``sorry ပါကွာ ငါသတိမထားမိလို့ပါ´´
``ထားပါတော့ ဒီအတန်းထဲနေလာတာကြာလှပြီ မင်းငါ့ကိုမသိဘူးဆိုတော့ တကယ်အံသြမိတယ်´´
``ဒါနဲ့ ဘာကိစ္စရှိလို့လည်း´´
``ဘာကိစ္စရမှာတုန်း...မင်းအတန်းထဲမှာတုန်း စာအုပ်လိုက်ငှါးနေလို့လေ´´
``သြော်..အင်း´´
``ငါ ငှါးမယ်..ဒါပေမယ့် ငါ အိမ်မှာလိုက်ကူး...ငါလည်းတွက်စရာတွေရှိသေးတယ်´´
``မဖြစ်ဘူးဟ..´´
``ဘာလို့လဲ´´
``ငါက အလုပ်ဝင်ရဉီးမယ်´´
``ဘာ မင်းကအလုပ်လုပ်တယ်လား´´
``အင်း...အိမ်မှာသိပ်အဆင်မပြေလို့လေ´´
``တစ်နေ့ဘယ်လောက်ရလည်း´´
``ငါးရာ..´´
``ဘာ ဘယ်ဆိုင်မှာလုပ်တာလည်း´´
``ဈေးထဲက ကိုထွန်းရီ ကုန်စုံဆိုင်မှာ´´
``ဘယ်အချိန်ထိလဲ´´
``ည ကိုးနာရီထိ´´
``ဟာကွာ....မင်းညဘက်ဘယ်လိုစာလုပ်မလည်း´´
``ဒီလိုပါပဲ´´
``ဒီလိုလုပ်....ငါအိမ်ကိုလိုက်ခဲ့´´
``ဘာလုပ်ဖို့တုန်း...အလုပ်ဝင်ရဉီးမယ်လေ´´
``မသွားနဲ့ ဒီနေ့ငါးရာ ငါပေးမယ်´´
``တကယ်နော်´´
``တကယ်ပေါ့ဟ´´
``အေးပြီးရော...ဒါနဲ့ဘာလို့ငါ့ကိုအတင်းခေါ်နေရတာလဲ..´´
``ငါတို့ ကဥယဉ်ခြံလုပ်တယ် အဖေနဲ့ငါနဲ့ပေါ့ အမေနဲ့ငါ့ညီမက ဈေးရောင်းတယ်..အခုငါတို့ခြံထဲမှာ ဝိုင်းကူလုပ်ပေးဖို့လူရှာနေတာ အခုတော့ရပြီလေ´´
``ဘယ်သူလဲ´´
``မင်းလေ´´
``ဟင်...´´
``အေး..ဟုတ်တယ်ငါ့အဖေကိုပြောကြည့်မယ်´´
``တကယ်လား´´
``အေးပေါ့ဟ´´
``အေးကွာ...ကျေးဇူးတင်လိုက်တာကွာ´´
ပြောပြောဆိုဆိုနှင့်သိန်းနိုင်ကိုဖက်လိုက်သည်။သိန်းနိုင်လည်းပျော်နေသည်။သူတို့စကားပြောပြောဆိုဆိုနှင့်လျှောက်လာကြကာသိန်းနိုင်အိမ်ကိုပင်ရောက်သွားကြသည်။ခြံက ကျယ်သည် အိမ်က ပျဉ်ထောင်အိမ်ဖြစ်သည်။ခြံထဲတွင် ကျွဲကောပင်များစွာရှိသည် အိမ်ေ့ရှတွင်စက်ရေတွင်းအကြီးကြီးရှိသည်။အိမ်လေးကသာယာလှပသည်။မောင်ဇော်ငေးနေစဥ် သိန်းနိုင်နှင့်သူ့အဖေရောက်လာသည်။သူ့အဖေကစကားစမြည်းပြောသည်။
``သားနာမည်က ဘယ်သူလည်း´´
``မောင်ဇော်ညီလို့ခေါ်ပါတယ််...အသိတွေကတော့ မောင်ဇော်လို့ခေါ်ကြပါတယ်´´
``တစ်ချို့အကြောင်းရာတွေကိုတော့ ဦးလေးသားက ပြောပြထားတယ်´´
``ဟုတ်ကဲ့´´
``သားကျောင်းဆင်းချိန်တိုင်းဒီမှာလာအလုပ်လုပ်ပေါ့ တစ်ညနေကို ခုနှစ်ရာပေးမယ်။၆နာရီထိပါပဲ ..ဘယ်လိုသဘောရလဲ´´
``လုပ်မှာပေါ့ ဦးရ´´
``အေးပေါ့ မင်းတို့သူငယ်ချင်းတွေလည်းစာကျက်ဖော်ရတာပေါ့´´
``ဟုတ် ကျေးဇူးပါဦးရယ် တကယ်ကျေးဇူးတင်ပါတယ် ´´
``ရပါတယ်ကွာ...ဒီနေ့တော့ဦးသားနဲ့စာလုပ်ပြီးပြန်လိုက်တော့ နောက်နေ့မှစအလုပ်လုပ်တာပေါ့ကွာ´´
``ဟုတ်´´
မောင်ဇော်လည်းသိန်းနိုင်နှင့်စာတွေကူးယူတွက်ချက်ပြီးတာနှင့်အိမ်ကိုပြန်ခဲ့လိုက်သည်။သို့သော် အိမ်အဝသို့ရောက်သော် မြင်လိုက်ရသည့်မြင်ကွင်ကား.ရင်ထဲတွင်ဆို့နင့်စေလေ၏အကြောင်းကားမောင်ဇော်အဖေဆုံးလေပြီ။
ဆက်ရန်ရှိသည်။