book

Index 7

အပိုင်း ၇ ခန္ဓာကိုယ်ကျင့်ကြံခြင်းအဆင့်၄

  • Author : Win min khant
  • Genres : Adventure, Comedy, Action
  • Original Author : Heavenly Silkworm Potato (天蚕土豆)

အဆောင်သခင် သိုင်းဘုရင်


အပိုင်း...၇...ခန္ဓာကိုယ်ကျင့်ကြံမှုအဆင့် ၄


        ကျောက်စမ်းအိုင်လေးထဲတွင်သက်သက်သာသာလဲလျောင်းပြီးလင်းတုန်အနားယူနေကာထူးဆန်းတဲ့အရည်တွေကိုစုပ်ယူပြီးတဲ့အခါတွင်လင်းတုန်၏ခန္ဓာကိုယ်ဟာသက်တောင့်သက်သာဖြစ်လာပြီး သူ့မျက်နှာတွင်ကျေနပ်နေဟန်ပေါ်နေပေသည်။

          ကျောက်စမ်းအိုင်ထဲကသွေးရောင်အရေတွေဟာချွေးပေါက်တွေကတစ်ဆင့်ကိုယ်ထဲဝင်သွားပြီးအရိုးနဲ့ကြွက်သားတွေကိုစွမ်းအားတွေဖြည့်ပေးနေကာ လင်းတုန်ရဲ့ခန္ဓာကိုယ်ကလည်းဆာလောင်နေတဲ့တစ္ဆေလိုဝါးမျိုပေသည်။

        

       မျက်လုံးမှိတ်လှဲနေတုန်းတွင်ပဲရေဟာတလိပ်လိပ်တက်လာပြီးသူ့အရေပြားအောက်မှာစတင်ပြီးနာကျင်ယားယံမှုကိုခံစားလိုက်ရပေသည်။   

      ထိုယားယံနာကျင်မှုကသူ့ကိုအထိတ်တလန့်ဖြစ်စေတယ်။လင်းတုန်ကြောက်လန့်တကြားနဲ့မျက်လုံးဖွှင့်ကြည်    

တော့သူ့ခန္ဓာကိုယ်ကအရေပြားဟာကျွဲသရေလိုမာကျောပြောင်းလဲလာတာတွေ့ရတယ်။သူ့၏မျက်နှာပေါ်ကထိပ်လန့်နေတဲ့တဲ့ပုံစံကလည်းဝမ်းသာတဲ့ပုံပြောင်းသွား၏။

        အရေပြားပြောင်းလဲခြင်း

        ဒါကခန္ဓာကိုယ်ကျင့်ကြံခြင်းအဆင့်လေးကိုအတိအကျရောက်သွားတဲ့အခါတွင်ဖြစ်ပေါ်လာတာပါ။

        "နောက်ဆုံးတော့ငါဒီအဆင့်ကိုရောက်သွားပြီပဲ'

        လင်းတုန် စိတ်လှုပ်ရှားပြီးနှုတ်ခမ်းတွေပါခြောက်လာလေသည်။


ခန္ဓာကိုယ်ကျင့်ကြံမှုဟာအဆင့်ကိုးဆင့်ရှိပေသည်။ပထမသုံးဆင့်ဟာအခြေခံရုပ်ပိုင်းဆိုင်ရာတိုးတက်မှုသာဖြစ်ပြီးအဆင့်၄ကိုရောက်သွားရင်တော့လေ့ကျင့်မှု၏အကျိုးကိုစတင်ခံစားရလေသည်။အရေပြားပြောင်းလဲခြင်းကခန္ဓာကိုယ်ရဲ့အရေပြားကိုကျောက်လိုမာကျောစေပြီးတော့ခန္ဓာကိုယ်ကျင့်ကြံခြင်းအဆင့်၄ဟာအဆင့်၃ထပ်ပိုသန်မာပြီးကွာဟချက်ကလည်းကြီးမားပေသည်။


         သူစောင့်ကြည့်နေဆဲတွင်ပဲသူ့အရေပြားတွေကကွာကျသွားပေသည်။အရေပြားပြောင်းလဲပြီး အချိန်မှာပဲသူ့ခန္ဓာကိုယ်ဟာသံလိုကျောက်လိုမာကျောချောမွေ့သွားပြီးထိုအရာကကအထူးမာကျောခြင်းဖြစ်၏။

         "ဖောက် ဖောက် ဖောက်"

          စိတ်လှုပ်ရှားနေတာကိုထိန်းပြီးလင်းတုန်ဖောက်ထွင်းလက်သီးသိုင်းကိုကစားလိုက်ပါတယ်။လက်သီးအဝှေ့တွင်လိှုင်းတွေထလာပြီးမြေပြင်ပေါ်ကအမှိုက်တွေကလွှင့်ပျံလာပေသည်။သူ့၏အရှိန်အဝါကလည်းအရင်ကထက်ပိုပြီးအားကောင်းလာပေသည်။

