book

Index 1

Ch1 လင်းတုန်

  • Author : Win min khant
  • Genres : Adventure, Comedy, Action
  • Original Author : Heavenly Silkworm Potato (天蚕土豆)

အဆောင်သခင် သိုင်းဘုရင် 


အပိုင်း ၁….. လင်းတုန် 


      လင်းတုန် သူ၏လေးပင်နေသောမျက်လုံးကို အားယူဖွင့်ကြည့်လိုက်သောအခါ ခမ်းနားခြင်းမရှိသော်လည်း သေသပ်လှပနေသော အခန်းလေးကိုတွေ့လိုက်ရ၏။ထိုအခန်းလေးက သူတွေ့နေကျမြင်ကွင်းများနှင့်သူ၏အခန်းလေးဖြစ်ပေသည်။


“ငါဘယ်လိုလုပ်ပြန်ရောက်နေတာလဲ”


မကြာခင်မှာပဲခေါင်းထဲတွင် လက်ခနဲသတိရလာ၏။

သူ့ရှေတွင် ယောကျာ်းတစ်ယောက်နှင့်မိန်းမတစ်ယောက်ကို လင်းတုန်တွေ့လိုက်သည်။


အဖေအမေ. . . .


     သူ့၏ရှေ့ကရင်းနှီးသောပုံရိပ်နှစ်ခုကိုကြည့်ပြီး လင်းတုန် ခပ်တိုးတိုးလေးငိုလိုက်သည်။


 “တုန်ကလေး နိုးလာပြီလား”


သူ့၏ငိုသံကိုကြားသောကြောင့် အမျိုးသမီးကလှည်ကြည့်လိုက်လေသည်။ လင်းတုန် သတိရလာသည်ကိုမြင်သောအခါ သူမ အနည်းငယ်စိတ်သက်သာရာရသွား၏။

         ပြောင်အကျီၤဝတ်ဆင်ထားပြီးကျက်သရေရှိကာ သိမ့်မွေနှစ်လိုဖွယ်မျက်နှာထားဖြင့်အသက်သုံးဆယ်ခန့်ရှိသော အမျိုးသမီးက လင်းတုန်၏မိခင်ဖြစ်ပေသည်။ 


          “ ကျွမ်းကျင်မှုမရှိဘဲနဲ့မင်းတခြားသူတွေနဲ့တိုက်ခိုက်တယ်မင်းတမင်ပြသနာရှာတာလား”


အမျိုးသမီး၏ဘေးတွင်အသက်သုံး လေးဆယ်အရွယ်ခန့်လူတစ်ယောက်ရှိနေပေသည်။သူ့၏ခန္ဓာကိုယ်က ချိနဲ့နေဟန်ရှိပြီး ထိုလူ၏မျက်နှာကတင်းမာနေ၏။ထိုတင်းမာနေမှုက ဖြူလျော့နေသော သူ၏မျက်နှာကို ဖုံးကွယ်နေသယောင်ပင်ဖြစ်၏။ ထိုလူကလင်းတုန်၏ အဖေလင်းရှောင်ဖြစ်ပေသည်။

             လင်းတုန်၏ မျက်နှာကတင်းမာသွားပြီး သူ၏စကားလုံးများက လည်ချောင်ဝတွင် တစ်နေလေသည်။ခဏကြာသောအခါ.


'"သူတို့ကအဖေ့ကိုကျွန်တော့်ရှေ့မှာ မင်းအဖေအသုံးမကျသောလူဖြစ်နေပြီလားလို့မေးခဲ့တယ်လေ "


               ဤသို့ပြောပြီးပြီးခြင်း လင်းတုန် သူ၏ရင်ထဲက တစ်ဆစ်ဆစ်နာလာပြီး အံ့ကြိတ်လိုက်လေသည်။ထိုနေ့က လင်းမိသားစု၏သာမာန်စမ်းသပ်မှုနေ့တစ်နေ့ဖြစ်ပြီးလင်းတုန်က သူ့ကိစ္စတွေအတွက်ဂိတ်ကိုသွားခဲ့ရာထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်ပေသည်။ထိုသို့ဖြစ်ရခြင်းမှာလည်း လင်းတုန်လေ့ကျင့်နေသည်မှာနှစ်ဝက်ပဲရှိသေးသောကြောင့်ဖြစ်၏။အချိန်အနည်းငယ်ပေးပြီးဆက်လေ့ကျင့်မယ်ဆိုပါကဘယ်သူ့ကိုမှရှုံးမှာ မဟုတ်ဘူးလို့လင်းတုန် ယုံကြည်မှုရှိပေသည်။   

               ယနေ့စစ်ဆေးမှုအပြီးတွင်လင်းတုန် အိမ်ကိုတန်းပြန်ရန်စီစဉ်ခဲ့သော်လည်း သူနှင့်မတည့်သောကောင်များအားတွေ့လိုက်ရ၏။ လင်းတုန်က မသိချင်ယောင်ဆောင်ကာ ထွက်သွားရန်ကြံသော်လည်း တမင်တကာ ရန်လာစသောအခါ လူငယ်အလျောက်သွေးဆူကာ ရန်ဖြစ်ခဲ့လေသည်။သို့သော်လည်း သူသာလျှင်အကန်ခံလိုက်ရကာ သတိလစ်သွားလေသည်။

            “ လင်ရှန်း မင်းကောင်းကောင်းမှတ်ထားလိုက်...နောက်တစ်ခါမင်းမျက်နှာဖူးယောင်နေအောင်မလုပ်နိုင်ခဲ့ရင်ငါလင်းတုန်မဟုတ်တော့ဘူးကွ….” 

             လင်းတုန်က အံကြိတ်ကာ ရေရွတ်လိုက်သည်။လင်းတုန် ပြောလိုက်သော လင်ရှန်းဆိုသည်မှာ လင်းတုန်အမုန်းဆုံးသူဖြစ်ပြီးသူတို့အဖေများတွင်လည်းရန်ငြိုးကိုယ်စီရှိကြလေသည်။လင်ရှန်းက လင်းတုန်ကို အမြဲရန်စလေ့ရှိပေသည်။ယခုဖြစ်ခဲ့သည်မှာလည်း လင်းရှန်း၏စနက်ကြောင့်ဖြစ်ပေသည်။


လင်းရှန်းက ခန္ဓာကိုယ်ကျင့်ကြံခြင်း အဆင့်လေးသို့ရောက်နေကာ ခန္ဓာကိုယ်ကျင့်ကြံခြင်း အဆင့်နှစ်သာရှိသော လင်းတုန်ကို အနိုင်ကျင့်ခြင်းဖြစ်ပေသည်။ အဆင့်လေးနှင့် အဆင့်နှစ်ဆိုသည်မှာ ကြားထဲတွင် အဆင့်နှစ်ဆင့်ပင် ကွာဟနေလေသည်။               

                ကျင့်ကြံမှုလမ်းကြောင်းတွင်ခန္ဓာကိုယ်ကစတင်ကျင့်ကြံရပြီး အရာအားလုံး၏အစသည်လည်းခန္ဓာကိုယ်ကဖြစ်ပေသည်။ဤကမ္ဘာပေါ်တွင် အဆန်းကြယ်ဆုံးအရာသည်လည်း လူ့ခန္ဓာကိုယ်ပင်ဖြစ်လေသည်။

                 ခန္ဓာကိုယ်ကျင့်ကြံခြင်းက ကိုယ်ခန္ဓာလေ့ကျင့်မှုဖြစ်ပြီးလူ့ခန္ဓာကိုယ်ကိုကြံ့ခိုင်သန်စွမ်းစေကာ အင်အားကြီးမားလာစေလေသည်။ထို့အပြင်ခန္ဓာကိုယ်အပြင်ဘက်ကနေကိုယ်တွင်းအထိသန်မာလာစေ၏။ အဆင့်တစ်ခုကိုရောက်သည့်အချိန်တွင် အရိုးနှင့်ကြွက်သားများသန်မာလာ ပြီး ယွမ်စွမ်းအင်ကို စတင်စုပ်ယူပျိူးထောင်နိုင်လေသည်။ ယွမ်စွမ်းအင်ကိုစတင်ကျင့်ကြံနိုင်ပါကကျင့်ကြံမှုလမ်းကြောင်းပေါ် ရောက်ရှိပြီဟု ပြော၍ရပေသည်။

                    ခန္ဓာကိုယ်ကျင့်ကြံမှုတွင် အဆင့်ကိုးဆင့်ခွဲခြားထားပြီးပထမသုံးဆင့်က ခန္ဓာကိုယ်ကို ကြံ့ခိုင်စေပြီးအခြေခံအဆင့်ဖြစ်၏။ခန္ဓာကိုယ်ကျင့်ကြံခြင်းအဆင့်လေးရောက်သောအခါ လူတစ်ယောက်က သံနှင့် ကျောက်ကဲ့သို့သန်မာလာပြီးခွန်အားသည်လည်းအဆပေါင်းများစွာတိုးပွားလာပေသည်။            

             လင်ရှန်းကထို အဆင့်ကို ရောက်နေပြီးလင်းတုန်က အဆင့်နှစ်ပဲရှိသေးေပသည်။ သူတို့ကြားကကွာခြားချက်ကအသိသာပင် ဖြစ်သည်။  

 

အသက်အရွယ်တူသော သူတို့နှစ်ယောက်၏အဆင့်ကွာခြားခြင်းက ပါရမီနှင့်မဆိုင်ပေ။ ခန္ဓာကိုယ်ကျင့်ကြံခြင်းအဆင့်တွင် ပင်ကိုယ်အရည်အသွေးက အဓိကမကျပေ။ ၎င်း၏အမြန်နှုန်းသည်ကား ကြွယ်ဝချမ်းသာခြင်းအပေါ်မူတည်ပေသည်။             

           သို့သော် ခန္ဓာကိုယ်ကျင့်ကြံမှုအဆင့်ကိုးရောက်သောအခါတွင်ခက်ခဲလာပေမည်။အဘယ်ကြောင့်ဆိုသော်လူတစ်ယောက်၏ရုပ်ပိုင်းဆိုင်ရာကဂိတ်ဆုံးကို ရောက်သွားပြီးနောက်တဆင့်တွင် ပိုမိုသန်မာလာပေမည်။     

  

လင်းရှန်းက လင်းတုန်ထက် နှစ်ဆင့်မြင့်နေရခြင်းက လင်းရှန်း၏အဖေက လင်းမိသားစုကနေ ငွေကြေးအ​ေထာက်အပံ့ရပေသည်။ ထို့ကြောင့် လင်ရှန်းက လင်းတုန်ထက် နှစ်ဝက်ခန့် ဆေးဝါးရင်းမြစ်များနှင့် လေ့ကျင့်ခွင့်ရခြင်းဖြစ်၏။ လင်းတုန်က ထိုအခွင့်အရေးကို ဆုံးရှုံ့းခဲ့လေသည်။ ထို့ကြောင့် သူ၏ကျင့်ကြံ မှုနှုန်းက နှေးကွေးနေခြင်းဖြစ်သည်။          


လင်းတုန်၏စကားကို လင်းရှောင်ကြားသောအခါ သူ၏မျက်နှာက မဲမှောင်သွားပြီး စားပွဲကို လက်ဝါးနှင့်ရိုက်ချလိုက်လေ၏။ လင်းတုန်၏အမေကတော့ ဘေးတွင် ပါးစပ်ပိတ်ကာကြည့်နေပေသည်။            

         “  ငြီးမနေစမ်းနဲ့၊လေ့ကျင့်မှုပဲအာရုံစိုက်စမ်း…”

             လင်းရှောင်က သူ့၏လက်ကို ဝှေ့ယမ်းကာပြောလိုက်သည်… "လျူယန် ဂျင်ဆင်းမြစ်နီကိုယူပြီး တုန်အာကိုပေးလိုက်၊ဒါနဲ့ဆိုသူ့လေ့ကျင့်မှုပိုမြန်လာလိမ့်မယ်…မိသားစုပြိုင်ပွဲကတစ်လပဲလိုတော့တယ်၊သူကောင်းကောင်းမလေ့ကျင့်နိုင်ရင်ငါတို့အရှက်ရလိမ့်မယ်"

                  “ယောကျာ်း  ဒီဂျင်ဆင်းကရှင့်ဒဏ်ရာတွေအတွက်လေ”ထိုသို့ပြောပြီးလျူယန်၏အသံဟာတိုးဝင်သွား၏။

                “ငါကအသုံးမကျသောလူဖြစ်နေပြီ၊ဘယ်လောက်ဘဲလုပ်လုပ်ဘာမှအရာမရောက်ဘူး...နောက်ပိုင်းကျရင် တောင်ပေါ်မှာ တုန်အာအတွက်ငါဆေးသွားရှာပေးမယ် “လင်ရှောင်ဟာခေါင်းတငြိမ့်ငြိမ်နှင့်ပြောလိုက်သည်။ 

              “  အဖေ ကအသုံးမကျသောလူမဟုတ်ဘူး…အဘိုးကလွဲရင်လင်းမိသားစုတွင်အမြင့်ဆုံးပညာရှင်ပဲ“လင်းတုန်ကပြောလိုက်၏။ကလေးတစ်ယောက်အတွက်ဖခင်ကပုံရိပ်အကြီးမားဆုံးဖြစ်ပေသည်။

            လင်းရှောင်၏မျက်နှာကနာကျင်ပုံပေါ်လာြပြီးလက်သီးကိုလည်းတင်းတင်းဆုတ်လိုက်ကာ  အခန်းအပြင်ထွက်သွား၏။


            “  လျူယန်ဂျင်ဆင်းနီကိုတုန်အာအတွက် ကျိူလိုက်ပါ…ငါဒဏ်ရာရနေသောကြာပြီလေ ထိုဂျင်းဆင်းမြစ်တစ်ခုထဲကဘာမှထပ်ပြီး မထူးခြားလာပါဘူးကွာ…“

                 လျူယန် မကျန်းမမာဖြစ်နေသော သူမ၏ခင်ပွန်းကိုကြည့်ရင်းမျက်လုံးများနီလာပေလေသည်။ထိုလူကတစ်ချိန်တုန်းကချင်ယွမ်မြို့၏အင်အားကြီး မားသူတစ်ယောက်ဖြစ်ပြီး ယခုလိုမျိူးဘဝဖြင့် အဆုံးသတ်ခဲ့ရပေသည်။

                   “အမေ မငိုပါနဲ့ တုန်အာ အားသွန်ခွန်ဆိုက်ကြိုးစားပါ့မယ်။အချိန်ရောက်လာရင်အဖေ့အတွက်ကုသဖို့နီးလမ်းရှာနိုင်တဲ့အထိပေါ့ “သူ့အမေ၏အင်္ကျီအစကိုဆွဲကာ လင်းတုန်ကပြောလိုက်သည်။

             “ တုန်အာ မင်းအဖေကိုအပြစ်မတင်ပါနဲ့သူကမင်းကိုခက်ခဲစေတာမဟုတ်ပါဘူး….ဒါကြောင့်မို့လည်းမင်းကိုပုံအောထောက်ပံပေးတာလေ။မင်းကသူရဲ့တစ်ခုထဲသောမျှော်လင့်ချက်ပဲ…..“

              လျူယန်က ခေါင်းငုံ့ကာ လင်းတုန်၏ခေါင်းလေးကိုပွတ်ကာ ပြောလိုက်၏။။ထို့နောက် နူးညံ့သော လင်းတုန်မျက်နှာလေးကိုစူးစိုက်ကြည့်လိုက်၏။


“အမေ….သားသာမိသားစုပြိုင်ပွဲတွင်အဆင့်သုံးရခဲ့ရင် အဆင့်သုံးဆေးဝါးဖြစ်တဲ့ဟင်္သာပြဒါးသွေးခဲသီးရမယ်လို့ကြားတယ်။ဦးလေးကအဲ့ဒီအသီးကဒဏ်ရာတွေကို သက်သာစေတယ်လို့ပြောတယ် “…လင်းတုန်ကသူ့အမေကိုမျှော်လင့်တစ်ကြီးကြည့်ကာ ပြောလိုက်သည်။

               ဟင်္သာပြဒါးသွေးခဲသီး

ထိုစကားကိုကြားသောအခါ လျူယန်က လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်….“မိသားစုပြိုင်ပွဲမှာအဆင့်သုံးရဖို့ကမလွယ်ဘူး….ဒီလိုမျှော်မှန်းချက်ရှိတာတော့ကောင်းတယ်…အမေ  မင်းအတွက်ဂျင်ဆင်းနီသွားကျိူလိုက်ဦးမယ်…“

 

စကားပြောပြီးသည်နှင့် လျူယန်က အခန်းပြင်ကို လျှောက်သွားလိုက်၏။ လင်းမိသားစု၏ လက်ရှိအခြေအနေအရ ပါရမီရှိသောလူငယ်အများအပြားရှိသည့်အတွက် ပြိုင်ပွဲတွင် အဆင့်သုံးရရှိရန်မှာ မလွယ်ကူသောကိစ္စဖြစ်ပေသည်။ ထိုကြောင့် လျူယန်သည်ကား သိပ်မမျှော်လင့်ပေ။

              သူ့အမေ ထွက်သွားသည်ကိုငေးကြည့်ရင်း လင်းတုန် နှုတ်ခမ်းတင်းတင်းစေ့ကာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်လိုက်သည်။


“အမေ… သက်သက်သာသာနေပါ….သား ဟင်္သာပြဒါးသွေးခဲသီးရအောင်ယူပြီးအဖေကိုကုပေးမယ်.. “

            လင်းတုန်ကသူ့အဖေဒဏ်ရာရသောအကြောင်းကိုမုန်းတီးမိလေသည်။သူ့အဖေမိသားစု၏ပစ်ပယ်ခြင်းခံရသည်မှာ တစ်ယောက်ထဲသောလူကြောင့်ဖြစ်ပေသည်။

           လင်းတုန်နေထိုင်သော လင်းမိသားစုက ချင်ယွမ်မြို့တွင်ပင် ကြီးမားသောမိသားစုမဟုတ်ပေ။။လင်းမိသားစုမပြိုကွဲရသောအကြောင်းအရင်းက လင်းကလန်၏နောက်ခံရှိသောကြောင့်ဖြစ်ပေသည်။

     လင်းကလန်ဆိုသည်မှာ မဟာယန်အင်ပါယာ၏ကလန်ကြီးလေးခုမှ တစ်ခုဖြစ်၏။      


ပြောရလျှင် လင်းတုန်တို့လင်းမိသားစုက ပင်မလင်းကလန်၏ ချင်ယွမ်မြို့မှ မိသားစုခွဲလေးတစ်ခုဖြစ်ပေသည်။ ချင်ယွမ်မြို့မှ မိုင်တစ်ရာကျော်ပင် မသွားဖူးသောလင်းတုန်အတွက် လင်းကလန်၏အင်အားကြီးမားမှုကိုသိရှိရန် အလှမ်းဝေးလွန်းလှပေသည်။

                       လင်းတုန်းအဖေ၏ပြောပြချက်အရ သူတို့ကလင်းကလန်၏အတွင်းစည်းအဖွဲ့ဝင်များဖြစ်ပေသည်။လင်းတုန်၏အဖိုးက တာဝန်တစ်ခုတွင်ကျရှုံးခဲ့ပြီး ထိုတာဝန်ကလင်းကလန်ကို ဆုံးရှုံးမှုကြီးမားစေသောကြောင့် ချင်ယွမ်မြို့ကိုအပြစ်ပေးစေလွှတ်ခံရခြင်းဖြစ်ပေသည်။

           လင်းတုန်၏အဖိုးက ဆယ်နှစ်လောက်လင်းမိသားစုလေး၏ ဘဝအိမ်မက်ဖြစ်သော လင်းကလန်၏အတွင်းစည်းအဖွဲ့ဝင်ပြန်ဖြစ်ရန်ကြိုးစားခဲ့ပေသည်။

          သူ့၏လုပ်ဆောင်ချက်များကမကြီးမားခဲ့သောကြောင့်လင်းကလန်အတွက်လည်းမပြောပလောက်ခဲ့ပေ။ထို့ကြောင့်သူက လင်းကလန်၏ဆယ်နှစ်တကြိမ်တွေ့ဆုံပွဲကိုအလေးထားလိုက်လေသည်။

          ထိုပွဲကလင်းကလန်အတွက်အရေးကြီးဆုံးပွဲဖြစ်ပြီးမဟာယန်အင်ပါယာတစ်ဝှမ်းတွင်ပင်ကျော်ကြားပေသည်။ထို့အပြင်လင်းကလန်၏မျိုးဆက်သစ်လူငယ်များကျော်ကြားရန်အတွက်လည်း အခွင့်အရေးတစ်ရပ်ဖြစ်ပေသည်။လင်းတုန်၏အဖိုးအတွက်ထိုအရာက အခွင့်အရေးတစ်ခုဖြစ်၏။ထိုပွဲတွင်ထိပ်ဆုံးဆယ်ဦးဝင်ခဲ့လျှင် လင်းကလန်၏ အပြင်စည်းအဖွဲ့ဝင်ကနေအတွင်းစည်းအဖွဲ့ဝင်အဖြစ်သတ်မှတ်ခံရပြီးအကြီးအကျယ်ဂုဏ်ပြုခံရမည်ဖြစ်သည်။

 

ထိုအရာက လင်းတုန်၏အဖိုးအတွက် ညတိုင်းအိပ်မပျော်စေသည့်အကြောင်းအရာဖြစ်ခဲ့ပေသည်။ သူ၏အသက်အရွယ်အရ ယှဉ်ပြိုင်ရန်မဖြစ်နိုင်သောကြောင့် သူ၏ အမေမတူသား၅ယောက်ထံမျှော်လင့်ချက်များ ပုံထားခဲ့ပေသည်။ထိုအထဲတွင် လင်းတုန်၏အဖေ လင်းရှောင်က အထူးချွန်ဆုံးဖြစ်ခဲ့ပြီး သူတို့မိသားစု၏မျှော်လင့်ချက်ရောင်ခြည်ဖြစ်ခဲ့ပေသည်။


            လင်းတုန်၏အဖေက လင်းမိသားစု၏မျှော်လင့်ချက်များကိုစိတ်မပျက်စေခဲ့ပေ။သားငါးယောက်ထဲတွင်ခန္ဓာကိုယ်ကျင့်ကြံမှုအဆင့်ကိုးကိုအစောဆုံးရောက်ခဲ့ပြီးယွမ်အစောပိုင်းအဆင့်ကိုရောက်ခဲ့လေသည်။လေးနှစ်အကြာတွင် ယွမ်အဆင့်မှ မိသားစုထဲတွင်သူ၏အဘိုးကလွဲလျှင်မည်သူမှမရောက်သေးသောအဆင့်ဖြစ်သော

ယွမ်ကောင်းကင်အဆင့်၂ကိုရောက်ခဲ့၏။     

           

ဤအကြောင်းအရာက လင်းတုန်၏အဖိုးကို အလွန်ပျော်ရွှင်စေပြီး သူတို့မိသားစုကို အလွန်ပင်ဂရုစိုက်ခဲ့လေသည်။ ဆယ်နှစ်တာကာလအတွင်း သူ့အဖိုး၏အပျော်ဆုံးအချိန်များဖြစ်ခဲ့ပေသည်။


             သို့သော် ဆယ်နှစ်တစ်ကြိမ်တွေ့ဆုံပွဲက လင်းမိသားစုဝင်များကိုအံသြတုန်လှုပ်ဝမ်းနည်းသွားစေပေသည်။


           တစ်ချက်ထဲ……


           တစ်ချက်ထဲဖြင့် လင်းတုန်၏အဖေကလင်းမိသားစု၏မျှော်လင့်ချက်ကိုရိုက်ချိုးခံရပြီးရှုံးနိမ့်ခဲ့ရလေသည်။

           ​ေတွ့ဆုံပွဲ၏ပထမဆုံးယှဉ်မှုတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပေသည်။


           နှစ်တွေအများကြီးကြာ​ပြီးနောက်တွင်တကယ့်အမှိုက်ဖြစ်ခဲ့ရပေသည်။

          ရှုံးနိမ့်သူ၏နောက်ဆုံးရလဒ်က လှောင်ပြောင်ခံရခြင်းနှင့်အတူချင်ယွမ်မြို့ကို ပြန်ခဲ့ရလေသည်။

     

ထိုညတွင်ပင် လင်းတုန်၏အဖေက လင်းမိသားစုအတွင်းကနေ မိသားစုပိုင်နက်အစွန်ဆုံးရှိ တောင်ကုန်းလေးတစ်ခုဆီကို ထွက်ခွာလာခဲ့ပြီး မိသားစုအရေးကို မစွက်ဖက်​တော့ချေ။ အရာအားလုံးကို ဆုံးရှုံးခဲ့ပြီမဟုတ်လား ..

          သို့သော် ကံဆိုသည်မှာ အမြဲတမ်းအဖော်နှင့်လာတတ်ပေသည်။


ရှုံးနိမ့်ခဲ့သောပွဲတွင်လင်းရှောင်က အကြီးအကျယ်စိတ်ထိခိုက်ခဲ့လေသည်။သူ့ကိုနိုင်ယူသွားသော လူက လက်တစ်ဖက်ထဲဖြင့် အနိုင်ယူလိုက်ရုံတင်မကပဲ သူ့၏အတွင်းက ယွမ်စွမ်းအင်အကုန်လုံးကိုလည်းထိခိုက်စေခဲ့လေသည်။


ထိုဒဏ်ရာရှိမှုကြောင့် လင်းရှောင်၏ခွန်အားက ယွမ်ကောင်းကင်အဆင့်မှ ယွမ်မြေကမ္ဘာဆင့်ကို ထိုးကျသွားလေသည်။ထို့အပြင် ဒဏ်ရာကပြင်းထန်လွန်းပြီး သူ၏ခန္ဓာကိုယ်အတွင်းရောအပြင်ပါထိခိုက်စေသွားသဖြင့် မည်သို့ပင်ကြိုးစားစေကာမူ အဆင့်မတက်နိုင်​ေတာ့ပေ။


    မိသားစုအတွင်း၌ လေးစားအားကျခံရသောလူတစ်ယောက်က ယခုအခါအထင်အမြင်သေးမှုှနှင့် လှောင်ပြောင်ခံရသူအဖြစ်ပြောင်းသွားပေသည်။

     ထိုရိုက်ခတ်မှုများကြောင့် လင်းရှောင်က အရာအားလုံးကိုအရှုံ့းပေးကာ နေ့တိုင်းမူးရူးနေပြီး

ကိုယ့်ကိုကိုယ်ပြန်လည်နှိပ်စက်နေပေသည်။ လင်းတုန်၏အမေက မျက်ရည်ရွဲလည်ဖြစ်ခဲ့ရပေသည်။    

လင်းတုန်ကငယ်သေးသော်လည်းထိုအရာကို  ခံစားတတ်ပေသည် ။တဖြည်းဖြည်း သူ့အဖေကို ထိုသို့လူတစ်ကာ၏အထင်သေးမှု၊လှောင်ပြောင်မှုခံရအောင်ပြုလုပ်ခဲ့သူကို မုန်းတီးလာခဲ့ပေသည်။


“ ခင်ဗျားက ကျူပ်အဖေကို ဖျက်ဆီးခဲ့ရုံတင်မက ဘူး ကျူပ်တို့မိသားစုတစ်ခုလုံးကိုပေ ဒုက္ခပေးခဲ့သော…“


လင်းတုန် နာကျဉ်းစွာ ရေရွတ်လိုက်လေသည်။

  

မကြာသေးမှီအချိန်က သူ့၏ဦးလေးများထံမှ ထိုလူအကြောင်းကို လင်းတုန်ကြားရလိုက်သောအခါ အစွမ်းမဲ့သလိုခံစားလိုက်ရ၏။


         ထိုလူက ဆယ်နှစ်တွင် စတင်လေ့ကျင့်ခဲ့ပြီး ဆယ်နှစ်နှစ်တွင် ခန္ဓာကိုယ်ကျင့်ကြံမှုအဆင့်ကိုးကို ဖြတ်သန်းကာ ယွမ်နယ်ပယ်ကိုရောက်ရှိခဲ့ပေသည်။ဆယ်လေးနှစ်တွင် ယွမ်မြေကမ္ဘာအစောပိုင်းအဆင့်ကို ရောက်ရှိခဲ့ပြီး ၁၇နှစ်တွင် ယွမ်ကောင်းကင်အစောပိုင်းအဆင့်ကို ရောက်ရှိခဲ့လေသည်။

         

အသက်၂၀ကိုရောက်သော်အခါ ထိုလူက သူ၏ခန္ဓာကိုယ်ထဲမှ ယွမ်စွမ်းအင်က ယင်နှင့်ယန်အဖြစ်ပြောင်းလဲသွားပြီး ယွမ်ဒန်ကို ဖွဲ့စည်းအောင်မြင်သွားခဲ့ကာ ယွမ်ဒန်အဆင့်ကိုရောက်ရှိခဲ့ပေသည်။ ထိုအဆင့်ကိုရောက်သည်က ငါးကနေ နဂါးအဖြစ်သို့ပြောင်းလဲသွားခြင်းဖြစ်သည်။  ထို့နောက်ထိုလူက အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ခဲ့ပေသည်။ မဟာယန်အင်ပါယာအတွင်းတွင် အသက် ၃၀မပြည့်ခင် ယွမ်ဒန်အဆင့်ကို ရောက်ရှိသောသူတွင် မရှိသလောက်ရှားပါးလှလေသည်။


      ထိုလူ၏အကြောင်းက တခြားလူများ အတွက်တကယ့်စံပြပင်ဖြစ်၏။

          သူ့နာမည်က လင်းလောင်တန်ဖြစ်ပေသည်။

          အခန်းလေးထဲတွင် လင်းတုန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း  သူ၏မျက်လုံးထဲတွင် မုန်းတီးမှုများပြည့်နှက်နေလေသည်။



rate now: