အဆောင်သခင် သိုင်းဘုရင်
အပိုင်း ၂…ဖောက်ထွင်းလက်သီးသိုင်း
မနက်ခင်း၏အစောပိုင်းအချိန်လေးတွင်မြူခိုး ဖြူများ ဝန်းရံနေသော ေတာင်တန်းများကိုမှုန်ပြပြလေးပဲ မြင်ရပေသည်။
“ဟူး… ဟူး “
သစ်တော၏အနက်ပိုင်းေတာင်ထိပ်ပေါ်တွင် အသက်ရှုသံပြင်းပြင်းထွက်ပေါ်နေလေသည်။အနီးကပ်ကြည့်ကြည့်ပါက သေးသွယ်သွယ်ပုံရိပ်လေးက သူ့၏လက်နှစ်ဖက်ကို လှုပ်ရှား ရုန်းကန်နေသည်ကိုတွေ့ရပေမည်။ထိုလှုပ်ရှားနေသော ပုံရိပ်လေးကဒိုက်ထိုးနေပုံပေါ်လေသည်။ထိုပုံစံအနေအထားက သူ့၏ခန္ဓာကိုယ်မှာရှိသောကြွက်သားအားလုံးကို အသုံးချပြီးလေ့ကျင့်ရသောပုံလည်းပေါ်ပေသည်။
ထပ်ပေါင်းပြောရမည်ဆိုလျှင် သူ့၏ခြေ လက်များတွင် သံတုံးများချည်ထားပေသည်။သူ၏ခန္ဓာကိုယ်မှ ချွေးများက အင်္ကျီက တစ်ဆင့်အလေးတုံးများပေါ်ကို တစက်စက်ကျနေပြီး ထိုမှတစ်ဆင့့်မြေကြီးပေါ်သို့ကျနေပေသည်။
ထို သေးသွယ်သွယ်ပုံရိပ်လေးက လင်းတုန်ဖြစ်ပေသည်။လင်းတုန်က သူ့၏ငယ်ဘဝအတွေ့အကြုံတွေကြောင့် ဇိမ်ခံနေထိုင်ရသည်ကိုမနှစ်သက်ပေ။သူ့အဖေကလည်း လေ့ကျင့်မှုတွင် အဓိက ကျသည်ကစိတ်ဓာတ်နှင့် ကြိုးစားအားထုတ်မှုဆိုတာကိုသင်ပေးထားလေသည်။ထိုအရာများက ရင်းမြစ်များစွာဖြင့် လေ့ကျင့်ရသူများကို အမှီလိုက်နိုင်သော အရာဖြစ်သည်ကိုလည်း ထပ်မံပြောပြထားပေသည်။
ချွေးများက မျက်လုံးထဲစီးကျနေပြီး လင်းတုန်က နာကျင်မှု့တောင့်ခံကာ မေးရိုးကြီးကို ထင်းနေအောင်အံကြိတ်ထားပေသည်။ ပြင်းပြင်းထန်ထန်လေ့ကျင့်မှုများကြောင့် လင်းတုန်က အလွန်နာကျင်မှုများကို ခံစားနေရပေသည်။ ဤသို့အခြေအနေတွင် အခြားသူများကအနားယူရန်ဆုံးဖြတ်ကြပေမည်။သို့သော်လင်းတုန်က ထိုသို့အခြေအနေတွင်လူတစ်ယောက်၏ ခံနိုင်ရည်စွမ်းအားက အဆင့်တက်လာတတ်သည်ဟု သူ၏အဖေပြောထားသည်ကို သတိရမိလေသည်။သူပြီးဆုံအောင်လေ့ကျင့်ပေမည်။
လင်းတုန် လုံးဝအနားယူလို့မရပေ။
မိသားစုပြိုင်ပွဲက နှစ်ဝက်သာ လိုတော့ပေသည်။ သူ အပြင်းအထန် ဇွဲမလျော့ပဲ ကြိုးစားရပေမည်။
မင်းခံစားခံရသောများကမင်းအတွက်အားအင်ဖြစ်စေပေသည်။ဒါကိုအသုံးချပြီးကြိုစားရမည်။
လင်းတုန် အံကိုတင်းတင်းကြိတ်လိုက်၏။။ထို အချိန်တွင် သူ့၏ခန္ဓာကိုယ်ထဲတွင် နွေးထွေးသော လှိုင်းတစ်ခုခံစားလိုက်ရပြီး လန်းဆန်းမှုပါထပ်ခံစားလိုက်ရ၏။
“ ဒါက ဂျင်ဆင်းရဲ့အစွမ်းလား….”