           မျက်နှာတွင်အပြုံးတွေနဲ့အတူသူလက်သီးဖြေချလိုက်၏။ထို့နောက် ကျောက်စမ်းအိုင်လေးကိုကျေးဇူးပဲဟု တီးတိုးပြောလိုက်လေသည်။

          လင်းတုန် ရယ်နေရင်းနဲ့တစ်ခုခုကိုပြန်တွေးမိသွားပေသည်။သူကျောက်စမ်းအိုင်မှာစိမ်တာထက်စာရင်အနီရောင်အရည်လေးတွေဟာလျော့နည်းသွားပေသည်။

      "    ကြည့်ရတာအနီရောင်အရည်တွေရေအိုင်ထဲကစိမ့်ထွက်သွားတယ်နဲ့ထင်တယ်"


ဒီအချက်ကြောင့်သူဗျာမများသွားပေ။သူ့၏အင်္ကျီထဲကပုလင်းလေးကိုထုတ်ကြည်လိုက်ပေသည်။ထို ပုလင်းထဲတွင်အနီရည်အစက်နှစ်စက်ပါဝင်ပေသည်။

           ဆန်းကြယ်အဆောင်လက်ဖွဲ့ကိုရက်အတော်ကြာရပြီးတဲ့နောက်လင်းတုန် လျှို့ဝှက်ချက်အတော်လေးသိလာပေသည်။ငါးရက်ကြာတဲ့အခါတိုင်းအဆောင်လက်ဖွဲ့ဟာအနီရည်တွေတစ်ခါပြည့်လာပေသည်။ဒီအနီရည်တွေကတော့လင်းတုန်ရင်းနှီးနေတဲ့ကျောက်စမ်းအိုင်ထဲကအနီရည်တွေဖြစ်ပြီးသို့သော်ကျောက်စမ်းအိုင်ထဲကအရည်တွေနဲ့ယှဉ်မယ်ဆိုရင်ဒီအရည်တွေကပိုသန့်စင်ပေသည်။

             

ကျောက်ကန်ဟာအနီရည်တွေကိုကြာကြာထိန်းသိမ်းထားနိုင်တဲ့ပုံမပေါ်ပေ။နှစ်တွေအများကြီးအနီရည်တွေဟာကျောက်စမ်းအိုင်ထဲကျဆင်းနေတာခြင်းဖြစ်ပြီးထိုအရာက ကလင်းတုန် ဆယ်ရက်လောက်သုံးတာနဲ့ကုန်သွားမည်မဟုတ်ပေ။

           လင်းတုန်ပုလင်လေးကိုဂရုတစ်စိုက်နဲ့သိမ်းလိုက်၏။ထိုအရာကကတန်ဖိုးအတော်ကြီးပေသည်။ငါးရက်ကြာမှအစက်ကလေးတစ်စက်ရခြင်းဖြစ်ပြီး သူ့အဖေကို လျို့ဝှက်တိုက်ကြွေးဖို့လင်းတုန် စောင့်နေခြင်းဖြစ်၏။ထိုအနီရည်စက်မှာမယုံကြည်နိုင်လောက်အောင်ထူးခြားတဲ့အစွမ်းသတ္တိရှိပေသည်။ဒါကလင်းရှောင်ဒဏ်ရာအတွက်အထောက်အကူဖြစ်စေနိုင်ပေသည်။

         လင်းတုန် ပုလင်းလေးကိုအတွင်းခံအိတ်ထဲအသေအချာထည့်ပြီးသပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်လိုက်၏။ထို့နောက် သူ့လေ့ကျင့်ရေးကွင်းဆီလျှောက်သွားလိုက်သည်။ထိုအချိန်တွင် ပုံရိပ်တစ်ခုကအပြေးအလွှားရောက်လာပြီးအော်ပြောလိုက်၏..

      " လင်းတုန်ရေ မကောင်းတော့ဘူးးး"


     "  လင်းချန်းချိုင် ဘာလဲကွ "


       ထိုစကားလုံးကြားသောအခါ လင်းတုန်ခေါင်းငုံ့ပြီးကျောက်အလေးတုံးတွေမနေရင်းမေးလိုက်သည်။

        

ရောက်လာသောလူက၁၃နှစ်၁၄နှစ်လောက်ပဲရှိတဲ့လူငယ်လေးဖြစ်ပြီးစည်းပိုင်းကြီးလိုဝဖီးနေပေသည်။သူကတော့လင်းတုန်း၏နံပါတ်ငါးဦးလေး၏သားလင်းချန်းချိုင်ပါ။သူကတော့လင်းတုန်နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိပေသည်။သူကချင်တန်ကိုကြိုက်နေပြီးလင်းတုန်ကလည်းသင့်တင့်တဲ့ခံစားချက်လင်းချန်းချိုင်အပေါ်တွင်ရှိပေသည်။

        "  ချင်တန်တစ်ခုခုဖြစ်နေပြီ"


လင်းချန်းချိုင်လေကိုအလောတကြီးရှူပြီးပြောလိုက်သည်။

         လင်းတုန်လက်ထဲကကျောက်အလေးဟာမြေပေါ်ကို အုန်းခနဲကျသွားပေသည်။သူ့၏မျက်နှာအမူအရာကပြောင်းလဲသွားပြီး မေးလိုက်သည်…

     "ဘယ်လိုဖြစ်တာလဲ"

          သူကသူ့ညီမလေးကိုတအားချစ်ပေသည်။သူမကငယ်ရွယ်သော်လည်း့စဉ်းစားချင့်ချိန်တက်ပြီးသူမနဲ့ရွယ်တူကောင်မလေးတွေလိုမမောက်မာပေ။သူတို့၏အိမ်မှာဆိုသူ့အဖေတောင်သူမအပေါ်စိတ်ဆိုးလို့မရပေ။ချင်တန်ဟာသူတို့သွေးမပါသော်လည်း့သူတို့အိမ်ရဲ့မင်းသမီးလေးဖြစ်နေပေသည်။

        " တောက် ဒါလင်းရှန်းပဲဖြစ်ရမယ်"


        " ဒီနေ့ချင်တန် တောင်တွေနောက်ကသစ်တော့ထဲမှာ ချီယောင်မြက်သွားရှာတယ်။ဒါပေမဲ့လင်းရှန်းနဲ့သူကောင်တွေတွေ့သွားပြီးချင်းတန်သွားနေတာကိုနှောက်ယှက်နေတယ်"


       " လင်းရှန်းးလုပ်ပြန်ပြီလား"

       ဒါကိုကြားလိုက်တောလင်းတုန်မျက်လုံးတွင်ဒေါသခိုးတွေဝေသွား၏။ချင်တန်တောထဲသူလေ့ကျင့်ဖို့ဆေးဝါးတွေသွားရှာတယ်ဆိုတာသူသိပေသည်။အရင်တုန်းကလည်းသူမလုပ်ခဲ့ပေသည်။ဆေးရှားနေရင်သူမဒဏ်ရာရသွားတဲ့နောက်မှာတော့သူ့အဖေကသူမကိုမရှာခိုင်းတော့ပေ။ထိုတုန်းကတည်းကအေးအေးဆေးဆေးဖြစ်သွားတာခုတော့သူမခိုးလုပ်ပြန်ပြီလေ။

      " ငါကို အဲ့ကိုခေါ်သွားစမ်း '

လင်းတုန်ခိုင်းလိုက်ပါတယ်။


" အမ်   မင်းတစ်ယောက်ထဲလား။ဘာလို့ဦးလေး၃ကိုခေါ်မသွားတာလဲ  "

         လင်းတုန်တစ်ယောက်ထဲသွားတွင်မြင်တော့လင်းချန်းချိုူင်ကတားလိုက်၏။အရင်တုန်းကလည်းလင်းတုန် လင်ရှန်းတို့ရိုက်နှက်တာခံလိုက်ရပေသည်။လင်းရှန်းကိုသူမနှစ်သက်သော်လည်းလင်းရှန်းသန်မာတာကိုတော့သူဝန်ခံပေသည်။

          "အချိန်ဆွဲနေတာရပ်စမ်း။တကယ်လို့ချင်တန်းအနှောက်အယှက်ခံနေရရင်မင်းနောက်ချင်းတန်နဲ့ငါမဆော့ခိုင်းတော့ဘူးး"


လင်းတုန်မျက်မှောင်ကြုတ်ကာပြောလိုက်၏။လင်းချန်းချိုင်ပြောတဲ့ဦးလေး၃ဆိုတာသူ့အဖေ လင်းရှောင်ဖြစ်ပေသည်။လင်းတုန်ဘယ်လောက်ဒေါသထွက်ထွက်လူငယ်တွေကြားထဲလူကြီးတွေဝင်ပါတာမှားယွင်းတဲ့လုပ်ဆောင်ချက်ဖြစ်ပေသည်။

        

" ကောင်းပြီမင်းနိုင်တယ်။ငါနောက်လိုက်ခဲ့ တကယ်လို့လင်းရှန်းးတိုက်ခိုက်ရင်ငါအရင်ခံမယ် ငါကခန္ဓာကိုယ်ကျင့်ကြံမှုအဆင့်၃ရောက်သွားပြီ လေးငါးကွက်တော့ခံနိုင်မှာပါ"


         လင်းချန်းချိုင် ခေါင်းငြိမ့်ကာပြောလိုက်ပြီးချင်တန်ရှိရာကိုဦးဆောင်ခေါ်သွားပေသည်။

         လင်ချန်းချိုင်ရဲကိုယ်လုံးလုံးကိုကြည့်ပြီးလင်းတုန်ကြိတ်ရယ်လိုက်၏။ထို့နောက်ဒေါသထွက်စွာကြုံးဝါးလိုက်လေသည်...


"လင်းရှန်းဒီတစ်ခါတော့မင်းကိုငါခွေးလိုနွားလိုရိုက်ပြမယ် "






rate now: