အဆောင်သခင် သိုင်းဘုရင်
အပိုင်း၃.. ထူးခြားသောကျောက်စမ်းအိုင်
အသံတစ်သံ
လင်းတုန် မျက်နှာတွင်ဝမ်းသားနေဟန်အထင်းသားကြီးပေါ်နေပြီးသူ့လက်သီးကိုသူပြန်စိုက်ကြည့်နေပေသည်။ထို့နောက် ခေါင်းမော့ကြည့်လိုက်သောအခါ လင်းရှောင်ကသစ်တောထဲကနေထွက်သွားနေသည်ကိုတွေ့လိုက်သည်။
“ ဟား ဟားမနက်ဖြန်ကြရင်အဖေ့ကိုငါပြလိုက်ရင်သူ့အံသြသွားမှာသေချာတယ်“လင်တုန်းရေရွှတ်လိုက်ရင်းမျက်နှာတစ်ချက်မဲ့သွားပေသည်။သူ့၏လက်မောင်းကနာကျင်မှုပေါ်လာလို့အင်္ကျီလက်အိုးစကိုကဗျာကယာမတင်ကြည့်လိုက်သောအခါတွင်လက်မောင်းတစ်ခုလုံးသွေးစို့နေသောအနီရောင်အရာလေးများပြည့်နေသည်ကိုတွေ့လိုက်၏။
"အ"
ဤမတိုင်ခင်တုန်းကသူမရပ်မနားလေ့ကျင့်နေသောကြောင့်သွေးပူပြီးနာကျင်မှုမခံစားရခြင်းဖြစ်ပေသည်။ ဒဏ်ရာများကဖောက်ထွင်းလက်သီးကိုလေ့ကျင့်သောကြောင့်အကြိမ်မြောက်များစွာအဝတ်နှင့်အသားရိုက်ခက်မိပြီးဖြစ်လာခြင်းဖြစ်သည်။
“ အင်း ငါရေစိမ်တဲ့နေရာသွားဖို့အချိန်ရောက်ပြီပဲ။”
လင်းတုန်ကောင်းကင်ပြာကြီးကိုမော့ကြည့်လိုက်ပြီးတောင်ပေါ်ကပြေးဆင်းချလာပေသည်။၁၅မိနစ်လောက်ကြာသောအခါသူ့၏ရှေ့တွင်မတ်စောက်နေသောကျောက်နံရံကြီးကိုတွေ့လိုက်၏။လင်းတုန် ကျောက်နံရံကနေငေါ့ထွက်နေသောကျောက်တုံးတစ်တုံးနောက်ဆီကိုလျှောက်သွားလိုက်သည်။ထိုနေရာကတွေ့ဖို့ခက်ခဲပြီးလျှို့ဝှက်နေရာလေးကဲ့သို့ဖြစ်နေပေသည်။
လင်းတုန်က ဘေးပတ်ဝန်ကျင်ကိုလူရှိမရှိကြည့်လိုက်ပြီး ရင်းနှီနေသောနေရာလေးဆီသွားလိုက်သည်။ထို့နောက်ကျောက်တုံးကြီးများကိုကျော်ပြီးသောအခါတွင်ဂူလေးတစ်ခုဆီရောက်သွားပေသည်။
ထိုဂူလေးကတွေ့ဖို့အတော်ခက်ခဲပြီး ကျောက်တုံးကြီးများကထိုဂူလေးကိုကွယ်ထားလေသည်။သေချာမရှာပါက မည်သူမှ တွေ့မည်မဟုတ်ပေ။ မည်သူမှလည်း ထိုနေရာကို ရှာပြီးအချိန်ဖြုန်းနေမည်မဟုတ်ချေ။
ဂူလေးထဲကိုဝင်သွားလိုက်အခါအေးစက်လန်းဆန်းသောလေကလေးကချွေးများစိုရွှဲနေသောလင်းတုန်ခန္ဓာကိုယ်ကိုဖြတ်သန်းတိုက်ခက်သွားပေသည်။အပြင်ကပူပြင်းသောရာသီဥတုနှင့် ယှဉ်လိုက်သောအခါထိုဂူလေးကတခြားကမ္ဘာတစ်ခုကဲ့သို့ဖြစ်နေပြီးအပူရှောင်လို့ကောင်းသောနေရာလေးတစ်ခုဖြစ်၏။
ဂူကအရမ်းကြီးမကျယ်ပါပေ။ဂူအလယ်တွင်အလျားအနံ၆မီတာ ၁၀မီတာလောက်ရှိသောကျောက်စမ်းအိုင်လေးရှိနေသည်ကလွဲရင်သာမာန်ပင်ဖြစ်၏။
ရေအိုင်ဆီကိုလျှောက်သွားကြည့်မယ်ဆိုရင်ကြည်လင်နေသောရေနဲ့ရေပေါ်တွင်အေးစက်နေသောမြူငွေ့လေးများသမ်းနေသည်ကို တွေ့ရပေမည်။
" ဗွမ်း"
လင်းတုန် အဝတ်အစားများချွတ်ပြီးရေထဲခုန်ချလိုက်သည်။တစ်ခဏမျှခိုက်ခိုက်တုန်အောင်ချမ်းသွားပြီနောက်လင်းတုန်အအေးဒဏ်ကိုခံနိုင်သွားပေသည်။
လင်းတုန်ကလေးဘဝတုန်းကထိုအိုင်လေးကိုတွေ့ခဲ့ခြင်းဖြစ်ပြီး ချင်တန်မှ
လွဲရင်ဘယ်သူမှမသိသောနေရာလေးဖြစ်၏။။ထိုနေရာကိုလာပြီးရေစိမ်ရသည်ကိုလင်းတုန်အရမ်းကြိုက်ပေသည်။အေးစက်လတ်ဆက်တာကလွဲရင်ဘာမှမထူးခြားသောကျောက်စမ်းအိုင်လေးဖြစ်သည်။
ဤသည်က အတိအကျတော့မမှန်ပေ။ လင်းတုန် ထိုနေရာတွင် ရေစိမ်လိုက်တိုင်း သူ၏ နာကျင်မှုများကို မေ့ပျောက်သွားကာ အိပ်ပျော်သွားလေ့ရှိပေသည်။
ထိုအကြောင်းကိုလင်းတုန် အရင်ကသတိမထားမိပေ။
ဖောက်ထွင်းလက်သီးကိုလေ့ကျင့်သောအခါတွင်သူ့အာရုံစူးစိုက်နိုင်တဲ့အခြေအနေက လေ့ကျင့်မှုကိုအတော်လေးအကျိုးပြုပေသည်။ထိုသို့မဟုတ်လျှင် အချိန်တိုလေးအတွင်းဖောက်ထွင်းလက်သီးကိုတတ်မြောက်မှာမဟုတ်ပေ။ပဲ့တင်သံတစ်သံထွက်ဖို့ပင်မလွယ်ပါချေ။
လင်းတုန်ရေကန်ထဲတွင်လှဲနေရင်းသူ့၏လက်များကိုလှုပ်ရမ်းလိုက်သောအခါပေါ်လာသောလှိုင်းများကိုငေးကြည့်နေပေသည်။ ထို့နောက်သူ့၏နဖူးများကိုရှုံ့ကာအမြန်ဆုံး ယွမ်စွမ်းအားစတင်အသုံးချနိုင်ဖို့စဉ်းစားနေပေသည်။
”ငါသာခန္ဓာကိုယ်ကျင့်ကြံမှုအဆင့်၆ရောက်ခဲ့ရင်ယွမ်အမြူတေမွေးဖွားလာပြီးယွမ်အင်အားကိုပိုင်ဆိုင်မှာ…ဒါဆိုငါကျင့်ကြံမှုလမ်းကြောင်းပေါ်ရောက်သွားပြီ…"ကျင့်ကြံမှုများအကြောင်းကိုတွေးရင်လင်တုန်းကကိုယ့်ကိုယ်ကိုဖြတ်ရိုက်ချင်စိတ်ပင်ပေါက်လာလေသည်။လင်းမိသားစု၏မျိုးဆက်သစ်များထဲတွင် ယွမ်စွမ်းအားအသုံးပြု၍ရသောအဆင့်ကိုရောက်သည့်သူကလက်ချိုးရေလို့ရပေသည်။
ထိုကမ္ဘာရဲ့ကျင့်ကြံမှုတွင်ယွမ်စွမ်းအားကအရေးကြီးပေသည်။သန်မာသောလေ့ကျင့်သူများဆိုလျှင်တောင်များကိုပင်လက်နှစ်ဖက်ဖြင့်ဖြိုနိုင်ပေသည်။ထိုသို့ကမ္ဘာကိုတုန်လှုပ်စေသောအဆင့်က လင်းတုန်လိုအစပိုင်းအဆင့်ပုရွက်ဆိတ်ကလေးအတွက်အတော်အလှမ်းဝေးနေပေသေးသည်
။
အံသြစရာကောင်းလောက်အောင်အင်အားကြီးမားသောယွမ်စွင်အားကကောင်ကင်နဲ့မြေကြီးကြားတွင်ပျံနှံနေပေသည်။ကောင်းကင်နဲ့မြေကြီးကနေယွမ်စွမ်းအားစုပ်ယူနိုင်ဖို့ခန္ဓာကိုယ်ထဲယွမ်ပျိုးစေ့မွေးဖွားနိုင်အောင်ကျင့်ကြံဖို့လိုပေသည်။ထိုသို့ကျင့်ကြံနိုင်လျှင်ယွမ်စွမ်းအားများစတင်စုပ်ယူနိုင်ပြီဖြစ်၏။
လင်းတုန် ရေကန်ဘောင်ကိုမှီကာမျက်လုံးမှိတ်ပြီးအနားယူလိုက်သည်။ခနလေးသူ့အတွေးတွေယောက်ယက်ခက်ပြီးနောက်တွင်အိပ်မောကျသွားပေသည်။ယနေ့သူလေ့ကျင့်ခဲ့သည်ကပြင်းထန်လွန်းပေသည်။
လင်းတုန်လုံးဝအိပ်ပျော်သွားသောအခါတွင်ဂူလေးကတိတ်ဆိတ်သွားပြီးရေတွေကလည်းငြိမ်သက်သွား၏။
" ပလွပ်"
တိတ်ဆိတ်နေချိန်တွင် ဆူညံသံလေးတစ်ခုကရေထဲကထွက်လာပေသည်။လင်းတုန်ဒဏ်ရာကနေအနီရင့်ရင့်သွေးတစ်စက်ကျသွား၏။
ထိုသွေးတစ်စက်ကျသွားသောအချိန်တွင်ငြိမ်သက်နေသောရေပြင်ဟာစတင်ဆူပွက်လာပေသည်။လင်းတုန်၏အနားကနေသွေးရောင်ခပ်ဖျော့ဖျော့ရှိသောပူဖောင်းလေးများတစ်လုံးပြီးတစ်လုံးထွက်လာပေသည်။သွေးရောင်ဖျော့ဖျော့အရည်များကလည်းကိုယ်ပိုင်အသိဉာဏ်ရှိသောအလားလေထဲကနေလင်းတုန်၏ချွေးပေါက်များဆီရွှေ့လျားလာ၏။
သွေးရောင်ဖျော့ဖျော့အရည်များလင်းတုန်၏ခန္ဓာကိုယ်ထဲစိမ့်သွားသောအချိန်တွင်လင်းတုန်ခန္ဓာကိုယ်က
ကြမ်းကြမ်းတမ်းတမ်းဖိနှိပ်ခံရသကဲ့သို့ကြွက်သားများကခံစားလိုက်ရပေသည်။
လင်းတုန်၏ခန္ဓာကိုယ်ကနေချွေးနှင့်အညစ်အကြေးများထွက်လာကာ ခန္ဓာကိုယ်ကျင့်ကြံခြင်းအဆင့်သုံးရောက်ခါစထက်ပိုသန်မာလာသည်ကိုခံစားလိုက်ရပေသည်။လင်းတုန်၏ခန္ဓာကိုယ်ကကြမ်းကြမ်းတမ်းတမ်းရေညှစ်ထုတ်ခံလိုက်ရသောရေမြှုပ်ကဲ့သို့မူလကနေကျုံ့ဝင်သွား၏။
၁၀မိနစ်လောက်ကြာသောအခါပွက်နေသောရေများကရပ်သွားပြီးရေပြင်ဟာငြိမ်သက်သွားပေသည်။လင်းတုန်လန့်နိုးလာကာပူလောင်စွာေအာ်လိုက်သည်။
ဗွမ်း
လင်းတုန်တစ်ကိုယ်လုံးရေထဲနှစ်မြုပ်သွားပြီး ခဏကြာသောအခါ ရေထဲကနေ ခုန်တက်လာပြိး အသက်ပြင်ပြင်းရှုလိုက်၏။ သူ၏တစ်ကိုယ်လုံး မီးဖိုထဲတွင် ဖုတ်ခံထားရသလို ပူလောင်နေပေသည်။
“ ဘာလို့ဒီလောက်ပူလာတာလဲ “လင်းတုရေရွတ်လိုက်သည်။
ရေကန်ဘေးတွင်ရပ်ကာ အင်္ကျီဝတ်နေရင်း သူ၏ လက်များကိုပြန်ကြည့်မိလိုက်သောအခါ
"ဟမ်"
လင်းတုန်ရဲ့လက်များဖြူစင်သန့်ရှင်းနေပေသည်။သူလေ့ကျင့်တုန်းကသွေးများစို့နေပြီးဒဏ်ရာရနေသည်ကိုသေချာမှတ်မိပေသည်။သူ့ဒဏ်ရာတွေပျောက်သွားသည်လား …..
လင်းတုန် လက်ကို လှုပ်ယမ်းကြည့်လိုက်သောအခါ သူ့၏အရေပြားနှင့့်ကြွက်သားများက ပိုမိုမာကြောလာသည်ကို တွေ့လိုက်ရပေသည်။ခန္ဓာကိုယ်ကျင့်ကြံခြင်းအဆင့်လေးကိုရောက်သွားသည်လား….
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ
လင်းတုန် ထိုအရာကို တွေ့လိုက်သောအခါ ကြက်သေသေသွား၏။