book

Index 4

အပိုင်း၄ ကျောက်စမ်းအိုင်၏လျှိူ့ဝှက်ချက်

  • Author : Win min khant
  • Genres : Adventure, Comedy, Action
  • Original Author : Heavenly Silkworm Potato (天蚕土豆)





အဆောင်သခင် သိုင်းဘုရင် 


အပိုင်း ၄….ကျောက်စမ်းအိုင်၏လျှို့ဝှက်ချက် 

 

     “ ဒါ… အိမ်မက်...အိမ်မက်လား....ဒါအိမ်မက်ပဲ ဖြစ်ရမယ် “

     

လင်းတုန် သူ၏လက်များကို စိုက်ကြည့်လိုက်ပြီး ထအော်လိုက်သည်။လင်းတုန်မျက်လုံးမှိတ်ကာအသက်မှန်မှန်ရှူလိုက်ပြီးစိတ်တည်ငြိမ်သွားအောင်လုပ်လိုက်၏။ထို့နောက်သူ၏မျက်လုံးကိုပြန်ဖွင့်ကာလက်နှစ်ဖက်ကိုပြန်လှုပ်ယမ်းလိုက်ပြန်သည်။

     သူ့၏အရေပြားကအရင်ကထက်အနည်းငယ်ပိုမာကြောလာသည်ကိုခံစားမိလိုက်၏။ယခုအခါ လင်းတုန်၏အရေပြားကကျောက်တုံးကဲ့သို့မာကျောနေပြီဖြစ်၏။ဤသည်ကအိပ်ပျော်သွားစဉ်အတောအတွင်း သန်မာလာခြင်းဖြစ်ကြောင်းသိသာလှပေသည်။

       ဤသည်ကခန္ဓာကိုယ်ကျင့်ကြံမှုအဆင့်လေး၏အမှတ်အသားပေ။ယခုအခါ လင်းတုန် နေ့ခင်းကြောင်တောင် သရဲတွေ့သလို ပါးစပ်အဟောင်းသားဖြစ်နေပေသည်။

သူထိုနေ့အစောပိုင်းလေးကမှခန္ဓာကိုယ်ကျင့်ကြံမှုအဆင့်၃ကိုရောက်ရှိခဲ့ခြင်းဖြစ်ပေသည်။အခုဘယ်လိုလုပ်ကိုယ်ခန္ဓာကျင့်ကြံမှုအဆင့်လေးကိုရောက်နိုင်မည်နည်း။အလွန်မယုံနိုင်စရာကောင်းပေသည်။

           ထိုအံဖွယ်သရဲဖြစ်ရပ်ကြောင့်လင်းတုန်အလွန်စိတ်လှုပ်ရှားသွားနေပေသည်။ထိုပုံစံအတိုင်းဆိုပါကမိသားစုပြိုင်ပွဲတွင်ထိပ်ဆုံး၃ယောက်ထဲဝင်ဖို့ကသူ့အတွက်မခက်ခဲတော့ပေ။၁၀နှစ်တစ်ကြိမ်ကလန်ပြိုင်ပွဲအတွက် စိုးရိမ်နေစရာမလိုတော့ပေ။

     “    ဘယ်.. ဘယ်လိုဖြစ်သွားတာလဲ“

        လင်းတုန်၏မျက်နှာကစိတ်လှုပ်ရှားနေပြီးယခုဖြစ်ရပ်ကိုအစအဆုံးပြန်စဉ်းစားနေပေသည်။ထို့နောက်ဂူပတ်ပတ်လည်ကိုကြည့်နေရင်းမှကျောက်စမ်းအိုင်လေးကိုစိုက်ကြည့်မိလိုက်၏။


         "ဒီကျောက်စမ်းအိုင်ကြောင့် ထူးထူးဆန်းဆန်းဖြစ်သွားတာလား"

လင်းတုန် ဝေခွဲမရဖြစ်နေပေသည်။

         သူငယ်စဉ်ကတည်းကထိုကန်ထဲတွင်အကြိမ်ပေါင်းများစွာစိမ်ခဲ့ပေသည်။ယခုမှပထမဆုံးအကြိမ်ထူးဆန်းသည့်ကိစ္စဖြစ်လာခြင်းဖြစ်၏။

         “   ဘယ်လိုဖြစ်သွားတာပါလိမ့်“


ဂျင်ဆင်းနီကြောင့်မဟုတ်တာသေချာပေသည်။ဂျင်ဆင်းနီကအဆင့်တစ်ဆေးဝါးအဆင့်အတန်းပဲရှိပေသည်။လင်းတုန်ကိုယ်ခန္တာကျင့်ကြံမှုအဆင့်၃ရောက်သွားကတည်းကပင်ဂျင်ဆင်းနီရဲ့အာနိသင်ဂိတ်ဆုံးနေပြီဖြစ်သည်။  

             

"ဒီနေ့မှတစ်ခုခုထူးခြားသွားတာနေမယ်"


            နှုတ်ခမ်းတင်းတင်းစေ့လိုက်ပြီး တစ်စုံတစ်ခုကိုဆုံးဖြတ်ချက်ချလိုက်တဲ့ပုံလင်းတုန်၏မျက်နှာတွင်ပေါ်လာပေသည်။ထိုထူးဆန်းသောဖြစ်ရပ်ကိုအဖြေရှာဖို့ကသူ့အတွက်အရမ်းအရေးကြီးမှန်းလင်းတုန်နားလည်လေသည်။

            “ ငါဒီနေ့အရမ်းပင်ပန်းတယ်.....ဟုတ်ပြီပင်ပန်းလွန်းလို့ဒီမှာလာပြီးအနားယူတယ်.....ပြီးတော့ငါအိပ်ပျော်သွားတယ်....အိပ်မပျော်ခင်......... “

      ကျောက်စမ်းအိုင်လေးတွင် လင်းတုန် ခေါင်းခြောက်မတတ်စဉ်းစားနေပေသည်။ထိုနောက် လမ်းလျှောက်ကာ အကြိမ်ကြိမ်စဉ်းစားနေရင်း သူ၏လက်မောင်းကို ပြန်ရိုက်မိသောအချိန်တွင် လင်းတုန် ကြက်သေသေသွား၏။ သူ၏လက်မောင်းမှ သွေးစို့နေသောဒဏ်ရာကို ပြန်တွေးမိလိုက်ရင်းထအော်လိုက်ပေသည်။

         “  သွေး. . . “

          လင်းတုန်မျက်လုံးများအရောင်တောက်လာပေသည်။ထို့နောက် ကျောက်တုံးနောက်တွင် ဝှက်ထားသော ဓားလေးကို ယူ၍သူ၏ လက်ထိပ်ကို လှီးလို်က်ကာ သွေးတစ်စက်ကို ကျောက်စမ်းအိုင်းထဲသို့ချလိုက်သည်။


          “  ပလွပ် “

          တိတ်ဆိတ်နေသော ဂူထဲတွင်ရေထဲသို့သွေးစက်ကလေးကျသွားသောအသံကိုရှင်းရှင်းလင်းလင်းကြားရပေသည်။

လင်းတုန်ကတော့သွေးစက်ကလေးကျသွားသောနေရာကိုစိုက်ကြည့်နေတုန်းပင်။

           သွေးစက်ကကန်ရေပြင်နဲ့ထိထိခြင်းတွင်ပဲလှိုင်းကလေးထလာပြီးသွေးစက်ကပြန့်ကျဲကာအနည်ထိုင်သွားပေသည်။ထိုနောက်ရေထဲတွင် နီရဲသောပူဖောင်းကလေးများ ဖြစ်ပေါ်လာပေသည်။

         လင်းတုန်ချက်ချင်းသူ့၏လက်ကိုကန်ထဲချလိုက်သည်။ထိုအခါ အနီရောင်ပူဖောင်းလေးကလင်းတုန်၏လက်မှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ဝင်ရောက်သွားပေသည်။ အနီရောင် အရည်ကလေးက သူ၏ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားသောအခါ ပူပြင်းသောခံစားချက်ကို ခံစားလိုက်ရပြီး သူ၏လက်မောင်းမှ အရည်ပြားများ ပိုပိုသန်မာလာသည်အားခံစားမိလိုက်သည်။

          "ဒါကအမှန်ပဲဟ"    


            သူ့လက်မောင်း၏ပြောင်းလဲမှုများကို သတိထားမိသောအခါ လင်းတုန်၏အမူအရာက လေးနက်သွား၏။ 


“ ငါထင်တာမှန်တယ် ဒီရေက သူရဲ့ ဂုဏ်သတ္တိကိုပေါ်ဖို့ သွေးလိုတာပဲ….“


            လင်းတုန် သူ့၏လက်များကိုလှုပ်ယမ်းကြည့်လိုက်သောအခါသူ့၏လက်များရှိအရေပြားများကခန္ဓာကိုယ်တစ်ခုလုံးထက်ပိုမာကျောနေသောကိုသတိထားမိပေသည်။ဤသည်ကအချိန်ခနလေးအတွင်းတွင်တိုးတက်လာခြင်းဖြစ်သည်။ဤအိုင်လေးထဲမှ ရေများက ချင်ယွမ်မြို့တွင် ရောင်းနေသော အဆင့်သုံးဆေးဝါးများထက် ပိုမိုအစွမ်းထက်ပေသည်။


 “ ဘာလို့ ဒီလိုရေအိုင်လေးထဲမှ အဆင့် ၃ဆေးဝါးတွေတောင် မယှဉ်နိုင်တဲ့ အစွမ်းမျိူးရှိနေတာလဲ…“ 

                   ပြီးခဲ့တဲ့နှစ်တွေတုန်းကတော့စမ်းအိုင်လေးထဲကရေတွေကသာမာန်စမ်းရေတွေပေဘဲ။အေးစက်လက်ဆက်နေသောကလွဲဘာအာနိသင်မှမရှိသောရေတွေဖြစ်၏။ယခုထိုအခြေအနေတွေဖြစ်လာသောကိုဘယ်လိုမှစဉ်းစားလို့မထွက်​​ေပ။

            လင်းတုန်နဖူးကိုပွတ်ပြီးစဉ်းစားနေ၏။ကျောက်စမ်းအိုင်လေးရဲ့ထူးခြားချက်ကသူ့ကိုအရမ်းစိတ်လှုပ်ရှား​စေသည်

။နောက်ဆုံးကျောက်စမ်းအိုင်ရဲ့ဘေးဘက်ကိုလျှောက်ကြည့်ဖို့ပြင်လိုက်ပါသည်။ထိုကျောက်စမ်းအိုင်ရဲ့လျှိုဝှက်ချက်ကိုရှာတွေ့ မည်ဆိုရင်လင်တုန်းအတွက်အကျိုးအမြတ်အ​ေတာ်များသွားပေမည်။

             လင်းရှောင်ရဲ့ဒဏ်ရာကနေပြန်သက်သာလာဖို့ဆေးဝါးများလိုအပ်ပါသည်။သူ့ရဲ့ခေါင်းမာသောအကျင့်ကြောင့်လင်းရှောင်ကလင်းမိသားစုရဲ့အကူအညီမှန်သမျှကိုငြင်းပယ်ထားပေသည်။သူပြန်လည်ကျန်းမာဖို့အတွက်သူ့ရဲ့ကံတရားရယ်သူအမဲလိုက်ရင်းရလာသောဆေးဝါးများအပေါ်တွင်ပဲမှီခိုနေ၏။ထိုအခြေအနေတွေကြောင့်လင်းတုန်လည်းလင်းမိသားစုတွင်အခွှင့်ထူးခံအနေနဲ့လေ့ကျင့်ဖို့မနှစ်သက်​ေတာ့​ေပ။

              ထိုအခြေအနေတွေကြောင့်လင်းတုန်ကကျောက်စမ်းအိုင်လေးရဲ့လျှို့ဝှက်ချက်သိဖို့လိုအပ်နေခြင်းဖြစ်၏။

             " ဒီစမ်းအိုင်လေးရဲ့အာနိသင်ကိုလျှို့ဝှက်ထားရမယ်"

            လင်းတုန်လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်မိလိုက်ပါသည်။တကယ်လို့သာကျောက်စမ်းအိုင်လေးရဲ့အစွမ်းများသာပျံ့နှံသွားမယ်ဆိုရင်လိုချင်သူတွေပေါ်လာပေမည်။ချင်ယွမ်မြို့ကတခြားမိသားစုများကပင် လင်းမိသားစုကိုတိုက်ခိုက်လုယူကြ​ပေမည်။

              " ရတနာများပိုင်ဆိုင်မှုကကံဆိုးမှုမဟုတ်ဘူးဒါပေမယ့်ဒုက္ခတွေရောက်လာတတ်တယ်..."

            လင်းတုန်ငယ်ရွယ်သေးပေမယ့်လည်းလောကရဲ့သဘောတရားများကိုနားလည်သည်။   

         လင်းတုန်နှုတ်ခမ်းသပ်ပြီးစဉ်းစားနေပေသည်။ခဏအကြာသူထွက်သွားမည်အလုပ်တွင်ဂူ၏ မျက်နှာကျက်ကနေမှိတ်မှိတ်တုတ်အလင်းရောင်လေးတစ်ခု ကသူ့မျက်လုံးထဲဝင်လာပေသည်။

            သာမာန်အချိန်မှာဆိုရင်သူဘယ်လိုမှသတိထားမိမှာမဟုတ်​ေပ။ရေအိုင်လေးရဲ့ထူးခြားချက်ကိုမြင်ကာမှ ပတ်ဝန်းကျင်ကိုသတိထားမိ​လိုက်ခြင်းဖြစ်၏။။

          အလင်းရောင်ထွက်လာသောနေရာဆီကိုပဲသူစူးစိုက်ကြည့်နေလိုက်ပါသည်။သူဂရုတစိုက်ကြည့်နေတုန်းတွင်ပဲနောက်ထက်အလင်းရောင်လေးထပ်ပေါ်လာပေသည်။ဒါကလျင်မြန်လွန်းပေသည်။မကြာခင်မှာထိုအလင်ရောင်လေးကကန်ထဲကိုကျသွားပေသည်။

          အလင်တန်းကြောင့်ကန်ထဲတွင်လှိုင်းလေးထလာပေသည်။

         ကန်ထဲကျသွားသောအလင်းရောင်ပေါ်လာသောနေရာကိုသူစိုက်ကြည့်လိုက်သည်။ဖြတ်ခနဲ့အလင်းရောင်ကန်ထဲကျတော့သူခုန်အုပ်ပြီးဖမ်းလိုက်ပါသည်။အဲ့တာကကန်ထဲကို သွေးစက်ချလိုက်တုန်းကပေါ်လာသောအနီရောင်အရည်လေးဖြစ်နေပေသည်။


       "လျှို့ဝှက်ချက်ကအဲ့ဒါများလား"


        မျက်လုံးများအရောင်တောက်ပလာပြီးလင်းတုန်မျက်နှာကျက်ကိုခေါင်းမော့ကြည့်လိုက်သည်။




rate now: