book

Index 5

အပိုင်း၅..ဆန်းကြယ်သောအဆောင်လက်ဖွဲ့

  • Author : Win min khant
  • Genres : Adventure, Comedy, Action
  • Original Author : Heavenly Silkworm Potato (天蚕土豆)

အဆောင်သခင် သိုင်းဘုရင် 


ဆန်းကျယ်သောအဆောင်လက်ဖွှဲ့ အပိုင်း ၅


"ဒါကဘာလေးလည်းဟ"

         လင်းတုန် သူ၏လက်ထဲတွင် ကိုင်ထားတာလေးကိုကြည့်ပြီးတွေးမရဖြစ်သွားပေသည်။ထိုအရာလေးကခပ်မွဲမွဲအရောင်နဲ့လက်နှစ်သစ်သာရှိသောကျောက်စလေးဖြစ်၏။ကျောက်စနဲ့တူသော်လည်းသူ့လက်ထဲလိမ့်ကြည့်တော့အရမ်းနူးညံတာကိုခံစားရပေသည်။ကျောက်ကဘယ်လိုလုပ်နူးညံ့မှာလည်းကျောက်စိမ်းနဲ့လည်းမတူသလိုသစ်စလည်းမဖြစ်နိုင်ပေ။ဘာမှန်းတွေးလို့မရဖြစ်နေပေသည်။

       ဒါလေးကို ကျောက်ခေါင်မိုးပေါ်တွင်လင်းတုန်အတော်ကြာအောင်တက်ရှာပြီးတဲ့နောက်မှာတော့ဒါကိုရခဲ့တာပါ။ဒီကျောက်အဆောင်လက်ဖွှဲ့လေး၏တည်နေရာအရထူးဆန်းတဲ့အနီရောင်ရေစက်ကလေးတွေကျလာတာကဤပစ္စည်းလေးကဖြစ်နိုင်ပေသည်။လင်းတုန် မရောက်လာခင်ဟိုအရင်ထဲကတစ်ယောက်ယောက်ကရောက်ဖူးပြီးဖွက်ထားခဲ့တာဖြစ်ပေမည်။

          "တော်တော်ဆန်းကြယ်တဲ့ပစ္စည်းပဲ"

          လက်မလောက်ပဲရှိတဲ့ကျောက်အဆောင်လေးတွင်သိရခက်တဲ့အင်းကွက်တွေတွေ့ရပြီးလျှို့ဝှက်ဆန်းကြယ်တဲ့အရာများလည်းတွေရပေသည်။ထိုလျှို့ဝှက်ဆန်းကျယ်တဲ့လက္ခဏာများကိုဆန်းကြယ်တဲ့ကျောက်အဆောင်လက်ဖွဲ့တွင်နေရာမလပ်တွေ့ရပေသည်။

                                        နေရာမလပ်အင်းကွက်များနှင့်ဆန်းကြယ်တဲ့ပုံရိပ်များကလွဲရင်ဤဆန်းကြယ်အဆောင်လက်ဖွဲ့တွင်ထူးခြားတဲ့လက္ခဏာများကိုမတွေ့ရသေးသော်လည်းအနီရောင်ရေစက်လေးတွေကထိုထဲကလာတယ်ဆိုတာကတော့သေချာပေသည်။

         ကျောက်ရေအိုင်လေးထဲကိုအလင်းရေစက်တွေကျသွားတဲ့အခါတွင်ရေအိုင်လေးကအစွမ်းထက်လာတာကိုလင်းတုန်ပြန်တွေးနေပေသည်။  

           ရှပ် ရှပ်

            ဂူပြင်ကခြေသံတစ်သံကိုကြားလိုက်ရသော် အခါ ကဗျာကယာဆန်းကြယ်အဆောင်လက်ဖွဲ့ကိုသူ့ရင်ဘတ်ထဲထည်လိုက်ပေသည်။


                "  ကိုကြီး..လင်းတုန် ဟီဟီ ဒီမှာ ကိုကိုရှိနေတာကိုသိတယ်နော်"

           

 အဆောင်လက်ဖွဲ့ကိုဖွက်ပြီးပြီးခြင်းတွင် ဂူဝတွင်၁၃နှစ်၁၄နှစ်အရွယ်ရှိတဲ့ကောင်မလေးပေါ်လာပေသည်။အရောင်ခပ်ရိုးရိုးနဲ့ဖျင်ကြမ်းကိုဝတ်ထားသော်လည်းသူမ၏တောက်နေတဲ့အပြုံလေးတွေကိုဖုံးမထားနိုင်ပေ။ကလေမလေးကငယ်သေးသော်လည်းသူမ၏အပြုံးတွေတောက်ပတဲ့မျက်လုံးဝိုင်းကြီးတွေကြောင့်အလှအပဟာပေါ်လွင်နေပေသည်။

               ထိုကောင်မလေးကိုကြည့်ရင်းလင်းတုန်သက်ပြင်းကျိတ်ချမိပေသည်။ထိုကောင်မလေးကလင်းမိသားစုဝင်မဟုတ်ပေ။လင်းတုန်ကိုမွေးပြီးလို့သိပ်မကြာခင်မှာပဲသူ၏အ​ေမကမွေးစားခဲ့ခြင်းဖြစ်၏။ထိုကောင်မလေးမိဘတွေကသေသွားလို့သူ့မ၏နာမည်ကိုမသိရပေ။ထို့ကြောင့်လျူယန်က စန္ဒကူးလို့အဓိပ္ပါယ်ရတဲ့ချင်တန်ဟူသည့်အမည်ပေးခဲ့ပေသည်။လင်းတုန်နှင့်ထိုကောင်မလေးကအသက်သိပ်မကွာသော်လည်းငယ်ငယ်ကတည်းကအတူကြီးပြင်းလာလာတာကြောင့်မောင်နှမတွေလိုဖြစ်နေပေသည်။

            “ ကိုကြီးလင်းတုန်ကို မေမေကခေါ်ခိုင်းလိုက်တယ်.. “

              လင်းတုန်၏လက်မောင်းတွေကိုသူမ၏လက်ကလေးဖြင့်ဆွဲကာ ဂူပြင်ကိုခေါ်သွားပေသည်။

             ပွစိပွစိပြောနေတဲ့ကလေးမကိုကြည့်ပြီးလင်းတုန်ရယ်မောလိုက် ပေသည်။သူ့၏လက်ကိုချက်နားတစ်ဝိုက်ကိုစမ်းကြည့်လိုက်သောအခါဆန်းကျယ်သော ကျောက်အဆောင်လေးကအေးစက်စက်အတွေ့ကိုထုတ်လွှင့်ပေးနေပေသည်။  

           ထိုအရာကဘယ်ကဘယ်လိုရောက်လာခဲ့မှန်းမသိသော်လည်းသာမန်ပစ္စည်းတစ်ခုမဟုတ်တာသေချာပေသည်။  

           အလင်းရောင်ပျောက်ကွယ်သွားပြီးအမှောင်ထုပေါ်လာတဲ့နောက် တွင် အအေးမြသောလ၏အအေးဓာတ်ကနေအပူတွေကိုတိုက်ထုတ်လိုက်ပေသည်။    

            လင်းတုန်နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေပေသည်။ပြတင်းပေါက်မှလ၏အလင်းရောင်ဟာဖြာကျနေပြီးလင်းတုန်ရဲ့ကိုယ်တစ်နေရာကနေတောက်ပလာပေသည်။လ၏အလင်းရောင်ကမကြာခင်မှာပဲလှိုင်းထလာပြီးထူးခြားတဲ့ဖြစ်ရပ်တစ်ခုပေါ်ပေါက်လာပေသည်။လ၏အလင်းရောင်ကလင်းတုန်၏ဗိုက်တစ်ဝိုက်မှာစုစည်းလာပြီးထိုအလင်းရောင်ရဲ့အလယ်ကနေဆန်းကြယ်သောအဆောင်လက်ဖွဲ့ဟာအလင်းတန်းတစ်ခုထုတ်လွှတ်လိုက်ပေသည်။  

             ကျောက်လက်ဖွဲ့တောက်ပလာချိန်မှာပဲနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့လင်းတုန်ဟာနိုးလာပေသည်။သူမနိုးခင်လေးတွင်သူ့၏စိတ်အနက်ပိုင်းတစ်နေရာကနေချာချာလည်အောင်ထွန်းထုတ်ခံလိုက်ရ၏။လင်းတုန်ပြန်ပြီးအသိမကပ်တော့ပဲမှောင်မဲနေတဲ့နေရာတစ်ခုကိုတွေ့လိုက်ရသည်။

          ထိုနေရာတွင်အလင်းရောင်လုံးဝမရှိပေ…တိတ်ဆိတ်ခြင်းနဲ့အေးစက်ခြင်းသာရှိပေသည်။

           ထိုသို့ပြောင်းလဲသွားတဲ့အခြေအနေတွေက လင်းတုန်ကိုထိတ်လန့်သွားစေလေသည်။ဘာပဲဖြစ်ဖြစ်သူက၁၄နှစ်အရွယ်ကလေးသာသာ သာရှိသေးပေသည်။

           ခ်ခ်

           လင်းတုန်ကြောက်ကြောက်နဲ့အမှောင်ထဲကထွက်လာတဲ့ရယ်သံဘယ်ကိုလှည့်ကြည့်လိုက်သောအခါ သူနှင့်တူတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရသည်။သူ့နဲ့ကွဲပြားတာဆိုလို့ထိုလူ၏မျက်နှာတွင်အသက်မဲ့နေခြင်းဖြစ်သည်။ပြောရမယ်ဆိုရင်လင်းတုန်း၏ပုံတူအရုပ်ပုံစံမျိုးဖြစ်၏။။

            "ဘာတွေဖြစ်တာလည်းဟ"


           ကြည့်နေရင်းနဲ့လင်းတုန်ကြောက်စိတ်တွေစိုးရိမ်စိတ်တွေပျောက်သွားပေသည်။

           လင်းတုန်းကြည့်နေရင်းနဲ့မှလင်းတုန်း၏ပုံစံတူပုံရိပ်ကစတင်ရွေ့လျှားလာကာရင်းနှီးသောလက်သီးသိုင်းကိုစတင်ကစားပြလေသည်။

          "ဖောက်ထွင်းလက်သီးသိုင်း"

          လင်းတုန်းဟာမျက်တောင်မခက်ရဲသလောက်အထိမျက်လုံးပြူးပြူးထားပြီးမလှုပ်မယှက်နဲ့ကြည့်နေပေသည်။မကြာခင်မှာပဲပုံရိပ်ကစားပြနေတဲ့လက်သီးသိုင်းက လင်းရှောင်ထက်တောင်ပိုပြီးသေ သပ်တိကျနေတာကိုတွေ့လိုက်ရပေသည်။

        "  ဖောက် ဖောက် ဖောက် ဖောက် ဖောက် ဖောက် ဖောက် ဖောက် ဖောက်"

         " ပဲတင်သံကိုးသံ'

          ပုံရိပ်ဟာဖောင်းထွင်းလက်သီးသိုင်းကိုပြည့်ပြည့်စုံစုံကစားပြသွားပေသည်။

          လက်သီးသိုင်းလှုပ်ရှားအပြီးတွင်ပုံရိပ်ရဲ့ခန္ဓာကိုယ်ဟာသိမ့်ခနဲလှုပ်ရှားသွားပြီးနောက်ထပ်ပဲ့တင်သံထွက်လာပေသည်၊

        "   ဟင် ပဲ့တင်သံ ၁၀သံ     '

            လင်းတုန်ကြောင်သွားသည်။ဖောက်ထွင်းလက်သီးသိုင်းဟာအမြင့်ဆုံးအဆင့်တွင်ပဲ့တင်သံကိုးသံပဲထွက်​ခြင်းဖြစ်၏။ခုပုံရိပ်ကစားပြတဲ့လက်သီးသိုင်းကတော့၁၀သံပင်ဖြစ်နေပေသည်။ 

နောက်ဆုံးတွင်တော့လင်းတုန်ဟာအခြေအနေအကုန်ကိုနားလည်လိုက်ပါပြီ။ပုံရိပ်ရဲ့ဖောက်ထွင်းလက်သီးသိုင်းကွက်ဟာသူ့အဖေကစားပြတာထက်ကိုအများကြီးပြည့်စုံနေတာပါ။

         ပုံရိပ်ဟာဒီလိုဆန်းကြယ်တဲ့အရည်အသွေးရှိပေသည်။သူရတနာတစ်ခုပိုင်ဆိုင်ထားတယ်ဆိုတာကို  လင်းတုန်းနားလည်သွား၏။ 

           အစတုန်းကလိုကြောက်ရွံစိတ်တွေမရှိတော့ပေ။သူ့စိတ်ကိုနှစ်ပြီးပုံရိပ်ကိုကြည့်နေရင်းသိုင်းကွက်တွေတစ်ကြိမ်ပြီးတစ်ကြိမ်ကိုမှတ်သားလိုက်ပေသည်။

          နောက်ဆုံးအတိုင်းအတာတစ်ခုထိနားလည်သွားတဲ့အခါတွင်လင်းတုန် ခြေကိုခွဲရပ်ပြီးပုံရိပ်နဲ့အတူလိုက်လံလေ့ကျင့်ပါတော့တယ်။

         ဖောက်

         အမှောင်ထုထဲတွင်ဆင်တူပုံစံနှစ်ခုဟာအမူအရာအတူတူလှုပ်ရှားနေပေသည်။တစ်ခုဟာသက်ရှိတစ်ယောက်ဖြစ်ပြီးတစ်ကတော့တောက်ပနေတဲ့ပုံရိပ်တစ်ခုဖြစ်၏။

          လင်းတုန်ဟာငြီးငွေ့တဲ့ပုံမပေါ်ပေ။သူ့၏မျက်နှာလည်းစိတ်အားထက်သန်ဟန်အထင်းသားနဲ့ပုံရိပ်ရဲ့လှုပ်ရှားမှုအတိုင်းထပ်တူလေ့ကျင့်နေပေသည်။

          " ဖောက် ဖောက် ဖောက် ဖောက်'

       လင်းတုန်မျောက်တစ်ကောင်လိုလေ့ကျင့်နေရင်းသူ့လက်ကပဲ့တင်သံလေးသံထွက်လာပေသည်။

       "ပဲ့တင်သံလေးသံ"

       လင်းတုန်မျက်လုံးတွေတောက်ပလာပေသည်။သေးငယ်တဲ့အရေးမပါတဲ့ပြင်ဆင်ချက်လေးတွေကဖောက်ထွင်းလက်သီးကိုအများကြီးတိုးတက်စေမယ်လို့သူမတွေးခဲ့မိပေ။

        ဤအတွေ့အကြုံကအရမ်းကျွမ်ယကျင်တဲ့ဆရာတစ်ဆူကလာသင်ကြားပေးသလိုဖြစ်နေပေသည်။ဒီအဆင့်ထိတက်မြောက်သွားအောင်သင်ပေးနိုင်တဲ့ဆရာဟာတကယ်ကိုကြောက်စရာကောင်းလောက်အောင်ထူးချွန်သောပညာရှင်ပင်ဖြစ်၏။

        လင်းတုန်ဘဝင်ခိုက်နေပါပေသည်။သူ့ဆောင်ရွက်ချက်ကဘယ်သူမှမချိုးနိုင်တဲ့စံချိန်ဖြစ်ပေသည်။သူ့အဖေတလလောက်ဤလိုအခြေအနေရောက်အောင်ကြိုးစားခဲ့ရပေသည်။အခုသူကသူ့အဖေထက် ၁၀ဆလောက်ပိုပြီးမြန်နေလေသည်။

       ဒီလိုဆောင်ရွက်ပြီးတဲ့နောက်သူစိတ်နှစ်ပြီးတောက်ပနေတဲ့ပုံရိပ်နဲ့တစ်ထပ်ထဲကြအောင်ကစားနိုင်ဖို့ကြိုးစားလိုက်၏။ဒီအချိန်မှာအတွေးကမ္ဘာထဲတွင်လေ့ကျင့်နေတဲ့လင်းတုန်အတွက်အချိန်တွေဟာရပ်တန့်နေသလိုပဲ

ချွေးတွေတစက်စက်ကျနေရင်းသူ့၏လှုပ်ရှားမှုတွေဟာပုံရိပ်နဲ့တထပ်ထဲပိုပိုကျလာပေသည်။

          အတွေးကမ္ဘာထဲတွင်တောက်ပနေတဲ့ပုံရိပ်နဲ့လူတစ်ယောက်ဟာမျောက်တစ်စုံလှုပ်ရှုးနေသလိုထပ်တူညီစွာရွေ့ရှားနေကာ လေထဲကိုလက်သီးထိုးထုတ်လိုက်တိုင်းပဲ့တင်သံတွေထွက်ထွက်လာပေသည်။



rate now: