အဆောင်သခင် သိုင်းဘုရင်
ထိပ်တိုက်တွေ့ဆုံခြင် အခန်း -၈
လင်းမိသားစု၏ပိုင်နက်နောက်ဘက်မှာကြီးမာကျယ်ပြန့်တဲ့တောတွေတောင်တွေရှိပေသည်။ကံကောင်းပါကတစ်ယောက်ယောက်က ထိုကနေဆေးဝါးတစ်ခုနှစ်ခုရလာတက်ပေသည်။ထို့ကြောင့်လင်းမိသားစု၏မျိုးဆက်သစ်တွေဟာသစ်တောထဲတွင်သွားပြီးဆေးဝါးရှာလေ့ရှိကာ ဤသစ်တောက လင်းမိသားစုဝင်တွေကြားတွင်ရေပန်းစားနေပေသည်။
သစ်တောအဝင်ဝတွင်လူတစ်စုရှိနေပေသည်။သူတို့ဟာဆယ်ကျော်သက်ကလေးတွေဖြစ်ပြီးလင်းမိသားစုဝင်တွေဖြစ်ကြပေသည်။
ထိုလူတွေကိုကျော်ကြည့်လိုက်ပါက တောင်တင်းသန်မာပုံရတဲ့လူတစ်စုက ကောင်မလေးတစ်ယောက်ရဲ့လမ်းကိုပိတ်ထားတာတွေ့ရပေမည်။ထိုကောင်မလေးဟာအရောင်ဖျော့တော့တော့အင်္ကျီကိုဆင်မြန်းထား၏။
ထိုကောင်မလေးကပန်ချီဆွဲထားသကဲ့သို့ သူမ၏အရေပြားကနှင်းလေးတွေလိုဖြူဖွေးသန့်စင်နေပေသည်။သူမ၏မျက်လုံးထဲတွင်တော့ဒေါသခိုးတွေဝေနေပြီး လက်ထဲတွင်မီးလိုရဲနီနေသောသစ်ပင်လေးကိုကိုင်ထားပေသည်။
" လင်းရှန်း နင်တအားလွန်မလာနဲ့နော်"
ချင်းတန်ကထိုလူစုရဲ့ခေါင်းဆောင်ဖြစ်ပုံရသောကောင်လေးကိုကြည့်ပြီးဒေါသသံနဲ့ပြောလိုက်လေသည်။
" ဟားဟား ငါတို့ဒီနေကြက်သွေးမြက်ကိုမနေ့ကထဲကတွေ့တာ။ဒီနေ့မှတူးမလို့စောင့်နေတာ။ဒါကငါတို့၏ပစ္စည်းပဲငါတို့လွန်လည်းဘာဖြစ်ချင်တုန်းး"
၁၅နှစ်အရွယ်ရှိတဲ့ကောင်လေးတစ်ကောင်ကပြောလိုက်၏။
" ပေါက်ရတွေ"
လင်းရှန်းလိမ်နေတာကိုကြားသောအခါ ချင်တန်ဒေါသထွက်သွားပေသည်။
"ငါပေါက်ကရပြောနေတာမဟုတ်ဘူး"
လင်းရှန်းးဒေါသထွက်သွားပုံရပေသည်။သို့သော်လည်းသူအပြုံးပျက်မသွားပေ။
" ငါ့ကိုအဲ့တာပေးလိုက်စမ်း"
"အဲံ့တာကိုနင်စဉ်းတောင်မစဉ်းစားနဲ့"
ချင်းတန်က လင်တုန်းသေလုမတက်လေ့ကျင့်နေတာကိုသိပေသည်။မိသားစုပြိုင်ပွဲဟာလင်းတုန်အတွက်တင်မကပေ။သူ့မ၏မိဘတွေအတွက်ပါပြောင်းလဲသွားနိုင်လေသည်။
အခုတစ်လောသူမနေ့တိုင်းလင်းတုန်လေ့ကျင့်ဖို့အတွက်ဆေးမြစ်တွေရှာနေသော်လည်း ခက်ခက်ခဲခဲဤတစ်ခုသာတွေ့ပေသည်။ဘယ်လိုလုပ်သူမကလိမ်ကကျစ်ကောင်ကိုလွယ်လွယ်ပေးရမည်နည်း။
" ကြည့်ရတာမင်းတစ်ညလုံးဒီမှာနေတော့မယ်ထင်တယ် '
လင်းရှန်းကချင်းယန်ကိုကြည့်ပြီးပြောလိုက်ပေသည်။
"လင်ချန်းချိုင်ပြေးထွက်သွားတာငါတွေ့လိုက်တယ်။ဒီကောင်လင်တုန်းကိုသွားခေါ်တာနေမှာငါနောက်ဆုံးတစ်ခါရိုက်လိုက်တုန်းကသိပ်အားရသေးတာမဟုတ်ဘူး"
ဤသည်ကိုကြားလိုက်သောအခါ ချင်းတန်မျက်နှာဟာပြောင်းလဲသွားပေသည်။လင်းရှန်းနဲ့လင်းတုန်က မျက်နှာချင်းဆိုင်တာနဲ့တိုက်ခိုက်ကြတာကိုသူမသိပေသည်။သို့သော် တိုက်ခိုက်တိုင်းလင်းတုန်အမြဲအပြင်းအထန်ခံရပေသည်။
"နေကြက်သွေးမြက်ကိုငါ့ကိုပေးရင်.…ငါလင်းတုန်ကိုမချတော့ဘူး ဘယ်လိုလဲ"
လင်းရှန်းက ချင်းတန်မျက်နှာပြောင်းလည်းသွားတာမြင်သောအခါ ရယ်မောပြီးပြောလိုက်ပေသည်။
" နင် လူယုတ်မာ"
ချင်းတန်ဟာသူမနှုတ်ခမ်းကိုက်ကာ မျက်လုံးတွေနီရဲလာပေသည်။သူမဘယ်လောက်ဝမ်းနည်းနေမှန်းသိသာပေသည်။
" မင်းဒါကိုလက်လွှတ်မှာလား။မင်းမြန်မြန်မပေးရင်လင်တုန်းရောက်မှာငါကြောက်တယ် "
လင်းရှန်းက စပ်ဖြဲဖြဲနဲ့ပြောင်ရင်းပတ်ဝန်းကျင်ကိုမျက်စိကစားလိုက်၏။
"ယူလိုက်"
မျက်ရည်တွေကျနေရင်းနဲချင်းယန်ဟာသူမရဲ့ခေါင်းမာနေမှုကိုအဆုံးသတ်လိုက်ပေသည်။
" ဟားဟား လိမ္မာစမ်းပါ"
နေကြက်သွေးမြက်ကိုယူပြီးထွက်သွားဖို့လင်းရှန်းးပြင်လိုက်သော်လည်း့နေကြက်သွေးမြက်ကိုမရခင်မှာပဲတစ်ယောက်ယောက်ကလူအုပ်ထဲကနေထွက်လာပြီးသူ့ကိုတိုက်ချလိုက်လေသည်။
ပြင်းထန်တဲ့အားလှိုင်းကြောင့်လင်းရှန်းမြေပေါ်မှာနှစ်ပတ်လောက်လိမ့်သွား၏။
ဤသည်ကလူတိုင်းကိုထိပ်လန့်သွားစေပေသည်။
" သောက်ကောင်'
လင်းရှန်းမြေပြင်ပေါ်ကထပြီးသူ့ကိုတိုက်ချလိုက်တဲ့သူကိုကြည့်လိုက်တော့မယုံကြည်နိုင်အောင်ဖြစ်သွားပေသည်။
"လင်းတုန်လား....ကောင်းတယ်မင်းဒီရက်အတွင်းနည်းနည်းတိုးတက်လာပုံရတယ်။မင်းကိုငါထပ်ပြီးသင်ခန်းစာပေးရတာပေါ့ ဟား ဟား'
"လင်းရှန်း ငါနင့်ကို နေကြက်သွေးမြက်ပေးပြီးပြီလေ နင်ဘာလုပ်ချင်လို့လဲ'
ချင်တန်ကဒေါသတကြီးပြောပြီးမြေပြင်ပေါ်ကျနေတဲ့နေကြက်သွေးမျက်ကိုကောက်လိုက်ကာ လင်းရှန်းးကိုပေးလိုက်သည်။
" ငါဆေးလဲ ယူမယ်ဒီကောင်ကိုလဲ
ရိုက်မယ်'
လင်းရှန်းကကြိမ်းဝါးပြောလိုက်၏။
" နင်'
ချင်းတန်ဟာဒေါသထွက်သွားပေသည်။လင်းရှန်းကဒီလိုယုတ်မာမယ်လို့သူမ မတွေးမိခဲ့ပေ။
" ငါဆေးလဲ ယူမယ်ဒီကောင်ကိုလဲ
ရိုက်မယ်'
့လင်းရှန်းးပြောတဲ့အတိုင်းလင်းတုန်ကပြောကာချင်တန်ကိုနောက်ကိုပို့လိုက်ပေသည်။
"ဟားဟား'
ဒီစကားကြားတော့လင်းရှန်းးကဗိုက်ကိုနှိပ်ပြီးရယ်လိုက်၏။
"ကြည့်ရတာငါအရင်တစ်ခေါက်တုန်းကခေါင်းကိုအရမ်းရိုက်မိသွားတယ်နဲ့ထင်တယ်"
လူအုပ်ကြီးကလင်းတုန်ကိုကြည့်နေပေသည်။တစ်ယောက်နဲ့တစ်ယောက်အကန်တွေပြောပြီးမကြာခဏတိုက်ခိုက်တာကိုသူတို့သိကြပေသည်။တိုက်ခိုက်လိုက်တိုင်းလည်းခံရတဲ့သူကလင်းတုန်ပင်ဖြစ်၏။
" ကိုကြီးလင်းတုန်သူနဲ့မချနဲ့နေကြက်သွေးမြက်ကိုငါမလိုချင်ဘူး'
ချင်းတန်ကလင်းတုန်ကိုဆွဲကာစိုးရိမ်စွာ့ပြာလိုက်၏။
" ဟုတ်တယ်၊ယောကျော်းကာင်းတစ်ယောက်ကဘယ်အချိန်တိုက်ခိုက်ရပြီးဘယ်ချိန်ဆုတ်ခွာရမယ်ဆိုတာကိုသိတယ်၊မင်းပြန်လေ့ကျင့်ပြီးသူ့သင်ခန်းစာပေးနိုင်တဲ့အထိစောင့်စမ်းပါ'
နောက်ကနေပြီးလင်ချန်းချိုင်ကအကြံပေးလိုက်ပေသည်။
" ထွက်ပြေးချင်နေတာလားနောက်ကျလွန်းသွားပြီ'
လင်းရှန်းက ဝမ်းခေါင်းသံကြီးနဲ့ပြောပြီးရှေ့ကိုပြေးတက်လာပေသည်။ခြေလှမ်းအနည်းငယ်လျှောက်ပြီးနောက် လင်းတုန်အနားကိုရောက်လာသည့်အခါတွင်လက်ငါးချောင်းကိုဆုတ်ကာထိုးထည်လိုက်ပေသည်။
" ဖောက်'
လင်းရှန်း၏အားပြည့်အင်ပြည့်လက်သီးကိုကြည့်ပြီးလင်းတုန်မာန်သွင်းလိုက်ပါတယ်။ပြီးတော့သူ့လက်ဝါးကိုရှေ့ထုတ်ပြီးလင်းရှန်း၏လက်သီးကိုဖမ်းဖို့ပြင်လိုက်သောအခါ ဝိုင်းကြည့်နေသောလူအုပ်ကြီးကအံသြ သွားကြပေသည်။
လင်သီးနဲ့လက်ဝါးထိပ်တိုက်ဆုံမိတဲ့အခါတွင်တော့ကျောက်ဆောင်နှစ်ခုတိုက်မိသလိုအသံကျယ်ကြီးထွက်လာပေသည်။လင်းတုန်ဟာလင်းရှန်းး၏လက်သီးကိုခုခံနိုင်တာမြင်တော့လူအုပ်ကြီးကအံသြ သွားကြ၏။
" ကိုယ်ခန္ဓာကျင့်ကြံခြင်းအဆင့်၄'
တစ်ကွက်လောက်ယှဉ်ပြီးတဲ့အခါတွင်လင်းရှန်းးဟာတစ်ခုခုမှားယွင်းနေမှန်းသိသွားပေသည်။သူ့ပြိုင်ဘက်ရဲ့အရေပြားဟာသူလိုပဲမာကျောနေသည်ကို သတိပြုမိသွား၏။
ထိုသို့အရေပြားမျိုးကကိုယ်ခန္ဓာကျင့်ကြံခြင်းအဆင့်လေးရောက်မှပိုင်ဆိုင်းခြင်းဖြစ်ပေသည်။
" ဘယ်လိုလုပ်ဖြစ်နိုင်မှာလည်း၊လွန်ခဲ့တဲ့လဝက်ကမှဒီကောင်ကိုယ်ခန္ဓာကျင့်ကြံခြင်းအဆင့်၂လေ"
လင်းရှန်းမယုံနိုင်ဖြစ်သွား၏။
" ကိုယ်ခန္ဓာကျင့်ကြံခြင်းအဆင့်လေးရောက်ယုံနဲ့ငါ့ကိုယှဉ်နိုင်မယ်ထင်လား"
အံကြိတ်ပြီးကြိမ်းဝါးလိုက်ကာ….
" ပြိုကျလာသောကျောက်လက်သီး"
လင်းရှန်းကသူ့လက်သီးကိုထိုးထုတ်လိုက်၏။သူ့လက်မောင်းကနေသွေးကြောပြန်တွေပေါ်လာပြီးလက်အနှံပြန့်သွားပေသည်။ကျောက်တွေလိုမာကျောတဲ့လက်သီးရိပ်တွေကကျောက်တောင်ကြီးကနေကျောက်စတွေပေါက်ကွဲထွက်လာသလိုအများကြီးပေါ်လာပေသည်။
" အဆင့်နိမ့်အဆင့် အဆင့်၁ ပြိုကျလာသောကျောက်လက်သီးလား'
"လင်းရှန်းကသိုင်းပညာစသင်နေပြီထင်တယ်ကြည့်ရတာလင်းတုန်ကံမကောင်းတော့ဘူးပဲ"
လူအုပ်ကြီးထဲကအသံတွေထွက်လာပေသည်။
သူ့ဆီလက်သီးရိပ်တွေဝင်လာတာကိုလင်းတုန်စောင့်ကြည့်နေ၏။။ပြိုကျလာသောကျောက်လက်သီးသိုင်းကအားမနည်းပေ။သို့သော်သူ့မျက်လုံးထဲတွင်တော့လင်းရှန်းး၏အမှားများကိုတွေ့နေပေသည်။အချိန်မဆိုင်းပဲလင်းတုန်ဖောက်ထွင်းလက်သီးသိုင်းကိုထုတ်သုံးလိုက်သည်။
" ဖောက် ဖောက် ဖောက်'
အင်္ကျီလက်နဲ့လက်သီးရိုက်ခက်မိပြီးအက်ကွဲနေတဲ့ပဲ့တင်သံတွေထွက်လာကာ လင်းတုန်လက်သီးနဲ့လင်းရှန်းလက်သီးဟာထိပ်တိုက်ဆုံသွားပေသည်။
" ဘုန်းး '
လက်သီးခြင်းဆုံတဲ့အခါတွင်တော့အားလှိုင်းတွေက လင်းရှန်းရဲ့ကျောက်လိုမာကျောနေတဲ့လက်သီးကိုယ်ကိုရိုက်ခက်သွားပေသည်။
" ဖောက်ထွင်းလက်သီး၊ပဲ့တင်သံသုံးခု
ဘယ်လိုဖြစ်နိုင်မှာလဲ"
ထိုအခိုက်မှာတွင်လင်းရှန်းက အံ့သြသွားပေသည်။ဖောက်ထွင်းလက်သီးသိုင်းဟာအဆင့်၁သိုင်းပညာထဲတွင်လူသိများပေသည်။
အစတုန်းကသူဒါကိုရွေးပါသေးပေသည်ဆယ်ရက်လောက်လေ့ကျင့်ပြီးသောအခါ ပဲတင်သံတစ်သံတောင်ထွက်မလာတဲ့အတွက်သူလက်လျှော့ခဲ့ခြင်းဖြစ်၏။
အရင်တုန်းကသူ့ကိုတစ်ခါမှမယှဉ်နိုင်တဲ့လင်းတုန်ကဘယ်လိုလုပ်ပြီးတက်သွားတာပါလိမ့်။
" ပဲ့တင်သံသုံးခု မဟုတ်ဘူးလေးခု"
လင်းတုန်ကပြုံးပြီးပြောလိုက်သည်။ထို့နောက်လက်သီးနဲ့ထိုးချလိုက်ပါတယ်။ဤအခါတွင် လင်းရှန်းကသူ့လက်သီးနှစ်ဖက်လုံးသုံးပြီးကာကွယ်လိုက်လေသည်။
"ဝုန်းးးး "
လင်းရှန်း၏ပြိုကျလာသောကျောက်လက်သီးဟာရှုံးနိမ့်သွားပြီးနောက်ကိုလွင့်သွားကာ မြေကြီးပေါ်လဲကျသွားပေသည်။
လင်းရှန်းးလဲကျသွားတဲ့အချိန်တွင် ဘယ်ကမှန်းမသိသောလက်တစ်စုံ က လင်းရှန်း၏ခန္ဓာကိုယ်ကိုထိန်းညှိပေးလိုက်၏နောက်ဆုံးတွင်လင်းရှန်တည်တည်ငြိမ်ငြိမ်ရပ်နိုင်သွားပေသည်။
" ကိုကြီးလင်းတုန် "
ချင်တန်၏အမူအရာကပျော်သွားပေသည်။လူအုပ်ကြီးကတော့ထိပ်လန့်သွားကြပေသည်။