အဆောင်သခင် သိုင်းဘုရင်
အပိုင်း …၉ …လင်းဟောင်
လင်းတုန် လင်ရှန်း၏ ခန္ဓာကိုယ်ကို ထိန်းညှိပေးလိုက်သောလူကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားလေသည်။အကြောက်အလန့်ကင်းပြီး ချောမောသောလူငယ်တစ်ယောက်က လင်းရှန်း၏နောက်တွင် ရပ်နေပြီး သူ၏မျက်လုံးများက အေးစက်နေပေသည်။
ထိုလူကလင်းမိသားစု၏သာမာန်မိသားစုဝင်မဟုတ်သော လင်းဟောင်ဖြစ်ပေသည်။သူကအသက်၁၅နှစ်၁၆နှစ်လောက်ရှိပြီး ခန္ဓာကိုယ်ကျင့်ကြံခြင်းအဆင့်၅ကိုရောက်ရှိနေတာအတော်ကြာပြီဖြစ်ကာ နောက်တစ်ဆင့်တက်ရန် ခြေတစ်လှမ်းသာလိုတော့သူဖြစ်ပေသည်။လင်းမိသားစု၏လူငယ်မျိူးဆက်တွင် ထိပ်ဆုံးသုံးယောက်ထဲဝင်သူဖြစ်ပေသည်။
"" အစ်ကို"
သူများတစ်ကာကိုဗိုလ်ကျတက်တဲ့လင်းရှန်းကသူ့အစ်ကိုရှေ့တွင်နှုးညံ့သောသိုးလေးတစ်ကောင်လိုပြုမူနေပေသည်။
" ဒီလိုကျွမ်းကျင်မှုအဆင့်နဲ့ကိုယ့်ကိုယ်ကိုအရှက်ရအောင်လုပ်မယ့်အစားမင်းသွားလေ့ကျင့်နေသင့်တယ်"
လင်းဟောင်ကလင်းရှန်းအားကိုင်ထားသည်ကိုလွှတ်လိုက်ရင်းပြောလိုက်၏။
" ဒါကကျွန်တော်ဂရုမစိုက်မိလို့ဖြစ်တာပါ နောက်တစ်ခါဆိုရင် မဖြစ်စေရပါဘူး "
လင်းဟောင်းပြောတာကိုရှက်သွားပုံရတဲ့လင်းရှန်းကပြန်ပြောလိုက်သည်။
" ဖောက်ထွင်းလက်သီးပဲ့တင်သံလေးသံ၊ဒါကိုမင်းဘယ်လိုမှခံနိုင်မှာမဟုတ်ဘူး"
ထို့နောက်လင်ဟောင်ကလင်းတုန်ကိုကြည့်ကာ ပြောလိုက်သည်…
"ညီလေးလင်းတုန်….မင်းဒါကိုအချိန်အတော်ကြာကြာဖုံးကွယ်တားတာထင်တယ် "
ဖောက်ထွင်းလက်သီးကအတော်ခက်ခဲတာကိုလင်ဟောင်သိပေသည်။ဘယ်လိုပင်ဖြစ်ပါစေ ပဲ့တင်သံလေးသံရဖိုဆိုသည်ကလအတော်များများအချိန်ယူလေ့ကျင့်ရခြင်းဖြစ်သည်။ယခုအဖြစ်အပျက်မတိုင်ခင်ကလည်းလင်းတုန်သိုင်းပညာသင်တယ်လို့သူမကြားခဲ့ပေ။
" လင်းဟောင်းအစ်ကိုရဲ့ ဂရုစိုက်မှုကိုရတာဂုဏ်ယူပါတယ်"
လင်းတုန်ကပြုံးကာပြောလိုက်၏။သူတို့အဖေတွေ၏ရန်ငြိုးတွေကြောင့်လင်းဟောင်းနဲ့သူညီက လင်းတုန်နှင့်မတည့်ပေ။လင်းတုန်ကလည်းသူတို့နှစ်ယောက်အပေါ်တွင်ရန်ငြိုးတွေရှိနေပေသည်။
လင်းဟောင်က ချိုသာပြီးကြင်နာတက်ပုံပေါ်သော်လည်းလင်းရှန်းထက်ပိုပြီးမကောင်းဆိုးဝါးဆန်ပေသည်။အဘယ်ကြောင့်ဆိုသော် လင်းရှန်းမျိုးဆက်သစ်တွေကြားတွင်အနိုင်အထက်လုပ်ရသလဲဆိုတာသူ့အဖေကြောင့်တင်မဟုတ်ပေ…သြဇာအာဏာအတော်အသင့်ရှိသောလင်းဟောင်ကြောင့်လည်းပါပေသည်။
ပိုပြီးအရေကြီးတာကလင်းဟောင်းကလွန်ခဲ့တဲ့တစ်နှစ်လောက်ကလင်းရှောင်ဆီလာပြီးချင်တန်နဲ့စေ့စပ်ဖို့ပြောခဲ့ပေသည်။ကံကောင်စွာနဲ့ပဲလင်းရှောင်ကငြင်းဆိုခဲ့ပေသည်။ထိုအဖြစ်အပျက်ကနှစ်ဖက်စလုံးကိုပိုရန်လိုလာစေပေသည်။
" ကိုကြီး လင်းတုန် သွားကြရအောင်"
ချင်းတန်လင်တုန်းကိုတို့ပြီးတီးတိုးပြောလိုက်၏။လင်းတုန်ကလင်းရှန်းကိုအလဲထိုးမယ်လို့သူမမျှော်လင့်ထားပေ။လင်းဟောင်းကလင်းရှန်းးထက်အအဆများစွာသိုင်းပညာထူးချွန်ပါတယ်။လင်းတုန်ဘယ်လိုမှမတက်နိုင်တဲ့သူဖြစ်ပေသည်။
" ဟားဟား ချင်တန်ငါတို့မတွေဖြစ်တာတောင်ကြာပြီနော်"
လင်းဟောင်းကချင်တန်ကို အရောင်လက်နေတဲ့မျက်လုံးတွေနဲ့ကြည့်ပြောလိုက်သည်။ချင်တန်ဟာငယ်ရွယ်သေးသော်လည်း့သူမ၏အလှဟာအလှဆုံးသူတွေနဲ့နှိုင်းယှဉ်လို့ရပေသည်။ချင်ယွမ်မြို့၏လူငယ်တွေကြားတွင်သူ့မကိုကြိတ်သဘောကျနေတဲ့သူတွေအများကြီးရှိပေသည်။
" လင်းရှန်းးကစိတ်လိုက်မာန်ပါလုပ်တက်တဲ့ကောင်ဘဲ။တကယ်လို့ဆေးဝါးတွေလိုချင်ရင်ငါ့ဆီမှာယူလို့ရတယ်။နေကြက်သွေးမြက်လို့အဆင့်တစ်ဆေးဝါးဆိုတာကအရည်အသွေးနည်းနည်းနိမ့်တယ်.."
လင်းဟောင်း၏စကားကိုကြားတော့ချင်းတန်မျက်မှောင်ကြုတ်သွား၏။သူတစ်ပါး၏အရှိန်အဝါကိုမှီခိုတာမျိုးသူမလုပ်မှာမဟုတ်ပါပေ။ထို့ကြောင့်သူမစကားပြန်မပြောပေ။
" အစ်ကိုကြီးလင်းဟောင်ရဲ့စေတနာကိုကျေးဇူးတင်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကကိုယ့်အားကိုယ်ကို ကိုးပြီးရတာကိုပဲလိုချင်တာပါ"
ဘာပြသနာမှမဖြစ်ပဲဆုတ်သွားဖို့လင်းတုန်မျှော်လင့်ပေသည်။ဆန်းကြယ်အဆောင်လက်ဖွဲ့အကူအညီနဲ့ဆိုလင်းဟောင်းကိုအချိန်အနည်းငယ်အတွင်းသူယှဉ်နိုင်လာပေမည်။
" ညီလေး လင်းတုန်က သူ့အဖေလိုခေါင်းမာတာပဲ"
လင်ဟောင်ကပြုံးပြီးပြောသော်လည်း့သူ့၏အသံထဲတွင်လှောင်ပြောင်နေဟန်ပါမှန်းအကုန်သိပေသည်။
ထိုစကားကြားသောအခါ လင်းတုန်မျက်လုံးထဲဒေါသရိပ်တွေစွန်းသွားပေသည်။
" ဒီနေကြက်သွေးမြက်ကချင်းတန်ရလာတာပဲပြန်ယူသွားပါ...ငါဒီကောင်လေးကိုသင်ကြားလိုက်ပါ့မယ်'
လင်းရှန်းလက်ထဲကဆေးမြစ်ကိုယူပြီးချင်းတန်ကိုပြုံးပေးလိုက်ရင်းလင်းဟောင်းကပြောလိုက်ပါတယ်။
ချင်တန်က နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်ပြီး မယူရဲပေ ။
ထိုတုံ့ပြန်မှုကိုမြင်ရတော့လင်းဟောင်းပါးစပ်အဟောင်းသားဖြစ်သွားပေသည်။
" အစ်ကိုကြီးလင်းဟောင်ကိုကြည့်ရတာသူမတူတဲ့လူပဲ "
လင်းတုန်ကပြုံးရယ်ပြီးပြောလိုက်ပြီးလူအုပ်ကြီးဝိုင်းကြည့်နေတဲ့ကြားထဲကပဲလင်းဟောင်း၏လက်ထဲကနေကြက်သွေးမြက်ကိုဆွဲယူလိုက်၏။
လင်းတုန်ရဲ့အပြုအမူကြောင်လင်ဟောင်မျက်နှာရဲသွားကာ လင်းတုန်ကိုအေးစက်နေတဲ့မျက်လုံးတွေနဲ့သူကြည်လိုက်၏။လူအုပ်ကြီးရှေ့တွင်လင်းတုန်ရဲ့လုပ်ရပ်ကသူ့ဂုဏ်သိက္ခာကိုထိခိုက်စေပေသည်။
မျက်စိတစ်မှိတ်အတွင်းတွင်ပဲလင်းဟောင်းကနေကြက်သွေးမျက်ကိုပြန်ဆွဲယူသွားပေသည်။နေကြက်သွေးမြက်ကိုကိုင်ထားတဲ့လင်းဟောင်း၏လက်တွေကသံမဏိတွေလိုခိုင်မြဲနေတာကိုလင်းတုန်တွေ့လိုက်သည်။
"ကြည့်ရတာအကိုကြီး လင်းဟောင်ကရုတ်တရက်နေကြက်သွေးမြက်ကိုသဘောကျသွားတယ်ထင်တယ်"
လင်းတုန်က ပြုံးကာပြောလိုက်လေသည်။
လင်းတုန်၏စကားကြားသောအခါ လင်းဟောင်ရဲ့မျက်လုံးတွေကအရောင်ပြောင်းသွားကာ ဓားသွားတွေထက်မြတဲ့လေသံနဲ့ရယ်ကာပြောလိုက်သည်….
"ညီလေးလင်းတုန်ရဲ့ဖောက်ထွင်းလက်သီးကစိတ်ဝင်စားဖို့ကောင်းတာပဲ။အစ်ကိုကြီးနဲ့နှစ်ယောက်ချင်းတိုက်ခိုက်ကြည့်ရအောင်"
ပြောပြောဆိုဆိုနဲ့လင်းဟောင်းကချက်ခြင်းတိုက်ခိုက်လိုက်၏။လင်းတုန်း၏မျက်နှာကမဲမှောင်သွားပြီးသူ့၏လက်နှစ်ဖက်လုံးရှေ့ထုတ်ပြီးသူ့၏ကိုယ်တွင်းအင်္ဂါတွေကိုကာကွယ်လိုက်၏။
"ဘုန်း "
လင်းတုန်ကပြင်းထန်တဲ့အားကြောင့်စူးရှတဲ့နာကျင်မှုကသူ့လက်ကိုဖြတ်သန်းဝင်ရောက်လာသည်ကိုခံစားလိုက်ရပြီးနောကို ဆယ်လှမ်းလောက်ဆုတ်လိုက်ရပေသည်။
" ၊ကိုယ်ခန္ဓာကျင့်ကြံခြင်းအဆင့်၆"
သူ့၏ကိုယ်ကိုထိန်းရင်းလင်တုန်းကတီးတိုးရေရွှတ်လိုက်သည်။လင်းဟောင်၏လက်သီးတွင်ခပ်ဖျော့ဖျော့အလင်းတန်းတွေဝန်းရံနေပေသည်။ထိုအချက်က ကိုယ်ခန္တာကျင့်ကြံခြင်းအဆင့်၆ရောက်သွားပြီဟူသည့်အဓိပ္ပာယ်ပင်ဖြစ်၏။
လင်းတုန်က သူ၏တိုက်ချက်ကြောင့်မြေပေါ်သို့လဲမကျသွားသည်ကိုမြင်သောအခါ လင်းဟောင်မျက်မှောင်ကြုတ်သွား၏။သို့သော် နောက်ထပ် သိုင်း၅ကွက်အတွင်းလင်းတုန်ကို အနိုုင်ရရှိမည်ဟု ယုံကြည်ချက်ရှိပေသည်။
" ညီလေးလင်းတုန်ကအရည်အချင်းတယ်ရှိတာပဲ…လာပါနောက်တစ်ခေါက်လောက် ထပ်တိုက်ကြရအောင်"
အန္တရာယ်အငွေ့အသက်တွေကလင်းဟောင်း၏မျက်လုံးထဲကထွက်လာပေသည်။လင်းတုန်ကိုဒီအတိုင်းပြန်မလွှတ်နိုင်ပေ။ထို့နောက် သူ့ခန္ဓာကိုယ်ကနေဖျော့တော့တော့အလင်းများထွက်လာပေသည်။
ဤအရာကိုမြင်သောအခါ လင်းတုန်၏ မျက်လုံးများက လေးနက်သွားပြီး ဖောက်ထွင်းလက်သီးဖြင့် ခုခံရန်ပြင်လိုက်၏။ ထိုအချိန်မှာပဲ ဒေါသထွက်နေသောအသံတစ်ခုက ရုတ်တရက်ထွက်ပေါ်လာပေသည်။
"နှစ်ယောက်စလုံးရပ်စမ်း"
ထိုအသံကိုကြားကြားခြင်းလင်းဟောင်းရပ်တန့်လိုက်၏။ထို့နောက်လူအုပ်ထဲကနေဒေါသထွက်ပြီးမျက်နှာနီရဲနေသော မိန်းမပျိုတစ်ယောက်ထွက်လာတာသူမြင်လိုက်ရပေသည်။
မိန်းမပျိုကအနီရောင်အဝတ်တွေဝတ်ထားပြီးသူမက၁၇နှစ်၁၈နှစ်လောက်ရှိပေသည်။သူတို့အားလုံးထက်အသက်ကြီးပြီးသူမ၏ပုံကလှပတယ်လို့ပြောလို့ရပေသည်။သူမ၏စူးရှတဲ့အကြည့်တွေနဲ့ရဲရင့်တဲ့ဟန်ကဆူညံနေတဲ့လူတွေကိုတိတ်သွားစေ၏။
" အဲ့တာ အစ်မကြီး လင်းရှားပဲ"
ဒေါသတစ်ကြီးအော်ဟစ်လိုက်သောမိန်းမပျိုကိုကြည့်ပြီးလူအုပ်ထဲကမှတ်ချက်ချသံထွက်လာပေသည်။
"အော် အစ်မကြီး လင်းရှားပါ့လား"
လင်းဟောင်းကပြုံးကာပြောလိုက်၏။
"လင်းဟောင်.…ငါတို့အားလုံးကလင်းမိသားစုဝင်တွေပဲယွမ်စွမ်းအင်ကိုနှစ်ယောက်ခြင်းတိုက်ပွဲမှာ သုံးမပြုသင့်ဘူး "
လင်းရှားကပြောလိုက်ပါတယ်။
" ငါတို့က ကစားနေတာပါငါတို့ဘာမဖြစ်ပါဘူး"
လင်းဟောင်းကပြန်ပြောလိုက်ပေသည်။
ဒီအချိန်မှာပဲလင်းတုန်ကလက်နှစ်ဖက်ဆုပ်ပြီးလင်းရှားအစ်မကြီးကိုနှုတ်ဆက်လိုက်ပါတယ်။ဒီမိန်းမပျိုဟာသူတို့၏နံပါတ်တစ်ဦးလေး၏သမီးပါ။ငယ်ရွယ်ပြီးအမျိုးသမီးဖြစ်နေပေမယ့်လည်းသူမကလင်းမိသားစု၏မျိုးဆက်သစ်တွေကြားတွင်ပါရမီအရှိဆုံးပါ။သူမကကိုယ်ခန္တာကျင့်ကြံခြင်းအဆင့်၆ကိုလွန်ခဲ့တဲ့နှစ်ဝက်ထဲကရောက်နေတာပါ။သူမခုဘယ်လောက်ထိတိုးတက်နေပြီလည်းဆိုတာဘယ်သူမှမသိပါပေ။
လင်းရှားအစ်မကြီး၏အဆင့်အတန်းဟာချင်းယန်မြို့ထဲတွင်တောင်အတော်ကောင်းပေသည်။လင်းမိသားစုထဲတွင်ဆိုရင်တော့အတော်မြင့်မားပေသည်။လင်းဟောင်းတောင်သူမကိုကလန်ကဆန်မလုပ်ရဲပေ။
" ဘယ်လိုအကြောင်းအရာတွေကများတစ်မိသားစုထဲကညီအစ်ကိုတွေကိုတိုက်ခိုက်စေတာပါလိမ့်။မင်းတို့တိုက်ခိုက်ချင်တယ်ဆိုရင်မကြာခင်မှာချင်းယန်မြို့၏အမဲလိုက်ပွဲစေတာ့မယ်အဲ့ကြရင်တခြားမိသားစုကမျိုးဆက်သစ်တွေနဲ့တိုက်ခိုက်လို့ရတယ်။မင်းတို့နိုင်ရင်တကယ်အရည်အချင်းရှိလို့ပဲ"
မျိုးဆက်သစ်ခေါင်းဆောင်တစ်ယောက်အနေနဲ့သူမ၏စကားတွေကဖိအားအနည်းငယ်ပေးနိုင်ပါတယ်။
" လင်းရှားအစ်မကြီးမှန်ပါတယ်"
လင်းဟောင်းကပျင်းပျင်းရိရိပြောပြီးသူ့လက်ထဲကနေကြက်သွေးမြက်ကိုလင်းတုန်ကိုပေးလိုက်၏။ထို့နောက် နှစ်ကိုယ်ကြားလေသံဖြင့် ပြောလိုက်သည်...
"မိသားစုပြိုင်ပွဲကငါထိပ်ဆုံသုံးယောက်ဝင်လိမ့်မယ်။အဲ့ကြရင်အဖိုးကိုချင်တန်နဲ့လက်ထက်ဖို့ခွှင့်တောင်းမယ်....သူကငါ့၏အနာဂတ်သတိုးသမီးဖြစ်လာလိမ့်မယ်...."
ထို့နောက်လင်းတုန်ပုခုံးကိုလှမ်းပုတ်ပြီးလင်းဟောင်းကလင်းရှန်းနဲ့အတူထွက်သွားပေသည်။
လင်းဟောင်းထွက်သွားတာကိုကြည့်ရင်းလင်းတုန်လက်သီးကိုကျစ်ကျစ်ပါအောက်ဆုတ်မိပေသည်။သူမျက်လုံးထဲတွင်လည်းအေးစက်စက်အငွေ့တွေဖြတ်သွားပေသည်။
"ဒီကောင်ချင်တန်နဲ့လက်ထက်ဖို့ကြံတာကိုငါတားကိုတားရမယ်"
ထိပ်ဆုံးသုံးယောက်ထဲဝင်ဖို့လား...ဟမ့် မရစေရဘူး..."
သူနဲ့လင်းဟောင်းကြားတွင်ကွာခြားချက်ကကြီးမားနေပေမယ့်လည်းဆန်းကြယ်ကျောက်တုံးအကူအညီရယ်သူ၏အပတ်တကုတ်လေ့ကျင့်မှုရယ်နဲ့ဆိုရင်မိသားစုပြိုင်ပွဲမတိုင်မှီလိုက်မှီနိုင်မယ်လို့လင်းတုန်ယုံကြည် ပေသည်။