လွန်ခဲ့သော ရက်အနည်းငယ်က ဂျင်ဆင်းနီပြုတ်ရည်ကိုသူ့အဖေကို ပေးခဲ့သည်။သို့သော် သူ့အဖေ၏ငြင်းဆန်မှုကြောင့်နောက်ဆုံးတွင် ထိုဂျင်းဆင်းနီပြုတ်ရည်က လင်းတုန်၏ ဗိုက်ထဲရောက်ရှိသွားပေသည်။
လင်းတုန်ကဲ့သို့ အဆင့်နိမ့်ခန္ဓာကိုယ်ကျင့်ကြံသူများအတွက် ဆေးဝါးများကအများကြီးအထောက်အပံဖြစ်စေပေသည်။ လင်းတုန်၏ ခန္ဓာကိုယ်က ဂျင်ဆင်းနီသုံးပြီးနောက် နှစ်ဆအထိသန်စွမ်းလာလေသည်။
ဂျင်ဆင်းနီက လင်းတုန်၏ ကျင့်ကြံမှုကိုမြန်ဆန်စေပေသည်။သို့သော် ဂျင်ဆင်းနီက အဆင့်တစ်ဆေးဝါးမျှသာဖြစ်၏။လေးငါးရက်ခန့်လေ့ကျင့်ပြီးလျှင် ၎င်း၏ အာနိသင်က တဖြည်းဖြည်းပျောက်ကွယ်သွားပေမည်။
သို့သော်လည်းဂျင်ဆင်းနီ၏ အာနိသင်က လုံးလုံးလျားလျားမပျောက်ကွယ်သွားသေးပေ။ထိုအရာက အစောပိုင်းအဆင့်ကြံခိုင်မှုပဲရှိသေးသော လင်းတုန်၏ခန္ဓာကိုယ်က အာနိသင်အကုန်မစုပ်ယူနိုင်သောကြောင့် ဖြစ်၏။ဂျင်ဆင်းနီ၏စွမ်းအားအချို့က လင်းတုန်ခန္ဓာကိုယ်၏ အနက်ရှိုင်းဆုံးနေရာတွင် ကျန်နေသေးပေသည်။ ကြွက်သားများကို ပြင်းပြငိးထန်ထန်လေ့ကျင့်ပြီး ခန္ဓာကိုယ်ကဆာလောင်လာမှ လက်ကျန်အာနိသင်ကိုစုပ်ယူနိုင်ပေမည်။
ဆေ၏ နွေးထွေးသော အာနိသင်ကိုခံစားရပြီး မကြာမီ လင်းတုန် သူ့၏ဆဲလ်မျှင်လေးများပူးပေါင်းသွားပြီး နာကျင်မှုများအစားစွမ်းအားပြည့်ဝမှုများကို ထပ်မံခံစားလိုက်ရ၏။
“ ဟိုင်းယား “
လင်းတုန်က သစ်ပင်ကိုကန်လိုက်ပြီး လေထဲခုန်လိုက်သည်။ ပြန်အကျတွင် သူ့၏အရိုးများထဲမှ တေပေက်ေပေက်မြည်သံနှင့် အတူသူ့၏ခန္ဓာကိုယ်မာကျောလာသောကိုခံစားလိုက်ရပေသည်။
ခန္ဓာကိုယ်ကျင့်ကြံမှုအဆင့် ၃
လင်းတုန် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုတ်ကာ သူ့၏အခြေအနေကိုနှစ်သက်နေလေသည်။လင်းတုန်၏မျက်နှာကလည်းပြုံးယောင်သန်းလာပေသည်။သူ့မိသားစုကြောင့် လင်းတုန်က ဆေးဝါးအနည်းငယ်သာသုံးနိုင်သည်။ ပထမဆုံးဆေးတစ်ခုအသုံးပြုအပြီးတွင် သူ့အခြေအနေကအလွန်ကောင်းနေပေလေသည်။
“ ဟမ့် မဆိုးပါဘူး”
လင်းတုန် သူ၏တိုးတက်မှုအတွက်သူဂုဏ်ယူနေစဉ် သူ့နောက်ကအသံကြားလိုက်၏။။လင်းတုန်လှည်ကြည့်လိုက်သောအခါ သစ်ပင်ကြီးအောက်တွင် ပြုံးနေသော မျက်နှာနှင့် လင်းရှောင်ကိုတွေ့လိုက်ရ၏။
“ အဖေ “
လင်းတုန်က သူ့အဖေကိုမြင်မြင်ခြင်းလှမ်းခေါ်လိုက်၏။
‘ မဆိုးဘူး၊ခန္ဓာကိုယ်ကျင့်ကြံမှုအဆင့် ၃ ကိုရောက်သွားပြီ"
လင်းရှောင်ပြုံးကာပြောလိုက်သည်။
'ဒါက ဂျင်ဆင်းနီရဲ့အစွမ်းကြောင့်ပါ"လင်းတုန်ကပြန်ကာပြောလိုက်သည်။
“ဂျင်ဆင်းနီကအဆင့်တစ်ဆေးဝါးအဆင့်ပဲရှိတာလေ တခြားသူတွေသာဒါကိုသုံးပြီးကျင့်ရင်ခန္တာကိုယ်ကျင့်ကြံမှုအဆင့်၂ကနေ၃ရောက်အောင်တစ်လနှစ်လလောက်ကျင့်ရဦးမှာ ဒါကမင်းရဲ့ကြိုးစားအားထုတ်မှုတွေကြောင့်ပဲ” လင်းရှောင်က သူ့၏ဘေးတွင်ရပ်သော လင်းတုန်ကိုကြည့်ပြီးပြောလိုက်၏။။သူ၏သား အခုတစ်လော ဘယ်လောက်ကြိုးစားသလဲဆိုတာကို လင်းရှောင်သိပေသည်။
လင်းတုန် ဘာကြောင့်ထိုမျှကြိုးစားနေရသလဲဆိုတာကိုလည်း သူသိပေသည်။လင်းတုန်သာမိသားစုပြိုင်ပွဲတွင်ရလဒ်ကောင်းခဲ့လျှင် သူ၏ဂုဏ်သိက္ခာပြန်လည်မြင့်တက်လာပေမည်မဟုတ်လား
လင်းတုန်က သူ့၏ကြိုးစားမှုရလဒ်အတွက်ပျော်ရွှင်နေပေသည်။ထိပ်ဆုံး၃နေရာကိုလည်း သူရောက်မယ်လို့ယုံကြည်ချက်ရှိ၏။
“မင်း အလေးတုံးများကို လွှတ်ပစ်လိုက် ခန္ဓာကိုယ်ကျင့်ကြံမှုအဆင့်၃ရောက်ပြီဆိုတော့သိုင်းပညာစသင်လို့ရပြီ….”လင်းရှောင်ကပြောလိုက်၏။
ထိုစကားကိုကြားသောအခါလင်းတုန်မျက်ခုံးလှုပ်သွားပေသည်။သူ့အခုခန္ဓာကိုယ်ကျင့်ကြံမှုအဆင့်သုံးရောက်သွားသော်လည်း တိုက်ခိုက်ဖို့နည်းစနစ်များကို မသိသေးပေ။ လင်းရှောင်ကချိနဲ့နေသော်လည်း သူ၏သားကိုသိုင်းပညာသင်ကြားပေးနိုင်သေးပေသည်။
“ကမ္ဘာပေါ်ကသိုင်းပညာမှန်သမျှကိုအဆင့်၉ဆင့်နဲ့အုပ်စုသုံးစုခွဲထားလို့ရတယ်….အဆင့်၁၊၂နဲ့၃ကအနိမ့်ဆုံးအုပ်စုဖြစ်ပြီး အဆင့်၇၊၈နဲ့၉ကတော့အမြင့်ဆုံးပဲဖြစ်တယ်…။ကျန်တာများကတော့အလယ်အလတ်ပေ့ါငါခုမင်းကိုသင်ပေးမဲ့သိုင်းက အဆင့်နိမ့်အုပ်စု အဆင့်၁အဆင့်သိုင်းပညာဖြစ်တဲ့ေဖာက်ထွင်းလက်သီးသိုင်းပဲ”လင်းရှောင်ကရှင်းပြလိုက်၏။
အဆင့်နိမ့်အုပ်စုဝင်အဆင့်၁သိုင်းပညာကို သင်ကြားရလို့လင်းတုန်ဝမ်းနည်းမသွားပေ။လမ်းဆိုတာ တစ်လှမ်းခြင်းဆီလျှောက်ရမည်မဟုတ်လား ။တချို့လူများအတွက်အဆင့်၁သိုင်းပညာကိုသင်ရသည်ကတကယ့်အခွင့်အရေးကြီးတစ်ခုဖြစ်၏။လင်းမိသားစုရဲ့အမြင့်ဆုံးက အဆင့်၄အဆင့်ပဲရှိသောသိုင်းပညာဖြစ်ပေသည်။ထိုအရာကိုလင်းတုန်၏အဖိုးကလင်းကလန်၏အတွင်းစည်းအဖွဲ့ဝင်ဖြစ်တုန်းကရခဲ့ခြင်းဖြစ်ပေသည်။
သိုင်ပညာနည်းစနစ်များက အဆင့်ကွဲပြားနေသော်လည်းအမှန်တကယ်ကအသုံးပြုသူအပေါ်ပဲမူတည်ပါပေသည်။
အင်အားကြီးသူသုံးလျှင်စွမ်းအားကြီးလာမည်ဖြစ်သည်။
“လာစမ်း မင်းရဲ့အမြန်နှုန်းနဲ့ခွန်အားဂိတ်ဆုံးသုံးြပြီး ငါ့ကိုတိုက်စမ်း” လင်းရှောင်ကပြောလိုက်သည်။
လင်းတုန်က လင်းရှောင်ကိုမတိုက်ခိုက်ခင်သူ့၏ကိုယ်မှာချည်ထားသောအလေးတုံးများဖြုတ်ချလိုက်၏။
ထို့နောက် လင်းရှောင်ကို အင်ပြည့်အားပြည့်တိုက်ခိုက်လိုက်ပေသည်။ လင်းတုန်၏အင်အားအပြည့်တိုက်ခိုက်မှုကို လင်းရှောင်ကလက်တစ်ချက်ပဲလှုပ်ကာလိုက်၏။ထို့နောက် လင်းတုန်၏အင်္ကျီလက်အိုးသားကိုရိုက်လိုက်ပေသည်။လင်းတုန်နာကျင်သွားပြီးခုန်ဆွခုန်ဆွဖြစ်သွား၏။လင်းတုန်သူ့၏အင်္ကီျိကို ပင့်တင်ကြည့်လိုက်သောအခါ လက်မောင်းသားများနီမြန်းနေသောကိုတွေ့လိုက်ရသည်။
“ ဖောက်ထွင်းလက်သီးသိုင်းကထိုးချလိုက်တဲ့အချိန်မှာရိုက်ခတ်သွားတဲ့အဝတ်ရဲ့အားလှိုင်းများကိုအသုံးချရတာပဲ…မင်းအဲ့အားကိုအသုံးပြုနိုင်ရင်ပထမဆုံးအသံတစ်ခုထွက်လာမယ်..ဖောက်ထွင်းလက်သီးသိုင်းတွင်အဆင့်ကိုးဆင့်ရှိတယ်ပြောရတယ် ..ပဲ့တင်သံကိုးသံပေ့ါ.မင်းသာလက်သီးသိုင်းအဆုံးထိအောင်မြင်သွားရင်ပဲ့တင်သံကိုးသံထွက်လာလိမ့်မယ်။ဒါဆိုရင် အဆင့်၂အဆင့်ရှိသောသိုင်းပညာရပ်နဲ့ညီသွားလိမ့်မယ်…လက်သီးရဲ့အဆင့်ကိုးဆင့်ကိုမင်းသေချာမှတ်သားထား..”
လင်းရှောင် အသံတိုးတိုးအော်လိုက်ပြီးသိုင်းကွက်ခင်းလိုက်သည်။လင်းရှောင်၏လက်များကခုန်အုပ်ေတာ့မည့်ကျားတစ်ကောင်ဟန်ရှိပြီးမျောက်တစ်ကောင်ကဲ့သို့လျှင်မြန်စွာရွေ့လျားနေကာ လင်းရှောင်၏ လက်သီးမှ တစ်ဖောက်ဖောက်ဖြင့် အသံများထွက်ပေါ်လာပေသည်။
လင်းတုန်ကလင်းရှောင်လက်သီးသိုင်းကစားပြတာကြည့်ပြီးသိုင်းကွက်တစ်ကွက်ခြင်းစီခေါင်းထဲပေါ်လာကာ အမှားမရှိသလောက်ရှင်းရှင်းလင်းလင်းမှတ်မိသွားလေသည်။
ထို့နောက် လင်းတုန်ကမှတ်မိသွားပြီဖြစ်ကြောင်းခေါင်းငြိမ့်ပြလိုက်၏။
“ မင်းဘာလို့ငါ့ကိုမကစားပြသောလည်း”
လင်းရှောင်ကမယုံကြည်နိုင်ဟန်ပေါ်ပေသည်။ထို့အပြင် သူကစားပြသည်ကအနည်းငယ်မြန်ေနပြီးဤသိုင်းကွက်ကိုးခုကလည်းမလွယ်လှပေ။လင်းတုန်ကသူ့ပထမဆုံးသိုင်းပညာရပ်သင်ကြားခြင်းကိုအကုန်မှတ်မိနိုင်မယ်တဲ့လား။
လင်းရှောင်ပြောတုန်းတွင်ပဲ လင်းတုန်ကခြေနှစ်ချောင်းကိုခွဲပြီးဖြေးဖြေးခြင်းကစားပြလိုက်သည်။
လင်းတုန်ကစားပြသောကိုကြည့်ပြီး လင်းရှောင်၏မျက်နှာတွင်အံသြဟန်ပေါ်လာပေသည်။သူ့၏သားလုပ်ပြသည်က မပြည့်စုံမသေသပ်သေးသော်လည်းပထမဆုံးသင်းကြားခြင်ဖြစ်နေလေသည်။လင်းတုန်ကသင်လွယ်တက်လွယ်သူမှန်း လင်းရှောင်ချက်ချင်းသိလိုက်၏။ဤအချက်ကြောင့်လည်း လင်းရှောင်သူ့သားကိုပိုအာရုံစိုက်လာပေသည်။
“အဖေ…ကျွန်ေတာ်ကစားတော့ဘာလို့အသံထွက်မလာရတာလဲ…”လင်းတုန်ကနောက်တစ်ကြိမ်လေ့ကျင့်ရင်းမေးလိုက်သည်။
“မင်းကဟာသလာပြောနေတာပဲ။ဒီလိုအသံထွက်ဖို့လွယ်တယ်များထင်နေလား။မင်းလေ့ကျင့်နေရင်းအတွင်းအားများစီးဆင်းမှုကိုခံစားပြီးမင်းရဲ့အင်္ကျီစတွေဆီကိုစီးဆင်းစေနိုင်ရင်အောင်မြင်ပြီလို့ပြောလို့ရတယ်။လုပ်စမ်း… နောက်တကြိမ်ကြိုးစားစမ်း။”
လင်းတုန်ကဘာမှဆက်မပြောေတာ့ပဲလေ့ကျင့်နေပေသည်။လင်းရှောင်ကတော့ဘေးကနေအမှားများကို လိုက်လံပြင်ပေးကာ ညွှန်ကြားနေပေသည်။
သစ်ေတာထဲတွင် ကောင်လေးတစ်ယောက်သိုင်းကျင့်နေသည်မှာ သူ့၏တစ်ကိုယ်လုံးရေဖြန်းထားသကဲ့သို့ချွေးများစိုနေပေသည်။
တစ်ဖြည်းဖြည်းနှင့်နေ့လည်ပင်ရောက်လာပေသည်။လင်းတုန် လက်သီးသိုင်းကိုးကွက်ကိုပိုပိုကျွမ်းကျင်လာသော်လည်းအသံထွက်အောင် မလေ့ကျင့်နိုင်သေးပေ။
“ကဲဒီနေ့လေ့ကျင့်မှုပြီးသွားပြီမနက်ဖြန်ဆက်လေ့ကျင့်ကြတာပေါ့” လင်းရှောင် ကောင်းကင်ကို တစ်ချက်မော့ကြည့်ကာ လင်းတုန်ကို ပြောလိုက်ပေသည်။
‘အဖေပြန်နှင့်လိုက်လေ သားခနလေးလေ့ကျင့်လိုက်ဦးမယ်” လင်းတုန် လေ့ကျင့်မှုကိုမရပ်ပဲပြောလိုက်သည်။
လင်းတုန်၏ဖြေသံကြားသောအခါလင်းရှောင်ကခေါင်းခါလိုက်၏။လင်းတုန်၏တိုးတက်မှုကမြန်ပါသည်။သို့သော် ပဲ့တင်သံထွက်ဖို့ကမလွယ်ပေ။လင်းရှောင်စတင်လေ့ကျင့်တုန်းကဆိုလျှင်တစ်ပတ်လောက်လေ့ကျင့်ခဲ့ရပေသည်။
လင်းတုန်ကို သူထွက်သွားတယ်ထင်အောင်လုပ်ပြီးလင်းရှောင်က လင်းတုန်မမြင်အောင် ပြန်လှည့်လာကာ လင်းတုန်ကိုပြုံးကာကြည့်နေပေသည်။
“ ထိုကလေးကခေါင်းတကယ်မာ . . . “
“ ဖောက် .."
ခပ်ဆတ်ဆတ်ပေါ်ဆိုသောအသံကလင်းရှောင်ရဲ့နားစည်ကိုဖြတ်သန်းပြီးစိတ်ဝိဉာဏ်ထိရိုက်ခက်သွားပေသည်။သူ့ရဲ့မျက်ခုံးများကိုပင့်တင်မိလိုက်၏။
" ဒါကလင်းတုန်အတွက်သိပ်မခက်ခဲဘူးဘဲ။ဒါပေမယ့်သူ့အေတာ်ကြိုးစားခဲ့တာပဲလေ။"